5th APR 2024 - Morning Daily News by Radio NUG

၂၀၂၄ ဧပြီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးအစိုးရတစ်ရပ်လို့ ခံယူပြီး နွေဦးတော်လှန်ရေးကို စုပေါင်းချီတက်နေကြတယ်လို့ ယာယီသမ္မတအသိပေးပြောကြား

📌 ၂။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ဆိုး သက်ဆိုးရှည်နေသမျှ ကာလပတ်လုံး အပြစ်မဲ့ ပြည်သူလူထုအနေဖြင့် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဆုံးရှုံးနစ်နာနေမှုများကို မလွဲဧကန် ဆက်လက် ကြုံတွေ့နေရမယ်လို့ ဝန်ကြီးချုပ်ဆို

📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်

📌 ၄။ လက်ရှိ တည်ဆောက်မယ့် လူ့အဖွဲ့အစည်းက တာဝန်သိ၊ စာနာ၊ စုံလင်ကွဲပြားမှုကို လက်ခံတဲ့ လူမှု အသိုင်းအဝိုင်း ဖြစ်တယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ဆို

📌 ၅။ နမ့်ခမ်းမြို့နယ်မှာ TLTA အဖွဲ့က တအာင်းရုံးသုံးစာသင်တန်းဖွင့် 


၂၀၂၄ ခုနှစ် ဧပြီလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ နေပြည်တော်ရှိ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက်ရာတွင်ဒရုန်းတစ်စင်းပါ ယမ်းပေါက်ကွဲအားက 107တစ်စင်းထက် ၂၀ရာခိုင်နှုန်း ပိုပြင်းပြီး အနက်ဖောက်ထွင်းအားလည်း ပိုကောင်းတယ်လို့ ကာကွယ်ရေးဝန်ကြီးထုတ်ဖော်ပြောကြား

🚩 ၂။ တရုတ် - မြန်မာနယ်စပ် လွယ်ဂျယ်မြို့က စစ်ကောင်စီရုံးတွေကို ချိတ်ပိတ်ပြီး KIO/KIA အုပ်ချုပ်မှု စတင်

🚩 ၃။ ပေါက်မြိုနယ်က စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး စက်ရုံ (ကပစ-၂၄) တိုက်ခိုက်ခံရ

🚩 ၄။ ဘီးလင်း၊ တောင်စွန်းကျေးရွာမှာ စစ်မှုထမ်းစာရင်း ကောက်နေသူတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

🚩 ၅။ သထုံတွင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကလေးတစ်ဦး အပါအဝင် အရပ်သား ဦး ဒဏ်ရာရ

🚩 ၆။ KNU တပ်မဟာ () ဒေသတွင်း ဖမ်းဆီးရမိတဲ့ ကျပ်သိန်း (၇၀၀) ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား မီးရှို့ ဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးအစိုးရတစ်ရပ်လို့ ခံယူပြီး နွေဦးတော်လှန်ရေးကို စုပေါင်းချီတက်နေကြတယ်လို့ ယာယီသမ္မတအသိပေးပြောကြား


ဧပြီလ ၄ရက်။

ဧပြီ () ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ကြီးမှူးကျင်းပသော ဒုတိယကြိမ် ပြည်သူ့ညီလာခံဖွင့်ပွဲ အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောကြားခဲ့ပါတယ်။


"ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးအစိုးရတစ်ရပ်လို့ ခံယူပြီး နွေဦးတော်လှန်ရေးကို စုပေါင်းချီတက်နေကြပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးကာလကို အရေးပေါ်ကာလလို့ ခံယူပြီး ထိထိရောက်ရောက်ဖြစ်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။ အဲသည့်လို ထိရောက်ဖို့အတွက် တော်လှန်ရေးမဟာဗျူဟာ လုပ်ငန်းစဉ်တွေဟာ မြန်မြန်ဆန်ဆန်ဖြစ်ဖို့နဲ့ လွယ်ကူရှင်းလင်းစွာ သက်ရောက်နိုင်ဖို့လည်း အထူးလိုအပ်တယ်လို့ ခံယူပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ လူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့အတွက် လေးလံနှေးကွေးတဲ့ ဖြစ်စဉ်ဇယားတွေကို ဖြတ်သန်းနေလို့ မရပါဘူး။ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ဖြစ်အောင်လည်း လုပ်ကြရပါမယ်၊ တတ်နိုင်သမျှ လွယ်ကူရှင်းလင်းအောင်လည်းလုပ်ကြရမှာဖြစ်ပါတယ်"လို့ယာယီသမ္မတကပြောပါတယ်။


ဒါ့အပြင် လုပ်သမျှတိုင်းသော အမှုကိစ္စတိုင်းဟာ တော်လှန်ရေးအတွက် ထိရောက်သော သက်ရောက်မှု ဖြစ်ဖို့ အထူးလိုအပ်ပြီး ဒီလို ခံယူချက်နဲ့ လူထုတော်လှန်ရေးတာဝန်တွေကို ကြိုးပမ်းထမ်းဆောင်နေတာ ဖြစ်ကြောင်း ယာယီသမ္မတကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ဆိုး သက်ဆိုးရှည်နေသမျှ ကာလပတ်လုံး အပြစ်မဲ့ ပြည်သူလူထုအနေဖြင့် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဆုံးရှုံးနစ်နာနေမှုများကို မလွဲဧကန် ဆက်လက် ကြုံတွေ့နေရမယ်လို့ ဝန်ကြီးချုပ်ဆို


ဧပြီလ ၄ရက်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ဆိုး သက်ဆိုးရှည်နေသမျှ ကာလပတ်လုံး အပြစ်မဲ့ ပြည်သူလူထုအနေဖြင့် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဆုံးရှုံးနစ်နာနေမှုများကို မလွဲဧကန် ဆက်လက် ကြုံတွေ့နေရမယ်လို့ ဧပြီလ () ရက်၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာမြှင့်တင်ရေးနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှာဆိုထားပါတယ်။


"မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ကြာရှည်နေသည့်အတွက် နေရာဒေသအသီးသီးရှိ ပြည်သူလူထုမှာ ယနေ့ထက်တိုင် မိုင်းအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ မြန်မာနိုင်ငံရှိ မြို့နယ်အရေအတွက် ထက်ဝက်ကျော်တွင် မြေမြှုပ်မိုင်းများ ရှိနေပြီး လက်နက်ကိုင် တိုက်ပွဲများ တိုးပွားလာသည်နှင့်အမျှ မြေမြှုပ်မိုင်းများကြောင့် ထိခိုက်သေဆုံးရသော အပြစ်မဲ့ပြည်သူ အရေအတွက်မှာလည်း နေ့စဥ်တိုးပွားလျက် ရှိပါတယ်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ဆိုး သက်ဆိုးရှည်နေသမျှ ကာလပတ်လုံး အပြစ်မဲ့ ပြည်သူလူထုအနေဖြင့် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဆုံးရှုံးနစ်နာနေမှုများကို မလွဲဧကန် ဆက်လက် ကြုံတွေ့နေရမှာ ဖြစ်တယ်"လို့ဆိုထားပါတယ်။


စစ်အာဏာရှင်စနစ်ဆိုး ချုပ်ငြိမ်းပြီး ပြည်သူများ လိုလားတောင့်တသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်နိုင်မှသာလျှင် ငြိမ်းချမ်းသာယာ၍ ဘေးကင်းသော လူမှုဘဝများကို ခံစားရရှိနိုင်မည် ဖြစ်သဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို အမြန်ဆုံးတွန်းလှန်နိုင်ပြီး မြန်မာပြည် အေးချမ်းသာယာရှိပါစေကြောင်း ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်


ဧပြီလ   ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၄/၂၀၂၄)ကို ဧပြီလ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊အဖွဲ့ဝင်၊  အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်း လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက် ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။

တွေ့ဆုံပွဲသို့  ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ လက်ရှိ တည်ဆောက်မယ့် လူ့အဖွဲ့အစည်းက တာဝန်သိ၊ စာနာ၊ စုံလင်ကွဲပြားမှုကို လက်ခံတဲ့ လူမှု အသိုင်းအဝိုင်း ဖြစ်တယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ဆို


ဧပြီလ ၄ရက်။

လက်ရှိ တည်ဆောက်မယ့် လူ့အဖွဲ့အစည်းက တာဝန်သိ၊ စာနာ၊ စုံလင်ကွဲပြားမှုကို လက်ခံတဲ့ လူမှု အသိုင်းအဝိုင်း ဖြစ်တယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ဆိုပါတယ်။


"ကိုယ်တွေ တည်ဆောက်မယ့် လူ့အဖွဲ့အစည်းက တာဝန်သိ၊ စာနာ၊ စုံလင်ကွဲပြားမှုကို လက်ခံတဲ့ လူမှု အသိုင်းအဝိုင်း ဖြစ်တယ်။ ဝိုင်းဝန်းပါဝင်ကြပါ"လို့ဆိုပါတယ်။


Northern Rehabilitation Center for Amputeesက လက်ရှိမှာ ၅၃ ဦးမြောက် Service User ကိုကူညီပေးခဲ့တယ်လို့သိရပါတယ်။


ထို့အပြင်အကြောင်းအမျိုးမျိုးကြောင့်- ခြေတုအသစ်တပ်ဆင်လိုသူများ- ခြေတု အဟောင်းပြင်ချင်သူများလွတ်လပ်စွာဆက်သွယ်နိုင်တယ်လို့လည်းအသိပေးဖော်ပြထားပါတယ်။


========================


📌📌 ၅။ နမ့်ခမ်းမြို့နယ်မှာ TLTA အဖွဲ့က တအာင်းရုံးသုံးစာသင်တန်းဖွင့် 


ဧပြီလ ၄ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းပြည်နယ် တပ်မဟာ စစ်ဒေသ နမ့်ခမ်းမြို့နယ် ဖဒဲန်ကျေးရွာမှာ တအာင်းစာပေ သင်ကြားရေးအဖွဲ့-TLTA က ဦးဆောင်ပြီး တအာင်းရုံးသုံးစာသင်တန်း ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

အဆိုပါသင်တန်းကို ဧပြီလ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခမ်းအနားသို့ ဗိုလ်မှူးကြီး တားလော်ည်လာဝ်၊ တအာင်းအကယ်ဒမီကျောင်း-TAA တာဝန်ခံ ဗိုလ်ကြီး အိုမ်ဆငါး၊ ဗိုလ်ဂါင်ဒိုင်း၊ စာပေယဥ်ကျေးမှုအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာဥက္ကဋ္ဌ၊ TLAT တာဝန်ခံနဲ့ ဆရာမများ၊ ရပ်မိရပ်ဖများအပါအဝင် စုစုပေါင်း ၁၂၆ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

တအာင်းလူမျိုးတိုင်း တအာင်းစာပေယဉ်ကျေးမှုကို ချစ်မြတ်နိုးတတ်လာစေရန်၊ တအာင်းပြည်နယ်မှာရှိတဲ့ တအာင်းလူမျိုးတို့ ရုံးသုံးစာတတ်မြောက်စေနိုင်ရန်၊ တအာင်းစာပေ များများထုတ်နိုင်ပြီး နောင်လာမယ့် လူငယ်များအတွက် ဖတ်ရှုနိုင်ရန်၊ တအာင်းပြည်နယ်ရှိ ကျေးရွာတိုင်း သင်တန်းပေးနိုင်ရန်၊ တအာင်းပြည်နယ်ရှိ တအာင်းလူမျိုးတိုင်း တအာင်းစာ ရေးတတ် ဖတ်တတ် ပြောတတ် ဆိုတတ်လာစေရန် ရည်ရွယ်ပြီး ဒီသင်တန်းကို ဖွင့်လှစ်ခဲ့တာ်လို့ ဆိုပါတယ်။

အဆိုပါသင်တန်းမှာ တအာင်းရုံးသုံးစာ ခေါင်းစဉ် ၁၀ မျိုးကို တရက် နာရီသင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းကာလ ၄၅ ရက် ကြာမြင့်မယ်လို့ သိရပါတယ်။

တအာင်းစာပေ သင်ကြားရေးအဖွဲ့-TLTA အနေနဲ့ ၂၀၂၃ ခုနှစ်မှာ တအာင်းရုံးသုံးစာသင်တန်းကို ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထားပါတယ်။

ပလောင်ပြည်နယ်လွတ်ရေးတပ်ဦး PSLF/TNLA မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနက တာဝန်ရှိသူတွေဟာ ဧပြီးလ ရက်နေ့မှာပဲ နမ့်ခမ်းမြိုနယ်အတွင်းက ကျေးရွာဒေသခံပြည်သူလူထုနဲ့တွေ့ဆုံခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာဥက္ကဋ္ဌ ရွေးချယ်ခြင်း၊ ကလေးသူငယ်တွေရဲ့ ပညာရေး၊ လက်ရှိနိုင်ငံရေးအခြေအနေ၊ မိုင်းအန္ဒရာယ်အသိပေးခြင်းနဲ့ ဒေသဖွံဖြိုးရေး ကိစ္စတွေကို အပြန်အလှန် ဆွေးနွေးကြခဲ့တယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ နေပြည်တော်ရှိ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက်ရာတွင်ဒရုန်းတစ်စင်းပါ ယမ်းပေါက်ကွဲအားက 107တစ်စင်းထက် ၂၀ရာခိုင်နှုန်း ပိုပြင်းပြီး အနက်ဖောက်ထွင်းအားလည်း ပိုကောင်းတယ်လို့ ကာကွယ်ရေးဝန်ကြီးထုတ်ဖော်ပြောကြား


ဧပြီလ ၄ရက်။

နေပြည်တော်ရှိ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက်ရာတွင် ဒရုန်းတစ်စင်းပါ ယမ်းပေါက်ကွဲအားက 107တစ်စင်းထက် ၂၀ရာခိုင်နှုန်း ပိုပြင်းပြီး အနက်ဖောက်ထွင်းအားလည်း ပိုကောင်းတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဧပြီလ ၄ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။


"ဧပြီ၄ရက် နေပြည်တော်ခရီးရှည်ဒရုန်းများရဲ့ ပထမဆုံးအတွေ့အကြုံပါပဲ။ ဒရုန်းတစ်စင်းပါ ယမ်းပေါက်ကွဲအားက 107တစ်စင်းထက် ၂၀ရာခိုင်နှုန်းပိုပြင်းပြီး အနက်ဖောက်ထွင်းအားလည်း ပိုကောင်းပါတယ်။ ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားလို့ ရပါပြီ"လို့ဆိုပါတယ်။


ဧပြီလ ၄ရက်နေ့မှာ အကြမ်းဖက် စစ်ကောင်စီ၏ စစ်ရုံးချုပ်(ကက-ကြည်း) တည်ရှိရာ နေပြည်တော်နှင့် အေလာလေတပ်များကို ဒရုန်းများဖြင့်  တပြိုင်နက် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများ ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကသတင်းရရှိတယ်လို့ဖော်ပြပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကိုလည်းကောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏  Leather Weapon တပ်ခွဲက အေလာလေတပ်ကို လည်းကောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။


========================


🚩🚩 ၂။ တရုတ် - မြန်မာနယ်စပ် လွယ်ဂျယ်မြို့က စစ်ကောင်စီရုံးတွေကို ချိတ်ပိတ်ပြီး KIO/KIA အုပ်ချုပ်မှု စတင်


ဧပြီလ ၄ရက်။

တရုတ် -မြန်မာ နယ်စပ်မြို့တမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့မှာရှိတဲ့ စစ်ကောင်စီရုံးလက်အောက်ခံရုံးတွေကို ချိတ်ပိတ်လိုက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့-KIO/KIA အုပ်ချုပ်ရေးယန္တရားကို စတင်ဖော်ဆောင်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

 တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့က စစ်ကောင်စီရုံးတွေနဲ့ ဌာနဆိုင်ရာရုံးများအားလုံးကို ဧပြီလ ရက်နေ့မှာ ချိတ်ပိတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် KIA တပ်ဖွဲ့ဝင်တွေက စစ်ကောင်စီလက်အောက်ခံရုံးတွေမှာရှိတဲ့ ဝါစိမ်းနီအလံတွေကိုဖြုတ်ချကာ မြိုတွင်းမှာ တပ်စွဲထားပြီလို့လည်း သိရပါတယ်။

လွယ်ဂျယ်မြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်းတခုရှိနေပြီး တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် အဆိုပါတပ်ကို တိုက်ခိုက်ဖို့ အခက်တွေ့နေပေမယ့် အဆိုပါတပ်ကို ဝိုင်းရံထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။  

KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ မတ်လကုန်ပိုင်းကစပြီး လွယ်ဂျယ်မြို့ကို ဝိုင်းပတ်ပိတ်ဆို့ခဲ့ပြီးနောက်ပိုင်းမှာ တိုက်ခိုက်ခြင်းမပြုရဘဲ မြို့ထဲမှာ ဝင်ရောက်နေရာယူပြီး ထိန်းချုပ်လိုက်တာလည်းဖြစ်ပါတယ်။

KIA အနေနဲ့ မြစ်ကြီးနား- ဗန်းမော်လမ်း၊ ဗန်းမော် - လွယ်ဂျယ်လမ်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်လိုက်ပြီးနောက်မှာ လွယ်ဂျယ်မြို့ကို သေနတ်မဖောက်ရဘဲ သိမ်းပိုက်နိုင်ခဲ့တာလို့လည်း သိရပါတယ်။

KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ မတ်လ ရက်နေ့ကစပြီး ထိုးစစ်အရှိန်မြှင့်ခဲ့တာကြောင့် တိုက်ပွဲတွေဖြစ်ခဲ့ရာမှာ စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေအပါအဝင် တပ်စခန်း ၇၀ နီးပါးကို သိမ်းပိုက်ထားနိုင်ပြီးဖြစ်ပါတယ်။


========================


🚩🚩 ၃။ ပေါက်မြိုနယ်က စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး စက်ရုံ (ကပစ-၂၄) တိုက်ခိုက်ခံရ


ဧပြီလ ရက်။

Radio NUG

မကွေးတိုင်း ပေါက်မြို့နယ်က စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး စက်ရုံ (ကပစ-၂၄) ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ရှော့တိုက်ဒုံးများ၊ Drop Boom များ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF) က ထုတ်ပြန်ထားပါတယ်။


ဧပြီလ ရက်နေ့ ညနေ နာရီ ၁၅ မိနစ် အချိန်မှာ ၎င်း ကပစ  (၂၄) ကို 107MM ရှော့တိုက်ဒုံး () လုံး၊ 100 MM Drop Bomb ()လုံး တို့ဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း ရှော့တိုက်ဒုံးများ၊ Drop Bomb များဟာ စက်ရုံကို တိုက်ရိုက်ထိမှန်ခဲ့ပြီး အထိအခိုက် အပျက်အစီး များပြားခဲ့တာကြောင့် စက်ရုံလုပ်ငန်းလည်ပတ်မှု ရပ်တန့်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ စစ်ဆင်ရေးကို Freedom Revolution Force (FRF) အထူးတာဝန်တပ်ဖွဲ့ () ပေါက်မြို့နယ် ပကဖ၊ ဗိုလ်လရောင်အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မကွေးတိုင်းဟာ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် နဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် () ခုကြား ခွလျက်တည်ရှိပြီး စစ်တပ်ရဲ့ လက်နက်စက်ရုံ (၂၅) ရုံအနက် မကွေးတိုင်းမှာ (၁၃) ရုံအထိ ရှိကာ ၎င်း ကပစ (၂၄) ဟာ အဆိုပါ (၁၃) ရုံထဲက တစ်ခုဖြစ်ပါတယ်။


========================


🚩🚩 ၄။ ဘီးလင်း၊ တောင်စွန်းကျေးရွာမှာ စစ်မှုထမ်းစာရင်း ကောက်နေသူတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ


ဧပြီလ ရက်။

Radio NUG


မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာက စစ်မှုထမ်းစာရင်း ကောက်ခံနေတဲ့ အုပ်ချုပ်ရေးမှူး ရုံးအကူ ကျော်ကိုကို ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု KRF က သတင်း ထုတ်ပြန်ထားပါတယ်။


ကိုကျော်ကိုကိုအား ဧပြီလ ရက်နေ့ ညနေ နာရီခွဲ အချိန်ခန့်က တောင်စွန်းကျေးရွာရှိ ဦးစန်းမောင် ဓါတ်ဆီဆိုင် အရှေ့မှာ KRF နဲ့ ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့တာ ဖြစ်ပြီး နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။


၎င်းဟာ အုပ်ချုပ်ရေးမှူး ရုံးအကူ ဖြစ်ပေမယ့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်စေရန် လုပ်ဆောင်ရာမှာ အုပ်ချုပ်ရေးမှူးထက် ပိုအရေးပါပြီး လက်ရှိမှာလဲ လူငယ်များကို စစ်မှုထမ်းဖို့ အတင်းအကြပ် စာရင်းကောက်တာတွေ လုပ်ဆောင်နေတာကြောင့် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်ကြောင်း KRF က ဆိုပါတယ်။


စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ မည်သူကိုမဆို စစ်ရေးပစ်မှတ် သတ်မှတ် ပြီး ထိထိရောက်ရောက် အရေးယူသွားမယ်လို့ KRF က မတ်လ ၁၇ ရက်မှာ သတိပေးစာ ထုတ်ပြန်ခဲ့ပြီးနောက် ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်ထဲမှာ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်နေသူ ဦး အထိကို KRF က ပစ်ခတ် ရှင်းလင်းခဲ့ပါတယ်။

ထို့အပြင် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေတဲ့သူတွေ အနေနဲ့ စစ်ကောင်စီ အလိုကျ လိုက်မလုပ်ဘဲ စစ်ကောင်စီ လက်အောက်ကနေ အမြန်ဆုံး နုတ်ထွက်ဖို့ကိုလည်း KRF က တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၅။ သထုံတွင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကလေးတစ်ဦး အပါအဝင် အရပ်သား ဦး ဒဏ်ရာရ


ဧပြီလ ရက်။

Radio NUG

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ KNU တပ်မဟာ () ထိန်းချုပ်နယ်မြေထဲက ရွာတွေကို စစ်ကောင်စီ အမှတ် () ခြေမြန်တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တာကြောင့် ကလေး ဦးအပါအဝင် အရပ်သား ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU သထုံခရိုင် က သတင်းထုတ်ပြန်ပါတယ်။


 မတ်လ ၃၀ ရက် နာရီအချိန်မှာ စစ်ကောင်စီရဲ့ ခမရ () တပ်မှ ကျေးရွာများထဲကို လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ရာမှာ ချောင်းစောင့်ရွာအတွင်း လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၃ နှစ်အရွယ် စောဖြိုးဖြိုး ၁၆ နှစ် အရွယ် စောနေလင်း နဲ့ ၆၅ နှစ် အရွယ်ရှိ ဦးမောင်ထွေးတို့ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး ဦးမောင်ထွေးရဲ့နေအိမ် ပျက်စီးခဲ့တယ်လို့ KNU က ဆိုပါတယ်။


 ထို့ပြင် ၎င်း ခမရ () တပ်စခန်းကပဲ မတ်လ ၂၇ ရက်နေ့ ညနေ နာရီခန့်မှာလည်း လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ပြီး ထို့ကော်ကျိုးရွာမှ အသက် ၅၄ နှစ် အရွယ် နောင်နောရီ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် မတ်လ ၂၈ ရက်နေ့ မနက် ၁၀ နာရီ ၂၅ မိနစ် ခန့်မှာ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး လုံးကြောင့် ထုံးဘိုလေးရွာမှ အသက် ၅၇ နှစ်အရွယ် တီးပန်းစိန် နဲ့ ၂၃ နှစ်အရွယ် နော်ချောတခု တို့လည်း လက်နက်ကြီး ထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။


စစ်ကောင်စီ တပ်က တိုက်ပွဲ ဖြစ်ပွားတာ မရှိဘဲ အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒေသခံပြည်သူများမှာ စိုးရိမ်ထိတ်လန့်ကာ မကြာခဏ တိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင် သတင်းတာဝန်ခံက ပြောပါတယ်။


အခုလို စစ်ကောင်စီ တပ်များက အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် သထုံမြို့နယ်က ချောင်းစောင့်၊ ထုံးဘိုလေး၊ ထုံးဘိုကြီးနဲ့ ထိုးကော်ကျိူး ကျေးရွာများမှ ဒေသခံတွေဟာ ဗုံးခိုကျင်းတွေထဲမှာ ပုန်းအောင်းနေရသလို နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသူတွေလည်း ရှိနေပါတယ်။


 ထို့ပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ရက်နေ့ကလည်း သထုံမြို့နယ်၊ ညာဓားဝယ်ကျေးရွာကို စစ်ကောင်စီက လက်နက်များကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၁၂ လုံး ပျက်စီးခဲ့ ပါသေးတယ်။


========================


🚩🚩 ၆။ KNU တပ်မဟာ () ဒေသတွင်း ဖမ်းဆီးရမိတဲ့ ကျပ်သိန်း (၇၀၀) ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား မီးရှို့ ဖျက်ဆီး


ဧပြီလ ရက်။

Radio NUG

ကရင့်အမျိုးသား အစည်းအရုံး၊ ခလယ်လွီထူခရိုင်၊ တပ်မဟာ ()  မူးမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိခဲ့တဲ့ ကာလတန်ဖိုး ကျပ်သိန်း (၇၀၀) ကျော်ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဧပြီလ ရက်နေ့မှာ  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

အဆိုပါ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးများကို KNU တပ်ရင်း () မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီ တာဝန်ရှိသူများ၊ KNLA တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များ နှင့် ကရင်အမျိုးသား ရဲတပ်ဖွဲ့ (KNPF) မှ တာဝန်ရှိ ခေါင်းဆောင်များက ဦးစီးပြီး မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။


ဖမ်းဆီးရရှိခဲ့တဲ့ မူးယစ်ဆေးဝါးများထဲမှာ ဆေးခြောက်၊ ဆေးပြားများအပြင် အရက်သေစာ များလည်း ပါဝင်တယ်လို့ သိရပါတယ်။


KNU တပ်ရင်း () ဒေသအတွင်း မူးယစ်ဆေးဝါးများ ဝယ်ယူ၊ ရောင်းချ၊ သုံးစွဲခြင်းများကို တင်းကြပ်စွာ ပိတ်ပင်တားပြီး ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူများကိုလည်း ပြဌာန်းထားတဲ့ မူးယစ်ဆေးဝါး အထူးအက်ဥပဒေ အရ ထိရောက်စွာ အရေးယူသွားမယ်လို သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment