5th APR 2024 - Evening Daily News by Radio NUG

၂၀၂၄ ဧပြီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဋ္ဌာန်းချက်တွေနဲ့ အညီ ချမှတ်ထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံ () ချက်အတိုင်း တစိုက်မတ်မတ် လျှောက်လှမ်း ချီတက်နေ

📌 ၂။ မြန်မာနှင့်အီရန် နှစ်နိူင်ငံလုံးအတွက် လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်တွေကို နောက်ထပ် သက်တမ်း တနှစ်တိုး ခန့်အပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်ပြီး လေယာဥ်ဆီ ပိတ်ပင်ဖို့ပါ ပါဝင်

📌 ၃။ မြန်မာမှာနေရပ်စွန့်ခွာထွက်ပြေးနေရသူအရေအတွက်မှာ စံချိန်တင်မြင့်တက်လျက်ရှိလို့UN OCHA Myanmarက ထုတ်ပြန်

📌 ၄။ သုံးလတာအတွင်း နိူင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက လူနှစ်ရာကျော်ကို အဓမ္မဖမ်းဆီးချုပ်နှောင်ထားပြီး ရန်ကုန်နှင့်မန္တလေးမှာအများဆုံးဖြစ်


၂၀၂၄ ခုနှစ် ဧပြီလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မံစီမြို့နယ်က ဟန်ထက် စစ်ကောင်စီစခန်းကို KIA သိမ်းပိုက်

🚩 ၂။ ရေစကြိုမှာ စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီး စျေးအတွင်းကျပေါက်ကွဲရာမှ အမျိုးသမီး ဦးဒဏ်ရာရ

🚩 ၃။ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်နေတာကြောင့် စစ်ကိုင်း - မင်းကွန်းလမ်းပိုင်း ညအချိန် မသုံးဖို့ မင်းကွန်းPDF သတိပေး

🚩 ၄။ ထီးလင်းမြို့ထလင်းရွာအနီးစကစတပ်များမိုင်းကွင်းတည့်တည့်တိုးဝင်လာ၍ မိုင်းထိကာလေးဦးသေဆုံး

🚩 ၅။ ကျိုက်ထို-မုပ္ပလင်လမ်းဆုံက စစ်ဆေးရေးဂိတ်ကို ဒရုံးဖြင့် ဗုံးသီးချတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဋ္ဌာန်းချက်တွေနဲ့ အညီ ချမှတ်ထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံ () ချက်အတိုင်း တစိုက်မတ်မတ် လျှောက်လှမ်း ချီတက်နေ


ဧပြီ၅ရက်


အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဋ္ဌာန်းချက်တွေနဲ့ အညီ ချမှတ်ထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံ () ချက်အတိုင်း တစိုက်မတ်မတ် လျှောက်လှမ်း ချီတက်နေတယ်လို့ ယာယီသမ္မတကပြောပါတယ်။


ဧပြီ၄ရက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ကြီးမှူးကျင်းပသော ဒုတိယကြိမ် ပြည်သူ့ညီလာခံဖွင့်ပွဲ အခမ်းအနားတွင်  ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။


"ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဋ္ဌာန်းချက်တွေနဲ့ အညီ ချမှတ်ထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံ () ချက်အတိုင်း တစိုက်မတ်မတ် လျှောက်လှမ်း ချီတက်နေကြောင်း ပြောကြားလိုပါတယ်။ နွေဦးတော်လှန်ရေးကာလဟာ တိုင်းပြည်နဲ့ လူထုက လျှောက်လှမ်းဖြတ်သန်းရတဲ့ အရေးပေါ်ကာလတစ်ခုလည်းဖြစ်ပါတယ်။ ဒီလို တော်လှန်ရေးကာလ / ဒီလိုအရေးပေါ်ကာလမျိုးမှာ တိုင်းပြည်နဲ့ လူထုဟာ အထွေထွေအကျပ်အတည်းကိုလည်း ကြုံကြရ သလို၊ အကြမ်းဖက်စစ်တပ်ကြောင့်ဖြစ်တဲ့ ဘေးဒုက္ခတွေကလည်း ပြည်သူလူထုအပေါ်မှာ ကြီးစွာသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေတာတွေ့ရပါတယ်။ ဒီလိုအခြေအနေတွေအတွင်းမှာ ကျွန်တော်တို့ဟာ လူထုတော်လှန်ရေး တိုက်ပွဲနဲ့ ခုခံတော်လှန်စစ်ကို ပေါင်းစပ် ဆင်နွှဲနေကြရတာဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့စစ်ရေးအရှိန်ကိုမြှင့်တင်လျက်ရှိပြီးတော့ ၂၀၂၄ ခုနှစ်အတွင်းတော်လှန်ရေးအမြန်ဆုံးအဆုံးသတ်နိူင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၂။ မြန်မာနှင့်အီရန် နှစ်နိူင်ငံလုံးအတွက် လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်တွေကို နောက်ထပ် သက်တမ်း တနှစ်တိုး ခန့်အပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်ပြီး လေယာဥ်ဆီ ပိတ်ပင်ဖို့ပါ ပါဝင်


ဧပြီ၅ရက်


မြန်မာနှင့်အီရန် နှစ်နိူင်ငံလုံးအတွက် လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်တွေကို နောက်ထပ် သက်တမ်း တနှစ်တိုး ခန့်အပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကဆုံးဖြတ်ပြီးလေယာဥ်ဆီ ပိတ်ပင်ဖို့ပါ ပါဝင်တယ်လို့သတင်းရရှိပါတယ်။


ဧပြီ၄ရက်နေ့မှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက မြန်မာ့အရေးကို အစည်းအဝေးကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ နိုင်ငံတကာ အနေနဲ့စကစကို ဂျက်လေယာဥ်ဆီ တင်ပို့ ရောင်းချ တာတွေ မလုပ်ဖို့ ပြောဆိုဆွေးနွေးခဲ့ပြီးအဆိုပါအချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင် ၄၇ နိုင်ငံက သဘောတူခဲ့တယ်လို့ဖော်ပြထုတ်ပြန်ပါတယ်။


ဒါ့အပြင် မြန်မာနှင့်အီရန် နှစ်နိူင်ငံလုံးအတွက် လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်တွေကို နောက်ထပ် သက်တမ်း တနှစ်တိုး ခန့်အပ်ဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၃။ မြန်မာမှာနေရပ်စွန့်ခွာထွက်ပြေးနေရသူအရေအတွက်မှာ စံချိန်တင်မြင့်တက်လျက်ရှိလို့UN OCHA Myanmarက ထုတ်ပြန်


ဧပြီ၅


မြန်မာမှာနေရပ်စွန့်ခွာထွက်ပြေးနေရသူအရေအတွက်မှာ စံချိန်တင်မြင့်တက်လျက်ရှိလို့ UN OCHA Myanmarက ဧပြီ၅ရက်နေ့ ဒီကနေ့မှာ အသိပေးဖော်ပြပါတယ်။


"ပိုမိုကြီးမားလာသည့် လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းများအကြား မတ်လအတွင်း လက်နက်ကိုင်ပဋိပက္ခ အခြေအနေသည် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး အများအပြား၌ အရှိန်မြင့်တက်လျက်ရှိတယ်"လို့ဖော်ပြပါတယ်။


 နေရပ်စွန့်ခွာထွက်ပြေးနေရသူအရေအတွက်မှာ စံချိန်တင်မြင့်တက်လျက်ရှိကာ၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်း ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် အိုးအိမ်စွန့်ခွာရသူ ဒသမ သန်းကျော် အပါအဝင် လူဦးရေ ဒသမ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးဖြစ်တယ်လို့ဖော်ပြပါတယ်။


ကချင်ပြည်နယ်၌  မတ်လ () ရက်နေ့ ထိုးစစ်စတင်ခဲ့စဉ်မှစ၍ လူဦးရေ ၁၈,၀၀၀ ကျော်သည် (၁၀) မြို့နယ်အတွင်း အိုးအိမ်စွန့်ခွာတိမ်းရှောင်လျက်ရှိတယ်လို့ဖော်ပြပါတယ်။


 နိုင်ငံအနောက်မြောက်ဖက်တွင် ဆက်လက်ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ အရပ်သားများအပေါ် ပြင်းထန်စွာထိခိုက်လျက်ရှိပြီး ဖေဖော်ဝါရီလနှောင်းပိုင်းမှ စတင်သော စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြားတိုက်ပွဲများကြောင့် ခန့်မှန်းခြေ အရပ်သား ၂၈,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၄။ သုံးလတာအတွင်း နိူင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက လူနှစ်ရာကျော်ကို အဓမ္မဖမ်းဆီးချုပ်နှောင်ထားပြီး ရန်ကုန်နှင့်မန္တလေးမှာအများဆုံးဖြစ်


ဧပြီ၅ရက်


သုံးလတာအတွင်း နိူင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက လူနှစ်ရာကျော်ကို အဓမ္မဖမ်းဆီးချုပ်နှောင်ထားပြီး ရန်ကုန်နှင့်မန္တလေးမှာအများဆုံးဖြစ်တယ်လို့သတင်းရရှိပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှ ဧပြီလ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၅၄) ဦးနှင့် အမျိုးသား (၁၅၂) ဦး စုစုပေါင်း (၂၀၆) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၎င်းအရေအတွက်တွင် နွေဦးတော်လှန်ရေး ကာလအတွင်း စစ်အုပ်စုမှ ဖမ်းဆီး၍ လွတ်မြောက်လာပြီး ယခုနှစ်၌ ပြန်လည်ဖမ်းဆီးခံရသူ () ဦး ပါဝင်တယ်လို့ဖော်ပြပါတယ်။


 အဆိုပါ (၂၀၆) ဦးအနက် ရန်ကုန်တိုင်းမှာ (၄၀) ဦးဖြင့် ပထမ အများဆုံးနှင့် မန္တလေးတိုင်းမှာ (၃၂) ဦးဖြင့် ဒုတိယ အများဆုံး ဖမ်းဆီးခံခဲ့ရပါတယ်။


စကစ၏မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆၄၇၇) ဦးရှိပြီး ထိုအထဲမှ (၂၀၃၀၄) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ဖမ်းဆီးထိန်းသိမ်းခံနေရသူများအနက်မှ (၈၈၉၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မံစီမြို့နယ်က ဟန်ထက် စစ်ကောင်စီစခန်းကို KIA သိမ်းပိုက်


ကချင်ပြည်နယ် မံစီမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတခုဖြစ်တဲ့ ဟန်ထက်-Ganhtak စစ်စခန်းကို ကချင်လွတ်လပ်ရေး တပ်မတော်-KIA က ယနေ့ ဧ‌ပြီလ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက အသိပေးပါတယ်။

KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ယခုနှစ်ဆန်းပိုင်းကစပြီး မံစီမှာရှိတဲ့ စစ်စခန်းအများအပြားကို တိုက်ခိုက်သိမ်းပိုက် ထားရာ ဟန်ထက်တပ်စခန်းကို ဧပြီ ၅ရက် မနက် နာရီမှာ ထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ တပ်စခန်းဟာ မန္တလေး- ဗန်းမော် ကားလမ်းမပေါ်မှာရှိပြီး ပထဝီဝင်အနေအထားအရ ဗျူဟာကျတဲ့ စစ်စခန်း ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်

ရွှေကူမြို့ အခြေစိုက် ခမရ-၆၀၂ တပ်ရင်းက အင်အား ၈၀ ခန့်နဲ့ တပ်စွဲနေတဲ့ ဟန်ထက်စခန်းကို KIA ဦးဆောင်တဲ့ ပူးပေါင်း တပ်တွေဟာ သိမ်းပိုက်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

ဟန်ထက် -Ganhtak စခန်းဟာ မံစီမြို့ နဲ့ မိုင်ခန့်သာကွာဝေးပြီး မံစီ- နမ့်ခမ်း၊ မန်စီ - မဘိမ်း၊ မန်စီ - မန္တလေးသို့ သွားရာ လမ်းဆုံမှာရှိတာကြောင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ မန္တလေးတိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေ အဝင်အထွက်နဲ့ ရှေ့တန်းထောက်ပို့အတွက် စစ်ရေးဗျူဟာအရအရေးပါပြီး ရှေ့တန်းဆက်သွယ်ရေးနဲ့ ထောက်ပို့စခန်းလည်းဖြစ်တယ်လို့ သိရပါတယ်။  

အဆိုပါတပ်စခန်းကို KIA တပ်မဟာ- တပ်ရင်း-၂၇နဲ့PDF တပ်ဖွဲ့ဝင်တွေက ဧပြီလ ၃ရက် နေကတည်းက စတင်တိုက်ခိုက် ခဲ့တာဖြစ်ပြီး ရက်အကြာမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ မတ်လ ရက်မှာ ကချင်ဒေသမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမပြုမီ မံစီမြို့နယ်မှာရှိတဲ့ မံဝိန်းကြီး၊ ကိုက်ထိပ်၊ စီခမ်းကြီး တပ်စခန်းအပါအဝင် ဗျူဟာစခန်းတွေ နဲ့ ရှေ့တမ်းစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ 


========================


🚩🚩 ၂။ ရေစကြိုမှာ စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီး စျေးအတွင်းကျပေါက်ကွဲရာမှ အမျိုးသမီး ဦးဒဏ်ရာရ


 မကွေးတိုင်းထဲက ရေစကြိုမြို့မှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ညနေခင်းစျေးတန်းမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီး၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေ ဆီက သိရပါတယ်။

ရေစကြိုမြို့ ရုံးပေါင်းစုံအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်က ဧပြီ ရက် ညနေ နာရီခွဲခန့်အချိန်မှာ လက်နက်ကြီး နဲ့ ၂ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ-Info Committee Yesagyo ကလည်း အတည်ပြုထားပါတယ်။

စစ်တပ်ကလက်နက်ကြီးတွေထဲက တလုံးဟာ လူစည်ကားရာနေရာဖြစ်တဲ့ အမှတ်- ရပ်ကွက် ရွာဘိုးရပ် မအိုတိုက်ဘုန်းကြီးကျောင်းအနီးမှာရှိတဲ့ ဈေးအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မုန့်လင်မယားရောင်းတဲ့ အမျိုးသမီးတဦး၊ ခရမ်းချဉ်သီး‌ရောင်းတဲ့ အမျိုးသမီးတဦးနဲ့ ဈေးဝယ်လာသူ အမျိုးသမီး ၂ဦး စုစုပေါင်း ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဒဏ်ရာရသူတွေထဲက အမျိုးသမီး၂ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် ပခုက္ကူဆေးရုံကို အရေးပေါ်ပို့ထားရ တယ်လို့လည်း သိရပါတယ်။ 

လက်နက်ကြီးကျည်တလုံးက သစ်ပင်မှာချိတ်နေတဲ့အတွက် မပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ရေစကြိုမြို့ပေါ် ရုံးပေါင်းစုံအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ နေ့စဉ်နီးပါး ရမ်းသမ်းပစ် ခတ်နေတာမှာ မတ်လ ၂၃ ရက်က အရပ်သားပြည်သူ၃ဦး၊ မတ်လ ၃၀ ရက်က ပြည်သူတဦး လက်နက်ကြီးစ ထိမှန် သေဆုံးခဲ့တယ်လို့ Info Committee Yesagyo မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ၃။ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်နေတာကြောင့် စစ်ကိုင်း - မင်းကွန်းလမ်းပိုင်း ညအချိန် မသုံးဖို့ မင်းကွန်းPDF သတိပေး


စစ်ကိုင်းမြို့နယ်ထဲက စစ်ကိုင်း - မင်းကွန်းလမ်းပိုင်းမှာ စစ်ကောင်စီဘက်က စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးနေတာကြောင့် ညပိုင်းအချိန်တွေမှာ ဖြတ်သန်းသွားလာခြင်းမလုပ်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- မင်းကွန်း က သတိပေးကြေညာ ထားပါတယ်။

စစ်ကိုင်း - မင်းကွန်းလမ်းပိုင်းကို ဧပြီ ရက်ကစပြီး နာရီမှ နောက်နေ့မနက် နာရီအတွင်း အရေးပေါ်ကျန်းမာရေး ကိစ္စကလွဲပြီး ဖြတ်သန်းသွားလာခြင်းမလုပ်ကြဖို့ မင်းကွန်း-PDF က အသိပေးလိုက်တာဖြစ်ပါတယ်။

အဆိုပါလမ်းပိုင်းမှာ စစ်တပ်က စစ်မှုထမ်းဖို့ အတင်းအကျပ်ဖမ်းဆီးခေါ်ဆောင်တာ၊ ရဲစခန်းတွေမှာ အင်အားဖြည့်တာတွေ ကို ညပိုင်းအချိန်တွေ ပြုလုပ်နေတာကြောင့် တားမြစ်ရတာလို့ မင်းကွန်း-PDF က ဆိုပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ညပိုင်းအချိန်တွေမှာ ရွာတွေထဲ ဝင်ဆွဲတာ၊ အင်အားဖြည့်တာတွေကို အိမ်စီးကားတွေနဲ့ လုပ်ဆောင်နေတာတွေ့နေရတယ်လို့လည်း အသိပေးပါတယ်။

လိုက်နာမှုမရှိဘဲ သွားလာတာကြောင့် ထိခိုက်မှုရှိခဲ့မယ်ဆိုရင် မင်းကွန်း-PDF တာဝန်ယူမည်မဟုတ်ကြောင်း၊ အရေးပေါ်ကိစ္စ နဲ့ သွားလာရမယ်ဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အကြောင်းကြားပြီး သွားလာကြဖို့နဲ့ ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မင်းကွန်းက မေတ္တာရပ်ခံထားပါတယ်။

မင်းကွန်းဒေသ စစ်ကိုင်း - မင်းကွန်းလမ်းပိုင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့နယ်မြေမဟုတ်ဘဲ စစ်ကောင်စီတပ်တွေ စိုးမိုးထားတဲ့နယ်မြေတခုဖြစ်တဲ့အတွက် မတ်လ ၂၉ ရက်ကလည်း အလုပ်ကပြန်လာတဲ့ ဒေသခံ ပြည်သူတွေကို စစ်တပ်ကဖမ်းဆီးခဲ့ရာ လူငယ်အများအပြား ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ထီးလင်းမြို့ထလင်းရွာအနီးစကစတပ်များမိုင်းကွင်းတည့်တည့်တိုးဝင်လာ၍ မိုင်းထိကာလေးဦးသေဆုံး


ဧပြီ၅ရက်


မကွေးတိုင်း၊ထီးလင်းမြို့ထလင်းရွာအနီးစကစတပ်များမိုင်းကွင်းတည့်တည့်တိုးဝင်လာ၍ မိုင်းထိကာလေးဦးသေဆုံးခဲ့ပါတယ်။


ဧပြီ၅ရက်မှာ စစ်ရေးသတင်းကို ဂန့်ဂေါခရိုင်တပ်ရင်းအမှတ်(15/16/17)-YRA ထီးလင်းကတရားဝင်ထုတ်ပြန်ပါတယ်။


"ဧပြီ၃ရက်နေ့ည ၁၀ နာရီခွဲခန့်တွင်ထီးလင်းမြို့မှထွက်လာသော အင်အား ၇၀ ခန့်ပါစကစစစ်ကြောင်းဟာည ၁၁ နာရီခန့်တွင် ထလင်းကျေးရွာသို့ဝင်ရောက်၍ ရိက္ခာများရှာဖွေလုယက်နေခဲ့တယ်"လို့ဖော်ပြပါတယ်။


ထို့နောက်ဧပြီ၄ရက်မနက် နာရီခွဲခန့်တွင် ထလင်းရွာတောင်ဘက်သို့ထွက်လာသော အင်အား ၁၂ ဦးပါစကစတပ်စိတ်တစိတ်သည် မိုင်းအကြီးများဖြင့် ပြုလုပ်ထားသော မိုင်းကွင်းအတွင်းသို့ ဝင်ရောက်လာခဲ့တယ်လို့ဆိုပါတယ်။


မိုင်းကွင်းဝင်လာတဲ့စကစတပ်သားများကိုYRA-ထီးလင်းမှမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဦးသေဆုံးပြီးကျန်သူများ လှုပ်ရှားထွက်ပြေးနိုင်ခြင်းမရှိပဲ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။


========================


🚩🚩 ၅။ ကျိုက်ထို-မုပ္ပလင်လမ်းဆုံက စစ်ဆေးရေးဂိတ်ကို ဒရုံးဖြင့် ဗုံးသီးချတိုက်ခိုက်


မွန်ပြည်နယ် ကျိုက်ထို-မုပ္ပလင်လမ်းဆုံမှာရှိတဲ့ စစ်တပ်စစ်ဆေးဂိတ်ကို တော်လှန်ရေးအင်အားစုတွေက ဧပြီလ ရက်နေ့ မွန်းလွဲပိုင်းမှာ ဒရုန်းအသုံးပြုပြီး ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF ကထုတ်ပြန်ပါတယ်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF KNU/KNLA နဲ့ ကျိုက်ထို ပကဖ တို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ကျိုက်ထို-မုပ္ပလင် လမ်းဆုံမှာရှိတဲ့ စစ်တပ်စစ်ဆေးဂိတ်ကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး ဒရုန်းနဲ့ ဗုံးသီး လုံး ကြဲချ တိုက်ခိုက်ခဲ့တယ် လို့ ဆိုပါတယ်။  

ဂိတ်ခေါင်မိုးပေါ် တည့်တည့် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်သသေဆုံးမှုအခြေအနေကို လတ်တလောမသိရသေး ပေမယ့် ဆက်လက်စုံစမ်းနေတယ်လို့လည်း အသိပေးပါတယ်။ 

စစ်ကောင်စီဟာ မုပ္ပလင်လမ်းဆုံဂိတ်မှာ ဘန်ကာတွေ အခိုင်အမာ ထပ်မံတည်ဆောက်နေတဲ့အပြင် အင်အားတိုးချဲ့ကာ ခရီးသွားပြည်သူတွေကို အတင်းအကြပ်စစ်ဆေးနေတဲ့အတွက် တိုက်ခိုက်ခဲ့တာလို့ KRF က ပြောပါတယ်။

အဆိုပါဂိတ်ကို မဖျက်သိမ်းဘဲ ဆက်လက်အင်အားတိုးချဲ့ တည်ဆောက်နေဦးမယ်ဆိုရင် အခုထက်ပိုမိုပြင်းထန်တဲ့ တိုက်ခိုက် မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း တော်လှန်ရေးအင်အားစုတွေက သတိပေးထား ပါတယ်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF အနေနဲ့ ပြည်သူလူထုထိခိုက်နစ်နာစေမယ့် ဖောက်ခွဲမှုနဲ့ ပစ်ခတ်မှုတွေ လုပ်မှာ မဟုတ်ဘဲ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အသက်ပေးကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်းနဲ့ စစ်အာဏာ ရှင်စနစ်ကျဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ဟာ မစ်ရှင်တွေဖော်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ထောက်တိုင်လဲဖြစ်၊ စစ်သားသစ်စုဆောင်းရေး အခြေခံအုတ်မြစ်လဲဖြစ်တဲ့ အုပ်ကြီးတွေနဲ့ အစွယ်အပွားတွေကို ခြေသွက်လက်သွက်နဲ့ ချေမှုန်းသုတ်သင်နေတဲ့ တော်လှန်ရေးအင်အားစုတခုဖြစ်ပါတယ်။  


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နဲ့ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment