9th APR 2024 - Evening Daily News by Radio NUG


၂၀၂၄ ဧပြီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် Ms. Julie Bishop အား ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်မှုအပေါ် ဝမ်းမြောက်စွာ ကြိုဆို

📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့်  စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၃။ ထိုင်းဝန်ကြီးချုပ်က အရေးပေါ် အစည်း အဝေးခေါ်ယူ၍  ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်မည့် မြန်မာ့အရေး ဆိုင်ရာ အလုပ်ကော်မတီတစ်ခု ဖွဲ့စည်း

📌 ၄။ ချက်နိူင်ငံ ပရာဟာမှာကျင်းပမယ့် တော်လှန်သင်္ကြန်သို့ လာရောက်ရန် NUGချက်နိူင်ငံကိုယ်စားလှယ်ဖိတ်ခေါ်

📌 ၅။ အကြမ်းဖက်စစ်အုပ်စုက သေဒဏ်ချမှတ်ထားသူ စုစုပေါင်း (၁၆၆) ဦး ရှိလာ


၂၀၂၄ ခုနှစ် ဧပြီလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ လွယ်ဂျယ်မြို့တွင် အောင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ဝန်ထမ်းများထွက်ခွာသွား KIA အပြီးပိုင် ထိန်းချုပ်ပြီလို့သတင်းတွေထုတ်ပြန်

🚩 ၂။ ပလမြို့၊ ဇာဒီရပ်၊ ဝါးကျောင်းအနီး လှုပ်ရှားလာသည့် အင်အား(၂၈)ဦးပါ အကြမ်းဖက် ဖက်ဆစ်စစ်ကြောင်းအား ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ လက်ဦးမှုယူကာ ပစ်ခတ်ခဲ့

🚩 ၃။ ခလယ်လွီထူခရိုင်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များ ကြောင့် နေအိမ် () လုံး နှင့် နွားတင်းကုတ် () လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူလူထု () ဦးဒဏ်ရာရရှိ ခဲ့ရကာ () ဦးသေဆုံးခဲ့

🚩 ၄။ မြင်းခြံမြို့နယ်ရသာရွာက နေအိမ်နှစ်ရာကျော်ကိုစကစတပ်များမီးရှို့ဖျက်ဆီးပြီး အရပ်သားလေးဦးကိုသတ်ဖြတ်

🚩 ၅။ ကျိုက်ထိုမြို့နယ် KNU တပ်မဟာ နယ်မြေ တပ်ရင်း ()အတွင်း အင်အား ၅၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် Ms. Julie Bishop အား ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်မှုအပေါ် ဝမ်းမြောက်စွာ ကြိုဆို


ဧပြီ၉ရက်


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် Ms. Julie Bishop အား ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်မှုအပေါ် ဝမ်းမြောက်စွာ ကြိုဆိုလိုက်ပါတယ်။


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်အပ်မှုနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ချက်ကိုဧပြီ၉ရက်မှာ နိူင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် Ms. Julie Bishop အား ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်မှုအပေါ် ဝမ်းမြောက်စွာ ကြိုဆိုအပ်တယ်လို့ဖော်ပြပါတယ်။


 Ms. Bishop သည် ၎င်း၏ သံတမန်ရေးရာ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများအရ  ဤရာထူး နေရာအတွက် အသင့်လျော်ဆုံး ဖြစ်မည်ဟု အပြည့်အဝ ယုံကြည်ပြီး၊ မြန်မာ ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ၎င်းတို့၏ဆန္ဒနှင့်အညီ လုပ်ငန်းတာဝန်များကို ထမ်းဆောင် သွားမည်ဟု မျှော်လင့်အပ်တယ်လို့ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း မြန်မာပြည်သူလူထု၏ တူညီသည့် ရည်မှန်း ချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီစံနှုန်းများနှင့် တန်ဘိုးများကိုအပေါ် အခြေခံသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ကာ အထူးကိုယ်စားလှယ်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါတယ်။


ထို့ကြောင့် နိုင်ငံတကာအနေဖြင့်လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စား လှယ်အား ၎င်း၏လုပ်ငန်းတာဝန်များကို ထိရောက်အောင်မြင်စွာ ထမ်းဆောင်နိုင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်း တောင်းဆို အပ်တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။


========================


📌📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့်  စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


ဧပြီ     ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးမှုအစည်းအဝေး (/၂၀၂၄)ကို ဧပြီလ ရက်နေ့တွင် ကျင်းပခဲ့တယ်လို့ သိရပါတယ်။


အစည်းအဝေးတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှမူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ ဦးဆောင်ကာ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ  တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ ထိုင်းဝန်ကြီးချုပ်က အရေးပေါ် အစည်း အဝေးခေါ်ယူ၍  ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်မည့် မြန်မာ့အရေး ဆိုင်ရာ အလုပ်ကော်မတီတစ်ခု ဖွဲ့စည်း


ဧပြီ၉ရက်


ထိုင်းဝန်ကြီးချုပ် Srettha Thavisinကအရေးပေါ် အစည်း အဝေးခေါ်ယူ၍  ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်မည့် မြန်မာ့အရေး ဆိုင်ရာ အလုပ်ကော်မတီတစ်ခု ဖွဲ့စည်းမယ်လို့ ဧပြီ၉ရက်မှာ ထိုင်းဝန်ကြီးချုပ် Srettha Thavisin Face Bookစာမျက်နှာတွင်တရားဝင်အသိပေးထုတ်ပြန်ပါတယ်။


ဧပြီ၉ရက်နံနက်ပိုင်းတွင် ဝန်ကြီးချုပ်ကအစည်းအဝေးခေါ်ယူကျင်းပပြီး ထိုင်း-မြန်မာနယ်စပ်အရေးကိစ္စ ဆွေးနွေးခဲ့ကာ မြန်မာနိုင်ငံ၏ အခြေအနေအဖြစ်အပျက်များသည် ထိုင်းနိုင်ငံအတွက် အရေးကြီးကြောင်းပြောကြားခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး အပါအဝင်  မြန်မာနိုင်ငံတွင်း တည်ငြိမ်အေးချမ်းရေးအတွက် နယ်ပယ်ပေါင်းစုံနှင့် လက်တွဲ အလုပ်လုပ်ရန် အဆင်သင့်ဖြစ်နေတယ်လို့ဆိုပါတယ်။


ထို့နောက်ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်မည်ဖြစ်သော မြန်မာ့အရေး ဆိုင်ရာ အလုပ်ကော်မတီတစ်ခုကို ဖွဲ့စည်းမယ်လို့ကြေညာပါတယ်။


အလုပ်ကော်မတီတွင် ထိုင်းလုံခြုံရေးဌာနမှ အတွင်းရေးမှူးက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အတူ ပူးတွဲတာဝန်ယူမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ထိုင်းလုံခြုံရေးဌာန အတွင်းရေးမှူးက ပံ့ပိုးကူညီမယ်လို့သိရပါတယ်။


========================


📌📌 ၄။ ချက်နိူင်ငံ ပရာဟာမှာကျင်းပမယ့် တော်လှန်သင်္ကြန်သို့ လာရောက်ရန် NUGချက်နိူင်ငံကိုယ်စားလှယ်ဖိတ်ခေါ်


ဧပြီ၉ရက်


ချက်နိူင်ငံ ပရာဟာမှာကျင်းပမယ့်တော်လှန်သင်္ကြန်သို့ လာရောက်ရန် NUGချက်နိူင်ငံကိုယ်စားလှယ် ဦးလင်းသန့်က ၎င်း၏ဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေး ဖိတ်ခေါ်ထားပါတယ်။


"ရပ်ဝေးရပ်နီးက ချစ်မိတ်ဆွေ ညီအကိုမောင်နှမတို့ရေ ပရာဟာ တော်လှန်သင်္ကြန်ကို လာရောက်ကြပါ။စစ်ဘေးရှောင်တွေအတွက် အစားအသောက် စျေးရောင်းပွဲနဲ့ ဂီတ ဖျော်ဖြေပွဲတွေလည်းပါ၀င်မှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ 


မြန်မာနှစ်သစ်ကူးပွဲတော် တော်လှန်သင်္ကြန်ကိုချက်နိူင်ငံပရာဟာ မှာဧပြီ၁၃ရက် မွန်းလွဲ၁၂နာရီ ၃၀အချိန်မှ စတင်မှာဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်အုပ်စုက သေဒဏ်ချမှတ်ထားသူ စုစုပေါင်း (၁၆၆) ဦး ရှိလာ


ဧပြီ၉ရက်


အကြမ်းဖက်စစ်အုပ်စုက သေဒဏ်ချမှတ်ထားသူ စုစုပေါင်း (၁၆၆) ဦး ရှိလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကအသိပေးဖော်ပြပါတယ်။


ဧပြီလ ရက်၊ ၂၀၂၄ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၃) ဦး ရှိပြီဖြစ်ပါတယ်။


 မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရပါတယ်။


ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၆) ဦး ရှိပြီဖြစ်တယ်လို့သိရပါတယ်။


ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆၄၉၀) ဦးရှိပြီး ထိုအထဲမှ (၂၀၃၁၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၉၀၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ လွယ်ဂျယ်မြို့တွင် အောင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ဝန်ထမ်းများထွက်ခွာသွား KIA အပြီးပိုင် ထိန်းချုပ်ပြီလို့သတင်းတွေထုတ်ပြန်


ဧပြီ ၉ရက်။


လွယ်ဂျယ်မြို့တွင်ရှိသည့် စစ်တပ်နှင့် ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့ညက တရုတ်ပြည်ဘက်သို့ ထွက်ပြေးသွားသည့်အတွက် လွယ်ဂျယ်မြို့ကို KIA က အပြီးပိုင် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဧပြီလ၉ရက်နေ့မှာ  Kachinwaves သတင်းမီဒီမှထုတ်ပြန်ထားပါတယ်။


လွယ်ဂျယ်စစ်တပ် ခလရ - ၁၄၂ နှင့် ရဲစခန်းမှ လူ ၆၀ ကျော်သည် ကား စီးနှင့် တရားမဝင်လမ်းမှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ထွက်ခွာသွားခြင်းဖြစ်သည်ဟု လွယ်ဂျယ်သတင်းရင်းမြစ်ထံမှတစ်ဆင့် သိရကြောင်းဖေါ်ပြထားပါတယ်။


လွယ်ဂျယ်က မနေ့က ၁၀ နာရီကနေ စကစ တွေတရုတ်ပြည်ဘက်ကို အကုန်ထွက်သွားပြီတဲ့။ စကစတွေရော၊ ရဲတွေရော၊ ကလေးတွေပါ ပါတယ်တဲ့။


ခလရ - ၁၄၂ စစ်တပ်ကို ယနေ့နံနက်တွင် ရှင်းလင်းရေးလုပ်ဆောင်ပြီးဖြစ်ကြောင်းနှင့် ယခုလက်ရှိ KIA ပူးပေါင်းတပ်ဖွဲ့တို့ အထိုင်ချထားပြီဖြစ်ကြောင်း ဆိုသည်။


မြစ်ကြီးနား - ဗန်းမော်လမ်းကြောတစ်လျှောက် ထိုးစစ်ဆင်တိုက်ခိုက်လာသည့် KIA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့သည် ဧပြီလ ရက်နေ့တွင် လွယ်ဂျယ်မြို့တွင်းသို့ စတင်ဝင်ရောက်ပြီး ရဲစခန်းနှင့် အုပ်ချုပ်ရေးရုံးတို့ကို ထိန်းချုပ်နိုင်ခဲ့သည်။  ရက်ကြာပြီးနောက် ယနေ့ဧပြီ ရက်နေ့တွင် ရဲစခန်းနှင့် စစ်တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့ကိုစွန့်ခွာသွားသည့်အတွက် လွယ်ဂျယ်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီလို့ ဖေါ်ပြထားပါတယ်။


========================


🚩🚩 ၂။ ပလမြို့၊ ဇာဒီရပ်၊ ဝါးကျောင်းအနီး လှုပ်ရှားလာသည့် အင်အား(၂၈)ဦးပါ အကြမ်းဖက် ဖက်ဆစ်စစ်ကြောင်းအား ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ လက်ဦးမှုယူကာ ပစ်ခတ်ခဲ့


ဧပြီ၉ရက်


ပလမြို့၊ ဇာဒီရပ်၊ ဝါးကျောင်းအနီး လှုပ်ရှားလာသည့် အင်အား(၂၈)ဦးပါ အကြမ်းဖက် ဖက်ဆစ်စစ်ကြောင်းအား ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ လက်ဦးမှုယူကာ ပစ်ခတ်ခဲ့ပါတယ်။


 ဧပြီလ()ရက်၊ နံနက်()နာရီဝန်းကျင်တွင် ပလမြို့၊ ဇာဒီရပ်၊ ဝါးကျောင်းအနီး လှုပ်ရှားလာသည့် အင်အား(၂၈)ဦးပါ အကြမ်းဖက် ဖက်ဆစ်စစ်ကြောင်းအားကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ လက်ဦးမှုယူကာ ပစ်ခတ်ခဲ့တယ်လို့အတည်ပြုပါတယ်။


 (၄၅)မိနစ်ကြာ အပြင်းအထန် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ရန်သူ့တပ်များသည် လက်နက်ကြီးပစ်ကူအမြောက်အမြား အသုံးပြုကာ ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။


အဆိုပါ ထိတွေ့ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ (၁၀)ဦးခန့်ထိခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အသေးစိတ်ကို အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်တယ်လို့မြိတ်ခရိုင်အမှတ်()တပ်ရင်းမှကအသိပေးဖော်ပြပါတယ်။


 ရန်သူ့ဘက်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိမိတို့ မြိတ်ခရိုင်အမှတ်()တပ်ရင်းမှ ရဲဘော်()ဦးနှင့် အရပ်သား ()ဦး ဒဏ်ရာရှိခဲ့ပြီး ()ဦးစလုံး စိုးရိမ်ရသည့်အနေအထားတွင် ရှိတယ်လို့သိရပါတယ်။


========================


🚩🚩 ၃။ ခလယ်လွီထူခရိုင်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များ ကြောင့် နေအိမ် () လုံး နှင့် နွားတင်းကုတ် () လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူလူထု () ဦးဒဏ်ရာရရှိ ခဲ့ရကာ () ဦးသေဆုံးခဲ့


ဧပြီလ () ရက်


ဧပြီ၉ရက်မှာ စကစတပ်၏ လုပ်ရပ်များကို ကေအဲန်ယူဗဟိုက အခုလိုသတင်းထုတ်ပြန်ထားပါတယ်။


ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို မြို့နယ်နှင့် ဆောထိမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ် ခြင်းကြောင့် နေအိမ် () လုံး နှင့် နွားတင်ကုတ် () လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူလူထု () ဦးသေဆုံးခဲ့ရသည့်အပြင် စစ်ကောင်စီတပ်များထောင်ထားသော မိုင်းကြောင့် ပြည်သူ () ဦးအပြင်အထန်ထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ဖော်ပြပါတယ်။


ကေအဲန်ယူလယ်ဒိုမြိုနယ်အုပ်ချုပ်နယ်မြေအတွင်း ၂၀၂၄ ခုနှစ် ဧပြီလ () ရက် မနက် (၉း၂၀) အချိန်တွင် ကုန်းကျောင်းဝရှိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတ် ခလရ၃၀၇ တပ်ရင်းမှ ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီး () လုံးအား ကေလာသသို့ ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။


၂၀၂၄ ခုနှစ် ဧပြီလ () ရက်နေ့ () နာရီအချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီး () လုံးအား ပစ်ခတ်ခဲ့ရာ ဘုရားကြီးကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ရာ နော်ဆိဆိ (၃၅) နှစ် မှာ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရပြီး ဖီးနော်ဒွဲ၏ နေအိမ်မှာလည်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့ရပါတယ်။


၂၀၂၄ ခုနှစ် ဧပြီလ () ရက်နေ့ နံနက် () နာရီအချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီး () လုံးအား ပစ်ခတ်ခဲ့ရာ ပဒဲကောကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ဦးသောင်းရွှေ၏ နေအိမ် လက်နက်ကြီးထိမှန်ပျက်စီးခဲ့ရပြီး ဧပြီလ () ရက် မနက် (၈း၄၂) မိနစ် အချိန်၌ ကုန်းကျောင်းဝရှိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များ သည် ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီး () လုံးအား ကေလာသအရှေဘက်သို့ ပစ်ခတ်ခဲ့ပါတယ်။


ကေအဲန်ယူဆောထိမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း ၂၀၂၄ ခုနှစ် ဧပြီလ () ရက်နေ့ နေ့လည် (၁၂း၃၀) အချိန်၌ ညောင်လေးပင်မြို့နယ် အင်းဝိုင်းကျေးရွာ ရေကြည်ချောင်းတံတားရှိ စစ်ကောင်စီဂိတ်မှ ၈၁ မမ လက်နက်ကြီးများကို () ကြိမ် ပစ်ခတ်ခဲ့ရာ ညောင်လေးပင်မြို့နယ် အင်းပလွဲကျေးရွာ နှင့် ရွှေကျင် မြို့နယ် သက္ကယ်ကုန်းကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး သက္ကယ်ကုန်းကျေးရွာရှိ ဦးတင်ရွှေ+ဒေါ်ခင်ရီ နွားတင်းကုတ်နှင့် ဦးသောင်းစိန်+ဒေါ်ခင်စန်းတို့၏ နေအိမ်ပေါ်သို့ကျရောက်ပေါက်ကွဲခဲ့ပါတယ်။


၂၀၂၄ ခုနှစ် ဧပြီလ () ရက် မနက် () နာရီအချိန်တွင် ကွင်းဒလလေး ဘုန်းကြီးကျောင်းရှေ့လမ်းပေါ်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ ထောင်းထားခဲ့သော မြေမြှုပ်မိုင်းအား ကျွန်စုရွာသား ဦးကျော်မိုး (၄၃) နှစ်မှာ နင်းမိပြီးပေါက်ကွဲခဲ့သောကြောင့် ညာဘာက်ခြေထောကပျက်ကာ ဘယ်ဘက် လက်ကောက်ဝတ်တွင်ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


========================


🚩🚩 ၄။ မြင်းခြံမြို့နယ်ရသာရွာက နေအိမ်နှစ်ရာကျော်ကိုစကစတပ်များမီးရှို့ဖျက်ဆီးပြီး အရပ်သားလေးဦးကိုသတ်ဖြတ်


ဧပြီ၉ရက်


မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ရသာရွာက နေအိမ်နှစ်ရာကျော်ကိုစကစတပ်များမီးရှို့ဖျက်ဆီးပြီး အရပ်သားလေးဦးကိုသတ်ဖြတ်ခဲ့တယ်လို့ဧပြီ၉ရက်မှာ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကအသိပေးဖော်ပြပါတယ်။


"ဧပြီ၈ရက်နေ့၊နံနက်ပိုင်းစကစတပ်နဲ့ပျူတွေဟာ ရွာတွေပစ်ခတ်ဝင်စီး မီးရှို့ခဲ့ပြီးထွက်‌ပြေးတိမ်း‌ေရှာင်သူများမှ သားအဖ၂ဦး ပစ်သတ်ခဲ့တယ်"လို့ဆိုပါတယ်။


သားဖြစ်သူက မြို့ပေါ်ကိုရီးယားသင်တန်းတက်နေရာမှ ဖျား၍ ၇ရက်နေ့ကမှ ရွာပြန်ခေါ်လာတာလို့ သိရပါတယ်။


ရသာရွာမှ ထွက်ပြေးတိမ်းရှောင်သူတစ်ဦးကို ပစ်သတ်ခဲ့ပြီးစကစတပ်များဟာနေအိမ်၂၅၀ကျော် မီးရှို့ခဲ့ပါတယ်။ယ


တောပုရွာ မှာ နေအိမ်၃ပုံ၂ခန့် မီးရှို့ခဲ့ပြီးစကစနဲ့၊ပျူဝင်တာလာတာမသိဘဲ အိပ်ပျော်နေသူတစ်ဦးကိုလည်း ပစ်သတ်ခဲ့ပါတယ်။


========================


🚩🚩 ၅။ ကျိုက်ထိုမြို့နယ် KNU တပ်မဟာ နယ်မြေ တပ်ရင်း ()အတွင်း အင်အား ၅၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက် 


ဧပြီ ၉ရက်


မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် KNU တပ်မဟာ နယ်မြေ တပ်ရင်း ()အတွင်းရှိ မရမ်းချောင် စစ်ဆေးရေးဂိတ်အနီး ကွာရီရွာသို့  ဧပြီ ရက်က အင်အား ၅၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို  တော်လှန်ရေးပူးပေါင်းတပ်တွေက M79ဗုံးသီး လုံးနဲ့ ပစ်ခတ်ပြီးလက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Black Eagle Forces(Thongwa PDF)မှ သိရပါ တယ်။


တိုက်ခိုက်ခံရတဲ့ စစ်သားတွေ ထိခိုက်မှုများခဲ့ပြီး လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ့ရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။ အထက်ပါတိုက်ခိုက်မှုကို Black Eagle Forces(Thongwa PDF) နှင့် သေမင်းတမန် (Local PDF) နှစ်ဖွဲ့က ပူးပေါင်း စစ်ဆင်ရေးပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment