9th APR 2024 - Morning Daily News by Radio NUG

၂၀၂၄ ဧပြီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီး  ဆုံးဖြတ်ချက်ကို အတည်ပြုပြဌာန်း

📌 ၂။ Spring Development Bank (SDB) မှတဆင့်အခွန်ဆောင်လို့ရပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်တွင်းအခွန်ကြေညာ

📌 ၃။ မြန်မာအရေးကြားဝင်ဆောင်ရွက်ဖို့ ထိုင်းဝန်ကြီးချုပ် ထုတ်ဖော်ပြောကြား

📌 ၄။ နွေဦးတော်လှန်ရေးအတွက်ဘဏ္ဍာငွေအဓိကစီးဆင်းတဲ့ EOD လက်ကျန်များအသိပေး

📌 ၅။ ခလယ်လွီထူခရိုင် တပ်မဟာ ()တွင် ဖွင့်လှစ်သစ်ကြားလျက်ရှိနေသော Klerlweehtu Junior College () ကြိမ်မြောက် ကျောင်းဆင်းပွဲအခမ်းအနားကျင်းပ

📌 ၆။ အမေရိကန်နိုင်ငံ ဆန်ဖရန်ဗေးဧရိယာမြန်မာမိသားစုက ကျင်းပတဲ့ ၂၈ ကြိမ်မြောက် နွေဦးလက်ဖက်ရည်ဝိုင်းကနေ အမေရိကန်ဒေါ်လာ၁၇၀၀၀ ကျော်ရရှိ

📌 ၇။ (Chevron) ရေနံကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာ

📌 ၈။ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်တွင်း၌ နိုင်ငံရေးအကျဉ်းသား သေဆုံးမှုနှုန်း မြင့်တက်လာတယ်လို့ AAPPထုတ်ပြန်


၂၀၂၄ ခုနှစ် ဧပြီလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပြင်ဦးလွင်စစ်တက္ကသိုလ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

🚩 ၂။ ခန္တီးခရိုင်အတွင်းရှိ ပျုစောထီး () ရွာမှပျူစောထီးအင်အား တစ်ရာကျော်လက်နက်ချ အညံ့ခံ

🚩 ၃။ မြိုင် ပကဖမှ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် ဝက်ပုတ်ပျူကျေးရွာသို့ အီနာဂါဗုံးသီး အကြီးစားများဖြင့်ပစ်ချတိုက်ခိုက်ရာ စကစဘက်ကတဦးသေ၊ ငါးဦးထိခိုက်ဒဏ်ရာရ

🚩 ၄။ မွန်ပြည်သစ်ပါတီ AD ဒုစစ်ဦးစီးချုပ် ဂျိုင်းစစ်မြေပြင်သွားရောက်

🚩 ၅။ ဆီဆိုင်မြို့နယ် တွေပူးကျေးရွာကို စကစတပ်များ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ၁၀ တန်းကျောင်းသူတဦးသေဆုံး၊ ၂ဦးထိခိုက်ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီး  ဆုံးဖြတ်ချက်ကို အတည်ပြုပြဌာန်း


ဧပြီလ ၈ရက်။

လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီး  ဆုံးဖြတ်ချက်ကို အတည်ပြုပြဌာန်းလိုက်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဧပြီလာ ၈ရက်မှာ သတင်းစကားပါးဆိုပါတယ်။


"လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီး  ဆုံးဖြတ်ချက်  (A/HRC/55/L.17) ကို ၂၀၂၄ ခုနှစ် ဧပြီလ ရက်မှာ အတည်ပြုပြဌာန်းလိုက်ပါတယ်။ ဥရောပသမဂ္ဂက ဦးဆောင်တင်သွင်းခဲ့တဲ့ အခုဆုံးဖြတ်ချက်ဟာ အရင်နှစ်ကထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ကို ပြန်လည်ကိုးကားမွမ်းမံထားတဲ့ ဆုံးဖြတ်ချက်လို့ပြောနိုင်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ မြေပြင်အခြေအနေတွေကို ပိုမိုထင်ဟပ်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ ဆိုးသထက်ဆိုးရွားလာတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အမြင့်ဆုံးရှုတ်ချထားပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဆုံးဖြတ်ချက်မှာပါဝင်တဲ့ အပြုသဘောဆောင်တဲ့ အချက်များမှာ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေအပေါ် မြင်မြင်ရာအားလုံး တိုက်ခိုက်မှုရဲ့ ဥပမာတစ်ခုဖြစ်တဲ့ - စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေကို အပြင်းထန်ဆုံး စကားလုံးများနဲ့ ရှုတ်ချထားတယ်လို့သိရပါတယ်။


ပြည်ပရောက် မြန်မာနိုင်ငံသားတွေအပေါ် ပစ်မှတ်ထားပြီး စစ်တပ်က နိုင်ငံကူးလက်မှတ်တွေကို ပယ်ဖျက်တာ၊ ထောက်လှမ်း ခြိမ်းခြောက်တာတွေကို စိုးရိမ်မကင်းဖြစ်ကြောင်း ဖော်ပြထားပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိရဲ့ တာဝန်သက်တမ်းကို ထပ်မံ တိုးချဲ့ပေးခဲ့ပါတယ်။


ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၁ ခုနှစ် ဇွန်လ () ရက်က ချမှတ်ခဲ့တဲ့ ရိုဟင်ဂျာပေါ်လစီ အထူးသဖြင့် ၁၉၈၂ နိုင်ငံသားဥပဒေကို ဥပေဒသစ်နဲ့ အစားထိုးရန်ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး ရိုဟင်ဂျာများအပါအဝင် လူနည်းစုများအပေါ် ခွဲခြားဆက်ဆံမှုများပပျောက်ဖို့ မူဘောင်များပြုပြင်ပြောင်းလဲနိုင်ဖို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် ကြိုဆိုခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရဟု ရည်ညွှန်းသုံးစွဲချက်အသစ်ကို စာပိုဒ်အမှတ် PP40 တွင် ထည့်သွင်းလာတယ်လို့သိရပါတယ်။


========================


📌📌 ၂။ Spring Development Bank (SDB) မှတဆင့်အခွန်ဆောင်လို့ရပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်တွင်းအခွန်ကြေညာ


ဧပြီလ ၈ရက်။


Spring Development Bank (SDB) မှတဆင့်အခွန်ဆောင်လို့ရပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်တွင်းအခွန်မှ ဧပြီလ ၈ရက်မှာ ကြေညာလိုက်ပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရသို့ အခွန်ထမ်းဆောင်ရန်အတွက် ပထမဆုံးအဆင့်အနေနှင့်   ပုံစံ (က-၀၀၁)ကို ဖြည့်သွင်းရမှာဖြစ်ပါတယ်။ ပုံစံ (က-၀၀၁)ကို ဖြည့်သွင်းပြီးလျှင် အခွန်ထမ်းဆောင်ရန် လိုအပ်သော အသေးစိတ်အချက်အလက်များ ပါဝင်သည့် Email တစ်စောင်ရရှိမှာဖြစ်တယ်"လို့ဖော်ပြပါတယ်။


ငွေပေးချေမှုအတွက်ကို Email တွင် ပေးထားသောနည်းလမ်းသုံးခုအနက် အဆင်ပြေတဲ့နည်းလမ်းတစ်ခုကိုအသုံးပြုလို့ရရှိနိူင်ကြောင်းသိရပါတယ်။


Email တွင်ပေးထားသော NUG ၏နိုင်ငံခြားဘဏ်သို့ ကိုယ်တိုင်ဖြစ်စေ၊ အခြားယုံကြည်ရသူမှတဆင့်ဖြစ်စေ ငွေလွှဲခြင်း (သို့မဟုတ်)Email တွင်ပေးထားသော NUGPay QR code သို့ NUGPay ဖြင့်ငွေလွှဲခြင်း (သို့မဟုတ်) Email တွင်ပေးထားသော SDB QR code သို့ SDB မှတဆင့် ငွေလွှဲခြင်းတို့ကိုဆောင်ရွက်နိုင်တယ်လို့သိရပါတယ်။


========================


📌📌 ၃။ မြန်မာအရေးကြားဝင်ဆောင်ရွက်ဖို့ ထိုင်းဝန်ကြီးချုပ် ထုတ်ဖော်ပြောကြား


ဧပြီလ ၈ရက်။

မြန်မာအရေးကြားဝင်ဆောင်ရွက်ဖို့ ထိုင်းဝန်ကြီးချုပ်ဆရက်သာ သာဗီဆင်ကပြောကြားပါတယ်။


ဧပြီလအတွင်းမှာ ထိုင်းဝန်ကြီးချုပ်ပြောကြားချက်ကို ရိုက်တာသတင်းဌာနကဖော်ပြပါတယ်။


ထိုင်းဝန်ကြီးချုပ်ရဲ့ပြောစကားအရ စကစဟာအင်အားယုတ်လျော့လာပြီဖြစ်တယ်လို့ မှတ်ချက်ပြုဆိုပါတယ်။


ဒါ့အပြင် လက်ရှိအချိန်ဟာ ဆွေးနွေးဖို့ အသင့်တော်ဆုံးဖြစ်တဲ့အပြင် ထိုင်းအစိုးရအနေနဲ့လည်းတွေ့ဆုံသူတချို့ရှိနေတယ်လို့ အသိပေးပြောကြားခဲ့ပါတယ်။


မြန်မာနိုင်ငံဟာ ငြိမ်းချမ်းသာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့ ဝန်ကြီးချုပ်က ထပ်လောင်းမှတ်ချက်ပြုဆိုပါသေးတယ်။


========================


📌📌 ၄။ နွေဦးတော်လှန်ရေးအတွက်ဘဏ္ဍာငွေအဓိကစီးဆင်းတဲ့ EOD လက်ကျန်များအသိပေး


ဧပြီလ ၈ရက်။

နွေဦးတော်လှန်ရေးအတွက်ဘဏ္ဍာငွေအဓိကစီးဆင်းတဲ့ EOD လက်ကျန်များကို ဧပြီလ ၈ရက်နေ့မှာ End of Dictatorship ကတရားဝင်အသိပေးဖော်ပြပါတယ်။

"EOD အနေနဲ့ အာဏာရှင်စနစ် အဆုံးသတ်ဖို့အတွက် အကြမ်းဖက် စစ်ခေါင်းဆောင်တွေ မတရားသဖြင့် ရယူ သိမ်းပိုက်ထားတဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှု အိမ် ခြံ မြေတွေကို ရှယ်ယာ အစုတွေ အဖြစ်နဲ့ ရောင်းချပေးနေတဲ့အပြင် အကြမ်းဖက်စစ်တပ်က သိမ်းယူထားသည့် မြေနေရာတွေမှာလည်း လူနေတိုက်ခန်းများ ဆောက်လုပ် ရောင်းချပေးနေတာ အားလုံး သိပြီး ဖြစ်ပါလိမ့်မယ်။ အဲဒီမြေကွက်၊ ကွန်ဒို၊ တိုက်ခန်းနှင့် ရှယ်ယာ လက်ကျန်တွေကို ပုံမှာ ကြည့်နိုင်ပါတယ်။ အာဏာရှင်စနစ် အမိမြန်မာပြည်ကနေ အပြီးတိုင် ပျောက်ကွယ်သွားဖို့ စစ်ကောင်စီက မတရားသဖြင့် ပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်မှုတွေကို ဝယ်ယူခြင်း - တနည်းအားဖြင့် လက်ကျန်လေးတွေ ရှင်းပေးခြင်းနဲ့ တော်လှန်ရေးကို တတပ်တအား ဆက်လက် ပါဝင်ကူညီဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်"လို့ဖော်ပြပါတယ်။


EODအရောင်းလက်ကျန်များမှာ Inya View EODရှယ်ယာများ၊ နွေဦးစံရိပ်မွန်အိမ်ရာ၊ နွေဦးအင်းလျားကွန်ဒို၊ Spring Investment မြေကွက်များအသေးစိတ်အချက်အလက်တို့ကို end of dictatorshipမှာ ဖော်ပြအသိပေးထားပါတယ်။


========================


📌📌 ၅။ ခလယ်လွီထူခရိုင် တပ်မဟာ ()တွင် ဖွင့်လှစ်သစ်ကြားလျက်ရှိနေသော Klerlweehtu Junior College () ကြိမ်မြောက် ကျောင်းဆင်းပွဲအခမ်းအနားကျင်းပ


ဧပြီလ () ရက်

ခလယ်လွီထူခရိုင် တပ်မဟာ () တွင် ဖွင့်လှစ်သစ်ကြားလျက်ရှိနေသော Klerlweehtu Junior College () ကြိမ်မြောက် ကျောင်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ပါတယ်။


ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ () တွင် ဖွင့်လှစ်သစ်ကြားလျက်ရှိနေသော Klerlweehtu Junior College () ကြိမ်မြောက် ကျောင်းဆင်းပွဲအခမ်းအနားကို ဧပြီလ () ရက် ခလယ်လွီထူခရိုင်အတွင်း ကျင်းပခဲ့တယ်လို့ KNUဗဟိုထံကသတင်းရရှိပါတယ်။


ကျောင်းသား ကျောင်းသူပေါင်း (၅၆) ဦးခန့်မှာ စာသင်နှစ် ပြီးဆုံးသည်အထိ တက်ရောက် ပညာသင်ကြား နိုင်ခဲ့ပြီး ကျောင်းဆင်းပွဲအခမ်းအနားသို့ ကျောင်းကော်မတီဝင်များ ဆရာ ဆရာမများ ကျောင်းသူ ကျောင်းသားများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြပါတယ်။


Klerlweehtu Junior College ကို ၂၀၁၄ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး အပတ်စဉ် () မှအပတ်စဉ် () အထိ ကျောင်းသား ကျောင်းသူပေါင်း (၂၅၆) ဦးခန့်ကို အောင်မြင်စွာ ပညာသင်ကြားပေးနိုင်ခဲ့ပြီး Klerlweehtu Junior College မှ ကျောင်းပြီးဆုံးပြီးသည့် ကျောင်းသားကျောင်းသူ အများစုမှာ ကေအဲန်ယူကရင် အမျိုးသားအစည်းအရုံး နှင့် ကရင်လူမျိုးများကို အကျိုးပြုနိုင်သော လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင် ပေးလျက်ရှိပါတယ်။


========================


📌📌 ၆။ အမေရိကန်နိုင်ငံ ဆန်ဖရန်ဗေးဧရိယာမြန်မာမိသားစုက ကျင်းပတဲ့ ၂၈ ကြိမ်မြောက် နွေဦးလက်ဖက်ရည်ဝိုင်းကနေ အမေရိကန်ဒေါ်လာ၁၇၀၀၀ ကျော်ရရှိ


ဧပြီ ၈ရက်။

အမေရိကန်နိုင်ငံ ဆန်ဖရန်ဗေးဧရိယာမြန်မာမိသားစုက ကျင်းပတဲ့ ၂၈ ကြိမ်မြောက် နွေဦးလက်ဖက်ရည်ဝိုင်းကနေ အမေရိကန်ဒေါ်လာ၁၇၀၀၀ ကျော်ရရှိခဲ့ပါတယ်။


ဧပြီ ၈ရက်မှာ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုမှတာဝန်ခံတဦးက Radio NUGကို ယခုလိုပြောကြားခဲ့ပါတယ်။


"လက်တွေ့မြေပြင်မှာ ပြည်သူ့အသက်တွေကို ကာကွယ်စောက့်ရှောက်နေသူ တဖွဲ့ချင်းစီအရောက် လှူဒါန်းနေပါတယ်။ ဒီနွေဦးတော်လှန်ရေးဟာ လူထုအားလုံးရောက်ရာနေရာ ကျရာတာဝန်ထမ်းဆောင်နေကြတာဖြစ်တဲ့အတွက် တော်လှန်ရေးမှာ ပါဝင်ပတ်သက်သူအားလုံး တာဝန်သိသိတော်လှန်ရေးသစ္စာရှိရှိနဲ့ စည်းလုံးညီညွတ်အောင် အဆက်မပြတ်ဆောင်ရွက်လုပ်ဆောင်သွားကြရန်လိုအပ်ပါတယ်လို့ "လို့၄င်းကပြောပါတယ်။


၂၈ ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှရောင်းရငွေ အလှူငွေလက်ခံရရှိမှု စုစုပေါင်းအမေရိကန် ဒေါ်လာ၁၇၄၁၃ဒေါ်လာရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။


ချက်ပြုတ်လှုဒါန်းပေးသောအလှူရှင်များ၊ ငွေသားအလှုရှင်များ၊ ဝယ်သူအားပေးသော မိတ်ဆွေများ၊ဝိုင်းဝန်းကူညီသောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ရှိတယ်လို့ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုက သတင်းထုတ်ပြန်ကြေညာပါတယ်။


နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုဟာ နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် လစဥ်အစားအစာများ ချက်ပြုတ်ရောင်းချ၍ တော်လှန်ရေးကို ဝိုင်းဝန်းနေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။


========================


📌📌 ၇။ (Chevron) ရေနံကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာ


ဧပြီလ ၈ရက်။

မြန်မာနိုင်ငံ တောင်ပိုင်း မုတ္တမကမ်းလွန် ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းကနေ ချက်ဗရွန် (Chevron) ရေနံကုမ္ပဏီ ထွက်ခွာသွားပြီးနောက် ကျန်ရှိတဲ့ အစုရှယ်ယာတွေကို ထိုင်းနိုင်ငံ အစိုးရပိုင် PTTEP-PTT ကုမ္ပဏီနဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့ကို ပြန်လည်ခွဲဝေရောင်းချခဲ့တယ်လို့ Justice For Myanmar (JFM) က ဒီနေ့ ဧပြီ ရက်မှာ ထုတ်ပြန်ထားပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှာ ချက်ဗရွန်ကုမ္ပဏီက မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ တရားဝင်ထုတ်ပြန်ပြီး နှစ်အကြာမှာ အပြီးပိုင်ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

ရတနာဓာတ်ငွေ့စီမံကိန်းဟာ စစ်ကောင်စီအတွက် ကြီးမားတဲ့ ဝင်ငွေရလမ်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီအတွက် အထောက်အပံ့တစ်ခုလည်း ဖြစ်နေပါတယ်။

ချက်ဗရွန်က ရှယ်ယာတွေကို PTTEP နဲ့ MOGE တို့ထံ ရောင်းချလွှဲပြောင်းပေးခဲ့တာဟာ အဲ့ဒီကနေ ရရှိလာမယ့် အမြတ်အစွန်းတွေကနေတဆင့် စစ်ကောင်စီကို အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်ကျူးလွန်ဖို့ ဆက်လက်ခွင့်ပြုပေးလိုက်သလို ဖြစ်နေတယ်လို့ Justice for Myanmarကဖော်ပြထားပါတယ်။


========================


📌📌 ၈။ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်တွင်း၌ နိုင်ငံရေးအကျဉ်းသား သေဆုံးမှုနှုန်း မြင့်တက်လာတယ်လို့ AAPPထုတ်ပြန်


ဧပြီလ ၈ရက်။

တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်တွင်း၌ နိုင်ငံရေးအကျဉ်းသား သေဆုံးမှုနှုန်း မြင့်တက်လာတယ်လို့ AAPPကထုတ်ပြန်လိုက်ပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်တွင်း၌ နိုင်ငံရေးအကျဉ်းသား သေဆုံးမှုနှုန်း မြင့်တက်လာပြီး အေအေပီပီမှ ကောက်ယူထားသော အချက်အလက်များအရ နိုင်ငံရေးအကျဉ်းသူ () ဦး နှင့် နိုင်ငံရေးအကျဉ်းသား () ဦး စုစုပေါင်း (၁၀) ဦး သေဆုံးခဲ့ပြီး အများစုမှာ လုံလောက်သော ဆေးကုသခွင့် မရရှိသောကြောင့် သေဆုံးခဲ့ကြရတယ်လို့ဖော်ပြပါတယ်။


အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၈၆၄) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


စကစဟာ အကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဥ်းသားများကို သတ်ဖြတ်မှုများကျူးလွန်ရုံသာမက ပြင်ပသို့ထုတ်၍လည်း တရားမဲ့သတ်ဖြတ်မှုများကျူးလွန်လာလျက်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ပြင်ဦးလွင်စစ်တက္ကသိုလ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ


ဧပြီလ ရက်။

Radio NUG


ပြင်ဦးလွင်မြို့နယ်မှာ ရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်တက္ကသိုလ် (DSA) ကို မန္တလေးတိုင်း (ပကဖ) က ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ NUG, ကာကွယ်ရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။


ဧပြီလ ရက်နေ့ မနက်အစောပိုင်း အချိန်မှာ စစ်တက္ကသိုလ် (DSA) ကို  ၁၀၇ မမ ရှော့တိုက်ဒုံး () လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်သားများ နေထိုင်ရာ အဆောင် () အနီးကို ရှော့တိုက်ဒုံး လေးလုံး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။


အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှ ပြင်ဦးလွင်မြို့ အဝင်အထွက် နေရာတွေမှာ စစ်ကောင်စီ တပ်က စစ်ဆေးမှုတွေ တင်းကျပ်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပြပါတယ်။


စစ်တက္ကသိုလ် တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုလာတာ မရှိသေး ပါဘူး။


ပြင်ဦးလွင်မြို့ရဲ့ အနီးတစ်ဝိုက်မှာ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အပြင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့တွေလည်း လှုပ်ရှားနေကြတာရှိပြီး စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာတွေလည်း ရှိပါတယ်။


 ပြီးခဲ့တဲ့ ဧပြီလ ရက်နေ့ကလည်း စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်က စစ်ရုံးချုပ် (ကက-ကြည်း) နဲ့ အေလာလေတပ် နေရာတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းတွေအသုံးပြုကာ တိုက်ခိုက်ခဲ့ပါသေးတယ်။


========================


🚩🚩 ၂။ ခန္တီးခရိုင်အတွင်းရှိ ပျုစောထီး () ရွာမှပျူစောထီးအင်အား တစ်ရာကျော်လက်နက်ချ အညံ့ခံ


ဧပြီလ () ရက်

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်အတွင်းရှိ ပျုစောထီး () ရွာမှပျူစောထီးအင်အား တစ်ရာကျော်လက်နက်ချ အညံ့ခံခဲ့တယ်လို့သတင်းရရှိပါတယ်။


ဧပြီ ၈ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာနကတရားဝင်သတင်းထုတ်ပြန်ဖော်ပြပါတယ်။


၂၀၂၄ ခုနှစ်၊ ဧပြီလ () ရက်နေ့၊ နံနက် () နာရီတွင် စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ကျွန်းကုန်း ကျေးရွာအခြေပြု ကျွန်းကုန်းရွာ သောင်သွတ်ရွာ အင်းကြင်းမော်ရွာ မနော်သာရွာမှ ပျူစောထီး အင်အား စုစုပေါင်း (၁၂၀) ခန့် လက်နက်ချ အညံ့ခံခဲ့တယ်လို့ဖော်ပြပါတယ်။


အမှတ် () စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးလှုပ်ရှား တပ်ရင်း (၄၊ ) မော်လိုက်ခရိုင် တပ်ရင်း-၁၊ ခန္တီးခရိုင် တပ်ရင်း-၁၊ ဖောင်းပြင်မြို့နယ် ပကဖ နှင့် ဟုမ္မလင်းမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ () ရက်ကြာ ပိတ်ဆို့တိုက်ခိုက်ထားပြီး (၁၀) ရက်မြောက်နေ့တွင် လော်စပီကာဖြင့် လက်နက်ချ အလင်းဝင်ရန် လှုံ့ဆော်တိုက်တွန်းခဲ့ရာမှ ယခုလို လက်နက်ချ အညံ့ခံခဲ့ခြင်း ဖြစ်တယ်လို့သိရပါတယ်။


ကျွန်းကုန်းတိုက်ပွဲအတွင်း လက်နက်မျိုးစုံ (၁၃၀) လက်အပါအဝင် ခဲယမ်းမီးကျောက်မျိုးစုံ သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။


========================


🚩🚩 ၃။ မြိုင် ပကဖမှ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် ဝက်ပုတ်ပျူကျေးရွာသို့ အီနာဂါဗုံးသီး အကြီးစားများဖြင့်ပစ်ချတိုက်ခိုက်ရာ စကစဘက်ကတဦးသေ၊ ငါးဦးထိခိုက်ဒဏ်ရာရ


ဧပြီလ ၈ရက်။

မြိုင် ပကဖမှ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် ဝက်ပုတ်ပျူကျေးရွာသို့ အီနာဂါဗုံးသီး အကြီးစားများဖြင့် ပစ်ချတိုက်ခိုက်ရာ စကစဘက်ကတဦးသေ၊ ငါးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဧပြီလ ၈ရက်မှာ မြိုင်ပကဖကအတည်ပြုဖော်ပြပါတယ်။


"မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် ဝက်ပုတ်ပျူကျေးရွာသို့ အီနာဂါဗုံးသီး အကြီးစားများဖြင့် ဧပြီ၃ရက်နေ့ ညနေ နာရီအချိန်မှစတင်ပြီး ရက်နေ့အထိ ဖြုတ်ချတိုက်ခိုက်ခဲ့တယ်"လို့အတည်ပြုပါတယ်။


ဖြစ်စဥ်တွင်စကစဘက်က(အကြပ်ကြီးအဆင့်ရှိသူ) သေဆုံးပြီး ရဲ ဦး၊ ပျူ၄ဦး ဒဏ်ရာအသီးသီး ရရှိကြပါတယ်။

တိုက်ခိုက်မှုတွင် မြိုင်ပကဖ ဒရုန်းအဖွဲ့နှင့် ဘာမထီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းပျူကျေးရွာမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အနီးရှိကျေးရွာများမှ ရွာသူရွာသားများ ဘေးလွတ်ရာသို့ တိမ်းရှောင်လျှက်ရှိပါတယ်။


========================


🚩🚩 ၄။ မွန်ပြည်သစ်ပါတီ AD ဒုစစ်ဦးစီးချုပ် ဂျိုင်းစစ်မြေပြင်သွားရောက်


ဧပြီလ ၈ရက်။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး AD က ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော၊  စစ်ဆင်ကြီးကြပ်ရေးအဖွဲ့မှာ ပါဝင်တဲ့ နိုင်သူရဌေးနဲ့ အဖွဲ့ဝင်တွေဟာ ဂျိုင်းမြစ်ဒေသက စစ်ရေးအခြေအနေကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ပါတီက ထုတ်ပြန်ပါတယ်။

ဒါ့အပြင်မွန်ပြည်သစ်ပါတီ AD ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထောက ဦးဆောင်ပြီး စစ်ဘေးရှောင် မီးဘေးသင့် အရပ်သားပြည်သူတွေကို တွေ့ဆုံအားပေးပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေကိုလည်း ခွဲဝေထောက်ပံ့ကူညီပေးခဲ့တယ်လို့လည်း သိရှိရပါတယ်။


မတ် ၂၅ ရက်နေ့က စစ်ကောင်စီရဲ့ ကော့ဘိန်းနယ်မြေရဲစခန်းသိမ်းပိုက်ခံရတဲ့ ဖြစ်စဉ်အပြီး မတ် ၂၇ ရက်‌နေ့မှာ ဓမ္မသရွာကို ကြည်း၊ရေ၊လေ အမြောက်တွေနဲ့ပစ်ခတ်မှုကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ရပြီး အရပ်သားတစ်ချို့ ထိခိုက်သေဆုံးတာတွေရှိခဲ့ပြီးဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။


========================


🚩🚩 ၅။ ဆီဆိုင်မြို့နယ် တွေပူးကျေးရွာကို စကစတပ်များ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ၁၀ တန်းကျောင်းသူတဦးသေဆုံး၊ ၂ဦးထိခိုက်ဒဏ်ရာရ


ဧပြီလ ရက်

ဧပြီလ၈ရက် မနက် ၁၀နာရီ မိနစ်၃၀ အချိန်ခန့်တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာနှင့် လွယ်ပွတ်ကျေးရွာအတွင်းတွင် တပ်စွဲနေသည့် စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်များသည် တွေပူးကျေးရွာအတွင်းသို့ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PNLAကအတည်ပြုပါတယ်။


ထိုသို့ ကျေးရွာအတွင်းသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် တွေးပူကျေးရွာမှ ၁၀ တန်းကျောင်းသူတစ်ဦးဖြစ်သူ နန်းစိန်မြသည် လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးခဲ့ရပါတယ်။


ထို့အပြင် နန်းစိန်မြ၏ သူငယ်ချင်းဖြစ်သည့် အခြားကျောင်းသူ ဦးသည်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment