လမ်းပိတ်ထားတဲ့ ပူတာအိုဒေသမှာ ဆန်ပြတ်လပ်လာပြီး ဆန်ပြုတ်သောက်ရမယ့်အရေး ကြုံလာရ…



 လမ်းပိတ်ထားတဲ့ ပူတာအိုဒေသမှာ ဆန်ပြတ်လပ်လာပြီး ဆန်ပြုတ်သောက်ရမယ့်အရေး ကြုံလာရ…

ကိုမြင့်သူ၊ Radio NUG, April 8th 2024

ပူတာအိုမြိုရဲ့အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြစ်ကြီးနား - ပူတာအိုလမ်းကို စစ်ရေးကြောင့်ပိတ်ထားသည်မှာ တစ်လနီးပါးကြာမြင့်လာပြီးတဲ့နောက် ဆန်မဖူလုံတဲ့ ပူ တာအိုဒေသမှာ ဆန်ပြုတ်သောက်ရတဲ့အထိ ဆန်ပြတ်လပ်လာပါတယ်။ ဒီအခြေနေကို ပူတာအိုဒေသခံတစ်ဦးက အခုလိုပြောပါတယ်။ 

“ ဝယ်ရစားရတာအဆင်မပြေကြဘူး။ အခုတစ်လောအခက်အခဲရှိနေလိုလေ။ ဘာမှ လုပ်လိုလည်းမရ။ ကားလည်းမလာဘူးဆိုတော့ ဝယ်စားတဲ့လူလည်း ဝယ်လိုမရဖြစ် နေတော့လေ။ ဆန်ပြုတ်ရေပဲ စားရတော့မှာ။ နောက်တစ်ပါတ်၊ နှစ်ပါတ် လောက် ဆိုတော့ ” 

ပူတာအိုကခရိုင်မြိုတစ်မြိုဖြစ်ပြီး အဲ့ဒီဒေသမှာ ဆွမ်ပရာဘွမ်၊ မချမ်းဘော့၊ မြန်မာနိုင် ငံအရှေ့မြောက်ပိုင်းက ခေါင်လန်ဖူးနဲ့ ခါကာဘို ရေခဲတောင်တည်ရှိရာ မြောက်ဘက်စွန်း က နောင်မွန်းမြိုနယ်တိုပါဝင်ပါတယ်။ တောင်ကုန်းတောင်တန်းထူထပ်တဲ့အပြင် နှင်းကျ ပြီးရေခဲဖုံးလွှမ်းတတ် တဲ့ အဲ့ဒီဒေသမှာ စုစုပေါင်းစပါးစိုက်ဧကသုံးထောင့်ခု နှစ်ရာကျော် သာရှိပြီး တစ်ဧကပျှမ်းမျှ စပါးအထွက်နှုန်းက တင်း ၄၀သာရှိပါတယ်။ 

ပူတာအို ဒေသမှာ စိုက်ပျိုးရေအခက်အခဲကြောင့် နွေစပါးစိုက်ပျိုးနိုင်တာမရှိပေမယ့် အရည်အသွေး ညံ့တဲ့မျိုး စပါးများနေရာမှာ မျိုးကောင်းမျိုးသန့်များအစားထိုးတာ၊ စပါးအထွက်တိုးမယ့် စိုက်နည်း စနစ်ပြောင်းလဲပေးတာ စတဲ့လုပ်ငန်းတွေကိုဆောင်ရွက်ပြီး ၃နှစ်အတွင်းဆန်ဖူ လုံဖို ရည် ရွယ်ခဲ့ပေမယ့် မအောင်မြင်သေးပဲ လိုအပ်တဲ့ဆန်ကို မှာယူသုံးစွဲနေဆဲရှိနေပါ တယ်။  ဒါ့အ ပြင် စားသုံးဆီ၊ ဟင်းသီး ဟင်းရွက်၊ လူသုံးကုန်နဲ့ စက်သုံးဆီကအစ မြစ်ကြီး နားမြို ကမှာ ယူ အသုံးပြုကြတာဖြစ်ပါတယ်။ 

လမ်းပိတ်ထားတဲ့အတွက် စားသောက်ကုန် တွေတက်မ လာနိုင်သလို ပူတာအိုဒေသဟာ အာဆီယံဒေသအတွင်း တစ်ခုထဲသော ရေခဲ တောင်ရှိရာ ဒေသ ဖြစ်တဲ့အတွက် ပြည်တွင်း၊ ပြည်ပခရီးသွားတွေမလာနိုင်ကြတော့ပဲ ဒေသခံတွေရဲ့ အသက်မွေးလုပ်ငန်းတွေကိုပါ ထိခိုက်လာပါတယ်။ ပူတာအိုဒေသခံရေခဲတောင် လမ်းပြ တစ်ဦးကတော့ ပူတာအိုမြိုရဲ့အခြေအနေကို အခုလိုပြောပါ တယ်။ 

“ ပုံမှန်ကတော့လာနေတုန်းပဲ။ ဒီအချိန်က အများဆုံးပဲ။ သကြန်ဆိုရင် အခုရေခဲ တောင်ရာသီဆိုရင် ရေခဲတောင်အများဆုံးရာသီက ဒီသကြန်ကာလပဲ။ ခါတိုင်းဆို ဒီအချိန် ဆိုပူတာအိုမှာ ဧည့်သည်များတဲ့အချိန်ပေါ့။ အခုက လုံးဝကိုမရှိဘူးလေ။ ဧည့်သည်မရှိပါ ဘူး။ ဒေသခံတွေ ဘယ်မှာဘယ်ရောက်မှန်းမသိဘူး။ လမ်းပေါ်မှာ လူတအားပါးနေပြီ ” 

မြစ်ကြီးနား -  ပူတာအိုလမ်းကတစ်ဆင့်တက်လာမယ့် ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက်သုံးဆီ စတဲ့ လူသုံးကုန်၊ စားကုန်တွေကို ပူတာအိုအပြင် ဆွမ်ပရာဘွမ်၊ မချမ်းဘော့၊ နောင်မွန်းနဲ့ ခေါင်လန်ဖူးစတဲ့ ဒေသတွေကပါမှီခိုနေကြရတာဖြစ်ပါတယ်။ လတ်တလောပူတာအိုမြိုမှာ ဓာတ်ဆီတစ်ပုလင်းကို ကျပ်ရှစ်ထောင်၊ ငွေတိုးဆန်တစ်အိတ်ကို ကျပ်နှစ်သိန်းကျော်၊ ဆား တစ်အိတ်ကို ကျပ်ငါးသောင်းစသဖြင့် ကုန်ဈေးနှုန်းတွေက လေးငါးဆလောက်တက်နေပြီး ဒေသခံတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေးတွေကို ထိခိုက်လာနေပါ တယ်။

Share:

No comments:

Post a Comment