7th APR 2024 - Evening Daily News by Radio NUG

၂၀၂၄ ဧပြီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကာလရှည်စစ်ဘေးရှောင်နေရသူများအတွက် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ရိက္ခာများဝေငှပြီး ရေတွင်းတူးဖို့ ငွေကြေးထောက်ပံ့


၂၀၂၄ ခုနှစ် ဧပြီလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မုဒုံလေဆိပ်သစ်စီမံကိန်းကို ရောက်လာတဲ့ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့အဖွဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ကားတစီးပျက်စီး

🚩 ၂။ ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ်၏ ကပစ (၂၁) စက်ရုံကို ရော့ကတ်များဖြင့်တိုက်ခိုက်မှု ကုန်သိုလှောင်ရုံ () ခု ပျက်စီး  

🚩 ၃။ ပခုက္ကူနယ် ညောင်ပင်လှလမ်းခွဲက စစ်ရေးဆေးဂိတ်နဲ့ ကန်တော်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် စစ်သား () ဦး သေဆုံး 

🚩 ၄။ ကျိုက်ထို မုပ္ပလင်စစ်ဆေးရေးဂိတ် အပါအဝင် နေရာ () ခုမှာ တပ်စွဲနေတဲ့စစ်တပ်ကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက် စစ်သားနဲ့ရဲ () ဦး သေဆုံး

🚩 ၅။ ရွှေဘိုမြို့နယ်မှာ ကျေးရွာလုံခြုံရေးဆိုပြီး ကင်းလှည့်နေတဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့ရာ () ဦးသေဆုံး

🚩 ၆။ ရွှေဘိုနယ် ရှားတောရွာက အရပ်သား ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး နေအိမ် (၄၀၀) ကျော်ကို မီးရှို့ဖျက်ဆီး 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကာလရှည်စစ်ဘေးရှောင်နေရသူများအတွက် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ရိက္ခာများဝေငှပြီး ရေတွင်းတူးဖို့ ငွေကြေးထောက်ပံ့


စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းမှာ ကာလာကြာရှည်စွာ စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေ သောက်သုံးရေ ရရှိရေးအတွက် ရေတွင်းတူးနိုင်ဖို့ ငွေကြေးထောက်ပံ့ခဲ့ပြီး စားနပ်ရက္ခာတွေ ဖြန့်ဝေပေးခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နဲ့ လူသားစာနာတာဝန်ခံတို့က ဧပြီလ () ရက်နေ့ မနက်ပိုင်းက ပုလဲမြို့နယ် အတွင်း ရက်ရှည်စစ်ဘေးရှောင် ပြည်သူတွေစားရေးသောက်ရေးအဆင်ပြေဖို့ ဆန်များထောက်ပံ့ခဲ့ပြီး သောက်သုံးရေ အတွက် ရေတွင်းတူးဖို့ ငွေကြေးထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ဘေးရှောင်ပြည်သူတွေ သောက်သုံးရေအဆင်ပြေစေရေးအတွက် ရေတွင်းတူးဖို့အလှုငွေကို မေမေ့ရင်ခွင်အဖွဲ့က လှူဒါန်းထားတာဖြစ်တယ်လို့ သိရပါတယ်။

နေ့လည်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဗုံးထိမှန်ပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတဲ့ ကျေးရွာတွေက ပြည်သူလူထုကိုလည်း မြို့နယ်လူသားစာနာ တာဝန်ခံ၊ ပုလဲလူထုသပိတ် ဦးဆောင်ကော်မတီအဖွဲ့တို့နဲ့အတူ ငွေသားတွေ ကူညီထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းကို Radio NUG သတင်းထောက် ကိုခန့်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မုဒုံလေဆိပ်သစ်စီမံကိန်းကို ရောက်လာတဲ့ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့အဖွဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ကားတစီးပျက်စီး


မွန်ပြည်နယ် မုဒုံမြို့နယ်မှာ အကောင်အထည်ဖော်မယ့် မုဒုံလေဆိပ်သစ်စီမံကိန်းကို ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

မုဒုံ လေဆိပ်သစ်စီမံကိန်းနေရာကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး ရောက်ရှိနေချိန် ဧပြီလ () ရက် နေ့ မနက် (၁၀) နာရီခွဲခန့်အချိန်မှာ မုဒုံ ပကဖ နဲ့အတူ ဒရုန်းနဲ ဗုံးတလုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ KNDO တပ်ရင်း () ဒရုန်းအဖွဲ့ ကလည်း အတည်ပြုထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း လေဆိပ်သစ်စီမံကိန်းမှာရှိတဲ့ Alphard ကားတစီး ထိခိုက်ပျက်စီးသွားပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေ ထိခိုက်သေဆုံးမှုရှိ၊ မရှိကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ကော့ပရံစီမံကိန်းလို့ခေါ်တဲ့ မုဒုံ လေဆိပ်သစ်စီမံကိန်းကို အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင် ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဝန်ကြီး အောင်ကျော်ထွန်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် အောင်ကြည်သိန်းတို့ လာရောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ်၏ ကပစ (၂၁) စက်ရုံကို ရော့ကတ်များဖြင့်တိုက်ခိုက်မှု ကုန်သိုလှောင်ရုံ () ခု ပျက်စီး  


မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ (၂၁) စက်ရုံကို ရော့ကတ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ ကုန်ကြမ်းသိုလှောင်ရုံ () ခု ပျက်စီးသွားတယ်လို့ Black Hawk Seikphyu Revolution Front က အသိပေးထားပါတယ်။ 

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် လေယာဥ်ဗုံးသီးတွေ ထုတ်လုပ်ပေးနေတဲ့ အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံကို တော်လှန်ရေးတပ်ဖွဲ့တွေက ဧပြီလ () ရက်နေ့ မနက် () နာရီခန့်အချိန်မှာ Short Range Missile (၂၅) လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် လေယာဥ်ဗုံးသီးတွေ ထုတ်လုပ်ဖို့အတွက် သိုလှောင်ထားတဲ့ ကုန်ကြမ်းသိုလှောင်ရုံ () ခု ထိမှန် ပျက်စီးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာလည်း ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

အခုလိုတိုက်ခိုက်ခံလိုက်ရပြီး မနက် () နာရီခွဲခန့်အချိန်မှာ ဆိပ်ဖြူမြို့နယ်ဘက်ကစစ်သားတွေ စစ်ဖက်သုံး FAW ကား (၁၀) စီးနဲ့ ကပစ (၂၁) ကို လုံခြုံရေးယူပေးဖို့ ရောက်ရှိလာတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း .က. Drone လက်ရုံးတပ်ဖွဲ့ဖြစ်တဲ့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး၊ စလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ ပခုက္ကူနယ် ညောင်ပင်လှလမ်းခွဲက စစ်ရေးဆေးဂိတ်နဲ့ ကန်တော်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် စစ်သား () ဦး သေဆုံး 


မကွေးတိုင်း ပခုက္ကူမြို့နယ်ထဲက ကန်တော်ရွာမှာရှိတဲ့ စစ်ဆေးရေးဂိတ်နဲ့ ညောင်ပင်လှလမ်းခွဲက စစ်ဆေးရေးဂိတ်ကို ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား () ဦးသေဆုံးသွားတယ်လို့ Young Force-UG တပ်ဖွဲ့ထံကနေ သိရပါတယ်။  

ပခုက္ကူမြို့နယ် ညောင်ပင်လှလမ်းခွဲမှာရှိပြီး အကြမ်းဖက် စစ်သား၊ ပျူစောထီး ကျက်စားရာ စစ်ဆေးရေးဂိတ်ကို ဧပြီလ () ရက် မနက် () နာရီခန့် အချိန်မှာ ဒရုန်းနဲ့ အီနာဂါဗုံးသီး () လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား () ဦး ဗုံးစထိမှန်သေဆုံးသွားခဲ့တယ်လို့ Young Force-UG က အသိပေးပါ တယ်။ 

ပခုက္ကူမြို့နယ်ထဲက ကန်တော်ရွာမှာ တပ်စွဲပြီး ခရီးသွားပြည်သူတွေရဲ့ ကားတွေကို ဆက်ကြေးကောက်တာ၊ ဖမ်းဆီး ရိုက်နှက်တာ၊ ရိက္ခာပစ္စည်းတွေကို အဓမ္မလုယက်ယူဆောင်တာတွေ နေ့စဉ်လုပ်ဆောင်တဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကိုလည်း ဧပြီလ () ရက် ညနေ () နာရီခန့်မှာ ဒရုန်းနဲ့ အီနာဂါ ဗုံးသီး () လုံး ကြဲချ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို မြိုင်ပကဖ၊ Black Cobra PKU Thurain Young Forcef (UG) Kamma Defence Force (KMDF) ကမ္မတပ်ပေါင်းစုနဲ့ DMG (ဓားမင်းကြီးတပ်ဖွဲ့)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေအနေနဲ့ အမြင်မှန်မရဘဲ ပြည်သူလူထုကို ဆက်လက်အနိုင်ကျင့် ရမ်းကားနေမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ ကြိုဆိုသွားမယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။


========================


🚩🚩 ၄။ ကျိုက်ထို မုပ္ပလင်စစ်ဆေးရေးဂိတ် အပါအဝင် နေရာ () ခုမှာ တပ်စွဲနေတဲ့စစ်တပ်ကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက် စစ်သားနဲ့ရဲ () ဦး သေဆုံး


မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲက မုပ္ပလင်စစ်ဆေးရေးဂိတ်၊ ရွှေစေတီ၊ ငွေစေတီဘုရားကုန်းအပါအဝင် နေရာ () ခုမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်သားနဲ့ ရဲတွေကို ဒရုန်းများ၊ လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ရဲ စုစုပေါင်း () ဦးသေဆုံးခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု - KRF က အသိပေးထုတ်ပြန်ပါတယ်။ 

ဧပြီလ () ရက်နေ့ မွန်းတည့် (၁၂း၁၉) မိနစ်ခန့်အချိန်က အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ ရွှေစေတီ၊ ငွေစေတီ ဘုရားကုန်းနဲ့ မုပ္ပလင်စစ်ရေးဂိတ်တို့ကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် ၆၀-မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပုပ္ပလင်စစ်ရေးဂိတ်ဟာ ကျိုက်ထိုတော်လှန်ရေးအင်အားစု - KRF ရဲ့ () ရက်အတွင်း () ကြိမ်မြောက် တိုက်ခိုက်ခြင်းကိုခံရတာ ဖြစ်ပါတယ်။

ဘုရားကုန်းပေါ်က အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံး () လုံးပစ်ချတိုက်ခိုက်ခဲ့ရာ စစ်သား () ဦး ပွဲချင်းပြီးသေဆုံးခဲ့သလို မုပ္ပလင်လမ်းဆုံဂိတ်ကို ဒရုန်းနဲ့ ဗုံးသီး () လုံး၊ (၆ဝ) မမ လက်နက်ကြီး () လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ () ဦးသေဆုံးပြီး () ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ရဲကား () စီးနဲ့ ၎င်းတို့ တာဝန်ယူလက်ခံထားတဲ့ လိုင်စင်မဲ့ကားတစီး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ထို့တူ ကျိုက်ထိုမြို့နယ် လက်ပံပင်သင်္ချိုင်းကုန်းနဲ့ အင်္ဂဘိုတာဝါတိုင်စောင့် အကြမ်းဖက်စစ်သားတွေကို ဒရုန်း၊ (၆ဝ) မမ စတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဧပြီလ () ရက် ညနေ (၅း၁ဝ) ခန့်အချိန်က လက်ပံပင်သင်္ချိုင်းကုန်းကို ဒရုန်းနဲ့ ဗုံးသီး () လုံး၊ (၆ဝ) မမ လက်နက်ကြီး () လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား () ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ရာမှာ အရာရှိခွဲမှူး တဦးမှာ ဘယ်လက်မောင်းနဲ့ ဘယ် နားရွက် ရှပ်ထိဒဏ်ရာရခဲ့တာကြောင့် ဒဏ်ရာရသူတွေကို ရန်ကုန်ဘက် သယ်သွားတယ်လို့ ပြောပါတယ်။

အလားတူ တာဝါတိုင်ကိုလည်း ဒရုန်းနဲ့ ဗုံးသီး () လုံးကြဲချခဲ့တာကြောင့် အကြမ်းဖက်စစ်သားတွေက အနီးအနားကကျေးရွာ တွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု - KRF KNU/KNLA Night Hawks YEF တပ်မဟာ - PDF တပ်ရင်း၊ တောကျီးကန်းအဖွဲ့၊ ခရမ်း PDF နဲ့ ကျိုက်ထိုပကဖ ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ KRF က ထုတ်ပြန်ထားပါတယ်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု - KRF အနေဖြင့်စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ကြောင်း၊ ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီး ဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျဉ်းမရှိကြောင်း အသိပေးထုတ်ပြန်ထားပါသည်။


========================


🚩🚩 ၅။ ရွှေဘိုမြို့နယ်မှာ ကျေးရွာလုံခြုံရေးဆိုပြီး ကင်းလှည့်နေတဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့ရာ () ဦးသေဆုံး


စစ်ကိုင်းတိုင်းထဲက ရွှေဘိုမြို့နယ်မှာ ကျေးရွာလုံခြုံရေးဆိုပြီး ကင်းလှည့်နေတဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ရာ () ဦးသေဆုံးသွားတယ်လို့ Shwebo Crocodile အဖွဲ့က ပြောပါတယ်။

ရွှေဘိုမြို့နယ် ပန်းရံ၊ ထန်နှောင်းဝန်း၊ ဇီးကုန်းလေး စတဲ့ ရွာတွေက ပြည်သူ့စစ်အဖွဲ့တွေ ညတိုင်း ကင်းလှည့်နေတာကို စောင့်ကြည့် လေ့လာထားတာ တလကျော်ပြီ။ ပြည်သူလူထုကလည်း သတင်းပေးပို့လာတဲ့အတွက် တော်လှန်ရေးညီအကို တပ်ပေါင်းစုတွေ စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ထန်းနှောင်းဝန်းနဲ့ ဇီးကုန်းလေးရွာတို့မှ ပျူစောထီးတွေဟာ ကျေးရွာလုံခြုံရေးဆိုပြီး ဇီးကုန်းလေးရွာနဲ့ မင်္ဂလာရွာသစ် ကျေးရွာကြားမှာ ကင်းလှည့်နေစဉ် တော်လှန်ရေးတပ်ဖွဲ့တွေက ဧပြီလ ရက်နေ့ ၁၀ နာရီ ၂၀ မိနစ် ခန့်အချိန်မှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်တာကြောင့် နှစ်ဖက်ထိ‌တွေ့တိုက်ပွဲအနေနဲ့ ၂၅ မိနစ်ခန့်ဖြစ်တယ်လို့ သိရပါတယ်။ 

ဒီတိုက်ပွဲမှာ ထန်းနှောင်းဝန်းရွာက ပျူစောထီး ဦးနဲ့ ဇီးကုန်းလေးရွာက ပျူစောထီးတဦးသေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော် ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးချိန်မှာ ပျူစောထီးတွေရှိရာနေရာကို တပ်တွေရောက်ရှိလာတာကြောင့် တော်လှန်ရေးရဲဘော်တွေက Drone နဲ့ ဗုံးသီး လုံးချ ဟန့်တားခဲ့ပြီး ဒဏ်ရာရရဲဘော် ဦး အချိန်မီဆေးကုသနိုင်ဖို့ ဆက်မတိုက်ဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ အသိပေးထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Shwebo Crocodile ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေး အဖွဲ့ Daung Mann shwebo စွန်ရဲရွှေဘို ဒေသခံကာကွယ်ရေးအဖွဲ့ မဟူရာ ရွှေဘိုသား၊ ဇေယျာသွေး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ HG FIGHTRs (LPDF) EYE For EYE Yaung NI (LPDF) SBFA shwebo Federal Army BO BA TAW (LPDF) ရွှေဘိုသားပြည်သူကာကွယ်ရေးတပ်ဖွဲ့ ဗိုလ်မဟာ ပြည်သူကာကွယ်ရေးအဖွဲ့၊ မြင်းဖြူရှင်အဖွဲ့ နဂါးနီအဖွဲ့၊ ဖျံအဖွဲ့ ဂျိုကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေဘိုအားမာန်၊ သိင်္ခအားမာန် Flying Dragon Force နဲ့ မဟာမိတ်တွေဖြစ်တဲ့ Drone Force Ayadow Rocket (LPDF) ရှင်းရှင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဇာမဏီဒေါင်း(ဒပယ)တန- တပ်တို့ စုပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။


========================


🚩🚩 ၆။ ရွှေဘိုနယ် ရှားတောရွာက အရပ်သား ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး နေအိမ် (၄၀၀) ကျော်ကို မီးရှို့ဖျက်ဆီး 


စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ရှားတောရွာက အရပ်သားပြည်သူ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး နေအိမ် (၄၀၀) ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ရွှေဘိုနယ် ရှားတောရွာကို အကြမ်းဖက်စစ်တပ်က ဧပြီလ () ရက်နေ့မှာ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး ကျေးရွာနေ အမျိုးသား () ဦးနဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ကျေးရွာအတွင်းက နေအိမ် (၄၀၀) ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

အိမ်ခြေ (၄၅ဝ) ကျော်ရှိတဲ့ ရှားတောရွာက မပြေးနိုင်မလွှားနိုင်ဖြစ်နေတဲ့ အသက် (၈ဝ) ကျော်နဲ့ အသက် (၉ဝ) ကျော် အရွယ် လူကြီး () ဦးကို မီးရှို့သတ်ဖြတ်ကာ အခြား () ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။ 

အလားတူ တော်လှန်ရေးအားကောင်းရာ မကွေးတိုင်း ပေါက်မြို့နယ်က ရွှေလန်ရွာကိုလည်း အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် (၂၀) ကျော် မီးလောင်ပြာကျပြီး ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ () ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က အိမ်ခြေ (၁ဝဝ) ခန့်သာရှိတဲ့ ရွှေလန်ရွာကို အကြောင်းမဲ့ ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်နေအိမ် (၂၀) ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကျေးရွာနေပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်က ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment