13th MAY 2024 - Evening Daily News by Radio NUG

၂၀၂၄ မေလ ၁၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အွန်လိုင်းအခြေပြု အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း စာမေးပွဲရလဒ်complaint form တင်သွင်းပါကငွေကြေးအား လုပ်ငန်းစဉ်အတွက် ပဲပြန်သုံးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ပညာရေးဒုဝန်ကြီးရှင်းလင်း

📌 ၂။ အကြမ်းဖက်စစ်အုပ်စုကဧပြီလအတွင်း လူ့အခွင့်ရေးချိုးဖောက်မှု ၄၃၈မှုချိုးဖောက်ခဲ့ကာတရားလက်လွတ်သတ်ဖြတ်ခဲ့တာ၁၀၄မှုပါဝင်

📌 ၃။ PRFထောက်ပို့တပ်သားအဖြစ်ပါဝင်ပေးကြဖို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်တိုက်တွန်း

📌 ၄။ Non-CDM ဝန်ထမ်းများကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ မေလ ရက်နေ့မှစ၍ ရက်ပေါင်း (၆၀) အတွင်း အလင်းဝင်ရောက်ကြရန် သတိပေး

📌 ၅။ မြန်မာစစ်အုပ်က စစ်သုံးထရပ်ကားများကို တရုတ်နိုင်ငံပိုင်ကုမ္ပဏီ Sinotruk ပံ့ပိုးကူညီမှုဖြင့်ရယူ တပ်ဆင်နေ

📌 ၆။ အမေရိကန်နိူင်ငံ LAမှာကျင်းပတဲ့ ငါတို့ကူ စုပေါင်းဈေးရောင်းပွဲမှ အမေရိကန်ဒေါ်လာ နှစ်သောင်းရှစ်ထောင်ကျော်ရရှိ


၂၀၂၄ ခုနှစ် မေလ ၁၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဘူးသီးတောင်မြို့နယ်က မူဆလင်ပြည်သူ ၇၀၀၀ ကျော် Arakan Army အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေထဲသို့ ခိုလှုံ

🚩 ၂။ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုသို့ ရိက္ခာအင်အား ဖြည့်တင်းလာသော စစ်တွဲကား 8စီးတန်းအား မိုင်းဆွဲတိုက်ခိုက်

🚩 ၃။ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က နောင်ရင်းရွာသူကြီး ခွန်ဇာခွန်ကို သတ်ဖြတ်ပြီးနောက် ခွန်ဇာခွန်မိသားစုပိုင်ကုန်တင်ကားကိုပါ ထပ်မံသိမ်းဆည်း

🚩 ၄။ မင်းဘူးခရိုင် အမှတ် () တပ်ရင်း အပတ်စဉ် () အခြေခံစစ်သင်တန်း ဆင်းပွဲပုံရိပ်များထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အွန်လိုင်းအခြေပြု အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း စာမေးပွဲရလဒ်complaint form တင်သွင်းပါကငွေကြေးအား လုပ်ငန်းစဉ်အတွက် ပဲပြန်သုံးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ပညာရေးဒုဝန်ကြီးရှင်းလင်း


မေလ၁၃ရက်


အွန်လိုင်းအခြေပြု အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း စာမေးပွဲရလဒ်complaint form တင်သွင်းပါကငွေကြေးအား လုပ်ငန်းစဉ်အတွက် ပဲပြန်သုံးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ပညာရေးဒုဝန်ကြီးဂျာထွယ်ပန်ကမေလ၁၃ရက်မှာ ရှယ်မီဒီယာမှတစ်ဆင့် အသိပေးဆိုပါတယ်။


"BECA စာမေးပွဲ ကို တခါမှမလုပ်ဖူးတဲ့ပုံစံနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ online ကရော၊ offline ကနေရော ဖြေဆိုနိုင်အောင် နည်းပညာကို အခြေခံပြီး digital- based test system တစ်ခုကိုတည်ဆောက်ပြီး နည်းပညာရှင်တွေ၊ CDM ဆရာ၊ ဆရာမတွေ နာရီပေါင်းများစွာ ပေးဆပ်ပြီး တီထွင်ဆန်းသစ်မှု များစွာကို စိတ်စေတနာအပြည့်နဲ့လုပ်ပေးခဲ့ကြပါတယ်။တကယ် အပြင်မှာလုပ်ရင် ဒေါ်လာငွေများစွာကုန်ကျနိုင်တဲ့ digital infrastructure တွေ test system အသစ်တွေကို  ပညာရှင်တွေ က professional fee တွေမယူတဲ့အပြင် အချိန်တွေပေးဆပ်၊ စိတ်တွေနှစ်ပြီး တည်ဆောက်ပေးခဲ့ကြတာဖြစ်ပါတယ်။ ဒီလို ပညာရှင်တွေ၊ CDM ဆရာ/ဆရာမတွေရဲ့ လုပ်အားအလှူတွေ၊ NUG အစိုးရကပံ့ပိုးပေးတဲ့ budget တွေနဲ့ online- offline နှစ်မျိုးလုံးစစ်ဆေးဖို့လိုအပ်တဲ့ ပစ္စည်းကိရိယာတွေအသုံးပြုပြီး ကျောင်းသားတွေ အခမဲ့ဖြေဆိုနိုင်ဖို့ နဲ့ အခမဲ့ certificate ထုတ်ယူနိုင်ဖို့ အားလုံးစိတ်နှစ်ပြီး အလုပ်လုပ်ခဲ့ကြပါတယ်။ ပထမဆုံးအကြိမ်မို့ အခက်အခဲတွေ ကြန့်ကြာမှုတွေအများကြီး ရှိခဲ့ပေမဲ့ ကျော်ဖြတ်နိုင်ခဲ့ကြတယ်။ ကျောင်းသားတွေဆီက ရယူလိုစိတ်ဆိုတာ တစိုးတစိမှမရှိခဲ့ပါ"လို့ဒုဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင်တခြားနိုင်ငံတွေမှာ  digital system နဲ့ဖြေဆိုတဲ့စာမေးပွဲတိုင်းငွေသွင်းရတာသာမက complaint form တင်သွင်းရင်လည်းငွေကြေးတင်သွင်းရတယ်လို့ဆိုပါတယ်။


"၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် စစ်ဆေးအကဲဖြတ်ရလဒ်မှတ်တမ်းများကို မေလ၁၁ရက်မှစတင်၍ အွန်လိုင်းမှထုတ်ပေးလျက်ရှိပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်အုပ်စုကဧပြီလအတွင်း လူ့အခွင့်ရေးချိုးဖောက်မှု ၄၃၈မှုချိုးဖောက်ခဲ့ကာတရားလက်လွတ်သတ်ဖြတ်ခဲ့တာ၁၀၄မှုပါဝင်


မေလ၁၃ရက်


"အကြမ်းဖက်စစ်အုပ်စုကဧပြီလအတွင်း လူ့အခွင့်ရေးချိုးဖောက်မှု ၄၃၈မှုချိုးဖောက်ခဲ့ကာတရားလက်လွတ်သတ်ဖြတ်ခဲ့တာ၁၀၄မှုပါဝင်တယ်လို့ ဒုဝန်ကြီး ခွန်ဗဟန်းထန်ကဆိုပါတယ်။


၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း စုဆောင်းရရှိခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ဒုဝန်ကြီး ခွန်ဗဟန်းထန်ကပြောပါတယ်။


"အကြမ်းဖက်စစ်အုပ်စုကဧပြီလအတွင်း လူ့အခွင့်ရေးချိုးဖောက်မှု ၄၃၈မှုချိုးဖောက်ခဲ့တာကိုတွေ့ရှိရပါတယ်။ဒီအမှုတွေထဲမှာမှတရားလက်လွတ်သတ်ဖြတ်ခဲ့တာ၁၀၄မှု၊နေအိမ်များမီးရှို့ဖျက်ဆီးမှု၈၅မှု၊မတရားဖမ်းဆီးမှု၇၆မှုနဲ့အခြားလူ့အခွင့်ရေးချိုးဖောက်မှု၁၇၃မှုကို မှတ်တမ်းရရှိခဲ့တယ်"လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ၂၀၂၄ခုနှစ် ဧပြီလအတွင်း မှတ်တမ်းကောက်ယူထားတဲ့ အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများအား တိုင်းနှင့်ပြည်နယ်အလိုက်၊ အမှုအမျိုးအစားအလိုက် အပြင် အထူးဆိုးဝါးလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု များကိုပါ မှတ်တမ်းတင်ထားရှိပြီး နိုင်ငံတကာသို့ အချိန်နှင့် တပြေးညီ ပေးပို့ထားရှိပါတယ်။ 


========================


📌📌 ၃။ PRFထောက်ပို့တပ်သားအဖြစ်ပါဝင်ပေးကြဖို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်တိုက်တွန်း


မေလ၁၃


PRFထောက်ပို့တပ်သားအဖြစ်ပါဝင်ပေးကြဖို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်က မေလ၁၂ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် တိုက်တွန်းဆိုလိုက်ပါတယ်။


"ဒါမျိုး မှာ ပါဝင်ကြည့်ကြပါဦး လို့ ဖိတ်ခေါ်ပါတယ်"လို့ဆိုပါတယ်။


၂၀၂၄ ခုနှစ် ဧပြီလအတွင်း ထောက်ပို့တပ်သားဦးရေ ၂၉၂၇၆ဦးရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၀၅၂၇၆ ခန့်ရရှိခဲ့ပါတယ်။


တော်လှန်ရေးအောင်မြင်ဖို့ အတွက်နေရာဒေသမရွေးကနေ ပါဝင်ဖို့ နည်းလမ်းတွေ ရှိကာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF မှာ ထောက်ပို့တပ်သား တယောက်အနေနဲ့ တာ၀န်ထမ်းဆောင်ရင်းလည်း တော်လှန်ရေးမှာကိုယ်တိုင် ပါ၀င် တာ၀န်ယူနိုင်ပြီဖြစ်ပါတယ်။


========================


📌📌 ၄။ Non-CDM ဝန်ထမ်းများကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ မေလ ရက်နေ့မှစ၍ ရက်ပေါင်း (၆၀) အတွင်း အလင်းဝင်ရောက်ကြရန် သတိပေး


မေလ၁၃ရက်


ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ မေလ ရက်နေ့မှစ၍ ရက်ပေါင်း (၆၀) အတွင်း အလင်းဝင်ရောက်ကြရန် သတိပေးကြေညာလိုက်ပါတယ်။


 ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းများအနေဖြင့် လက်ရှိ ဆောင်ရွက်နေသည့် ရုံးလုပ်ငန်းများကို ရပ်တန့်၍ ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ ၂၀၂၄ ခုနှစ်၊ မေလ ရက်နေ့မှစ၍ ရက်ပေါင်း (၆၀) အတွင်း အလင်းဝင်ရောက်ကြရန် သတိပေးလိုက်တယ်လို့ဖော်ပြပါတယ်။


အလင်းဝင်ရောက်မည့် Non-CDM ဝန်ထမ်းများသည် ရုံးဌာနများအတွင်း အသုံးပြုနေ သည့် သို့မဟုတ် သိုလှောင်ထားသည့် သိုလှောင်ပစ္စည်း၊ ပစ္စည်းကိရိယာ၊ စာရွက်စာတမ်းနှင့် အခြားပစ္စည်းများကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ စနစ်တကျ အပ်နှံရန် ကြိုတင်ပြင် ဆင်မှုများ ဆောင်ရွက်ထားရမယ်လို့ဆိုပါတယ်။


သို့ဖြစ်၍ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ရက်နေ့အထိ အလင်းဝင်ရောက်ခြင်းမရှိသည့် Non-CDM ဝန်ထမ်းများကို တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့အသိပေးဆိုပါတယ်။


========================


📌📌 ၅။ မြန်မာစစ်အုပ်က စစ်သုံးထရပ်ကားများကို တရုတ်နိုင်ငံပိုင်ကုမ္ပဏီ Sinotruk ပံ့ပိုးကူညီမှုဖြင့်ရယူ တပ်ဆင်နေ


မေလ၁၃


မြန်မာစစ်အုပ်က စစ်သုံးထရပ်ကားများကို တရုတ်နိုင်ငံပိုင်ကုမ္ပဏီ Sinotruk ပံ့ပိုးကူညီမှုဖြင့်ရယူ တပ်ဆင်နေတယ်လို့ မေလအတွင်းမှာ JusticeForMyanmarကအသိပေးဖော်ပြပါတယ်။


မြန်မာစစ်အုပ်စု၏ ပြည်သူများအပေါ် ဆက်လက်ကျူးလွန်လျက်ရှိသည့် ဖိနှိပ်အကြမ်းဖက်မှုများသည် နိုင်ငံတဝန်းသို့ စစ်သည်များနှင့် လက်နက်များ သယ်ယူပို့ဆောင်ပေးသည့် စစ်သုံးထရပ်ကားများအပေါ် မှီခိုနေပါတယ်။ ယင်းစစ်သုံးထရပ်ကားများကို တရုတ်နိုင်ငံပိုင်ကုမ္ပဏီ Sinotruk ပံ့ပိုးကူညီမှုဖြင့် မြန်မာစစ်တပ်က ရယူ၊ တပ်ဆင်နေကြောင်း အထောက်အထားများစွာ တွေ့ရှိရတယ်လို့ဖော်ပြပါတယ်။


 တစ်ဖက်တွင် Sinotruk သည် ဂျာမန်ကုမ္ပဏီ Traton SE ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမှ အကျိုးအမြတ် ရရှိနေတယ်လို့ဖော်ပြပါတယ်။


 လက်ရှိဖြစ်ပွားနေသော စစ်ပွဲများတွင် မော်တော်ယဉ် ဆုံးရှုံးမှုများကို စောင့်ကြည်သည့် အွန်လိုင်းဘလော့ဘ် Armada Rotta တွင် တင်ထားသည့် အထောက်အထားများတွင် ၂၀၂၄ ခုနှစ်၊ မတ်လ ရက်နေ့အထိ စာရင်းများအရ တော်လှန်ရေးအင်အားစုများဘက်မှ Miltruk မော်တော်ယာဉ် စီး၊ Sinotruk မော်တော်ယာဉ် ၃၁ စီးနှင့် အကြမ်းဖက်ဖြိုခွင်းမှုများတွင် သုံးလေ့ရှိသော Sinotruk ရေသယ်ယာဉ် စီးတို့ကို ဖမ်းဆီး၊ ဖျက်ဆီး သို့မဟုတ် သိမ်းယူနိုင်ခဲ့ကြောင်း ရေးသားထားပါတယ်။


========================


📌📌 ၆။ အမေရိကန်နိူင်ငံ LAမှာကျင်းပတဲ့ ငါတို့ကူ စုပေါင်းဈေးရောင်းပွဲမှ အမေရိကန်ဒေါ်လာ နှစ်သောင်းရှစ်ထောင်ကျော်ရရှိ


မေလ၁၃


အမေရိကန်နိူင်ငံ LAမှာကျင်းပတဲ့ ငါတို့ကူ စုပေါင်းဈေးရောင်းပွဲမှ အမေရိကန်ဒေါ်လာ နှစ်သောင်းရှစ်ထောင်ကျော်ရရှိခဲ့ကြောင်းကို မေလအတွင်း LA NUG Supporters ကအသိပေးဖော်ပြပါတယ်။


"မေလ၅ နေ့က ကျင်းပခဲ့တဲ့ ငါတို့ပြည်သူ၊ ငါတို့ကူ စုပေါင်းဈေးရောင်းပွဲမှာ တို့ ပြည်ကို ကူဖို့အရေးဆို ဘယ်တော့မှ လက်မနှေးကြတဲ့ LA သူ/သားတွေဟာ တခဲနက်အားပေးခဲ့ကြပါတယ်။  သုံးနှစ်ကျော်ကြာလာပေမယ့် ပွဲတိုင်းမှာ မမောတမ်း ချက်ပြုတ် လှူဒါန်းခဲ့ကြတဲ့ အလှူရှင်တွေကလည်း တာဝန်ကျေစွာနဲ့ အစားအသောက် အဝတ်အထည် မျိုးစုံစွာနဲ့ ပါဝင်ခဲ့ကြသလို လုပ်အားနဲ့ကူ၊  ဝယ်ရင်းနဲ့ကူသူများကလည်း အားကြိုး မာန်တက် ဝိုင်းဝန်းခဲ့ကြလို့ အလှူငွေ $ 28155 လက်ခံရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။

 

ချက်သူ၊ ဝယ်သူ၊ လှူသူ၊ ကူသူများ အားလုံးကို လှိုက်လှဲစွာကျေးဇူးအထူးတင်ရှိကြောင်းနှင့်လိုအပ်ချက်များအပေါ် နားလည်ခွင့်လွှတ်ပေးကြပါရန်အသိပေးဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ခါးရှဲလ်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဘူးသီးတောင်မြို့နယ်က မူဆလင်ပြည်သူ ၇၀၀၀ ကျော် Arakan Army အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေထဲသို့ ခိုလှုံ


မေ ၁၃

Radio NUG


ဘူးသီးတောင်မြို့နယ်က မူဆလင်ပြည်သူ ၇၀၀၀ ကျော် Arakan Army အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေထဲသို့ ခိုလှုံလာကြောင်း Humanitarian and Development Coordination Office HDCOက သတင်းထုတ်ပြန်ပါတယ်။

မေလ ()ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ မှ လက်နက်ကြီးများ၊ ဂျက်ဖိုက်တာဖြင့်ပစ်ခတ်မှုကြောင့် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ကကျဘတ်၊ ကကျဘတ်ကံပြင်၊ မြောင်းနား၊ အလယ်ချောင်း၊ ဘဂုံဲးနား၊ လက်သာကျေးရွာတို့မှ မူဆလင်ပြည်သူများ Arakan Army အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေထဲသို့ (မူဆလင်ဦးရေ-၇၀၀၀)ခန့် ဝင်ရောက်ခိုလှုံလာသဖြင့် Arakan Army အာရက္ခတပ်တော်မှ မိမိတို့နယ်မြေထဲသို့ ကူညီရွေ့ပြောင်း၊ အကာအကွယ်ပေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါကျေးရွာများမှ တချို့မူဆလင်များသည် အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားသော ဘူးသီးတောင်မြို့နယ် စစ်ကောင်စီ နခခ()တပ်ရင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုသို့ ရိက္ခာအင်အား ဖြည့်တင်းလာသော စစ်တွဲကား 8စီးတန်းအား မိုင်းဆွဲတိုက်ခိုက်


မေ ၁၂

Radio NUG

မေလ ၁၂ရက်နေ့မှာ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရိက္ခာအင်အား ဖြည့်တင်းလာသော စစ်တွဲကား 8စီးတန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း GoldenTargetForce(G.T.F)က သတင်းထုတ်ပြန်ပါတယ်။

မေလ ၁၂ရက် နေ့လယ် (1:10 pm) အချိန်တွင် စစ်ကိုင်းမြို့မှမုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရိက္ခာအင်အား ဖြည့်တင်းလာသော စစ်တွဲကား 8စီးတန်းအား  (G.T.F)ရဲဘော်များမှ ချောင်းဦး- မုံရွာ လမ်းပိုင်းတနေရာတွင် ရှေ့ထွက်ပြောင်း 2 ပြောင်း နှင့် ပဒေသာမိုင်းတွဲ(5)လုံးဖြင့် စစ်သား အပြည့်ပါသော  (3)စီးမြောက်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများ ရှိကြောင်း သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်သားအသေအပျောက် အများအပြား ရှိနိုင်ပြီး ဒဏ်ရာရသူ အများအပြားရှိသည်ဟုလည်း မျက်မြင်ပြည်သူများမှ တဆင့် သိရပါသည်။

တော်လှန်ရေးရဲဘော်များမှာ မိဘပြည်သူများ၏ ပို့သသောမေတ္တာများကြောင့် ဘေးအန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က နောင်ရင်းရွာသူကြီး ခွန်ဇာခွန်ကို သတ်ဖြတ်ပြီးနောက် ခွန်ဇာခွန်မိသားစုပိုင်ကုန်တင်ကားကိုပါ ထပ်မံသိမ်းဆည်း


မေလ ၁၃

Radio NUG


စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့မှ ဗိုလ်ကြီးလယ်အဖွဲ့က ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာ၏ ရွာသူကြီးဖြစ်သူခွန်ဇာခွန် နှင် ခွန်ဇာခွန်၏ ညီဖြစ်သူ ခွန်ပလွန်ကို သတ်ဖြတ်လိုက်သည့်အပြင် ခွန်ဇာခွန်မိသားစုပိုင်ဆိုင်သည့် ကုန်တင်ကားကိုလည်း မေလ ၁၁ ရက်ညတွင် ထပ်မံလာရောက် သိမ်းဆည်းသွားကြောင်း PNLA News and information department က သတင်းထုတ်ပြန်ပါတယ်။

ခွန်ဇာခွန်၏ ကားကို လာရောက်သိမ်းဆည်းသည့်အချိန်တွင် ခွန်ဇာခွန်သည် စစ်အာဏာရှင်အား တော်လှန်တိုက်ခိုက်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ကို ထောက်ပံ့သည်ဟု စွပ်စွဲကာ သိမ်းယူသွားခြင်းဖြစ်ကြောင်း သိရပါတယ်။

ခွန်ဇာခွန်သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အဖွဲ့ဝင် / တပ်ဖွဲ့ဝင်လည်းမဟုတ်သကဲ့သို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် မည်သည့် ပတ်သက်မှုမှလည်း မရှိကြောင်း သိရပါတယ်။

 ခွန်ဇာခွန် သည် နောင်ရင်းကျေးရွာပြည်သူများ အားကိုးအားထားပြုရသည့် လူငယ်တဦးဖြစ်ပြီး နောင်ရင်းကျေးရွာပြည်သူများက ရွာသူကြီးအဖြစ် တင်မြောက်ထားသည့် ပြည်သူတဦးသာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ခွန်ဇာခွန်သည် ရပ်ရွာအတွင်း လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲခြင်းမရှိစေရေး ရပ်ရွာတိုးတက်ရေး၊ စစ်ဘေးရှောင်များအား အကူအညီပေးရေးတို့ကို ဦးဆောင်နေသည့် ကျေးရွာခေါင်းဆောင် ရွာသူကြီးတဦးသာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


ပအိုဝ်းဒေသတွင် ကျေးရွာ ရွာသူကြီးများကို ဒီမိုကရေစီနည်းကျကျ ရွာသူရွာသားများက  ဆန္ဒမဲပေးကာ ရွေးချယ်သည့် စနစ်ဖြင့် တင်မြောက်ကြရသည်ဖြစ်ရာ ရွာသူကြီးကို သတ်ဖြတ်ခြင်းသည် ပြည်သူလူထု၏ မဲဆန္ဒကို လက်နက်အားကိုးဖြင့် အတင်းအဓမ္မစော်ကားသည့် အာဏာရှင်လုပ်ရပ်များပင်ဖြစ်သည်။


စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့သည် ခွန်ဇာခွန်၏ ကားကို လာရောက်သိမ်းယူသည့်အချိန်တွင် အရက်သေစာ သောက်စားမူးရူးထားကြပြီး အမျိုးသမီးများသာ ကျန်ရှိသည့် နေအိမ်ပေါ်သို့ တက်ရောက်ကာ ခွန်ဇာခွန်၏ မိသားစုဝင်များကို ဆဲဆိုခြိမ်းခြောက်ပြီး ကားကိုသိမ်းယူသွားကြခြင်းဖြစ်သည်။


နောင်ရင်းရွာသူကြီး ခွန်ဇာခွန် နှင့် ညီဖြစ်သူ ခွန်ပလွန်ကို မေလ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာအတွက် ဆွေးနွေးစရာရှိသည်ဟု လိမ်လည်ခေါ်ဆိုကာ ဖမ်းဆီးသတ်ဖြတ်လိုက်ခြင်းဖြစ်သည်။


========================


🚩🚩 ၄။ မင်းဘူးခရိုင် အမှတ် () တပ်ရင်း အပတ်စဉ် () အခြေခံစစ်သင်တန်း ဆင်းပွဲပုံရိပ်များထုတ်ပြန်


မေ ၁၃

Radio NUG


ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊မင်းဘူးခရိုင် အမှတ် () တပ်ရင်း အပတ်စဉ် () အခြေခံစစ်သင်တန်း ဆင်းပွဲပုံရိပ်များကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အမှတ် () စစ်ဒေသ မင်းဘူးခရိုင်၊ အမှတ် () တပ်ရင်း အပတ်စဉ် () သင်တန်းဆင်းပွဲကို ၂၀၂၄ မေ ၁၁ ရက်တွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။ 

သင်တန်းဆင်းပွဲကို မကွေးတိုင်း ကွပ်ကဲရေးရုံး၊တိုင်းတာဝန်ခံ တက်ရောက်ခဲ့ပြီး သင်တန်းဆင်းရဲဘော်များကို အားပေးစကားများပြောကြားခြင်းနှင့် တော်လှန်ရေးကာလအတွင်း ရှေ့ဆက်လုပ်ရမည့်  လုပ်ငန်းစဥ်များကို လမ်းညွန့်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ထို့နောက် မင်းဘူးခရိုင်၊အမှတ်()တပ်ရင်းမှူး သူရိန်က ရဲဘော်သစ်များ လိုက်နာရမယ့်ကျင့်ဝတ်များ၊ ပြည်သူလူထုအပေါ် ဆက်ဆံရမယ့် စည်းကမ်းများကို လမ်းညွန်မှုပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

သင်တန်းဆင်းပွဲတွင် ရဲဘော်များ ကျမ်းသစ္စာကျိန်ဆိုခြင်း၊ သစ္စာ‌ရေသောက်ခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment