13th MAY 2024 - Evening Daily News by Radio NUG

 


၂၀၂၄ မေလ ၁၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကချင်လွတ်မြောက်ရေးတပ်တော် (KIA)မှ  စစ်ဦးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းကွယ်လွန်ခြင်းအတွက် NUGပြည်ထောင်စုဝန်ကြီးများမှ ဝမ်းနည်းကြောင်းစကားသံများ ထုတ်ပြန်

📌 ၂။ တော်လှန်ရေးနိုင်ပြီးတာနဲ့NUGအစိုးရ အစား T-NUG ဆိုတာ ပေါ်ပေါက်လာမယ်လို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိူင်အသိပေး

📌 ၃။ NUG ဝန်ကြီး ဒေါက်တာတူးခေါင်က ကွယ်လွန်သွားတဲ့ ကေအိုင်အေ စစ်ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း ဝမ်းနည်းစကား ထုတ်ပြန်

📌 ၄။ ရဟခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လိုလားချက်က လူမျိုးနှစ်ခု ပဋိပက္ခဆီကို ဦးတည်သွားတာဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးသတိပေး

📌 ၅။ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်ကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ကော်မရှင်အား() သက်တမ်းတိုးမြှင့်ပေးခဲ့

📌 ၆။ထိုင်းရဲတပ်ဖွဲ့တွေက နယ်စပ်ဖြတ်ကျော် မြန်မာတွေကို ချင်းမိုင်ခရိုင်မှာ ဖမ်းဆီးနေဟုဆို


၂၀၂၄ ခုနှစ် မေလ ၁၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်နှင့် အမှတ် () စစ်ဒေသ၏ စစ်ဒေသမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး R. ခေါင်လွမ်းကွယ်လွန်ခြင်းအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရမှ အထူးဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

🚩 ၂။ ရေဦးမြို့မှာ စစ်မှုထမ်းရန် ဖမ်းဆီးခံထားရသူများအနက် အချို့ထွက်ပြေးလွတ်မြောက်

🚩 ၃။ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီပစ်ခတ်လိုက်သည့်လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ဦးသေဆုံးပြီး ဦးဒဏ်ရာရ

🚩 ၄။ မွန်ပြည်နယ် အမှတ် ကားလမ်းမကြီးအပိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကချင်လွတ်မြောက်ရေးတပ်တော် (KIA)မှ  စစ်ဦးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းကွယ်လွန်ခြင်းအတွက် NUGပြည်ထောင်စုဝန်ကြီးများမှ ဝမ်းနည်းကြောင်းစကားသံများ ထုတ်ပြန်


မေလ၁၄ရက်


ကချင်လွတ်မြောက်ရေးတပ်တော် (KIA)မှ  စစ်ဦးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းကွယ်လွန်ခြင်းအတွက် NUGပြည်ထောင်စုဝန်ကြီးများမှ ဝမ်းနည်း ကြောင်းစကားသံများ ထုတ်ပြန်‌ပြောကြားခဲ့ပါတယ်။


မေလ၁၄ရက်မှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဦးလွင်ကိုလတ်ကလည်း"ငြိမ်းချမ်းပါစေ ဒူကဘာ ရေ"လို့ဆိုထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရနှင့်မိတ်ဖက်ဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်တော် (KIA)မှ  စစ်ဦးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာမေလ၁၃ရက် ညနေပိုင်းမှာ နေမကောင်းဖြစ်နေရာမှာ ကွယ်လွန်တိမ်းပါးသွားခဲ့တာဖြစ်ပါတယ်။


"တချို့ သော ကျေးဇူး တရား နဲ့ တန်ဖိုးထားမှု အလေးအမြတ်ပြုမှု တွေဟာ စကားလုံးတွေ ရဲ့ အလွန်မှာ ဖြစ်တည် ပါတယ် ဒူကဘာ။ လူချင်း မရင်းနှီးပေမယ့် ဒူကဘာ ရဲ့ အမည်နာမ နဲ့ နွေဦးတော်လှန်ရေးနဲ့အတူ ပြည်သူနဲ့အတူ တသားတည်း ရှိတဲ့ စိတ်စေတနာတွေ အကြောင်းတော့ လူသတင်း လူချင်းဆောင်လို့ မကြာခဏ ရင်းနှီး ခဲ့ရပါတယ်။ ကျမတို့ အတွက် တော်လှန်ရေးအတွက် ပြည်ထောင်စုစိတ်နဲ့ ထာဝရ ကျေးဇူးကဗ္ဗျည်းတင် အမှတ်ရ နေရမယ့် ဒူကဘာ ခေါင်လွန်း ငြိမ်းချမ်းပါစေ"လို့ နိူင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်းဆိုထားပါတယ်။


========================


📌📌 ၂။ တော်လှန်ရေးနိုင်ပြီးတာနဲ့NUGအစိုးရ အစား T-NUG ဆိုတာ ပေါ်ပေါက်လာမယ်လို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိူင်အသိပေး


မေလ၁၄ရက်


တော်လှန်ရေးနိုင်ပြီးတာနဲ့NUGအစိုးရ အစား T-NUG ဆိုတာ ပေါ်ပေါက်လာမယ်လို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိူင်က မေလ၁၄ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ရေးသားဆိုထားပါတယ်။


"ကြားကာလ ဆိုတာ တခြားပြောတာ မဟုတ်ပါဘူး.. အခုတော်လှန်ရေးကာလ ပါပဲ.. တနည်းအားဖြင့် NUG ဆိုတာ ကြားကာလအစိုးရ၊ တော်လှန်ရေးအစိုးရလို့ ပြောရင်လည်း မမှားပါဘူး။အသွင်ကူးပြောင်းရေးကာလဆိုတာ.. ဖက်ဆစ်အာဏာရှင်တွေကို အနိုင်တိုက်ပြီးနောက် စတင်လာမည့် ကာလအပိုင်းအခြားလို့ မှတ်ယူနိုင်ပါတယ်..။တော်လှန်ရေးနိုင်ပြီးသည့်တိုင် အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပီပီပြင်ပြင် မီးရှုးသန့်စင်မွေးဖွားလာရေး စပ်ကူးမတ်ကူးကာလ တခုကို မဖြစ်မနေ ကျော်ဖြတ်ရပါဦးမယ်။အဲဒီကာလကို အသွင်ကူးပြောင်းရေးကာလ လို့ ခေါ်တာပါပဲ.. အဲဒီအချိန်မှာ NUG ဆိုတာ မရှိတော့ပါဘူး.. သူ့အစား T-NUG ဆိုတာ ပေါ်ပေါက်လာမှာဖြစ်ပြီး NUG နေရာကို အစားထိုးဆက်ခံမှာပဲ ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


NUG နဲ့ T-NUG ဟာ အသွင်သဏ္ဍာန်၊ အနှစ်သာရ၊ စုဖွဲ့မှု၊ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေက လုံးဝမတူ၊ ကွဲပြားခြားနားမှာ ဖြစ်တယ်လို့လည်းဝန်ကြီးကဆိုပါတယ်။


ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း() အခန်း()အပိုဒ်၅၆တွင်ဖော်ပြချက်အရ ကြားကာလ လွန်မြောက်သည်နှင့် အင်အားစုအသီးသီး ပိုမိုကျယ်ပြန့်စွာ ပါဝင်သော အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ ( Transitional National Unity Government - TNUG ) ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ဖွဲ့စည်းပေးရမည်လို့ဖော်ပြပါရှိပါတယ်။


အပိုဒ်၅၇အရ တဆက်တည်းမှာပင် အမျိုးသားညီညွတ်ရေးအစိုးရက အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ ကို လုပ်ပိုင်ခွင့် တာဝန် လွှဲပြောင်းအပ်နှင်း ရမည်လို့ဆိုထားပါတယ်။


========================


📌📌 ၃။ NUG ဝန်ကြီး ဒေါက်တာတူးခေါင်က ကွယ်လွန်သွားတဲ့ ကေအိုင်အေ စစ်ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း ဝမ်းနည်းစကား ထုတ်ပြန်


Radio NUG, မေ ၁၄


NUG အစိုးရ၏ ဝန်ကြီး ဒေါက်တာတူးခေါင်က  နွေဦးတော်လှန်ရေးရဲ့ စစ်ဒေသ () မှူး ဒူကဘာ ခေါင်လွမ်း (ဝါ) ဂွတို ဆိုတဲ့ ခေါင်းစဉ်နဲ့ ကွယ်လွန်သွားတဲ့ စစ်ဦးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းကို အလေးပြုတဲ့ ဝမ်းနည်းမှတ်တမ်းကို ၎င်း၏ ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။


ဒေါက်တာတူးခေါင်ရေးသားထားတဲ့ဆီမှာ တိုင်းရင်းသားမဟာမိတ်တွေ စစ်ရေး နိုင်ငံရေးခေါင်းဆောင်တွေက နွေဦးတော်လှန်ရေးအတွက် NUG နဲ့ လက်တွဲပြီး မည်သို့ ဆောင်ရွက်နေကြောင်းကို ဖွင့်ဟရေးသားထားတာကို တွေ့ရပါတယ်။


ဒေါက်တာတူးခေါင်ရေးသားချက်တွေကို အခုလို ပြန်လည် ဖော်ပြလိုက်ပါတယ်။


၂၀၂၁ မှစ နွေဦးတော်လှန်ရေး အတွက် စစ်ရေးဖေါ်ဆောင်ဖို့ စစ်ဒေသမှူးတာဝန်ထမ်း ကတည်းက စစ်ကိုင်းနယ်ထဲထိ မြေပြင်ကွင်းဆင်းပြီး ကိုယ်တိုင်စီမံနေရတာနဲ့ ဆေးကုဖို့အချိန် နှစ် လင့်ခဲ့တယ်။ KIA စစ်မြေပြင်မှာတောင်သူ့လို ဒုဗိုလ်ချုပ်ကြီးအဆင့်များ မြေပြင်ထိဆင်းပြီး စီမံတာ သိပ်မရှိပါဘူး။ က သုံးလုံး ဒေသကို အခုလို အချိန်တိုအတွင်း လွတ်မြောက်ဒေသအဖြစ် စနစ်တကျ ဖေါ်ဆောင်နိုင်တာဟာ သူ့ရဲ့ စစ်ရေး လုံခြုံရေး စွမ်းရည်ကြောင့်လဲ ပါပါတယ်။ စစ်ရေးအတွေ့အကြုံ မရှိပဲ တော်လှန်လိုစိတ် ပြင်းပျတဲ့ အညာဒေသက pdf များကို စနစ်တကျ စစ်ရေးဖေါ်ဆောင်နိုင်အောင် ကျနော့တူလေး (ကောလင်းကျ) အပါအဝင် KIA ဒူဂျွမ် အများအပြားကို နွေဦးတော်လှန်ရေး စစ်ဒေသ () အတွက် ဦးဆောင်စေခဲ့သူပါ။ ၂၀၂၃ မှစ KIA စစ်ဦးစီးချုပ်ရာထူး ရယူကတည်းက အခုထိ ရလာတဲ့ ကချင်ဒေသ အောင်ပွဲတွေဟာ သူ့ရဲ့ အကွက်ကျကျ စီမံနိုင်မှုတွေပါ။


၁၉၉၀ ကျော် အစောပိုင်းကာလ မှာ နာမည်ကြီးတဲ့ ကေအိုင်အေ စစ်ဦးစီးချုပ် ဒူကဘာ ပန်းအောင် ရဲ့ ဗျူဟာမြောက် တိုက်စစ်တိုင်းမှာ ဒူကဘာ ဂွမ်မော် နဲ့ အတူ ရှေ့တန်း ဖိုက်တာ များ ဖြစ်ကြပါတယ်။ ကျန်တဲ့အချိန် ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်ပေမယ့် စစ်ရေးနဲ့ပတ်သက်ရင် အင်မတန် လေးနက်သူ၊ လျှို့ဝှက်တဲ့နေရာ၊ အမိန့်ပေးတဲ့နေရာ တိကျသေချာလွန်းသူ။ အောက်လိုက်ငယ်သားများရဲ့ ယုံကြည်ခြင်း၊ ချစ်ကြောက်ရိုသေခြင်းခံရသူ ဖြစ်ပါတယ်။ စစ်ရေး ပရိယာယ် ကြွယ်ဝ သူအဖြစ်လဲ နာမည်ကြီးပါတယ်။


ရန်ကုန် တက္ကသိုလ် ကျောင်းသားဟောင်း ဒူကဘာကို ရင်းနှီးတဲ့ မိတ်ဆွေများက ချစ်စနိုး နဲ့ ဂွတို (ဝါ) ဒူကဘာ ဂွ လို့ ခေါ် ကြပါတယ်။ ကျောင်းသား ဘဝ က Bass guitar တီးသူအဖြစ်လဲ သိကြပါတယ်။ နှုတ်ဆက်ပါတယ် ဒူကဘာ၊ ပြုံးပြုံးလေးနဲ့ နှုတ်ဆက်တတ်သူ ဒူကဘာကို အမြဲ အမှတ်ရနေမှာပါလို့ ဒေါက်တာတူးခေါင်က ရေးသားထားပါတယ်။


========================


📌📌 ၄။ ရဟခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လိုလားချက်က လူမျိုးနှစ်ခု ပဋိပက္ခဆီကို ဦးတည်သွားတာဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးသတိပေး


မေလ၁၄


ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လိုလားချက်က လူမျိုးနှစ်ခု ပဋိပက္ခဆီကို ဦးတည်သွားတာဖြစ်တယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးက မေလ၁၄ရက်မှာ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီး ဦးအောင်ကျော်မိုးက ဆိုရှယ်မီဒီယာမှာ ဆိုထားပါတယ်။


"မောင်တော ရွှေရင်အေးရွာကို ဝင်ရောက် မီးရှို့ခဲ့တဲ့ အကြမ်းဖက်စစ်တပ်နဲ့ အတူ စစ်သင်တန်းဆင်း၊ စစ်ဝတ်စုံဝတ် ရိုဟင်ဂျာတွေလည်း ပါဝင်နေတာကို ပြန့်နှံ့လာတဲ့ ရုပ်သံဖိုင်တွေအရရော ရခိုင်ဒေသတွင်း သတင်းမီဒီယာတွေရဲ့ ဖော်ပြမှုအရရော သိရှိရတယ်။ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်တွေ လူမျိုးတိုင်းမှာ ရှိသလို ရိုဟင်ဂျာတွေမှာလည်း အများအပြားရှိနေတာကို ကျွန်တော့်အနေနဲ့ အရင်ကလည်း ငြင်းခဲ့တာ မရှိပါ။ အာဆာအဖွဲ့အပါအဝင် ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်ပြီး မတော်မတရား လုပ်နေတဲ့ အစွန်းရောက်အဖွဲ့တွေ အကြောင်းလည်း ကျွန်တော် ယခင်ကတည်းက ပစ်ပစ်ခါခါ ကြိမ်ဖန်များစွာ ဝေဖန်ရှုတ်ချခဲ့တာတွေကို အားလုံးလည်း အသိပဲဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့ လက်ပါးစေ၊လက်ကိုင်တုတ်တွေနဲ့ သာမန်အရပ်သားပြည်သူတွေကို ခွဲခြားမြင်ဖို့ လိုပါတယ်။ အကုန်လုံးကို သိမ်းကျုံး စွပ်စွဲနေတာက ပဋိပက္ခကို ပိုလို့ တိုးစေမယ်ဆိုတာကိုလည်း သတိချပ်သင့်တယ်။ အကြမ်းဖက်စစ်တပ်ရဲ့ လိုလားချက်ကလည်း လူမျိုးနှစ်ခု ပဋိပက္ခဆီကို ဦးတည်သွားတာကိုပါ။ ဒါက်ိုလည်း သတိထားဖို့ လိုပါမယ်"လို့ ဒုဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင်ရိုဟင်ဂျာတွေရဲ့ လိုလားချက်က အာရကန်ပြည်ထဲ  ရိုဟင်ဂျာအပါအဝင် ရခိုင်၊ ဒိုင်းနက်၊ ခမီ၊ ကမန်၊ မြို၊ မရမာ၊ ချင်း၊ ဗမာနဲ့ ဟိန္ဒူတွေ အားလုံး တန်းတူညီမျှ ဒေသအကျိုးစီးပွားကို အတူတူ လုပ်ကိုင်ရင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ဖြစ်တယ်လို့ ဒုဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၅။ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်ကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ကော်မရှင်အား() သက်တမ်းတိုးမြှင့်ပေးခဲ့


မေလ၁၄ရက်


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၏ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ခုနှစ်၊ မေလ (၁၃)ရက်နေ့ ဗီဒီကွန်ဖရင့်မှ တဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


အစည်းအဝေးတွင်စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်ကို စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေ အခန်း() ပုဒ်မ(၁၃)အရ လုပ်ငန်းဆောင်ရွက်မှု အစီအရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ရှင်းလင်းတင်ပြမှုအပေါ်  ယူနစ်လွှတ်တော်ဥက္ကဌမှ မှတ်တမ်းအတည်ပြုခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက စစ်ကိုင်းဖက်ဒရယ် ယူနစ်၏ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ကြိုတင် ပြင်ဆင်မှုဆိုင်ရာဥပဒေ အခန်း() ပုဒ်မ(၁၂)အရကော်မရှင်၏ သက်တမ်းတိုးမြှင့်ပေးရန်တင်ပြလာမှုအပေါ်တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ကော်မရှင်အား() သက်တမ်းတိုးမြှင့်ပေးခဲ့ပါတယ်။


ထို့နောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၏ နိုင်ငံတကာအဖွဲ့အစည်းများ၊NGOsများ၊CSOsများနှင့် မဟာမိတ်ဆက်ဆံရေး တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ဆက်ဆံရေးကော်မတီကို ဖွဲ့စည်းအတည်ပြုရန် ဆုံးဖြတ်ခဲ့ပါတယ်။


အစည်းအဝေးတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌ၊ လွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။


========================


📌📌 ၆။ ထိုင်းရဲတပ်ဖွဲ့တွေက နယ်စပ်ဖြတ်ကျော် မြန်မာတွေကို ချင်းမိုင်ခရိုင်မှာ ဖမ်းဆီးနေဟုဆို


Radio NUG မေ ၁၄


ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ထဲက ချန်ကလန်နဲ့ မူအန် ချင်းမိုင်ခရိုင်ခွဲတွေကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးချိန်မှာ တရားဝင်အထောက်အထားမရှိဘဲနေထိုင်နေတဲ့ မြန်မာ ၂၇ ယောက်ကို သူတို့နေထိုင်တဲ့ နေအိမ်တွေကနေ ဖမ်းဆီးမိခဲ့တယ်လို့ ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံကိုအခြေပြုလှုပ်ရှားနေတဲ့ တရားမဝင်ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးနဲ့ နှိမ်နင်းရေးအတွက်ဆိုင်ပြီး ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မှာ ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးတာတွေလုပ်နေတယ်လို့ ဘီဘီစီ မြန်မာပိုင်းက သတင်းတင်ဆက်ထားပါတယ်။

စစ်ဆေးချိန်မှာလည်း ရွှေ့ပြောင်းနေထိုင်သူများတဲ့ နေရာ၆ ခုကို မေလ၁၃ရက်မှာ ဝင်စစ်ဆေးချိန် မြန်မာ ဆယ်နဲ့ချီ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတွေကလည်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဈေးဆိုင်၊စားသောက်ဆိုင်နဲ့ Spa တွေကို ဝင်စစ်ချိန်မှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့မြန်မာနဲ့လာအိုနိုင်ငံသားတချို့ ဖမ်းဆီးခံရတာလည်းရှိခဲ့ပါတယ်။

မြန်မာမှာအာဏာသိမ်းစစ်တပ်က အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ချိန်ကစပြီး ပြည်ပကို တရားဝင်ရော/ တရားမဝင်ပါ ထွက်ခွာမှုတွေရှိလာတဲ့နောက် ထိုင်းအာဏာပိုင်တွေ ဘက်ကလည်း တရားမဝင်နေထိုင်မှုတွေကို နိုင်ငံထဲကခရိုင်တိုင်းမှာ စစ်ဆေးတင်းကျပ်လာတာဖြစ်တယ်လို့ သတင်းဌာနက မှတ်ချက်ပေးထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊မင်းစစ်သွေး၊မင်းနွေဦးနှင့်ခါးရှဲလ်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်နှင့် အမှတ် () စစ်ဒေသ၏ စစ်ဒေသမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး R. ခေါင်လွမ်းကွယ်လွန်ခြင်းအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရမှ အထူးဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့


၂၀၂၄ခုနှစ်၊ မေလ ၁၄ ရက်


ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်နှင့် အမှတ် () စစ်ဒေသ၏ စစ်ဒေသမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး R. ခေါင်လွမ်း (Ruhkyau Hkawng Lum) သည် ၂၀၂၄ခုနှစ် မေလ ၁၃ ရက်နေ့ ညနေ ၆း၂၃ နာရီအချိန်တွင် ခရစ်တော်၌ အိပ်ပျော်သွားကြောင်း ကြားသိရသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အတိုင်းမသိဝမ်းနည်းကြေကွဲရပါသည်။ 

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)သည် မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ အရင်းနှီး ဆုံးသော မဟာမိတ်အဖွဲ့အစည်းကြီးတစ်ဖွဲ့ဖြစ်သလို စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် ယခု ပြည်သူ့တော်လှန်ရေးကြီးအတွက်၊ တိုင်းပြည်နှင့် လူထုအတွက် အဖိုးမဖြတ်နိုင်သည့် တော်လှန်ရေး တာဝန်များကို ဦးဆောင်၊ သယ်ပိုး၊ ထမ်းရွက်ခဲ့သည့် တပ်မှူးကောင်းကြီးတစ်ဦးဖြစ်ပါကြောင်း အလေးအနက် မော်ကွန်းတင်အပ်ပါသည်။

 အမှတ် () စစ်ဒေသကို မြေပြင်တွင် ကိုယ်တိုင်ကိုယ်ကျ ဦးစီးဦးဆောင်ကာ စုဖွဲ့၊ ကွပ်ကဲခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးသည် အမှတ် () စစ်ဒေသနယ်မြေအတွက်သာမက တနိုင်ငံလုံး၏ ခုခံ တွန်းလှန် စစ်ကဏ္ဍအတွက် အထူးအရေးပါသည့် ဦးဆောင်မှုလည်း ပြုခဲ့သူဖြစ်သည်။

 နှစ်ပေါင်း (၃၅) နှစ်ကျော် ဖြတ်သန်းခဲ့သည့် တော်လှန်ရေးအတွေ့အကြုံ ရင့်ကျက်ပြည့်ဝသော ဒုတိယဗိုလ်ချုပ်ကြီးသည် အမျိုးသားရေးတာဝန်၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လွတ်လပ်မှု အတွက် ကြိုးပမ်းတိုက်ပွဲဝင်မှု တာဝန်အသီးသီးကို ကျေပွန်သည်ထက် များစွာပိုလွန်ကာ ထမ်းဆောင်ခဲ့ပြီးလည်း ဖြစ်ပါသည်။

 ဤကဲ့သို့သော တပ်မှူးကောင်းကြီးတစ်ဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး R. ခေါင်လွမ်းကို ဆုံးရှုံးရမှုသည် ကချင်အမျိုးသားထုအတွက်သာမက မိမိတို့ တိုင်းပြည်နှင့် လူထုတရပ်လုံးအတွက် ပြန်လည်အစားထိုးခြင်းငှါ မစွမ်းသာသော ဆုံးရှုံးမှုကြီးဖြစ်ပြီး ကာယကံရှင် မိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်းရပါကြောင်း လေးနက်စွာဖော်ပြလိုပါသည်။

 အမျိုးသားညီညွတ်ရေးအစိုးရသည် ဒုတိယဗိုလ်ချုပ်ကြီး ဦးဆောင်ခဲ့သည့် စစ်ရေးကဏ္ဍကို အကောင်းမွန်ဆုံးဖြစ်အောင် ဆက်လက် ထိန်းသိမ်းမြှင့်တင်သွားမည်ဖြစ်သလို ဒုတိယဗိုလ်ချုပ်ကြီး မျှော်ရည်ခဲ့သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကြီးကို အဆောလျင်ဆုံး ပုံဖော်တည်ဆောက် နိုင်ရန် အတွက်လည်း အမျိုးသားညီညွတ်ရေးအစိုးရအ‌နေဖြင့် အစွမ်းကုန် ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်းကို ဤသဝဏ်လွှာနှင့်အတူ ထပ်လောင်း သန္နိဋ္ဌာန်ပြုအပ်ပါသည်။


========================


🚩🚩 ၂။ ရေဦးမြို့မှာ စစ်မှုထမ်းရန် ဖမ်းဆီးခံထားရသူများအနက် အချို့ထွက်ပြေးလွတ်မြောက်


စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းရန် စစ်ကောင်စီက ဖမ်းဆီးထားသူများအနက် ၁၁ ဦး ထွက်ပြေးလွတ်မြောက် သွားခဲ့တယ်လို့ ရေဦးမြောက်ပိုင်း ပကဖ ထံက သိရပါတယ်။

မေလ ရက်နဲ့ ၁၀ ရက်နေ့တို့မှာ ရေဦးမြို့၊ အထက () ကျောင်းဝင်းထဲ  စစ်မှုထမ်းဖို့ စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသား များအနက် ၁၁ ဦး ထွက်ပြေးလွတ်မြောက် လာခဲ့တာလို့ ရေဦးမြောက်ပိုင်း ပကဖ တာဝန်ခံ ကိုစိုးကြီးက ဆိုပါတယ်။

အဆိုပါ ထွက်ပြေးလာသူများဟာ အသက် ၂၀ ကျော်အရွယ်တွေဖြစ်ပြီး ရေဦးမြို့ပေါ်နဲ့ ကျေးရွာများက ဖြစ်ကာ နေအိမ်ကို ပြန်ဖို့ အခက်အခဲ ရှိတာကြောင့် ခိုလှုံခွင့် ပေးထားတယ်လို့ ပကဖ တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလအတွင်း ရေဦးမြို့ပေါ်မှာ အမျိုးသား ၈၀ ကျော်ကို စစ်မှုထမ်းရန် ဖမ်းဆီးခဲ့ပြီး စစ်မှုထမ်းဖို့ စာရင်းပါသူကော မပါသူများကိုပါ ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံထားရသူများမှာ အသက်ငယ်ရွယ် သူများသာမက အသက် ၄၀ ကျော်များနဲ့ အိမ်ထောင်သည် အမျိုးသားများပါ ပါဝင်တယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲထံက သိရပါတယ်။

ထို့သို့ဖမ်းဆီးနေမှုကြောင့် ရေဦးမြို့ပေါ်နဲ့ အနီးနားကျေးရွာများက အမျိုးသားများ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေထံက သိရှိရပါတယ်။

အလားတူ မေလ ၁၄ ရက် နံနက် :၀၀ အချိန်တွင် ပြည်သူများကို အဓမ္မပေါ်တာဆွဲဖမ်းဆီးထားသော ရေဦးမြို့ ..​က ကျောင်းထဲရှိ အဆိုပါ အကြမ်းဖက်စစ်အုပ်စုအား ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း၊ရေဦး PDF မှ Fixed-Wing Drone စီးဖြင့် ဗုံးသီး လုံးချ၍ တိုက်ခိုက်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုရှိရာနေရာသို့ ဗုံးသီးများကျရောက်ပေါက်ကွဲပြီး ဖရိုဖရဲဖြစ်နေစဉ် အတင်းအဓမ္မပေါ်တာဆွဲခံရသောပြည်သူများထဲမှ ဦးထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ယခုတိုက်ခိုက်မှုတွင် စစ်အုပ်စုအထိအခိုက်အကျအဆုံးကို စုံစမ်းဆဲဖြစ်ပြီး ထွက်ပြေးလွတ်မြောက်လာတဲ့ ပြည်သူ ၈ဦးကို ကူညီဆောင်ရွက်ပေးထားကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီပစ်ခတ်လိုက်သည့်လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ဦးသေဆုံးပြီး ဦးဒဏ်ရာရ


မေလ ၁၄

Radio NUG

မေ ၁၀ ရက်နေ့ နာရီ ဝန်းကျင်းတွင် စစ်ကောင်စီတပ် တပ်မ(၃၃) လက်အောက်ခံ ခမရ-၁၁၁ တပ်က တအာင်းပြည်၊ တပ်မဟာ ()စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာသို့ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ဒေသခံ ဦး ဒဏ်ရာရပြီး ဦးသေဆုံးခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။

 စစ်ကောင်စီတပ် တပ်မ(၃၃) လက်အောက်ခံ ခမရ-၁၁၁ တပ်က အုမ္မသီး ကျေးရွာမှ သုံးဆယ်ရွာသို့ လက်နက်ကြီး လုံး ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

ထိုကဲ့သို့ ပစ်ခတ်မှုကြောင့် ဦးစံရွှေ၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်းနေအိမ်အတွင်းနေထိုင်သူ ()ဦးအနက် ဦးသေဆုံးပြီး ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်နက်ကြီးထိမှန်ပြီး သေဆုံးသူ နှစ်ဦးမှာ ဦးစံရွှေ(အိမ်ထောင်ဦးစီ) အသက် (၆၂) နှစ်၊ မဝင်းဝင်းပြုံး အသက် (၂၄) နှစ် ဖြစ်ပြီး၊ ဒဏ်ရာရသူ လေးဦးမှာ ဦးစံရွှေ သမီးဖြစ်သူ ဆွေဆွေဝင်း အသက် (၂၁) နှစ်၊ ညီဖြစ်သူ ဦးလွန်ကြည့် အသက် (၆၀)နှစ်၊ သမက်ဖြစ်သူ မောင်အေးချမ်းနှင့်မောင်မြင့်ဇော်ဦး တို့ဖြစ်ပါတယ်။

ဒဏ်ရာရသူ ဦးအား ပြင်ဦးလွင်ဆေးရုံသို့ ပိုဆောင်းပေးခဲ့ပြီး သေဆုံးသူ ()ဦးကို ကျေးရွာပြည်သူများမှ မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ မွန်ပြည်နယ် အမှတ် ကားလမ်းမကြီးအပိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထား


မေ ၁၄

Radio NUG


မွန်ပြည်နယ် အမှတ် ကားလမ်းမကြီးအပိုင်းဖြစ်တဲ့ စုံနံ့သာကျေးရွာအနီးကို ရေးမြို့နယ်အခြေစိုက် လှုပ်ရှားနေတဲ့ ရေးဘီလူး တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်စိုးမိုးထားနိုင်တယ်လို့ ရေး ဘီးလူးက လူမှုစာမျက်နှာမှာ ရေးသားထားပါတယ်။

အဲဒီ အမှတ် ကားလမ်းမကြီး အနီးတဝိုက်မှာ စစ်ကောင်စီရဲ့ ၅၈၆ ခြေလျင်တပ်ရင်း၊ ၃၄၃ အမြှောက်တပ်ရင်းနဲ့ ၅၈၇ ခြေမြန်တပ်ရင်းတို့ ရှိခဲ့သလို ပျူစောထီးအများအပြားလည်း ရှိခဲ့ပြီး စစ်တပ်ဂိတ်နဲ့ မီတာ ၂ဝဝ လောက်သာ ကွာဝေးတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။

ရေးဘီလူးအဖွဲ့ဟာ မေလ ၅ရက်နေ့တုန်းကလည်း မွန်ပြည်နယ်အတွင်း ပြည်သူတွေဆီက လိုင်းကြေးယူပြီး ပြည်သူကိုဒုက္ခပေးနေတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲတစ်ယောက် ဘီယာထိုင်သောက်နေချိန်မှာ သွားရောက်ရှင်းလင်းခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊မင်းစစ်‌ သွေးနှင့် ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment