13th MAY 2024 - Morning Daily News by Radio NUG

 


၂၀၂၄ မေလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ လက်ထုထ္တောရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စစ်ကောင်စီ တပ်ရင်း ရင်းနဲ့ ပျူစောထီးများ ကျူးလွန်ခဲ့ကြောင်း လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာန ထုတ်ပြန် 

📌 ၂။ "ဓမ္မဘက်မှာရပ်တည်ပြီး ဓမ္မဘက်တော်သား သူရဲကောင်းတွေကိုမွေးဖွားပေးတဲ့ မိခင်များအားလုံးကျန်းမာကြစေဖို့" ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးဆုမွန်ကောင်းတောင်း

📌 ၃။ နွေဦးတော်လှန်ရေးခရီးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါရှိကြသော မိခင်များကို လေးစားစွာဖြင့် ဂုဏ်ပြုအပ်တယ်လို့ NUGတရားရေးဝန်ကြီးဌာနဖော်ပြ

📌 ၄။ အမေရိကန်ရောက် မြန်မာနိုင်ငံသားများ (၁၀၃) ကြိမ်မြောက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ


၂၀၂၄ ခုနှစ် မေလ ၁၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဆားတောင်နယ်မြေရဲစခန်းအား  Fix Wing Drone ဖြင့် ဗုံးသီး လုံး ကြဲချ တိုက်ခိုက်ခဲ့

🚩 ၂။ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ရေမျက်နီ နယ်မြေရဲစခန်းမှ ရေခပ်ဆင်းလာသော စစ်ကောင်စီတပ်သားများအား ကာကွယ်ရေးတပ်များပစ်ခတ်

🚩 ၃။ ဘုတလင်မြို့မ ရဲစခန်းမှ ထွက်လာသောစကစတပ်ဖွဲ့ဝင်တစ်ဦး ကာကွယ်ရေးတပ်ဖွဲ့ကပစ်၍သေဆုံး

🚩 ၄။ အုန်းတောရွာတွင် အခိုင်အမာ တပ်စွဲထားပြီး ငွေကြေး ကောက်ခံနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့

🚩 ၅။ စစ်ကောင်စီတပ်သား ၄၁ ဦးကို MNDAA ပြန်လွှတ်

🚩 ၆။ ဒီပဲယင်းမြို့နယ် မန်ကျည်းအုပ်ကျေးရွာလေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ပြည်သူ () ဦးနှင့် ရဲဘော် ()ဦး ထိခိုက်ကျဆုံးခဲ့ရ

🚩 ၇။ လက်နက်နှင့်တကွအလင်းဝင်လာသူ စကစတပ်ဖွဲ့ဝင်အချို့အား ကျားဖြူတပ်ခွဲ၁က ဆုကြေးများချီးမြှင့်ပေးအပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လက်ထုထ္တောရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စစ်ကောင်စီ တပ်ရင်း ရင်းနဲ့ ပျူစောထီးများ ကျူးလွန်ခဲ့ကြောင်း လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာန ထုတ်ပြန် 


မေလ ၁၂ ရက်။


Radio NUG


စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္ထောရွာမှာ ဒေသခံပြည်သူ ၃၀ ကျော်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုကို စစ်ကောင်စီရဲ့ တပ်ရင်း ရင်းနှင့် ပျူစောထီးများက ကျူးလွန်ခဲ့ခြင်းဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


စစ်ကောင်စီရဲ့ အမှတ် (၁၃) ခြေမြန်တပ်ရင်း၊ အမှတ် (၉၀၉) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၉၂၉) ထောက်ပံရေးနှင့် ဆက်သွယ်ရေး တပ်ရင်းနဲ့ ပျူစောထီး အဖွဲ့ဝင်များက မေလ ၁၁ ရက်နေ့ မနက် နာရီ ခန့်မှာ လက်ထုတ္ထောရွာကို ပိတ်ဆို့ပြီး လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒေသခံ အမျိုးသား ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


ထို့နောက် အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့များက ကျေးရွာဘုန်းကြီးကျောင်းမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ အရပ်သား ပြည်သူများကို ဖမ်းဆီးခဲ့ပြီး အမျိုးသား ၂၄ ဦး နှင့် အမျိုးသမီး ဦးတို့အား ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက အသိပေး ဖော်ပြပါတယ်။


သေဆုံးသူများတွင် အသက် ၁၅ နှစ်မှ ၆၀ အရွယ်ထိ ပါဝင်ပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ပြည်သူ ၁၇ ဦးကို ဆေးရုံသို့ ပို့ဆောင်နေစဉ် လမ်းမှာ ဦး ထပ်မံသေဆုံးခဲ့တာကြောင့် စုစုပေါင်း ပြည်သူ ၃၂ ဦးအထိ သေဆုံးခဲ့ရတယ်လို့ သိရှိရပါတယ်။


စစ်ကောင်စီက လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်နေပြီး အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများကို ဆင်ခြင်တုံတရား ကင်းမဲ့စွာ ကျူးလွန်မှုများကို လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာန အနေဖြင့် ပြင်းထန်စွာ ရှုတ်ချထားပြီး တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ "ဓမ္မဘက်မှာရပ်တည်ပြီး ဓမ္မဘက်တော်သား သူရဲကောင်းတွေကိုမွေးဖွားပေးတဲ့ မိခင်များအားလုံးကျန်းမာကြစေဖို့" ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးဆုမွန်ကောင်းတောင်း


မေလ ၁၂ရက်။


"ဓမ္မဘက်မှာရပ်တည်ပြီး ဓမ္မဘက်တော်သား သူရဲကောင်းတွေကိုမွေးဖွားပေးတဲ့ မိခင်များအားလုံးကျန်းမာကြစေဖို့" ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးဆုမွန်ကောင်းတောင်းဆိုလိုက်ပါတယ်။


မေလ၁၂ရက်မှာ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးက ဆိုရှယ်မီဒီယာမှာဆိုပါတယ်။


"ဓမ္မဘက်မှာရပ်တည်ပြီး ဓမ္မဘက်တော်သား သူရဲကောင်းတွေကိုမွေးဖွားပေးတဲ့ မိခင်များအားလုံး မိခင်များနေ့မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက် စစ်တပ်မှ နိူင်ငံတော်အာဏာလုယူပြီးနောက် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများတွင် အမျိုးသမီးများလည်းပါဝင်ခဲ့ပြီး မိခင်များလည်းပါဝင်ခဲ့ပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေးခရီးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါရှိကြသော မိခင်များကို လေးစားစွာဖြင့် ဂုဏ်ပြုအပ်တယ်လို့ NUGတရားရေးဝန်ကြီးဌာနဖော်ပြ


မေလ ၁၂ရက်။


နွေဦးတော်လှန်ရေးခရီးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါရှိကြသော မိခင်များကို လေးစားစွာဖြင့် ဂုဏ်ပြုအပ်တယ်လို့ NUGတရားရေးဝန်ကြီးဌာနဖော်ပြလိုက်ပါတယ်။


မေလ၁၂ရက် အပြည်ပြည်ဆိုင်ရာ အမေများနေ့၌ ကျွန်ုပ်တို့နိုင်ငံ၏ နွေဦးတော်လှန်ရေးခရီးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါရှိကြသော မိခင်များကို လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါတယ်လို့ NUGတရားရေးဝန်ကြီးဌာနကဖော်ပြပါတယ်။


မြန်မာပြည်သူများ၏ တရားမျှတမှု၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီဖယ်ဒရယ်ရရှိရေး တိုက်ပွဲများတွင် ရဲရင့်သောမိခင်များလည်း ပါ၀င်သလို ရဲရင့်သောမိခင်များမှ မွေးထုတ်ပေးသော ရဲဘော်များသည်လည်း ရှေ့တန်းမှ ရပ်တည်နေကြတယ်လို့ဖော်ပြပါတယ်။


အမေများနေ့သည် နွေဦးတော်လှန်ရေးတွင် နေရာပေါင်းစုံမှ ပါဝင်နေကြသည့် သူရဲကောင်းများ၏ မိခင်များနှင့်တကွ ကမ္ဘာတစ်ဝှမ်းရှိ မိခင်များ၏ ခြွင်းချက်မရှိသော ချစ်ခြင်းမေတ္တာ၊ ရဲရင့်ခိုင်မာသော ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြရမည့် အချိန်ဖြစ်တယ်လို့ဆိုပါတယ်။


မိခင်များ၏ ခြွင်းချက်မရှိသော ချစ်ခြင်းမေတ္တာ၊ အတိုင်းအဆမရှိ မိသားစုကို ပြုစုစောင့်ရှောက်မှု၊ အနစ်နာခံ ပေးဆပ်မှုများကို အမှတ်ရရင်း အမေများနေ့ကို ဂုဏ်ပြုကြိုဆိုလိုက်တယ်လို့ ဖော်ပြပါတယ်။


========================


📌📌 ၄။ အမေရိကန်ရောက် မြန်မာနိုင်ငံသားများ (၁၀၃) ကြိမ်မြောက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ


မေလ ၁၂ ရက်။


Radio NUG


အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ စစ်အာရှင် ဆန့်ကျင်ရေး (၁၀၃) ကြိမ်မြောက် ဆန္ဒပြလှုပ်ရှားမှုကို အမေရိကန်ရောက် မြန်မာနိုင်ငံသားများက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


မေလ ၁၂ ရက်နေ့က ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဖရန်စစ္စကို မြို့တော်ခန်းမရှေ့မှာ Free Burma Action Committee-Northern California အဖွဲ့က ဦးဆောင်ပြီး " တောင်တန်း မြေပြန့် စုစည်းအားနဲ့ လမ်းဆုံး ပန်းတိုင် တက်လှမ်းကြမည် " ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


ဆန္ဒပြ မြန်မာနိုင်ငံသားများက "တသံတည်းညီ တချီထဲရုန်း" "ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်" "Free Burma" "ICC / ICJ Arrest Min Aung Hlaing" "နွေဦးတော်လှန်ရေး ငါတိုနိုင်မှာ" စတဲ့ စာသားများကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဆိုပါတယ်။


အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို Free Burma Action Committee - Northern California အဖွဲ့အပြင် နွေဦးတော်လှန်ရေး အင်အားစုများ၊ ကျောင်းသား အင်အားစုများ၊ တိုင်းရင်းသား အင်အားစုများနှင့် ထောက်ပို့ ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဆားတောင်နယ်မြေရဲစခန်းအား  Fix Wing Drone ဖြင့် ဗုံးသီး လုံး ကြဲချ တိုက်ခိုက်ခဲ့


မေလ ၁၂ ရက်။


Radio NUG


စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်နယ်မြေ ရဲစခန်းကို Fix Wing Droneဖြင့် ဗုံးသီး()လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Phoenix Sagaing အဖွဲမှ မေလ (၁၂) ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။


မေလ ၁၂ ရက်နေ့ မနက် ၁၁ နာရီ အချိန်မှာ အဆိုပါ ဆားတောင် နယ်မြေရဲစခန်းကို  Fix Wing Drone များဖြင့် ဗုံးသီး လုံး ကြဲချခဲ့ရာ ရဲစခန်းအတွင်း ထိခိုက်ပျက်စီးမှုနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။


အဆိုပါ စစ်ဆင်ရေးအတွင်း ရဲစခန်းအတွင်းမှ စစ်ကောင်စီတပ်သားများက လက်နက်ငယ်များ ပြန်လည် ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပေမယ့် တော်လှန်ရေး တပ်သားများ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ စစ်ဆင်ရေးကို Phoenix Sagaing စစ်ကိုင်းမြို့နယ် .က.ဖ၊ စစ်ကိုင်းခရိုင် အမှတ် တပ်ရင်း၊ Royal Falcon Guerrilla Force Unicorn Guerrilla Force ကြောင်လက်သည်း(ဝက်လက်)တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ရေမျက်နီ နယ်မြေရဲစခန်းမှ ရေခပ်ဆင်းလာသော စစ်ကောင်စီတပ်သားများအား ကာကွယ်ရေးတပ်များပစ်ခတ်


မေလ၁၂ရက်။


ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ရေမျက်နီ နယ်မြေရဲစခန်းမှ ရေခပ်ဆင်းလာသော စစ်ကောင်စီတပ်သားများအား ကာကွယ်ရေးတပ်များပစ်ခတ်ခဲ့ပါတယ်။


မေလ၁၂ ရက်  မနက် (၆နာရီ၄၅)အချိန်ခန့်တွင် ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ရေမျက်နီရွာ ကပစ(၂၃) ခလရ(၅၀) ပူးပေါင်းအထိုင်ချတပ်စွဲထားသော ရေမျက်နီ နယ်မြေရဲစခန်းမှ ရေခပ်ဆင်းလာသော စစ်ကောင်စီတပ်သားများအား ချောင်းမြောင်း ပစ်ခတ်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၁၈)တပ်ရင်းကအတည်ပြုဆိုပါတယ်။


ထိတွေ့မှု (၁၅) မိနစ်ခန့် အပြန်အလှန် ထိတွေမှုရှိခဲ့ပြီး ရန်သူ့ဘက်မှ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 


အဆိုပါ ပစ်ခတ်မှုအား ဂန့်ဂေါခရိုင် အမှတ်(၁၈)တပ်ရင်းနှင့် ဂန့်ဂေါခရိုင်အမှတ်(၁၆) တပ်ရင်းတို့ ပူးပေါင်းပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြပါတယ်။


========================


🚩🚩 ၃။ ဘုတလင်မြို့မ ရဲစခန်းမှ ထွက်လာသောစကစတပ်ဖွဲ့ဝင်တစ်ဦး ကာကွယ်ရေးတပ်ဖွဲ့ကပစ်၍သေဆုံး


မေလ၁၂ရက်။


ဘုတလင်မြို့မ ရဲစခန်းမှ ထွက်လာသောစကစတပ်ဖွဲ့ဝင်တစ်ဦး ကာကွယ်ရေးတပ်ဖွဲ့က ပစ်၍သေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။


မေလ၁၂ရက် မုံရွာခရိုင်တပ်ရင်း(၂၀)BOB တပ်ရင်းမှ စစ်ဆင်ရေးကိုအတည်ပြုဆိုပါတယ်။


"မေလ ၁၂ ရက်မွန်းလွဲ ( )နာရီအချိန်တွင် ဘုတလင်မြို့နယ်, ဘုတလင်မြို့မ စခန်းမှ စကခ () လက်အောက်ခံ ခမရ - ၇၀၃ တပ်သား သိန်းသန်းဦးစခန်းနှင့် တစ်မိုင်ခန့်အကွာ မြောက်ဘက်သို့ ဦးတည်ကာ ဆိုင်ကယ်ဖြင့် ထွက်လာသဖြင့် မုံရွာခရိုင်တပ်ရင်း(၂၀)BOB တပ်ရင်းမှ ရဲဘော်များ နယ်မြေခံ ရဲဘော်တို့မှ ကြားဖြတ်ဝင်ရောက်ပစ်ခတ်ခဲ့တယ်"လို့ဆိုပါတယ်။


ပစ်ခတ်မှုကြောင့် တပ်သားသိန်းသန်းဦးဟာနေရာမှာပင်သေဆုံးပြီး စစ်ဆင်ရေးအောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။


========================


🚩🚩 ၄။ အုန်းတောရွာတွင် အခိုင်အမာ တပ်စွဲထားပြီး ငွေကြေး ကောက်ခံနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့


မေလ ၁၂ ရက်။


Radio NUG


စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာတွင် အခိုင်အမာ တပ်စွဲထားပြီး လမ်းသွားလမ်းလာ ပြည်သူများထံမှ ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Phoenix Sagaing အဖွဲ့မှ မေလ (၁၂) ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။


မေလ ရက်နေ့က အုန်းတော်ရွာ၊ ချစ်လေးစံ ပရိဘောဂ ဆိုင်အတွင်းမှာ ဘန်ကာများ တည်ဆောက်ပြီး အခိုင်အမာ တပ်စွဲကာ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေတဲ့ စစ်ကောင်စီ တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက Fix Wing Drone ဖြင့် ဗုံးသီး ()လုံး ကျဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို  Phoenix Sagaing Young Wolf (L.P.D.F) ဆရာကျောင်း ဒေါင်းမျိုးဆက် (PGZ) ဗိုလ်ချုပ်(ဝက်လက်) Phoenix (ဝက်လက်) ကြောင်လက်သည်း (ဝက်လက်) 

Unicorn Guerrilla Force Royal Falcon Guerrilla Force စစ်ကိုင်းခရိုင် အမှတ် တပ်ရင်းနဲ့ နယ်မြေခံ ပကဖများက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ရက်နေ့ ကလည်း စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာရှိ စစ်ကောင်စီရဲ့ အမှတ် (၆၀၀၅) တင့်ကားတပ်ရင်းကို  Fix Wing Drone ဖြင့် ဗုံးသီး () လုံး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။


========================


🚩🚩 ၅။ စစ်ကောင်စီတပ်သား ၄၁ ဦးကို MNDAA ပြန်လွှတ်


မေ ၁၂ရက်။

Radio NUG


ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်သား (၄၁)ဦးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ၂၀၂၄ခုနှစ် မေလ (၁၀)ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ကြောင်း တာချီလိတ်သတင်းမှာ ရေးသားထားချက်အရ သိရပါတယ်။


စစ်သုံ့ပန်း(၄၁)ဦးကို လုံခြုံရေးရုံးဝန်ထမ်းများမှ ခရိုင်သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးအပ်ပြီး ပြန်လည်ပို့ဆောင်ပေးခဲ့သည်ဟု ကိုးကန့်ဘာသာဖြင့် ယနေ့မေလ(၁၂)ရက်နေ့တွင် ဖော်ပြထားပြီး အသေးစိတ်ကိုမူ မသိရသေးပါဘူး။


၂၀၂၃ ခုနှစ် ဒီဇင်ဘာလကလည်း ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်သား (၄၉)ဦးကို MNDAA က ပြန်လွှတ်ပေးခဲ့ပါသေးတယ်။


MNDAA သည် လောက်ကိုင်မြို့၊ ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်း၊ ကွမ်းလုံနှင့် ကုန်းကြမ်းမြို့များကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်သားနှင့် မိသားစုဝင် (၁၀၀၀)ကျော် လက်နက်ချအညံ့ခံကာ ရာချီပြီး ဖမ်းဆီးရမိခဲ့သည်။ 


ကိုးကန့်ဒေသ ၁၀၂၇ စစ်ဆင်ရေးတွင် MNDAA AA TNLA BPLA နှင့် PDF တပ်များ ပါဝင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပါတယ်။


========================


🚩🚩 ၆။ ဒီပဲယင်းမြို့နယ် မန်ကျည်းအုပ်ကျေးရွာလေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ပြည်သူ () ဦးနှင့် ရဲဘော် ()ဦး ထိခိုက်ကျဆုံးခဲ့ရ


မေလ၁၂ရက်


ဒီပဲယင်းမြို့နယ် မန်ကျည်းအုပ်ကျေးရွာလေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ပြည်သူ () ဦးနှင့် ရဲဘော် ()ဦး ထိခိုက်ကျဆုံးခဲ့ရပါတယ်။


ဒီပဲယင်းမြို့နယ် မန်ကျည်းအုပ်ကျေးရွာကို မေလ၁၁ရက်စကစရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူ () ဦးနှင့် ရဲဘော် ()ဦး စုစုပေါင်း ()ဦး ထိခိုက်ကျဆုံးခဲ့ရပြီး(၂၃)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကအတည်ပြုပါတယ်။


ထိခိုက်ဒဏ်ရာရ (၂၃) ဦးထဲမှ ()ဦး စိုးရိမ်ရအခြေအနေရှိပြီး ခြေထောက်ပြတ်ထွက်ဒဏ်ရာရ()ဦးနှင့် လက်ပြတ်သွားသူ()ဦးရှိတယ်လို့သိရပါတယ်။


ထိခိုက်ကျဆုံးခဲ့ရသည့် ပြည်သူ()ဦးမှာ ဦးအုန်းသန်း၆၉နှစ် အရပ်သား၊ ကိုစံလင်း (၂၈)နှစ် အရပ်သားတို့ဖြစ်ကာရဲဘော်()ဦးမှာ ရဲဘော်ဥက္ကာဗိုလ်(၁၉)နှစ်၊ ရဲဘော်ကြယ်စင်(၁၈)နှစ်၊ ရဲဘော်ဘန့်ဘွေး(၂၅)နှစ်၊ ရဲဘော်ငဒေါင်(၂၁) တို့ဖြစ်ပါတယ်။


========================


🚩🚩 ၇။ လက်နက်နှင့်တကွအလင်းဝင်လာသူ စကစတပ်ဖွဲ့ဝင်အချို့အား ကျားဖြူတပ်ခွဲ၁က ဆုကြေးများချီးမြှင့်ပေးအပ်


မေလ၁၂ရက်


လက်နက်နှင့်တကွအလင်းဝင်လာသူ စကစတပ်ဖွဲ့ဝင်အချို့အား ကျားဖြူတပ်ခွဲ၁ကဆုကြေးများချီးမြှင့်ပေးအပ်ခဲ့ပါတယ်။


မေလ၁၂ရက်မှာ ကျားဖြူတပ်ခွဲ၁ကတရားဝင်အသိပေးဖော်ပြပါတယ်။


"အယူမသန် အမြင်မှန်နဲ့ ၊ပြည်သူ့မေတ္တာ ခံယူကာဖြင့် ၊သမိုင်းလည်းလှ ငွေလည်းရ"လက်နက်၊ခဲယမ်း အပြည့်အစုံနဲ့တကွ   ပြည်သူ့ရင်ခွင် ခိုဝင်လာသူများအား ကျွန်တော်တို့ ကျားဖြူတပ်ခွဲ()မှအမြဲတမ်း ကြိုဆိုနေလျက်ပါ"လို့ဆိုထားပါတယ်။


သတင်းထုတ်ပြန်ချက်ပြန်ချက်အရ သေနတ်နှစ်လက်နှင့်အလင်းဝင်လာသောစကစတပ်ဖွဲ့ဝင်နှစ်ဦးအား ကြိုဆိုလက်ခံခဲ့ပြီး ဆုကြေးငွေအသီးသီးပြန်လည်ပေးအပ်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment