1st JUN 2024 - Morning Daily News by Radio NUG

၂၀၂၄ မေလ ၃၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံရောက် မြန်မာလူထုတွေ့ဆုံပွဲမှာ ယာယီသမ္မတ ဒူဝါလရှီးလ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ဒေါက်တာတေဇာဆန်းတို့၏ ပုံတူပန်းချီကားများအား Auction ပြုလုပ်သွားမည်

📌 ၂။ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပမယ့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ (၇၉)နှစ်ပြည့် မွေးနေ့အလေးထားကြိုဆိုပွဲ ပြည်ထောင်စုဝန်ကြီးဦးစိုးသူရထွန်းနှင့် ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီးဦးကျော်မိုးထွန်းတို့ တက်ရောက်မယ်

📌 ၃။ ဧပြီလအတွင်းCDM ဝန်ထမ်း ၅၅ဦးကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကထောက်ပံ့ခဲ့

📌 ၄။ အကြမ်းဖက်စကစကို အာဂျင်တီးနားနိုင်ငံတော်ရဲ့ တရားရုံးမှာ တရားစွဲဆိုထားမှု မကြာမီမှာအမိန့်ချမှတ်နိုင်တဲ့ အဆင့်ကိုရောက်ရှိတော့မယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးအသိပေးဆို

📌 ၅။ ကိုရီးယားနိုင်ငံ ဟွာဆောင်းနိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းမှာ တစ်နှစ်ကျော် ထိန်းသိမ်းခံထားရသည့် ဗီဇာမဲ့နေထိုင်သူ မြန်မာနိုင်ငံသားတစ်ဦး ပြန်လည်လွတ်မြောက်ရန် NUGကိုယ်စားလှယ်ရုံးဆောင်ရွက်ပေးခဲ့

📌 ၆။ ရှမ်းပြည်မြောက်ပိုင်းတွင် လတ်တလောဖြစ်ပေါ်နေသော ပြဿနာများနှင့် ပက်သက်၍ SSPP/SSA သဘောထားထုတ်ပြန်

📌 ၇။ တအာင်းပြည်တွင်းရှိ လည်ပတ်လျက်ရှိသည့် သတ္တုလုပ်ငန်း၊ အခြားပုဂ္ဂလိကလုပ်ငန်းများနှင့် ပတ်သက်ပြီး TNLA ထုတ်ပြန်


၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တောင်ပိုင်းစစ်ဒေသ၊ အမှတ်() စစ်ဒေသခွဲ၊ ဒရုန်းလက်ရုံးတပ် ဒရုန်းနည်းပညာသင်တန်း ပုံရိပ်များထုတ်ပြန်

🚩 ၂။ ပြည်သူလူထုထံကနေ လက်နက်ခဲယမ်းဖိုး ကောက်ခံတာမရှိဘူးလို့ PNLA ထုတ်ပြန်

🚩 ၃။ ချောင်းဦးမြို့နယ် ကင်းမွန်တော် ပျူရွာအတွင်းသို့ ဒရုန်းနှင့် ဗုံးကြဲချတိုက်ခိုက်

🚩 ၄။ မုံရွာမြို့ပတ်လမ်းမှာ အိမ်စီးကားနဲ့ ကင်းလှည့်နေတဲ့ ရဲတွေကို ပစ်ခတ်ခဲ့ရာ ဦးသေဆုံးပြီး သေနတ် လက်ရရှိ

🚩 ၅။ ငဖဲမြို့နယ် ကပစ-၁၄ ရှိ ဂိတ်ကင်းစခန်းအား တိုက်ခိုက်

🚩 ၆။ ကျောက်တံခါးမြို့နယ်အပိုင် ရိုးမဖြတ်လမ်းပိုင်းမှာ ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်သား ၃၅ ဦးသေဆုံးကာ PDF ဦး ကျဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံရောက် မြန်မာလူထုတွေ့ဆုံပွဲမှာ ယာယီသမ္မတ ဒူဝါလရှီးလ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ဒေါက်တာတေဇာဆန်းတို့၏ ပုံတူပန်းချီကားများအား Auction ပြုလုပ်သွားမည်


မေလ၃၁ရက်။


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံရောက် မြန်မာလူထုတွေ့ဆုံပွဲမှာ ယာယီသမ္မတ ဒူဝါလရှီးလ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ဒေါက်တာတေဇာဆန်းတို့၏ ပုံတူပန်းချီကားများအား Auction ပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၏ Australia ခရီးစဉ်အတွင်း Brisbaneမြို့ရှိ မြန်မာပြည်ဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်တွေ့ဆုံ၍ နွေဦးတော်လှန်ရေး၏ တိုးတက်ပြောင်းလဲလာမှုများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ဆောင်ချက်များအား ရှင်းလင်းတင်ပြရန် လူထုနှင့်ရင်းနှီးစွာတွေ့ဆုံဆွေးနွေးပွဲအား ဇွန်လ()ရက် စနေနေ့တွင် ကျင်းပသွားမှာဖြစ်ပါတယ်။


Brisbane မြို့နှင့် Queensland ပြည်နယ်တွင်းရှိ တော်လှန်ရေး အင်အားစုများ၊ တိုင်းရင်းသား အဖွဲ့အစည်းများအားလုံး တက်ရောက်ကြရန်ဖိတ်ကြားထားပါတယ်။


အဆိုပါတွေ့ဆုံပွဲတွင် တော်လှန်ရေးရံပုံငွေအတွက် စေတနာရှင်တစ်ဦးမှ လှူဒါန်းပေးသောနိုင်ငံတော်၏ ယာယီသမ္မကြီး ဒူဝါလရှီးလ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် နွေဦးတော်လှန်ရေး လူထုတိုက်ပွဲဦးဆောင်ခဲ့သူ ဒေါက်တာတေဇာဆန်းတို့၏ ပုံတူပန်းချီကားများအား Auction ပြုလုပ်သွားမည်ဖြစ်ကာ ရရှိလာသောရံပုံငွေများအား ပြည်တွင်းရှိစစ်ဘေးရှောင်ပြည်သူများ၏ လိုအပ်ချက်များအတွက် ထောက်ပံ့လှူဒါန်းသွားမယ်လို့သိရပါတယ်။


========================


📌📌 ၂။ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပမယ့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ (၇၉)နှစ်ပြည့် မွေးနေ့အလေးထားကြိုဆိုပွဲ ပြည်ထောင်စုဝန်ကြီးဦးစိုးသူရထွန်းနှင့် ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီးဦးကျော်မိုးထွန်းတို့ တက်ရောက်မယ်


မေလ ၃၁ရက်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာကျင်းပမယ့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏(၇၉)နှစ်ပြည့်မွေးနေ့အလေးထားကြိုဆိုပွဲ ပြည်ထောင်စုဝန်ကြီးဦးစိုးသူရထွန်းနှင့်ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့တက်ရောက်မယ်လို့သတင်းရရှိပါတယ်။


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒီမိုကရေစီမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်၏(၇၉)နှစ်မြောက်မွေးနေ့အား အလေးထားကြိုဆိုပွဲကို ဇွန်လ()ရက်နေ့ (စနေနေ့)တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ Greeley Square Park တွင်လေးနက်စွာကျင်းပပြုလုပ်ရန် NYCBC အဖွဲ့မှစီစဉ်ထားတယ်လို့သိရပါတယ်။


အမေစုမွေးနေ့အခမ်းအနားတွင် ဘာသာကြီးလေးခုကိုယ်စားပြုသူ ပုဂ္ဂိုလ်များမှ အမေစုနှင့်အတူ မတရားအဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများ၊ တောထဲရောက်နေသောပြည်သူ့ဘက်တော်သားများ၊ ပြည်တွင်းမှာပုံစံမျိုးစုံနှင့် တော်လှန်နေတဲ့ပြည်သူတွေအပါအဝင်၊ မြန်မာပြည်ကြီးတစ်ခုလုံး အာဏာရူးတွေနှင့်စနစ်ဆိုးကြီးအောက်က လွတ်မြောက်နိုင်ဖို့နှင့်၊ ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများအား ဆုတောင်းမေတ္တာပို့သပေးခြင်းကို လူထုနှင့်အတူပြုလုပ်မှာဖြစ်ပါတယ်။


ထို့နောက် ဖိတ်ကြားထားသော အထူးဧည့်သည်တော်များဖြစ်သော လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသူရထွန်း၊ ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် 2020ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တော်အချို့မှ အမေစုနှင့်ပတ်သက်၍ အမှတ်တရစကားပြောကြားခြင်းများ ပါဝင်မည့်အပြင်၊ တိုက်ပွဲဝင်ပြည်သူအားလုံးအတွက် ခွန်အားဖြည့်သီချင်းများသီဆိုခြင်းတို့ပါဝင်မယ်လို့သိရပါတယ်။


========================


📌📌 ၃။ ဧပြီလအတွင်းCDM ဝန်ထမ်း ၅၅ဦးကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကထောက်ပံ့ခဲ့


မေလ ၃၁ရက်။

ဧပြီလအတွင်း CDM ဝန်ထမ်း ၅၅ဦးကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကထောက်ပံ့ခဲ့ပါတယ်။


မေလ၃၁ရက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သတင်းလွှာအတွဲ () အမှတ်()မှာထုတ်ပြန်ဖော်ပြပါတယ်။


၂၀၂၄ ခုနှစ်အတွင်းCDMဝန်ထမ်း ၅၅ဦးအတွက် ၃၂၅၀၀၀၀ ကျပ်ထောက်ပံ့ခဲ့တယ်လို့ဖော်ပြပါတယ်။


ဒါ့အပြင်အလောင်းတော်ကဿပ အမျိုးသားဥယျာဥ်ရှိCDMဆင် ၂၇ကောင်အား ဒေါင့်သန်းရောဂါ ကာကွယ်ဆေးထိုးနှံခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စကစကို အာဂျင်တီးနားနိုင်ငံတော်ရဲ့ တရားရုံးမှာ တရားစွဲဆိုထားမှု မကြာမီမှာအမိန့်ချမှတ်နိုင်တဲ့ အဆင့်ကိုရောက်ရှိတော့မယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးအသိပေးဆို


မေလ၃၁ရက်။

အကြမ်းဖက်စကစကို အာဂျင်တီးနားနိုင်ငံတော်ရဲ့ တရားရုံးမှာ တရားစွဲဆိုထားမှု မကြာမီမှာ အမိန့်ချမှတ်နိုင်တဲ့အဆင့်ကိုရောက်ရှိတော့မယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။


မေလနောက်ဆုံးပတ် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction)နဲ့ပတ်သက်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားရာမှာထည့်သွင်းပြောပါတယ်။


"မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်မှုလမ်းကြောင်းကို အသုံးပြီးတော့ လက်ရှိအမှုတရားစွဲဆိုဖို့ကြိုးစားနေတဲ့ နိုင်ငံနှစ်နိုင်ငံရှိပါတယ်။ ပထမနိုင်ငံကတော့ အာဂျင်တီးနားနိုင်ငံဖြစ်ပါတယ်။ ရိုဟင်ဂျာပြည်သူတွေအပေါ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီးတော့ အာဂျင်တီးနားနိုင်ငံတော်ရဲ့ တရားရုံးမှာ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်းက တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တရားစွဲဆိုမှုကို လက်ခံထားရုံမကဘဲနဲ့ ကျူးလွန်ခံရတဲ့ ရိုဟင်ဂျာပြည်သူတွေကို ရုံးမှာ ထွက်ဆိုချက်ပြုလုပ်ခိုင်းတာ၊ ကြားနာမှုတွေလုပ်ဆောင်ပြီးတော့ မကြာမီမှာ အမိန့်ချမှတ်နိုင်တဲ့အဆင့်ကို ရောက်ရှိနေပါပြီ။ နောက်ထပ်တနိုင်ငံကတော့ တူရကီနိုင်ငံမှာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ထားတဲ့ နှိပ်စက်ညှင်းပန်းမှုတွေကို စနစ်တကျစုဆောင်းပြီးတော့ တူရကီနိုင်ငံရဲ့ နိုင်ငံတော်အဆင့်တရားခုံရုံးမှာ အမှုဖွင့်ပြီးကြားနာမှုတွေ ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင်ဖိလစ်ပိုင်နိုင်ငံနှင့် တီမောနိုင်ငံတို့တွင်လည်း ကမ္ဘာလုံးဆိုင်ရာတရားစီရင်မှုယန္တရားကို အသုံးပြုကာ မြန်မာနိုင်ငံမှ အကြမ်းဖက်စစ်ခေါင်းဆောင်တွေကို ဆက်လက်တရားစွဲဆိုနိုင်ဖို့လုပ်ဆောင်လျက်ရှိတယ်လို့ဝန်ကြီးကဆိုပါတယ်။


အဆိုပါ စကစရဲ့အကြမ်းဖက် ကျူးလွန်မှုများကို ကမ္ဘာလုံးဆိုင်ရာ တရားစီရင်မှုယန္တရား အသုံးပြုတရားစွဲဆိုရာမှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တရားစွဲဆိုမှုများကိုကြိုဆိုထောက်ခံကာ ပူးပေါင်းဆောင်ရွက်မှုများလည်းရှိနေတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ ကိုရီးယားနိုင်ငံ ဟွာဆောင်းနိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းမှာ တစ်နှစ်ကျော် ထိန်းသိမ်းခံထားရသည့် ဗီဇာမဲ့နေထိုင်သူ မြန်မာနိုင်ငံသားတစ်ဦး ပြန်လည်လွတ်မြောက်ရန် NUGကိုယ်စားလှယ်ရုံးဆောင်ရွက်ပေးခဲ့


မေလ ၃၁ရက်။


ကိုရီးယားနိုင်ငံ ဟွာဆောင်းနိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းမှာ တစ်နှစ်ကျော် ထိန်းသိမ်းခံထားရသည့် ဗီဇာမဲ့နေထိုင်သူ မြန်မာနိုင်ငံသားတစ်ဦး ပြန်လည်လွတ်မြောက်ရန် NUGကိုယ်စားလှယ်ရုံးဆောင်ရွက်ပေးခဲ့တယ်လို့သတင်းရရှိပါတယ်။


မေလ၃၁ရက်မှာ ကိုရီးယားနိုင်ငံ NUGကိုယ်စားလှယ်ရုံးကအသိပေးဖော်ပြပါတယ်။


လွန်ခဲ့သည့် မေလ၂၉ရက်နေ့က ကိုရီးယားNUGကိုယ်စားလှယ်ရုံးသည် ဟွာဆောင်းနိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းမှာ တစ်နှစ်ကျော် ထိန်းသိမ်းခံထားရသည့် ဗီဇာမဲ့နေထိုင်သူ မြန်မာနိုင်ငံသားတစ်ဦး ပြန်လည်လွတ်မြောက်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


ဆိုးလ်လူဝင်မှုကြီးကြပ်ရေးရုံး၏ တောင်းဆိုမှုကြောင့် ကိုရီးယားNUGကိုယ်စားလှယ်ရုံး အလုပ်သမားရေးတာဝန်ခံမှ အဆိုပါ ဗီဇာမဲ့နေထိုင်သည့် မြန်မာနိုင်ငံသားနှင့်အတူ သွားရောက်၍ နိုင်ငံတွင်းမှထွက်ခွာခြင်းဆိုင်းငံ့ အမိန့်စာရွက်အား ထုတ်ယူခြင်းနှင့် ဆိုးလ်လဝကမှ မေးမြန်းသည့် မြန်မာပြည်တွင်း အခြေအနေများအား ရှင်းလင်းပြောပြပေးခဲ့တယ်လို့ သိရပါတယ်။


လဝကအရာရှိက ကာယကံရှင်၏ ထွက်ဆိုချက်များ မှန်ကန်ခြင်း ရှိ မရှိအား အတည်ပြုနိုင်ရန်အတွက် ယခုလို NUG ကိုယ်စားလှယ်ရုံးတာဝန်ခံအား လာရောက်ပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်းနှင့် NUG ကိုယ်စားလှယ်ရုံးအနေဖြင့်ပြုလုပ်သင့်သည်များကို အကြံပေး ပြောကြားခဲ့ပါတယ်။


လဝကအရာရှိက လဝကဖမ်းမိရာမှ ပြန်လွတ်လာကြသည့် G1-99 များ၊ Over Stayများအား အိမ်လိပ်စာ ရောင်းစားနေခြင်းများကို မိမိတို့ သိရှိထားကြောင်း၊ အဆိုပါ ကိစ္စများကို လဝကမှ ဖော်ထုတ်ကာ ပြစ်ဒဏ်ပေးသွားမည်ဖြစ်သဖြင့် ထိုသို့ ဆက်လက်၍ မလုပ်ကြရန် NUG ကိုယ်စားလှယ်ရုံးအနေနှင့် အသိပေး၊ တားမြစ်ပေးဖို့နှင့် ကိုယ်စားလှယ်ရုံးက အသိပေးတားမြစ်သော်လည်း မလိုက်နာသူများအား အရေးယူသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၆။ ရှမ်းပြည်မြောက်ပိုင်းတွင် လတ်တလောဖြစ်ပေါ်နေသော ပြဿနာများနှင့် ပက်သက်၍ SSPP/SSA သဘောထားထုတ်ပြန်


မေ ၃၁ ရက်။

Radio NUG

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA သည် တန်းတူရေးနှင့် မိမိကံကြမ္မာ မိမိဖန်တီးပိုင်ခွင့်ကို အာမခံချက်ရှိသည့် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာရေးအတွက် နှစ်ပေါင်းများစွာ အားသွန်ခွန်စိုက် ကြိုးပမ်းလာခဲ့ပြီး ရည်မှန်းချက်ပန်းတိုင်သို့ လျှောက်လှမ်းချီတက်ရာတွင်လည်း ပြည်သူလူထုအကျိုးကို ဦးထိပ်ထား၍ မဟာမိတ်အဖွဲ့များအကြားငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကို လက်ကိုင်ထားကာ ဗဟိုအဆင့်မှ အောက်ခြေတပ်များတိုင်အောင် လိုက်နာကျင့်သုံးစေရန် ထုတ်ပြန်ချက်များ၊ အမိန့်ကြေညာချက်များ စဉ်ဆက်မပြတ် ထုတ်ပြန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


လက်ရှိ နိုင်ငံရေး/စစ်ရေး ပြောင်းလဲမှု မြန်ဆန်တဲ့ အခြေအနေတွင်လည်း SSPP/SSA အနေနဲ့ နိုင်ငံရေးရပ်တည်ချက်မပြောင်းမလဲဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဖြေရှင်းရေးကို ပထမဦးစားပေးနည်းလမ်းအဖြစ် ကိုင်စွဲထားလျက် ရှိနေပါသည်။ ထိုကဲ့သို့ ကြိုးစားလုပ်ဆောင်ရာတွင် မဟာမိတ်အချို့၏ လုပ်ဆောင်ချက်များကြောင့် SSPP/SSA အပေါ် လူထုအထင်အမြင် လွဲမှားစေရုံသာမက နိုင်ငံရေးဂုဏ်သိက္ခာနှင့်ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူ"အားထိခိုက်စေသည့် ဖြစ်စဉ်များ အဆက်မပြတ် ဖြစ်ပေါ်နေသည်ကို ဝမ်းနည်းစွာတွေ့မြင်နေရတယ်လို့ ဆိုပါတယ်။


လတ်တလောအခြေအနေတွင် PSLF/TNLA နှင့် SSPP/SSAအကြား နယ်မြေအငြင်းပွားမှုကြောင့် နှစ်ဖွဲ့အကြား တင်းမာမှုများ ဖြစ်ပေါ်နေပါသည်။ ၄င်းနယ်မြေအငြင်းပွားမှု ပြဿနာနှင့် ပက်သက်၍ ၂၀၂၄ ခုနှစ် ဧပြီလ၂၁ ရက်နေ့တွင် ဗဟိုအဆင့်ထိပ်သီးကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထိုဆွေးနွေးချက်ရလဒ်များအား အောက်ခြေတပ်များ လိုက်နာဆောင်ရွက်နိုင်ရန် အမိန့်ထုတ်ပြန်ချက်များ ထုတ်ပြန်ထားခဲ့ပြီး ဖြစ်သော်လည်း PSLF/TNLA အနေဖြင့်ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လိုသည့် ဆန္ဒမရှိကြောင်း" လက်ရှိဖြစ်ပေါ်နေသော  ဖြစ်စဉ်များနှင့် PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး ဆိုသူမှ Media များသို့ 

ပြောကြားချက်များအရ သိသာထင်ရှားနေတယ်လို့ ဖော်ပြထားပါတယ်။


ထိုသို့ မဟာမိတ်ကျင့်ဝတ်မဲ့စွာ နိုင်ငံရေးအသာစီးရလိုမှု၊ လူမျိုးရေးခွဲခြားဆက်ဆံလိုမှုတို့က ခွင့်လွှတ်သည်းခံနိုင်စွမ်းထက် ဘောင်ကျော်ကာ ပြုမူပြောဆိုသည့်လုပ်ရပ်မှန်သမျှသည် မလိုလားအပ်သည့် စစ်ရေးအရဖြေရှင်းမှုများကို ဖိတ်ခေါ်ရာရောက်သည့်အတွက် လုံးဝ(လုံးဝ)ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။


========================


📌📌 ၇။ တအာင်းပြည်တွင်းရှိ လည်ပတ်လျက်ရှိသည့် သတ္တုလုပ်ငန်း၊ အခြားပုဂ္ဂလိကလုပ်ငန်းများနှင့် ပတ်သက်ပြီး TNLA ထုတ်ပြန်


မေ ၃၁ရက်။ 

Radio NUG

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - PSLF မှ တအာင်းပြည်ရှိ ပြည်သူများ၏ ရေရှည်အကျိုးစီးပွါး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ထိန်းသိမ်းရေးအတွက် ယခင် မြန်မာအစိုးရ အဆက်ဆက်လက်ထက် သက်ဆိုင်ရာ ဌာနအသီးသီးတွင် ခွင့်ပြုမိန့်/ လိုင်စင်/ အမိန့်စာ ရယူပြီး လည်ပတ်လျက်ရှိသည့် တအာင်းပြည်တွင်းရှိ သတ္တုလုပ်ငန်း၊ အခြားပုဂ္ဂလိကလုပ်ငန်းများနှင့် ပတ်သက်ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ပါတယ်။


ကြေညာချက်မှာ မြန်မာအစိုးရ အဆက်ဆက်လက်ထက် သက်ဆိုင်ရာဌာနအသီးသီးတွင် ခွင့်ပြုခဲ့သည့် ခွင့်ပြုမိန့်/ လိုင်စင်/ အမိန့်စာများကို အသိအမှတ်ပြုမှာမဟုတ်ဘဲ ထိုလုပ်ငန်းများကို ယာယီ ရပ်ဆိုင်းထားရမည်ဖြစ်ပြီး၊ သက်ဆိုင်ရာ လုပ်ငန်းများ ဆက်လက် လုပ်ကိုင်လိုပါက သတ်မှတ်ထားသည့်အတိုင်း ခွင့်ပြုချက်များကို ၂ဝ၂၄ ခုနှစ် နိုဝင်ဘာလ (၃၀)ရက် မတိုင်မီ နောက်ဆုံးထား ရယူလျှောက်ထားကြရမယ်လို့ ဖော်ပြထားပါတယ်။


သတ်မှတ်ထားသည့် ကာလအတွင်း ခွင့်ပြုချက်ရယူခြင်း မပြုပါက ထိုလုပ်ငန်းများ၊ လုပ်ငန်းနှင့် ဆက်စပ်သည့် အဆောက်အုံ၊ ပစ္စည်း အစရှိသည်များကို တအာင်းပြည်သူပိုင်အဖြစ် သိမ်းယူမည်ဖြစ်ပြီး ထိုလုပ်ငန်းလည်ပတ်ရန် ဆက်လက် ဆောင်ရွက်ပါက ဥပဒေအရ ထိရောက်စွာ အပြစ်ပေးအရေးယူသွားမယ်လို့ သိရပါတယ်။


ဒါ့အပြင် တအာင်းပြည်နယ်အတွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအတွက် စီမံချက်လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်နေဆဲကာလ ဖြစ်နေပါသဖြင့် မြေရှားသတ္တုလုပ်ငန်းကို စမ်းသပ်ရှာဖွေတိုင်းတာခြင်း၊ တူးဖော်ထုတ်လုပ်ခြင်း၊ အသေးစားထုတ်လုပ်ခြင်းနှင့် အကြီးစားထုတ်လုပ်ခြင်းများအား မည်သည့်လုပ်ငန်းရှင် တစ်ဦးတစ်ယောက်မှ လုပ်ကိုင်ဆောင်ရွက်ရန် ခွင့်ပြုမည် မဟုတ်ဘဲ အထက်ပါ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက PSLF/TNLA တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ တောင်ပိုင်းစစ်ဒေသ၊ အမှတ်() စစ်ဒေသခွဲ၊ ဒရုန်းလက်ရုံးတပ် ဒရုန်းနည်းပညာသင်တန်း ပုံရိပ်များထုတ်ပြန်


မေလ ၃၁ရက်။ 

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်()စစ်ဒေသခွဲ၊ ဒရုန်းလက်ရုံးတပ်ရှိ ရဲဘော်များအတွက် နည်းပညာနှင့်သင်ကြားရေးဌာနမှ ကြီးမှူးကျင်းပသော ဒရုန်းနည်းပညာများ တတ်မြောက်ကျွမ်းကျင်လာစေရန် သင်တန်းကို ..၂၀၂၄ မှ ..၂၀၂၄ ထိ တစ်လကြာ  လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။


လက်ရှိအချိန်ထိ စခန်းသိမ်းတိုက်ပွဲများတွင် ဝေဟင်ဒရုန်းစစ်ဆင်ရေးများသည် အထူးအရေးပါသည့်နေရာမှ ပါဝင်တိုက်ခိုက်လျက်ရှိနေပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသသည် နည်းပညာအင်အားဖြင့် 

စစ်ဆင်ရေးများ တိုးမြှင့်ဖော်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျှက်ရှိတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ ပြည်သူလူထုထံကနေ လက်နက်ခဲယမ်းဖိုး ကောက်ခံတာမရှိဘူးလို့ PNLA ထုတ်ပြန်


မေလ ၃၁ရက်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -PNLA အနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ ကာလတလျောက် လက်နက်ခဲယမ်းဖိုးအတွက်ဆိုပြီး ပြည်သူလူထုထံကနေ ငွေကြေးကောက်ခံတာမရှိဘူးလို့ PNLA က မေလ ၃၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်ထဲက မဲနယ်တောင်ဒေသက ကျေးရွာတွေမှာ PNLA က လက်နက်ခဲယမ်းဖိုးအတွက် ငွေကြေးကောက်ခံနေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး-PYO က မေလ ၂၈ ရက်မှာ ထုတ်ပြန်တဲ့ ရှမ်းပြည်တောင်ပိုင်း တိုက်ပွဲအခြေအနေကိုဖော်ပြခဲ့တာနဲ့ပတ်သက်လို့ PNLA က ရှင်းလင်းပြောဆိုလိုက်တာဖြစ်ပါတယ်။

မဲနယ်တောင်ဒေသမှာရှိတဲ့ တလျနွိုး၊ ကျောက္ကဆျား၊ ဗန်းကွန် စတဲ့ ကျေးရွာတွေမှာ ဇန်နဝါရီလ ရက်နေ့က လုံးဟီး (စံဖူး) ကျေးရွာမှာ ဖြစ်ပျက်သွားတဲ့ ပဋိပက္ခနဲ့စပ်လျဉ်းပြီး PNLA က ၎င်းတို့ဆုံးရှုံးသွားတဲ့ ကျည်ဆန်နဲ့ လက်နက်များအတွက် တအိမ်ထောင် ၅သောင်းကျပ်နှုန်းနဲ့ ကောက်ခံခဲ့တယ်လို့ PYO က ဖော်ပြခဲ့ရာ ဒီဖော်ပြချက်ဟာ သတင်းအချက်အလက် အမှားသာဖြစ်တယ်လို့ PNLA က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မသမာသူတွေက PNLA အမည်သုံးပြီး ငွေကြေးလိမ်လည်ကောက်ခံတာတွေ့ရင် တိုင်ကြားကြဖို့ ပြည်သူလူထုကို အသိပေးထားပါတယ်။PNLA အနေနဲ့ ပြည်သူလူထုထံကနေ ငွေကြေးကောက်ခံတာတွေမရှိပေမယ့် စစ်ကောင်စီတပ်ထံကနေ သိမ်းဆည်းရရှိခဲ့တဲ့ ကာဘိုင်သေနတ်များအတွက် လိုအပ်နေတဲ့ ကျည်တွေဖြည့်တင်းနိုင်ဖို့ ပြည်သူလူထုကို မေတ္တာရပ်ခံတောင်းဆိုခဲ့တာတော့ ရှိခဲ့ဘူးပါတယ်။


========================


🚩🚩 ၃။ ချောင်းဦးမြို့နယ် ကင်းမွန်တော် ပျူရွာအတွင်းသို့ ဒရုန်းနှင့် ဗုံးကြဲချတိုက်ခိုက်


မေလ ၃၁ရက်။ 

Radio NUG

မေလ ၃၀ ရက်နေ့ မနက် :၃၀တွင် ချောင်းဦးမြို့နယ်အတွင်းရှိ ကင်းမွန်တော် ပျူရွာအတွင်းသို့ မဟာမိတ်တို့၏ ပူးပေါင်းဒရုန်းစစ်ဆင်းရေးပြုလုပ်ခဲ့ကြောင်း Sagaing District Drone Force SSDFက သတင်းထုတ်ပြန်ပါတယ်။


ကင်းမွန်းတော်ပျူကျေးရွာအား Share Htoo Wow နည်း ပညာဒရုန်း များဖြင့် air bomb 10 လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ပျူ 5 ဦးထိခိုက်ဒဏ်ရာ ရရှိစေခဲ့တယ်လို့ သိရပါတယ်။


ဒရုန်း စစ်ဆင်းရေးကို SDDFနှင့်အတူ MSPDF မြင်းခြံခရိုင် တပ်ရင်း 8 CHU ဒရုန်း လက်ရုံးတပ် Meikhtila Special Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ မုံရွာမြို့ပတ်လမ်းမှာ အိမ်စီးကားနဲ့ ကင်းလှည့်နေတဲ့ ရဲတွေကို ပစ်ခတ်ခဲ့ရာ ဦးသေဆုံးပြီး သေနတ် လက်ရရှိ


မေလ ၃၁ရက်။

စစ်ကိုင်းတိုင်း မုံရွာမြို့က မြို့ပတ်လမ်းမှာ အိမ်စီးကားနဲ့ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဦးသေဆုံးပြီး သေနတ် လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Depeyin Local Mobile Team အဖွဲ့က ပြောပါတယ်။

မေလ ၃၀ ရက်နေ့ မနက် နာရီ ခွဲခန့်အချိန်က မုံရွာမြို့ပတ်လမ်းမှာ အိမ်စီးကားနဲ့ ကင်းလှည့်နေတဲ့ ရဲတွေလိုက်ပါလာတဲ့ ကားကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူတွေဟာ ရဲအုပ်ကျော်ဝင်းသူ၊ ရဲဒုတပ်ကြပ်ကျော်စွာ၊ ရဲတပ်သား သိန်းထိုက်စိုးနဲ့ ရဲတပ်သား ညီညီစိုးပိုင်တို့ဖြစ်ပြီး တော်လှန်ရေးအဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်ချိန်မှာ ရဲတွေဘက်က ပြန်ပစ်ချိန်တောင် မရလိုက်ဘူးလို့ သိရပါတယ်။

သေဆုံးသွားတဲ့ရဲ ဦးထံကနေ G-3 သေနတ်တလက်၊ MA4-1 တလက်၊ MA-13 လက်၊ မမ ကျည် ၅၀ တောင့်၊ 5 ပွိုင့် 56 နေတိုးကျည် ၁၁၈ တောင့်နဲ့ ဖုန်း လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Depeyin Local Mobile Team က ကိုမိုးကောင်း (DLMT) ဦးဆောင်တဲ့တပ်စိတ်၊ မုံရွာမြို့နယ် ပလဖအဖွဲ့နဲ့ ဘုတလင် Mobile Team တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၅။ ငဖဲမြို့နယ် ကပစ-၁၄ ရှိ ဂိတ်ကင်းစခန်းအား တိုက်ခိုက်


မေလ ၃၁ရက်။

Radio NUG

မေလ ၃၀ ရက်နေ့ နံနက်(:၃၀)တွင် မကွေးတိုင်း၊ ငဖဲမြို့နယ် ကပစ-၁၄ ရှိ ဂိတ်ကင်းစခန်းအား တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် - အရှို (CDF - Asho)က သတင်းထုတ်ပြန်ပါတယ်။


ငဖဲမြို့နယ်၊ ရှောက်တောင်ကျေးရွာအနီးရှိ ကပစ-၁၄ မှ အကြမ်းဖက် စစ်ကောင်စီ၏ တပ်သားများသည် ငဖဲမြို့နယ်ရှိ တောင်ပေါ်အုပ်စုကျေးရွာများအား ဈေးဝယ်ယူခွင့် ကန့်သတ်ခြင်း၊ ဂိတ်ကင်းဖြတ်သန်းမှုများတွင် အကြောင်းမဲ့ ငွေကြေးကောက်ခံခြင်းနှင့် အကျင့်ပျက် ရိုင်းပြမှုများ ပြုလုပ်နေသည့်အတွက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။


တိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်ကောင်စီတပ်သား()ဦး ပွဲချင်းပြီး သေဆုံးကာ အမ်အေ အမျိုးအစား သေနတ်( )လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ ကျောက်တံခါးမြို့နယ်အပိုင် ရိုးမဖြတ်လမ်းပိုင်းမှာ ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်သား ၃၅ ဦးသေဆုံးကာ PDF ဦး ကျဆုံး


မေလ ၃၁ရက်။

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်ထဲက ရိုးမဖြတ်လမ်းပိုင်းမှာ ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ရာမှာ အကြမ်းဖက်စစ်သား ၃၅ ဦး သေဆုံးကာ PDF ရဲဘော် ဦး ကျဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း- ၃၈၀၂ 

တပ်ခွဲ က အသိပေးထုတ်ပြန်ပါတယ်။ 

ကျောက်တံခါးမြို့နယ်အပိုင် ပဲခူးရိုးမထဲက မြို့ချောင်း - စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၁၂ မိုင်ကို တက်လာတဲ့ အကြမ်းဖက် စစ်သားတွေကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ဗျူဟာစစ်ကြောင်းက မေလ ၂၆ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား တဦးသေဆုံးပြီး တဦးဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

ထို့အတူ မေလ ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်မှာလည်း မြိုချောင်း - စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၁၇ မိုင်ကို စစ်ကား စီး နဲ့အတူ ခြေကျင်တက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးရဲဘော်တွေက 

ပဒေသာမိုင်း လုံးနဲ့ မိုင်းဆွဲပြီး ၄၀ မမ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ဦး ပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနောက် မေလ ၂၈ ရက်နေ့ မွန်းလွဲ နာရီခန့်မှာလည်း မြို့ချောင်း - စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၁၈ မိုင်အနီးက တော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီစခန်းနေရာကိုတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပဒေသာမိုင်း လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ အပြန်အလှန်ပစ်ခတ်မှုအတွင်း တော်လှန်ရေးရဲဘော် ကျော်ကြားနဲ့ ရဲဘော် မိုးစက်တို့ ကျဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။  

တိုက်ပွဲအတွင်းမှာ အကြမ်းဖက် စစ်တပ်ဘက်က စက်လက်နဲ့ လက်နက်ကြီးတွေအပါအဝင် ဒရုန်းတွေအသုံးပြု တိုက်ခိုက်ခဲ့တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ဘက်က လက်နက်အင်အားကွာခြားတာကြောင့် စခန်းကနေ ဆုတ်ခွာပေးလိုက်ရပြီး လက်လုပ်သေနတ် လက်နဲ့ ရှေ့ထွက်မိုင်း လုံး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မေလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခန့်မှာလည်း မြို့ချောင်း - စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၁၉ မိုင်ကိုတက်လာတဲ့ အင်အား ၁၀၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုတွေဟာ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၇ ဦးသေဆုံးကာ များစွာဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြို့ချောင်း - စိန်ကန့်လန့် ရိုးမဖြတ်လမ်းပိုင်းမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ နဲ့ အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တာကြောင့် ပြည်သူလူထုအနေနဲ့ ရိုးမအတွင်း သွားလာတာတွေမလုပ်ကြဖို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment