22nd MAY 2024 - Evening Daily News by Radio NUG

၂၀၂၄ မေလ ၂၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကနေဒါနိုင်ငံ၊ တိုရန်တိုတက္ကသိုလ်တွင် ကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ NUG ရဲ့ လက်ရှိဆောင်ရွက်နေသည့်အခြေအနေများကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ရှင်းလင်းပြောကြားခဲ့

📌 ၂။ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ငြိမ်းချမ်းတည်ငြိမ်မှု ဖြစ်ပေါ်စေရန် ဆန္ဒပြုအပ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့အထိမ်းအမှတ် အခမ်းအနားမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား

📌 ၃။ ရခိုင်ပြည်နယ်အတွင်းအရှိန်မြင့်လာသည့်အကြမ်းဖက်မှုများကို ရှုံ့ချကြရန်နှင့် လူ့အခွင့်အရေးချိုးဖောက်သူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ကြရန် အမေရိကန်အစိုးရတိုက်တွန်း

📌 ၄။ "တော်လှန်ကဆုန်ညောင်ရေသွန်းပွဲတော်" ကို မန္တလေးသပိတ်အင်အားစု ပါဝင်ဆင်နွှဲ

📌 ၅။ စစ်တွေမြို့မှာ မြို့ခံမှတ်ပုံတင်မဟုတ်သူတွေကို စစ်ကောင်စီ ရွေးဖမ်း

📌 ၆။ "မငိုနဲ့ တဲ့" short film ရက်အတွင်း 3.8 M facebook view ဖြစ်တဲ့ထိ အားပေးမှုရရှိခဲ့သည့်အပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် youtubeတွင်လည်း ကြည့်ရှုအားပေးကြဖို့ အဆိုတော်ဖြူဖြူကျော်သိန်း သတင်းစကားပါး


၂၀၂၄ ခုနှစ် မေလ ၂၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်တပ်က လိုင်ဇာဒေသကို လေယာဉ်နဲ့ဗုံးကြဲလို့ တရုတ်ဘက်က အချက်ပြမီးပစ်ကာ သတိပေး

🚩 ၂။ မာန်အောင်ကျွန်းမှာ နောက်ဆုံးခံတပ်အဖြစ် စစ်ကောင်စီပြင်ဆင်

🚩 ၃။ ပလက်၀နဲ့ ရသေ့တောင်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ရေတပ်သင်္ဘောတို့ကပစ်ခတ်မှုကြောင့် အရပ်သား () ဦး သေဆုံး 

🚩 ၄။ YRG စခန်းဝင်ရောက်စီးနင်းခံရ၍ သိန်း (၈၀၀) ဖိုးနီးပါး ဆုံးရှုံးပျက်စီး

🚩 ၅။ တကောင်းမြို့ဦး တိုက်ဘုရားနားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် () ဦးမှ PDF များ ကင်းပတ်ပြီး ဝင်ခဲ့သည်ဟု ပြော၍ ဓားဖြင့်ထောက်ပြီး ဓားပြတိုက်ကာ ပိုက်ဆံ သိန်းတစ်ရာနှင့် ရွှေတို‌ရွှေစများပါသွား

🚩 ၆။ မရမ်းကုန်း အောင်သပြေရဲဝင်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကနေဒါနိုင်ငံ၊ တိုရန်တိုတက္ကသိုလ်တွင် ကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ NUG ရဲ့ လက်ရှိဆောင်ရွက်နေသည့်အခြေအနေများကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ရှင်းလင်းပြောကြားခဲ့


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့၊ တိုရန်တိုတက္ကသိုလ် (University of Toronto ) Bahen Center ခန်းမတွင် ကျင်းပတဲ့ လူထုတွေ့ဆုံဆွေးနွေးပွဲတခုကို တက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဆိုပါ လူထုတွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လက်ရှိဆောင်ရွက်နေသည့်အခြေအနေများ၊ တိုးတက်မှုများအား တက်ရောက်လာသူများနှင့် ပွင့်လင်းမြင်သာစွာအပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

ထို့ပြင် မြန်မာနိုင်ငံ ဖက်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ရေးအတွက် ကနေဒါနိုင်ငံရှိ မြန်မာပြည်သူ၊ ပြည်သားများလုပ်ဆောင်နိုင်သည့် အခန်းကဏ္ဍများကိုလည်း အကြံပြုဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲသို့ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ရောက် မြန်မာပြည်သူပြည်သားများနှင့် မြန်မာ့အရေးစိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ငြိမ်းချမ်းတည်ငြိမ်မှု ဖြစ်ပေါ်စေရန် ဆန္ဒပြုအပ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့အထိမ်းအမှတ် အခမ်းအနားမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား


မေလ (၂၀) ရက်နေ့က နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်တွင် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့အထိမ်းအမှတ် အခမ်းအနား (Commemoration of the International Vesak Day) ကို ကျင်းပရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောကြားခဲ့ပါတယ်။

"မိမိတို့ မြန်မာနိုင်ငံတွင် မတရား အာဏာသိမ်းထားသည့် စစ်တပ်မှ ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများကြောင့် ဖြစ်ပွားလျက်ရှိသည့်၊ ပြည်သူများ ခံစားနေရသည့် ဆိုးရွားလှသော အခြေအနေများနှင့်လည်း ထင်ဟပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် မြတ်ဗုဒ္ဓ၏ တန်ဖိုးရှိသော အဆုံးအမများကို ယခင်ကထက် သာ၍ပင် သတိချပ်ရမည်ဖြစ်ကြောင်း၊ မြတ်ဗုဒ္ဓ၏ ဆုံးမသြဝါဒများအပေါ်  အခြေခံ၍ မေတ္တာကရုဏာပြန့်ပွားခြင်းကို ထိန်းသိမ်းရန် အထူးလိုအပ်ကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ငြိမ်းချမ်းတည်ငြိမ်မှု ဖြစ်ပေါ်စေရန် ဆန္ဒပြုပြီး အားလုံး ကျန်းမာ၊ ပျော်ရွှင်ကြစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် သာဓု () ကြိမ် ခေါ်ဆိုအပ်ပါကြောင်း" သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

အဆိုပါ ဗုဒ္ဓနေ့အထိမ်းအမှတ် အခမ်းအနားကို ကုလသမဂ္ဂဆိုင်ရာ သီရိလင်္ကာနှင့် ထိုင်း အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးတို့မှ နှစ်စဉ်ပူးပေါင်းကမကထပြု၍ ကျင်းပလေ့ရှိပါတယ်။


========================


📌📌 ၃။ ရခိုင်ပြည်နယ်အတွင်းအရှိန်မြင့်လာသည့်အကြမ်းဖက်မှုများကို ရှုံ့ချကြရန်နှင့် လူ့အခွင့်အရေးချိုးဖောက်သူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ကြရန် အမေရိကန်အစိုးရတိုက်တွန်း


ရခိုင်ပြည်နယ်အတွင်းအရှိန်မြင့်လာသည့်အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ မေလ (၂၁) ရက်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မက်သရူးမေလာက သတင်းထုတ်ပြန်လိုက်ပါတယ်။

"ရခိုင်ပြည်နယ်အတွင်း မြို့များ မီးရှို့ခံရခြင်းနှင့် ရိုဟင်ဂျာများသာမက ဒေသနေပြည်သူများ အိမ်ယာစွန့်ခွာရခြင်းများအပါအဝင် အရှိန်မြင့်လာသည့် အကြမ်းဖက်မှုများနှင့် လူမှုအသိုက်အဝန်းများအကြား တင်းမာမှုများအကြောင်း သတင်းများကြောင့် အမေရိကန်ပြည်ထောင်စုက လွန်စွာ စိုးရိမ်မိပါတယ်" လို့ ဖော်ပြပါတယ်။ 

ဤဖြစ်စဉ်များမှာ ရိုဟင်ဂျာများကို အတင်းအကြပ်စစ်မှုထမ်းဆောင်စေခြင်းနှင့် လုပ်ကြံသတင်း၊ သတင်းမှားနှင့် အမုန်းစကားများ ပြန့်နှံ့နေခြင်းများကဲ့သို့ စိတ်မအေးဖွယ်ရာသတင်းများ၏ နောက်ဆက်တွဲအဖြစ် ဆင့်ကဲပေါ်ပေါက်လာကြတယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်နှင့် နိုင်ငံအတွင်းရှိ အခြားနေရာများတွင် လူ့အသိုက်အဝန်းများအကြား တင်းမာမှုများကို လှုံ့ဆော်ပေးလေ့ရှိသည့် စစ်တပ်၏ အတိတ်က လုပ်ရပ်များအပြင် ရိုဟင်ဂျာများကို ပစ်မှတ်ထားပြီး ၄င်းတို့ ယခင်ကျူးလွန်ခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် အခြားသောရာဇဝတ်မှုများက ပြည်သူများအတွက် စိုးရိမ်ဖွယ် အန္တရာယ်ဖြစ်ကြောင်း မီးမောင်းထိုးပြနေပြီး လတ်တလောတွင် အရှိန်မြင့်လာသည့် အကြမ်းဖက်မှုများနှင့် လူမှုအသိုက်အဝန်းများအကြား တင်းမာမှုများက ကြမ်းကြုတ်ရက်စက်သောလုပ်ရပ်များ ယခုထက် ကျယ်ပြန့်စွာ ဖြစ်ပွားလာနိုင်ခြေရှိမှုကိုလည်း ပိုမိုမြင့်မားလာစေတယ်လို့ ဆိုပါတယ်။

အရပ်သားပြည်သူများကို အကာအကွယ်ပေးရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ အဟန့်အတားမရှိပေးအပ်ခွင့်ပြုရန် မြန်မာစစ်တပ်နှင့် တာဝန်ရှိသောလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို မိမိတို့ တောင်းဆိုပြီးအရှိန်မြင့်လာသည့် ယခုအကြမ်းဖက်မှုများကို ရှုံ့ချကြရန်၊ လူ့အခွင့်အရေးချိုးဖောက်သူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ကြရန်နှင့် အနာဂတ်တွင် ကြမ်းကြုတ်ရက်စက်မှုများ မဖြစ်ပွားစေရေးအတွက် အကြမ်းဖက်မှုများမှ ရှောင်ပြေးသူများကို အကာအကွယ်ပေးအပ်ကြရန် နိုင်ငံတကာမိတ်ဖက်များကိုလည်း မိမိတို့ အားပေးတိုက်တွန်းအပ်တယ်လို့ ဖော်ပြလိုက်တာပါ။

အသက်ဆုံးရှုံးရသူများနှင့် ကျန်ရစ်သူများအတွက် တရားမျှတမှုရှိစေရေး တိုးမြှင့်ဆောင်ရွက်ရန်သာမက ကြမ်းကြုတ်ရက်စက်မှုများအတွက် တာဝန်ရှိသူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် အမေရိကန်ပြည်ထောင်စုက ဆက်လက် သံန္နိဋ္ဌာန်ချထားပြီး နှိပ်စက်ကလူ ပြုမှုများ ကျူးလွန်သည့် စစ်တပ်နှင့် အခြားတာဝန်ရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း မိမိတို့ ဒဏ်ခတ်အရေးယူသွားမယ်လို့လည်း ဆိုထားပါတယ်။


========================


📌📌 ၄။ "တော်လှန်ကဆုန်ညောင်ရေသွန်းပွဲတော်" ကို မန္တလေးသပိတ်အင်အားစု ပါဝင်ဆင်နွှဲ


"တော်လှန်ကဆုန်ညောင်ရေသွန်းပွဲတော်" ကို မန္တလေးသပိတ်အင်အားစု ပါဝင်ဆင်နွှဲခဲ့ကြောင်း မေလ (၂၂) ရက်မှာ "မန္တလေးသပိတ်အင်အားစုက အသိပေးဆိုပါတယ်။

"ကဆုန်လပြည့်နေ့မြတ်မှာ မာရ်နတ်ကို အောင်မြင်တော်မူခဲ့ပါတယ်။ ဤနေ့ထူးနေ့မြတ်မှာ မာရ်နတ် ထက်ဆိုးရွားလှတဲ့ စစ်မာရ်နတ်အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို တော်လှန်နေသော ပြည်သူ့နွေဦးတော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်ပါစေကြောင်း တော်လှန်ဆုတောင်းညောင်ရေသွန်းလှုပ်ရှားမှုကို မန္တလေးသပိတ်အင်အားစုက ပြုလုပ်ခဲ့ပါတယ်။ အဘက်ဘက်က ဖိနှိပ်ထားမှုကြောင့် မွန်းကျပ်နေတဲ့ ပြည်သူလူထု ကို အယောင်ဆောင် ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပေး ပေမဲ့ပြည်သူလူထုရဲ့စစ်မှန်တဲ့ပျော်ရွှင်မှုကိုတွေ့ရမှာမဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ စစ်မှန်တဲ့ပျော်ရွှင်မှုကို စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းသွားမယ့်အချိန်ကာလရောက်ရင် ကျင်းပမယ့်ပွဲတွေမှာ တွေ့ရပါလိမ့်မယ်" လို့ ဆိုပါတယ်။

မြန်မာပြည်သူပြည်သားများလည်း လွတ်လပ်အေးချမ်းသောဘဝတွေကို အမြန်ဆုံးပိုင်ဆိုင်နိုင်စေဖို့ မန္တလေးသပိတ်အင်အားစုက ဆုမွန်ကောင်းတောင်းထားပါတယ်။


========================


📌📌 ၅။ စစ်တွေမြို့မှာ မြို့ခံမှတ်ပုံတင်မဟုတ်သူတွေကို စစ်ကောင်စီ ရွေးဖမ်း


ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မြို့ခံမှတ်ပုံတင်မဟုတ်သူတွေကို စစ်ကောင်စီက ဖမ်းဆီးနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့က ဧည့်စာရင်းအကြောင်းပြပြီး ဒေသခံတွေကိုဖမ်းဆီးမှုတွေလုပ်နေရာမှာ ဧပြီနဲ့ မေလ အတွင်းမှာ လူ (၃ဝဝ) ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ Western News က ဖော်ပြပါတယ်။ 

ဖမ်းဆီးခံထားရသူတွေထဲက (၂ဝဝ) ခန့်ဟာ စစ်တွေမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေမဟုတ်ဘဲ အနယ်နယ် အရပ်ရပ်ကနေ စစ်တွေမြို့မှာ အလုပ်လာလုပ်သူတွေနဲ့ ပန်းရံအလုပ်လုပ်ကိုင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလူတွေဟာ နေစရာအခက်အခဲကြောင့် ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရသူတွေဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ဧည့်စာရင်းအကြောင်းပြပြီး ရွာသာယာ၊ မြောက်စံပြ၊အုန်းတပင်၊ ရွာကြီးမြောက်နဲ့ ကယ်ဆယ်ရေး စတဲ့ရပ်ကွက်တွေကို အဓိကထား ဝင်မွှေနေပြီး ဘုန်းကြီးကျောင်းတွေအားလုံးကို ဝင်ရောက်ရှာ ဖွေ ဖမ်းဆီးနေတာလို့လည်း သိရပါတယ်။


========================


📌📌 ၆။ "မငိုနဲ့ တဲ့" short film ရက်အတွင်း 3.8 M facebook view ဖြစ်တဲ့ထိ အားပေးမှုရရှိခဲ့သည့်အပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် youtubeတွင်လည်း ကြည့်ရှုအားပေးကြဖို့ အဆိုတော်ဖြူဖြူကျော်သိန်း သတင်းစကားပါး


"မငိုနဲ့ တဲ့" short film ကို Facebook ပေါ်တင်ပြီး ရက်အတွင်း 3.8 M view ဖြစ်တဲ့ထိ အားပေးမှုရရှိခဲ့တဲ့အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် youtubeတွင်လည်း ကြည့်ရှုအားပေးကြဖို့ အဆိုတော်ဖြူဖြူကျော်သိန်းက မေလ၂၂ရက်မှာ ဆိုရှယ်မီဒီယာကတစ်ဆင့် ပန်ကြားထားပါတယ်။

"မငိုနဲ့ တဲ့" short film လေးကို Facebook ပေါ်တင်ပြီး ရက်အတွင်း 3.8 M view ဖြစ်တဲ့ထိ အားပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်။အပန်းမကြီးရင် ဖြူ့ယူကျုလေးမှာလည်း သွားကြည့်ပေးပါဦး။ ပြီးရင် အကြိုက်ဆုံးအခန်းလေးတွေ၊ စကားလေးတွေ၊ သီချင်းစာသားလေးတွေလည်း မန့်ပေးသွားနော်" လို့ သူမက ဆိုထားပါတယ်။

"မငိုနဲ့ တဲ့" သီချင်းကို မေလ (၁၉) ရက်၊ () နာရီမှာ ဖြူဖြူကျော်သိန်းရဲ့ ဖေ့စ်ဘွတ်ခ်‌ပေ့ခ်ျမှာတင်ခဲ့တာ ဖြစ်ပါတယ်။

သီချင်းကို သရုပ်ဆောင်ဒေါင်းက အားဖြည့်ပါဝင်ထားပြီး လေးနာရီအတွင်းမှာ ကြည့်ရှူသူ တစ်သန်းပြည့်ခဲ့ကာ ဆယ့်ခြောက်နာရီအကြာမှာတော့ နှစ်သန်းပြည့်ခဲ့တာပဲ ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ စစ်တပ်က လိုင်ဇာဒေသကို လေယာဉ်နဲ့ဗုံးကြဲလို့ တရုတ်ဘက်က အချက်ပြမီးပစ်ကာ သတိပေး


ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲက ရွှေညောင်ပင် ခမရ - ၃၂၁ ကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် စစ်တပ်က လိုင်ဇာဒေသကို လေယာဉ်နဲ့ ဗုံးလာကြဲရာမှာ တရုတ်ဘက်က အချက်ပြမီးတွေ ပစ်လွှတ်ပြီး သတိပေးခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဗန်းမော် - ဝိုင်းမော်လမ်းမှာ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်ကောင်စီရဲ့ ရွှေညောင်ပင် ခမရ-၃၂၁ ကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက မေ (၂၁) ရက်၊ (၈း၃၀) ခန့်အချိန်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ 

စစ်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် (၁၁း၀၀) ဝန်းကျင်ကစပြီး KIA ဌာနချုပ်ရှိရာ လိုင်ဇာဒေသကို စစ်တပ်က လေယာဉ် နဲ့ () ကြိမ်တိုင် ဗုံးလာကြဲခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

တတိယအကြိမ်မြောက် လာရောက်ပစ်ခတ်ချိန်မှာ တရုတ်ပြည်ဘက်ကနေ အချက်ပြမီးပွားတွေပစ်ပြီး သတိပေးခဲ့တယ်လို့ လိုင်ဇာဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲသံ () ချက်ထက်မနည်း ထွက်ပေါ်ခဲ့ပြီးနောက် တရုတ်ဘက်ကနေ အချက်ပြမီးပွားတွေပစ်ခဲ့တာလို့ သိရပါတယ်။ 

တပ်စခန်းတွေ အသိမ်းခံရတိုင်း ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာကို လက်နက်ကြီးနဲ့ ပစ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာတာတွေဟာ စစ်ကောင်စီဘက်က သုံးနေကျ ဗျူဟာဟောင်းတွေ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တဦးဖြစ်တဲ့ CDM ဗိုလ်ကြီးက ပြောပါတယ်။

ဝိုင်းမော်မြို့က ခမရ - ၃၂၁ ကို KIA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီးဖြစ်ပေမယ့် မြို့ထဲမှာ ခလရ - ၅၈ တပ် ကို ထပ်မံသိမ်းပိုက်ဖို့ ကျန်နေသေးတယ်လို့လည်း အသိပေးပါတယ်။

လက်ရှိမှာ ဝိုင်းမော်မြို့အနီး စစ်ရေးတင်းမာနေဆဲ ဖြစ်တာကြောင့် ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေကြရပြီလို့လည်း သိရပါတယ်။


========================


🚩🚩 ၂။ မာန်အောင်ကျွန်းမှာ နောက်ဆုံးခံတပ်အဖြစ် စစ်ကောင်စီပြင်ဆင်


ရခိုင်ပြည်မြောက်ပိုင်းကို ရခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်နေချိန်မှာ တောင်ပိုင်းဒေသမှာရှိတဲ့ မာန်အောင်ကျွန်းကို နောက်ဆုံးခံတပ်အဖြစ် စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

ပေ (၅၂ဝဝ) ရှိတဲ့ မာန်အောင်လေယာဉ်ပြေးလမ်းကို ပေ (၇ဝဝဝ) အထိ တိုးချဲ့ထားသလို လေယာဉ်ပြေးလမ်း တဘက်တချက် ပေ (၃ဝဝ) ပတ်လည်မှာလည်း () ပေခန့်မြင့်တဲ့ အုတ်တံတိုင်းတွေ ကာရံနေတာနဲ့ပတ်သက်လို့ သတင်းရင်းမြစ်တွေက အခုလို ပြောလိုက်တာဖြစ်ပါတယ်။ 

ဒါဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ အကြီးမားဆုံးခံတပ်ဖြစ်အောင်ပြင်ဆင်နေတာလို့လည်း ဆိုပါတယ်။ 

တကျော့ပြန်တိုက်ပွဲမစခင်ကတည်း လေယာဉ်ကွင်းတိုးချဲ့ဖို့ အစီအစဉ်ရှိခဲ့ပေမယ့် စစ်စခန်းတွေ ဆက်တိုက်အသိမ်းခံနေရတာနဲ့ တမြို့ပြီးတမြို့ အသိမ်းခံနေရတာကြောင့် မာန်အောင်ကျွန်းကို စစ်ကောင်စီက နောက်ဆုံးခံတပ်အဖြစ် တည်ဆောက်နေတာလည်း ဖြစ်ပါတယ်။ 

မာန်အောင်လေယာဉ်ကွင်းကို စစ်ရေးအတွက် ပြင်ဆင်နေသလို မာန်အောင်မြို့ထဲက ဘောလုံးကွင်းကိုလည်း စစ်ရေးအတွက် အသုံးပြုနိုင်ဖို့ () ပေခန့်မြင့်တဲ့ အုတ်တံတိုင်းတွေ ကာရံနေတယ်လို့ သိရကြောင်း Western News က ဖော်ပြပါတယ်။

အဆိုပါပြင်ဆင်မှုတွေကို မတ်လကတည်းက စတင်လုပ်ဆောင်နေတာဖြစ်ပြီး လက်ရှိအချိန်မှာ (၄ဝ) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီလို့ ဒေသခံတွေက ဆိုပါတယ်။ 

လက်ရှိအချိန်မှာ မာန်အောင်ကျွန်းမြို့ကို ရခိုင့်တပ်တော်က ဝင်မလာနိုင်သေးတဲ့အတွက် ဒေသခံတွေဟာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုကိုကြုံရနိုင်ပြီး လူငယ်တွေဟာလည်း စစ်မှုထမ်းဖို့ အဓမ္မ ခေါ်ယူခံရနိုင်တယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်သူတွေက သုံးသပ်ထားပါတယ်။    

(၂၁) မိုင်ခန့် အကျယ်အဝန်းရှိတဲ့ မာန်အောင်ကျွန်းမြို့က ဒေသခံတွေဟာ လေကြောင်းနဲ့ ရေကြောင်းကို အဓိကထား အသုံးပြုနေရပြီး ကုန်းလမ်းကနေသွားလို့မရတဲ့ ကျွန်းတခု ဖြစ်ပါတယ်။ 

ရခိုင့်တပ်တော် AA ဟာ ရခိုင်ပြည်မြောက်ပိုင်းမှာရှိတဲ့ မောင်တော၊ စစ်တွေနဲ့အမ်းမြို့ကလွဲလို့ ကျန်တဲ့မြို့တွေကို သိမ်းပိုက်ထားပြီး တောင်ပိုင်းဒေသကို စစ်မျက်နှာဖွင့်ထားတာကြောင့် သံတွဲမြို့အနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်။   

ရခိုင့်တပ်တော် AA အနေနဲ့ သံတွဲမြို့ကနေစပြီး ရခိုင်ပြည်တောင်ပိုင်းကမြို့တွေကို သိမ်းပိုက်နိုင်ဖို့ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။


========================


🚩🚩 ၃။ ပလက်၀နဲ့ ရသေ့တောင်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ရေတပ်သင်္ဘောတို့ကပစ်ခတ်မှုကြောင့် အရပ်သား () ဦး သေဆုံး 


ချင်းပြည်နယ်ထဲက ပလက်၀မြို့နယ်နဲ့ ရခိုင်ပြည်နယ်က ရသေ့တောင်မြို့နယ်တို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ရေတပ် သင်္ဘောက လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ () ဦး သေဆုံးခဲ့ရတယ်လို့ ရခိုင်ဒေသသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ 

မေလ (၂၁) ရက်၊ ညနေပိုင်းမှာ ပလက်၀ဒေသ အထက်တရွန်အိုင်ရွာကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ () ကြိမ်တိုင်  ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ () ဦးသေဆုံးကာ (၁၀) ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေဟာ ပလက်ဝဒေသ အထက်ဘလိုင်ရွာက ခူမီးလူမျိုး () ဦးနဲ့ ရခိုင်လူမျိုး () ဦးဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေကို ရခိုင်ဘာသာနဲ့ ဖော်ပြနေတဲ့ Arakan Princess Media မှာ ဖော်ပြထားပါတယ်။ 

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ပလက်၀ဒေသ အထက်တရွန်အိုင်ရွာက အိမ်တလုံးနဲ့ စျေးဆိုင်တဆိုင်လည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ 

ထို့အတူ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာလည်း မေလ (၂၁) ရက်နေ့က စစ်ကောင်စီ ရေတပ်သင်္ဘောက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတဦး သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ 

မောင်တောမြို့နယ်၊ သဝင်ချောင်းရွာပျက်ရဲ့ အနောက်ဘက် ပင်လယ်ပြင်မှာရှိတဲ့ စစ်ကောင်စီရေတပ်သင်္ဘောက မေလ (၂၁) ရက်၊ မနက်ပိုင်းမှာ ရသေ့တောင်မြို့နယ်ထဲက စေတီပြင်ရွာကို ဦးတည်ပစ်ခတ်ခဲ့တာကြောင့် စေတီပြင်ရွာက အသက် (၆၉) နှစ်အရွယ်ရှိတဲ့ စစ်ဘေးရှောင် အမျိုးသားတဦး သေဆုံးကာ () ဦး ဒဏ်ရာရရှိတယ်လို့ သတင်းရရှိပါတယ်။


========================


🚩🚩 ၄။ YRG စခန်းဝင်ရောက်စီးနင်းခံရ၍ သိန်း (၈၀၀) ဖိုးနီးပါး ဆုံးရှုံးပျက်စီး


Yesagyo Revolution Group (YRG) စခန်း ဝင်ရောက်စီးနင်းခံရ၍ သိန်း(၈၀၀)ဖိုးနီးပါးဆုံးရှုံးပျက်စီးသွားတယ်လို့ မေလ (၂၂) ရက်မှာ YRG ကတရားဝင်ဖော်ပြအသိပေးပါတယ်။

"မေလ (၁၇) ရက်၊ မနက် (၅း၀၀) အချိန် ကျနော်တို့ Yesagyo Revolution Group (YRG) စခန်းအား ဝင်ရောက်စီးနင်းခံရပါတယ်။ ကျနော်တို့  Yesagyo Revolution Group (YRG) အဖွဲ့ရဲ့ ဆုံးရှုံးမှုကတော့ ပါရီ ကျည် အတောင့် (၆၀၀) AK ကျည် အတောင့် (၂၀၀)  .၅၆ ကျည် အတောင့် (၃၀) 9mm အတောင့် (၂၀) လက်ပစ် () လုံး၊ အီနာဂါ ()လုံး၊ ကား () စီး၊ ဆိုင်ကယ် () စီးနှင့် မှိုင်းပစ္စည်း စသည်တို့ကို ဆုံးရှုံးခဲ့တယ်"လို့ ဖော်ပြပါတယ်။

စုစုပေါင်း တန်ဖိုး သိန်း (၈၀၀) နီးပါးဆုံးရှုံးသွားကာ Yesagyo Yesagyo Revolution (YRG) ကို ပြည်သူလူထုက ဝိုင်းဝန်းကူညီပေးဖို့လည်း တောင်းဆိုထားပါတယ်။


========================


🚩🚩 ၅။ တကောင်းမြို့ဦး တိုက်ဘုရားနားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် () ဦးမှ PDF များ ကင်းပတ်ပြီး ဝင်ခဲ့သည်ဟု ပြော၍ ဓားဖြင့်ထောက်ပြီး ဓားပြတိုက်ကာ ပိုက်ဆံ သိန်းတစ်ရာနှင့် ရွှေတို‌ရွှေစများပါသွား


တကောင်းမြို့ဦး တိုက်ဘုရားနားတွင် ဓားပြတိုက်ကာ ပိုက်ဆံနှင့် ရွှေတို‌ရွှေစများပါသွားတယ်လို့ မေလ (၂၂) ရက်မှာ တကောင်းတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးဆိုပါတယ်။

"တကောင်းမြို့ဦး တိုက်ဘုရားနားတွင် မေလ (၂၀) () နာရီ (၃၀) မိနစ်အချိန်၌ စစ်ကောင်စီ ()ယောက်သည် PDF များ ကင်းပတ်ပြီး ဝင်ခဲ့သည်ဟု ပြော၍ ဓားဖြင့်ထောက်ပြီး ဓားပြတိုက်သွားပါတယ်" လို့ ဖော်ပြပါတယ်။

ဓားပြတိုက်မှုတွင် ပိုက်ဆံ သိန်းတစ်ရာနှင့် ရွှေတို‌ရွှေစများပါသွားသည်ဟုလည်း သိရပါတယ်။

ထိုဓားပြမှုသည် (PDF) ဘက်မှ မဟုတ်ကြောင်း တကောင်းတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှလည်း ထုတ်ပြန်ကြေညာထားပါတယ်။


========================


🚩🚩 ၆။ မရမ်းကုန်း အောင်သပြေရဲဝင်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်


ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ထဲ အောင်သပြေရဲဝင်းကို မနေ့ညက ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ ရဲအချို့ ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ NOKA-UG က ပြောပါတယ်။ 

မေလ (၂၁) ရက်၊ (၉း၀၅) အချိန်ခန့်မှာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ အောင်သပြေရဲဝင်းကို မြို့ပြပြောက်ကျားစစ်ဆင်ရေးအဖြစ် ပြင်းအားမြင့် အဝေးထိန်းမိုင်း () လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဖောက်ခွဲတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကား () စီးနဲ့ရောက်လာပြီး လမ်းသွားလမ်းလာတွေနဲ့ ဒေသခံတွေကို စစ်ဆေးမှုလုပ်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က စစ်ဆေးမှုတွေ တင်းတင်းကြပ်ကြပ်လုပ်ဆောင်ခဲ့ပေမယ့် ဖောက်ခွဲမှုကို လုပ်ဆောင်ခဲ့တဲ့ NOKA-UG က ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့လည်း အသိပေးထားပါတယ်။ 

NOKA-UG က ရဲဘော်တွေအနေနဲ့ မြို့ပြပြောက်ကျားစစ်ဆင်ရေးတွေ အရှိန်မြှင့်လုပ်ဆောင်သွားမှာဖြစ်တာကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့နေရာတွေကို ရှောင်ရှားကြဖို့နဲ့ စစ်ဆင်ရေးတွေ ဆက်လက်ဖော်ဆောင် =နိုင်ဖို့ NOKA-UG အဖွဲ့ကို ဝန်းရံပေးကြဖို့ တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment