22nd MAY 2024 - Morning Daily News by Radio NUG

 


၂၀၂၄ မေလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဘူးသီးတောင်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း NUG ထုတ်ပြန်

📌 ၂။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စရန်ဟီးလီနှင့် ပြည်ထောင်စုဝန်ကြီးနှစ်ဦး တွေ့ဆုံ၍မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများနှင့် နွေဦးတော်လှန်ရေး အခြေအနေများကိုဆွေးနွေး

📌 ၃။ သြစတြေးလျနိုင်ငံ Brisbane မြို့မှာမြန်မာ့နွေဦးတော်လှန်ရေး ဆွေးနွေးပွဲနှင့် စာပေဟောပြောပွဲကျင်းပမယ်

📌 ၄။ အမေရိကန်နိုင်ငံSan Francisco မြို့မှာ "သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ" ရုပ်ရှင်ပြပွဲကို ကျင်းပရာ ယင်းမာပင်မှ စစ်ဘေးရှောင် မိခင်တဦးလှူဒါန်းထားသော ရွှေလက်စွပ် တကွင်းကို USD 5400 ဖြင့်လည်း လေလံဆွဲ ပါဝင်

📌 ၅။ ရိုးမခေါ်သံကမ်ပိန်းမှ ပေးအပ်သည့် စစ်အသုံးအဆောင်ပစ္စည်းများကို တော်ဝင်ဒေါင်းရဲဘော်များအား လာရောက်လှူဒါန်း

📌 ၆။ မကွေးတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့်(၂၈)ဦး သေဆုံးခဲ့ပြီး(၂၂) ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရ


၂၀၂၄ ခုနှစ် မေလ ၂၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်ကိုင်းတိုင်းအခြေစိုက် ဓားမဆိုင်းကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်နှင့်ကာကွယ်ရေးဝန်ကြီးတွေ့ဆုံ

🚩 ၂။ ပြည်သူ့စစ်တပ်ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးတွင်မပါဝင်ဘဲ ဒီမိုကရေစီလမ်းစဉ်ကိုသာ လိုချင်တဲ့ ရေးဘီလူးတပ်ဖွဲ့

🚩 ၃။ ရန်ကုန်အခြေစိုက် မြို့ပြပျောက်ကြားတပ်ဖွဲ့ နှစ်ဖွဲ့ ပူးပေါင်း၍ Rangoon UG Column (RUC) အဖြစ်ပြောင်းလဲဖွဲ့စည်း

🚩 ၄။ Buffalo Soldiers Freedom Force  အပတ်စဉ်-2 မြို့ပြပျောက်ကြား အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

🚩 ၅။ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ဂိတ်မှ ချောင်းဦးဘက်သို့ ထွက်လာသော Jammerကားတစ်စီးအား ပဒေသာမိုင်း()လုံးဖြင့် ဖောက်ခွဲ၊ စကစ တပ်ဖွဲ့ဝင် ၃ဦးသေ

🚩 ၆။ ပအိုဝ်းဒေသတွင် မေလအတွင်း တိုက်ပွဲ ၁၇ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တို့က ပြည်သူလူထုနေအိမ်များအား မီးရှို့ဖျက်ဆီးကာ ပြည်သူတချို့အား ဖမ်းဆီးသတ်ဖြတ်

🚩 ၇။ ကျိုက်ဒုံ ဖူ့ချိမူ စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၄၁ ဦးကို အရှင်ဖမ်းမိခဲ့ပြီး စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ စစ်သားအချို့က ကိုယ်ဝန်ဆောင် အမျိုးသမီး ဦးအပါအဝင် ဦးကို သတ်ဖြတ်သွားခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဘူးသီးတောင်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း NUG ထုတ်ပြန်


မေလ ၂၁ ရက်။

Radio NUG


ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ များစွာ စိုးရိမ်ပူပန်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က မေလ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။


ဘူးသီးတောင် မြို့နယ်ထဲမှာ လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားစေဖို့ ရည်ရွယ်ချက်နဲ့ စစ်ကောင်စီက ဒေသခံ ရခိုင်နဲ့ ဟိန္ဒူလူမျိုးတွေရဲ့ နေအိမ်တွေကို မီးရှို့တာ၊ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်တာတွေအပြင် ရိုဟင်ဂျာတွေ အပါအဝင် ဒေသခံ ပြည်သူတွေကို ဖိအားပေး ပြောင်းရွေ့ခိုင်းတာ၊ အဆောက်အဦးတွေနဲ့ ရွာတွေ မီးရှို့ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး များစွာစိုးရိမ် ပူပန်ရတယ်လို့ NUG က ဆိုပါတယ်။


ထို့အပြင် အရေအတွက် အတိအကျ အတည်မပြုနိုင်သေးတဲ့ ပြည်သူတွေ သတ်ဖြတ်ခံနေရတာနဲ့ ဒဏ်ရာရထားတယ်လို့ စွပ်စွဲပြောဆိုမှုတွေ ရှိနေတာကလည်း စိတ်ပူစရာဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဆိုးရွားတဲ့ အခြေအနေတွေ ဆက်လက်ဖြစ်ပွားနေမှာကို NUG အနေနဲ့ များစွာစိုးရိမ်မိတယ်လို့ ပြောပါတယ်။


အရပ်သား ပြည်သူတွေနဲ့ ပြည်သူပိုင်ပစ္စည်းတွေ တိုက်ခိုက်ဖျက်ဆီးနေမှုကို ရပ်တန့်ဖို့ တောင်းဆိုနေကြတဲ့ အခြားအဖွဲ့အစည်းတွေနှင့် အတူတကွ ရပ်တည်ပြီး အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ နယ်စပ်ဖြတ်ကျော် အကူအညီတွေ အပါအဝင် လူသားစာနာမှု အကူအညီတွေကို လူမျိုး/ဘာသာမရွေး အချိန်းမဆိုင်းဘဲ ရရှိနိုင်ဖို့ကိုလည်း NUG က တောင်းဆိုထားပါတယ်။


ထို့အပြင် NUG အနေနဲ့ နိုင်ငံတကာ သတ်မှတ်ချက်၊ လူ့အခွင့်အရေးဆိုင်ရာ စောင့်ထိန်းရမယ့် စည်းမျဉ်းတွေနဲ့ စစ်ဘက်ဆိုင်ဆိုင်ရာ ကျင့်ဝတ်ဥပဒေတွေကို လေးစားလိုက်နာသလို မြန်မာနိုင်ငံက ဘယ်အဖွဲ့အစည်းမဆို ဥပဒေနဲ့အညီ လုပ်ဆောင်ကြဖို့ကို မျှော်လင့်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဘူးသီးတောင်မြို့ကို ထိန်းချုပ်ထားနိုင်တဲ့ ရက္ခိုင့်တပ်တော် (AA)ကတော့ စစ်ကောင်စီတပ်နဲ့ ၎င်းတို့က သင်တန်းပေးထားတဲ့ သူတွေက နေအိမ်တွေကို မီးရှို့နေသလို လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း ဖြစ်လာစေဖို့ ရည်ရွယ်လုပ်ဆောင်နေတယ်လို့ မေလ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စရန်ဟီးလီနှင့် ပြည်ထောင်စုဝန်ကြီးနှစ်ဦး တွေ့ဆုံ၍မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများနှင့် နွေဦးတော်လှန်ရေး အခြေအနေများကိုဆွေးနွေး


မေလ ၂၁ရက်။


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စရန်ဟီးလီနှင့် ပြည်ထောင်စုဝန်ကြီးနှစ်ဦး တွေ့ဆုံ၍မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများနှင့် နွေဦးတော်လှန်ရေး အခြေအနေများကိုဆွေးနွေးခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စရန်ဟီးလီနှင့်အတူ မေလ၂၀ရက်က ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင်နေ့လယ်စာ သုံးဆောင် နှုတ်ဆက်ခဲ့ကြပါတယ်။


ယင်းသို့တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများနှင့် နွေဦးတော်လှန်ရေး အခြေအနေများကို ပွင့်လင်းရင်းနှီးစွာ အမြင်ခြင်း ဖလှယ်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


မစ္စရန်ဟီးလီသည်မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ၏ အဖွဲ့ဝင်တဦးအဖြစ်လည်း ဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၃။ သြစတြေးလျနိုင်ငံ Brisbane မြို့မှာမြန်မာ့နွေဦးတော်လှန်ရေး ဆွေးနွေးပွဲနှင့် စာပေဟောပြောပွဲကျင်းပမယ်


မေလ ၂၁ရက်။


သြစတြေးလျနိုင်ငံ Brisbane မြို့မှာမြန်မာ့နွေဦးတော်လှန်ရေး ဆွေးနွေးပွဲနှင့် စာပေဟောပြောပွဲကျင်းပမယ်လို့ သိရပါတယ်။


အခမ်းအနားကို ဇွန်လ၁ရက်နေ့ University of Queenslandမှာကျင်းပမှာဖြစ်ပါတယ်။


"Brisbane မြို့မိမြို့ဖများနှင့် တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများကို ဖိတ်ကြားလိုပါတယ်"လို့ဖော်ပြထားပါတယ်။


ပွဲအခမ်းအနားသို့ သြစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေနှင့်အတူ မြန်မာ့နွေဦးတော်လှန်ရေး၏ ကျော်ကြားသော စာရေးဆရာများဖြစ်ကြသည့် မသီတာ(စမ်းချောင်း)နှင့် 

Professor Sean Turnell တို့တက်ရောက်မှာဖြစ်ပါတယ်။


========================


📌📌 ၄။ အမေရိကန်နိုင်ငံSan Francisco မြို့မှာ "သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ" ရုပ်ရှင်ပြပွဲကို ကျင်းပရာ ယင်းမာပင်မှ စစ်ဘေးရှောင် မိခင်တဦးလှူဒါန်းထားသော ရွှေလက်စွပ် တကွင်းကို USD 5400 ဖြင့်လည်း လေလံဆွဲ ပါဝင်


မေလ၂၁


အမေရိကန်နိုင်ငံSan Francisco မြို့မှာ "သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ" ရုပ်ရှင်ပြပွဲကို ကျင်းပရာ ယင်းမာပင်မှ စစ်ဘေးရှောင် မိခင်တဦးလှူဒါန်းထားသော ရွှေလက်စွပ် တကွင်းကို USD 5400 ဖြင့်လည်း လေလံဆွဲ ပါဝင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


San Francisco မြို့မှာ "သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ" ရုပ်ရှင်ပြပွဲကို မေလ (၁၉)ရက်နေ့က ကျင်းပခဲ့ပါတယ်။


ထိုပွဲမှာ ရုပ်ရှင်ပြသခြင်း အပါအဝင် တော်လှန်ရေးအမှတ်တရ ပစ္စည်းတချို့ကို လေလံဆွဲခြင်းများလည်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။


အနုပညာရှင်များလက်မှတ်ရေးထိုးထားသည့် Artists' Shelter မှ Merchandise ပစ္စည်းများဖြစ်သည့် ရေဘူးကို USD 1000 နှင့် Hoodie ကို USD 1200 ဖြင့် လေလံဆွဲလှူဒါန်းခဲ့ကြပြီး ယင်းမာပင်မှ စစ်ဘေးရှောင် မိခင်တဦးလှူဒါန်းထားသော ရွှေလက်စွပ် တကွင်းကို USD 5400 ဖြင့်လည်း လေလံဆွဲ ပါဝင်လှူဒါန်းခဲ့ကြပါတယ်။ 


ရုပ်ရှင်ပြပွဲသို့ ကိုယ်တိုင်လာရောက်အားပေးကြသူများ၊ လက်မှတ်ဝယ်ယူအားပေးကြသူများနှင့် ပွဲစီစဉ်သူ တယောက်ချင်းစီတိုင်းကို Artists' Shelter မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ရှိတယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ ရိုးမခေါ်သံကမ်ပိန်းမှ ပေးအပ်သည့် စစ်အသုံးအဆောင်ပစ္စည်းများကို တော်ဝင်ဒေါင်းရဲဘော်များအား လာရောက်လှူဒါန်း


မေလ ၂၁ရက်။

Radio NUG

မေလ ၂၁ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်း အမှတ် စစ်ဒေသ၊ စစ်တောင်းမြစ်ဝှမ်းနှင့် ပဲခူးရိုးမကြား နယ်မြေစိုးမိုးရေးနှင့် စစ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တော်ဝင်ဒေါင်းစစ်ကြောင်းမှ ရဲဘော်များအား ရိုးမခေါ်သံကမ်ပိန်းမှ ပေးအပ်သည့် စစ်အသုံးအဆောင်ပစ္စည်းများကို လာရောက်လှူဒါန်းခဲ့ကြောင်း တော်ဝင်ဒေါင်းစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။

ဒါရိုက်တာကိုပေါက်နှင့် တောင်ပိုင်းဆေးတာဝန်ခံမှ တော်ဝင်ဒေါင်းစစ်ကြောင်း ရဲဘော်များကို လာရောက်အားပေးခဲ့ပြီး ရိုးမခေါ်သံကမ်ပိန်းမှ ပေးအပ်သည့် ကျည်ကာ၊ ကျည်ကာဦးထုပ်နှင့် အခြားစစ်အသုံးအဆောင် ပစ္စည်းများကိုလည်း ဒါရိုက်တာကိုပေါက်မှ မြေပြင်ရှိရဲဘော်များအား တိုက်ရိုက်လှူဒါန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၆။ မကွေးတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့်(၂၈)ဦး သေဆုံးခဲ့ပြီး(၂၂) ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရ


မေလ ၂၁ရက်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ မေလ ရက်နေ့မှ ၂၁ ရက်နေ့အထိ မကွေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၂)ဦးနှင့် အမျိုးသား (၁၆)ဦး စုစုပေါင်း (၂၈)ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အချက်အလက်ရရှိခဲ့တယ်လို့ဖော်ပြပါတယ်။


ထိုအရေအတွက်တွင် အသက် ၁၄ နှစ်အရွယ် ယောက်ျားလေး()ဦးနှင့် အသက် ၆၀ နှစ်အထက် သေဆုံးသူ ()ဦး ပါဝင်ကာ အဆိုပါ (၂၈)ဦးအနက် (၂၂)ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရပါတယ်။


မေလ ၁၄ ရက်နေ့၊ နေ့လယ် နာရီခန့်အချိန်တွင် မကွေးတိုင်း၊ ဆောမြို့နယ်၊ တောမကျေးရွာ၌ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ဝေငှမည်ဖြစ်သောကြောင့် လူအများစုဝေးနေချိန်တွင် အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေါ်မစန်း၊ ဒေါ်ခင်စန်းအေး၊ ဒေါ်ကြင်သန်း၊ ကိုနေလင်းဇော်()ဖိုးသား၊ ကိုအောင်ရွှေနှင့် မောင်အောင်ပြည့်ရွှန်း()နူးတို့သည် ဗုံးစထိမှန်ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးခဲ့ပြီး ဒေါ်မာအေးသည် ဦးခေါင်းတွင် ဗုံးစထိမှန်၍ ပြင်းထန်ဒဏ်ရာရရှိခဲ့သဖြင့် မေလ ၁၅ ရက်နေ့ ညအချိန်တွင် သေဆုံးခဲ့ရပါတယ်။


အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၅၁၂၈) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ စစ်ကိုင်းတိုင်းအခြေစိုက် ဓားမဆိုင်းကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်နှင့်ကာကွယ်ရေးဝန်ကြီးတွေ့ဆုံ


မေလ ၂၁ရက်။

စစ်ကိုင်းတိုင်းအခြေစိုက် ဓားမဆိုင်းကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်နှင့်ကာကွယ်ရေးဝန်ကြီးဦးရည်မွန်တို့တွေ့ဆုံခဲ့တယ်လို့ ဓားမဆိုင်းကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်စွမ်းကအသိပေးဆိုထားပါတယ်။


"တတ်နိုင်သလောက်တော့ကြိုးစားနေဆဲပါ ဝန်ကြီး"လို့ ဗိုလ်စွမ်း (ဓားမဆိုင်း)ကဆိုထားပါတယ်။


ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ဟာ မေလအတွင်းမှာပဲ zero ပြောက်ကျားတပ်ဖွဲ့မြင်းခြံနဲ့လည်းတွေ့ဆုံခဲ့ပါသေးတယ်။


========================


🚩🚩 ၂။ ပြည်သူ့စစ်တပ်ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးတွင်မပါဝင်ဘဲ ဒီမိုကရေစီလမ်းစဉ်ကိုသာ လိုချင်တဲ့ ရေးဘီလူးတပ်ဖွဲ့


မေ ၂၁ Radio NUG

မေလ ၂၀နှင့် ၂၁ ရက်နေ့မှာ မွန်ပြည်နယ်ထဲမှာရှိတဲ့ ဒီမိုကရေစီအပြည့်အဝ ပြန်လည်ရရှိထားတဲ့ ကျေးရွာတချို့မှာ နယ်မြေရှင်းလင်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများ ပြုလုပ်ခဲ့တယ်လို့ ရေးဘီးလူးက လူမှုကွန်ယက်မီဒီယာမှာ ဖော်ပြထားပါတယ်။

စကစနဲ့ ၅၀-၅၀ နယ်မြေလုနေတဲ့အခြေအနေကနေ ၁၀၀% နယ်မြေစိုးမိုးမှုတွေ ရရှိကာ ကာကင်းတွေထားပြီး နယ်မြေဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို ဆောင်ရွက်ပေးနေပါတယ်လို့ မောင်းမီဒီယာမှာ ပြောကြားထားပါတယ်။

နယ်မြေရှင်းလင်းရေး ဝင်ရောက်လုပ်ဆောင်မှုကို ဒေသခံတွေက နွေးထွေးစွာ လက်ခံကြိုဆိုပြီး ကျေးရွာတွေအတွင်း မူးယစ်ဆေး ရောင်းဝယ်တာတွေ၊ စစ်ကောင်စီ သတင်းပေး လုပ်ဆောင်မှုတွေကို ရေးဘီလူးအဖွဲ့က အဓိကထား စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ အဲဒီကျေးရွာတွေမှာ ကာကင်းလုံခြုံရေး ယူပေးထားတာကြောင့် ကျေးရွာတွေ ငြိမ်းငြိမ်းချမ်းချမ်းရှိနေပြီး စစ်ကောင်စီကင်းစင်သွားပြီ သိရပါတယ်။

ပြည်သူ့စစ်တပ်ဖြစ်လို့ လုံခြုံရေး၊ စစ်ဥပဒေအပိုင်းကလွဲရင် အရပ်သားဥပဒေတွေကို မကိုင်တွယ်ဘဲ၊ အုပ်ချုပ်ရေးတွင်မပါဝင်ဘဲ ဒီမိုကရေစီလမ်းစဉ်ကိုသာ လိုချင်ကြောင်း ကျေးရွာလူကြီးတွေနဲ့ 

ဆရာတော်တွေကို ပြောဆိုလျှောက်ထားခဲ့ကြောင်း သိရပါတယ်။


========================


🚩🚩 ၃။ ရန်ကုန်အခြေစိုက် မြို့ပြပျောက်ကြားတပ်ဖွဲ့ နှစ်ဖွဲ့ ပူးပေါင်း၍ Rangoon UG Column (RUC) အဖြစ်ပြောင်းလဲဖွဲ့စည်း


မေလ ၂၁ရက်။

Radio NUG

စစ်အာဏာရှင်တော်လှန်ရေး စတင်သည့်အချိန်မှ ယခုအချိန်ထိ တိုက်ပွဲဝင်ခဲ့ ဝင်ဆဲဖြစ်တဲ့ ရန်ကုန်အခြေစိုက် Yangon Federal Army(Y.F.A)နှင့်God Of Death Army(G.O.D)မြို့ပြပျောက်ကြားတပ်ဖွဲ့ နှစ်ဖွဲ့ ပူးပေါင်း၍ Rangoon UG Column (RUC) အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


မြို့ပြပျောက်ကြားတပ်ဖွဲ့ နှစ်ဖွဲ့ ပူးပေါင်း၍ အထူးကွန်မန်ဒို အပတ်စဥ် (1)သင်တန်းဆင်းခဲ့ပြီးဖြစ်ပြီး အပတ်စဥ်(2)သင်တန်းဆင်းချိန်မှစ၍ တော်လှန်ရေးညီနောင် မဟာမိတ်ပူးပေါင်းနှစ်ဖွဲ့မှသည် Rangoon UG Column (RUC)အဖြစ် ပြောင်းလဲခဲ့တာလို့ သိရပါတယ်။


Rangoon UG Column (RUC) ရန်ကုန်မြို့ပြစစ်ကြောင်းသည် ရန်ကုန်မြို့သိမ်းတိုက်ပွဲများအတွက် အထူးရည်ရွယ်၍ ဖွဲ့စည်းထားသော တိုင်းရင်းသားလူမျိုး ဘာသာပေါင်းစုံပါဝင်သော စစ်ကြောင်းဖြစ်ပြီး 

ရန်ကုန်မြို့သိမ်းတိုက်ပွဲများ သာမက ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး၊ စစ်အာဏာရှင်အမြစ်ပြတ်ခြေမှုန်းရေးအတွက် ဘုံ ရည်ရွယ်ချက်တူညီသော မည်သည့်တော်လှန်ရေးအဖွဲ့အစည်းများနှင့်မဆို အတူတကွပူးပေါင်းတိုက်ပွဲများလည်း ဖော်ဆောင်သွားမည့် စစ်ကြောင်းလည်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


R.U.C စစ်ကြောင်း၏ သင်တန်းအပတ်စဥ် (3)အားလည်း မကြာခင်ပြန်လည် စတင်တော့မည်ဖြစ်ပြီး အသက် ၁၈နှစ်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သူ၊ တော်လှန်ရေးကြီးပြီးဆုံးသည်အထိ တာဝန်ထမ်းဆောင်နိုငသူ၊ စစ်ကြောင်းမှချမှတ်ထားသော စည်းမျဥ်းစည်းကမ်းများအား လိုက်နာနိုင်သူ၊ တိုင်းပြည်နှင့် တော်လှန်ရေးအပေါ် သစ္စာစောင့်သိရိုသေနိုင်သူများကို ခေါ်ယူနေကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ Buffalo Soldiers Freedom Force  အပတ်စဉ်-2 မြို့ပြပျောက်ကြား အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်


မေလ ၂၁ရက်။ 

Radio NUG

မေလ ၂၀ရက်နေ့က  အပတ်စဉ်-2 မြို့ပြပျောက်ကြား အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်း Buffalo Soldiers Freedom Forceက သတင်းထုတ်ပြန်ပါတယ်။

Buffalo Soldiers Freedom Force ခေါင်းဆောင် ဗိုလ်ကျွဲကြီး၊ စစ်ကိုင်းဖက်ဒရယ်ကောင်စီဝင် ဒီပဲယင်းဆရာတော်၊ ဘိုးတော်နီ၊ Buffalo Soldiers Freedom Force ကြီးကြပ်ရေးမှူး ဒို့ကိုရီး၊ဘဏ္ဍာရေးမှူး အမိုရာ၊ သင်တန်းမှူး ထွဋ်ခေါင်မှ ရဲဘော်များအား အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

ထို့နောက် ကျောင်းသားခေါင်းဆောင်ရန်ကင်းမှ သင်တန်းကာလအတွင်း သင်တန်းသားများ၏ အားနည်းချက်အားသာချက်များအား ပြောကြားခဲ့ပါတယ်။

သင်တန်းကာလအတွင်း ဆုရရှိခဲ့သော ထူးချွန်သင်တန်းသားများအား ဆုချီးမြှင့်ခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။


========================


🚩🚩 ၅။ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ဂိတ်မှ ချောင်းဦးဘက်သို့ ထွက်လာသော Jammerကားတစ်စီးအား ပဒေသာမိုင်း()လုံးဖြင့် ဖောက်ခွဲ၊ စကစ တပ်ဖွဲ့ဝင် ၃ဦးသေ


မေလ ၂၁ရက်။ 

Radio NUG

မေလ ၂၁ မနက်၈နာရီ၃၀မိနစ်အချိန်ခန့်တွင် ချောင်းဦးမြို့နယ်၊ နတ်ရေကန်ဂိတ်မှ ချောင်းဦးဘက်သို့ ထွက်လာသော Jammerကားတစ်စီးအား ချောင်းဦးနှင့်ငါးယှဥ်ကြား၌ ပဒေသာမိုင်း()လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း People's Defence Force - South Monywa က သတင်းထုတ်ပြန်ပါတယ်။

မနက်၉နာရီ ၅၀မိနစ်အချိန်ခန့်တွင် စစ်ကိုင်းမှထွက်လာသော စကစတွဲကား(၁၇)စီးအနက်()စီးမြောက် လိုက်ပါလာသော စကစတွဲကားအား ချောင်းဦးနှင့်ငါးယှဥ်ကြား၌ ပဒေသာမိုင်း()လုံးဖြင့် ဒုတိယအကြိမ်ဖောက်ခွဲတိုက်ခိုက်စဥ် မိုင်းပွိုင့်အနီး ကင်းပတ်နေသော စကစများပါထိ၍ ()ယောက်သေဆုံးကြောင်း သိရှိရပါသည်။

အဆိုပါတိုက်ခိုက်မှုကို People's Defence Force - South Monywaတပ်ခွဲ()သည် နွေဦးလူငယ် People's Defence Force တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force Pentagram မြန်မာအစ္စလာမ် အထူးကွန်မန်ဒိုတပ်ဖွဲ့တို့နှင့် လက်တွဲ၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ ပအိုဝ်းဒေသတွင် မေလအတွင်း တိုက်ပွဲ ၁၇ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တို့က ပြည်သူလူထုနေအိမ်များအား မီးရှို့ဖျက်ဆီးကာ ပြည်သူတချို့အား ဖမ်းဆီးသတ်ဖြတ်


မေလ ၂၁ရက်။  

Radio NUG

ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ် အပါအဝင် ပအိုဝ်းဒေသတွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များက ကျေးရွာများအတွင်း စစ်ကြောင်းထိုးကာ ကျေးရွာများကို ဖျက်ဆီးနေခြင်းကြောင်း တိုက်ပွဲများမှာ နေ့စဉ်ဖြစ်ပွားနေလျက်ရှိကြောင်း PNLA က ထုတ်ပြန်ထားပါတယ်။


မေလ ရက်နေ့တွင် နောင်ဗိုကန်တော်လေး ရွာသူကြီး ဖြားခွန်လျောကို စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များက ဖမ်းဆီးသွားရာ ယနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးဘဲ မေလ ရက်နေ့တွင်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီး ဦးအပါအဝင် ထီဗွာ(ရေဖြူ)ကျေးရွာ ဒေသခံပြည်သူ ဦးကို ဖမ်းဆီးသွားရာ လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း ဖော်ပြထားပါတယ်။ မေလ ရက်နေ့တွင် နောင်ရင်းကျေးရွာ ရွာသူကြီး ခွန်ဇာခွန်နှင့် ညီဖြစ်သူ ခွန်ပလွန်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး မေလ ၁၅ ရက်၊ ၁၆ ရက်၊ ၁၇ ရက်အတွင်း သုံးရက်တိုင်တိုင် ဆီဆိုင်မြို့နယ် ထီဗွာ(ရေဖြူ)ကျေးရွာ ဒေသခံပြည်သူများ၏ နေအိမ်ကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၄ အိမ်ထက်မနည်း မီးလောင်ပျက်စီးသွားကြောင်း သိရပါတယ်။


ထို့အပြင် မေလ ၁၆ ရက်နှင့် ၁၇ ရက်တွင် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာနှင့် ကောင်ဝိန်းကြီးကျေးရွာထဲသို့ လက်နက်ကြီးဖြင့် အကြိမ် ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် နောင်ကျောကျေးရွာရှိ နေအိမ် ၁၀အိမ်ထက်မနည်းနှင့် ကောင်ဝိန်းကြီးကျေးရွာရှိ နေအိမ် အိမ်ထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။


လက်ရှိအချိန်ထိလည်း စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များသည် ထီဗွာကျေးရွာအတွင်း တပ်စွဲနေထိုင်ပြီး ပြည်သူလူထု၏ အိမ်မွေးတိရိစ္တာန်များကို ခိုးယူသတ်ဖြတ်စားသောက်နေကြပြီး ၎င်းတို့ ရောက်ရှိသည့် ကျေးရွာများတွင် ပြည်သူလူထု၏ ပစ္စည်းများကို ခိုးယူသယ်ဆောင်နေလျက်ရှိကာ ကားများ ဆိုင်ကယ်များအပြင် ကုန်စံဆိုင်အတွင်းရှိ ပစ္စည်းများကိုလည်း သိမ်းယူလျက်ရှိတယ်လို့ သိရပါတယ်။


စစ်ကောင်စီ စစ်ကြောင်းထိုးလာခြင်းကြောင့် မေလအတွင်း ဆီဆိုင်မြို့နယ် ကောင်ဝိန်းကြီး၊ နောင်ကျော၊ နောင်ရင်း ရေဖြူ၊ ကန်တော်လေး စသည့် ကျေးရွာ ၂၀ ကျော်မှ ပြည်သူ ၁၃၄၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။


မေလအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နှင့် တိုက်ပွဲ ၁၇ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ပြည်သူ့စစ်ဘက်မှ ၃၀ ဦးထက်မနည်း သေဆုံးခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ ကျိုက်ဒုံ ဖူ့ချိမူ စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၄၁ ဦးကို အရှင်ဖမ်းမိခဲ့ပြီး စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ စစ်သားအချို့က ကိုယ်ဝန်ဆောင် အမျိုးသမီး ဦးအပါအဝင် ဦးကို သတ်ဖြတ်သွားခဲ့


မေလ ၂၁ ရက်။

Radio NUG


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီ တပ်ရင်း ()ခု ပူးပေါင်းတပ်စွဲထားတဲ့ ဖူ့ချိမူတပ်စခန်းကို ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄၁ ဦးကို အရှင်ဖမ်းဆီ ရမိခဲ့တယ်လို့ သိရပါတယ်။


ထိုင်း-မြန်မာနယ်စပ် ပိုင်ခလန်ကျေးရွာ အနီးက စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ-၅၅၈) (ခမရ-၅၆၁)နှင့် ခြေလျင်တပ်ရင်း (ခလရ-၉၉၃)တို့မှ အင်အား ၁၀၀ ခန့် အထိုင်ချ တပ်စွဲထားတဲ့ ဖူ့ချိမူ တပ်စခန်းကို KNLA ပူးပေါင်းတပ်တို့မှ မေလ ၁၇ ရက်နဲ့ ၁၈ ရက်တို့မှာ တိုက်ခိုက်ခဲ့တာပါ။


အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၉ ဦးမှာ ထိုင်းနိုင်ငံနယ်စပ်ဘက်ကို ထွက်ပြေးသွားခဲ့ကြပြီး ၎င်း စစ်သားများက လမ်းမှာတွေ့တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ဦး အပါအဝင် အရပ်သား ဦး ကို သတ်ဖြတ်သွားခဲ့တယ်လို့ PDF ရဲဘော်တစ်ဦးက ပြောပြပါတယ်။


၎င်းထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီ တပ်သားများကို KNLA ပူးပေါင်း တပ်ဖွဲ့တွေက လိုက်လံ ရှာဖွေနေတယ်လို့လည်း ၎င်းက ဆက်ပြောပြပါတယ်။


ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မှာ ကျုံဒိုမြို့ အခြေစိုက် ကျိုက်ဒုံဗျူဟာကုန်းကို KNLA ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ရာ ဗျူဟာမှူး၊ ဗိုလ်မှူးကြီး အောင်ကျော်စိုး နှင့် အရာရှိကြီး ၁၂ ဦး အပါအဝင် ၆၆ ဦး လက်နက်ချ အညံခံခဲ့ပါတယ်။


ထို့နောက် ကျိုက်ဒုံမြို့မှာ နောက်ဆုံးလက်ကျန်ဖြစ်တဲ့ ဖူ့ချီမူတပ်စခန်းအား မတ်လ ၁၄ ရက် နောက်ပိုင်းက စတင်ပိတ်ဆို့ထားခဲ့ပြီး မေလ ၁၇ ရက်နေ့မှ စတင်ကာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ခဲ့တာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment