26th MAY 2024 - Evening Daily News by Radio NUG

၂၀၂၄ မေလ ၂၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တောင်ကိုရီးယားခရီးစဉ် အောင်မြင်မှုအတွက် ကျေးဇူးမှတ်တမ်း NUG ကိုယ်စားလှယ်ရုံး တောင်ကိုရီးယားက ထုတ်ပြန်

📌 ၂။ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ဆေးသိပ္ပံကျောင်းမှာ White Coat Ceremony ကျင်းပ 

📌 ၃။ တော်လှန်ရေးအတွက် ပြည်သူတဦးလှူဒါန်းထားတဲ့ ဟိုတယ်ကို ကန်ပိန်းပြုလုပ်ပြီးမဲဖောက် ရောင်းချမည် 

📌 ၄။ Artist’s Shelter   "သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" ရုပ်ရှင်ပြပွဲကနေ အလှူငွေ ဒေါ်လာ သောင်း ကျော်ရရှိဟု ဖရီးမောင့်တူဖရီးဘားမားက ထုတ်ပြန်


၂၀၂၄ ခုနှစ် မေလ ၂၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ KIA ထိန်းချုပ်နယ်မြေမှာ တိုက်ပွဲမရှိဘဲ စစ်တပ်က လေယာဉ်နဲ့လာရောက်ပစ်ခတ်တာကြောင့် ကလေး၂ယောက်ကို ကာကွယ်ပေးခဲ့တဲ့ဖခင် သေဆုံး 

🚩 ၂။ မြင်းခြံမြို့နယ်မှာ စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးမှန်လို့ အဘွားအိုတဦး သေဆုံး

🚩 ၃။ မုံရွာ-မန္တလေး လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်တွဲကားယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် စစ်သားတဦးသေဆုံး

🚩 ၄။ ဖိုးချိမှူး စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က ဒုတပ်ရင်းမှူးအပါအဝင် ၄၈ ဦး လက်နက်ချအညံ့ခံ 

🚩 ၅။ ဂန့်ဂေါမြို့နယ်ထဲကို စစ်တပ်နဲ့ ပျူများ စစ်ကြောင်းထိုးမယ်ဆိုတဲ့သတင်းကြောင့် ဒေသခံများ တိမ်းရှောင်နေရ  

🚩 ၆။ ရွာငံမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ကား စီး ပျက်စီးကာ သေဆုံး ဒဏ်ရာရသူ အများအပြားရှိခဲ့ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တောင်ကိုရီးယားခရီးစဉ် အောင်မြင်မှုအတွက် ကျေးဇူးမှတ်တမ်း NUG ကိုယ်စားလှယ်ရုံး တောင်ကိုရီးယားက ထုတ်ပြန်


Radio NUG မေ ၂၆၊ ၂၀၂၄


အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးများ၏ တောင်ကိုရီးယားခရီးစဉ်အတွင်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသူများ အဖွဲ့အစည်းများကို ကျေးဇူးတင်ကြောင်း NUG ကိုယ်စားလှယ်ရုံး တောင်ကိုရီးယားက ထုတ်ပြန်လိုက်ပါတယ်။ 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့၏၂၀၂၄-၀၅-၁၅ မှ ၂၀၂၄-၀၅-၂၄ အထိ ကိုရီးယားနိုင်ငံ ခရီးစဉ်အတွင်း၊ ကိုရီးယားလွှတ်တော်၊ တာဝန်ရှိ အဖွဲအစည်းများနှင့် တွေ့ဆုံခြင်းများ၊ ဂွမ်ဂျူး .၁၈ ဖောင်ဒေးရှင်း၏ ၄၄-နှစ်မြောက် ပြည်သူ့အရေးတော်ပုံ အောက်မေ့ဘွယ်အခမ်းအနားနှင့် ဂွမ်ဂျူးလူ့အခွင့်အရေးဆုပေးပွဲ တက်ရောက်ခြင်းများ၊ ကိုရီးယားနေ မြန်မာနိုင်ငံသားများနှင့် လူထုတွေ့ဆုံဆွေးနွေးပွဲ၊ မြန်မာအဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲများ စသည့် နိုင်ငံရေး စည်းရုံးရေး လုပ်ငန်းစဉ် များတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကိုယ်စားလှယ်ရုံး အကြံပေးအဖွဲ့ ဝင်များ၊ ကိုယ်စားလှယ်ရုံး အထောက်အကူပြု အဖွဲ့ဝင်များ၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ အဖွဲ့ဝင်များ၊ KTJ Supporting Group အဖွဲ့ဝင်များ၊ ရွှေမြို့အိမ်၊ မင်္ဂလာပါ၊ ထွန်းတောက်ဖြိုး၊ ရွှေပြည်နန်း၊ ပိတောက်ရိပ် ဆိုင်များနှင့် အဖက်ဖက်မှ ပါဝင်ပေးခဲ့ကြသော ရဲဘော် ပြည်သူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာ မှတ်တမ်းတင်အပ်ပါသည်။


========================


📌📌 ၂။ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ဆေးသိပ္ပံကျောင်းမှာ White Coat Ceremony ကျင်းပ 


မေ ၂၆။


ကချင်ပြည်နယ်ထဲက မိုင်ဂျာယာန်မြို့မှာရှိတဲ့ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ဆေးသိပ္ပံကျောင်း Foundation Year ကျောင်းသား၊ ကျောင်းသူတွေရဲ့ White Coat Ceremony ကို မေလ ၂၄ ရက်နေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။


ဆေးသိပ္ပံကျောင်း Foundation Year က ကျောင်းသား၊ ကျောင်းသူတွေရဲ့ White Coat Ceremony ကို ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် ဆေးသိပ္ပံကျောင်း M-1 Lecture Room မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။


ဒီအခမ်းအနားမှာ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ဆေးသိပ္ပံကျောင်းက ကျောင်းအုပ်ဆရာကြီး ဒေါက်တာ ခင်မောင်လွင်က White Coat ဝတ်ဆင်ခြင်းနဲ့ပတ်သက်လို့ သိသင့်သိထိုက်တာတွေကို ကျောင်းသား၊ကျောင်းသူတွေကို ရှင်းလင်းပြောကြားခဲ့ရာ Foundation Year ကျောင်းသား ကျောင်းသူတွေကလည်း White Coat ဝတ်ဆင်ခြင်းနဲ့ပတ်သက် လို့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို တဦးချင်းတင်ပြခဲ့ကြကာ ဆရာဝန်တွေလိုက်နာရမယ့် အဓိဌာန်ပြုကတိသစ္စာများကို သံပြိုင် ရွတ်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။


 ၂၀၂၄ ခုနှစ် မတ်လ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ဒုတိယအကြိမ်ဘွဲ့နှင်းသဘင် အခမ်းအနားမှာ အဝေးရောက်ဘွဲ့လျှောက်ထားကြတဲ့ ဘွဲ့ရမောင်မယ်များအတွက် ဘွဲ့လက်မှတ်တွေကို မေ ၂၇ ရက်ကစပြီး  ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် စာမေးပွဲနှင့်ဘွဲ့နှင်းဌာနမှာ ရုံးချိန်ဖြစ်တဲ့ မနက် နာရီကနေ ညနေ နာရီအတွင်း လာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်းလည်း KSCU က ထုတ်ပြန်ကြေညာထားပါတယ်။


========================


📌📌 ၃။ တော်လှန်ရေးအတွက် ပြည်သူတဦးလှူဒါန်းထားတဲ့ ဟိုတယ်ကို ကန်ပိန်းပြုလုပ်ပြီးမဲဖောက် ရောင်းချမည် 


မေ၂၇။


နွေဦးတော်လှန်ရေးကာလ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တော်လှန်ရေးရန်ပုံငွေအဖြစ် ပြည်သူတဦး လှူဒါန်းထားတဲ့ဟိုတယ်ကို မဲဖောက်ရောင်းချမယ့်အစီအစဉ် ဇွန်လမှာ စတင်တော့မယ်လို့ သိရပါတယ်။

မဲနှိုက်စနစ်နဲ့ ဟိုတယ်လွှဲပြောင်းပေးမယ့် အဆိုပါကမ်ပိန်းကိုပြည်သူအားလုံး၏အနာဂတ်အားဖွင့်လှစ်မည်လို့ အဓိပ္ပါယ်ရတဲ့ “Project The Key” လို့ အမည်ပေးထားပါတယ်။

မဲဖောက်မယ့်ဟိုတယ်ကို Ride Behind Kalaw က တော်လှန်ရေးအတွက် ယတိပြတ်လှူဒါန်းထားတာဖြစ်ပြီး မြေနေရာနဲ့ အဆောက်အအုံရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်းဝန်းကျင်တန်ကြေးရှိတယ်လို့ သိရပါတယ်။

မဲပေါက်သွားတဲ့သူကိုတော့ တော်လှန်ရေးကာလအလွန်မှသာ အပ်နှင်းနိုင်မယ်လို့ ဟိုတယ်ပိုင်ရှင် Ride Behind Kalaw က ပြောထားပါတယ်။

“Project The Key” အစီအစဉ်မှာ ပရောဂျက်တည်ထောင်သူအဖြစ် ဟိုတယ်ပိုင်ရှင် Ride Behind Kalaw ပရောဂျက် ambassador အဖြစ် မပန်ဆယ်လိုနဲ့ ပရောဂျက် ဒါရိုက်တာအဖြစ် "မမများနှင့်ပွဲကမယ်" အဖွဲ့အစည်းတို့ ဦးဆောင်ပါဝင် တယ်လို့ အသိပေးထားပါတယ်။

ဟိုတယ်တည်နေရာနဲ့ အခြား အသေးစိတ်အချက်အလက်တွေကိုတော့ လုံခြုံရေးအရ အတိအလင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပရောဂျက်ကာလဟာ တလတာကြာမြင့်မှာဖြစ်ပြီး မဲလက်မှတ်တစောင်ကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ထားကာ နိုင်ငံအလိုက်သတ်မှတ်ဈေးနှုန်းများကို ငွေလဲနှုန်းပေါ်မူတည်ပြီး ထပ်မံကြေညာပေးမယ်လို့ အသိပေးထားပါတယ်။

ဒီပရောဂျက်ကရတဲ့ငွေအားလုံး ၁၀၀ ရာခိုင်နှုန်းဟာ တော်လှန်ရေးကိစ္စတွေအတွက် အသုံးပြုမှာဖြစ်တယ်လို့ Ride Behind Kalaw ဘက်က အာမခံထားပါတယ်။

ပရောဂျက်ကရမယ့်ဆုဟာ ထီပေါက်သလို ဟိုတယ်တလုံးပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးဖြစ်တာကြောင့် ပြည်သူများအားလုံး ပါဝင်ပေးကြဖို့ ပရောဂျက်တာဝန်ရှိသူတွေက မေတ္တာရပ်ခံထားပါတယ်။


========================


📌📌 ၄။ Artist’s Shelter   "သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" ရုပ်ရှင်ပြပွဲကနေ အလှူငွေ ဒေါ်လာ သောင်း ကျော်ရရှိဟု ဖရီးမောင့်တူဖရီးဘားမားက ထုတ်ပြန်


Radio NUG, မေ ၂၆၊ ၂၀၂၄


နွေဦးတော်လှန်ရေး ရန်ပုံငွေအဖြစ် -  Artist’s Shelter က ထုတ်လုပ်တဲ့ သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ 𝗙𝗶𝗹𝗺 𝗦𝗰𝗿𝗲𝗲𝗻𝗶𝗻𝗴  ကို မေလ ၁၉ ရက်က ကယ်လီဖိုးနီးယား မြောက်ပိုင်း၊ ဆန်ဖရန်ဘေးဧရိယာရှိ Fremont to Freedom of Burma  အဖွဲ့က ဦးစီးကျင်းပခဲ့ပါတယ်။ စုစုပေါင်း  အလှူငွေ $30216 ရရှိခဲ့ပါတယ်။  ဝယ်ယူ လှူဒါန်း လုပ်အားပေးကူညီသူ အားလုံးကို အထူးကျေးဇူးတင်ပါတယ်လို့ အဖွဲ့က ပြောကြားလိုက်ပါတယ်။

မြန်မာပြည်တွင်းရှိ မြေပြင်က အရေးပေါ်အကူအညီ လိုအပ်နေတဲ့ဆီကို တိုက်ရိုက်ဆက်သွယ် လှူဒါန်းသွားမယ်လို့ အဖွဲ့က ထုတ်ပြန်ထားပါတယ်။ လက်မှတ်ရောင်းရငွေအပြင် Artist’s Shelter အဖွဲ့၏ လက်ဆောင်ပစ္စည်းများ ဝယ်ယူအားပေးခြင်း၊ ယင်းမာပင်စစ်ဘေးရှောင်မိခင်တစ်ဦးမှလှူဒါန်းသော ရွှေလက်စွပ် လေလံရောင်းရငွေစတဲ့ အလှူငွေများစွာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အမေရိကားပြည်နယ်တွေမှာ လှည့်လည် ပြသပေးနေတဲ့ တော်လှန်ရုပ်ရှင်ပွဲတော်ကို ယခု မေ ၂၆ မှာ နယူးယောက်ပြည်နယ်က အယ်ဘေနီမြို့မှာ ကျင်းပဖို့ ရှိတဲ့အကြောင်း Artist’s Shelter က အသိပေးထုတ်ပြန်ထားပါတယ်။ မေလ ၂၆ ရက် (တနင်္ဂနွေနေ့) - နယူးယောက်မြို့၊ Albany မှာ "သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" အစီစဉ်မှာ ပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကား () ကားကို ပွဲချိန် နှစ်ချိန်ခွဲပြီး ပြသသွားပါမယ်လို့ ကြေညာထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့် မင်းနွေတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ KIA ထိန်းချုပ်နယ်မြေမှာ တိုက်ပွဲမရှိဘဲ စစ်တပ်က လေယာဉ်နဲ့လာရောက်ပစ်ခတ်တာကြောင့် ကလေး၂ယောက်ကို ကာကွယ်ပေးခဲ့တဲ့ဖခင် သေဆုံး 


ကချင်ပြည် မြစ်ကြီးနားမြို့နယ်ထဲက KIA ထိန်းချုပ်နယ်မြေ ဟိုကပ်နဲ့ တာပဒေါင်းရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က လေယာဉ်နဲ့လာရောက်ပစ်ခတ်တဲ့အတွက် ကလေး၂ယောက်ကိုဖက်ပြီး ကာကွယ်ပေးခဲ့တဲ့ဖခင်ဖြစ်သူ သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

ဧရာဝတီမြစ်အနောက်ဘက်ခြမ်းက မြစ်ကမ်းဘေးမှာရှိတဲ့ တာပဒေါင်းရွာနယ်မြေထဲက ရွှေဖောင်တွေနဲ့ ဟိုကပ်ရွာကို စစ်တပ်လေယာဉ်က မေလ ၂၅ ရက်နေ့ မွန်းလွဲ နာရီခန့်မှာ ဗုံးသီးချတိုက်ခိုက်ခဲ့တဲ့အပြင် စက်သေနတ်တွေနဲ့ပါ ပစ်ခတ်ခဲ့ တာလို့ Kachinwaves သတင်းဌာနက  ဖော်ပြပါတယ်။

စစ်တပ်လေယာဉ်ရောက်လာချိန်မှာ ကလေး၂ယောက်ကိုဆွဲပြီး ပုန်ခိုဖို့ကြိုးစားခဲ့ပေမယ့် အချိန်မရတော့တာကြောင့် ကလေးတွေကို ပိုက်ပြီး ထိုင်နေချိန်မှာ ဖခင်ဖြစ်သူ ကျောကို ကျည်ထိမှန်သွားတာလို့ သိရပါတယ်။

မြစ်ကြီးနားမြို့နယ်ထဲက ဧရာဝတီမြစ်ဘေးက ဟိုကပ်၊ တာပဒေါင်းကျေးရွာစတဲ့ ကျေးရွာနယ်မြေအတွင်းမှာ အာဏာသိမ်း ကာလက စတင်ပြီး စက်လှေကြီးတွေနဲ့ ရွှေတူးဖော်တဲ့လုပ်ငန်းတွေ လုပ်ကိုင်နေကြရာမှာ စစ်ကောင်စီတပ်ကလည်း အဆိုပါ နေရာတွေကို ဗုံးလာကြဲလေ့ရှိတယ်လို့ ဆိုပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲဖြစ်ရာဒေသတွေနဲ့ KIA တပ်ရင်း ၁၁ နယ်မြေတွေအပါအဝင် ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကိုပါ လေယာဉ်နဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ မြင်းခြံမြို့နယ်မှာ စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးမှန်လို့ အဘွားအိုတဦး သေဆုံး


မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲက နဘူးအိုင်ကျေးရွာမှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်တာကြောင့် အိပ်ယာထဲလဲနေတဲ့ အဘွားအိုတဦးသေဆုံးကာ သမီးဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီက ပြောပါတယ်။

နဘူးအိုင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မေလ ၂၅ ရက်ညပိုင်းမှာ သေနတ်နဲ့ အချက် ၅၀ ခန့် ပစ်ခတ်တဲ့ အပြင် လက်နက်ကြီးတလုံး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် နဘူးအိုင်ရွာက နာမကျန်းဖြစ်နေတဲ့ အသက် ၈၀ ကျော်အရွယ် အဘွားအိုသေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

အဆိုပါ စစ်ကောင်စီတပ်ဟာ မေလ ၂၂ ရက်ကလည်း နဘူးအိုင်ကျေးရွာက စိတ်ကျန်းမာရေးအားနည်းသူ အမျိုးသားတဦး ကို မီးရှို့သတ်ဖြတ်ပြီး ဖမ်းဆီးထားတဲ့ အမျိုးသား၂ဦးကိုလည်း သတ်ဖြတ်ခဲ့တာကြောင့် ရက်အတွင်း အရပ်သား ပြည်သူ ဦး သေဆုံးခဲ့ရပါတယ်။

မြင်းခြံမြို့နယ်ထဲမှာရှိတဲ့ ဆုံကုန်းပျူရွာကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မေလ ရက်နေမှာ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က မြင်းခြံမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်နေရာ မေလ ၁၄ ရက်က လည်း ရွာရှည်ရွာကို စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေ မီးရှို့ဖျက်ဆီးကာ အရပ်သားပြည်သူ၅ဦးကိုလည်း သတ်ဖြတ်ခဲ့တယ် လို့ မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ၃။ မုံရွာ-မန္တလေး လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်တွဲကားယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် စစ်သားတဦးသေဆုံး


စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ထဲက မုံရွာ-မန္တလေးလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်တွဲကားယာဉ်တန်းကို မေလ ၂၄ ရက် နေ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သားတဦး သေဆုံးသွားတယ်လို့ People Defence Force -South Monywa ထံကနေ သိရပါတယ်။

ဝမ်ပေါင်ကနေထွက်လာတဲ့ ကြေးနီတင်တွဲကားတွေဟာ နတ်ရေကန်စစ်တပ်ဂိတ်မှာခဏနားပြီးမှ မြင်းမူဘက်ကို ထွက်လာ တာလို့ ဆိုပါတယ်။

အဆိုပါ ကြေးနီတင်တွဲကား စီးအနက် စီးမြောက်တွဲကားကို ပဒေသာမိုင်း လုံး၊ စီးမြောက်တွဲကားကို ပဒေသာမိုင်း လုံးနဲ့ ချောင်းဦးမြိုနယ်ထဲက နတ်ရေကန်နဲ့ ရေးပိုးစားကန်ကြားမှာ ထိထိမိမိ ဖောက်ခိုက်နိုင်ခဲ့တယ်လို့ South Monywa တပ်ဖွဲ့က ပြောပါတယ်။

မိုင်းဆွဲခံလိုက်ရတဲ့ကားတွေထဲက စီးမြောက်ကားဟာ ခေါင်းမိုးတွေလန်ထွက်သွားပြီး ထိုးရပ်သွားတဲ့အပြင် ကားပေါ်မှာ ပါတဲ့ စစ်သား ဦး ပြင်းထန်ဒဏ်ရာရပြီး တဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲခံလိုက်ရပြီးနောက် ရေပိုးစားကန်မှာရှိနေတဲ့ စစ်သားတွေနဲ့ လမ်းပိုင်းမှာကင်းကျနေတဲ့စစ်သားတွေက နှစ်ဘက်ညှပ် ပြီး တော်လှန်ရေးအဖွဲ့တွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပေမယ့် ပြည်သူတွေပို့သတဲ့ မေတ္တာကြောင့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့လည်း အသိပေးထားပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်-၁၁ တပ်ရင်း People's Defence Force - South Monywa နွေဦးလူငယ် People's Defence Force တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence ForcePentagram နဲ့ မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

People's Defence Force - South Monywa အနေနဲ့ ရန်ပုံငွေအခက်အခဲနဲ့ ရင်ဆိုင်နေရတာကြောင့် ခဲယမ်းနဲ့ ကျည်တွေ ပြန်လည်ဖြည့်တင်းနိုင်ဖို့ တက်နိုင်သလောက ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၄။ ဖိုးချိမှူး စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က ဒုတပ်ရင်းမှူးအပါအဝင် ၄၈ ဦး လက်နက်ချအညံ့ခံ 


ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ- ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်ထဲက ဖိုးချိမှူး(ဖူ့ချိမူ) စခန်းသိမ်း တိုက်ပွဲမှာ စစ်တပ်ဘက်က စစ်တပ်ဘက်က ဒုတပ်ရင်းမှူးအပါအဝင် ၄၈ ဦး လက်နက်ချအညံ့ခံခဲ့တယ်လို့ Special OperationGroup (SOG) တပ်ဖွဲ့က မေ ၂၅ မှာ ထုတ်ပြန်ထားပါတယ်။


အဆိုပါတပ်စခန်းကို မေလ ၁၉ ရက်မှာ KNLA နဲ့ SOG တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ဒုတပ်ရင်းမှူး ရန်အောင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ဦး လက်နက်ချ အညံ့ခံခဲ့တာလို့ သိရပါတယ်။


မြန်မာ-ထိုင်းနယ်စပ်က စစ်ကောင်စီရဲ့ အင်အားကြီးအထိုင်စခန်းဖြစ်တဲ့ ဖူ့ချိမူစစ်စခန်းကိုသွားတဲ့ ရိက္ခာနဲ့ စစ်ကူပို့တဲ့လမ်း ကြောင်းတွေကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ကာလအတန်ကြာ ပိတ်ဆို့ဖြတ်တောက်ထားခဲ့ပြီးမှ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 


တိုက်ပွဲအတွင်း စစ်သား ၄၈ ဦး အရှင်ဖမ်းမိခဲ့ပြီး စစ်သား ၂၀ ကျော် သေဆုံးကာ သေနတ်မျိုးစုံ ၅၀ ကျော် သိမ်းဆည်းရရှိခဲ့ တယ်လို့ ဆိုပါတယ်။ 


စစ်သားအင်အား ၁၀၀ ခန့် တပ်စွဲနေတဲ့ ဖူ့ချိမူစခန်းဟာ ၁၉၉၇ ခုနှစ်ကတည်းက အခြေချတပ်စွဲနေထိုင်ခဲ့တဲ့ စခန်းတခုဖြစ် တာကြောင့် တော်လှန်ရေးတပ်ဖွဲ့များအနေနဲ့ လအတန်ကြာပိတ်ဆို့ပြီး အချိန်ယူတိုက်ခိုက်ခဲ့ရတာလည်းဖြစ်ပါတယ်။


အခု သိမ်းပိုက်ခဲ့တဲ့ ဖူ့ချိမှုစခန်းရဲ့ မြောက်ဘက်က ကျိုက်ဒုံမြို့အခြေစိုက်စစ်ကောင်စီဗျူဟာကုန်းစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေ မတ်လလယ်ပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာမှာ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၆ ဦး လက်နက်ချ အညံ့ခံခဲ့ဖူးတယ်လို့ စစ်ရေးမှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ၅။ ဂန့်ဂေါမြို့နယ်ထဲကို စစ်တပ်နဲ့ ပျူများ စစ်ကြောင်းထိုးမယ်ဆိုတဲ့သတင်းကြောင့် ဒေသခံများ တိမ်းရှောင်နေရ  


မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲမှာရှိနေတဲ့ မြောက်ခင်ရန်းရွာနဲ့ ဟံသာဝတီကျေးရွာက စစ်တပ်နဲ့ ပျူစောထီးတွေပါတဲ့ စစ်ကြောင်းဟာ ဘေးပတ်ဝန်းကျင်ကျေးရွာတွေကို စစ်ကြောင်းထိုးမယ်ဆိုတဲ့သတင်းကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

မြောက်ခင်ရန်းနဲ့ ဟံသာဝတီရွာ စစ်တပ်က အင်အားတိုးထားတဲ့အပြင် ၁၂၀ မမကျည်တွေနဲ့ ဒရုန်းတွေရောက်နေပြီး မေလ ၂၇ ရက်နေ့မှာ စစ်ကြောင်းထိုးမယ်လို့ သတင်းတွေထွက်နေတာကြောင့် အရပ်သားပြည်သူတွေကို သတိပေးထားတယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

မြောက်ခင်ရန်းရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ဂန့်ဂေါမြို့နယ်ထဲက ရေသာရွာနဲ့ရွှေဘိုကျေးရွာကို မေလ ၁၆ ရက်နေ့မှာ စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီး ဒေသခံ၂ဦးကို သတ်ဖြတ်ကာ အိမ်ခြေ ၃၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက်  ယခု နောက်တကြိမ် စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 

မေလ ၁၆ ရက်နေ့က အဆိုပါစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြန်လည်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက် က ၄ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီဟာ ဟံသာဝတီရွာနဲ့ မြောက်ခင်ရန်းကျေးရွာကို မေလ ၂၂ ရက်နေ့က ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်က တက်လာတဲ့ Mi 17ထောက်ပို့ယာဉ်နဲ့ ၁၂၀ မမ လက်နက်ကြီးကျည် သေတ္တာအချို့နဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်ပေး ခဲ့တာရှိတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီဟာ ဂန့်ဂေါမြို့နယ်ထဲက ပျူစောထီးအားကောင်းရာရွာတွေဖြစ်တဲ့ ဟံသာဝတီ၊ ကုက္ကား၊ ရွှေမေတ္တာ၊ အရှေ့လယ်ကြီး၊ အ‌နောက်လယ်ကြီး၊ ဝင်ဝနဲ့ မြောက်ခင်ရန်းကျေးရွာတို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီကလည်း သေနတ် အလက် ၅၀၀ တပ်ဆပ်ပေးထားပြီး ဒေသခံလူငယ်တွေနဲ့ ကျောင်းသားတွေကို ပြည်သူ့စစ်သင်တန်း ပေးနေတာရှိတယ်လို့လည်း သိရပါတယ်။

ဒါ့ကြောင့် မီးဘေးသင့်ပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ အရေးပေါ် လိုအပ်နေတာကြောင့် ပြည်တွင်း၊ပြည်ပအလှူရှင်များအနေနဲ့ ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြဖို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၆။ ရွာငံမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ကား စီး ပျက်စီးကာ သေဆုံး ဒဏ်ရာရသူ အများအပြားရှိခဲ့ 


မေလ ၂၆ရက်။

Radio NUG


ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ကို စစ်ကြောင်းထိုးဖို့ ဆင်းလာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ ကား စီး ပျက်စီးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ အများအပြား ရှိခဲ့တယ်လို့ YNPDF မှ သတင်း ထုတ်ပြန် ထားပါတယ်။


မေလ ၂၅ ရက်နေ့ မနက် နာရီခန့်မှာ အင်အား ၇၀ ခန့်ပါတဲ့ စစ်ကောင်စီ ကား စီးကို ရနဲကျေးရွာသို့ သွားတဲ့လမ်းမှာ တော်လှန်ရေး တပ်ဖွဲ့တွေက ကြိုတင်စောင့်ဆိုင်းပြီး ပဒေသာမိုင်း လုံးဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားသုံးစီး ပျက်ဆီးခဲ့ပြီး သေဆုံး၊ ဒါဏ်ရာရသူ များပြားနိုင်ပေမယ့် အရေအတွက်ကို အတည်မပြု နိုင်သေးဘူးလို ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ရွာငံပြည်သူကာကွယ်ရေး ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒဏ်ရာရရှိ သူတွေကို ရနဲ ကျေးရွာဘက်ကို ပြန်ပို့ခဲ့ပြီး လက်ကျန်အင်အား ၅၀ ခန့်ဖြစ်သာ ကဇက်ကြီး စက်လှေဆိပ်ဘက်ကို ဆက်လက်စစ်ကြောင်းထိုး ဝင်ရောက်သွားတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ မေလ ၂၃ ရက်ကလည်း ရနဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ အောင်ဝင်းနဲ့ စဖရ အောင်ကျော်ဝင်း တို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးစစ်ဆေးပြီး နောက်နောင် စကစနဲ့ ပတ်သက်တဲ့ စစ်သားစုဆောင်းခြင်း၊ မဲနှိုက်ခြင်းများကို မပြုလုပ်တော့ ပါဘူးလို့ ရွာသားတွေရှေ့မှာ လက်မှတ်ရေးထိုး ခိုင်းခဲ့ကြောင်းကို YNPDF မှ သတင်းထုတ်ပြန် ထားတာ တွေ့ရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက်ကိုခန့်၊မင်းနွေဦးနှင့် ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment