26th MAY 2024 - (Ethnic language program-CHO_Mün) by Radio NUG

📌 (ချင်း တိုင်းရင်းသား - Mün မွန်း ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၄ မေလ ( ၂၆ ) ရက်နေ့ နောက်ဆုံးရပြည်တွင်းသတင်းများ 


📌📌 ၁။ ချင်းပူးပေါင်းတပ်က မြို့နှစ်မြို့ ထပ်မံထိန်းချုပ်

 

ချင်းပြည်၊ ကျီခါးမြို့ကို ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDFs) ပူးပေါင်းတပ်က အပြည့်အဝထိန်းချုပ်လိုက်ပြီလို့ သိရပါတယ်။

(မေ ၁၉) မနက်ပိုင်းက အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် - ချင်းပြည်အစပ်ရှိ ကျီခါးမြို့ကို ချင်းပူးပေါင်းတပ်က ထိန်းချုပ်လိုက်ပြီး မြို့နယ်အဆင့်ရှိတဲ့ တွန်းဇံမှာတော့ စစ်ကောင်စီရဲ့ အင်အားဖြည့်တင်းမှုတွေကြောင့် နှစ်ဖက်တို၊က်ပွဲ ဆက်ပြင်းထန်နေတာ ဖြစ်ပါတယ်။

 

တွန်းဇံမြို့ စစ်ဆင်ရေးမှာ စစ်ကောင်စီ ၂၀ ဝန်းကျင်သေ၊ဆုံးနိုင်ပြီး ချင်းပူးပေါင်းတပ်ဘက်က နှစ်ဦးကျဆုံးတယ်လို့ CNF/ CNA ပြောရေးဆိုခွင့်ရ ဆလိုင်းထက်နီက ပြောတဲ့အကြောင်း Khonumthung Burmese က ရေးသားပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီထံက လ၊က်နက်မျိုးစုံ ၅၀ ကျော်နဲ့ ကျပ်သိန်းပေါင်း ,၀၀၀ ဝန်းကျင်ကို ချင်းပူးပေါင်းတပ်က သိမ်းဆည်းရရှိထားကြောင်းလည်း သတင်းထွက်နေပါတယ်။

 

ဒီစစ်ဆင်ရေးတွေကို CDF-Tonzang, CNA, CDF-Thantlang, PDA (Tedim), CDF CDM-Siyin, CDF-Hualngoram, YPDF (Yaw), Asho Chin Defence Force (ACDF), CDF-Hakha, CDF-Zanniatram CDF-Matupi အပါအ၀င် ချင်းပြည်ကောင်စီအဖွဲ့၀င် တော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတို၊က်ပွဲ၀င်နေတာဖြစ်ပြီး နှစ်ဘက်ထိခိုက်ဆုံးရှုံးမှုတွေကိုတော့ အတိအကျမသိရပါဘူး။

 

 

Tonzang Township Administration Board ကတော့ မြို့တွင်းမှာ ပ၊စ်ခတ်သံ ဆက်လက်ကြားနေရပြီးနေအိမ်အချို့ မီးလောင်ခဲ့တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

 

မေလ ၂၂ ရက်ကလည်း အချိန်မီဆေးကုမှုမရတဲ့ စစ်ရှောင်လူငယ်တဦး အသ၊က်ဆုံးရှုံးမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး တဖြည်းဖြည်းတိုးလာနေတဲ့ စစ်ရှောင်ပြည်သူတွေအတွက် အကူအညီများစွာ လိုအပ်နေတယ်လို့ ဆိုပါတယ်။

 

========================

 

📌📌 ၂။ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခို၊က်ခံ၊ ခလရ ၂၇၄ တပ်ရင်းကနေ လက်နက်ကြီးဖြင့် ပစ်ခတ်

 

မင်းတပ်မြို့နယ် တိုက်နယ် ဘုရားစခန်းကျေးရွာအတွင်း စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာ စင်းနဲ့ လေကြောင်းတိုက်ခိုက်မှု ကြိမ်ထက်မနည်း ထပ်မံပြုလုပ်ခဲ့ပါတယ်။

 

မေလ ၂၂ ရက် နေ့လယ် ၁၁ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ မကွေးလေတပ်တက်ဂျက်ဖိုက်တာက လှည့်ပတ်ပြီး တောက်လျှောက် ပစ်ခတ်သွားတာပါ။

 

ဒီလေကြောင်းပစ်ခတ်မှုအတွင်း ကျေးရွာတွင်းနေထိုင်တဲ့ အရပ်သား ထိခိုက်မှုမရှိခဲ့ပါဘူး။

 

လူထိတာတွေတော့ မကြားရဘူး၊ တောထဲ ပတ်ပြီးပစ်သွားတာ။လို့ ဒေသခံတဦးက The Mindat Post ကို ပြောပါတယ်။

 

မင်းတပ်မြို့နယ် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီတာဝန်ရှိသူကလည်းခလရ ၂၇၄ ကနေပါ ရွာဘက်တွေကို လက်နက်ကြီး တောက်လျှောက်ပစ်တယ်။လို့ ပြောပါတယ်။

 

မေလထဲ မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှု ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။

 

========================

 

📌📌 ၃။ ဆော - ကျောက်ထုလမ်းပိုင်း ပြန်ဖွင့်ပြီ

 

မကွေးတိုင်း ဆော - ကျောက်ထုလမ်းပိုင်း ပြန်လည်အသုံးပြုနိုင်ပြီလို့ သက်ဆိုင်ရာအဖွဲ့က ထုတ်ပြန်ပါတယ်။

 

ခရီးသွားပြည်သူများ အနေဖြင့် ဆော - ကျောက်ထု လမ်းပိုင်းအား ၂၀၂၄ ခုနှစ် မေလ ၂၁ ရက်နေ့မှ စတင်ပြီး ဖြ၊တ်သန်း သွားလာနိုင်ပြီ ဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။လို့ The Youth Force – Saw & Kyaukhtu က (မေ ၂၀) ရက်စွဲနဲ့ ထုတ်ပြန်လာတာပါ။

 

လမ်းပိုင်း အသုံးပြုမှု ခေတ္တရပ်နားထားကြဖို့ သတိပေးထုတ်ပြန်ခဲ့ပြီး ရက်အကြာမှာ ပြန်လည်အသုံးပြုနိုင်တဲ့အကြောင်း အသိပေး ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။

 

========================

 

📌📌 ၄။ မီဇိုရမ်မှာ နောက်ထပ် ချင်းညီအစ်ကိုနှစ်ဦး ဆယ်တန်း ဂုဏ်ထူး ဘာသာ၊ ဘာသာစီဖြင့် အောင်မြင်

 

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင် ချင်းလူမျိုး နောက်ထပ်ကျောင်းသားနှစ်ဦး ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်ထဲ ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူး ဘာသာ၊ ဘာသာစီနဲ့ အောင်မြင်ကြပါတယ်။

 

အိုက်ဇောမြို့မှာ Class 10 (ဆယ်တန်း) တက်ရောက်နေတဲ့ ဆလိုင်းအောင်ထန်း (၂၁ နှစ်) က English, Mathematics, Social Science, Secondary Science ဘာသာ၊ ဆလိုင်းအောင်လိန်း (၁၉ နှစ်) က Mathematics, Social Science, Secondary Science စတဲ့ဘာသာတွေနဲ့ ဂုဏ်ထူးထွက် အောင်မြင်တာ ဖြစ်ပါတယ်။

 

သူတို့နှစ်ဦးဟာ ညီအစ်ကိုအရင်းတွေဖြစ်ပြီး လွန်ခဲ့တဲ့နှစ်နှစ်လောက်က မင်းတပ်ကနေ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့ကို စစ်ဘေးရှောင်လာသူတွေပါ။

 

အကြီးက လေးဘာသာ၊ အငယ်က သုံးဘာသာ၊ အမှတ်က ၄၀၀ ကျော်စီရကြတယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းဆက်တက်ပြီး တချိန်ချိန်ကိုယ့်ဒေသအတွက် တတောင့်တနေရာကနေ အလုပ်လုပ်ကြဖို့ အားပေးပါတယ်။လို့ သူတို့ မိခင်က ပြောပါတယ်။

 

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်ထဲ မီဇိုရမ်၊ အိုက်ဇောမှာ အထက်တန်းကျောင်းတက်ရောက် ပညာသင်ကြားနေတဲ့ မင်းတပ်မြို့နယ်ဒေသခံတွေထဲက လေးဘာသာ နှစ်ဦး၊ သုံးဘာသာ တဦးနဲ့ နှစ်ဘာသာ တဦး စုစုပေါင်း လေးဦးက Class 10 (ဆယ်တန်း) ဂုဏ်ထူးနဲ့ အောင်မြင်ထားကြပါတယ်။



#RadioNUGLocalNews

#SpringRevolution 

Share:

Related Posts:

No comments:

Post a Comment