27th MAY 2024 - Evening Daily News by Radio NUG

 


၂၀၂၄ မေလ ၂၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်

📌 ၂။ ကရင်နီဒေသနှင့်ချင်းပြည်နယ်တို့တွင် ပြည်သူ့ဝန်ဆောင်မှုများကို စကစလုပ်မရတော့ဘဲ တော်လှန်ရေးအင်အားစုများကသာဝန်ဆောင်မှုပေးနေ

📌 ၃။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့်တိုင်းရင်းသားခေါင်းဆောင်များ အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးသို့ လာရောက်တွေ့ဆုံ

📌 ၄။ လွတ်လပ်မှု၊ တရားမျှတမှုတို့ကို လိုလားတောင်းတနေတဲ့ ရိုဟင်ဂျာပြည်သူတွေအတွက်ကောင်းမွန်တဲ့ ခေါင်းဆောင်ကောင်းတွေ ခေါင်းဆောင်မှုတွေ အပူတပြင်း လိုအပ်နေတယ်လို့ဆို

📌 ၅။ မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ဒုတိယကြိမ် ညီလာခံပြီးသည့်နောက်ပိုင်း အုပ်ချုပ်ရေးကော်မတီအား ပြန်လည်ဖွဲ့စည်း

📌 ၆။ ဒေါက်တာမီမီဝင်းဘတ်နှင့်အမေရိကန်ပြည်ထောင်စု တောင်ပိုင်းကယ်လီဖိုးနီးယားမိသားစုတို့ဇွန်လ၈ရက်တွေ့ဆုံမည်

📌 ၇။ တပ်ရင်း၅ရင်းကို ထောက်ပို့ပေးမယ့်Together We Win campaignစတင်

📌 ၈။ CDMများအတွက်နွေဦးထီအစောင်ငါးရာကျော်ကိုမေလအတွက် ဝေမျှပြီးစီး


၂၀၂၄ ခုနှစ် မေလ ၂၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။စစ်ကိုင်းခရိုင်အမှတ်()တပ်ရင်းတွင် တပ်ရင်းတည်ထောင်ခြင်း ၃နှစ်ပြည့်အခမ်းအနား နှင့် Sniper သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

🚩 ၂။ ပခုက္ကူမြို့အနောက်တောင်ဘက် ဖလမ်အိုကျေးရွာ တွင် အခြေချတပ်ဆွဲနေတဲ့ စစ်ကောင်စီ ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်၊ နိုင်ငံရေးမှူး ကျဆုံး

🚩 ၃။ လက်ပံတန်း စစ်တပ်သတင်းပေး လင်မယား ဦးကို ဖမ်းဆီးရှင်းလင်း

🚩 ၄။ RCSS က SSPP တပ်များကို ကြိမ် မိုင်းဆွဲ၍ ခြုံခိုတိုက်ခိုက်ခဲ့ဟု SSPP ထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်


မေလ၂၇


မေလ၂၂ရက်မှာ ကျင်းပပြုလုပ်သော ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေးသို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ- ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ () -တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါတယ်။


ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစည်းအဝေးတက်ရောက်သူ များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း၊ ကောင်းမွန်ပြီးလွတ်လပ်မျှတသော တရားစီရင်ရေးစနစ်ကို ဖော်ဆောင်ကာ ပြည်သူများနှင့် နိုင်ငံတကာ၏ ယုံကြည်ကိုးစားမှုကို ရယူသွားကြရန် ကြိုးစားသွားကြရမည် ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများမှ လတ်တလော တရားစီရင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် အခြေအနေများအားတင်ပြဆွေးနွေးမှုပြုခဲ့ကြပြီးနောက်  ကော်မတီဥက္ကဋ္ဌ- ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက "ယခုကာလသည် မိမိတို့၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို အဆင်ပြေပြေဆောင်ရွက်နိုင်ခြင်းရှိ/မရှိအား နိုင်ငံတကာမှ စောင့်ကြည့်နေသည့် အတွက် တရားစီရင်ရေးသည် အရေးကြီးကြောင်း၊ တော်လှန်ရေးမှာ တရိပ်ရိပ်သွားနေသည့်အတွက် တရားစီရင်ရေးကဏ္ဍကလည်း မနှောင့်နှေးနေသင့်ကြောင်း"ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ ကရင်နီဒေသနှင့်ချင်းပြည်နယ်တို့တွင် ပြည်သူ့ဝန်ဆောင်မှုများကို စကစလုပ်မရတော့ဘဲ တော်လှန်ရေးအင်အားစုများကသာဝန်ဆောင်မှုပေးနေ


မေလ၂၇


ကရင်နီဒေသနှင့်ချင်းပြည်နယ်တို့တွင် ပြည်သူ့ဝန်ဆောင်မှုများကို စကစလုပ်မရတော့ဘဲ တော်လှန်ရေးအင်အားစုများကသာဝန်ဆောင်မှုပေးနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောကြားပါတယ်။


မေလအတွင်း ဝါရင့်သတင်းသမားဦးခင်မောင်စိုးနှင့် တော်လှန်ရေးသမားများနှင့်စကားပြောခြင်းအစီအစဥ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။


"ကရင်နီမှာစကစကဘယ်နှစ်နေရာများစီမံအုပ်ချုပ်နေပါသလဲ။ ပြည်သူလူထုအတွက်ဝန်ဆောင်မှုဘယ်နှစ်နေရာပေးနေသလဲ။သူတို့တပ်ထဲကတောင်မထွက်ရဲဘူးလေ။ကရင်နီမှာ ပြည်သူအတွက်အတွက်တစ်ရာ ရာခိုင်နှုန်းတော်လှန်ရေးဘက်ကဝန်ဆောင်မှုပေးနေရတယ်။ချင်းလည်းအလားတူပဲ။ကိုးဆယ်ရာခိုင်နှုန်းလို့သာပြောတာတစ်ရာ ရာခိုင်နှုန်းအပြည့်ပဲ။ စကစဘက်ကဘယ်သူကစခန်းအပြင်ထွက်ရဲလို့လဲ။ပြည်သူအတွက်ကျန်းမာရေးစောင့်ရှောက်မှု၊ပညာရေး ဘယ်သူကလုပ်ရဲလို့လဲ"လို့ဝန်ကြီးကဆိုပါတယ်။


တိုင်းရင်းသားနယ်မြေများတွင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနယ်မြေစိုးမိုးမှုအခြေအနေကို မြန်မာပြည်သူများအား အကူအညီပေးနေသည့်နိူင်ငံတကာအဖွဲ့အစည်းများပိုမိုသိရှိကြောင်း ပြည်ထောင်စုဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၃။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့်တိုင်းရင်းသားခေါင်းဆောင်များ အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးသို့ လာရောက်တွေ့ဆုံ


မေလ၂၇


ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့်တိုင်းရင်းသားခေါင်းဆောင်များ အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးသို့ လာရောက်တွေ့ဆုံခဲ့တယ်လို့ မေလ၂၆ရက်မှာ အမျိုးသားညီညွတ်ရေး အစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးကအသိပေးဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်များ တို့သည်  ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးသို့ လာရောက်ကာ ကိုယ်စားလှယ် ဦးစောဘလှသိန်းနှင့် ရုံးအဖွဲ့ဝင်များအား တွေ့ဆုံနှုတ်ဆက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ကိုယ်စားလှယ်မှ ရုံးလည်ပတ်ဆောင်ရွက်နေမှုအခြေအနေများနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး ရုံးအဖွဲ့ဝင်များမှလည်း လက်ရှိမြန်မာနိုင်ငံအတွင်း နိုင်ငံရေး၊စစ်ရေး တိုးတက်ပြောင်းလဲမှု အခြေအနေများအား အတည်ပြုဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ လွတ်လပ်မှု၊ တရားမျှတမှုတို့ကို လိုလားတောင်းတနေတဲ့ ရိုဟင်ဂျာပြည်သူတွေအတွက်ကောင်းမွန်တဲ့ ခေါင်းဆောင်ကောင်းတွေ ခေါင်းဆောင်မှုတွေ အပူတပြင်း လိုအပ်နေတယ်လို့ဆို


မေလ၂၇ရက်


လွတ်လပ်မှု၊ တရားမျှတမှုတို့ကို လိုလားတောင်းတနေတဲ့ ရိုဟင်ဂျာပြည်သူတွေအတွက်ကောင်းမွန်တဲ့ ခေါင်းဆောင်ကောင်းတွေ ခေါင်းဆောင်မှုတွေ အပူတပြင်း လိုအပ်နေတယ်လို့ လူ့အခွင့်ရေး ဆိုင်ရာဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက မေလအတွင်းမှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆိုထားပါတယ်။


"ရိုဟင်ဂျာတွေရဲ့ ခေါင်းဆောင်က ဘယ်သူလဲ။ ရိုဟင်ဂျာတွေ ခေါင်းဆောင်မဲ့နေကြတယ်။ ဦးစီးဦးဆောင် မရှိကြ ဆိုတဲ့ ပြောဆို သုံးသပ်မှုတွေကို လတ်တလော ကြားနေရပါတယ်။ လိုရင်း ပြောရရင် ရိုဟင်ဂျာတွေမှာခေါင်းဆောင် မရှိတာ မဟုတ်ဘူး။ခေါင်းဆောင်ဆိုသူတွေ များနေခြင်းသာ ဖြစ်ပါတယ်။ မိမိက လုပ်မှ အရေးကိစ္စတွေ ပြီးမယ်၊ ဖြစ်မယ်ဆိုတဲ့ စိတ်ကြီးဝင်နေမှုတွေကနေ ငါတို့ (We)  မိမိတို့အားလုံး လုပ်မှရမယ် ဆိုတာမျိုး ပြောင်းလဲဖို့ အချိန်ဖြစ်ပါတယ်။ လွတ်လပ်မှု၊ တရားမျှတမှုတို့ကို လိုလားတောင်းတနေတဲ့ သန်းနဲ့ချီတဲ့ ရိုဟင်ဂျာပြည်သူတွေ ကံကြမ္မာကို ပြောင်းလဲဖို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ ကောင်းမွန်တဲ့ ခေါင်းဆောင်ကောင်းတွေ ခေါင်းဆောင်မှုတွေ အပူတပြင်း လိုအပ်နေပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စကစဟာလက်ရှိမှာ ရိုဟင်ဂျာများကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းမှုအပါအဝင် လူမျိုးရေးပဋိပက္ခဖြစ်ပွားအောင်လည်းဖန်တီးလျက်ရှိနေပါတယ်။


========================


📌📌 ၅။ မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ဒုတိယကြိမ် ညီလာခံပြီးသည့်နောက်ပိုင်း အုပ်ချုပ်ရေးကော်မတီအား ပြန်လည်ဖွဲ့စည်း


မေလ၂၇ရက်


မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ဒုတိယကြိမ် ညီလာခံပြီးသည့် နောက်ပိုင်းအုပ်ချုပ်ရေးကော်မတီအား ပြန်လည်ဖွဲ့စည်းခဲ့ကြောင်းကို မေလ၂၇ရက်မှာ မွန်ပြည်ဖက်ဒရယ်ကောင်စီကအသိပေးကြေညာပါတယ်။


မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ဒုတိယကြိမ် ညီလာခံပြီးသည့် နောက်ပိုင်း မွန်ပြည်(နယ်)တွင် အာဏာ () ရပ် အား ကျင့်သုံးနိုင်ရန် (က) ဥပဒေပြုရေး ကော်မတီ () တရားရေး ကော်မတီနှင့် () အုပ်ချုပ်ရေး ကော်မတီတို့ကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့တယ်လို့ဖော်ပြပါတယ်။


 လက်ရှိ ပြန်လည် ပြင်ဆင်ဖွဲ့ စည်းထားသည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ အုပ်ချုပ်ရေးကော်မတီမှာ


(က) နိုင်မွန်ဆိုင်း - ဥက္ကဌ

() နိုင်ဒင်းပလဟံသာ - ဒု-ဥက္ကဌ၊ ဌာနမှူး၊ ကာကွယ်ရေးဌာန

() နိုင်ပညာမာန် - ဌာနမှူး၊ ပြည်ထဲရေးဌာန

() မိသုတဂျော် - ဌာနမှူး၊ လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာန

() မိမူဘဲ့ - ဌာနမှူး၊ ပညာရေးဌာန

() မိမငေးသဇင် - ဌာနမှူး၊ ကျန်းမာရေးဌာန

() Dr. သီရိမွန်ချမ်း - ဌာနမှူး၊ သတင်းပြန်ကြားရေးနှင့် လူထုဆက်ဆံရေးဌာန

() မိသုဇာထော -  ဌာနမှူး၊ လူငယ်၊ အမျိုးသမီး၊ ကလေးနှင့် ဂျန်ဒါတန်းတူရေးဌာန

(ဇျ) နိုင်သဟမွန် - ဌာနမှူး၊ ပြင်ပဆက်ဆံရေးဌာန

() မိဇဲ့ဟန်မွန် - ဌာနမှူး၊ ဘဏ္ဍာရေးနှင့် အခွန်ကောက်ဌာနတို့ဟူ၍ဖော်ပြပါရှိပါတယ်။


မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ အုပ်ချုပ်ရေးကော်မီတီသည် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ၊ နွေဦးတော်လှန်ရေး အင်အားစုများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ ရပ်ရွာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ ဒေါက်တာမီမီဝင်းဘတ်နှင့်အမေရိကန်ပြည်ထောင်စု တောင်ပိုင်းကယ်လီဖိုးနီးယားမိသားစုတို့ဇွန်လ၈ရက်တွေ့ဆုံမည်


မေလ၂၇


ဒေါက်တာမီမီဝင်းဘတ်နှင့်အမေရိကန်ပြည်ထောင်စု တောင်ပိုင်းကယ်လီဖိုးနီးယားမိသားစုတို့ဇွန်လ၈ရက်တွေ့ဆုံမယ်လို့ မေလ၂၇ရက်ဆိုရှယ်မီဒီယာမှာ ဒေါက်တာမီမီဝင်းဘတ်က အသိပေးဖော်ပြထားပါတယ်။


တောင်ပိုင်းကယ်လီဖိုးနီးယားမိသားစုနှင့်မြန်မာပြည်အရေးကို ပွင့်လင်းရင်းနှီးစွာဆွေးနွေးမှာဖြစ်ပါတယ်။


အလားတူတက္ကဆက်ပြည်နယ် ဟူစတင်မြို့တွင်လည်းဇွန်လ၂၁ရက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။


ပါမောက္ခဒေါက်တာမီမီဝင်းဘတ်ဟာ မြန်မာ့နွေဦးတော်လှန်ရေးကိုထောက်ခံဝန်းရံနေသူတဦးလည်းဖြစ်ပါတယ်။


========================


📌📌 ၇။ တပ်ရင်း၅ရင်းကို ထောက်ပို့ပေးမယ့်Together We Win campaignစတင်


မေလ၂၇


တပ်ရင်း၅ရင်းကို ထောက်ပို့ပေးမယ့်Together We Win campaignစတင်ပြီလို့ မေလ၂၇ရက်မှာ Together We Win campaignကတရားဝင်အသိပေးဆိုပါတယ်။


"မင်္ဂလာပါ။Together We Win IV campaign လေးစပါပြီ။Target ရဲ့ 50% ကိုဆုမဲပြန်ဖေါက်ပေးပြီး၊ 50% ကို PDF တပ်ရင်း ၅ရင်း အညီအမျှ ခွဲပေးပါမယ်"လို့ဆိုပါတယ်။


အမေရိကန်ဒေါ်လာငါးသောင်းရည်မှန်းတဲ့ Together We Win campaignဟာ - ပြင်ဦးလွင်မြေကွက် 40 x 80 တကွက်(USD 11,520) နွေဦးစံရိပ်မွန်တိုက်ခန်း 1B * ခန်း (USD 1980)တို့ကိုမဲဖောက်ပေးသွားမှာဖြစ်ပါတယ်။


Campaign ကာလ - တလ သတ်မှတ်ထားပြီးလက်မှတ်တစောင် USD 20ဒေါ်လာနှင့်ရောင်းချသွားမှာဖြစ်ပါတယ်။


ရရှိလာတဲ့ငွေကြေးများထဲမှတဝက်ကိ- မန္တလေး PDF ၊နေပြည်တော် PDF ၊ဂန့်ဂေါ PDF ၊မင်းဘူး PDF ဖယ်ခုံ PDF တို့ကိုထောက်ပို့သွားမှာဖြစ်ပါတယ်။


========================


📌📌 ၈။ CDMများအတွက်နွေဦးထီအစောင်ငါးရာကျော်ကိုမေလအတွက် ဝေမျှပြီးစီး


CDMများအတွက်နွေဦးထီအစောင်ငါးရာကျော်ကိုမေလအတွက် ဝေမျှပြီးစီးခဲ့တယ်လို့ မေလ၂၇ရက်မှာ CDMတဦးနွေဦးထီတစောင်ထောက်ပို့ကမ်ပိန်းကအသိပေးဆိုပါတယ်။


"ယခု မေလ အတွက် ထီ အစောင် 504 ကို ဝေမျှ ပြီးပါပြီ"လို့ဆိုပါတယ်။


ဧပြီလအတွင်းCDMများသို့ထီ အစောင်ရေ ၅၂၀ ဝေမျှခဲ့ရာတွင် CDMဝန်ထမ်းစုစုပေါင်း ၁၀ဦးပေါက်ခဲ့တယ်လို့သိရပါတယ်။


CDM တစ်ဦးနွေဦးထီတစ်စောင်ချီးမြှင့်သည့် ကမ်ပိန်းကို မည်သူမဆိုပါဝင်နိူင်ပြီးCDMဝန်ထမ်းများအတွက် ထီလက်မှတ်ဆယ်စောင်နှင့်အထက်ဝယ်ယူပေးသူအား ကော်မတီက လက်ဆောင်ပို့စကဒ်များ ပြန်လည်ပေးပို့မှာဖြစ်ပါတယ်။


CDM Success Committee တို့ပူးပေါင်းဆောင်ရွက်သော CDM တစ်ဦးနွေဦးထီတစ်စောင်   ချီးမြှင့်သည့် အစီအစဉ် တွင် ထီလက်မှတ်တွေကို ဝန်ကြီးဌာနမှာရှိတဲ့ CDM တွေကို ခွဲတမ်းအလိုက်ကော်မတီက ပြန်လည်ပို့ပေးလျက်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။စစ်ကိုင်းခရိုင်အမှတ်()တပ်ရင်းတွင် တပ်ရင်းတည်ထောင်ခြင်း ၃နှစ်ပြည့်အခမ်းအနား နှင့် Sniper သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ


မေလ ၂၇ရက်


စစ်ကိုင်းခရိုင်အမှတ်()တပ်ရင်းတွင် တပ်ရင်းတည်ထောင်ခြင်း ၃နှစ်ပြည့်အခမ်းအနား နှင့် Sniper သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို မေလ ၂၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။


အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံအား အလေးပြုခြင်း၊ ကျဆုံးရဲဘော်များအား လွမ်းဆွတ်အောက်မေ့ အလေးပြုခြင်း၊ sniper သင်တန်းသားများ ကျမ်းသစ္စာကျိန်ဆိုခြင်း၊ တပ်ရင်းရှိရဲဘော်များအားလုံး သစ္စာရေသောက်ခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။


 တပ်ရင်းတာဝန်ရှိပုဂ္ဂိုလ်များက ၃နှစ်တာကာလအတွင်း တပ်ရင်းအနေနှင့် ရင်ဆိုင်ခဲ့ရသော အခက်အခဲများနှင့် အောင်မြင်မှုများ၊ နောင်ရှေ့ဆက်ရမည့်လမ်းစဉ်များနှင့် စစ်အာဏာရှင်စနစ်အမြစ်ပျက်သည်အထိ မဆုတ်မနစ်ဆက်လက်တိုက်ပွဲဝင်သွားကြရန် အမှာစကားများ ပြောကြားခဲ့ကြပါတယ်။


ထို့နောက် ထူးချွန်သင်တန်းသားများနှင့် တပ်ရင်းတည်ထောင်ခြင်း ၃နှစ်ပြည့်အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုပေးအပ်ချီးမြှင့်ခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။



🚩🚩 ၂။ ပခုက္ကူမြို့အနောက်တောင်ဘက် ဖလမ်အိုကျေးရွာ တွင် အခြေချတပ်ဆွဲနေတဲ့ စစ်ကောင်စီ ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်၊ နိုင်ငံရေးမှူး ကျဆုံး


မေ ၂၇ Radio NUG


မေလ ၂၆ရက်နေ့ မနက်ပိုင်းတွင် ပခုက္ကူမြို့အနောက်တောင်ဘက် ဖလမ်အိုကျေးရွာ တွင် အခြေချတပ်ဆွဲနေတဲ့ စစ်ကောင်စီ ကင်းစခန်းကို အမှတ် ၈၁၅ PLA တပ်ဖွဲ့ နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLAက သတင်းထုတ်ပြန်ပါတယ်။


တိုက်ပွဲဖြစ်စဉ်အတွင်း ရန်သူ့စစ်ကူများ ရောက်လာသောကြောင့် ပြန်လည်ဆုတ်ခွာစဉ် ရဲဘော်များပြန်ဆုတ်နိုင်အောင် အမှတ် ၈၁၅ PLA တပ်ဖွဲ့နိုင်ငံရေးမှူး ရဲဘော်ထွန်းနိုင်က ကာပစ်ပေးခဲ့တယ်လို့ သိရပါတယ်။


ရဲဘော်အားလုံး ဆုတ်ခွာပြီးချိန်တွင် ရဲဘော်ထွန်းနိုင် ဆုတ်ခွာစဉ် ရန်သူ့ကျည် ဦးခေါင်းကို ထိမှန်ခဲ့ကာ စကားပြောစက်တွင် ထိသွားပြီဟု ရဲဘော်များကို သတင်းပို့ခဲ့ပြီး ပုခက်ဖြင့် ထမ်းခေါ်ဖို့ ကြိုးစားချိန်တွင် ကျဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ရဲဘော်ထွန်းနိုင် () ကိုအောင်သူရ ဟာ အနောက်မြောက်စစ်ဒေသ၏ ပါတီကလာပ်စီးအဖွဲ့ဝင် ဖြစ်ပြီး အမှတ်၈၁၅ PLA တပ်ဖွဲ့တွင် နိုင်ငံရေးမှူး တာဝန်ယူ ထားသူ ဖြစ်ပါတယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ လက်ပံတန်း စစ်တပ်သတင်းပေး လင်မယား ဦးကို ဖမ်းဆီးရှင်းလင်း


မေ ၂၇ Radio NUG


မေ ၂၅ ရက်နေ့တွင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ နယ်၊ ရေငဲကျေးရွာ အုပ်စု၊ စီတုန်းရွာမှာ နေထိုင်တဲ့ စစ်တပ်သတင်းပေး လင်မယား ဦးကို  ရှင်းလင်းခဲ့ကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။


သတင်းပေးလင်မယားဟာ စစ်တပ်စစ်ကြောင်းတွေကို ကျွေးမွေးဧည့်ခံခြင်း၊ လမ်းပြပေးခြင်းနဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ လှုပ်ရှားမှုတွေကို သတင်းပေးပို့တာတွေကြောင့် မေ ၂၄ ရက် ၁၀ နာရီခန့်မှာ စီတုန်းကျေးရွာ နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။


သူတို့ဖုန်းထဲမှာ မြို့နယ်မှူးဖုန်းနံပါတ်ကအစ ရှိပြီး သူတို့ဖုန်းကို သိမ်းထားစဉ်မှာလည်း ဖုန်းဆက် သတင်းမေးလာတယ်လို့ သိရပါတယ်။


စစ်တပ်သတင်းပေးနေတဲ့ အသက် ၄၅ နှစ်အရွယ် မင်းဇော်ဦးနဲ့ အသက် ၃၉ နှစ်အရွယ် ခင်မာကြည်တို့ လင်မယားကို တော်လှန်ရေးစခန်းကို ဖမ်းဆီးခေါ်ဆောင်လာကာ လိုအပ်တာများ စစ်ဆေးမေးမြန်းပြီး ရှင်းလင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။


မင်းဇော်ဦးဟာ လက်ပံတန်းမြို့ နယ်၊ ကျေးလက်ဦးစီးဌာနက ခန့်အပ်ထားတဲ့ မြစိမ်းရောင်အသင်း ဥက္ကဌတဦး ဖြစ်သလို ပြည်သူတွေထံ လျှပ်စစ်မီတာခများ ကောက်ခံပေးနေတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့မေ ၂၂ ရက်ကလည်း သာယာဝတီခရိုင်၊ အုတ်ဖို့မြို့နယ်မှာ သစ်ခိုးထုတ်ပြီး စစ်တပ်သတင်းပေးဖြစ်တဲ့ သန်းဇော် ဆိုသူရှင်းလင်းခံရပြီး ဖောကားကိုပါ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။


========================


🚩🚩 ၄။ RCSS က SSPP တပ်များကို ကြိမ် မိုင်းဆွဲ၍ ခြုံခိုတိုက်ခိုက်ခဲ့ဟု SSPP ထုတ်ပြန်


မေ ၂၇ Radio NUG


ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်(SSPP/SSA)တပ်ဖွဲ့ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု SSPPက မေလ (၂၆)ရက်နေ့က ထုတ်ပြန်ပါတယ်။


မတ်လ(၃၁)ရက်နေ့  SSPP တပ်ဖွဲ့မှ ရပ်စောက်မြို့နယ်အတွင်းရှိ တပ်စခန်းများကို ကွင်းဆင်းစစ်ဆေးနေချိန် ကျောက်တန်းကျေးရွာအတက် လိမ္မော်ခြံကျေးရွာအနီး နမ့်ပွန် တံတားအရှေ့ဘက် တစ်နေရာတွင် RCSS တပ်ဖွဲ့ အင်အား()ဦး လမ်းပြအဖြစ် ဒေသခံပြည်သူ ()ဦး စုစုပေါင်း ()ဦးတို့က မိုင်းဆွဲတိုက်ခိုက်ရာ SSPP တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးပြီး ()ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


SSPP တပ်ဖွဲ့ကို RCSSက မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး SSPP ဗဟိုဌာနချုပ် အတွင်းရေးမှူး () ဗိုလ်မှူးကြီးစိုင်းစုမှ RCSS ဗဟိုဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးကြီးထံ အချက်() ချက်ဖြင့် ညှိနှိုင်းတောင်းဆိုခဲ့သည်ဟု ဖော်ပြထားပါတယ်။


SSPP တပ်ဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် RCSS ရဲဘော်() ဦးအား SSPP ထံလွှဲပြောင်း အပ်နှံပေးရန်၊ ပြစ်မှုကျူးလွန်သူ ()ဦးကို SSPPထံ မလွဲအပ်နိုင်ပါက RCSS အနေဖြင့် မိုင်းပွန်-ဟိုပုံး ကားလမ်းမကြီး၏ မြောက်ဘက်အရပ်မှ တောင်ဘက်အရပ်သို့ ရွှေ့ပြောင်းပေးရန်နှင့် ပြစ်မူကျူးလွန်သူကို SSPP ထံ မလွဲအပ်နိုင်ဘဲ မိုင်းပွန်-ဟိုပုံး ကားလမ်းအရှေ့ဘက်ကိုပါ မရွှေ့ပေးနိုင်ခဲ့လျှင် SSPP အနေဖြင့် မိုင်းဆွဲတိုက်ခိုက်ခြင်းခံခဲ့ရသည့် ရပ်စောက်-အင်တော နယ်မြေအတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ပေးပို့ခဲ့ကြောင်း သိရသည်။


အဆိုပါ ညှိနှိုင်းတောင်းဆိုမူနှင့် ပတ်သက်ပြီး RCSS ဘက်က တစ်စုံတစ်ရာ တုံပြန်ခြင်းမရှိဟုလည်း ဖော်ပြထားပါတယ်။


ပြီးခဲ့သည့် မေလ(၁၅)ရက်နေ့ကလည်း SSPP စစ်ကြောင်းများသည် ရပ်စောက်မြို့နယ် ကျိုင်းခမ်းလုံကျေးရွာအုပ်စု ရေမောင်းကျေးရွာ မီလယ်ကျော်ကျေးရွာ-နားစံကျေးရွာအထိ တောထဲမဝင်ဘဲ ကားလမ်းမကြီးအတိုင်း သွားလာလှုပ်ရှားရန်ရှိသည့်အတွက်ကြောင့် RCSS နယ်မြေတာဝန်ခံနှင့် ဗဟိုဆက်ဆံရေးတာဝန်ခံများထံ ကြိုတင်အကြောင်းကြား အသိပေးထားခဲ့ပြီး မေလ(၁၇)ရက်နေ့တွင် SSPP စစ်ကြောင်းမှ နားစံကျေးရွာ အနောက်ဘက်သို့ ကားဖြင့် ထွက်ခွာချိန် RCSS ရဲဘော်အင်အား (၁၀)ဦးခန့်က ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် SSPPရဲဘော် () ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


မေလ(၁၉)ရက်နေ့တွင်လည်း ရေမောင်းကျေးရွာအနီး ရေချိုးသွားသည့် SSPPတပ်ဖွဲဝင်များကို RCSS တပ်ဖွဲ့မှ နောက်တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မေလ(၂၀)ရက်နေ့တွင် ရေမောင်းကျေးရွာအနီး နောင်ယာဆိုင်းတံတား၌ RCSSတပ်ဖွဲ့မှ နောက်ထပ် နှစ်ကြိမ် SSPP စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက်ကို မင်းသီဟန်နှင့် ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment