27th MAY 2024 - Morning Daily News by Radio NUG

၂၀၂၄ မေလ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အခြေခံပညာအောင်လက်မှတ် ပြန်လည်စစ်ဆေးရေးနှင့်ပတ်သက်၍ အများပြည်သူသို့ NUG ပညာရေးဝန်ကြီဌာနက သတင်းထုတ်ပြန်

📌 ၂။ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တော်လှန်ရေးအထောက်အကူပြု ရံပုံငွေပွဲနှင့် မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲသို့ တက်ရောက်

📌 ၃။ ဒုတိယဝန်ကြီးနှင့် ကနေဒါနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန လွှတ်တော်အတွင်းဝန် တွေ့ဆုံဆွေးနွေး

📌 ၄။ NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇော်က အာဆီယံသဘောတူညီချက်ကို စစ်ကောင်စီလိုက်နာဖို့ အာဆီယံက ဖိအားပေးသင့်တယ်လို့ ပြောကြား

📌 ၅။ စစ်ကိုင်းတိုင်းအတွင်း စစ်ရှောင်ရွာနှင့် ဆေးကုသမှု မရရှိနေတဲ့ ကျေးရွာ()ကို ကျောင်းသားလက်ရုံးတပ်တော်မှ ကျန်းမာရေး စောင့်ရှောက်မှုပေး

📌 ၆။ နွေဦးဘဏ်၏ SDB ကို အခြားဒီဂျစ်တယ်ငွေကြေးများနဲ့ P2P ချိတ်ဆက်လဲလှယ်နိုင်ကြောင်း ကြေညာချက်ထုတ်ပြန်


၂၀၂၄ ခုနှစ် မေလ ၂၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကျင်ဒွေးမြို့သိမ်း တိုက်ပွဲဝင် အမှတ်()စစ်ဒေသ ဂန့်ဂေါခရိုင်၊ တပ်ရင်း(၁၃)ပြန်လည်စုဖွဲ့ လေ့ကျင့်မှုပြုလုပ်

🚩 ၂။ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း နဲ့ တို့ကို ဒုတိယအကြိမ် လက်နက်တပ်ဆင်

🚩 ၃။ ယင်းမာပင်တွင် မဟာမိတ် တပ်ရင်း၊ တပ်ဖွဲ့များ စုပေါင်းထားတဲ့ Union Liberation Front ကို ULF စစ်ကြောင်း အဖြစ် ပြောင်းလဲဖွဲ့စည်း

🚩 ၄။ ကျွန်းစုမြို့နယ်မှာ မူးယစ်ဆေးရောင်းသူ ဦးကို PDF တပ်ဖွဲ့ ဖမ်းဆီး

🚩 ၅။ ထားဝယ်တွင် စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းတပ်စွဲပြီး ငွေကြေးကောက်ခံနေတဲ့ ပန်းတောဂိတ်စခန်း တိုက်ခိုက်ခံရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အခြေခံပညာအောင်လက်မှတ် ပြန်လည်စစ်ဆေးရေးနှင့်ပတ်သက်၍ အများပြည်သူသို့ NUG ပညာရေးဝန်ကြီဌာနက သတင်းထုတ်ပြန်


မေလ ၂၆ရက်။

Radio NUG

အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာအောင်လက်မှတ် ပြန်လည်စစ်ဆေးရေးနှင့်ပတ်သက်ပြီး မေလ ၂၅ရက်နေ့မှာ သတင်ထုတ်ပြန်ထားပါတယ်။ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (BECA) ဖြေဆိုရန် လျှောက်ထားသူ ဦးရေ ၇၅,၀၀၀ ခန့် ရှိပြီး ဘာသာစုံဖြေဆိုသူ ၅၆,၀၀၀ ခန့် (၇၅%) ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဖြေဆိုသူများအနက် စည်းကမ်းချက်များနှင့်အညီ ဖြေဆိုပြီး Certificate ရရှိသူဦးရေ ၅၀,၀၀၀ ခန့် (၈၉%) ရှိတယ်လို့ သိရပါတယ်။ စည်းကမ်းချက်နှင့် မကိုက်ညီ၍ Certificate 

မရရှိသူဦးရေ ,၀၀၀ ခန့် (၁၁%) ရှိခဲ့ပါတယ်။

ဖြေဆိုသူများလိုက်နာရမည့် စည်းကမ်းချက်များနှင့် ကိုက်ညီစွာဖြေဆိုထားပါလျက်နှင့် Certificate မရရှိ ဖြစ်နေသည်ဟု ယူဆထားကြသည့်စာဖြေသူများသည် မိမိရလဒ်နှင့်ပတ်သက်၍ ပြန်လည်စစ်ဆေးပေးစေလိုပါက Complaint Form လျှောက်ထားနိုင်ပြီးအကယ်၍ Complaint Form အများအပြား တင်လာပါက စစ်ဆေးခြင်းလုပ်ငန်းစဉ် ကြန့်ကြာနိုင်တာကြောင့် စောင့်ဆိုင်းပေးရန် လိုအပ်တယ်လို့ဖော်ပြထားပါတယ်။

အရင်က Complaint Form ကို သုံးသောင်းကျပ် ပေးသွင်း၍ ပြန်လည်စစ်ဆေးပေးရန် လျှောက်ထားနိုင်သည့် အစီအစဉ်ထားရှိခဲ့ပေမယ့်ထိုငွေသွင်းရသည့်အစီအစဉ်ကို ပြင်ဆင်ပေးရန် တောင်းဆိုမှုများကြောင့် ပြည်သူ့အသံကို နားဆင်၍ Complaint Form အတွက် ငွေသွင်းရန် အစီအစဉ်ကို ရပ်နားလိုက်တယ်လို့လည်း ဖော်ပြထားပါတယ်။

သို့ဖြစ်ပါ၍ Complaint Form လျှောက်ထားမည့် စာဖြေသူများသည် (၂၅--၂၀၂၄) ရက်နေ့ နောက်ဆုံးထား၍ ( LMS - https://lms.moeedu.org ) » Technical Support Channel တွင် ကျောင်းသား၏ ဖြေဆိုခဲ့ရမှုအခြေအနေအခက်အခဲကို ကျောင်းသားကိုယ်တိုင် ရေးသားထားသော လျှောက်လွှာမိမိတက်ရောက်နေသော မြေပြင်/အွန်လိုင်းကျောင်း (သို့) သက်ဆိုင်ရာ မြို့နယ်ပညာရေးဘုတ် (သို့) ပညာရေးအဖွဲ့အစည်း (သို့) စီဒီအမ်ဝန်ထမ်းတစ်ဦး (သို့) မိဘအုပ်ထိန်းသူ (သို့) ကျောင်းသား ကိုယ်တိုင်၏ ဖြေဆိုသူများလိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ဖြေဆိုခဲ့သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက်နှင့် ပူးတွဲဖော်ပြလျှောက်ထားရန်နှင့် Complaint ကို စစ်ဆေးအကဲဖြတ်ခြင်းလုပ်ထုံး လုပ်နည်းဖြင့်သာ အကြောင်းပြန်ကြားပေးမည်ဖြစ်ပါကြောင်းကြေညာထားပါတယ် ပြန်လည်စစ်ဆေးရာတွင်လည်း အချိန်ယူရမည်ဖြစ်သောကြောင့် ရလဒ်များအားစစ်ဆေးပြီး အကြောင်းပြန်ရာတွင် ကြာမြင့်နိုင်ပါကြောင်းလည်းအမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တော်လှန်ရေးအထောက်အကူပြု ရံပုံငွေပွဲနှင့် မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲသို့ တက်ရောက်


မေလ ၂၆ရက်။

လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့ဟာ ကနေဒါနိုင်ငံ တိုရန်တိုမြို့တွင်မေလ ၂၅ရက်နေ့က ကျင်းပပြုလုပ်တဲ့ တော်လှန်ရေး အထောက်အကူပြုရံပုံငွေပွဲနှင့် မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲသို့ တက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဆိုပါပွဲသို့ ကနေဒါနိုင်ငံ တိုရန်တိုမြို့၏ Councillor Anthony Perruzza လည်း တက်ရောက် အဖွင့်စကားပြောကြားခဲ့ပြီး Parliament member များကလည်း Video Message များပေးပို့၍ဂုဏ်ပြုစကားပြောကြားခဲ့ကြကြောင်း သိရှိရပါတယ်။


အဆိုပါအခမ်းအနားကို Burma Canadian Association of Ontario (B.C.A.O)မှ ကြီးမှူးကျင်းပခဲ့ပြီး မြန်မာပြည်သူပြည်သားများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်။


========================


📌📌 ၃။ ဒုတိယဝန်ကြီးနှင့် ကနေဒါနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန လွှတ်တော်အတွင်းဝန် တွေ့ဆုံဆွေးနွေး


မေလ ၂၆ရက်။

လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့်အဖွဲ့သည် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန လွှတ်တော်အတွင်းဝန် Ms. Anita Vandenbeld နှင့် ၂၀၂၄ ခုနှစ် မေလ (၂၄) ရက်နေ့တွင် ကနေဒါနိုင်ငံ၊ အော်တိုဝါမြို့ရှိ လွှတ်တော်အတွင်းဝန် ရုံးခန်းတွင် တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ရေးနှင့် တရားမျှတမှု ဖော်ဆောင်ရေး၊ လူသားချင်းစာနာထောက်ထားမှု ပံ့ပိုးပေးရေး၊  အရပ်သားများကို အကာအကွယ်ပေးရေး၊ ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်မှု အခြေအနေများကိုဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။


========================


📌📌 ၄။ NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇော်က အာဆီယံသဘောတူညီချက်ကို စစ်ကောင်စီလိုက်နာဖို့ အာဆီယံက ဖိအားပေးသင့်တယ်လို့ ပြောကြား


မေလ ၂၆။

Radio NUG 

အာဆီယံဘုံသဘောတူညီချက် ရပ်ကို အချိန်အကန့်အသတ်တခုအတွင်းမှာ စစ်ကောင်စီက မဖြစ်မနေလိုက်နာဖို့ အာဆီယံက ဖိအားပေးသင့်တယ်လို့ NUG သမ္မတရုံးတာဝန်ရှိသူက တိုက်တွန်းလိုက်ပါတယ်။


စစ်ခေါင်းဆောင်က အာဆီယံဘုံသဘောတူညီချက် ရပ်ကိုလေးစားလိုက်နာဖို့ တိကျတဲ့အချိန်တခု အာဆီယံဘက်က သတ်မှတ်ပြီး ဖိအားပေးတာ၊ လိုက်နာမှုမရှိရင် ဆက်လက်ဆောင်ရွက်မယ့် ကိစ္စရပ်တွေကို 

တရားဝင်ထုတ်ဖော်သတိပေးတာတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးတာဝန်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။ 

အာဆီယံအထူးကိုယ်စားလှယ်အသစ်က State Holder အကုန်လုံးနဲ့ ထိတွေ့ဆက်ဆံမယ်ဆိုတဲ့ဟာ ပြောကြားပြီးတော့ ထိတွေ့ဆက်ဆံတဲ့ လုပ်ငန်းစဉ်တခုလို့ ယူဆပါတယ်။ အရင်ပြောထားတဲ့အတိုင်းပဲ State Holder အကုန်လုံးနဲ့ ထိတွေ့ဆက်ဆံပြီးတော့ ပြည်သူလူထုတွေ ခံစားနေရတဲ့ဒုက္ခတွေကို အကူအညီပေးနိုင်ဖို့အတွက် နည်းလမ်းရှာမယ်လို့လည်း ယုံကြည်ပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတခုတည်းနဲ့ ဆက်ဆံလို့ကတော့ အကြမ်းဖက်မှုတွေသာ ပိုများလာမယ်။ NUG တိုင်းရင်းသားအင်အားစုတွေ၊ မြေပြင်မှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့လိုမယ်။ အကြမ်းဖက်စစ်ကောင်စီက လူသားစာနာအကူအညီတွေကို လက်နက်တခုအနေနဲ့ အသုံးချနေတာဖြစ်တယ်။ ဒါကြောင့် NUG ရယ်၊ တိုင်းရင်းသားအင်အားစုတွေနဲ့ ထိတွေ့ညှိနှိုင်းပြီးတော့ ထိရောက်တဲ့ အကူအညီတွေပေးနိုင်ဖို့အတွက် ဆောင်ရွက်သင့်ပါတယ်။ အာဆီယံဘုံသဘောတူညီချက် ရပ်အတည်ပြုတာ နှစ်ကျော်ကာလအတွင်းမှာ မြန်မာပြည်အတွင်းမှာ စစ်ဘေးဒုက္ခသည် သန်းကျော်လာခဲ့ပါပြီ။ 

မြန်မာနိုင်ငံမှာ လူသားစာနာအကူအညီလိုအပ်တဲ့လူဦးရေ ၁၉ သန်းလောက်ရှိနေပြီ။ လူငယ်တွေ တခြားနိုင်ငံတွေထွက်ပြေးတိမ်းရှောင်ကြတယ်။ ဒေသရဲ့လုံခြုံရေး တည်ငြိမ်မှုကိုလည်း ထိခိုက်စေတယ်။ ဒါကြောင့် ထိထိရောက်ရောက် စစ်ကောင်စီကို ဖိအားပေးအရေးယူဖို့အတွက် တိုက်တွန်းပြောကြားချင်ပါတယ်။


========================


📌📌 ၅။ စစ်ကိုင်းတိုင်းအတွင်း စစ်ရှောင်ရွာနှင့် ဆေးကုသမှု မရရှိနေတဲ့ ကျေးရွာ()ကို ကျောင်းသားလက်ရုံးတပ်တော်မှ ကျန်းမာရေး စောင့်ရှောက်မှုပေး


မေလ ၂၆ ရက်။

Radio NUG

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရှောင်ရွာနှင့် ကျန်းမာရေး ကုသခွင့် မရရှိနေတဲ့ ကျေးရွာ()ရွာကိုတကသများ (ရန်ကုန်)နှင့် ကျောင်းသားလက်ရုံး တပ်တော် (SAF)တို့မှ ကျန်းမာရေး စောင့်ရှောက်မှုများ လှည့်လည်ပြီး ဆောင်ရွက်ပေးခဲ့တယ်လို့ SAF က မေလ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။


ကျောင်းသားလက်ရုံးတပ်တော် (SAF)အနေဖြင့် အခြေစိုက် စစ်ဒေသများရှိ ပြည်သူလူထုကို ဆေးခန်းဖွင့်လှစ်ကာ ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းအပြင် ရွေ့လျား ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေတယ်လို့ ကျောင်းသားလက်ရုံး တပ်တော်က ဆိုပါတယ်။


ပြီးခဲ့တဲ့ မေလ ဒုတိယအပတ်ကလည်း ရန်ကုန်အခြေစိုက် တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသ များ-ရန်ကုန်)မှ ရဲဘော်များနှင့် ကျောင်းသားလက်ရုံး တပ်တော် (SAF)မှ ရဲဘော်များ ပူးပေါင်းပြီး စစ်ကိုင်းတိုင်းအတွင်းက ဒေသခံများကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။


========================


📌📌 ၆။ နွေဦးဘဏ်၏ SDB ကို အခြားဒီဂျစ်တယ်ငွေကြေးများနဲ့ P2P ချိတ်ဆက်လဲလှယ်နိုင်ကြောင်း ကြေညာချက်ထုတ်ပြန်


မေလ ၂၆ရက်။ 

Radio NUG 

NUG အစိုးရ၏ ဗဟိုဘဏ်က ခွင့်ပြုထားတဲ့ နွေဦးဘဏ်ရဲ့ ဒစ်ဂျစ်တယ်ငွေကြေးစနစ် SDB ကို အခြား ဒစ်ဂျစ်တယ်ငွေကြေးတွေ၏ exchange platform တွေမှာ P2P တိုက်ရိုက်လဲလှယ်နိုင်နေပြီလို့ SDB က သူ၏လူမှုကွယ်ယက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။


ကျပ်ငွေတန်ဖိုး ကျဆင်းလာတာနဲ့အမျှ ရွှေနှင့်ဒစ်ဂျစ်တယ် ငွေကြေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံသူများလာကြောင်း၊ ညံ့ဖျင်းယုတ်ညံ့ အောက်တန်းကျစွာ ဖိနှိပ်ဖို့ အာဏာလုစစ်ကောင်စီ ထိန်းချုပ်မှုအောက်က ဗဟိုဘဏ်ရဲ့ ခရစ်တိုငွေကြေးတွေကို အရေးယူတားမြစ်မယ့် ထုတ်ပြန်ချက်ကို ကန့်ကွက်ရှုတ်ချကြောင်း SDB က ကြေညာလိုက်ပါတယ်။


ဒါကြောင့် SDB ကို payment တခု အဖြစ် Bybit နဲ့ Bitget Wallet ရဲ့ P2P မှာ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်နေပြီ ဖြစ်ကြောင်းလည်း သတင်းကောင်းပါးချင်တယ်။ Bybit အကောင့်နဲ့ ပတ်သက်ပြီး KoeCrypto Studios ကို ဆက်သွယ်နိုင်သလို Bitget အကောင့်ဖွင့်ဖို့ Crypto Nova မှာလည်း အကူအညီ ရယူနိုင်ပါတယ်။ခရစ်ပတိုဘရိုတို့ လုံခြုံရေး ဂရုစိုက်ပြီး အားမငယ်ကြဖို့ လက်ရှိ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ နွေဦးဘဏ်မှ အစဥ်ကြိုးစားနေကြောင်းလည်း ထပ်လောင်း ကတိပြုပါတယ်လို့ ရေးသားထားပါတယ်။


လက်ရှိမှာ မြန်မာပြည်သူတွေက မြန်မာကျပ်ငွေ၊ အမေရိကန်ဒေါ်လာ စတဲ့ ငွေစက္ကူတွေကို ယူအက်ဒေါ်လာ ၁ဒေါ်လာနဲ့ တန်ဖိုးအတူတူထားတဲ့ USDT လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် ပြောင်းလဲ သိမ်းဆည်းနေကြပါတယ်။ အဲသည် USDT ငွေလဲနှုန်းကို အခြေခံတဲ့ SDB ငွေကြေးစနစ်မှာလည်း ပြောင်းလဲသိမ်းဆည်း လဲလှယ်ကြပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်ကိုခန့်၊ မင်းနွေဦး၊ မင်းစစ်သွေးတို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ကျင်ဒွေးမြို့သိမ်း တိုက်ပွဲဝင် အမှတ်()စစ်ဒေသ ဂန့်ဂေါခရိုင်၊ တပ်ရင်း(၁၃)ပြန်လည်စုဖွဲ့ လေ့ကျင့်မှုပြုလုပ်


မေလ ၂၆ ရက်။

Radio NUG

ကျင်ဒွေးမြို့သိမ်း စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ အမှတ်() စစ်ဒေသ၊ ဂန့်ဂေါခရိုင်၊ တပ်ရင်း (၁၃) ပြန်လည်စုဖွဲ့လေ့ကျင့်နေတဲ့ ပုံရိပ်များကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၂၆ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။


ကျင်ဒွေးမြို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်၊ ခဲယမ်း အခက်အခဲ အပါအဝင် အခက်အခဲ မျိုးစုံကြားမှ တိုက်ပွဲရပ်နားခြင်း မရှိဘဲ လေးလကျော်ကြာ တိုက်ခိုက်ခဲ့ရတာ ဖြစ်ပါတယ်။


အခုလို ကြံ့ကြံ့ခံ ရင်ဆိုင်တိုက်ပွဲ ဝင်လာခဲ့ပြီးနောက် ဧပြီလ ၂၉ ရက်နေ့မှာ ကျင်ဒွေးမြို့ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် စခန်းကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ မြို့သိမ်းတိုက်ပွဲကို ရက္ခိုင့်တပ်တော်(AA)ရဲ့ စစ်ရေးကူညီမှုဖြင့် ချင်းညီနောင် တပ်ဖွဲ့များ၊ YDF GZA တပ်ဖွဲများ၊ BNRA တို့နဲ့အတူ ဂန့်ဂေါခရိုင် တပ်ရင်း(၁၃)က ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၂။ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း နဲ့ တို့ကို ဒုတိယအကြိမ် လက်နက်တပ်ဆင်


မေလ ၂၆ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသ ၃၊ တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း နဲ့ စစ်ကြောင်း ကို ဒုတိယအကြိမ် လက်နက်ပေးအပ်တဲ့ အခမ်းအနားကို မေ ၂၆ ရက်က ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ တိုင်းတာဝန်ခံ ရဲဘော် STARက အဖွင့်အမှာစကားပြောခဲ့ပြီး တနင်္သာရီတိုင်းစစ်ဌာန ပြည်သူ့လုံခြုံရေး တာဝန်ခံ ရဲဘော် ငှက်ခါး၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း စစ်ကြောင်းမှူး၊ ဒုစစ်ကြောင်းမှူး၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ဒုစစ်ကြောင်းမှူးနဲ့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံတို့က လက်နက်ပေးအပ်ခြင်းနဲ့ စစ်ကြောင်းအလိုက် ဖော်ဆောင်နေတဲ့ စစ်ဆင်ရေးရည်မှန်းချက်တွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခမ်းအနားကို တနင်္သာရီတိုင်းစစ်ဌာနက တာဝန်ရှိပုဂ္ဂိုလ်များ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံများ၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များနဲ့ ဒေသခံ ရပ်မိရပ်ဖများ တက်ရောက်ခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း က ထုတ်ပြန်ထားပါတယ်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း နဲ့ တို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာနအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDO တို့နဲ့ ပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပြီး NUG အစိုးရရဲ့ စစ်ဆင်ရေးရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဆောင်နေတဲ့ စစ်ကြောင်းတွေဖြစ်ပါတယ်။မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ရဲ့ တပ်ခွဲ တနင်္သာရီမြို့နယ် ပကဖ၊ မြိတ်မြို့နယ် ပကဖ၊ ADF Drone လက်ရုံးတပ်ဖွဲ့တို့နဲ့ ဖွဲ့စည်းထားပြီး စစ်ကြောင်း မှာ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ရဲ့ တပ်ခွဲ ၂၊ တနင်္သာရီမြို့နယ် ပကဖ၊ ကျွန်းစုမြို့နယ် ပကဖ၊ ပုလော မြို့နယ် ပကဖ နဲ့ တိုင်းစစ်ဌာန(တနင်္သာရီ) စစ်ဆင်ရေးဌာနရဲ့ Drone လက်ရုံးတပ်ဖွဲ့ Dragon Squad တို့နဲ့ 

ဖွဲ့စည်းထားပြီး မြိတ်ခရိုင်အတွင်း စစ်ဆင်ရေးတွေဖော်ဆောင်နေတဲ့ စစ်ကြောင်းတွေဖြစ်တယ်လို့ တနင်္သာရီတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ယင်းမာပင်တွင် မဟာမိတ် တပ်ရင်း၊ တပ်ဖွဲ့များ စုပေါင်းထားတဲ့ Union Liberation Front ကို ULF စစ်ကြောင်း အဖြစ် ပြောင်းလဲဖွဲ့စည်း


မေလ ၂၆ ရက်။

Radio NUG


ယင်းမာပင် ခရိုင်အတွင်းက မဟာမိတ် တပ်ရင်း၊ တပ်ဖွဲ့များဖြင့် စုပေါင်း ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွတ်မြောက်ရေးတပ်ဦး (Union Liberation Front) ကို ULF Column စစ်ကြောင်းအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး MOD ရဲ့ လမ်းညွန်ချက်အတိုင်း ဆက်လက်လုပ်ဆောင် သွားမယ်လို့ ULF Column က ထုတ်ပြန်ပါတယ်။


အဆိုပါ ပြည်ထောင်စု လွတ်မြောက်ရေးတပ်ဦး (Union Liberation Front)ဟာ ယင်းမာပင်ခရိုင် အတွင်းက ကာကွယ်ရေး ဝန်ကြီးဌာန (MOD) လက်အောက်ခံ တပ်ရင်းများ၊ .က. များ၊ Local PDF များဖြင့် ဖွဲ့စည်းထားတဲ့ မဟာမိတ် တပ်ပေါင်းစု တစ်ခုဖြစ်ပါတယ်။


မေလ ၂၃ ရက်နေ့မှာ ခေါ်ယူခဲ့တဲ့ အဆိုပါ မဟာမိတ် တပ်ပေါင်းစုရဲ့ ၁၃ ကြိမ်မြောက် အစည်းအဝေးမှာ အခုလို စစ်ကြောင်းအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD)ရဲ့ လမ်းညွန်ချက်များအတိုင်း ဆက်လက်ဆောင်ရွက်သွားဖို့ ဘုံသဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။


သို့ဖြစ်ပါ၍ ၂၀၂၄ မေလ ၂၄ ရက်မှာ အဆိုပါ သဘောတူညီချက်အတိုင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှ လမ်းညွန်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနဲ့အညီ ULF စစ်ကြောင်းအဖြစ် တိုက်ပွဲဖော်ဆောင်မှုများ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။


အဆိုပါ မဟာမိတ် တပ်ပေါင်းစုဟာ ယင်းမာပင် ခရိုင်အတွင်းမှာ မြို့သိမ်းများ၊ စခန်းသိမ်း တိုက်ပွဲများနဲ့ စစ်ကောင်စီရဲ့ ထိုးစစ် စစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်ပြီး အောင်မြင်မှုများစွာ ရရှိထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။


========================


🚩🚩 ၄။ ကျွန်းစုမြို့နယ်မှာ မူးယစ်ဆေးရောင်းသူ ဦးကို PDF တပ်ဖွဲ့ ဖမ်းဆီး


မေလ ၂၆ရက်။

တနင်္သာရီတိုင်းထဲက ကျွန်းစုမြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်နေသူ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ဒေသခံပြည်သူတွေရဲ့ တိုင်ကြားချက်အရ မေလ ၂၂ ရက်နေ့မှာ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သွားရောက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ဖမ်းဆီးရမိသူတွေဟာ ကျွန်းစုမြို့နယ် စစ်ဘုကျေးရွာထဲကဖြစ်ပြီး WY စိတ်ကြွဆေးပြား ရောင်းဝယ်နေတဲ့ ဦးထွန်းမောင်၊ ဦးသိန်းကြည်နဲ့ မောင်လင်းထွေးတို့ကို WY ဆေးပြား ၁၁၄၀ လုံးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးရမိသူ ဦးကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးပြီး မူးယစ်ဆေးဝါးရောင်းဝယ်တာ၊ ဖြန့်ဖြူးသုံးစွဲတာတွေ ထပ်မလုပ်ဖို့ ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းပြီး သတိပေးဆုံးမခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

သိမ်းဆည်းရမိတဲ့ WY ဆေးပြား ၁၁၄၀ လုံးကိုလည်း မူးယစ်ဆေးဝါးရောင်းဝယ်နေသူ ဦးရှေ့မှာပဲ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ဒီဖမ်းဆီးမှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တနင်္သာရီ ကာကွယ်ရေးပြောက်ကျား (တနင်္သာရီ-ပကဖ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၅။ ထားဝယ်တွင် စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းတပ်စွဲပြီး ငွေကြေးကောက်ခံနေတဲ့ ပန်းတောဂိတ်စခန်း တိုက်ခိုက်ခံရ


မေလ ၂၆ ရက်။

Radio NUG

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း စစ်တပ်နှင့် ပျူစောထီးတို့ ပူးပေါင်းတပ်စွဲပြီး ငွေကြေးကောက်ခံနေတဲ့ ပန်းတောဂိတ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


မေလ ၂၅ ရက် မနက် အစောပိုင်းက ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက် သံတံတားရှိ အဆိုပါ ပန်းတောဂိတ်စခန်းကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဒေါင်းညီနောင်စစ်ကြောင်းက ဆိုပါတယ်။


နာရီဝက်ခန့် ဖြစ်ပွားခဲ့တဲ့ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ()တပ်ရင်း(၂၇) ကော်သူးလေ အာမီ (KTLA)နှင့် ဒေါင်းညီနောင် စစ်ကြောင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ မေလ ရက်နေ့ကလည်း ဒေါင်းညီနောင် စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များဟာ လောင်းလုံမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် ကိုခန့်၊ မင်းနွေဦးနဲ့ မင်းစစ်သွေးတို့ကပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment