28th MAY 2024 - Evening Daily News by Radio NUG

၂၀၂၄ မေလ ၂၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ ကျန်းမာရေးနေ့တွင်NUG တရားရေးဝန်ကြီးဌာနမှ အမျိုးသမီးများ၏ ကိုယ်ရောစိတ်ပါ ကျန်းမာသုခနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်း

📌 ၂။ စစ်အာဏာရှင်စနစ်ပြုတ်ကျဖို့က မဝေးတော့ဘူးလို့ ပညာရေးဒုဝန်ကြီးပြောကြားလိုက်

📌 ၃။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့်သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း၅၀၀၀ ကျော်ရှိပြီး အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၈၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစုထား

📌 ၄။ The Key ပရော့ဂျက်အမည်နဲ့ Raffle Ticketများရောင်းချပေးမယ့်ဒေါ်လာမီလီယံနဲ့ချီ ဟိုတယ်ပုံများမမများနဲ့ပွဲကမယ်ကထုတ်ဖော်ပြသ


၂၀၂၄ ခုနှစ် မေလ ၂၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်ရေးဆိုင်ရာလေ့ကျင့်သင်ကြားမှုတွေ ဒီ့ထက်ပိုပြီးအားထည့်ရမယ့်အနေအထားမျိုးမှာရှိတယ်လို့ကာကွယ်ရေးအတွင်းဝန်ဆို

🚩 ၂။ မကွေးခရိုင်၊ အမှတ်()တပ်ရင်းက သင်တန်းဆရာမတွေရဲ့သိုင်းပညာကို ကချင်ပြည်နယ်လိုင်ဇာတွင်တနှစ်နီးပါးသင်ယူကာ လက်ရှိမိခင်တပ်ရင်းကနေ ရဲဘော်ပေါင်းများစွာကို မွေးထုတ်ပေးနေ

🚩 ၃။ ရန်ကုန်မြို့လှိုင်သာယာမြို့နယ်စည်ပင်ရုံးကိုဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စကစတပ်များရောက်လာချိန်ထပ်မံ ဖောက်ခွဲတိုက်ခိုက်

🚩 ၄။ မူးနှင့်လယ်ဒိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လုပ်ရပ်များကြောင့် ပြည်သူလူထု () ဦးထိခိုက်ပြီး နေအိမ် () လုံးနှင့် အဆောက်အဦး ()လုံး ပျက်စီး၊ မွေးမြူထားသော တိရိစ္ဆာန်များ ထိခိုက်သေဆုံး

🚩 ၅။ စစ်ကိုင်း - မုံရွာလမ်း သံလမ်းဆုံမှ စစ်ကောင်စီ စစ်ဆေးရေးဂိတ် အ‌ဝေးထိန်း မိုင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး ၁၀ ဦးထက်မနည်း သေဆုံးနိုင်

🚩 ၆။ ရေဦးမြို့ အနောက်ဘက်အထွက် စစ်ကောင်စီတပ်သားများ ဂိတ်ဖွင့်တပ်စွဲထားသော ရွှေကျီးမင်း ဂိတ်အား Fixed Wing Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်

🚩 ၇။ ပူတာအိုတွင် ခလရ ၁၃၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးကို ဖမ်းမိပြီး ဆေးကုသပေးစဉ် သေဆုံး 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ ကျန်းမာရေးနေ့တွင်NUG တရားရေးဝန်ကြီးဌာနမှ အမျိုးသမီးများ၏ ကိုယ်ရောစိတ်ပါ ကျန်းမာသုခနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်း


မေလ၂၈


မေလ၂၈ရက်မှာကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ ကျန်းမာရေးနေ့တွင်  အမျိုးသမီးများ၏ ကိုယ်ရောစိတ်ပါ ကျန်းမာသုခနှင့် ပြည့်စုံပါစေကြောင်း NUG တရားရေးဝန်ကြီးဌာနမှဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ ကျန်းမာရေးနေ့တွင် ကျွန်ုပ်တို့ တရားရေးဝန်ကြီးဌာနမှ ကမ္ဘာတဝှမ်းရှိ အမျိုးသမီးများ၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးတွင် အခန်းကဏ္ဍ အသီးသီးမှ သတ္တိရှိရှိ တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်နေသော အမျိုးသမီးများ၏ ကိုယ်ရောစိတ်ပါ ကျန်းမာသုခနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်လို့ဖော်ပြပါတယ်။


ဤနွေဦးတော်လှန်ရေးတွင် ဒီမိုကရေစီနှင့် တရားမျှတမှုများအတွက် တိုက်ပွဲဝင်ရာ၌ အမျိုးသမီးများသည်လည်း မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍတွင် ပါ၀င်နေသည်မှာ သိသာထင်ရှားလျက်ရှိကာ နွေဦးတော်လှန်ရေးတွင် ကျရာနေရာမှ ပါဝင်လျက်ရှိိသော  အမျိုးသမီးများ၏ ကိုယ်ခန္ဓာကျန်းမာရေးနှင့် စိတ်ဓာတ်ကြံ့ခိုင်ရေးတို့သည် ၎င်းတို့အတွက်သာမက ကျွန်ုပ်တို့ ဆင်နွှဲနေသော တရားမျှတမှုတိုက်ပွဲအတွက်လည်း အလွန်အရေးကြီးလှတယ်လို့ဆိုပါတယ်။


သို့ဖြစ်ရာ မြန်မာနိုင်ငံရှိ အမျိုးသမီးများအားလုံး လိုအပ်လျက်ရှိသော ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများ ရရှိလာစေရန်အတွက် နွေဦးတော်လှန်ရေးနှင့်အတူ တရားရေးဝန်ကြီးဌာနမှ တတ်အားသရွေ့ကြိုးပမ်းလျက်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် ပါ၀င်သော အမျိုးသမီးများအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး  ကူညီပံ့ပိုးမှုများအပါအဝင် ပြည့်စုံသော ကျန်းမာရေး စောင့်ရှောက်မှုများကို ရရှိနိုင်စေရေး အတွက်လည်း  ကတိပြုပါတယ်လို့ဖော်ပြပါတယ်။


နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများ၏ စွန့်လွှတ်အနစ်နာခံမှုများကို ဂုဏ်ပြုရင်း အမျိုးသမီးများ၏ ကျန်းမာရေး၊ ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် အခွင့်အရေးများကို ကာကွယ်ထောက်ပံ့သော မူဝါဒများအတွက် ဆက်လက် ကြိုးပမ်းသွားပါမည်ဟု ထပ်မံကတိပြုရင်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ ကျန်းမာရေးနေ့ကို ဂုဏ်ပြုလိုက်ပါတယ်လို့ဖော်ပြပါရှိပါတယ်။


========================


📌📌 ၂။ စစ်အာဏာရှင်စနစ်ပြုတ်ကျဖို့က မဝေးတော့ဘူးလို့ ပညာရေးဒုဝန်ကြီးပြောကြားလိုက်


မေလ၂၈ရက်


စစ်အာဏာရှင်စနစ်ပြုတ်ကျဖို့က မဝေးတော့ဘူးလို့ ပညာရေးဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းကမေလအတွင်း "ချစ်ခြင်းတည်စေ မနောမြေ" အစီအစဉ်အတွက်ပြောကြားရာမှာ ထည့်သွင်းပြောပါတယ်။


"တနိုင်ငံလုံးရဲ့ အကျပ်အတည်းတွေကို မိမိတို့ရဲ့ အကျပ်အတည်းတွေလိုခံယူပြီးတော့မှ ဒီတော်လှန်ရေးကို ဆင်နွဲနေတဲ့အနေအထားဖြစ်ပါတယ်။ ဒါကြောင့် ဒီတော်လှန်ရေးကြီးကိုဆက်လက်ပြီး မိဘပြည်သူညီအစ်ကိုမောင်နှမတွ အားလုံးက ထောက်ခံအားပေးနေဖို့က အရေးကြီးပါတယ်။ စစ်အာဏာရှင်စနစ်ပြုတ်ကျဖို့က မဝေးတော့ဘူးလို့ ကျနော် အသေအချာ ယုံကြည်နေပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ စကစတပ်များဟာ ကရင်နီဒေသ၊ကချင်ပြည်နယ်၊ ချင်းပြည်နယ်စတဲ့နေရာဒေသများမှာ အထိနာကျရှုံးလျက်ရှိပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့်သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း၅၀၀၀ ကျော်ရှိပြီး အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၈၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစုထား


မေလ၂၈


အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့်သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း၅၀၀၀ ကျော်ရှိပြီး အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၈၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစုထားတယ်လို့AAPPကဖော်ပြပါတယ်။


ဖေဖော်ဝါရီလ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ မေလ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၁၄၈) ဦး ရှိခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။


ထို့အပြင်အေအေပီပီအနေဖြင့် အတည်ပြုရန် လိုအပ် နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၈၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစု ထားတယ်လို့ဆိုပါတယ်။


ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆၇၄၇) ဦးရှိပြီး ထိုအထဲမှ (၂၀၄၉၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၀၃၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


========================


📌📌 ၄။ The Key ပရော့ဂျက်အမည်နဲ့ Raffle Ticketများရောင်းချပေးမယ့်ဒေါ်လာမီလီယံနဲ့ချီ ဟိုတယ်ပုံများမမများနဲ့ပွဲကမယ်ကထုတ်ဖော်ပြသ


မေလ၂၈


The Key ပရော့ဂျက်အမည်နဲ့ Raffle Ticketများရောင်းချပေးမယ့် ဒေါ်လာမီလီယံနဲ့ချီ ဟိုတယ်ပုံများကို မေလနောက်ဆုံးပတ်မှာ မမများနဲ့ပွဲကမယ်အစီအစဥ်ကနေဖော်ပြပါတယ်။


"အာဏာသိမ်းမခံရခင်က ဟိုတယ်ရဲ့ အတွင်းပိုင်းပုံကို ပြည်သူကို တင်ပြအပ်ပါတယ်။ Noise Marketing ကြောင့် တက်လာတဲ့ rumours တွေက မှန်၊ မမှန်၊ တန်၊ မတန် ပြည်သူကပဲ ဆုံးဖြတ်ပေးပါ။မမတို့ () ယောက်ကတော့ ပြည်သူကို အကြွင်းမဲ့ယုံတယ်။ “TheKey” က ပြည်သူတွေကြောင့်ပဲ သေချာပေါက် အောင်မြင်မှာ"လို့ဆိုပါတယ်။


ရှမ်းပြည်နယ်ရှိ ဒေါ်လာ၂မီလီယံတန်ဖိုးရှိဟိုတယ်ကို ကမ်ပိန်းကာလတလသတ်မှတ်ကာ Raffle Ticketများတသောင်အမေရိကန်ဒေါ်လာတရာနှင့်ရောင်းချပေးသွားမှာဖြစ်ပါတယ်။


"ဒီဟိုတယ်ရဲ့ ပိုင်ရှင်ဟာ အောင်မြင်နေတဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းတစ်ခုအပြင် မြေဧကပေါင်းများစွာပိုင်ဆိုင်တဲ့ ကြွယ်ဝချမ်းသာတဲ့ မိသားစုတစ်စုဖြစ်ပါတယ်။ စစ်အာဏာသိမ်းချိန်မှာ ဟိုတယ်ပိုင်ရှင်ရဲ့ တော်လှန်ရေးမှာ တက်ကြွစွာပါဝင်မှုကြောင့် မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး သူတို့ရဲ့ ပိုင်ဆိုင်မှု အိမ်၊ဟိုတယ်၊လုပ်ငန်းနဲ့ မြေဧကများစွာကို စကစက ချိတ်ပိတ်ခဲ့ပါတယ်။ ဒီဟိုတယ်ဟာ အခုလက်ရှိမှာ ချိတ်ပိတ်ခံထားရတဲ့ ဟိုတယ်တစ်ခုဖြစ်ပါတယ်။ ဒီဟိုတယ်ပိုင်ရှင်ကတော့ တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်မယ်ဆိုရင် တော်လှန်ရေးအောင်မြင်တဲ့အခါ ပြန်ရမယ့် ဒီဟိုတယ်ကို ကျွန်တော်ပြန်မယူတော့ဘူး၊ လတ်တလောတော်လှန်ရေးအတွက် အထောက်အပံ့ပြုနိုင်ဖို့ပဲ အရေးကြီးတယ်လို့ ခံယူပြီး လှူဒါန်းလာတာဖြစ်ပါတယ်။ အခု ဒီဟိုတယ်ဟာ လက်ရှိအပြင်မှာ တကယ်ရှိနေတဲ့ဟိုတယ်တစ်ခုဖြစ်တဲ့အပြင် တော်လှန်ရေးအောင်မြင်တဲ့အခါ လက်ဝယ်ပိုင်ဆိုင်နိုင်ဖို့ အာမခံချက်အပြည့်အဝနဲ့ အဖွဲ့အစည်းများက ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်"လို့Project Ambassadorမပန်ဆယ်လိုကပြောကြားထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ စစ်ရေးဆိုင်ရာလေ့ကျင့်သင်ကြားမှုတွေ ဒီ့ထက်ပိုပြီးအားထည့်ရမယ့်အနေအထားမျိုးမှာရှိတယ်လို့ကာကွယ်ရေးအတွင်းဝန်ဆို


မေလ၂၈ရက်


စစ်ရေးဆိုင်ရာလေ့ကျင့်သင်ကြားမှုတွေဒီ့ထက်ပိုပြီးအားထည့်ရမယ့်အနေအထားမျိုးမှာရှိတယ်လို့ကာကွယ်ရေးအတွင်းဝန်ဦးနိူင်ထူးအောင်ကမေလအတွင်းကျင်းပတဲ့ ချစ်ခြင်းတည်စေမနောမြေကမ်ပိန်း စစ်ရေးစကားဝိုင်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။


"ပြည်သူကိုအလေးထားပြီးစနစ်ကျဖို့ကျနော်တို့NUGရဲ့တပ်တွေပိုပြီးကြိုးစားရမယ့်အနေအထားရှိပါတယ်။တခါတလေမှာ အသက်တွေပေးပြီးလက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့စိတ်၊ငါတို့ကတိုက်ပွဲဝင်နေတာပဲ။ငါတို့ပြောရင်ပြည်သူရောလက်ခံရမှာပဲ။ငါလုပ်တာအမှန်ပဲဆိုတဲ့စိတ်မျိုးကို ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်မှုနည်းသွားတာမျိုးတွေမဖြစ်အောင်ထိန်းကျောင်းရမယ့်အနေအထားတွေရှိတယ်။ရဲဘော်တွေကိုယ်တိုင်ကခံယူချက်တွေ၊စိတ်ဓာတ်တွေမှန်ကန်စွာနဲ့ရှေ့ဆက်နိူင်ဖို့လိုတယ်။စစ်ရေးဆိုင်ရာလေ့ကျင့်သင်ကြားမှုတွေဒီ့ထက်ပိုပြီးအားထည့်ရမယ့်အနေအထားမျိုးမှာရှိပါတယ်"လို့ဆိုပါတယ်။


တော်လှန်ရေးမှာလက်ရှိတွင် အရှိန်အဟုန်ကောင်းများရှိနေပြီး အရှိန်အဟုန်ကောင်းကိုထိန်းဖို့လိုအပ်တယ်လို့ အတွင်းဝန်ကဆိုပါတယ်။


========================


🚩🚩 ၂။ မကွေးခရိုင်၊ အမှတ်()တပ်ရင်းက သင်တန်းဆရာမတွေရဲ့သိုင်းပညာကို ကချင်ပြည်နယ်လိုင်ဇာတွင်တနှစ်နီးပါးသင်ယူကာ လက်ရှိမိခင်တပ်ရင်းကနေ ရဲဘော်ပေါင်းများစွာကို မွေးထုတ်ပေးနေ


မေလ၂၈


မကွေးခရိုင်၊ အမှတ်()တပ်ရင်းက  သင်တန်းဆရာမတွေရဲ့သိုင်းပညာကို ကချင်ပြည်နယ်လိုင်ဇာတွင်တနှစ်နီးပါးသင်ယူကာ လက်ရှိမိခင်တပ်ရင်းကနေ ရဲဘော်ပေါင်းများစွာကို မွေးထုတ်ပေးနေတယ်လို့ မေလ၂၈ရက်မှာမကွေးခရိုင်၊ အမှတ်()တပ်ရင်းကအသိပေးဆိုပါတယ်။


"မကွေးခရိုင်၊ အမှတ်()တပ်ရင်းက  သင်တန်းဆရာမတွေရဲ့မြန်မာ့သိုင်း သိုင်းပညာကိုလိုင်ဇာမှာ ၁နှစ်တိတိ လေ့ကျင့်ရေး လုပ်လာကြတဲ့အမျိုးသမီးရဲမေတွေပေါ့။၆လက လေ့ကျင့်ရေးဆရာဖြစ်သင်တန်း အပတ်စဉ်()ကို တတ်ရောက်ကြပြီး နောက်၆လက လေ့ကျင့်ရေးပြန်ဆင်းခဲ့ရတယ်။ အမျိုးသမီးတွေပေမဲ့ တကယ့်အာဂသတ္တိတွေအပြည့်။ လိုင်ဇာကနေ သင်တန်းမှာ ဆုတွေတစ်သီကြီးပိုက်ပြီး ပြန်ခဲ့တဲ့ ရဲမေတွေ။ သွားရတဲ့လမ်းခရီးက ခက်ခဲကြမ်းတမ်းပေမဲ့ သူတို့လုပ်ရမဲ့အလုပ်ကို Target ထားပြီး အောင်မြင်စွာနဲ့ ပြန်လာနိုင်ခဲ့ကြတယ်။ သူတို့တွေဟာ အခု သူတို့ရဲ့ မိခင်တပ်ရင်းကိုပြန်ရောက်ရှိလာကြပြီး မိခင်တပ်ရင်းကနေ ရဲဘော်ပေါင်းများစွာကို မွေးထုတ်ပေးနေပါတယ်"လို့ဆိုပါတယ်။


သင်တန်းဆရာမတွေရဲ့ စွမ်းဆောင်ရည်ကို ဂုဏ်ပြုရင်းယခုပြုလုပ်နေတဲ့ ရှေ့တန်းရဲဘော် ၂၂၀စာအတွက် ကျည်ကာကမ်ပိန်းမှာ ပါ၀င်ပေးကြဖို့လည်း မကွေးခရိုင်၊ အမှတ်()တပ်ရင်းကဆိုထားပါတယ်။


========================


🚩🚩 ၃။ ရန်ကုန်မြို့လှိုင်သာယာမြို့နယ်စည်ပင်ရုံးကိုဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စကစတပ်များရောက်လာချိန်ထပ်မံ ဖောက်ခွဲတိုက်ခိုက်


မေလ၂၈ရက်


ရန်ကုန်မြို့လှိုင်သာယာမြို့နယ်စည်ပင်ရုံးကိုဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စကစတပ်များရောက်လာချိန်ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မေလ၂၈ရက်မှာ Dark Shadowအဖွဲ့ကစစ်ဆင်ရေးကိုအသိပေးဖော်ပြပါတယ်။


မေလ ၂၇ရက် နာရီခွဲအချိန်တွင် လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊ ()ရပ်ကွက်၊ မကွေးလမ်းရှိ  မြို့နယ်စည်ပင်သာယာရေးရုံးကို အဝေးထိန်းမိုင်းဖြင့်တစ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


ထို့နောက်ည နာရီ ၄၇ မိနစ်တွင် ပေါက်ကွဲမှုဖြစ်ရာသို့ ရောက်ရှိလာသော စစ်ကောင်စီဝင်များကိုလည်း အဝေးထိန်းဖြင့် ဒုတိယအကြိမ် တိုက်ခိုက်ခဲ့တယ်လို့အတည်ပြုဆိုပါတယ်။


စစ်ကောင်စီအမိန့်ကိုနာခံကာ ပြည်သူ့များအိုးအိမ်ကိုဖျက်ဆီးရာတွင်ပါဝင်၍ စည်ပင်ရုံးကိုတိုက်ခိုက်ခြင်းဖြစ်တယ်လို့ Dark Shadowအဖွဲ့ကဆိုပါတယ်။


"လက်နက်အားကိုး အာဏာအားကိုးပြီး ပြည်သူများကို အနိုင်ကျင့် အကြမ်းဖက်မှုများကို ဆက်လက်တော်လှန်သွားမည်"ဖြစ်ကြောင်းလည်းထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ မူးနှင့်လယ်ဒိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လုပ်ရပ်များကြောင့် ပြည်သူလူထု () ဦးထိခိုက်ပြီး နေအိမ် () လုံးနှင့် အဆောက်အဦး ()လုံး ပျက်စီး၊ မွေးမြူထားသော တိရိစ္ဆာန်များ ထိခိုက်သေဆုံး


မေ၂၇ Radio NUG


ခလယ်လွီထူခရိုင်၊ မူး မြို့နယ် နှင့် လယ်ဒိုမြို့နယ်တို့အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သောကြောင့် ပြည်သူ () ဦးထိခိုက် ဒဏ်ရာရရှိခဲ့ရပြီး နေအိမ် () လုံး နှင့် အဆောက်အဦး () လုံး ပျက်စီးခဲ့ရကာ နွား () ကောင် သေဆုံးခဲ့ရသည့်အပြင် (၁၃) ကောင်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်ပါတယ်။


မေလ (၂၃)ရက်နေ့ မနက်(:၄၈) မိနစ်အချိန်တွင် ကေအဲန်ယူ-လယ်ဒိုမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များသည် နတ်သံကွင်းမှနေပြီး (၁၂၀)မမ လက်နက်ကြီး () လုံးအား ပစ်ခတ်ခဲ့ရာပေါက်ကုန်း ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ ခဲ့သောကြောင့် ကျေးရွာသို့ လာရောက်လည်ပတ်နေသော ရွှေတဲစုကျေးရွာ ဦးကျော်စိုး အသက်(၆၂)နှစ် ခြေထောက်တစ်ဖက် ထိခိုက်ဒဏ်ရာ ရရှိခဲ့လို့သိရပါတယ်။


မေလ (၂၄) ရက်နေ့ မနက် (:၁၀) မိနစ် အချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်မှ ဂျက်ဖိုက်တာများဖြင့် ဟီဖိုးဒဲကျေရွာ ဘေးနားရှိ ပြည်သူ လူထုများ လုပ်ကိုင်စားသောက်ရာ လယ်ကွင်းများအတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိုလယ်ကွင်းများအတွင်း လွှတ်ထားသည့် နွား() ကောင် သေဆုံးခဲ့ရပြီး (၁၃) ကောင်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။


မေလ (၂၅) ရက်နေ့ (၁၀) နာရီ အချိန် တွင် ပိန်းဇလုပ်အခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ် ခလရ၂၆၄ တပ်ရင်းမှ (၁၂၀) မမ လက်နက်ကြီး (၁၀) လုံးအား ပစ်ခတ်ခဲ့ရာ ကျောင်းကုန်းကျေးရွာအတွင်းသို့ () လုံး၊ ကောက်မဲ့သူကျေးရွာအတွင်းသို့ () လုံး၊ ယောက်သွားကုန်းကျေးရွာအတွင်းသို့ () လုံး နှင့် ကြိတ်ကွင်း ကျေးရွာ အတွင်းသို့ () လုံးခန့် ကျရောက်ပေါက်ကွဲခဲ့ပြီး နွား () ကောင်မှာ လက်နက်ကြီးထိမှန် သေဆုံးခဲ့ရပါတယ်။


မေလ (၂၄) ရက်နေ့ မနက် (:၁၀) မိနစ်အချိန်တွင် ကေအဲန်ယူမူးမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေတပ်မှ မိုညှင်းဒဲကျေးရွာ နှင့် ကွီးဒိုခေါ် ကျေးရွာ တို့အတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လူနေအိမ် () လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


မနက် (:၂၀)မိနစ်အချိန်တွင် မိုညှင်းဒဲကျေးရွာထဲသို့ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ()ဦး ထိခိုက်ဒဏ်ရာရရှိပြီး၊ အဆောက်အဦး () လုံး ထိမှန်ပျက်စီးသည့်အပြင် အကြမ်းဖက်စစ်ကောင်စီတပ်မှ နံနက် (:၂၅) မိနစ် အချိန်တွင် တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်ဖြင့် ထပ်မံပစ်ခတ်မှုများကို ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ စစ်ကိုင်း - မုံရွာလမ်း သံလမ်းဆုံမှ စစ်ကောင်စီ စစ်ဆေးရေးဂိတ် အ‌ဝေးထိန်း မိုင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး ၁၀ ဦးထက်မနည်း သေဆုံးနိုင်


မေလ ၂၈ ရက်။


Radio NUG


စစ်ကိုင်း-ရွေဘို ခရိုင်ချင်းဆက်လမ်း၊ စစ်ကိုင်း-မုံရွာလမ်းပိုင်း၊ သံလမ်းဆုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဒရုန်း၊ အ‌ဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ပြီး ၁၀ ဦး ထက်မနည်း သေဆုံးနိုင်တယ်လို့ ရတနာပုံတပ်ဦး က သတင်းထုတ်ပြန်ပါတယ်။


မေလ ၂၆ ရက်နေ့ မနက် ၁၀ နာရီ ကျော်ခန့်က သံလမ်းဆုံမှာ တပ်စွဲထားပြီး ခရီးသွား ပြည်သူများအား မတရား ဖမ်းဆီးထောင်ချခြင်း၊ ငွေတောင်းရမ်းခြင်းများ ပြုလုပ်နေတဲ့ စစ်ကောင်စီ တပ်သား ၃၀ ကျော်ကို ဒရုန်း ဖြင့် ဗုံးကြဲချခဲ့ရာ ကားပေါ်ကို ကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ ဆိုပါတယ်။


ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် ကစဉ့်ကလျား ထွက်ပြေးနေတဲ့ စစ်ကောင်စီ တပ်သားများကို အဝေးထိန်းမိုင်း လုံးဖြင့် ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ရတနာပုံတပ်ဦး က ပြောပြပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးနိုင်ပြီး သေဆုံး၊ ဒဏ်ရာရ သွားတဲ့ စစ်သားများကို စစ်ကိုင်းမြို့မှ လူနာတင်ကားများနဲ့ လာရောက်သယ်ဆောင် သွားတယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြပါတယ်။


အဆိုပါ စစ်ဆင်ရေးကို ပြင်ဦးလွင်ခရိုင် ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) နှင့်အတူ စစ်ကိုင်းမြို့နယ်၊ ဇုန် () ပကဖ တာဝန်ခံ ကိုဂျိုး ဦးဆောင်သော အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှာ ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ရေဦးမြို့ အနောက်ဘက်အထွက် စစ်ကောင်စီတပ်သားများ ဂိတ်ဖွင့်တပ်စွဲထားသော ရွှေကျီးမင်း ဂိတ်အား Fixed Wing Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်


မေ ၂၈ Radio NUG


မေလ ၂၇ ရက် ညနေ :၄၅ တွင် ရေဦးမြို့ အနောက်ဘက်အထွက် စစ်ကောင်စီတပ်သားများ ဂိတ်ဖွင့်တပ်စွဲထားသော ရွှေကျီးမင်း ဂိတ်အား Fixed Wing Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ်(၁၄) တပ်ရင်းမှ သတင်းထုတ်ပြန်ပါတယ်။


တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ ထိခိုက်မှု ရှိ/မရှိကို စုံစမ်း မသိရှိရသေးကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၇။ ပူတာအိုတွင် ခလရ ၁၃၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးကို ဖမ်းမိပြီး ဆေးကုသပေးစဉ် သေဆုံး 


မေ ၂၈ Radio NUG


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်အတွင်းတနေရာ၌ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ် ကောင်စီ၏ ခလရ ၁၃၇ တပ်ရင်းမှ ဒုဗိုလ်မှူးကြီးကို ဒဏ်ရာများဖြင့်အရှင်ဖမ်းမိကြောင်း PDF Putaoက ဖော်ပြထားပါတယ်။


ဆေးကုသပေးနေစဉ် ဖမ်းမိပြီး နောက်တစ်ရက်မှာ သေဆုံးသွားကြောင်းလည်း ပူတာအိုမြို့နယ်တော်လှန်ရေးအင်အားစု သတင်းရင်းမြစ်က သိရပါတယ်။


မေလ ၁၈ ရက်နေ့က ပူတာအိုခရိုင် မချမ်းဘောမြို့နယ်အခြေစိုက် ခလရ ၁၃၇ တပ်ရင်းမှ ပူတာအို မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ပူတာအိုမြို့နယ် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက်ကို မင်းသီဟန်နှင့် ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment