28th MAY 2024 - Morning Daily News by Radio NUG

၂၀၂၄ မေလ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်

📌 ၂။ ဖက်ဒရယ်စနစ်ကျင့်သုံးလျက်ရှိသော ပြည်ထောင်စုနိုင်ငံများနှင့် စပ်လျဥ်းသည့် လေ့လာဆွေးနွေးပွဲများ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက အောင်မြင်စွာ ကျင်းပနိုင်ခဲ့

📌 ၃။ MOSAIC MYANMAR နှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)တို့ တွေ့ဆုံဆွေးနွေး

📌 ၄။ တော်လှန်ရေးကာလအတွင်း ချင်းပြည်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ အဆင့်မြင့်ပညာ သင်ယူခွင့်ရရှိနိုင်စေရန် အဆင့်မြင့်ပညာအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြီးစီး

📌 ၅။ မကွေးတိုင်းဒေသကြီး၊ မြောက်ခင်ရန်းကျေးရွာ၌ လူငယ်နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ မျှဝေပေးရန် မြန်မာစစ်တပ်အား တောင်းဆို

📌 ၆။ စစ်ကောင်စီပေးသည့် လွတ်ငြိမ်းချမ်းသာခွင့် တရားမျှတမှု မရှိသည့်အပေါ် ဆန္ဒပြသည့် နိုင်ကျဥ်းနှင့် အခြားအကျဉ်းသား (၁၃)ဦးတို့အား ထပ်တိုးထောင်ဒဏ်များ ချမှတ်

📌 ၇။ ၂၀၂၄ ခုနစ် ဧပြီလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှ ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့၂၀ကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRFကထုတ်ပြန်ဖော်ပြ

📌 ၈။ Shinobi အဖွဲ့သားများမှ အကြမ်းဖက်စစ်ကောင်စီအားဥယျာဉ်မှူးစစ်ဆင်ရေးဆန္ဒပြစဉ် ပစ်ခတ်ခံရ


၂၀၂၄ ခုနှစ် မေလ ၂၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ Project Mindat 2024 Campaign မှ ရရှိသည့် ရန်ပုံငွေများဖြင့် မောင်းပြန် ၂၅ လက်နှင့် ကျည်ဆန်များ ဝယ်ယူ

🚩 ၂။ ထိုင်း-မြန်မာ နယ်စပ်ရှိ ဖိုးချီးမူး စစ်စခန်းအား KNLA PDF များမှ တိုက်ခိုက်သိမ်းပိုက်

🚩 ၃။ ပူးပေါင်းမဟာမိတ်တပ်များ စစ်ဆေးရေး ပြုလုပ်နေသည့် နေရာများသို့  အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် နှစ်ကြိမ်ပစ်ခတ်

🚩 ၄။ တီးတိန်မြို့သိမ်းတိုက်ပွဲ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် စစ်စခန်း ခု သိမ်းထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးကို အရှင်ဖမ်းဆီးထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်


မေလ ၂၇ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၀/၂၀၂၄)ကို မေလ၂၇ရက်ကကျင်းပခဲ့ပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှတက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ ရှေ့လုပ်ငန်းစဉ်များနှင့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊  တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ ဖက်ဒရယ်စနစ်ကျင့်သုံးလျက်ရှိသော ပြည်ထောင်စုနိုင်ငံများနှင့် စပ်လျဥ်းသည့် လေ့လာဆွေးနွေးပွဲများ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက အောင်မြင်စွာ ကျင်းပနိုင်ခဲ့


မေလ ၂၇ရက်။

ဖက်ဒရယ်စနစ်ကျင့်သုံးလျက်ရှိသော ပြည်ထောင်စုနိုင်ငံများနှင့်စပ်လျဥ်းသည့် လေ့လာဆွေးနွေးပွဲများ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီက အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့သိရပါတယ်။


ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီသည် International IDEA ထောက်ပံ့ကူညီမှုဖြင့် ဖက်ဒရယ်စနစ်ကျင့်သုံးလျက်ရှိသော ပြည်ထောင်စုနိုင်ငံများနှင့်စပ်လျဥ်းသည့် အပတ်စဥ် လေ့လာဆွေးနွေးမှုများအား ပြည်တွင်းကျွမ်းကျင်ပညာရှင် ဦးကျော်စွာက ဦးဆောင်၍  လွှတ်တော်ကိုယ်စားလှယ်များနှင့် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် အပတ်စဥ် 

ကျင်းပပြုလုပ်ခဲ့ရာတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၊ ဒုတိယပတ်မှစ၍ ၂၀၂၄ ခုနှစ်၊ မေလ၊ စတုတ္ထအပတ်အထိ သင်တန်းချိန် (၂၄) ကြိမ်အား အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး ဖြစ်တယ်လို့ဖော်ပြပါတယ်။


အဆိုပါဆွေးနွေးပွဲများတွင် ကမ္ဘာပေါ်ရှိ ဖက်ဒရယ်စနစ်ကျင့်သုံးလျက်ရှိသော နိုင်ငံများအနက်မှ ဆွစ်ဇာလန်နိုင်ငံ၊ နိုင်ဂျီးရီးယားနိုင်ငံ၊ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ မက္ကဆီကိုနိုင်ငံ၊ ရုရှားနိုင်ငံ၊ အာဂျင်တီးနားနိုင်ငံ၊ နီပေါနိုင်ငံ၊ ဂျာမနီနိုင်ငံနှင့် အမေရိကန်နိုင်ငံ စသည့်နိုင်ငံများတွင် သမိုင်းအဆက်ဆက် ဖက်ဒရယ်စနစ်လက်ခံကျင့်သုံးပုံများအား အသေးစိတ် လေ့လာသုံးသပ်မျှဝေနိုင်ခဲ့တယ်လို့ဆိုပါတယ်။


ဆွေးနွေးပွဲများသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်လေ့လာ ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ MOSAIC MYANMAR နှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)တို့ တွေ့ဆုံဆွေးနွေး


မေလ ၂၇ ရက်။

MOSAIC MYANMARနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)တို့အကြား တွေ့ဆုံဆွေးနွေးပွဲကိုမေလ၂၇ရက်မှာ Zoom Meetingဖြင့် ကျင်းပခဲ့ပြီး တွေ့ဆုံပွဲသို့ တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြပါတယ်။


ပထမဦးစွာ MOSAIC MYANMAR တာဝန်ရှိသူတစ်ဦးက အဖွဲ့အစည်းပေါ်ပေါက်လာပုံနှင့် ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါတယ်။


ထို့နောက် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများ ကောင်စီ(CCSC-MON) လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများကို ကောင်စီ၏ အထွေထွေအတွင်းရေးမှူးမှ ရှင်းလင်းတင်ပြခဲ့ရာ MOSAIC MYANMARဘက်မှလည်း အပြန်အလှန် ပူးပေါင်းလုပ်ဆောင်နိုင်မည့် ကဏ္ဍများကို အားဖြည့်ဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်လာသူများမှလည်း အပြန်အလှန် ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြပါတယ်။


========================


📌📌 ၄။ တော်လှန်ရေးကာလအတွင်း ချင်းပြည်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ အဆင့်မြင့်ပညာ သင်ယူခွင့်ရရှိနိုင်စေရန် အဆင့်မြင့်ပညာအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြီးစီး


မေလ ၂၇ရက်။

Radio NUG

မေလ ၂၇ ရက်နေ့တွင် တော်လှန်ရေးကာလအတွင်း ချင်းပြည်အတွင်းရှိ ကျောင်းသားကျောင်းသူများ အဆင့်မြင့်ပညာသင်ယူခွင့်ရရှိနိုင်စေရန် ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် အဆင့်မြင့်ပညာအလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ မေလ(၂၃)နှင့်(၂၄) ရက်နေ့တို့တွင် လွတ်မြောက်နယ်မြေ တစ်နေရာ၌ ကျင်းပပြုလုပ်ကာ ဘာသာရပ်စုံသင် ချင်းအမျိုးသားတက္ကသိုလ်ပဋိညာဉ် ကနဦးမူကြမ်း (The Chin National University (CNU) Charter-Zero Draft)ကို ရေးဆွဲနိုင်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၊ ချင်းပြည်အစိုးရက သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မြေပြင်နှင့် အွန်လိုင်း ပေါင်းစပ်ပြုလုပ်ခြင်းဖြစ်ပြီး ဆရာကြီးဒေါက်တာသိန်းလွန်က ဦးဆောင်ဆွေးနွေးပေးခဲ့ကြောင်း သိရပါတယ်။


မျော်မှန်းချက်()ချက်၊ ရည်မှန်းချက် ()ချက်တို့ကို ဆွေးနွေးခဲ့ပြီး ချင်းအမျိုးသားတက္ကသိုလ်၏ ဆောင်ပုဒ်မှာ- အလင်းနှင့် သမ္မာတရား Light and Truthဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ မကွေးတိုင်းဒေသကြီး၊ မြောက်ခင်ရန်းကျေးရွာ၌ လူငယ်နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ မျှဝေပေးရန် မြန်မာစစ်တပ်အား တောင်းဆို


မေလ ၂၇ရက်။

Radio NUG

မကွေးတိုင်းဒေသကြီး၊ မြောက်ခင်ရန်းကျေးရွာ၌ လူငယ်နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ မျှဝေပေးရန် မြန်မာစစ်တပ်အား တောင်းဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ထုတ်ပြန်ထားပါတယ်။


လက်နက်ကိုင်ထားသူများသည် ယောဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များဖြစ်သည့် အသက်နှစ်ဆယ်ကျော်အရွယ် သားထောင်နှင့်ဖိုးတေကို ကြိုးတုပ်၍ သစ်ပင်ပေါ်မှ တွဲလောင်းချပြီး အောက်ခြေမှ မီးဖိုကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါသတ်ဖြတ်မှုကို ကျူးလွန်သူများ၊ ၎င်းတို့နှင့် ဆက်စပ်သည့် အဖွဲ့အစည်းများ အပါအဝင် ထိုဖြစ်ရပ်နှင့်ပတ်သက်သည့် အချက်အလက်များကို ဘက်မလိုက်ဘဲ အမှီအခိုကင်းစွာ စုံစမ်းစစ်ဆေးမှု၏ တစိတ်တပိုင်းအနေဖြင့် အဆိုပါဒေသရှိ တပ်များနှင့် တပ်မှူးများအကြောင်း အချက်အလက်များ၊ ထိုလူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့ပုံနှင့် ဆက်ဆံပုံ အခြေအနေများ၊ ဗီဒီယိုတွင်မြင်တွေ့ရသည့် ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှု ကျူးလွန်သူများနှင့် ပတ်သက်သော အချက်အလက်များပေးရန် မြန်မာစစ်တပ်ထံ တောင်းဆိုလိုက်လို့ ဖော်ပြထားပါတယ်။


မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့်နှင့် သတင်းအချက်အလက်များမျှဝေရန် တောင်းဆိုထားသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနှင့် အထွေထွေညီလာခံတို့၏ ဆုံးဖြတ်ချက်များအတိုင်း အပြည့်အဝပူးပေါင်း ဆောင်ရွက်ရန် မြန်မာစစ်တပ်ကို တိုက်တွန်းထားပါတယ်။


အလွန်ရက်စက် ကြမ်းကြုတ်ပြီး လူမဆန်သည့်ရာဇ၀တ်မှုများကို ပြောင်ပြောင် တင်းတင်း ကျူးလွန်သူများအပါအဝင် ကျူးလွန်သူများ အပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေခြင်းကို ချိုးဖျက်နိုင်ရေးနှင့် မြန်မာနိုင်ငံသားများအတွက် တရားမျှတမှုရရှိလာစေရေးသည် IIMM ရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီပေးသည့် လွတ်ငြိမ်းချမ်းသာခွင့် တရားမျှတမှု မရှိသည့်အပေါ် ဆန္ဒပြသည့် နိုင်ကျဥ်းနှင့် အခြားအကျဉ်းသား (၁၃)ဦးတို့အား ထပ်တိုးထောင်ဒဏ်များ ချမှတ်


မေလ ၂၇ရက်။ 

Radio NUG

ဧပြီလ(၁၈)ရက်နေ့ နှစ်ဆန်းနှစ်ရက်နေ့က မြစ်ကြီးနားအကျဉ်းထောင်၏ အဆောင် ()နှင့် အဆောင်()မှ စစ်ကောင်စီပေးသည့် လွတ်ငြိမ်းချမ်းသာခွင့် တန်းတူမရှိသည့်အပေါ် ဆန္ဒပြသည့် နိုင်ကျဥ်းနှင့် အခြားအကျဉ်းသား (၁၃)ဦးတို့ကို ထောင်ပြင်ပ မြို့နယ်တရားရုံးသို့ လူမသိ သူမသိခေါ်ထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မ () ၆၆() တို့ဖြင့် ထောင်ဒဏ် (၃နှစ် ၆လ) အမိန့်ချမှတ်၍ ထောင်တွင်း၌ တိုက်ပိတ်ပြစ်ဒဏ်များနှင့် မိသားစုဝင်များ၏ ပါဆယ်ပို့ဆောင်ခွင့်များလည်း ပိတ်ပင်ခြင်းခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။


အမိန့်ချမှတ်ခြင်းခံရသူများထဲတွင် ပုဒ်မ ၁၉(က)နှင့် ၁၉()တို့ဖြင့် ထောင်ဒဏ် ၅နှစ် ၃လ အမိန့်ချမှတ်ခြင်းခံထားကြရသည့် နိုင်ငံရေးအကျဉ်းသား ကိုထွန်းမြင့်အောင်၊ ကိုကောင်းစံဟိန်း၊ ကိုချမ်းမင်းမင်းနှင့် ပုဒ်မ ၅၂(က)ဖြင့် ထောင်ဒဏ်()နှစ် ချမှတ်ခြင်းခံထားရသည့် ကိုအောင်ကျော်ဇင်၊ ကိုအာကာစိုးစံတို့အပြင် အခြားအကျဉ်းသားများလည်း ပါဝင်ကြောင်း သိရပါတယ်။


အဆိုပါဆန္ဒပြမှုဖြစ်စဉ်ကို ရပ်တန့်တားဆီးရန် အကျဉ်းထောင်၏ ဗဟိုကင်းမှ G-3သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး၊ အုတ်ရိုးမျှော်စင် အမှတ် ()နှင့်()မှ ကာဘိုင်သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြပါသည်။ အဆိုပါ ပစ်ခတ်မှုကို အဓိက အမိန့်ပေးစေခိုင်းသူမှာ ညွှန်ကြားရေးမှူး ဦးကျော်စိုးဖြစ်ပြီး သေနတ်ဖြင့် ပစ်သည့်သူများထဲတွင် တပ်သား ဇော်ဇော်မိုး တို့ပါဝင်ခဲ့ကြောင်း စုံစမ်းဖော်ထုတ်သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။


၂၀၂၄ခုနှစ် ဧပြီလ(၁၈)ရက်နေ့ဖြစ်စဉ် နိုင်ငံရေးအကျဉ်းသားနှင့် အခြားအကျဉ်းသားများ သေဆုံးခဲ့ရမှုအတွင်း တာဝန်ရှိသူများအဖြစ် ထောင်ပိုင်ကြီး-ဦးကျော်မြင့်စိန် (က-၃၅၀၀)နှင့် ထောင်ပိုင်လေး-ဦးကျော်မင်းဦး (က-၃၉၁၁)တို့ ပစ်ခတ်မှုဖြစ်စဉ်အတွင်း အမိန့်ပေးစေခိုင်းသူများထဲတွင် ပါဝင်ခဲ့သူများဖြစ်ကြောင်း ဖော်ပြထားပါတယ်။


လက်ရှိအချိန်တွင် မြစ်ကြီးနားအကျဉ်းထောင် တာဝန်ခံများ အသစ်အစားထိုးရောက်ရှိ၍ တာဝန်ယူနေကြပြီး ထောင်ပိုင်ကြီး (အသစ်)- လှမျိုးအောင်နှင့် ထောင်ပိုင်လေး(အသစ်)- ဇေယျာလင်းတို့ ဦးဆောင်အုပ်ချုပ်နေကြောင်း သိရှိရသည်။ လက်ရှိတာဝန်ယူနေသည့် ထောင်ပိုင်လေး ဇေယျာလင်းသည် အင်းစိန်ထောင်မှ ပြောင်းရွှေ့လာသူဖြစ်ပြီး အကျဉ်းသားများကို အမြဲဆဲဆို၍ ဖိနှိပ်ထားကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ ၂၀၂၄ ခုနစ် ဧပြီလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှ ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့၂၀ကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRFကထုတ်ပြန်ဖော်ပြ


မေလ၂၇ရက်။

၂၀၂၄ ခုနစ် ဧပြီလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှ ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့၂၀ကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRFကထုတ်ပြန်ဖော်ပြလိုက်ပါတယ်။


"ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို ထောက်ပို့နိုင်ဖို့အတွက် အဆင့်ဆင့် ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်များထဲမှာ ပြည်တွင်းပြည်ပ Fundraiser များရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလှပါတယ်။ ဒီတာဝန်ကို ပါဝင်ထမ်းဆောင်ပေးကြတဲ့ Fundraiser များ အားလုံးကို လေးစားဂုဏ်ပြုအပ်ပါတယ်"လို့ဆိုပါတယ်။


၂၀၂၄ ခုနစ် ဧပြီလအတွင်း အင်တိုက်အားတိုက်တာဝန် ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့ (၂၀)ကို ဖော်ပြလိုက်ပါတယ်လို့အသိပေးကြေညာထားပါတယ်။


ဆက်လက်ပြီး ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေ ပြည်သူ့ကာကွယ်ရေးတပ်သား PDF တွေနဲ့ ကျောချင်းကပ် ခွန်အားဖြည့်ရင်းတော်လှန်ရေးမှာ ထောက်ပို့တပ်သားအနေနဲ့ ပါဝင်ကြဖို့ ဖိတ်ခေါ်ထားပါသေးတယ်။


========================


📌📌 ၈။ Shinobi အဖွဲ့သားများမှ အကြမ်းဖက်စစ်ကောင်စီအားဥယျာဉ်မှူးစစ်ဆင်ရေးဆန္ဒပြစဉ် ပစ်ခတ်ခံရ


မေလ ၂၇ရက်။

Radio NUG

မေလ ၂၆ရပ်နေ့တွင် Shinobi အဖွဲ့သားများမှ အကြမ်းဖက်စစ်ကောင်စီအားဥယျာဉ်မှူးစစ်ဆင်ရေးဆန္ဒပြစဉ် ပစ်ခတ်ခံရကြောင်း Youth Rightsမှ ထုတ်ပြန်ပါတယ်။


အကြမ်းဖက်စစ်ကောင်စီအားဥယျာဉ်မှူးစစ်ဆင်ရေးအနေဖြင့်ရန်ကုန်တိုင်း လှိုင်မြို့နယ်တစ်နေရာတွင်တရားတဲ့သူသာနိုင်ကြေးဟေ့ဆိုသည့်စာသားဖြင့် သပိတ်ဘန်နာစာသား ချိတ်ဆွဲသည့်အပြင် ၂၀၀၈ခြေဥစာအုပ်အား မီးတင်ရှို့နေစဉ်အတွင်း အနီးနားရှိ ဒလန်၏ တိုင်ကြားမှုကြောင့် အကြမ်းဖက်စစ်အုပ်စုရောက်လာပြီး သေနတ်ဖြင့် ၃ချက်တိတိခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။


Shinobi အဖွဲ့သားများတစ်ယောက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


Youth Rights (Youth Organisation)က ဦးဆောင်၍ ဒေါနစစ်ကြောင်းနှင့် ရေစစ်ကြောင်း ၂ကြောင်းသို့ ဆေးနှင့်ဆေးပစ္စည်းများ တန်ဖိုးငွေ ၄၅ သိန်းခန့်အား ပေးပို့ရာ တပ်ရင်အသီးသီးသို့ ဆုံးရှုံးမှု တစ်စုံတစ်ရာဆုံးရှုံး ပျက်စီးမှုမရှိဘဲ မေလ ၂၅ရက်နေ့က ရောက်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ Project Mindat 2024 Campaign မှ ရရှိသည့် ရန်ပုံငွေများဖြင့် မောင်းပြန် ၂၅ လက်နှင့် ကျည်ဆန်များ ဝယ်ယူ


မေ ၂၇ ရက်။

Radio NUG

မေလ ၂၄ရက်နေ့တွင် Project Mindat 2024 မှ ရရှိသော ရန်ပုံငွေများဖြင့် တာဝန်ရှိသူများ မောင်းပြန်သေနတ် ၂၅ လက်နှင့် ကျည်ဆန်များဝယ်ယူပြီး "ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)"က လက်ခံရရှိကြောင်း သတင်းထုတ်ပြန်ပါတယ်။

 

ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် (CDF-Mindat) အတွက် လက်နက်ခဲယမ်းတပ်ဆင်ပေးရန် ရည်ရွယ်လျက် Project Ownerအဖြစ် CRPH-OFP ရန်ပုံငွေရှာဖွေရေးအဖွဲ့မှ ကိုဖြိုးမှ ဦးဆောင်ပြီး Project Mindat 2024 Campaign ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့အထိ ပြုလုပ်ခဲ့ပါတယ်။


Project Mindat 2024 Campaign ရာနှုန်းပြည့် အောင်မြင်ရန်အတွက် Project Owner–Ko Phyo နှင့် CRPH-OFP မှ Fundraisers များ၊ Heal The World မှ ဒေါက်တာအငြိမ်း International Mindat Kcho Organization (IMCO) CEA (Europe)တို့နှင့် အတူ ပြည်သူများ ပူးပေါင်းပါဝင် အင်အားဖြည့်ခဲ့သောကြောင့် သတ်မှတ်ကာလအတွင်းမှာပင် ရည်မှန်းထားသော ပမာဏထက်ကျော်လွန်ကာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၄,၀၀၀(တသိန်းလေးထောင်) ရရှိခဲ့ပါတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ ထိုင်း-မြန်မာ နယ်စပ်ရှိ ဖိုးချီးမူး စစ်စခန်းအား KNLA PDF များမှ တိုက်ခိုက်သိမ်းပိုက်


မေလ ၂၇ရက်။

Radio NUG

တောင်ပိုင်းစစ်ဒေသ ကွပ်ကဲမှုဖြင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းလက်ရုံးတပ် SOF အထူးစစ်ဆင်ရေးတပ်ဖွဲ့နှင့် PDF ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းကာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထိုင်းမြန်မာနယ်စပ်ရှိ  ရန်သူ့တပ်၏ စကခ (၁၃) လက်အောက်ခံ အင်အားကြီး အထိုင်စခန်းတခု ဖြစ်သော ဖိုးချီးမူး စစ်စခန်းအား မြေပြင်ချေမှုန်းရေးနှင့် ဒရုန်းစစ်ဆင်ရေးများ မစတင်မီ ရန်သူ၏ ရိက္ခာနှင့် စစ်ကူပို့လမ်းကြောင်းများအား ပိတ်ဆို့ဖြတ်တောက်ထား၍ ဒရုန်းဖြင့် ဗုံးသီးကျဲခြင်း၊ မြေပြင်မှ ပိတ်ဆို့တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ပြီး (၁၉..၂၀၂၄) ရက်နေ့တွင် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစပြီး ရန်သူ့တပ်သား (၂၀)ဝန်းကျင် သေဆုံးပြီး ဒုတပ်ရင်းမှူး ရန်အောင်၊ 2IC မင်းမင်းထွန်းနှင့် တပ်ကြပ်ကြီးအဆင့်ရှိသူနှစ်ဦး အပါအဝင် စုစုပေါင်း ရန်သူ (၄၈) ဦး လက်ရဖမ်းမိခဲ့ကာ လက်နက်ခဲယမ်း (၅၀) ကျော်ကိုတော်လှန်ရေး ပူးပေါင်းအဖွဲ့မှ သိမ်းဆည်းနိုင်ခဲ့ပါတယ်။


တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်တစ်ဦး လက်နက်ကြီးစထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


ထိုင်းမြန်မာနယ်စပ်ရှိ ရေသလျှောက်စခန်း၊ မဲသရောထစခန်းနှင့် ကွီလုံတိုင်စခန်းတို့အား KNLA တောင်ပိုင်းလက်ရုံးတပ် SOF နှင့် ဒရုန်းပူးပေါင်းတပ်များမှ သိမ်းပိုက်ရရှိထားပြီး ယခုသိမ်းပိုက်ရရှိသည့် ဖိုးချီးမူးစခန်းသည် ၄င်းနယ်စပ်တလျှောက် နောက်ဆုံးလက်ကျန်စခန်း ဖြစ်သောကြောင့် ထိုင်းမြန်မာ နယ်စပ်ကို တော်လှန်ရေးပူးပေါင်းတပ်များမှ အပြည့်အဝ နယ်မြေစိုးမိုး ထိမ်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ပူးပေါင်းမဟာမိတ်တပ်များ စစ်ဆေးရေး ပြုလုပ်နေသည့် နေရာများသို့  အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် နှစ်ကြိမ်ပစ်ခတ်


မေလ ၂၇ရက်။

Radio NUG

မေလ ၂၆  ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း အမှတ် ( ) စစ်ဒေသ စစ်ဒေသခွဲ ( ) ဂဠုန်စစ်ကြောင်း နှင့် မွန်ပြည်လွတ်မြောက်ရေး တပ်တော် ( MLA ) ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များသည် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အတွင်း ပြည်သူလူထုလုံခြုံရေးအတွက် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေသည့် နေရာများသို့  အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကျိုက်မရော အခြေစိုက် ခမရ ( ၂၀၈ ) မှ နေ့လည် ၁၁ နာရီ ၃၀ မီနစ်ခန့်တွင် ၆၀ မမ လက်နက်ကြီးဖြင့် တကြိမ်၊ နေ့လည် နာရီ ၄၅ မီနစ်ခန့်တွင် ၁၀၅ မမ လက်နက်ကြီးဖြင့် နှစ်ကြိမ် အကြမ်းဖက် ပစ်ခက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဂဠုန်စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။


အများပြည်သူ အသုံးပြုနေသည့် လမ်းမများပေါ်သို့ လက်နက်ကြီးများဖြင့် အကြမ်းဖက် ပစ်ခက်တိုက်ခိုက်မှုကြောင့် အနီးရှိ ပြည်သူလူထု နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရကာ ပြည်သူတဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်ဒါဏ်ရာ မရရှိကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၄။ တီးတိန်မြို့သိမ်းတိုက်ပွဲ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် စစ်စခန်း ခု သိမ်းထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးကို အရှင်ဖမ်းဆီးထား


မေလ ၂၇ရက်။ 

Radio NUG

ချင်းပြည်နယ် တီးတိန်မြို့ကို သိမ်းနိုင်ရန်အတွက် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ဖော်ဆောင်နေပြီး လက်ရှိတွင် စစ်စခန်း () ခုကို သိမ်းဆည်းထားနိုင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် () ဦးကို အရှင်ဖမ်းဆီးရမိထားကြောင်း PDF – Zoland မှ ပြန်ကြားရေးမှူးက ပြောကြားကြောင်း ခိုနူမ်းသုန်သတင်းဌာနက ဖော်ပြထားပါတယ်။


မေလ ၂၇ ရက် မနက်ပိုင်း နာရီခွဲတွင် တီးတိန်မြို့ပေါ်က စစ်ကောင်စီအထိုင်ချစခန်းဖြစ်သည့် မိုက်ခရိုဝေ့စ်စခန်းကို ချင်းညီနောင်အဖွဲ့က စတင်တိုက်ခိုက်ခဲ့ပြီး မနက် နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ကာ လက်ရှိတွင် မိုက်ခရိုဝေ့စ်စခန်းကို သိမ်းဆည်းထားပြီးဖြစ်ကြောင်း သိရပါတယ်။


တီးတိန်မြို့သိမ်းစစ်ဆင်ရေးသည် ချင်းညီနောင်၏ ဒုတိယမြောက် စစ်ဆင်ရေးဖြစ်ပြီး ပထမ စစ်ဆင်ရေးမှာ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ဖြစ်ပါတယ်။


တီးတိန်မြို့ပေါ်တွင် ရဲစခန်းနှင့် ခလရ - ၂၆၉ တပ်စခန်းကုန်းရှိပြီး မြို့သိမ်းတိုက်ပွဲကို တဖြည်းဖြည်း လုပ်သွားမည်ဖြစ်၍ တိုက်ပွဲကို အရှိန်မြှင့်သွားမည်ဖြစ်ကြောင်း သိရပါတယ်။


တိုက်ပွဲတွင် စစ်ကောင်စီမှ ဦး ကျဆုံးပြီး ဦးကို စစ်သုံ့ပန်းများအဖြစ် အရှင်ဖမ်းဆီးရမိထားကြောင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့မှာ ထွက်ပြေးနေကြပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိထားကြောင်း သိရပါတယ်။


စစ်ကောင်စီသည် ချင်းပူးပေါင်းတပ်ဖွဲ့များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြိမ် ၂၀ ခန့် ပြုလုပ်ခဲ့ကြောင်း သိရသည်။


စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တီးတိန်မြို့ပေါ်က အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး အိမ်ခြေ ၃၀ ခန့်လည်း ပျက်စီးသွားကြောင်း သိရပါတယ်။


မေလ ၂၇ရက်နေ့ ညနေ ၄နာရီဝန်းကျင်က စပြီး စစ်ကောင်စီတပ်ဟာ တီးတိန်မြို့ မြို့မရပ်ကွက်ရှိ နေအိမ်များကို စတင်မီးရှို့ခဲ့ကာ ညနေ၅နာရီကျော်ထိ မီးလောင်နေတယ်လို့ သိရပါတယ်။


တီးတိန်မြို့အတွင်း တိုက်ပွဲပြင်းထန်မှုကြောင့် တီးတိန်မြို့ရှိအရပ်သားပြည်သူ ရာနဲ့ချီဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ၅။ ပုလဲတွင် ပျူစောထီးအဖွဲ့က ဖမ်းသွားတဲ့ ပြည်သူများအနက် ဦးသတ်ခံရပြီး ကျန်သူများကို ငွေနဲ့ပြန်ရွေးယူခဲ့ရ


မေလ၂၇ ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး အဖွဲ့တွေက ဖမ်းဆီးသွားခဲ့တဲ့ ဒေသခံ ပြည်သူ ၂၃ ဦးအနက်မှ ဦး သတ်ဖြတ်ခံခဲ့ရပြီး ရိုက်နှက်နှိပ်စက်ခံထားရတဲ့ ကျန် ၁၉ ဦးကို ငွေနဲ့ပြန် ရွေးယူခဲ့ရတယ်လို့ မြေလတ်အသံ သတင်းဌာနမှ ဖော်ပြပါတယ်။


မေလ ၂၄ ရက်နေ့က တောင်ရွာသစ်ရွာက ဒေသခံပြည်သူ ၂၁ ဦးနဲ့ ကျောက်ကုန်းတောက အမျိုးသမီး ဦးတို့ကို တောင်ယာလုပ်ငန်းတွေ လုပ်ကိုင်နေချိန်မှာ ပျူစောထီး အဖွဲ့ဝင်တွေက လာရောက် ဖမ်းဆီးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


၎င်းတို့ကို တောင်ရွာသစ်ရွာနဲ့ မိုင်ခန့် အကွာက အင်မထီးရွာကို ဖမ်းခေါ်သွားခဲ့ပြီး တောင်ရွာသစ်ရွာမှ အသက် ၄၂ နှစ်အရွယ် ကိုကျော်ခိုင်၊ အသက် ၂၄ နှစ်အရွယ် ကိုတင့်ဇော်ဦး၊ အသက် ၃၀ နှစ်အရွယ် ကိုထွန်းလှိုင်နဲ့ အသက် ၂၂ နှစ်အရွယ် ကိုထွန်းနိုင်လင်းတို့ သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


အဆိုပါ အမျိုးသားလေးဦး သတ်ဖြတ်ခံခဲ့ရတဲ့ နေ့ရက်ကို မသိရသေးဘဲ ငွေနဲ့ပြန်ရွေးယူခဲ့ရလို့ ပြန်လွတ်လာတဲ့သူတွေကိုလည်း နည်းမျိုးစုံနဲ့ နှိပ်စက်ထားတာကို တွေ့ရတယ်လို့ ယင်းမာပင်ခရိုင် အမှတ် (၁၂) တပ်ရင်း တပ်ထောက်တာဝန်ခံ ရဲဘော်နေမင်းက ပြောပါတယ်။


အသတ်မခံရဘဲ ကျန်နေတဲ့ သူ ၁၉ ဦးကို မိသားစုဝင်တွေက ငွေကျပ် ၂၅ သိန်း၊ ဘီယာ ဖာ၊ အရက် ၁ဖာ အပါ အခြားအစားအစာတွေနဲ့ ပြန်လည်ရွေးယူခဲ့ရပြီး မေလ ၂၇ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။


ပြန်လွတ်လာသူတွေရဲ့ ခန္ဓာကိုယ်တွေမှာလည်း ဓါးနဲ့မွှန်းတာ၊ နံကြားတွေကို ဓါးနဲ့ထိုးတာ၊ လက်တွေမှာသံဖောက်ရိုက်တာနဲ့ နောက်ကျောတွေမှာ ရိုက်နှက်တာ အစရှိတဲ့ ညှင်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေ ရှိနေခဲ့ပြီး အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ဘူးလို့ သိရပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကတော့ အင်မထီးရွာက ပျူစောထီး ဦးဟာ ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီထံ လာရောက်ခိုလှုံခဲ့ပါသေးတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment