29th MAY 2024 - Morning Daily News by Radio NUG

၂၀၂၄ မေလ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တည်ဆဲအခင်းအကျင်းမှာ ဖြစ်ပျက်နေတဲ့ လူမျိုးရေး ကတောက်ကဆ ဖြစ်မှုတွေကို အပြီးသတ်ချုပ်ငြိမ်းနိုင်အောင် တစ်ဖက်တစ်လှမ်းကနေ ကူညီဆောင်ရွက်ကြဖို့ ယာယီသမ္မတပြောကြား

📌 ၂။ ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရနဲ့ လုပ်ပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်တွေအတွက်ယခုနှစ်အတွင်း ရလဒ်တချို့ ထွက်ပေါ်လာမယ်လို့ဝန်ကြီးချုပ်ဆို

📌 ၃။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၏ သြစတြေးလျနိုင်ငံ ခရီးစဥ်တွင်ဘရစ္စဘိန်းမြို့၊ ကွင်းစလန်းပြည်နယ်မှာ လူထုတွေ့ဆုံပွဲကျင်းပမယ်

📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတက်ရောက်

📌 ၅။ ၃နှစ်အတွင်းမှာ ရွှေစျေးနဲ့ဒေါ်လာစျေးယိုယွင်းမှုကို ဖြစ်စေခဲ့တဲ့ တရားခံက မင်းအောင်လှိုင်နဲ့ အပေါင်းအပါများ ဖြစ်တယ်လို့ဆို

📌 ၆။ ချင်းပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး()ဦးနှင့် အမျိုးသား(၂၆)ဦး စုစုပေါင်း(၃၀)ဦး သေဆုံးခဲ့ပြီးစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့သူများပါဝင်


၂၀၂၄ ခုနှစ် မေလ ၂၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စကစတပ်နဲ့တိုက်ပွဲဖြစ်ပွားပြီးနောက် အောင်မြင်စွာပြန်လာတဲ့တော်လှန်ရေးရဲဘော်များကို စစ်ကိုင်းတိုင်းတနေရာရှိ ပြည်သူများကကြိုဆိုဂုဏ်ပြု

🚩 ၂။ နှစ်ပတ်အတွင်း စစ်ဘေးရှောင်အရေအတွက်၊ စစ်ကောင်စီတပ်သား၊ ပြည်သူ့ကာကွယ်ရေးတပ်သား၊ အရပ်သား သေဆုံးမှုနှင့် တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ BNI ထုတ်ပြန်

🚩 ၃။ လအတွင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီကြောင့် ဖမ်းဆီးခံ၊ ထိခိုက်ဒဏ်ရာရ၊ သေဆုံးရသည့် အပြစ်မဲ့ပြည်သူများစာရင်းများ HDCO ထုတ်ပြန်

🚩 ၄။ တစ်ပတ်အတွင်း မြို့()မြို့နဲ့ တပ်စခန်း(၁၁)ခုကို တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်

🚩 ၅။ လေးရွာဆုံ ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို တစ်လအတွင်း အကြိမ်လေးဆယ်ကျော် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့

🚩 ၆။ စွယ်တော် အိမ်ယာဝင်းရှိ ရဲစခန်း ပြင်းအားမြင့် ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ

🚩 ၇။ ပအိုဝ်းဒေသ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်

🚩 ၈။ တီးတိန်မြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အမျိုးသမီး တစ်ဦး သေဆုံး၊ အမျိုးသား တစ်ဦး ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တည်ဆဲအခင်းအကျင်းမှာ ဖြစ်ပျက်နေတဲ့ လူမျိုးရေး ကတောက်ကဆ ဖြစ်မှုတွေကို အပြီးသတ်ချုပ်ငြိမ်းနိုင်အောင် တစ်ဖက်တစ်လှမ်းကနေ ကူညီဆောင်ရွက်ကြဖို့ ယာယီသမ္မတပြောကြား


မေလ ၂၈ရက်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တည်ဆဲ အခင်းအကျင်းမှာ ဖြစ်ပျက်နေတဲ့ လူမျိုးရေး ကတောက်ကဆဖြစ်မှုတွေကို အပြီးသတ်ချုပ်ငြိမ်းနိုင်အောင် တစ်ဖက်တစ်လှမ်းကနေ ကူညီဆောင်ရွက်ကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။


မေလ၂၈ရက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။


"ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံး သိနားလည်ထားပြီး ဖြစ်တဲ့အတိုင်း၊ ရက္ခိုင်ပြည်နယ်မှာ အနောက်တံခါးပြဿနာလို့ခေါ်တဲ့ ပထဝီနိုင်ငံရေးပြဿနာဟာ ကိုလိုနီစနစ်ရဲ့ အမွေဆိုးအနေနဲ့ အခုအချိန်အထိ တတိတိ ခံစားနေရပါတယ်။ ဒီအချိန်မှာ၊ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖြစ်အောင် တဖန်ကြံစည်တွန်းပို့နေတာကို တွေ့ရပါတယ်။  ဒီအခြေအနေကို အပြင်းအထန်ဆုံးအဆင့်ထိ ရောက်မသွားအောင် အာရက္ခတပ်တော်နဲ့ သက်ဆိုင်ရာ ရိုဟင်ဂျာ အသိုင်းအဝန်းက ဝိုင်းဝန်းအာရုံစိုက်ကြိုးစားနေတယ်ဆိုတာ တွေ့ရပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့လည်း တည်ဆဲအခင်းအကျင်းမှာ ဖြစ်ပျက်နေတဲ့ လူမျိုးရေး ကတောက်ကဆ ဖြစ်မှုတွေကို တတ်နိုင်သမျှ အပြီးသပ်ချုပ်ငြိမ်းနိုင်အောင် တစ်ဖက်တစ်လှမ်းကနေ ကူညီဆောင်ရွက်ကြဖို့ အထူးလိုအပ်ပါတယ်"လို့ ယာယီသမ္မတကပြောပါတယ်။


လက်ရှိ ရက္ခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို အထူးခံနေရတဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီးတော့လည်း  အတိတ်က ကြုံခဲ့ဖူးတဲ့ ချည်းကပ်မှု အမှားတွေကို သင်ခန်းစာယူနိုင်ဖို့ လိုတယ်လို့ယာယီသမ္မတက ထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရနဲ့ လုပ်ပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်တွေအတွက်ယခုနှစ်အတွင်း ရလဒ်တချို့ ထွက်ပေါ်လာမယ်လို့ဝန်ကြီးချုပ်ဆို


မေလ၂၈ရက်။

ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရနဲ့ လုပ်ပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်တွေအတွက် ယခုနှစ်အတွင်း ရလဒ်တချို့ ထွက်ပေါ်လာမယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကဆိုပါတယ်။


မေလ၂၈ရက်မှာ ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်၊ (၁၆/၂၀၂၄)တွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။


"ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရနဲ့ လုပ်ပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်တွေအတွက်လည်း တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ကျွန်တော်တို့အစိုးရဝန်ကြီးတွေ ဆက်တိုက်တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နေသလို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်ဘက်ကလည်း တွန်းတွန်း တိုက်တိုက် အားစိုက်ရမယ့် ကိစ္စတွေ ဆက်လက် လုပ်ဆောင်သွားမယ်ဆိုရင် ဒီနှစ်အတွင်း ရလဒ်တချို့ ထွက်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် ပြည်သူတွေ ဒုက္ခမျိုးစုံက လွတ်မြောက်နိုင်အောင် ကြိုးစားရမယ့် တစ်ခုတည်းသောနည်းလမ်းကတော့ တော်လှန်ရေးကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ရေးပဲဖြစ်တယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


========================


📌📌 ၃။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၏ သြစတြေးလျနိုင်ငံ ခရီးစဥ်တွင်ဘရစ္စဘိန်းမြို့၊ ကွင်းစလန်းပြည်နယ်မှာ လူထုတွေ့ဆုံပွဲကျင်းပမယ်


မေလ၂၈ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌနာ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၏ သြစတြေးလျနိုင်ငံ ခရီးစဥ်တွင်ဘရစ္စဘိန်းမြို့၊ ကွင်းစလန်းပြည်နယ်မှာ လူထုတွေ့ဆုံပွဲကျင်းပမယ်လို့ သြစတြေးလျနိူင်ငံ NUGကိုယ်စားလှယ်ရုံးကအသိပေးဖော်ပြပါတယ်။


အဆိုပါတွေ့ဆုံပွဲကို ဇွန်လ ရက်နေ့မှာ သြစတြေးလျနိုင်ငံဘရစ္စဘိန်းမြို့၊ ကွင်းစလန်းပြည်နယ်မှာ တွေ့ဆုံပွဲကိုကျင်းပသွားမယ်လို့သိရပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် မကြာသေးမီက ကိုရီးယားနိုင်ငံခရီးစဥ်ကိုသွားရောက်ခဲ့ရာ သံတမာန်ရေးရာအောင်မြင်မှုများလည်းရရှိခဲ့ပါတယ်။


========================


📌📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတက်ရောက်


မေလ ၂၈ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး(၁၀/၂၀၂၄)ကို မေလ၂၈ရက်ကကျင်းပခဲ့ပါတယ်။


အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင်၊ ပညာရေး၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ ၃နှစ်အတွင်းမှာ ရွှေစျေးနဲ့ဒေါ်လာစျေးယိုယွင်းမှုကို ဖြစ်စေခဲ့တဲ့ တရားခံက မင်းအောင်လှိုင်နဲ့ အပေါင်းအပါများ ဖြစ်တယ်လို့ဆို


မေလ၂၈ရက်။

၃နှစ်အတွင်းမှာ ရွှေစျေးနဲ့ဒေါ်လာစျေးယိုယွင်းမှုကို ဖြစ်စေခဲ့တဲ့ တရားခံက မင်းအောင်လှိုင်နဲ့ အပေါင်းအပါများ ဖြစ်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဒုဝန်ကြီး ဦးမော်ထွန်းအောင်က မေလ၂၈ရက် ဆိုရှယ်မီဒီယာမှာ သုံးသပ်ပြောပါတယ်။


"နိုင်ငံရေးကောင်းမှ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး စနစ်တွေဟာ မှန်ကန်ပြီး တိုးတက်တဲ့ လူမှုအဖွဲ့အစည်း ဖြစ်နိုင်ပါတယ်။လက်ရှိမှာတော့ ဒေါ်လာစျေး က ၄၄၀၀ ဝန်းကျင်၊ ရွှေစျေး က ၅၅ သိန်း ဆိုတော့ သုံးနှစ်အတွင်းမှာ ဒီယိုယွင်းမှုကို ဖြစ်စေခဲ့တဲ့ တရားခံက မင်းအောင်လှိုင်နဲ့ အပေါင်းအပါများ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်စကစဟာ နိုင်ငံခြားငွေလဲလှယ်တဲ့သူတွေကို အရေးယူရာမှာ အသုံးချတဲ့ ဥပဒေတွေကို အသုံးပြုမှာ ဖြစ်ပြီးတော့ တမင်အရေးယူမှုတွေရှိလာနိူင်တယ်လို့ဆိုပါတယ်။


"နိုင်ငံရေး ကောင်းဖို့ဆိုတာ ဒီလို စနစ်ဆိုးတွေ၊ ကိုယ့်ကို အချိန်မရွေး ဖမ်းချုပ်လို့ရတဲ့ အာဏာရှင်စနစ် အားပေးတဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်ဖို့ ဖြစ်တယ်။ လက်ရှိက လက်ဘနွန်နိုင်ငံလို ငွေစျေးနှစ်မျိုး ဖြစ်နေပြီး၊ ဒီကွာဟာချက်ကြီးမားလာမှုကြောင့် ကြိုတင်ပြင်ဆင်မှုများကို ပြည်သူတိုင်းလုပ်ရတော့မယ်"လို့ဒုဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၆။ ချင်းပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး()ဦးနှင့် အမျိုးသား(၂၆)ဦး စုစုပေါင်း(၃၀)ဦး သေဆုံးခဲ့ပြီးစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့သူများပါဝင်


မေလ၂၈ရက်။

ချင်းပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး()ဦးနှင့် အမျိုးသား(၂၆)ဦး စုစုပေါင်း (၃၀)ဦး သေဆုံးခဲ့ပြီးစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့သူများပါဝင်တယ်လို့သိရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှ မေလ ၂၈ ရက်နေ့အထိ ချင်းပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် 

အမျိုးသမီး () ဦးနှင့် အမျိုးသား (၂၆) ဦး စုစုပေါင်း (၃၀) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် () ဦးနှင့် အသက် ၆၀ နှစ်အထက် သေဆုံးသူ () ဦး ပါဝင်တယ်လို့ဆိုပါတယ်။


အဆိုပါ(၃၀)ဦးအနက် (၂၂) ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရပါတယ်။


မေလ ၂၆ ရက်နေ့၊ နံနက် နာရီအချိန်တွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွာလ်ဘင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နှင့် ဗုံးကြဲခဲ့သောကြောင့် ကျင့်ဇကမ်းနှင့် ၎င်း၏သား ဖြစ်သူတို့မှာ ဗုံးစထိမှန်၍ သေဆုံးခဲ့ရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ စကစတပ်နဲ့တိုက်ပွဲဖြစ်ပွားပြီးနောက် အောင်မြင်စွာပြန်လာတဲ့တော်လှန်ရေးရဲဘော်များကို စစ်ကိုင်းတိုင်းတနေရာရှိ ပြည်သူများကကြိုဆိုဂုဏ်ပြု


မေလ၂၈ရက်။

စကစတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် အောင်မြင်စွာပြန်လာတဲ့တော်လှန်ရေးရဲဘော်များကို စစ်ကိုင်းတိုင်းတနေရာရှိ ပြည်သူများက ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။


မေလ၂၈ရက်မှာ Ko Nway Oo - Myaung  Myaung Pdf ကအသိပေးဆိုပါတယ်။


"တိုက်ပွဲဖြစ်ပွားပြီး ရက်အကြာမှ ပြည်သူတွေရဲ့ တုန့်ပြန်တဲ့မေတ္တာတရားဟာ ရင်ထဲကိုအေးမြစေပီး ကို့ရဲဘော်တွေအတွက်လဲ အရမ်းကို လေးစားဂုဏ်ယူမိခဲ့တယ်။ ရဲဘော်တွေ နေရာချထားရေးပြန်လုပ်ရန်နဲ့ ဒဏ်ရာရရဲဘော်တွေကို ရွှေ့ပြောင်းရေးတို့အတွက် သွားခဲ့တာ လမ်းမှာပြည်သူတွေရဲ့ ကြိုဆိုမှုနဲ့ ကျည်တွေပြန်ဝယ်နိုင်ရေးအတွက်လဲ ကြည်ဖြူစွာနဲ့ ယုံကြည်စွာ လှုတန်းပေးခဲ့ကြတာ သိန်း ၆၀ ကျော်တောင်ရခဲ့လို့ ပြည်သူတွေပေးတဲ့မေတ္တာကြောင့် ခွန်အားသစ်တွေတိုးပွားခဲ့ပါတယ်"လို့ဆိုပါတယ်။


အဆိုပါလှူဒါန်းငွေများကို အလေအလွင့်မရှိ ကျည်တွေသာပြန်ဝယ်မှာဖြစ်ပြီး ပြည်သူတွေရှေ့က ရဲဘော်များနဲ့အတူ အမြဲတမ်းရပ်တည်ကာကွယ်သွားမယ်လို့ဆိုထားပါတယ်။


========================


🚩🚩 ၂။ နှစ်ပတ်အတွင်း စစ်ဘေးရှောင်အရေအတွက်၊ စစ်ကောင်စီတပ်သား၊ ပြည်သူ့ကာကွယ်ရေးတပ်သား၊ အရပ်သား သေဆုံးမှုနှင့် တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ BNI ထုတ်ပြန်


မေလ ၂၈ရက်။ 

Radio NUG

မေလ ရက် မှ ၂၁ ရက်အထိ နှစ်ပတ်တာအတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများကြောင့် မန္တလေး၊ ချင်း၊ မကွေး၊ ရှမ်း၊ ကချင်၊ ရခိုင်၊ တနင်္သာရီနှင့် ကရင် စသည့် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဒေသခံပြည်သူ ၁၇,၅၀၀ ဦးခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း BNI - Myanmar Peace Monitorက သတင်းထုတ်ပြန်ပါတယ်။


၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့ မှ ၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်နေ့အထိ စစ်အာဏာသိမ်းကာလအတွင်း စစ်ကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူပေါင်း သန်းကျော်အထိ ရှိလာသည်ဟု သိရပါတယ်။


နှစ်ပတ်တာအတွင်း စစ်ကောင်စီတပ်သား ၁၁၃ ဦး သေဆုံး၍ ပြည်သူ့ကာကွယ်ရေးတပ်သား ၂၈ဦး သေဆုံးကာ ရခိုင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ တနင်္သာရီ၊ ပဲခူး၊ ချင်း၊ ကချင်၊ ရှမ်း၊ မွန်၊ ကရင်၊ ကယားနှင့် ဧရာဝတီစသည့် တိုင်းနှင့်ပြည်နယ်အသီးသီးမှ အရပ်သားပြည်သူ ၁၄၅ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။


နှစ်ပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှု ၆၈ ကြိမ်ရှိကာ အများဆုံးမှာ ကချင်ပြည်နယ်ဖြစ်ပြီး အနည်းဆုံးမှာ ရှမ်းပြည်နယ်ဖြစ်တယ်လို့ သိရပါတယ်။


စစ်အာဏာသိမ်း ၃နှစ်တာကာလအတွင်း မြန်မာနိုင်ငံတဝှမ်းလုံးတွင် တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း ,၆၃၁ ခုအထိရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှု အခြေအနေများကို ကောက်ယူမှတ်တမ်းပြုရာတွင် မြို့နယ်အလိုက် တစ်ရက်ကို ဖြစ်စဉ်တစ်ခုအဖြစ်သာ မှတ်တမ်းတင်ထားသည့်အတွက် အကြိမ်ရေအားဖြင့်မူ ယခုထက်ပိုမိုများပြားနိုင်ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၅၉မြို့ ရှိကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ လအတွင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီကြောင့် ဖမ်းဆီးခံ၊ ထိခိုက်ဒဏ်ရာရ၊ သေဆုံးရသည့် အပြစ်မဲ့ပြည်သူများစာရင်းများ HDCO ထုတ်ပြန်


မေလ ၂၈ရက်။

Radio NUG

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက် မှ ၂၀၂၄ ခုနှစ်၊ မေ ၁၃ ရက်နေ့ ( ) အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်များသည် တိုက်ပွဲများနှင့် မသက်ဆိုင်သော အပြစ်မဲ့ပြည်သူလူထုများ၊ အရပ်ဘက်အဆောက်အအုံများ၊ ဘာသာရေးအဆောက်အအုံများကို စစ်ဘက်ဆိုင်ရာ ပစ်မှတ်များအဖြစ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံးခြင်း ၊ထိခိုက်ဒဏ်ရာရရှိခြင်း၊ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသည့် ရက္ခိုင်ပြည်သူများ၏အချက်အလက်များကို အများပြည်သူများ သိရှိစေရန် လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။


ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ မတရားဖမ်းဆီးခံသည့် အမျိုးသား ၃၄၆ ဦး အမျိုးသမီး ၇၉ ဦး အပြစ်မဲ့ပြည်သူ စုစုပေါင်း ၄၂၅ ဦး ရှိတယ်လို့ သိရပါတယ်။


စစ်ကောင်စီမှ လေယာဉ်၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် အပြစ်မဲ့ပြည်သူ စုစုပေါင်း ၂၆၈ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။ သေဆုံးသူများမှာ ရခိုင် ၁၈၂ ဦး၊ မူစလင်ဘာသာဝင် ၇၈ ဦး၊ မြို ဦး၊ ဗမာ ဦး၊ ခူမီး ဦး၊ မရာမာကြီး ဦးတို့ ဖြစ်ကြပါတယ်။


စစ်ကောင်စီမှ လေယာဉ်၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် အပြစ်မဲ့ပြည်သူ ၆၄၀ ဦးရှိကြောင်း ဖော်ပြထားပါတယ်။ ထိခိုက်ဒဏ်ရာရသူများမှာ ရခိုင် ၅၀၉ ဦး၊ မူစလင်ဘာသာဝင် ၁၁၂ ဦး၊ မြို ဦး၊ Chaw ဦး၊ ခူမီး ဦး၊ မရာမာကြီး ဦးတို့ ဖြစ်ကြပါတယ်။


အကြမ်းဖက်စစ်ကောင်စီသည် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှု၊ ကမ္ဘာ့ယဥ်ကျေးမှု အမွေအနှစ်များအပေါ် ကျူးလွန်သောရာဇဝတ်မှုများကို ရက္ခိုင်ပြည်အနှံ့ ကျူးလွန်လျက်ရှိပါတယ်။


========================


🚩🚩 ၄။ တစ်ပတ်အတွင်း မြို့()မြို့နဲ့ တပ်စခန်း(၁၁)ခုကို တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်


မေ ၂၈ရက်။

Radio NUG

မေလ ၁၈ မှ မေလ ၂၄ အထိ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့()မြို့နဲ့ တပ်စခန်း(၁၁)ခုကို တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Burma Affairs Conflict Studyက သတင်းထုတ်ပြန်ပါတယ်။


တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ မြို့တွေကတော့ ချင်းပြည်နယ် တွန်းဇံမြို့နဲ့ ကျီခါးမြို့တို့ဖြစ်ပြီး ရခိုင်ပြည်နယ်မှာတော့ ဘူးသီးတောင်မြို့တို့ ဖြစ်ပါတယ်။


စစ်ကောင်စီတပ်စခန်း အများဆုံး သိမ်းပိုက်ခံရတာက ရခိုင်ပြည်နယ်ဖြစ်ပြီး ဒုတိယကတော့ ကချင်ပြည်နယ် ဖြစ်တယ်လို့ သိရပါတယ်။


နိုင်ငံတဝန်းတိုက်ခိုက်မှု ၂၁၇ ကြိမ်ဖြစ်ပြီး ထိတွေ့တိုက်ပွဲ အကြိမ် ၁၀၀ နဲ့ လေကြောင်းတိုက်ခိုက်မှု ၃၄ ကြိမ်အထိ ရှိခဲ့ပါတယ်။


တိုက်ပွဲပြင်းထန်တဲ့ ဒေသတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို အဓိကအားထား အသုံးပြုနေရတာကိုတွေ့ရပြီး ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ကချင်ပြည်နယ်မှာ (၁၂) ကြိမ်၊ ရခိုင်ပြည်နယ်မှာ ကြိမ်၊ ချင်းပြည်နယ်မှာ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ကြိမ်နဲ့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင် ပြည်နယ်တို့မှာလည်း ကြိမ်စီ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတာကိုတွေ့ရပါတယ်။


လေကြောင်းတိုက်ခိုက်မှုတွေကိုတော့ လေတပ်စခန်းကနေ ထွက်ခွာပြီး ပြန်ရောက်တဲ့အထိကို ကြိမ်လို့သာ သတ်မှတ်ရေတွက်ထားခြင်း ဖြစ်ပါတယ်။


ဒါ့အပြင် တစ်ပတ်အတွင်း သတ်ဖြတ်မှုတွေကြောင့် ကလေးငယ် ()ဦးနဲ့ အမျိုးသမီး (၁၂)ဦး အပါအဝင် အရပ်သား (၄၆)ဦး သေဆုံးခဲ့ရပြီး နိုင်ငံတဝန်း နေအိမ်ဖျက်ဆီးခံရမှုကလည်း ၂၀၁ လုံးအထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ပြည်သူများရဲ့ လူထုသပိတ်တွေလည်း တစ်ပတ်အတွင်း မြို့နယ်(၁၄)မြို့နယ်မှာ(၄၉)ကြိမ်ထိ ဖော်ဆောင်နိုင်ခဲ့ပြီး ဖက်ဆစ်စစ်တပ်ကို အတူတကွ တိုက်ပွဲဝင်ကြရန်နဲ့ လေယာဉ်ဆီတင်ပို့မှုကို ပိတ်ပင်တားဆီးဖို့ မီးမောင်းထိုးပြထားတယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ လေးရွာဆုံ ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို တစ်လအတွင်း အကြိမ်လေးဆယ်ကျော် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့


မေလ ၂၈ ရက်။

Radio NUG

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံ ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို တစ်လနီးပါးအတွင်း အကြိမ်လေးဆယ်ကျော် Fixed Wing Drone များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်()တပ်ရင်း-NRDF ကသတင်းထုတ်ပြန်ပါတယ်။


ဧပြီလ ၂၉ ရက်မှ မေလ ၂၅ ရက်နေ့အတွင်း Shar Htoo WOW နည်းပညာသုံး Fixed Wing Drone များဖြင့် စုစုပေါင်း ၁၇ ရက်မှာ ၄၃ ကြိမ်အထိ ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီ တပ်သားနှင့် ပျူစောထီး အဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရရှိတာတွေနဲ့ သေဆုံးတာတွေ အများအပြား ရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်() တပ်ရင်း - NRDF က အသိပေးထားပါတယ်။


========================


🚩🚩 ၆။ စွယ်တော် အိမ်ယာဝင်းရှိ ရဲစခန်း ပြင်းအားမြင့် ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ


မေလ ၂၈ရက်။

ရန်ကုန်တိုင်း၊ မရမ်းကုန်း မြို့နယ်၊ ကမ္ဘာအေး ရပ်ကွက်၊ စွယ်တော် အိမ်ယာဝန်းရှိ စစ်ကောင်စီ တပ်သားများ ရှိနေတဲ့ ရဲစခန်းကို ပြင်းအားမြင့် ဗုံးများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ Rangoon UC Column - RUC က သတင်းထုတ်ပြန်ပါတယ်။


မေလ ၂၈ ရက်နေ့ မနက် နာရီ ၄၅ မိနစ်အချိန်က စွယ်တော်အိမ်ယာဝန်းထဲက စစ်ကောင်စီတပ်သားများ ရှိနေတဲ့ ရဲစခန်းကို Yangon Federal Army - YFAŞÇ GOD Army o Rangoon UG Column - RUC စစ်ကြောင်းတို့က မြို့ပြစစ်ဆင်ရေး စတင်တဲ့ အနေဖြင့် အခုလို ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့ပြီး အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကာ စစ်ဆင်ရေး ဆောင်ရွက်ခဲ့တဲ့ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။


Rangoon UC Column အနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ ဆက်လက် တိုက်ခိုက်သွားမှာဖြစ်ပြီး ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာတဲ့အထိ ပြည်သူများနှင့်အတူ ရပ်တည်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ၇။ ပအိုဝ်းဒေသ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်


မေ ၂၈ရက်။ 

Radio NUG

ပအိုဝ်းဒေသရှိ ပြည်သူများ၏ အိုးအိမ်စည်းစိမ်ကိုဖျက်ဆီးနေသည့် စစ်ကောင်စီသည် ပြည်သူများအထွဋ်အမြတ်ထားရာ ဘုန်းတော်ကြီးကျောင်းများကိုလည်း ဆက်လက်ပစ်ခတ် ဖျက်ဆီးနေလျက်ရှိကြောင်း PNLAက သတင်းထုတ်ပြန်ပါတယ်။


မေလ ၂၇ မနက်ပိုင်းတွင် ဆီဆိုင်မြို့နယ် နောင်ကျော်ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သိမ်ကျောင်းဆောင်ကို ထိမှန်ခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် သိမ်ကျောင်းဆောင်မှာ ပျက်စီးသွားသည့်အပြင် ပြည်သူလူထုနေအိမ်တစ်လုံးမှာလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၈။ တီးတိန်မြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အမျိုးသမီး တစ်ဦး သေဆုံး၊ အမျိုးသား တစ်ဦး ဒဏ်ရာရ


မေလ ၂၈ ရက်။

Radio NUG

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ရှောင်အမျိုးသမီးတဦး သေဆုံးခဲ့ပြီး အမျိုးသားတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း အခြေစိုက် Zalen သတင်းဌာနက ဖော်ပြထားပါတယ်။


မေလ ၂၇ ရက်နေ့မှာ တီးတိန်မြို့က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။


သေဆုံးသူမှာ ဆိုင်ကယ်နဲ့ စစ်ရှောင်လာတဲ့ အသက် ၄၀ အရွယ် အမျိုးသမီး ဖြစ်ပြီး သူမရဲ့ အကိုဝမ်းကွဲ ဖြစ်သူကတော့ လက်နက်ကြီး ထိမှန်ပြီး ခြေထောက်ကျိုး သွားခဲ့တယ်လို့ သိရပါတယ်။


လက်နက်ကြီး ထိမှန်တဲ့ အမျိုးသားက ဆေးကုသမှု ခံယူနေပြီး သေဆုံးသူ အမျိုးသမီးကိုတော့ မေလ ၂၈ ရက်နေ့မှာ သင်္ဂြိုလ်ခဲ့တယ်လို့ ဆိုပါတယ်။


လက်ရှိမှာတော့ တီးတိန်မြို့ပေါ်က တိုက်ပွဲတွေကြောင့် ဒေသခံတွေ မြိုလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment