2nd MAY 2024 - Evening Daily News by Radio NUG


၂၀၂၄ မေလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမေရိကန် Cornell University တွင် ပြုလုပ်သော မြန်မာ့အရေးဆွေးနွေးပွဲသို့ လူ့အခွင့်အရေးဆိုင်ရာဒုတိယဝန်ကြီးတက်ရောက်

📌 ၂။ Matupi Chin Refugee Community (MCRC) ()ကြိမ်မြောက် နှစ်ချုပ်အစည်းအဝေးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီအသစ် ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားပြုလုပ် ပါတယ်။

📌 ၃။ စစ်အာဏာရှင်စနစ်ကြောင့် ယနေ့အချိန်ထိ အလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံနေရကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများပြော

📌 ၄။ စစ်တပ်နဲ့ဆက်နွယ်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်ရဲ့သမီး ပြင်သစ်မှာ ပညာသင်ကြားနေမှု ဗီဇာသက်တမ်းတိုးပေးဖွယ်မရှိ လို့ JFM ပြော


၂၀၂၄ ခုနှစ် မေလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကျင်ဒွေးမြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

🚩 ၂။ စစ်ကောင်စီက ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့ ပတ်ပတ်လည်မှာ မြေမြှုပ်မိုင်းများ ထောင်ထား

🚩 ၃။ ရွာစဉ်လှည့်ကာ ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ ခံရပြီး ဦး သေဆုံးကာ ဦး ဒဏ်ရာရ

🚩 ၄။ မိုးမိတ်-တွင်းငယ်လမ်းကို မနက် မှ ညနေ နာရီအတွင်းသာအသုံးပြုရန် ABSDF ထုတ်ပြန် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမေရိကန် Cornell University တွင် ပြုလုပ်သော မြန်မာ့အရေးဆွေးနွေးပွဲသို့ လူ့အခွင့်အရေးဆိုင်ရာဒုတိယဝန်ကြီးတက်ရောက်


မေ -


အမေရိကန်နိုင်ငံ Cornell Universityတွင် ဧပြီလ ၂၉ ရက်၌ ပြုလုပ်ခဲ့သော  မြန်မာ့အရေးဆွေးနွေးပွဲကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးတက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက နွေဦးတော်လှန်ရေးကာလတလျှောက် အောင်မြင်မှုများ၊ စိန်ခေါ်မှုများ၊ အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရိုဟင်ဂျာလူနည်းစုဘာသာဝင်များအရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးတွင် မြန်မာပြည်သူတွေအပေါ် နိုင်ငံတကာအနေဖြင့် ပိုမိုထိရောက်ပြီး လက်တွေ့ဆန်သည့်အကူအညီများပေးအပ်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။


========================


📌📌 ၂။ Matupi Chin Refugee Community (MCRC) ()ကြိမ်မြောက် နှစ်ချုပ်အစည်းအဝေးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီအသစ် ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားပြုလုပ် ပါတယ်။


The Matupi Times 


Matupi Chin Refugee Community (MCRC) ()ကြိမ်မြောက် နှစ်ချုပ်အစည်းအဝေးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီအသစ် ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မေလ ရက်နေ့တွင် Lungle District, Thaizawl Matu Refugee Camp တွင် ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


MCRC အနေဖြင့် မီဇိုရမ်ပြည်နယ်သို့ မတူပီမြို့နယ္မှစစ်ဘေးရှာင်လာကြသည့် ပြည်သူများကို ကူညီပံ့ပိုးနိုင်ရေးအတွက် ၂၀၂၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့တာပါ။ လက်ရှိမီဇိုရမ်ပြည်နယ်တွင်မတူပီစစ်ဘေးရှောင်စခန်း ပေါင်း(၅၂)ခုရှိပြီး မတူပီစစ်ဘေးရှာင်လာသူဦးရေ- ၇၇၁၀ ခန့်နေထိုင်လျက်ရှိကြောင်း MCRC တာဝန်ရှိသူတစ်ဦးက ပြောပါတယ္။


ဆက်လက်၍ MCRC သည် မတူပီမြို့နယ်စစ်ဘေးရှောင် ဒုက္ခသည်များ၏ သာရေးနာရေး ကိစ္စရပ်များ တတ်နိူင်သလောက် ဝိုင်းဝန်းပူးပေါင်းကာ ထောက်ပံ့ကူညီပေးခြင်း၊ အရေးပေါ် ခွဲစိတ်လူနာများကို ကူညီထောက်ပံ့ပေးခြင်း၊ အရေးပေါ် ဝန်ဆောင်မှုများကို တတ်နိူင်သလောက် ကူညီခြင်းနှင့် စစ်ဘေးရှောင်များ၏ အခက်အခဲများနှင့် စိတ်ခေါ်မှုများကို ဝိုင်းဝန်း ဖြေရှင်းခြင်း စသည့်လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။


ဒီကနေ့ပြုလုပ်သည့်  MCRC နှစ်ချုပ်အစည်းအဝေးသို့ ဦးရေစုစုပေါင်း -၇၅ ဦးပါဝင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၃။ စစ်အာဏာရှင်စနစ်ကြောင့် ယနေ့အချိန်ထိ အလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံနေရကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများပြော


မေလ ၂ရက်၊ကေအိုင်စီ


စစ်အာဏာရှင် စနစ်ဆိုးကြောင့် အလုပ်သမားများအနေဖြင့် ယနေ့အချိန်ထိ အလုပ်သမားများ အခွင့် အရေးချိုး ဖောက်ခံနေရဆဲဖြစ်ကြောင်း မေလ၁ရက်နေ့တွင် မဲဆောက်မြို့၌ ပြုလုပ်သည့် (၁၃၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေးနေ့) အခမ်းအနားတွင် အလုပ်သမားအရေး ကူညီဆောင်ရွက်သူများက ပြောဆို‌ခဲ့ကြကြောင်းကို  KICသတင်းဌာနမှဖေါ်ပြထားပါတယ်။


မေလ၁ရက်နေ့ ညနေပိုင်း နာရီအချိန်တွင် မဲဆောက်မြို့တစ်နေရာ၌ သက်ဆိုင်ရာအလုပ်သမားအင်အားစုများ ပူးပေါင်း၍ ပြုလုပ်ကျင်းပခဲ့သည့် အဆိုပါ မေဒေးနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံအလင်းသစ် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် NLF-Myanmar တွဲဖက်ဥက္ကဌ မတင်တင်ဝေက ယခုလို ပြောဆိုခဲ့သည်။


၎င်းကဒီချိုးဖောက်မှုတွေက ဆက်ပြီး ဘာကြောင့်ရှိရလဲဆိုတော့ စစ်အာဏာရှင်မပျက်မချင်း ဒါကရှိနေမှာပဲ။ ကျမတို့အလုပ်သမားတွေက လုပ်အားခတွေအမြတ်ထုတ်ခံနေရတယ်။ မြန်မာပြည်မှာ လုပ်ငန်းအခြေအနေတွေ မကောင်းလို့ ထိုင်းဘက်ခြမ်းကိုလာတယ်။ ဒီဘက်ကိုလာတော့လည်း အခွင့် အရေးတွေ ချိုး ဖောက် ခံရတယ်။ အလုပ်သမားအခွင့်အရေးက ၁၀၀ ရာခိုင်နှုန်းအထိ ချိုးဖောက်ခံ နေရတယ်ဟု အခမ်းအနားတွင် ပြောဆိုခဲ့သည်။


 အခမ်းအနားတွင် မြန်မာနိုင်ငံအတွင်းရှိအလုပ်သမားများနှင့် ပြည်ပသို့ရောက်ရှိနေသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ လုပ်ငန်းခွင်အတွင်း ငွေကြေးအမြတ်ထုတ်ခြင်း၊ အဓမ္မဖိအား ပေးခိုင်းစေခြင်း နှင့် ခြိမ်းခြောက်ခံရခြင်း စသည့်အလုပ်သမားများ၏ တွေ့ကြုံခံစားနေရမှုများကို သက်ဆိုင်ရာ အလုပ်သမားခေါင်း ဆောင်များက ရှင်းပြပြောဆိုမှုများပြုလုပ်ခဲ့ကြသည်။


ထို့အပြင် ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးအတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်သူရဲကောင်းများကို အလေးပြုဦးညွတ်ခဲ့ကြပြီး ယနေ့ ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ မေဒေးနေ့ ဖြစ်ပေါ်လာပုံနှင့် မြန်မာအလုပ်သမားအရေးအခြေအနေများကို ရှင်းပြခြင်း၊ အလုပ်သမားများ၏အသံကို ဖော်ထုတ်ထားသည့် ရုပ်သံပြသခြင်း အစီအစဉ်များကိုပါ ပြုလုပ်ကျင်းပခဲ့ကြသည်။


ထို့အတူ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်လည်း ထိုင်းနိုင်ငံ အစိုးရ၏ ချမှတ်ထားသည့် ဥပဒေများကို သေချာလိုက်နာပြီး မိမိလုပ်ခလစာများအပေါ်တွင်လည်း တန်ဖိုးထားသုံးစွဲ ကြရန် မြန်မာပြည်သားအရေးပူးတွဲလှုပ်ရှားမှုကော်မတီ-JACBA အဖွဲ့ ဥက္ကဌ ဦးမိုးကြိုးက ယနေ့ အခမ်းအနားတွင် ယခုလို တိုက်တွန်း ပြောဆိုသည်။


ကျနော်တို့ကို နေခွင့်ပေးထားတယ်။ စားဖို့ပေးထားတယ်။ အလုပ်ပေးထားတဲ့ ထိုင်းနိုင်ငံအပေါ်မှာ ကျေးဇူအထူး သိတတ်ပါ။ သူတို့ရဲ့ ဥပဒေကိုလေးစားလိုက်နာပြီးတော့ ထိုင်းပြည်သူတွေနဲ့ စည်းစည်း လုံးလုံးချစ်ချစ်ခင်ခင်နဲ့ ပေါင်းစည်းပြီးဖြတ်သန်းပါ။ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ မိမိတို့ရရှိလာတဲ့ ဝင်ငွေအပေါ်မှာ တန်ဖိုးတွေထားပါ။ မထင်မှတ်ထားတဲ့သဘာဝကပ်ဘေးဒုက္ခတွေနဲ့ စာရွက် စာတမ်းလုပ်ရတာ စရိတ်ကြီးနေမှုအပေါ်မှာ ကျနော်တို့က စုစုဆောင်းဆောင်းနဲ့ ချွေတာရမယ်ဟု ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။


မြန်မာနိုင်ငံ၏လက်ရှိအခြေအနေသည် အုပ်ချုပ်ရေးစနစ် ယိုယွင်းပျက်စီးမှုများအပေါ် အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံ၏ စက်ရုံ အလုပ်ရုံများတွင် အလုပ်သမားများအပေါ် ခေါင်းပုံဖြတ် ဖိနှိပ်မှုများဆက်လက်ဖြစ်ပေါ်နေကာ မြန် မာနိုင်ငံ၏ တစ်ရက်တာအခြေခံ လုပ်အားခမှာလည်း (,၈၀၀) ကျပ်သာ သတ်မှတ်ထားသေးကြောင်း သိရသည်။


========================


📌📌 ၄။ စစ်တပ်နဲ့ဆက်နွယ်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်ရဲ့သမီး ပြင်သစ်မှာ ပညာသင်ကြားနေမှု ဗီဇာသက်တမ်းတိုးပေးဖွယ်မရှိ လို့ JFM ပြော


အကြမ်းဖက်စစ်တပ်နဲ့ဆက်နွယ်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်ရဲ့ သမီးဖြစ်သူ သိမ့်ဝင်းထက် ပြင်သစ်မှာ ပညာသင်ကြား နေမှု ဗီဇာသက်တမ်းတိုးပေးဖွယ် မရှိဘူးလို့ Justice for Myanmar က ဒီနေ့ မေလ ၂ရက် မှာထုတ်ပြန်လိုက်ပါတယ်။ 

ပြင်သစ်သတင်းစာ Le Monde ရဲ့ ရေးသားဖော်ပြချက်ကို ကိုးကားပြီး Justice For Myanmar သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ 

သိမ့်ဝင်းထက်ဟာ မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ခရိုနီ စီးပွားရေးလုပ်ငန်းစု ရွှေဗျိုင်းဖြူအုပ်စုကို တည်ထောင်ထားတဲ့ မိသားစုက မိသားစုဝင်တဦးဖြစ်နေတာ၊ အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားတာကြောင့် အခုလို အသိပေးလိုက်တာလည်း ဖြစ်ပါတယ်။ 

သိမ့်ဝင်းထက်ဟာ လက်ရှိမှာ ပြင်သစ်နိုင်ငံမှာရှိတဲ့ HEC Paris မှာ ကျောင်းတက်နေပြီး မြန်မာစစ်အုပ်စုနဲ့လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကနေ အကျိုးအမြတ်ရရှိနေတဲ့ ၎င်းရဲ့မိသားစုစီးပွားရေးလုပ်ငန်းကနေ ငွေးကြေးထောက်ပံ့မှုတွေ ရရှိနေတယ်လို့ ဆိုပါတယ်။ 

အခု ဧပြီလ ရက်နေ့ကပဲ Justice For Myanmar ရဲ့ အကျိုးဆောင်ရှေ့နေတွေဖြစ်တဲ့ ပြင်သစ်ရှေ့နေ William Bourdon နဲ့ Lily Ravon တို့က သိမ့်ဝင်းထက် ကျောင်းတက်ခွင့်ရနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြင်သစ်အာဏာပိုင်တွေထံ တိုင်ကြားခဲ့တာ ရှိပါတယ်။

Le Monde သတင်းဌာနရဲ့ ရေးသားဖော်ပြချက်အရ သိမ့်ဝင်းထက်အနေနဲ့ ပြင်သစ်နိုင်ငံအတွင်းနေထိုင်ခွင့်ဗီဇာကို အခု ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ သက်တမ်းတိုးရတော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။ 

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကအကယ်၍ ဥရောပသမဂ္ဂ ဒါမှမဟုတ် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိနေခဲ့မယ်ဆိုရင် ဗီဇာထုတ်ပေးမှာ မဟုတ်ပါဘူး။ အဆိုပါမိန်းကလေးအနေနဲ့ ဗီဇာသက်တမ်းတိုး လျှောက်လာပြီဆိုရင် ဒါက ပြဿနာတရပ် ဖြစ်လာမှာပါလို့ Le Monde သတင်းစာကို ပြောထားပါတယ်။ 

တချိန်တည်းမှာပဲ HEC Paris ကလည်း ၎င်းတို့အနေနဲ့ ရှေ့နေတဦးဖြင့် စုံစမ်းမေးမြန်းမှုတွေ လုပ်ဆောင်နေပြီးကျောင်းရဲ့ ကျင့်ဝတ်ဆိုင်ရာ ကတိကဝတ်များနှင့် ဆန့်ကျင်နေသည့်အခြေအနေ သို့မဟုတ် လုပ်ရပ်ရှိကြောင်း အသိပေးတင်ပြမှုမှန်သ မျှကို အလေးအနက်ထားဆောင်ရွက်နေကြောင်းလည်း Le Monde သတင်းစာကို အတည်ပြု ပြောဆိုထားပါတယ်။ 

Justice For Myanmar -JFM ကိုယ်စားပြု ပြင်သစ်ရှေ့နေတွေဖြစ်တဲ့ William Bourdon နဲ့ Lily Ravon တို့ဟာ မကြာ သေးမီကပဲ ပြင်သစ်အချုပ်အခြာနယ်မြေအတွင်းမှာရှိတဲ့ သိမ့်ဝင်းထက်ရဲ့ ပိုင်ဆိုင်တွေကို သိမ်းဆည်းဖို့နဲ့ ပြင်သစ်နိုင်ငံ အတွင်းကနေ နှင်ထုတ်ရေး စဉ်းစားပေးဖို့ ပြင်သစ်အစိုးရထံ တောင်းဆိုထားတယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းနွေဦး၊ကိုခန့်နှင့် ခါးရှဲလ်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ကျင်ဒွေးမြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်


မကွေးတိုင်းနဲ့ ချင်းပြည်နယ်နယ်စပ်မှာရှိတဲ့ ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေးမြို့ ကို တော်လှန်ရေးတပ်ဖွဲ့တွေ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလထဲကစပြီး လကျော်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့ ကျင်ဒွေးမြို့ကို ဧပြီ ၂၉ ရက်မှာ ချင်းကာကွယ်ရေးတပ်များ၊ ရခိုင့်တပ်တော် AA နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး အပြီးသတ် သိမ်းပိုက် နိုင်ခဲ့တာလို့ ဆိုပါတယ်။  

မြို့သိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် ဆေးရုံနဲ့  ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီဘက်က မြို့မကျစေဖို့ လေကြောင်းကနေ အပြင်းအထန်ခုခံတိုက်ခိုက်ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေက လပေါင်းများစွာ ထိုးစစ်ဆင်တိုက်ခိုက်မှုနဲ့အတူ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်းများဖမ်းမိခဲ့သလို လေကြောင်းကချပေးတဲ့ စစ်ကူများလည်း ချေမှုန်းခံရတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

ကျင်ဒွေး ရခဲ့ပါပြီ... အကောင် ၂၀ လည်း အရှင်ရလိုက်သေးတယ်နော်လို့ CDM စစ်ဗိုလ် ဇင်ယော်-ပြည်သူ့ စစ်သား ကလည်း သူရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးထားပါတယ်။


ကျင်ဒွေးမြို့ကို ချင်းကာကွယ်ရေး CDF တပ်ဖွဲ့တွေနဲ့ ယောဒေသမှာရှိတဲ့ PDF များက စတင်တိုက်ခိုက်ခဲ့တာဖြစ်‌ပြီး နောက်ပိုင်းမှာ ရခိုင့်တပ်တော် AA ပါ ပါဝင်တိုက်ခဲ့တယ်လို့ သိရပါတယ်။  


ကျင်ဒွေးမြို့မှာရှိတဲ့ စစ်ကောင်စီစခန်းကို CDF ပူးပေါင်းတပ်တွေနဲ့ PDF တပ်တွေ ပူးပေါင်းပြီး ၂၀၂၃ ဒီဇင်ဘာမှာ စတင် တိုက်ခိုက်ခဲ့ရာ စခန်းရလုနီးချိန်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကူအင်အားဖြည့်တင်းခဲ့တာကြောင့်  နောက်ဆုတ်ပေးခဲ့ရပေမယ့် ဒီနှစ် မတ်လ ရက်မှစပြီး ချင်းညီနောင်က ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။


========================


🚩🚩 ၂။ စစ်ကောင်စီက ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့ ပတ်ပတ်လည်မှာ မြေမြှုပ်မိုင်းများ ထောင်ထား


ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့ အဝင်အထွက်နဲ့ စစ်ကောင်စီတပ်အနီးတဝိုက်မှာ မြေမြှုပ်မိုင်းတွေထောင်ထားတယ်လို့ မြို့ပေါ်ကနေ ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့သူတွေက ပြောပါတယ်။

စစ်တွေမြို့မှာရှိတဲ့ စစ်စခန်းတွေဟာ ရခိုင့်တပ်တော် AA က လာရောက်တိုက်ခိုက်မှာကို စိုးရိမ်တာနဲ့ မြို့ခံတွေ ထွက်သွားလို့ မရအောင် လုပ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ဒေသမှာ စစ်ကောင်စီဘက်က လက်ရှိအချိန်အထိ စိုးမိုးထားနိုင်သေးတဲ့ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်နဲ့ အမ်းမြို့တွေမှာလည်း စစ်ကောင်စီက မြေမြှုပ်မိုင်းတွေ ထောင်ထားတာတွေရှိတယ်လို့ တပ်တွင်းနေထိုင်သူထံက သိရတဲ့အကြောင်း ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Western News က ဖော်ပြပါတယ်။ 

စစ်တွေမြို့မှာဆိုရင် မြို့အဝင်အထွက် တပ်ထိန်းဂိတ်၊ စက်ရုံစုရပ်ကွက်က အမှတ် ၁၂ ရဲတပ်ရင်း၊ ဆပ်ရိုးကျ တံတားအနီးက ကျေးတောပိုက်ဆိပ်နဲ့ ရွှေပြည်သာရပ်ကွက်၊ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းအနီးတဝိုက်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတယ်လို့ ဆိုပါတယ်။ 

ဒါဟာ စစ်တွေမြို့ အဝင်အထွက်ကို စစ်ကောင်စီက ပိတ်လိုက်တာဖြစ်တယ်လို့ မြို့ခံအချို့က ပြောပါတယ်။ 

မြို့ပတ်လည်မှာ မြေမြှုပ်မိုင်းတွေရှိတာကြောင့် မြို့ထဲကနေ ထွက်ခွာလိုသူတွေအနေနဲ့ မိုင်းထိတာနဲ့ အဖမ်းခံရတာတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့လည်း ဆိုပါတယ်။ 

ကျောက်ဖြူမြို့ ဧရိယာ အတွင်းစစ်ကောင်စီက ထောင်ထားသည့် မိုင်းကြောင့် သေဆုံးသူ ဦးထက်ရှိပြီး ဒဏ်ရာရရှိသူ ၂၀ ဝန်းအထိ ရှိကြောင်း စစ်တွေမြို့အတွင်းလည်း သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများ ရှိကြောင်း ရှိကြောင်း ပြောသည်။ 

စစ်တွေမြို့က ဒေသခံတွေအနေနဲ့ လုပ်နေကြအလုပ်တွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်မရတော့တာ၊ ကုန်စျေးနှုန်း အဆမတန်ကြီးမြင့်နေတာ စတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်ရေးတင်းမာနေတဲ့အခြေအနေဖြစ်နေတာကြောင့် ဒေသခံတွေဟာ မြို့တွင်းတိုက်ပွဲကြားမှာ ပိတ်မိမှာကိုလည်း စိုးရိမ်နေကြပါတယ်။

မြို့ကိုစွန်ခွာတဲ့သူများလာတာကြောင့် စစ်ကောင်စီဟာ စစ်တွေမြို့ကနေထွက်ခွာနိုင်တဲ့ ထွက်ပေါက်အားလုံးကို ပိတ်လိုက်ပြီး ရေကြောင်းသွားလာရေးယာဥ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ကူးတို့သဗ္ဗာန်များကို သိမ်းဆည်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ Western News မှာ ဖော်ပြထားပါတယ်။ 

ဒီလိုအခြေအနေတွေကြောင့် မြို့တွင်းမှာပိတ်မိနေတဲ့ဒေသခံတွေဟာ မြို့ကထွက်ခွာနိုင်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းကြရာ စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲဆိုခံရမှုတွေရှိနေသလို ကျေးတောဘက်ကနေ ထွက်ခွာဖို့ကြိုးစားသူအချို့ စစ်တပ်က ထောင်ထားတဲ့ မိုင်းနင်းမိတာကြောင့် ဧပြီလ ၂၀ ရက်နေ့က သက်ကြီးပိုင်းအမျိုးသမီး ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ရွာစဉ်လှည့်ကာ ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ ခံရပြီး ဦး သေဆုံးကာ ဦး ဒဏ်ရာရ


ဧပြီလ ၂၉ ရက်။


Radio NUG


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုပ်ဖို့မြို့နယ်၊ သရက်နှစ်ဖျားလိမ် ကျေးရွာအုပ်စုမှာ ရွာစဉ်လှည့်လည်ကာ ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ဦးသေဆုံးကာ ဦး ဒဏ်ရာရခဲ့တယ်လို့ အုပ်ဖို့မြို့နယ် မြေအောက်ပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဧပြီလ ၂၈ ရက်နေ့ ညနေ နာရီ မိနစ်ခန့်မှာ ဂွေးချိုကွင်း ရွာနဲ့ ကျွန်းလှကုန်း ရွာကို ဆက်သွယ်ထားတဲ့ တံတား အနီးမှာ အင်အား ၂၀ ခန့်ပါတဲ့ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို ပဒေသာမိုင်း လုံး ကွင်းဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


၎င်းမိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ဦးသေဆုံးကာ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ဆေးရုံကို သယ်ဆောင်သွားခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် မိုင်းဆွဲမှုအပြီး နယ်မြေရှင်းလင်းဆောင်ရွက်ရာမှာ စစ်သုံးဦးထုတ် လုံး၊ MA3 ကျည်ဘောက် -ရှည် တစ်ခုနှင့် .၅၆ ကျည် ၃၂ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ပြီး အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၄။ မိုးမိတ်-တွင်းငယ်လမ်းကို မနက် မှ ညနေ နာရီအတွင်းသာအသုံးပြုရန် ABSDF ထုတ်ပြန် 


ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီဘက်က စစ်အင်အားတိုးချဲ့နေတာကြောင့် မိုးမိတ် - တွင်းငယ်လမ်းပိုင်းကို မနက် ကနေ ညနေ နာရီအတွင်းသာအသုံးပြုကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-ABSDF က ကန့်သတ်လိုက်ပါတယ်။

မိုးမိတ် - တွင်းငယ်လမ်းမကြီးဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့ကို ချိတ်ဆက် ထားတဲ့ လမ်းပိုင်းဖြစ်တာကြောင့် မနက် နာရီကနေ ညနေ နာရီအတွင်းသာ ဖြတ်သန်းသွားလာဖို့နဲ့ မဖြစ်မနေ သွားရမယ်ဆိုရင် သက်ဆိုင်ရာနယ်မြေ တာဝန်ရှိသူတွေထံ သတင်းပေးကြဖို့ ABSDF က အသိပေးထားပါတယ်။ 

ကုန်တင်ကားများ၊ လိုင်းကားများနဲ့ အိမ်စီးကားများအနေနဲ့ မိုးကာဖုံးအုပ်ပြီး မောင်းနှင်တာ၊ မှန်ပိတ်မောင်းနှင်တာတွေနဲ့ အရှိန်ပြင်းစွာမောင်းနှင်တာတွေမပြုလုပ်ကြဖို့နဲ့ လုံခြုံရေးအရတားဆီး စစ်ဆေးမေးမြန်းတာတွေကို ကြည်ဖြူစွာလက်ခံ ပေးဖို့လည်း တိုက်တွန်းထားပါတယ်။ 

ဒီအချက်တွေကို လိုက်နာဆောင်ရွက်ခြင်မရှိတာကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ကြောင်းလည်း ABSDF က အသိပေးထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီဟာ နည်းမျိုးစုံသုံးပြီး ABSDF အမှတ်- စစ်ကြောင်း လှုပ်ရှားနယ်မြေတွေကို ဖြတ်သန်းသွားလာတာ  စစ်အင်အားပေးပို့တာနဲ့ လက်နက်ခဲယမ်းအပါအဝင် ရိက္ခာပို့တွေမှာ အရပ်သားပြည်သူအဖြစ်အသွင်ယူ ဆောင်ရွက်နေတဲ့ အပြင် ပြည်သူပိုင်နဲ့ ပရဟိတအသင်းပိုင် မော်တော်ယာဉ်တွေကို အသုံးပြုပြီး ဖြတ်သန်းသွားလာဖို့ ကြိုးစားနေတယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို လမ်းအသုံးပြုခွင့် အချိန်အားကန့်သတ်လိုက်တာဟာ ပြည်သူလူထု ထိခိုက်နစ်နာမှုမရှိစေဖို့နဲ့ စစ်ကောင်စီတပ်များကို ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်နိုင်ဖို့ ဖြစ်တယ်လို့လည်း ရှင်းပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ မူဆယ်၊ ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တို့မှာ စစ်ကောင်စီဘက်က စစ်လက်နက်အသုံး အဆောင်ပစ္စည်းတွေနဲ့ လူအင်အားအများအပြား ဖြည့်တင်းနေပြီး ဒေသခံပြည်သူတွေကိုလည်း စစ်ဆေးတင်းကြပ်မှုများ ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော်-TNLA ကလည်း ဧပြီ ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်‌သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment