2nd MAY 2024 - Morning Daily News by Radio NUG


၂၀၂၄ မေလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး၏ အလုပ်သမားထုသို့ သဝဏ်လွှာပေးပို့

📌 ၂။ ကရင်နီပြည်မှာ မြေမြှုပ်မိုင်းအန္တရာယ်ကြီးမားနေဆဲလို့ IEC ထုတ်ပြန်

📌 ၃။ KNLA စစ်ဆေးဌာနနဲ့ BPHWT တို့ ပူးပေါင်းပြုလုပ်တဲ့ ဆေးသင်တန်းဆင်း ဘွဲ့ရကျောင်းသား ၁၂၀ ဦးအထိရှိလာ

📌 ၄။ လွိုင်ကော် - ဒီးမော့ဆို အမှတ် ဂိတ်နဲ့ ပန်ကန်းဂိတ်လမ်းများကို လုံခြုံရေးအရ ရက်အကန့်အသတ်မရှိပိတ်

📌 ၅။ တန့်ဆည်မြို့အရှေ့ဘက်ခြမ်းရှိ ရွာတစ်ရွာအတွင်း ပိတ်မိနေသည့် ဒေသခံပြည်သူတွေကို လုံခြုံ‌မှုရှိတဲ့ကျေးရွာတစ်ရွာသို့  ကယ်ထုတ်


၂၀၂၄ ခုနှစ် မေလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) ဒေါင်းတမာန်စခန်း အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ( ၁၁ ) သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်

🚩 ၂။ ကော့ကရိတ်တွင် စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် လိုက်ပါလာတဲ့ ယာဉ်တန်း မိုင်းဆွဲခံရ

🚩 ၃။ ကျိုက်ထိုနဲ့ ဘီးလင်းတွင် စစ်ကောင်စီ ဂိတ်စခန်းများနဲ့ စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများခဲ့

🚩 ၄။ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာ ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီဖက်မှ ဦး သေဆုံး

🚩 ၅။ ..က ကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို Fix Wing Drone များဖြင့် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိခဲ့

🚩 ၆။ အာဏာသိမ်းသည့်နေ့မှ ၂၀၂၄ခုနှစ်၊ ဧပြီလ ( ၃၀ )ရက်နေ့အထိ စစ်ကောင်စီတပ်သား ၃၃၀၀ ကျော် သေဆုံးခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့များဘက်မှ ၅၅၁ ဦး ကျဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး၏ အလုပ်သမားထုသို့ သဝဏ်လွှာပေးပို့


မေလ ရက်။

မေလ ၁ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီးမှ အလုပ်သမားထုထံသို့ သဝဏက်လွှာပေးပို့လိုက်ပါတယ်။

သဝဏ်လွှာတွင် ယနေ့ကျရောက်သည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) တွင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံတွင်းရှိ ကာယ၊ ဉာဏ အလုပ်သမားများအားလုံး စိတ်၏ တည်ကြည် ကြံ့ခိုင်ခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း၊ လွန်ခဲ့သောနှစ်ပေါင်း ၁၃၀ ကျော်က အလုပ်သမားများသည် မိမိတို့၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များအတွက် အသက်၊ သွေး၊ ချွေးများ ပေးဆပ်ကာ တောင်းဆိုနိုင်ခဲ့မှု၊ စည်းလုံးညီညွတ်မှုများကြောင့် ယနေ့လို သမိုင်းဝင် နေ့ထူးနေ့မြတ်တစ်ရက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ၁၃၀၀ ပြည့် အရေးတော်ပုံကြီးအပါအဝင် ခေတ်အဆက်ဆက် အလုပ်သမားအခွင့်အရေးအတွက် တိုက်ပွဲဝင် ကြိုးပမ်းအားထုတ်ခဲ့သည့် သမိုင်းမှတ်တမ်းများ အထင်အရှား ရှိနေခဲ့ပါသည်။ အခြေခံအလုပ်သမား အခွင့်အရေးများအတွက် ကမ္ဘာအရပ်ရပ်က စွန့်လွှတ်အနစ်နာခံ ကြိုးပမ်းခဲ့ကြသူများအားလုံးကို ဦးညွှတ်ပါကြောင်း ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်း၍ အလုပ်သမားထုကြီး၏ အခွင့်အရေးနှင့် ဥပဒေပါ ရပိုင်ခွင့်များကို အာမခံချက်ပေးနိုင်ပြီး ပိုမိုထိရောက်သည့် ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင်ရေး၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လုပ်ငန်းမူဘောင်များ၊ ရေတို၊ ရေရှည် စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အခြေခံအလုပ်သမား အခွင့်အရေးနှင့် လူ့အခွင့်အရေးများ ချိုးဖောက်နေပြီး ပြည်သူအပေါ် အကြမ်းဖက်မှုများ နေ့စဉ် ကျူးလွန်နေသည့် စစ်အုပ်စုကို အိုင်အယ်လ်အို၏ ဖွဲ့စည်းပုံစည်းမျဉ်း (ILO Constitution) နှင့်အညီ အမြင့်ဆုံး အရေးယူ ဆောင်ရွက်နိုင်ရေး၊ အမျိုးသားညီညွတ်ရေးအစိုးရကို အိုင်အယ်လ်အို (ILO) က တဆင့် ထောက်ခံအသိအမှတ်ပြုရေး၊ စစ်တပ်၏ အရေးကြီးသော နိုင်ငံခြားဝင်ငွေရလမ်းများကို ပိတ်ဆို့ရေး စသည့်လုပ်ငန်းများကို အိုင်အယ်လ်အို (ILO) အပါအဝင် နိုင်ငံတကာအလုပ်သမားရေးရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

တော်လှန်ရေးမျက်နှာစာအသီးသီးတွင် အရှုံးနှင့် ရင်ဆိုင်နေရသော အကြမ်းဖက်စစ်တပ်သည် ၎င်းတို့၏ အားအင်ချည့်နဲ့နေမှုများကို ကုစားရန် အဓမ္မစစ်သားစုဆောင်းရေး ဥပဒေတစ်ရပ်ကို အခွင့်အာဏာမရှိဘဲ ထုတ်ပြန်၍ တိုင်းပြည်၏ အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ်ရှိသော အမျိုးသမီး၊ အမျိုးသား လူငယ်၊ လူရွယ်များကို ဖမ်းဆီးခြိမ်းခြောက်၍ အဓမ္မလူစုဆောင်းနေခြင်းကြောင့် စစ်မှုမထမ်းလိုသည့် လူငယ်လုပ်သားများသည် ပြည်တွင်းလွတ်မြောက်နယ်မြေများနှင့် ပြည်ပနိုင်ငံများသို့ ရရာနည်းဖြင့် ထွက်ပြေးတိမ်းရှောင်နေမှုများဖြစ်ပေါ်ကာ ပြည်တွင်းလုပ်အား ဆုံးရှုံးမှု၊ ပုံမှန်ဝင်ငွေ မရရှိမှုနှင့် လူမှုစီးပွားဘဝ ထိခိုက်ခံစားကြရပါသည်။ အလုပ်သမားများသာမက အကျိုးဆက်အနေဖြင့် စီးပွားရေးလုပ်ငန်းများပါ ထိခိုက်ဆုံးရှုံးနေရပါသည်။ ထို့အပြင် ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်များတွင် အသုံးပြုမည့် ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းရန် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၊ ရွှေ့ပြောင်းအလုပ်သမားများ၏ လစာဝင်ငွေမှ ဝင်ငွေခွန်အဖြစ် အဓမ္မ ဖိအားပေးအကျပ်ကိုင်၍ ကောက်ခံလျက်ရှိသည်။ 

မြန်မာနိုင်ငံတွင် အာဏာရှင်ရှိနေသ၍ အလုပ်သမားများအပါအဝင် တိုင်းရင်းသားပြည်သူ တရပ်လုံး ကိုယ်၊ စိတ် ဒုက္ခမျိုးစုံ ဆတိုး ခံစားနေကြရမည်ဖြစ်ပြီး အာဏာရှင်စနစ်ကို အပြီးတိုင် ချေမှုန်းနိုင်မှသာလျှင် အခြေခံအခွင့်အရေး၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် တန်းတူညီမျှရေးကို အပြည့် အဝ ဖော်ဆောင်နိုင်မည် ဖြစ်သည်။ ယခုနှစ် မေဒေးအတွက် ကြွေးကြော်သံ ဆောင်ပုဒ်ဖြစ်သည့်ဖက်ဒရယ်ဒီမိုကရေစီ မရှိဘဲ အလုပ်သမားအခွင့်အရေး မရှိနိုင် “No Federal Democracy, No Labour Rights.” ဆိုသကဲ့သို့ ဒီမိုကရေစီမရှိဘဲ မည်သည့်အခွင့်အရေးမျှ မရရှိနိုင်ခြင်းကြောင့် အလုပ်သမားထုကြီးအပါအဝင် ပြည်သူတရပ်လုံးအနေဖြင့် တော်လှန်ရေး အမြန်ဆုံး အဆုံးသတ် နိုင်ရန် ဆက်လက် ကြိုးပမ်းအားထုတ်စေလိုကြောင်း လေးလေးနက်နက် တိုက်တွန်းအပ်ပါသည်။

ကမ္ဘာ့ကုလသမဂ္ဂ (UN) နှင့် အိုင်အယ်လ်အို (ILO) အပါအဝင် နိုင်ငံတကာ အလုပ်သမားရေးရာအဖွဲ့အစည်းများ၊ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး အလေးထားသည့် နိုင်ငံတကာအစိုးရများအနေဖြင့်လည်း လက်တွေ့ဆန်သော ကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အမြန်ဆုံးဆောင်ရွက်ပေးရန် မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရက အလေးအနက် ထပ်မံ တောင်းဆိုအပ်ပါတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


========================


📌📌 ၂။ ကရင်နီပြည်မှာ မြေမြှုပ်မိုင်းအန္တရာယ်ကြီးမားနေဆဲလို့ IEC ထုတ်ပြန်


မေလ ၁ရက်။

ကရင်နီပြည်ထဲက ရပ်ကွက်၊ကျေးရွာအများစုမှာ မြေမြှုပ်မိုင်းအပါအဝင် အခြား မပေါက်ကွဲသေးတဲ့ ကြွင်းကျန် စစ်သုံး ပစ္စည်းများအန္တရာယ် ကြီးမားနေဆဲလို့ဆိုကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC က မေလ ရက်မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းမှု အကျိုးဆက်တွေထဲက တခုဖြစ်တဲ့ မြေမြှုပ်မိုင်းတွေကြောင့် ကရင်နီ ပြည်အတွင်းက အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးရမှုတွေ သိသိသာသာတိုးပွားလာတာ တွေ့ရတဲ့အတွက် IEC က အခုလို ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ 

မိုးဗြဲနဲ့ဖယ်ခုံအပါအဝင် ကရင်နီပြည်ထဲက ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော် အစရှိတဲ့ တိုက်ပွဲဖြစ်ပွားရာ နေရာတွေမှာ စစ်တပ် က မြေမြှုပ်မိုင်းနဲ့တိုက်မိုင်းတွေကို လူနေရပ်ကွက်နဲ့ ဘာသာရေးဆိုင်ရာအဆောက်အအုံတွေမှာ အသုံးပြုနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီအနေနဲ့ ကရင်နီပြည်အတွင်း တော်လှန်ရေးတပ်ပေါင်းစုံနဲ့ လက်တွဲပြီး ပြည်သူများနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ  ကြိုးစားဆောင်ရွက်နေ တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ပြည်သူများထိခိုက်မှု လျော့ကျစေဖို့ အင်အားစုအသီးသီးနဲ့ပူးပေါင်းပြီး မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာ ပေးခြင်းနဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းတွေကိုလည်း ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ IEC က ဆိုပါတယ်။

ဒါကြောင့် မိုင်းနဲ့ စစ်သုံးပစ္စည်းအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့များနဲ့ တော်လှန်ရေးတပ်ပေါင်းစုံက တာဝန်ရှိသူတွေရဲ့ အတည်ပြုချက်မရဘဲ ရပ်ကွက်၊ ကျေးရွာများအတွင်း ပြန်လည် နေထိုင်ခြင်း မပြုလုပ်ကြဖို့လည်း ဒေသခံပြည်သူလူထုကို သတိပေးထားပါတယ်။

ပြန်လည်အခြေချ နေထိုင်ခွင့်ရှိတဲ့ အချို့သော ရပ်ကွက်၊ ကျေးရွာတွေမှာလည်း သတ်မှတ်ထားတဲ့ နေရာအတွင်းသာ နေထိုင်သွားလာကြဖို့နဲ့ ကန့်သတ်ထားတဲ့နေရာတွေကို သွားလာခြင်း လုံးဝမပြုလုပ်ဖို့၊ မိမိတို့ပတ်ဝန်းကျင်မှာ မြေမြှုပ်မိုင်းနဲ့  ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေ တွေ့ရှိခဲ့ရင် ကိုင်တွယ်ထိတွေ့ခြင်း (သို့မဟုတ်) တူးဖော်ထုနှက်ခြင်း၊ နေရာ ရွေ့ခြင်းနဲ့ ယူငင်သိမ်းဆည်းထားခြင်း စတာတွေ လုံးဝမပြုလုပ်ကြဖို့ အသိပေးထားပါတယ်။

မိမိတိုနေထိုင်ရာပတ်ဝန်းကျင်မှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေ တွေ့ရှိခဲ့ရင်လည်း သက်ဆိုင် ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ နဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ပေါင်းစုံက တာဝန်ရှိသူတွေကို ချက်ခြင်း အကြောင်း ကြားဖို့ IEC က တိုက်တွန်းထားပါတယ်။

သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာအုပ်စု၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ တော်လှန်ရေးတပ်ပေါင်းစုံက တာဝန်ရှိသူတွေရဲ့ လိုအပ်ချက်အရ ထုတ်ပြန်တဲ့ မြေမြှုပ်မိုင်းအန္တရာယ်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေကို လေးစားလိုက်နာကြဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


📌📌 ၃။ KNLA စစ်ဆေးဌာနနဲ့ BPHWT တို့ ပူးပေါင်းပြုလုပ်တဲ့ ဆေးသင်တန်းဆင်း ဘွဲ့ရကျောင်းသား ၁၂၀ ဦးအထိရှိလာ


မေလ ၁ရက်။

ကရင်အမျိုးသားအစည်းအရုံး-KNU/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဗဟို စစ်ဆေးဌာနနဲ့ နယ်လှည့် ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့-BPHWT တို့ ပူးပေါင်းပြုလုပ်တဲ့ ဆေးသင်တန်းဆင်း (Medic) ဘွဲ့ရကျောင်းသား၊ ကျောင်းသူ စုစုပေါင်း  ၁၂၀ ဦးအထိရှိလာပြီလို့ ကရင်ပြည်နယ်သတင်းတွေကို ဦးစားပေးဖော်ပြနေတဲ့ Karen Information Center - KIC ထံကနေ သိရပါတယ်။  

ပြီးခဲ့တဲ့  ၂၀၂၂-၂၀၂၃ ကာလအတွင်းမှာ Medic သင်တန်းဆင်းပွဲ အပတ်စဥ် နဲ့ ကျင်းပခဲ့ပြီး အခု မေလ ရက်နေ့မှာ အပတ်စဥ် သင်တန်းဆင်းပေးခဲ့တာဖြစ်ကာ ကျောင်းသား၊ ကျောင်းသူ ၄၀ ဦး ဘွဲ့ရရှိခဲ့တာကြောင့် အပတ်စဥ်အားလုံးပေါင်းဆိုရင် ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူ ၁၂၀ ဦးအထိ ရှိလာပြီလို့ BPHWT ဒါရိုက်တာ စောဝင်းကျော်က ပြောပါတယ်။

အခုMedic သင်တန်းကတော့ ဆေးကုသနိုင်တဲ့အထိ မွေးထုတ်ပေးတာဖြစ်တယ်။ ဒီသင်တန်းတက်ဖို့အတွက် အနည်းဆုံး အခြေခံဆေးသင်တန်း တက်ထားပြီးသားဖြစ်ရမယ်။ လက်တွေ့လုပ်ငန်းခွင်ထဲမှာ တနှစ် (သို့မဟုတ်) ၂နှစ် ရှိထားတဲ့သူလည်းဖြစ်ရမယ်လို့ ၎င်းက ရှင်းပြပါတယ်။ 

ဒါ့အပြင် နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်ဖို့နဲ့ ဖက်ဒရယ်ယူနစ်တည်ဆောက်ရာမှာ ကျန်းမာရေးကဏ္ဍတိုးတက်မှုဟာ အလွန်အရေးပါတဲ့နေရာမှာရှိနေတဲ့အတွက် ကျန်းမာရေးနယ်ပယ်က အသိပညာရှင်၊ အတတ်ပညာရှင်လူငယ်များစွာ ပေါ်ထွန်းလာခြင်းဖြင့် ကရင်အမျိုးသားတို့ရဲ့အနာဂတ်တိုးတက်ရေး ပါဝင်တည်ဆောက်ကြဖို့လိုတယ်လို့ KNU ပြောခွင့်ရ ပုဂ္ဂိုလ် ပဒိုစောကလယ်စေးက ပြောပါတယ်။

သင်တန်းကာလ ၁နှစ် ကြာမြင့်တဲ့ အဆိုပါ Medic သင်တန်းရဲ့ ပထမ လအတွင်းမှာ သီအိုရီပိုင်းနဲ့ ကျန် လအတွင်းမှာ လက်တွေ့ပိုင်းတွေ သင်ကြားပေးသလို ကရင်လူမျိုးအပြင် ပလောင်၊ ချင်းနဲ့ အခြားတိုင်းရင်းသားများလည်း တက်ရောက် တယ်လို့ BPHWT မှတ်တမ်းတွေအရ သိရပါတယ်။

မေလ ရက်နေ့ကကျင်းပတဲ့ အပတ်စဥ်- သင်တန်းဆင်းပွဲကို KNU ပြောခွင့်ရ ပဒိုစောကလယ်စေး၊ KNU ဗဟို တရားသူ ကြီးချုပ် ပဒိုနော်မြိုင်ဖိုး၊ KNLA ဗဟိုစစ်ဆေးဌာန၊ BPHWT နဲ့ ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့-KNSO က တာဝန်ရှိသူများအပါအဝင် သင်တန်းဆင်း ကျောင်းသူ၊ကျောင်းသားများ၊ ဧည့်ပရိသတ်များ စုစုပေါင်း ၇၀ ဝန်းကျင် တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။


========================


📌📌 ၄။ လွိုင်ကော် - ဒီးမော့ဆို အမှတ် ဂိတ်နဲ့ ပန်ကန်းဂိတ်လမ်းများကို လုံခြုံရေးအရ ရက်အကန့်အသတ်မရှိပိတ်


မေလ ၁ရက်။

ကရင်နီပြည်ထဲက လွိုင်ကော်နဲ့ဒီးမော့ဆိုမြို့နယ်တို့ကို ဆက်သွယ်ထားပြီး ကုန်စည်စီးဆင်းနေတဲ့ အမှတ် ဂိတ်၊ ပန်ကန်းဂိတ်လမ်းပိုင်တွေကို လုံခြုံရေးအရ ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ လွိုင်ကော်မြို့ အရေးပေါ် စီမံထိန်းသိမ်းရေးကော်မတီက မေလ ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။  

မေလ ရက်နေ့ကစညပီး အဆိုပါဂိတ်တွေနဲ့ လမ်းများကို လုံခြုံရေးအရ ရက်အကန့်အသတ်မရှိ ပိတ်လိုက်တာလို့ သိရပါတယ်။ 

ဒါကြောင့် လွိုင်ကော်မြို့နယ်ထဲမှာ ကျေးရွာ၊ အုပ်စုများမှ ပြည်သူလူထုအနေနဲ့ ကြေညာချက်အသစ် ထုတ်ပြန်ချိန်အထိ တားမြစ်ချက်ကို သိရှိလိုက်နာဆောင်ရွက်ပေးဖို့ ကရင်နီပြည် လွိုင်ကော်မြို့ အရေးပေါ် မြို့စီမံထိန်းသိမ်းရေးကော်မတီက ကြေညာထားပါတယ်။ 

လုံခြံရေးအရ အခုလို လမ်းတွေပိတ်လိုက်တဲ့အတွက် တိုက်ပွဲတွေဖြစ်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ စစ်ရေးလေ့လာ စောင့်ကြည့်သူတွေနဲ့ ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။


========================


📌📌 ၅။ တန့်ဆည်မြို့အရှေ့ဘက်ခြမ်းရှိ ရွာတစ်ရွာအတွင်း ပိတ်မိနေသည့် ဒေသခံပြည်သူတွေကို လုံခြုံ‌မှုရှိတဲ့ကျေးရွာတစ်ရွာသို့  ကယ်ထုတ်


မေလ ရက်။

Radio NUG 

ဧပြီလ ၂၉ ရက်‌နေ့တွင် တန့်ဆည်မြို့အရှေ့ဘက်ခြမ်းရှိ ရွာတစ်ရွာအတွင်း ပိတ်မိနေသည့် ဒေသခံပြည်သူ‌တွေကို ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် - PLA နှင့် အခြားမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များမှ လုံခြုံ‌မှုရှိတဲ့ ကျေးရွာတစ်ရွာသို့ ဘေးအန္တရာယ်ကင်းစွာ အကာအကွယ်ယူ ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ကယ်ထုတ် ပေးခဲ့တဲ့ ဒေသခံပြည်သူအများစုမှာ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များဖြစ်ပြီး ယခင် ရှိနှင့်ပြီးသား စစ်ဘေးရှောင်ပြည်သူများနှင့် ကယ်ထုတ်လာခဲ့သော ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့်ဆေးဝါးကုသမှုများ အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

တန့်ဆည်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ မကြာခဏ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ကျေးရွာတွေ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက်မင်းနွေဦး၊ ခါးရှယ်နဲ့ မင်းစစ်သွေးတို့ကပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) ဒေါင်းတမာန်စခန်း အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ( ၁၁ ) သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်


မေလ ၁ရက်။

Radio NUG 

၂၀၂၄ ခုနှစ် မေလ ရက်နေ့ နံနက်ပိုင်းတွင် စစ်ရုံးချုပ်တည်ရှိရာ ဒေါင်းတမာန်စခန်းမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) အခြေခံစစ်ပညာသင်တန်း ၁၁/၂၀၂၄၊  အပတ်စဉ် ( ၁၁ ) သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

သင်တန်းကာလ ကြာမြင့်ခဲ့ပြီး တပ်ဖွဲ့ဝင် အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီး ဦး၊ စုစုပေါင်း သင်တန်းသား ၂၆ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းပြီးမြောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းဆင်းပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) (ABSDF) ဗဟိုကော်မတီ ဥက္ကဋ္ဌ ရဲဘော်သံခဲ တက်ရောက်ခဲ့ပြီး မျိုးဆက်သစ်ရဲဘော်များအတွက် လက်ဆင့်ကမ်း ကြိုဆို မိန့်ခွန်းများပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ကော့ကရိတ်တွင် စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် လိုက်ပါလာတဲ့ ယာဉ်တန်း မိုင်းဆွဲခံရ


မေလ ရက်။

ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်တွင် စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦး လိုက်ပါလာတဲ့ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ CJ Platform က ဖော်ပြပါတယ်။


 ဧပြီ ၃၀ ရက်နေ့က ကရင်ပြည်နယ် ဝန်ကြီးချုပ် စောမြင့်ဦးရဲ့ ယာဉ်တန်း ကော့ကရိတ်မြို့မှ အပြန်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


စစ်ဆင်ရေးနှစ်နေရာခွဲပြီး တိုက်ခိုက်ခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှု လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိခဲ့ပြီး ဝန်ကြီးချုပ်ဖြစ်သူ ထိခိုက်မှု ရှိမရှိကိုတော့ မသိရသေးဘူးလို့ ဖော်ပြပါတယ်။


စစ်ကောင်စီခန့် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟာ ကော့ကရိတ်မြို့ကို နဘူး၊ ထီလုံလမ်းမှ လာခဲ့တာဖြစ်ပြီး စစ်ကောင်စီက ပြန်လည်ထိန်းချုပ်တပ်စွဲထားတဲ့ ကော့ကရိတ်မြို့အတွင်း ဌာနဆိုင်ရာများ လည်ပတ်နိုင်ဖို့အတွက် လာရောက်ကြည့်ရှုခဲ့တာဖြစ်ပြီး အပြန်လမ်းမှာ တိုက်ခိုက်ခံခဲ့ရတာလို့ သိရပါတယ်။


ယခုလို ကရင်ပြည်နယ်ဝန်ကြီးချုပ် တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်မှ သတင်းဖုံးထားသလို KNU ဘက်ကလည်း တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။


လက်ရှိမှာ KNLA/PDF ပူးပေါင်းတပ်ဖွဲ့များနဲ့ စစ်ကောင်စီရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းတို့ဟာ ကော့ကရိတ် ဒေါနတောင်ခြေ တစ်လျောက်၊ ကော့ကရိတ် လမ်းဟောင်း၊ အာရှလမ်းမ စတဲ့ နေရာများမှာ တိုက်ပွဲများ ပြင်းထန်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ကျိုက်ထိုနဲ့ ဘီးလင်းတွင် စစ်ကောင်စီ ဂိတ်စခန်းများနဲ့ စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများခဲ့


မေလ ရက်။

Radio NUG

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့မှာ ဧပြီလ ၃၀ ရက်နေ့နှင့် မေလ ရက်နေ့ တို့တွင် စစ်ကောင်စီ လက်အောက်ခံ မုပ္ပလင် စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့တို့ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ သိရပါတယ်။


မေလ ရက်နေ့မှာ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေး ဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။


 ဒီနေ့က စစ်ကောင်စီဘက်က ထိခိုက်မှုများတယ်လို့ သိရတယ်။ ဒဏ်ရာရ သူတွေကို ဟွန်ဒါဖစ် တစ်စီး အပါအဝင် ကား နှစ်စီးနဲ့ ညောင်ခါးရှည်ဘက်ကို သယ်သွားတယ်လို့ သိရတယ်။ဟု ကိုအေးမင်းထွန်းက ဆိုပါတယ်။


ထို့အပြင် ဧပြီလ ၃၀ ရက်နေ့၊ မနက်ပိုင်းကလည်း ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာမှ မဲပလီကျေးရွာဘက်ကို စစ်ကြောင်း ထိုးလာတဲ့ အင်အား ၄၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ဦးသေဆုံးကာ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆက်ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် သူရိယစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့က ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး တော်လှန်ရေး ရဲဘော် နှစ်ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာ ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီဖက်မှ ဦး သေဆုံး


မေလ ၁ရက်

Radio NUG 

ဧပြီလ ၃၀ ရက်နေ့၊ မနက် နာရီခွဲ အချိန်တွင်  မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာ ဂိတ်စခန်းက အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးတွေကို တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း၂က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲကြာမြင့်ချိန် ၃၅ မိနစ်ကြာ၍ အကြမ်းဖက်စစ်ကောင်စီဘက်မှ ဦး၂ သေဆုံး၊ ဦး၂ ဒဏ်ရာရခဲ့ပြီး တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း မှ ရဲဘော် ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

တနင်္သာရီမြို့နယ်၊ ကျွန်းစုမြို့နယ် မြိတ်မြို့နယ်အတွင်း ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေများကြောင့် ဒေသခံမိဘပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာသွားလာနေထိုင်ပေးကြပါရန် ပြည်သူများ၏ လုံခြုံရေးကို ရှေးရှုပြီး မေတ္တာရပ်ခံထုတ်ပြန်ကြေညာထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း၂၊ တပ်ခွဲ၂နှင့် တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့၊ တနင်္သာရီရိုးမအဖွဲ့၊ တောဗုံးကြီးအဖွဲ့‌၊ တောင်ပံနီအဖွဲ့ (တနင်္သာရီမြို့နယ်ပကဖ) ကျွန်းစုမြို့နယ်ပကဖ၊ ပုလောမြို့နယ်ပကဖနှင့် Dragon Squad ဒရုန်းအဖွဲ့ တို့ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ ..က ကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို Fix Wing Drone များဖြင့် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိခဲ့


မေလ ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာက ..က ကျောင်းဝင်းအတွင်းမှာ တပ်စွဲထားပြီး လမ်းသွားလမ်းလာ ယာဉ်များကို ပိုက်ဆံတောင်း ငွေညှစ်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို Fix Wing Drone ဖြင့် တိုက်ခိုက်ခဲ့တယ်လို့ Phoenix Sagaing အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


ဧပြီ ၃၀ ရက်နေ့မှာ အဆိုပါ အုန်းတော ..က ကျောင်းဝင်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး ပူးပေါင်းအဖွဲ့က Fix Wing Drone များဖြင့် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိခဲ့ပြီး လူနာတင်ကားများဖြင့် သယ်ဆောင်သွားခဲ့ကြတယ်လို့ Phoenix Sagaing အဖွဲ့က ဆိုပါတယ်။


အဲ့ဒီနောက်မှာ စစ်ကောင်စီရဲ့ အမှတ် (၆၀၀၅) တင့်ကားတပ်ရင်းကိုလည်း ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သားများက လက်နက်ငယ်များဖြင့် အချက်များစွာ ပြန်လည်ရမ်းသမ်း ပစ်ခတ်ခဲ့ပေမယ့် ပူးပေါင်းအဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုများကို Phoenix Sagaing ယူနီကွန်း ပြောက်ကျား တပ်ဖွဲ့၊ ကြောင်လက်သည်း (ဝက်လက်) Royal Falcon Guerrilla Force နယ်မြေခံ .က. များနှင့် စစ်ကိုင်းခရိုင် အမှတ် () တပ်ရင်း တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၆။ အာဏာသိမ်းသည့်နေ့မှ ၂၀၂၄ခုနှစ်၊ ဧပြီလ ( ၃၀ )ရက်နေ့အထိ စစ်ကောင်စီတပ်သား ၃၃၀၀ ကျော် သေဆုံးခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့များဘက်မှ ၅၅၁ ဦး ကျဆုံး


မေလ ရက်။

Radio NUG 

အာဏာသိမ်းစ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ( )ရက်နေ့မှ ၂၀၂၄ခုနှစ်၊ ဧပြီလ ( ၃၀ )ရက်နေ့အထိ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀၀ ကျော် သေဆုံးခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့များဘက်မှ ၅၅၁ ဦး ကျဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) information center မှ ထုတ်ပြန်ချက်အရသိရှိရပါတယ်။ 


ကရင်နီပြည်နယ်အတွင်း တိုက်ပွဲပေါင်း (၁၀၈၉)ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်းဖြင့်တိုက်ခိုက်မှု (၁၅၈၁)ကြိမ် ပြုလုပ်ခဲ့ကာ တိုက်လေယာဉ် ( )စီး၊ စကစဘက်မှ ယာဉ်ပေါင်း ၆၈ စီး ကရင်နီပြည်နယ်အတွင်း ပျက်စီးခဲ့ကြောင်းသိရပါတယ်။

အရပ်သားပြည်သူ (၄၉၈)ဦးကို သတ်ဖြတ်ခံခဲ့ပြီး၊ ကရင်နီပြည်သူများ စစ်ဘေးရှောင် (၁၅၂)ဦး သေဆုံးခဲ့ကြောင်းသိရပါတယ်။ စစ်ပွဲကြောင့် အိမ်ပေါင်း  (၂၅၂၈ )လုံး၊ ဆေးရုံ၊ဆေးခန်း (၁၅)ခု၊ စာသင်ကျောင်း (၂၃)လုံးနှင့် ဘာသာရေးအဆောက်အုံ အလုံး (၅၀)ခန့် ပျက်စီးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) information center ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းနွေဦး၊ ခါးရှယ်နဲ့ မင်းစစ်သွေးတို့ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment