30th MAY 2024 - Evening Daily News by Radio NUG

၂၀၂၄ မေလ ၃၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၏ သြစတြေးလျနိုင်ငံ ခရီးစဥ်တွင် Adelaideမြို့တွင်လည်း ဇွန်လ၆ရက်လူထုတွေ့ဆုံပွဲကျင်းပမည်

📌 ၂။ အကြမ်းဖက်စစ်တပ်၏ လေယာဉ်ဆီသုံးစွဲခွင့်ကို ကန့်သတ်ရန် လုံခြုံရေးကောင်စီကို ထပ်မံတောင်းဆိုကြောင်းကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး က လုံခြုံရေးကောင်စီ တွင် ပြောကြားလိုက်

📌 ၃။ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (.က. များအဖွဲ့ချုပ်)မှ ဒေသခံ ကျောင်းသားများနှင့်လက်တွဲပူးပေါင်းကာ  ကရင်နီဒေသတစ်နေရာသို့ စည်းရုံးရေး ခရီးစဉ်တစ်ခု ထွက်ရှိ

📌 ၄။ ရခိုင်ပြည်နယ်အလယ်ပိုင်းနဲ့မြောက်ပိုင်းဒေသတွေမှာ လူဦးရေ ဒသမ သန်းလောက်ဟာ ဆေးရုံကျန်းမာရေးစောင့်ရှောက်ခွင့်မရတဲ့အခြေအနေရောက်နေ

📌 ၅။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင်  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၇) ဦး ရှိလာ


၂၀၂၄ ခုနှစ် မေလ ၃၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဆိုင်းလာ KIA စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခံရမှုကို ဝမ်းမြောက်ကြောင်း ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် ထုတ်ပြန်

🚩 ၂။ ချောင်းဦးမှာ ခရီးသွားကားတွေကိုစစ်ဆေးနေတဲ့ စစ်သားများကို တိုက်ခိုက်ခဲ့ရာ ဦးသေဆုံး  

🚩 ၃။ နတ်မောက်မှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံးပြီး ဗိုလ်ကြီး ဦးဒဏ်ရာရ 

🚩 ၄။ စစ်အုပ်စုပိုင် မြဝတီဘဏ်စောင့် စစ်သားတွေကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်

🚩 ၅။ ကျုံဒိုးရှိ ကိုယ်ထူကိုယ်ထကျောင်းတစ်ကျောင်းအား  ဂဠုန်စစ်ကြောင်း မှရဲဘော်များထောက်ပံ့လှုဒါန်း 

🚩 ၆။ ရှမ်းမြောက်နဲ့ ကချင်အစပ် ရွှေလီချိုင့်ဝှမ်းဒေသမှာ KIA က တပ်မဟာအသစ်တခု တိုးချဲ့ဖွဲ့စည်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၏ သြစတြေးလျနိုင်ငံ ခရီးစဥ်တွင် Adelaideမြို့တွင်လည်း ဇွန်လ၆ရက်လူထုတွေ့ဆုံပွဲကျင်းပမည်


ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၏ သြစတြေးလျနိုင်ငံ ခရီးစဥ်တွင် Adelaideမြို့တွင်လည်း ဇွန်လ၆ရက်တွင် လူထုတွေ့ဆုံပွဲကျင်းပမယ်လို့မေလနောက်ဆုံးပတ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ သြစတြေးလျနိူင်ငံNUGကိုယ်စားလှယ်ရုံးမှ အသိပေးဆိုပါတယ်။


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၏ သြစတြေးလျနိုင်ငံ ခရီးစဥ်Adelaide, South Australia လို့ဖော်ပြထားပါတယ်။


ဇွန်လ ရက်နေ့တွင်လူထုတွေ့ဆုံပွဲကိုကျင်းပသွားမှာဖြစ်ပြီးတော့ ဝန်ကြီးကတော်လှန်ရေးနှင့်ပတ်သက်သည့်အကြောင်းအရာများကိုရှင်းလင်းပြောကြားသွားမှာလည်းဖြစ်ပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်တပ်၏ လေယာဉ်ဆီသုံးစွဲခွင့်ကို ကန့်သတ်ရန် လုံခြုံရေးကောင်စီကို ထပ်မံတောင်းဆိုကြောင်းကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး က လုံခြုံရေးကောင်စီ တွင် ပြောကြားလိုက်


မေလ၃၀


အကြမ်းဖက်စစ်တပ်၏ လေယာဉ်ဆီသုံးစွဲခွင့်ကို ကန့်သတ်ရန် လုံခြုံရေးကောင်စီကို ထပ်မံတောင်းဆိုကြောင်းကို မေလ(၂၉)ရက်ကပြုလုပ်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်မဟုတ်သူများ ဆွေးနွေးကြသည့် Arria-formula အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas Greenfield ကပြောကြားခဲ့ပါတယ်။


"စကစထံ လက်နက်စီးဆင်းမှုကို ကန့်သတ်ရန် ကုလသမဂ္ဂ အထွေထွေ ညီလာခံက တောင်းဆိုခဲ့ပါတယ်။လေယာဉ်ဆီ စီးဆင်းမှုကို ကန့်သတ်ရန် သဘောတူညီချက် တစ်ရပ်ကိုလူ့အခွင့်ရေးကောင်စီက အတည်ပြုခဲ့ပါတယ်။ စစ်တပ်ရဲ့ လေယာဉ်ဆီ သုံးစွဲခွင့်ကို ကန့်သတ်ဖို့ လုံခြုံရေးကောင်စီကို ထပ်မံတောင်းဆိုပါတယ်"လို့သံအမတ်ကြီးကဆိုပါတယ်။


၂၀၂၄ခုနှစ်ငါးလအတွင်းစကစဟာနိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု (၁၀၀၀)နီးပါး ပြုလုပ်ခဲ့ပြီး တစ်ရက်လျှင် ပျမ်းမျှ တိုက်ခိုက်မှု ခြောက်ကြိမ်ထိရှိကြောင်း လေကြောင်းတိုက်ခိုက်မှု ငါးခုအနက် တစ်ခုမှာ ရခိုင်ပြည်နယ်ကို ပစ်မှတ်ထားပြီး သုံးပုံတစ်ပုံမှာ အရပ်သားများကို ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်တယ်လို့ ကန်သံအမတ်ကြီးကဆိုခဲ့ပါတယ်။


========================


📌📌 ၃။ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (.က. များအဖွဲ့ချုပ်)မှ ဒေသခံ ကျောင်းသားများနှင့်လက်တွဲပူးပေါင်းကာ  ကရင်နီဒေသတစ်နေရာသို့ စည်းရုံးရေး ခရီးစဉ်တစ်ခု ထွက်ရှိ


မေလ၃၀ရက်


ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (.က. များအဖွဲ့ချုပ်)မှ ဒေသခံ ကျောင်းသားများနှင့်လက်တွဲပူးပေါင်းကာ  ကရင်နီဒေသတစ်နေရာသို့ စည်းရုံးရေး ခရီးစဉ်တစ်ခု ထွက်ရှိခဲ့ကြောင်းကို မေလ၃၀ရက်မှာရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဗ၊က၊သများအဖွဲ့ချုပ်ကအသိပေးပါတယ်။


တိုင်းရင်းသားဒေသများတွင် လွတ်လပ်သော ကျောင်းသားသမဂ္ဂများ အားကောင်းလာရေး ရှေးရှု၍  ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (.က. များအဖွဲ့ချုပ်)မှ ဒေသခံ ကျောင်းသားများနှင့်လက်တွဲညီညီ ပူးပေါင်းကာ  ကရင်နီဒေသတစ်နေရာသို့ စည်းရုံးရေး ခရီးစဉ်တစ်ခု ထွက်ခဲ့တယ်လို့ဖော်ပြပါတယ်။


နွေဦးတော်လှန်ရေးတွင် ဗကသများအဖွဲ့ချုပ်ဟာလူထုနှင့်အတူလိုက်ပါလျက်ရှိပါတယ်။


========================


📌📌 ၄။ ရခိုင်ပြည်နယ်အလယ်ပိုင်းနဲ့မြောက်ပိုင်းဒေသတွေမှာ လူဦးရေ ဒသမ သန်းလောက်ဟာ ဆေးရုံကျန်းမာရေးစောင့်ရှောက်ခွင့်မရတဲ့အခြေအနေရောက်နေ


မေလ၃၀


ရခိုင်ပြည်နယ်အလယ်ပိုင်းနဲ့မြောက်ပိုင်းဒေသတွေမှာ လူဦးရေ ဒသမ သန်းလောက်ဟာ ဆေးရုံကျန်းမာရေးစောင့်ရှောက်ခွင့်မရတဲ့အခြေအနေရောက်နေတယ်လို့ မေလနောက်ဆုံးပတ်မှာ နောက်ဆုံးထုတ် လူသားချင်းစာနာမှုဆိုင်ရာ သတင်းလွှာကို UN OCHA Myanmarကထုတ်ပြန်ပါတယ်။


ရခိုင်ပြည်နယ်က လူသားချင်းစာနာမှုဆိုင်ရာအခြေအနေဟာ ပြင်းထန်နေဆဲတိုက်ပွဲတွေနဲ့ တအုံနွေးနွေးဖြစ်လာနေတဲ့ လူမျိုးရေးတင်းမာမှုတွေနဲ့အတူ အထူးစိုးရိမ်ဖွယ်ရာဖြစ်တယ်လို့ဖော်ပြပါတယ်။


လိုအပ်ချက်တွေမြင့်မားနေပေမယ့် သွားလာခွင့်ကန့် သတ်ချက်တွေရှိနေဆဲဖြစ်ပြီး ရာသီအပူဆုံးကာလဖြစ်တဲ့အလျောက် သောက်သုံးရေရှားပါးတာနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားတာတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေတယ်လို့ဖော်ပြပါတယ်။


 ရခိုင်ပြည်နယ်အလယ်ပိုင်းနဲ့မြောက်ပိုင်းဒေသတွေမှာ လူဦးရေ ဒသမ သန်းလောက်ဟာ ဆေးရုံကျန်းမာရေးစောင့်ရှောက်ခွင့်မရတဲ့အခြေအနေဖြစ်နေတယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင်  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၇) ဦး ရှိလာ


မေလ၃၀ရက်


မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင်  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၇) ဦး ရှိလာတယ်လို့သိရပါတယ်။


မေလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၄) ဦး ရှိပြီဖြစ်တယ်လို့AAPPကဖော်ပြပါတယ်။


မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရပါတယ်။ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၇) ဦး ရှိပြီဖြစ်ပါတယ်။ 


ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆၇၇၃) ဦးရှိပြီး ထိုအထဲမှ (၂၀၅၂၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၀၇၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဆိုင်းလာ KIA စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခံရမှုကို ဝမ်းမြောက်ကြောင်း ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် ထုတ်ပြန်


စာရေးဆရာတဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဝမ်းခန့်အောင်ဆိုင်းလာ ကို ကချင်လွတ်လပ်ရေးတပ်မတော် - KIA က စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်လိုက်တဲ့အပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်-KSCU က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ 

မေလ ၁၃ရက်က အသည်းရောဂါနဲ့ ကွယ်လွန်သွားတဲ့ KIA စစ်ဦးစီးချုပ်ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းနေရာမှာ ဒုစစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆိုင်းလာ ကို မေလ ၁၈ ရက်နေ့မှာ အစားထိုးခန့်အပ်တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။ 

စာရေးဆရာ ဆရာကြီး ဝမ်းခန့်အောင်ဟာ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်မှာရှိတဲ့ School of Arts and Sciences (SAS), School of Nursing Science (SNS), School of Technology (SOT) School of Economics (SOE) တို့က ပထမနှစ်သင်တန်းများနဲ့ School of Medical Science (SMS) ရဲ့ Foundation Year အတွက် မြန်မာစာဌာနက မြန်မာစာ သင်ရိုးအဖြစ် သင်ကြားပို့ချနေတဲ့ မြန်မာစကားပြေရွေးချယ်ချက်အတွက် ဟူးကောင်းသိန်းပေါစာအုပ်နဲ့ မြန်မာကဗျာ ရွေးချယ်ချက်အတွက် အလှဘုရင်မ အိန်ရော်စာအုပ်တို့ကို ရေးသားခဲ့သူလို့ KSCU က အသိပေးထားပါတယ်။

KSCU ဟာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပညာရေးဝန်ကြီးဌာန မူပါဒနဲ့အညီ ကချင်လွတ်လပ်ရေးအဖွဲ့ -KIO က ဖွဲ့စည်းပေးထားတဲ့ ကြားကာလနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့-KPICT တို့ ပူးပေါင်းဖွင့်လှစ်ထားတာဖြစ်ပြီး CDM ဆရာ၊ ဆရာမ များ ဦးဆောင်သင်ကြားပေးနေတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။

KSCU ရဲ့ အဓိပတိမှာ KIO အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ-KIC ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် လို့ သိရပါတယ်။

 KIA စစ်ဦးစီးချုပ်ဖြစ်လာတဲ့ ဒုဗိုလ်ချုပ်ကြီး အောင်ဆိုင်းလာ ဟာ တနိုင်းဒေသမှာ ကျောင်းဆရာလုပ်ခဲ့သူဖြစ်ပြီး KIA တပ် ထဲ ဝင်ရောက်အမှုထမ်းခဲ့တာကြောင့် စာရေးဆရာ၊ ကျောင်းဆရာ၊ နိုင်ငံရေးသမား၊ ထောက်လှမ်းရေးညွှန်မှူး စတဲ့ ကဏ္ဍ တွေမှာ ကျင်လည်ခဲ့ကာ KIA ဒုစစ်ဦးစီးချုပ်အဖြစ် ၂၀၁၅ နှစ်ကုန်ပိုင်းကစပြီး နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့သူလို့လည်း သိရပါတယ်။


========================


🚩🚩 ၂။ ချောင်းဦးမှာ ခရီးသွားကားတွေကိုစစ်ဆေးနေတဲ့ စစ်သားများကို တိုက်ခိုက်ခဲ့ရာ ဦးသေဆုံး  


စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ထဲက မြပုလဲဆီဆိုင်ဂိတ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးသွားတယ်လို့ မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People's Defence Force - South Monywa တပ်ဖွဲ့က ပြောပါတယ်။

မနေ့ မေလ ၂၉ ရက် မနက် နာရီခွဲခန့်အချိန်က မုံရွေး တိုးဂိတ်အနီး လမ်းသွားလမ်းလာပြည်သူတွေကို တားဆီးစစ်ဆေး နေတဲ့ အကြမ်းဖက်စစ်သား ဦး မိုင်းကွင်းထဲကို ရောက်ရှိလာချိန်မှာ ပဒေသာမိုင်း လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံလိုက်ရတာကြောင့် အကြမ်းဖက်စစ်သား ဦး သေဆုံးသွားချိန်မှာ ကျန်နေတဲ့ စစ်သားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် အဲဒီနေရာမှာ အရပ်သားပြည်သူတွေ အများအပြားရှိနေ တာကြောင့် တော်လှန်ရေးရဲဘော်တွေဘက်က ပြန်လည်ပစ်ခတ်တာမလုပ်ဘဲ ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် မိဘပြည်သူများအနေနဲ့ လမ်းပေါ်မှာ စစ်သားတွေရှိနေချိန်မှာ စစ်သားတွေနဲ့အနီးကပ်မနေဘဲ အတတ်နိုင်ဆုံး ရှောင်ရှားကြဖို့၊ မဖြစ်မနေခရီးသွားလာနေကြရတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ ဂရုတစိုက်သွားလာဖို့နဲ့ ပြည်သူ့ကာကွယ် ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ကြေညာချက်တွေကို လေးစားလိုက်နာကြဖို့ မေတ္တာရပ်ခံထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People's Defence Force - South Monywa တပ်ခွဲ မုံရွာခရိုင် တပ်ရင်း ၁၁ တပ်ခွဲ တပ်စု Youth Vigor Revolution Force မုံရွာခရိုင် တပ်ရင်း ၂၄ တပ်ခွဲ တပ်ခွဲ နဲ့ ကနောင် မင်းသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၃။ နတ်မောက်မှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံးပြီး ဗိုလ်ကြီး ဦးဒဏ်ရာရ 


မကွေးတိုင်း နတ်မောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး ဗိုလ်ကြီးအဆင့်ရှိသူ ဦး ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ နတ်မောက် ပကဖ တာဝန်ရှိသူက  ပြောပါတယ်။

မေလ ၂၉ ရက် မနက် နာရီခန့်အချိန်က နတ်မောက်မြို့နယ် ကျောက်ဆည်ကုန်းကျေးရွာကဒေသခံတဦးကို ဖမ်းဆီး‌ပြီး လမ်းပြအဖြစ်ခေါ်ဆောင်လာတဲ့ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေက ၇၉ မမတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား တဦးသေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ မနက် နာရီခွဲခန့်အချိန်မှာ မိုင်းကွင်းအတွင်း ဆက်လက်တိုးဝင်လာတဲ့အတွက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ဦးသေဆုံးပြီး ဗိုလ်ကြီး ဦး ပြင်းထန်ဒဏ်ရာရခဲ့သလို အခြားစစ်သားတွေလည်း ဒဏ်ရာတွေရသွား တယ်လို့ နတ်မောက် ပကဖ က အသိပေးထားပါတယ်။

အကြမ်းဖက်စစ်တပ်ဘက်က ၇၉ မမ တွေ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး စစ်ကြောင်းပြန်ဆုတ်သွားပေမယ့် နေ့ခင်းပိုင်းမှာ အင်အား ၁ဝဝ ကျော်နဲ့ ပန်းညိုကျေးရွာမှာ ပြန်လည်တပ်စွဲနေတယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို နတ်မောက်ပကဖ၊ မြို့သစ်ပကဖ၊ Aung San's Land Natmauk ငါးပြေမ ပျောက်ကြားတပ်ဖွဲ့၊ ကြိုးကြာနီ၊ ကျားသစ်နက်၊ ၉၀၃ တပ်ရင်း တပ်ခွဲ ဂဠုန် PDF နတ်မောက်၊ ၉၀၃ တပ်ခွဲ တိုက်ဒေါင်းတပ်ဖွဲ့၊ ၉၀၂ တပ်ရင်းနဲ့ နတ်မောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၄။ စစ်အုပ်စုပိုင် မြဝတီဘဏ်စောင့် စစ်သားတွေကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်


ရန်ကုန်မြို့တော် တောင်ဥက္ကလာမြို့နယ်ထဲက ဝေဇယန္တာလမ်းပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုပိုင် မြဝတီဘဏ်က အစောင့် စစ်သားတွေကို လက်ပစ်ဗုံး ပစ်သွင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ Yangon Army – YA က အသိပေးထားပါတယ်။


မနေ့ မေလ ၂၉ ရက် နာရီ ၄၅ မိနစ်ခန့်မှာ အကြမ်းဖက် စစ်အုပ်စုပိုင် မြဝတီဘဏ်စောင့် စစ်သားတွေကို တိုက်ခိုက်ခဲ့ ရာမှာ ကင်းစောင့်နေတဲ့ အကြမ်းဖက်စစ်သားတွေ ထိခိုက်ဒဏ်ရာရသွားနိုင်တယ်လို့ ဆိုပါတယ်။


ဒီတိုက်ခိုက်မှုကို အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ နဲ့ မဟာမိတ်ဖြစ်တဲ့ Yangon Army -YA တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဆက်စပ်နေသူ အားလုံးနဲ့ မတရားတဲ့ ဥပဒေတွေထုတ်ပြီး ပြည်သူလူထုကို စစ်မှုထမ်းရေး အားပေးအားမြှောက်ပြုနေသူတွေကို ထိထိရောက်ရောက် တိုက်ခိုက်သွားမယ်လို့ UG ရဲဘော်တွေက အသိပေးထားပါတယ်။


ဒါကြောင့် မိဘပြည်သူများအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာတွေကို ရှောင်ရှားကြဖို့လည်း မေတ္တာရပ်ခံ ထားပါတယ်။


========================


🚩🚩 ၅။ ကျုံဒိုးရှိ ကိုယ်ထူကိုယ်ထကျောင်းတစ်ကျောင်းအား  ဂဠုန်စစ်ကြောင်း မှရဲဘော်များထောက်ပံ့လှုဒါန်း 


မေလ၃၀ရက်


ကရင်ပြည်နယ်၊ကျုံဒိုးရှိ ကိုယ်ထူကိုယ်ထကျောင်းတစ်ကျောင်းအား  ဂဠုန်စစ်ကြောင်း မှရဲဘော်များထောက်ပံ့လှုဒါန်းခဲ့ကြောင်းကို မေလနောက်ဆုံးပတ်မှာ ဂဠုန်စစ်ကြောင်း မှအသိပေးဖော်ပြပါတယ်။


မကြာမီကာလတွင် ကျောင်းများပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် လိုအပ်သည်များ အသုံးပြုနိုင်ရန်ကျုံဒိုးမြို့နယ်အတွင်းရှိကိုယ်ထူကိုယ်ထကျောင်းတစ်ကျောင်းအား  ဂဠုန်စစ်ကြောင်း မှရဲဘော်များသည် ပြည်သူလူထု၏ပံ့ပိုးကူညီငွေ ထဲမှ  (၅၀၀,၀၀၀)သိန်းကျပ်တိတိ အား. သွားရောက်လှူဒါန်း ပေးခဲ့တယ်လို့ဖော်ပြပါတယ်။


ဂဠုန်စစ်ကြောင်း သည်စကစအားဆန့်ကျင်တော်လှန်နေသည့်တော်လှန်ရေးအင်အားစုတရပ်လည်းဖြစ်ပါတယ်။


========================


🚩🚩 ၆။ ရှမ်းမြောက်နဲ့ ကချင်အစပ် ရွှေလီချိုင့်ဝှမ်းဒေသမှာ KIA က တပ်မဟာအသစ်တခု တိုးချဲ့ဖွဲ့စည်း


စစ်ကောင်စီတပ်ကို အထိနာအောင်တိုက်ခိုက်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်-KIA က ရှမ်းမြောက်နဲ့ ကချင်အစပ် ရွှေလီချိုင့်ဝှမ်းဒေသမှာ တပ်မဟာအသစ်တခု တိုးဖွဲ့စည်းလိုက်တယ်လို့ ကချင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ယခင်က ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသမှာ တပ်မဟာ ၁၀ ခုသာရှိခဲ့တဲ့ KIA အနေနဲ့ တပ်မဟာ-၁၁ ကို တိုးချဲ့ ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။ KIA ဟာ စစ်ဦးစီးချုပ်အသစ်ကို မေလ ၁၈ရက်နေ့မှာ ခန့်အပ်တာဝန်ပေးခဲ့တဲ့အတူ တပ်မဟာအသစ်တခုကို တိုးချဲ့ ဖွဲ့စည်းလိုက်တာလည်းဖြစ်ပါတယ်။တိုင်းရင်းသားအရေးလေ့လာနေသူ ဦးမောင်မောင်စိုးက KIA က အသစ်ဖွဲ့စည်းလိုက်တဲ့ တပ်မဟာ ၁၁ ကို ယခင် ဝိုင်းမော်၊ ဆဒုံးဒေသတပ်မဟာ- က တပ်မဟာမှူး ဦးစီးနေတယ်လို့သိရကြောင်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါ တယ်။

တပ်မဟာ-၁၁ ကို မန်ဝိန်းကြီးဒေသမှာ ဗဟိုပြုဖွဲ့စည်းတယ်လို့ သိရပါတယ်။ မန်ဝိန်းကြီးဒေသဟာ ရွှေလီမြစ်တဖက်ကမ်း၊ နမ့်ခမ်းအနောက်ဘက်မှာ တည်ရှိပါတယ်။ နမ့်ခမ်းနဲ့ ရွှေလီမြစ်ခြားသလို ပြည်နယ်လည်းခြားပါတယ်။ ကချင်ပြည်နယ်ထဲ ပါဝင်ပါတယ်။ မန်ဝိန်းကြီးဒေသဟာ အရင်တပ်မဟာ- နယ်မြေထဲကဖြစ်ပေမဲ့ ဗန်းမော်ဘက်ကို အာရုံစိုက်နေတဲ့ တပ်မဟာ- နယ်မြေထဲက ခွဲထုတ်လိုက်တဲ့ဒေသဖြစ်ပါတယ်လို့လည်း ရေးသားထားပါတယ်။

မန်ဝိန်းကြီးဟာ ကချင်နဲ့ရှမ်းပြည်နယ် ဆက်စပ်နေတဲ့ နေရမှာရှိပြီး ရှမ်းမြောက်မှာရှိတဲ့ KIA တပ်မဟာ ၃ခုနဲ့ ကချင်မှာရှိတဲ့ KIA တပ်ဖွဲ့များ ဆက်စပ်တဲ့နေရာက အရေးပါတဲ့ဒေသဖြစ်တယ်လို့ ဆိုပါတယ်။

"ဒါ့ပြင် မန်ဝိန်းကြီးဒေသဟာ စီးပွါးရေးအရ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ဒေသဖြစ်ပါတယ်။ မန်ဝိန်းကြီးနဲ့ တရုတ်ပြည် နုန်တောင်း Nong Duo ဟာ နမ့်ဝမ်ချောင်း ( ရွှေလီမြစ်ထဲ စီးဝင်တဲ့ချောင်း) ခြားတယ်ဆိုပေမဲ့ တရုတ်ပြည် ဘက်ခြမ်းမှာ နမ့်ဝမ်ချောင်းကူးတံတားထိုးထားလို့ ကားကြီးတွေကောင်းကောင်းကူးနိုင်ပါတယ်။ နုန်တောင်းကနေ ရွှေလီ အထိ လမ်းသွား ကားလမ်းမကြီးဖြူးနေပြီ တနာရီမကြာဘဲ ရွှေလီရောက်နိုင်ပါတယ်။ မန်ဝိန်းကြီး- နုန်တောင်းဂိတ်ဟာ ၂နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တရားဝင်ဂိတ်ထဲမှာမပါဝင်ပေမယ့် ပမာဏကြီးမားတဲ့ မှောင်ခို နယ်စပ်ကုန်သွယ်ရေးဂိတ်လို့ ဆိုရပါမယ်" လို့လည်း ဦးမောင်မောင်စိုးက ရေးသားထားပါတယ်။

ဒါဟာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအရ အရေးပါတဲ့နေရာမှာ KIA က တပ်မဟာအသစ်တခု ထပ်မံဖွင့်လှစ်လိုက်လို့ ဆိုပါတယ်။ 

KIA အနေနဲ့ ကချင်နဲ့ရှမ်းမြောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ၂၀၂၃ အောက်တိုဘာ ၁၈ ကစပြီး စခန်းသိမ်း တိုက်ခိုက်မှုတွေဆင်နွှဲခဲ့ပြီး ၂၀၂၄ မတ်လ ရက်မှာ ထိုးစစ်အရှိန်မြှင့်ခဲ့ရာ ကချင်ပြည်နယ်ထဲက ဝိုင်းမော်၊ မိုးမောက်၊ ဗန်းမော်၊ မံစီ၊ ဖားကန့်၊ တနိုင်း၊ လိုင်ဇာအနီးတဝိုက်နဲ့ ဆွမ်ပရာဘွမ် စတဲ့နေရာတွေက စစ်ကောင်စီတပ်စခန်းကြီးငယ် ၁၀၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက်ကို မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment