30th MAY 2024 - Morning Daily News by Radio NUG

 

၂၀၂၄ မေလ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စိုးမိုးထိန်းချုပ်မြို့နယ်တွေ တစ်မြို့နယ်ချင်းစီ တွေ့ဆုံပြီး သုံးသပ်ချက်တွေ စတင်ပြုလုပ်နေကြပြီဖြစ်တာကြောင့် ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့လုံခြုံရေး ယန္တရားလည်ပတ်မှုအပိုင်းမှာတိုးတက်မှုတွေရှိလာလိမ့်မယ်လို့ဆို

📌 ၂။ ချင်းပြည်နယ် တီးတိန်မြို့ကို အကြမ်းဖက် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော တပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများဖြစ်တယ်လို့ဆို

📌 ၃။ ထိုးတက်နေတဲ့ ရွှေစျေးနဲ့ ထိုးကျနေတဲ့ ကျပ်ငွေကြောင့် စားနပ်ရိက္ခာ ဖူလုံမှုကို ထိခိုက်နိုင်တဲ့အနေအထားရောက်လာနိုင်

📌 ၄။ စစ်ကိုင်းဖိုရမ် တစ်နှစ်ပြည့်ကျင်းပပြုလုပ်မည်

📌 ၅။ စစ်ရာဇဝတ်ဂိုဏ်းကို အပြီးတိုင်ဖယ်ရှားပြီးချိန်အထိ ကျောက်ဖြူစီမံကိန်းကို ပိတ်ဆို့အရေးယူဖို့ တောင်းဆို

📌 ၆။ ဧရာဝတီဥပဒေပညာသင်ကျောင်းမှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ ဒီပလိုမာသင်တန်း ( Diploma in International Human Rights Law)နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီပလိုမာသင်တန်း (Diploma in Constitutional Law) တို့အတွက် ကျောင်းသား၊ ကျောင်းသူများ စတင်ခေါ်ယူ

📌 ၇။ ဇွန်လအတွက် ပထမဆုံးပွဲအနေနဲ့ အမေရိကန်ပြည်ထောင်စု၊ Connecticut မြို့မှာ"သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" ရုပ်ရှင်ဇာတ်ကားများပြသမယ်


၂၀၂၄ ခုနှစ် မေလ ၃၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ချင်းလဲန်းကာကွယ်ရေး တပ်ဖွဲ့(ဒိုင်ရ်)ကို()မြို့နယ်အတွင်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်းပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(ဒိုင်ရ်)အဖြစ် တည်ဆောက်မည်

🚩 ၂။ ကောလင်းအနောက်ခြမ်းရှိ ရွာများတွင် ခံစစ်ပြင်ထားတဲ့ စကစများကို ဝင်ရောက်တိုက်ခိုက်

🚩 ၃။ ကန်နီပျူရွာမှ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ချုံခိုတိုက်ခိုက်ခံရပြီး ဦးသေဆုံး

🚩 ၄။ ယင်းမာပင်မြို့ အနီးက စစ်တပ်ကင်းပုန်းကို ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ဦးသေဆုံး

🚩 ၅။ ရန်ကုန်-မန္တလေး အမြန်လမ်းက ရဲကင်းတိုက်ခိုက်ခံရပြီး ရဲ ဦး သေဆုံးကာ ဦး ဒဏ်ရာရ

🚩 ၆။ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ဖမ်းဆီးခံထားရတဲ့ လူငယ် ၁၃ ဦး ထွက်ပြေးလွတ်မြောက်လာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စိုးမိုးထိန်းချုပ်မြို့နယ်တွေ တစ်မြို့နယ်ချင်းစီ တွေ့ဆုံပြီး သုံးသပ်ချက်တွေ စတင်ပြုလုပ်နေကြပြီဖြစ်တာကြောင့် ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့လုံခြုံရေး ယန္တရားလည်ပတ်မှုအပိုင်းမှာတိုးတက်မှုတွေရှိလာလိမ့်မယ်လို့ဆို


မေလ ၂၉ရက်။

စိုးမိုးထိန်းချုပ်မြို့နယ်တွေ တစ်မြို့နယ်ချင်းစီ တွေ့ဆုံပြီး သုံးသပ်ချက်တွေ စတင်ပြုလုပ်နေကြပြီဖြစ်တာကြောင့် ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့လုံခြုံရေး ယန္တရားလည်ပတ်မှုအပိုင်းမှာ တိုးတက်မှုတွေရှိလာလိမ့်မယ်လို့ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။


မေလနောက်ဆုံးပတ်ကျင်းပတဲ့အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်ကပြောပါတယ်။


"ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီရဲ့ အတွင်းရေးမှူးအဖွဲ့အနေနဲ့လည်း စိုးမိုးထိန်းချုပ်မြို့နယ်တွေ တစ်မြို့နယ်ချင်းစီ တွေ့ဆုံပြီး သုံးသပ်ချက်တွေ စတင်ပြုလုပ်နေကြပြီဖြစ်တာကြောင့် နောက်ဆက်တွဲ မြို့နယ်တစ်မြို့နယ်ချင်းစီရဲ့ လိုအပ်ချက်အလိုက် လုပ်ဆောင်ရမှာတွေကိုလည်း ဆက်လက် လုပ်ဆောင်သွားကြမယ်ဆိုရင် ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့လုံခြုံရေး ယန္တရားလည်ပတ်မှုအပိုင်းမှာလည်း တိုးတက်မှုတွေရှိလာလိမ့်မယ်လို့ ထင်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင့် မြို့နယ်တွေကို အသေးစိတ် လေ့လာသုံးသပ်ရင်း လိုအပ်နေတဲ့ တရားရေးဥပဒေစိုးမိုးရေးကဏ္ဍ အကောင်အထည်ဖော်ဆောင်မှု အပိုင်းတွေကိုပါ လုပ်ဆောင်သွားကြရမှာ ဖြစ်တယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


========================


📌📌 ၂။ ချင်းပြည်နယ် တီးတိန်မြို့ကို အကြမ်းဖက် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော တပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများဖြစ်တယ်လို့ဆို


မေလ ၂၉ရက်။

ချင်းပြည်နယ် တီးတိန်မြို့ကို အကြမ်းဖက် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော တပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကဆိုပါတယ်။


မေလအတွင်း ဆိုရှယ်မီဒီယာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကအသိပေးဖော်ပြပါတယ်။


ချင်းပြည်နယ် တီးတိန်မြို့ကို အကြမ်းဖက် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော တပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဤစစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများသည် ကျွန်ုပ်တို့၏မျက်စိရှေ့တွင် ဖြစ်ပေါ်နေတယ်လို့ဖော်ပြပါတယ်။


နိုင်ငံတကာ အသိုက်အဝန်းနဲ့ အိမ်နီးချင်းနိုင်ငံတွေက သတ္တိရှိတဲ့ မြန်မာပြည်သူများနဲ့ တညီတညွတ်တည်း ရပ်တည်ဖို့လိုအပ်ကာဖယ်ဒရယ်ဒီမိုကရေစီစံနှုန်းများနှင့် အခြေခံမူများကို အကောင်အထည်ဖော်ခြင်းဖြင့် မြန်မာနိုင်ငံသည် ဤအကြမ်းဖက်မှုအား အဆုံးသတ်ကာ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ကူညီရန် အရေးကြီးတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၃။ ထိုးတက်နေတဲ့ ရွှေစျေးနဲ့ ထိုးကျနေတဲ့ ကျပ်ငွေကြောင့် စားနပ်ရိက္ခာ ဖူလုံမှုကို ထိခိုက်နိုင်တဲ့အနေအထားရောက်လာနိုင်


မေလ ၂၉ရက်။

ထိုးတက်နေတဲ့ ရွှေစျေးနဲ့ ထိုးကျနေတဲ့ ကျပ်ငွေကြောင့် စားနပ်ရိက္ခာ ဖူလုံမှုကို ထိခိုက်နိုင်တဲ့အနေအထားရောက်လာနိုင်တယ်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်ကပြောပါတယ်။


မေလ၂၉ရက်မှာ ဒုဝန်ကြီးဦးမော်ထွန်းအောင်ကသုံးသပ်ပြောကြားထားပါတယ်။


"လက်ရှိ ထိုးတက်နေတဲ့ ရွှေစျေးနဲ့ ထိုးကျနေတဲ့ ကျပ်ငွေက စကစရဲ့ စီမံခန့်ခွဲမှုကို အယုံအကြည်မရှိတဲ့ ပြယုဒ်ဖြစ်ပြီး ငွေရှိ လုပ်ငန်းရှင်တွေရဲ့ Hedging လုပ်ပြီး ငွေကြေးထိခိုက်မှု ဘေးအန္တရာယ်ကနေ ကာကွယ်တာကနေ ဖြစ်လာတဲ့ စီးပွားရေးကျဆင်းမှု လက္ခဏတရပ်ဖြစ်တယ်၊ ဒီအတိုင်းဆက်သွားရင်တော့ စားနပ်ရိက္ခာ ဖူလုံမှုကိုထိခိုက်နိုင်တယ်၊ အရင်ခေတ်တွေတုန်းကတော့ စားနပ်ရိက္ခာဆိုတာက ကိုယ်စိုက်ကိုယ်စားမို့ ရာသီဥတု ဆိုးရွားရင် ကြုံရတာမျိုးပါ၊ အခုလို ကမ္ဘာအနှံ့ ရောင်းဝယ်ကုန်သွယ်ကျတဲ့ ခေတ်မှာတော့ စားနပ်ရိက္ခာ ခက်ခဲတယ်ဆိုတာ စစ်မက်ဘေးနဲ့ ငွေစျေးကျတဲ့အချိန် ဝယ်နိုင်စွမ်းအား ကျတဲ့အချိန်မှာ ဖြစ်လေ့ရှိပါတယ်။ အသေးစိတ်လေ့လာချက်တွေကိုတော့ စစ်တမ်းပုံမှန်ကောက်ရင် WFPလို ကုလသမ္မဂ္ဂ အေဂျန်စီတွေမှာ ရှိကောင်းရှိနေနိုင်ပါတယ်။ သီရိလင်္ကာရဲ့ အခက်အခဲ၊ လက်ဘနွန်ရဲ့ အခက်အခဲလိုမျိုး ပုံတူကားချ ဖြစ်ရပ်တွေ မဖြစ်နိုင်ပေမယ့်၊ အလားသဏ္ဍာန်တူတဲ့ ဖြစ်ရပ်မျိုးဖြစ်လာနိုင်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ရွှေစျေး၊ဒေါ်လာစျေးများကြောင့် အခြေခံစားကုန်နှင့်ကုန်ပစ္စည်း စျေးနှုန်းများမြင့်တက်ကာ လူမှုနေ့စဥ်ဘဝတွေကိုထိခိုက်လျက်ရှိနေပါတယ်။


========================


📌📌 ၄။ စစ်ကိုင်းဖိုရမ် တစ်နှစ်ပြည့်ကျင်းပပြုလုပ်မည်


မေလ ၂၉ရက်။

Radio NUG

မေလ ၃၁ရက်နေ့ ညနေ :၃၀ မိနစ်မှာ စစ်ကိုင်းဖိုရမ် တစ်နှစ်ပြည့်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ မေလ ၃၀ရက်မှာ စစ်ကိုင်းဖိုရမ် တစ်နှစ်ပြည့်မှာဖြစ်ပြီး တစ်နှစ်အတွင်း လုပ်ဆောင်ခဲ့မှု၊ ရှေ့ဆက်လုပ်ဆောင်မှု၊ စစ်ကိုင်းဖိုရမ်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကြားက ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ လတ်တလော စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးရာကိစ္စတွေကို ဆွေးနွေးတင်ပြမယ့် Talk Show ကို Sagaing Forum  Facebook Page နဲ့ Media Channel တချို့ကနေ တိုက်ရိုက် Live လွှင့်တင်ဆက်သွားမှာ ဖြစ်ပါတယ်။ 


Q & A Section ကိုလည်း ထည့်သွင်းထားတာကြောင့်  တက်ရောက်သူများအနေနဲ့  မိမိတို့သိလိုရာ၊ ဆွေးနွေးလိုရာတွေကို Liveမှာ တိုက်ရိုက် မေးမြန်း၊ ဆွေးနွေးနိုင်တာမို့ ပါဝင်တက်ရောက်ပေးကြဖို့ ဖိတ်ကြားထားပါတယ်။


ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်ကနေ စစ်ကိုင်းဖက်ဒရယ်ကောင်စီ (ရှေ့ပြေး)ကို ဖွဲ့စည်းပြီးဖြစ်တဲ့အတွက် စစ်ကိုင်းကြမ္မာ စစ်ကိုင်းဖန်တီးနိုင်ဖို့ ကောင်စီ (ရှေ့ပြေး)နဲ့ ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ လက်တွဲပြီး မဆုတ်မနစ်ကြိုးပမ်းသွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ စစ်ရာဇဝတ်ဂိုဏ်းကို အပြီးတိုင်ဖယ်ရှားပြီးချိန်အထိ ကျောက်ဖြူစီမံကိန်းကို ပိတ်ဆို့အရေးယူဖို့ တောင်းဆို


မေလ ၂၉ရက်။

မြန်မာပြည်သူတွေကို အမှန်တကယ်ကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသား တော်လှန်ရေး အင်အားစု မဟာမိတ်တွေက စစ်ရာဇဝတ်ဂိုဏ်းကို အပြီးတိုင်ဖယ်ရှားပြီး ကျူးလွန်မှုတွေကို တာဝန်ခံဖို့ အရေးယူနိုင်တဲ့ အခြေအနေတရပ် ထူထောင်ချိန်အထိ ကျောက်ဖြူစီမံကိန်းကို ဆန့်ကျင်ပိတ်ဆို့ အရေးယူဖို့နဲ့ ဆိုင်းငံ့ရပ်ဆိုင်းထားဖို့ Defend Myanmar Democracy အဖွဲ့က နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။

မြန်မာပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုပြီး ဖက်ဒရယ်ဒီမိုကရေစီအခြေခံမူတွေကို လက်ကိုင်ပြုထားတဲ့ အစိုးရတရပ် ပေါ်ထွက်ထူထောင်နိုင်တဲ့အချိန်အထိ ကျောက်ဖြူစီမံကိန်းကို ဆိုင်းငံ့ရပ်ဆိုင်းထားဖို့ Defend Myanmar Democracy အဖွဲ့က  နိုင်ငံတကာအသိုင်းအဝိုင်းတိုက်တွန်းလိုက်တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ဟာ စီမံကိန်းအကြီးစား တခုထက်ပိုပြီး ဒီစီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ ပထဝီဝင်နိုင်ငံရေးနဲ့ စီးပွားရေးအခင်းအကျင်းကို ပြန်လည်ပုံဖော်ဖို့ ဦးတည်ပေမယ့် နိုင်ငံ့အချုပ်အခြာအာဏာနဲ့ ပြည်သူလူထုရဲ့ လူနေမှုဘဝအပေါ် လေးနက်တဲ့သက်ရောက်မှုတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်တို့ဟာ လွှတ်တော်မှာ စစ်တပ်က ၂၅  ရာခိုင်နှုန်း နေရာယူထားပြီး နောက်ကြောင်းပြန် အရေးယူမခံရဖို့ အာမခံထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲပြဌာန်းခဲ့တဲ့ စစ်အာဏာရှင်သန်းရွှေ လက်ထက်က ပြည်သူကို အသိမပေးလဲ အာဏာတည်မြဲရေးအတွက် အကျင့်ပျက်ဗိုလ်ချုပ်တစုနဲ့ အပေးအယူလုပ်ခဲ့တဲ့ စီမံကိန်းတွေထဲက တခုဖြစ်တယ်လို့ Defend Myanmar Democracy က ထောက်ပြထားပါတယ်။ 

ဒီစီမံကိန်းကြောင့် ဒေသခံ တိုင်းရင်းသားလူမျိုးစုတွေ ဘိုးဘွားစဉ်ဆက်ပိုင်ဆိုင်ခဲ့ကြတဲ့မြေယာတွေ အဓမ္မသိမ်းယူခံခဲ့ရပြီး ဒေသခံတိုင်းရင်းသားလူမျိုးစုတွေရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အသိပေးထားပါတယ်။စစ်တပ်အပေါ် အာဏာမသက်ရောက်တဲ့ NLD အရပ်သားအစိုးရလက်ထက်မှာ ဒီစီမံကိန်းတွေကြောင့် တရုတ်ကြွေးနွံ ထောင်ချောက်ထဲရောက်မဲ့အခြေအနေကနေ လွတ်မြောက်အောင် ပြင်ဆင်နိုင်ခဲ့ပေမဲ့ မတရားအာဏာသိမ်းကြိုးပမ်းမှု ကာလမှာ ကျောက်ဖြူစီမံကိန်းဟာ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေ မထိခိုက်သယောင် လည်ပတ်ပြနေပြီး အာဏာသိမ်း စစ်အုပ်စုနဲ့ လူမသိသူမသိ သဘောတူစာချုပ်တွေ လုပ်ဆောင်နေတယ်လို့ Defend Myanmar Democracy ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

လက်ရှိ အာရက္ခအိမ်မက်အတွက် ရခိုင့်တပ်တော်က စစ်အုပ်စုတပ်တွေကို ရခိုင်ပြည် နယ်နမိတ်ကနေ မောင်းထုတ်ဖို့ ထိုးစစ်ဆင်ချေမှုန်းအနိုင်ယူနေတဲ့အခြေအနေမှာ တရုတ်က စစ်အုပ်စုနဲ့ စီမံကိန်းအသစ်တွေလုပ်ဖို့ ပြင်ဆင်နေတာတွေဟာ အာရက္ခ ဒေသခံပြည်သူတွေရဲ့ အနာဂတ်အိမ်မက်ကို အန္တရာယ်ပြုဖျက်စီးနေတာဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။ 

ဒါကြောင့် တရားဝင်မှုနဲ့ ကိုယ်စားပြုမှုရှိတဲ့ အစိုးရကသာ ယခုကဲ့သို့ အတိုင်းအတာရှိတဲ့ စီမံကိန်းတွေကို တာဝန်ခံမှု ကျင့်ဝတ်များနဲ့အညီ အကောင်အထည်ဖော်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်လို့ Defend Myanmar Democracy ကနိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။


========================


📌📌 ၆။ ဧရာဝတီဥပဒေပညာသင်ကျောင်းမှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ ဒီပလိုမာသင်တန်း ( Diploma in International Human Rights Law)နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီပလိုမာသင်တန်း (Diploma in Constitutional Law) တို့အတွက် ကျောင်းသား၊ ကျောင်းသူများ စတင်ခေါ်ယူ


မေလ ၂၉ရက်။

ဧရာဝတီဥပဒေပညာသင်ကျောင်းမှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ ဒီပလိုမာသင်တန်း ( Diploma in International Human Rights Law)နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီပလိုမာသင်တန်း (Diploma in Constitutional Law)တို့အတွက် ကျောင်းသား၊ ကျောင်းသူများ စတင်ခေါ်ယူနေတယ်လို့သိရပါတယ်။


မေလ၂၉ရက် ဧရာဝတီဥပဒေပညာသင်ကျောင်းမှ အသိပေးဆိုထားပါတယ်။


"ဧရာဝတီဥပဒေပညာသင်ကျောင်းမှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ ဒီပလိုမာသင်တန်း ( Diploma in International Human Rights Law)နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီပလိုမာသင်တန်း (Diploma in Constitutional Law) တို့အတွက် ကျောင်းသား၊ ကျောင်းသူများ စတင်ခေါ်ယူနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်"လို့ဖော်ပြထားပါတယ်။


ဒီပလိုမာသင်တန်းများနှင့် ပတ်သက်သည့် အကြောင်းအရာအချက်အလက်များကို ကျောင်းလူမှုကွန်ရက်တွင်ဆက်လက်ဖတ်ရှုနိုင်မည် ဖြစ်ပြီး ဒီပလိုမာသင်တန်းများ တက်ရောက်နိုင်ရန် မိမိလျှောက်ထားလိုသည့် အတန်းနှင့် ပတ်သက်သော ဥပဒေပညာဗဟုသုတ အတော်အသင့် သိရှိထားရန် လိုအပ်သည့်အပြင် လျှောက်ထားရာတွင် လျှောက်လွှာပါ မေးခွန်းများကို သေချာစွာ ဖြေကြားပေးရန် အရေးကြီးတယ်လို့ဆိုပါတယ်။


ဒီပလိုမာသင်တန်းများအတွက် လျှောက်ထားမှုကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ရက်နေ့ ၁၂ နာရီအထိ လက်ခံသွားမည်ဖြစ်ပြီး Interview အတွက် ဇကာတင်ရွေးချယ်ခြင်းခံရသူများကို ဂျွန်လ ရက်နေ့တွင် 

အကြောင်းကြားသွားမည်ဖြစ်ပြီး တက်ရောက်ခွင့်ရသူများကို ဇွန်လ ၁၀ ရက်နေ့တွင် ပြန်လည်အကြောင်းကြားပေးမှာဖြစ်ပါတယ်။


ဒီပလိုမာသင်တန်းများ၏ သင်တန်းကာလသည် ၂၀၂၄ ခုနှစ်၊ ဇွန်လအလယ်တွင် စတင်မည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြီးဆုံးမှာဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၇။ ဇွန်လအတွက် ပထမဆုံးပွဲအနေနဲ့ အမေရိကန်ပြည်ထောင်စု၊ Connecticut မြို့မှာ"သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" ရုပ်ရှင်ဇာတ်ကားများပြသမယ်


မေလ ၂၉ရက်။

ဇွန်လအတွက် ပထမဆုံးပွဲအနေနဲ့ အမေရိကန်ပြည်ထောင်စု၊ Connecticut မြို့မှာ"သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" ရုပ်ရှင်ဇာတ်ကားများပြသမယ်လို့သိရပါတယ်။


မေလ၂၉ရက် "သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ"လူမှုကွန်ရက်ကအသိပေးဖော်ပြပါတယ်။


"ဇွန်လအတွက် ပထမဆုံးပွဲအနေနဲ့ အမေရိကန်ပြည်ထောင်စု၊ Connecticut မြို့မှာ "Connecticut Myanmar Community" မှ ဒုတိယအကြိမ်မြောက် ဦးစီးပြုလုပ်မယ့် ရုပ်ရှင်ပြပွဲရှိပါမယ်"လို့ဆိုပါတယ်။


ဇွန်လ ရက်(တနင်္ဂနွေနေ့ )မှာရုပ်ရှင်ကို ပြသသွားမှာဖြစ်ပြီး ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ကော်ပြန့်ကြော်တို့နဲ့ တည်ခင်းဧည့်ခံသွားမှာ ဖြစ်ပါတယ်။ 


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ချင်းလဲန်းကာကွယ်ရေး တပ်ဖွဲ့(ဒိုင်ရ်)ကို()မြို့နယ်အတွင်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်းပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(ဒိုင်ရ်)အဖြစ် တည်ဆောက်မည်


မေလ၂၉ရက်။ 

Radio NUG

မေလ ၁၆ရက်နေ့မှ ၁၇ရက်နေ့အထိ ဒိုင်ရ်ဒေသတစ်နေရာတွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖယ်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် ချင်းပြည်တည်ဆောက်ရေး အပါအဝင် ဒိုင်ရ်ချင်းမျိုးနွယ်စုများ စည်းလုံးညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိုဦးတည်၍ ပထမအကြိမ်ဒိုင်ရ်ဒေသလုံးဆိုင်ရာ ပြည်သူ့ညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း DAAI REGIONAL COUNCILက သတင်းထုတ်ပြန်ပါတယ်။


အဆိုပါညီလာခံသို့ ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝမြို့နယ်များရှိ ဒိုင်ရ်ဒေသကျေးရွာ ကိုယ်စားလှယ်များ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ကာကွယ်ရေးတပ်ဖွဲ့များ၊ အထူးဖိတ်ကြားထားသူများနှင့် လေ့လာသူများအပါအဝင် စုစုပေါင်း လူဦးရေ (၂၀၀)ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


ညီလာခံတွင်()မြို့နယ်ရှိ ဒိုင်ရ်နယ်မြေဒေသများကို ပြန်လည်ပေါင်းစည်းရန် သဘောတူပြီး ဖွဲ့စည်းပုံနှင့်အခြေခံမူများ ရေးဆွဲအတည်ပြုကာ ဒိုင်ရ်ဒေသန္တရကောင်စီကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ခေတ်အဆက်ဆက် ပိုင်းခြားအုပ်ချုပ်ခြင်း ခံခဲ့ရသော ဒိုင်ရ်နယ်မြေများကို ဒိုင်ရ်ဒေသန္တရကောင်စီ၏ ဦးဆောင်မှုဖြင့် အုပ်ချုပ်မှုတစ်ခုတည်းဖြင့် တစ်စုတစ်စည်းတည်း ပြန်လည်ထားရှိ၍ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။


ဒိုင်ရ်ဒေသကာကွယ်ရေး၊ လုံခြုံရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရေးတို့အတွက် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်)ကို()မြို့နယ်အတွင်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်းပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(ဒိုင်ရ်)အဖြစ် တည်ဆောက်သွားမယ်လို့ ဖော်ပြထားပါတယ်။


ထိုသို့တည်ဆောက်ရာတွင် သက်ဆိုင်ရာ အိမ်နီးချင်းမြို့နယ် အဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများနှင့်လည်း လိုအပ်သော တွေ့ဆုံညှိနှိုင်းမှုများကို ဒိုင်ရ်ဒေသန္တရကောင်စီက ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။


ဒိုင်ရ်ဒေသန္တရကောင်စီသည် ဒိုင်ရ်ဒေသအတွင်းရှိ ပြည်သူလူထု၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကိစ္စအဝဝကို စီမံဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံးက ဆင်နွှဲနေသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေး၊ ဖယ်ဒရယ်ဒီမိုကရေစီ ရရှိရေးတို့အတွက် ရည်မှန်းချက်ပန်းတိုင်တူညီသော တော်လှန်ရေး အင်အားစုများအားလုံးနှင့်အတူ ဆက်လက်ပူးပေါင်း တိုက်ပွဲဝင်သွားမည်ဖြစ်သကဲ့သို့ ချင်းအမျိုးသားစည်းလုံးညီညွတ်ရေး၊ ချင်းပြည်တည်ဆောက်ရေးတွင် ဘက်လိုက်မှုမရှိဘဲ ချင်းတော်လှန်ရေးအင်အားစုများ အားလုံးနှင့်အတူတကွ လက်တွဲပူးပေါင်း ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။


========================


🚩🚩 ၂။ ကောလင်းအနောက်ခြမ်းရှိ ရွာများတွင် ခံစစ်ပြင်ထားတဲ့ စကစများကို ဝင်ရောက်တိုက်ခိုက်


မေလ ၂၉ရက်။

Radio NUG

မေလ၂၈ရက်နေ့ ညနေ ၅နာရီအချိန်တွင် စံတော်သာကုန်း၊ ဖန်းခါးကုန်း၊ ကျောက်ကြမ်းတောင်တွင် အခိုင်အမာခံစစ်ပြင်ထားသော စကစများအား ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကောလင်းခရိုင် တပ်ရင်း ၂က သတင်းထုတ်ပြန်ပါတယ်။


အခိုင်အမာခံစစ်ပြင်ထားသော စကစများကို တော်လှန်ရေးအဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ညနေ ၆နာရီခွဲ အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။


တော်လှန်ရေးအဖွဲ့များမှ ရဲဘော်များ အထိအခိုက်မရှိ ဘေးကင်းပြီး စကစဘက်မှ အထိအခိုက်ရှိသဖြင့် လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ကန်နီပျူရွာမှ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ချုံခိုတိုက်ခိုက်ခံရပြီး ဦးသေဆုံး


မေလ ၂၉ ရက်။

Radio NUG

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူရွာမှ ထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းကို ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဦး သေဆုံးခဲ့တယ်လို့ အမှတ်()စစ်ဒေသ၊ ပခုက္ကူခရိုင်၊ အမှတ်(၁၇)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။


မေလ ၂၈ ရက်နေ့ နာရီခန့်က အင်အား(၆၀)ခန့်ပါတဲ့ အဆိုပါ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို(ဒေသအခေါ်)ဘုန်းကြီးကန်တောတိုက်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၄၀ မမဖြင့် ချုံခိုပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲကြာချိန် မိနစ် ၂၀ ခန့် ကြာခဲ့ပြီးနောက် ကာကွယ်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သား ဦး သေဆုံးကာ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။


========================


🚩🚩 ၄။ ယင်းမာပင်မြို့ အနီးက စစ်တပ်ကင်းပုန်းကို ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ဦးသေဆုံး


မေလ ၂၉ရက်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့အနီးမှာရှိတဲ့ အကြမ်းဖက် စစ်တပ်ကင်းပုန်းကို ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ဦး သေဆုံးသွားတယ်လို့ Chindwin Toe Na Yar PDF က မေ ၂၉ မှာ ထုတ်ပြန်ပါတယ်။

ယင်းမာပင်မြို့တောင်ဘက်မှာရှိတဲ့ အကြမ်းဖက် စစ်တပ်ကင်းပုန်းကို တော်လှန်ရေးတပ်ဖွဲ့များက မေလ ၂၇ ရက်နေ့ ၁၁ နာရီခွဲကနေ ၁၂ နာရီထိ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်တွေက တဖက်ပွင့်မိုင်းတွေအပါအဝင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခဲ့တာကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်သား ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။


ထို့တူ မေလ ၂၈ ရက်နေ့ ညနေ နာရီခွဲခန့်မှာလည်း ယင်းမာပင်မြို့အဝင် ဆိုင်းဘုတ်အနီးက စစ်တပ်ကင်းပုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တဖက်ပွင့်မိုင်းတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့ရာမှာ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ပေမယ့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု ရှိမရှိ စုံစမ်းနေဆဲလို့ အသိပေးပါတယ်။


အဆိုပါတိုက်ခိုက်မှုကို Chindwin Toe Na Yar PDF နဲ့ ဒေါင်းမင်းတပ်ရင်းခွဲ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။


========================


🚩🚩 ၅။ ရန်ကုန်-မန္တလေး အမြန်လမ်းက ရဲကင်းတိုက်ခိုက်ခံရပြီး ရဲ ဦး သေဆုံးကာ ဦး ဒဏ်ရာရ


မေလ ၂၉ ရက်။

Radio NUG

ပဲခူးတိုင်း၊ တောင်ငူမြို့ အနောက်ဘက်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၄၄)ရှိ ရဲကင်းဂိတ်ကို သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲ ဦး သေဆုံးပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း အမှတ် - ၃၅၀၁ တပ်ခွဲ ()ထံက သိရပါတယ်။


မေလ ၂၈ ရက် နေ့လည်က အုတ်တွင်းမြို့နယ်၊ ပိတောက်ခင် ကျေးရွာနဲ့ ကြက်တက်ညောင်ပင် ကျေးရွာကြားမှာ ကင်းပုန်းစောင့်ဆိုင်းနေရင်း အဆိုပါ အမြန်လမ်း ရဲကင်းဂိတ်ကို သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ လက်အောက်ခံ ရဲ ဦး သေဆုံးခဲ့ပြီး ဦး ဒဏ်ရာရရှိခဲ့သလို ရဲကား တစ်စီးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ PDF တပ်ရင်း(၃၅၀၁)တပ်ခွဲ ()မှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။


တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ်(၃၅၀၁)တပ်ခွဲ()အနေဖြင့် ပြီးခဲ့တဲ့ရက်တွေကလည်း ဝက်ခေါက်စိန် ကျေးရွာကနေ မြပင်ကူး ကျေးရွာထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်နဲ့ ရက်ဆက် တိုက်ပွဲဖြစ်ပြီးခဲ့ပြီး စစ်သား ၂၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ဖမ်းဆီးခံထားရတဲ့ လူငယ် ၁၃ ဦး ထွက်ပြေးလွတ်မြောက်လာ


မေလ ၂၉ရက်။

စစ်ကိုင်းတိုင်း ရေဦးမြို့က အခြေခံပညာအထက်တန်းကျောင်းမှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရတဲ့သူတွေထဲက လူငယ် ၁၃ ဦး ထပ်မံထွက်ပြေးလွတ်မြောက်လာတယ်လို့ ရေဦး ပကဖ ဆီကနေ သိရပါတယ်။ ရေဦးမြို့မှာရှိတဲ့ အမှတ် အခြေခံပညာ အထက်တန်းကျောင်းမှာ စစ်မှုထမ်းဖို့ဆိုပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့သူတွေထဲက လူငယ် ၁၃ ဦးဟာ မေလ ၂၉ ရက်နေ့ မနက် ၂နာရီခွဲခန့်မှာ ထွက်ပြေးလွတ်မြောက်လာတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးများအလစ်မှာ ထွက်ပြေးလွတ်မြောက်လာတဲ့သူတွေကို ရွှေဘိုခရိုင် အမှတ်-၁၄ တပ်ရင်းက ရဲဘော်တွေ သွားရောက်ခေါ်ယူပေးခဲ့တယ်လို့လည်း တပ်ရင်း တာဝန်ရှိသူတွေက ပြောပါတယ်။လက်ရှိမှာ ထွက်ပြေးလွတ်မြောက်လာတဲ့သူတွေကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့ပြီး လွတ်မြောက်နယ်မြေထဲက ဆွေမျိုးသားချင်းတွေထံ အပ်နှံပေးလိုက်ပြီလို့ သိရပါတယ်။ 

စစ်မှုမထမ်းမနေရဥပဒေထွက်ပေါ်လာပြီးနောက်ပိုင်း ရေဦးမြို့နယ်မှာ အတင်းအဓမ္မစစ်မှုထမ်းစေဖို့ ခေါ်ဆောင်ခံရသူ ၅၀ ထက်မနည်းရှိခဲ့ရာမှာ ရွှေဘိုခရိုင် အမှတ် -၁၄ တပ်ရင်း၊ ရေဦး PDF က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တဲ့ မေလ ၁၄ ရက်နေ့က ဦး၊ မေလ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ၁၁ ဦးထွက်ပြေးလွတ်မြောက်လာခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ ရေဦးအထကကျောင်းအတွင်း ဖမ်းဆီးခံထားရသူ လူငယ် ဦး ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment