31st MAY 2024 - Evening Daily News by Radio NUG

၂၀၂၄ မေလ ၃၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ရေး အမြန် အဆုံးသတ်နိုင်ဖို့ အတွက် ပြုပြင်ပြောင်းလဲသင့်တာတွေကိုပြောင်းလဲဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း

📌 ၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီ(CWC)အစည်းအဝေးကျင်းပ

📌 ၃။ အမျိုးသားဒီကရေစီအဖွဲ့ချုပ်ပါတီနာယက သူရဦးတင်ဦး ယနေ့မနက်အထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေပြီး အနည်းငယ် သက်သာလာ

📌 ၄။ တိုင်းပြည် ထူထောင်ရေး မှာ ပါဝင်လိုတယ်လို့ ရည်မှန်းချက်ရှိထားရင် Economics and Law ကို ကျွမ်းကျင် ပိုင်နိုင်စွာလေ့လာထားဖို့လိုအပ်တယ်လို့ဆို

📌 ၅။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂတို့အား မြန်မာ နိုင်ငံအပေါ် မပျက်ကွက်ကြရန်နှင့် မြန်မာပြည်သူများ၏ မျှော်မှန်းချက်များနှင့်အညီ ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ချမှတ်လုပ်ဆောင်ရန်သံအမတ်ကြီးဦးကျော်မိုးထွန်းကုလသမဂ္ဂမှာတောင်းဆို

📌 ၆။ မြဝတီမြို့သစ်စီမံကိန်းအတွက် အိမ်၊ခြံ၊မြေ အရောင်းကြော်ငြာပေးခဲ့တဲ့ iMyanmarHouse က အရောင်းပို့စ်နဲ့ ကြော်ငြာ များ ပြန်ဖြုတ်ချ


၂၀၂၄ ခုနှစ် မေလ ၃၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရန်ကုန်တပ်ရင်းတစ်နှစ်ပြည့်အခမ်းအနား ကာကွယ်ရေးအတွင်းဝန်တက်ရောက်မည်

🚩 ၂။ တောင်သာနယ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံး

🚩 ၃။ မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲပြီး အောင်ပွဲနဲ့အတူပြန်လာတဲ့ ရဲဘော်တွေကို ဂုဏ်ပြုကြိုဆို  

🚩 ၄။ တနင်္သာရီတိုင်း ထား၀ယ် သရက်ချောင်း ပဲဒက်စခန်းကုန်းကို စကစ ပြန်သိမ်းတာဆိုသည်မှာသတင်းအမှားသာ ဖြစ်ပြီးတန်ပြန် တိုက်စစ်ဆင်လာတဲ့ စကစတပ်စစ်ကြောင်းဘိတ်ဘက်ကို ဆုတ်ခွာသွား

🚩 ၅။ ဘူးသီးတောင်မြို့မှာ စစ်တပ်ကဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား ၃၁ ဦးကို AA ပြန်လွှတ် 

🚩 ၆။ ခလယ်လွီထူခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် (၁၈) နှစ်အောက် ဆယ်ကျော်သက် () ဦးအပါအဝင် ပြည်သူ () ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ်() လုံး ပျက်စီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေး အမြန် အဆုံးသတ်နိုင်ဖို့ အတွက် ပြုပြင်ပြောင်းလဲသင့်တာတွေကိုပြောင်းလဲဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း


မေလ၃၁ရက်


တော်လှန်ရေး အမြန် အဆုံးသတ်နိုင်ဖို့ အတွက် ပြုပြင်ပြောင်းလဲသင့်တာတွေကိုပြောင်းလဲဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ဝန်ကြီးပြောကြားခဲ့ပါတယ်။


"ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအနေနဲ့ () နှစ်ကျော် စီမံဆောင်ရွက်လာခဲ့တဲ့ လုပ်ငန်းတွေ အစီအမံတွေကို ပြင်ဆင် သင့်တာ ရဲရဲဝံ့ဝံ့ ပြင်ဆင်ဖို့၊ ပြောင်းလဲသင့်တာတွေကို ပီပီပြင်ပြင် ပြောင်းလဲဖို့ လိုအပ်ပါကြောင်း။ အုပ်ချုပ်ရေး ကဏ္ဍကို ပိုမိုကောင်းမွန်စွာ လည်ပတ်နိုင်စေဖို့၊ တော်လှန်ရေး အမြန် အဆုံးသတ်နိုင်ဖို့ အတွက် ပြုပြင်သင့်တာပြုပြင်၊ ပြောင်းလဲသင့်တာပြောင်းလဲပြီး ဆက်လက် ကြိုးစားကြဖို့ တိုက်တွန်းအပ်တယ်"လို့ဆိုပါတယ်။


လက်ရှိမှာ အောက်ခြေအတွင်းအဆင်မပြေကိစ္စရပ်များကို စစ်ဆေးကိုင်တွယ်နေပြီး ညှိနှိုင်းဖြေရှင်းများကိုလည်း အုပ်ချုပ်ရေးအဖွဲ့များကဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီ(CWC)အစည်းအဝေးကျင်းပ


မေလ၃၁


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီ(CWC)အစည်းအဝေးကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဗဟိုအလုပ်ကော်မတီအစည်းအဝေး(၂၀/၂၄)ကိုမေလ ၂၉နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။


အစည်းအဝေးသို့ ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင်များတက်ရောက်ဆွေးနွေးခဲ့ပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်နိူင်ငံတော်အာဏာလုယူမှုကို ပြည်သူနဲ့အတူအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဆန့်ကျင်ရပ်တည်ခဲ့ပါတယ်။


========================


📌📌 ၃။ အမျိုးသားဒီကရေစီအဖွဲ့ချုပ်ပါတီနာယက သူရဦးတင်ဦး ယနေ့မနက်အထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေပြီး အနည်းငယ် သက်သာလာ


မေလ၃၁ရက်


အမျိုးသားဒီကရေစီအဖွဲ့ချုပ်ပါတီနာယက သူရဦးတင်ဦး ယနေ့မနက်အထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေပြီး အနည်းငယ် သက်သာလာတယ်လို့သိရပါတယ်။


မေလ၃၁ရက် စာရေးဆရာ ထင်လင်းဦးကဆိုရှယ်မီဒီယာမှာအသိပေးဆိုထားပါတယ်။


"မနက် ၁၀နာရီမှာ ရန်ကုန်ဆေးရုံကြီး ICU က ပြန်ခဲ့ပါတယ် ဘဘဦးတင်ဦး အခြေအနေက အနည်းငယ် သက်သာလာပါတယ် အောက်စီဂျင် မျက်နှာဖုံးတပ်ထားရပါသေးတယ်။ခုချိန်ထိ ကျနော်တို့ ဘဘဟာ ကျနော်တို့နဲ့အတူ ရှိနေပါတယ်"လို့ဆိုထားပါတယ်။


သူရဦးတင်ဦးအား မေလ၃၀နေ့ညပိုင်းကဆုံးပါးသွားကြောင်းလူမှုကွန်ရက်တွင်ကောလဟာလသတင်းများထွက်ပေါ်ခဲ့ပါတယ်။


========================

            

📌📌 ၄။ တိုင်းပြည် ထူထောင်ရေး မှာ ပါဝင်လိုတယ်လို့ ရည်မှန်းချက်ရှိထားရင် Economics and Law ကို ကျွမ်းကျင် ပိုင်နိုင်စွာလေ့လာထားဖို့လိုအပ်တယ်လို့ဆို


မေလ၃၁ရက်


တိုင်းပြည် ထူထောင်ရေး မှာ ပါဝင်လိုတယ်လို့ ရည်မှန်းချက်ရှိထားရင် Economics and Law ကို ကျွမ်းကျင် ပိုင်နိုင်စွာလေ့လာထားဖို့လိုအပ်တယ်လို့ဒုဝန်ကြီးဦးမော်ထွန်းအောင်ကဆိုပါတယ်။


မေလ၃၁ရက်ဆိုရှယ်မီဒီယာမှာ ဒုဝန်ကြီးဦးမော်ထွန်းအောင်ကပြောကြားထားပါတယ်။


"တိုင်းပြည် ထူထောင်မယ် သို့မဟုတ် တိုင်းပြည် ထူထောင်ရေး မှာ ပါဝင်လိုတယ်လို့ ရည်မှန်းချက်ရှိထားရင် Economics and Law ကို ကျွမ်းကျင် ပိုင်နိုင်စွာလေ့လာထားရပါမယ်။

ဒီ နှစ်ခု နားမလည်ပဲ နိုင်ငံရေး လုပ်ရင် မထိရောက်နိုင်ပါ။အဆိုပါ ပညာရပ်တွေကို လည်း ဘာသာရပ်သဘော၊ သက်မွေးဝမ်းကျောင်းသဘော မထားပဲ၊ ပြင်းပြသော ဆန္ဒနဲ့ လေ့လာရမှာ ဖြစ်ပါတယ်။ ဒါဆို စနစ်တွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို ပိုမိုမြင်လာနိုင်ပြီး၊ ဘယ်လို နည်းနဲ့ ပြင်ဆင်နိုင်မလဲ ဆိုတာ ကိုပိုသိနားလည်ပြီး လက်တွေ့လည်း ပွဲဝင်နိုင်ပါမယ်"လို့ဆိုပါတယ်။


လက်ရှိမှာ စကစဟာ ရွှေစျေးနှင့်နိူင်ငံခြားငွေလဲလှယ်သည့် စျေးကွက်ကို မထိန်းညှိနိူင်ပဲ မြန်မာ့စီးပွားရေးပျက်ကပ်ဆိုက်ရောက်မယ့် အခြေအနေကိုရောက်ရှိနေပါတယ်။


========================


📌📌 ၅။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂတို့အား မြန်မာ နိုင်ငံအပေါ် မပျက်ကွက်ကြရန်နှင့် မြန်မာပြည်သူများ၏ မျှော်မှန်းချက်များနှင့်အညီ ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ချမှတ်လုပ်ဆောင်ရန်သံအမတ်ကြီးဦးကျော်မိုးထွန်းကုလသမဂ္ဂမှာတောင်းဆို


မေလ၃၁


မေလ၂၉ရက်တွင်   မြန်မာအရေးကိစ္စအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ Arria-formula အစည်းအဝေး (UNSC Arria-formula Meeting on Myanmar)မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလတက်ရောက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။


"မြန်မာပြည်သူများ၊ အထူးသဖြင့် လူငယ်လူရွယ်များ၏ အနာဂတ်အား ပြန်လည်ရယူနိုင် မည့် တစ်ခုတည်းသော နည်းလမ်းမှာ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးပင်ဖြစ်ကြောင်း၊မိမိအနေဖြင့် အာဆီယံ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂတို့အား မြန်မာ နိုင်ငံအပေါ် မပျက်ကွက်ကြရန်နှင့် မြန်မာပြည်သူများ၏ မျှော်မှန်းချက်များနှင့်အညီ ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ချမှတ်လုပ်ဆောင်ရန် ထပ်လောင်း တောင်းဆိုလိုပါကြောင်း၊ မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်နိုင်ရန်၊ မြန်မာလူငယ်များ၏ အနာဂတ်၊ မြန်မာပြည်သူများ၏ အနာဂတ် ပြန်လည်ရယူပေးနိုင်ရန် လူခြုံရေးကောင်စီ၏ ထိရောက်သော အရေးယူမှု မလွဲမသွေ လိုအပ်နေသည်မှာ လွန်စွာ ထင်ရှားပါကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


ထို့အပြင် မြန်မာနိုင်ငံ့လူဦးရေစုစုပေါင်းအနက် () သန်းကျော်မှာ ပြည်တွင်းနေရပ်စွန့်ခွာသူများဖြစ်နေပြီး (၁၈.) သန်းမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်လျက်ရှိကြောင်း၊ ယင်းတို့အနက် () သန်းမှာ ကလေးငယ်များဖြစ်ကာ အဆိုပါ ကိန်းဂဏန်းများသည် မြင့်တက်နေဆဲပင်ဖြစ်တယ်လို့သံအမတ်ကြီးကဆိုပါတယ်။


========================


📌📌 ၆။ မြဝတီမြို့သစ်စီမံကိန်းအတွက် အိမ်၊ခြံ၊မြေ အရောင်းကြော်ငြာပေးခဲ့တဲ့ iMyanmarHouse က အရောင်းပို့စ်နဲ့ ကြော်ငြာ များ ပြန်ဖြုတ်ချ


ကရင်ပြည် နယ်ခြားစောင့်တပ်တဖြစ်လဲ ကရင်အမျိုးသားတပ်မတော်ရဲ့ မြဝတီမြို့သစ် စီမံကိန်းအကြောင်း အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီးနောက် ဩစတေးလျပိုင် အိမ်၊ခြံ၊မြေလမ်းညွှန်ဝဘ်ဆိုဒ် iMyanmarHouse က မြဝတီမြို့သစ် စီမံကိန်းနဲ့ ပတ်သက်တဲ့ အရောင်းပို့စ်နဲ့ ကြော်ငြာများကို ဖြုတ်ချသွားတယ်လို့ Justice For Myanmar က အသိပေးထားပါတယ်။ 

မြဝတီမြို့သစ်ဟာ ကရင် BGF/KNA ကုမ္ပဏီဖြစ်တဲ့ ချစ်လင်းမြိုင်နဲ့ မြန်မာ အိမ်၊ခြံ၊မြေကုမ္ပဏီ Steel Stone Group တို့ ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

Steel Stone ကုမ္ပဏီကို အရင် စစ်အာဏာရှင်လက်ထက်ကတည်းက တည်ထောင်ခဲ့တာဖြစ်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်း ဆောက်လုပ်ရေးလုပ်ငန်းအပါအဝင် တန်ဖိုးကြီးကန်ထရိုက်စာချုပ်တွေ ရရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

မြဝတီမြို့သစ်ဟာ လူနေတိုက်ခန်းတွေ၊ ကုန်တိုက်နဲ့ အပန်းဖြေစခန်းအပါအဝင် ဟိုတယ်တို့ပါဝင်နေပြီး မြေဧရိယာ ၅၄၄ ဧက ကျယ်ဝန်းတဲ့ စီမံကိန်းတခုဖြစ်တာကြောင့် စစ်တပ်လက်အောက်ခံ ကရင် BGF/KNA အတွက် နောက်ထပ် ရာဇဝတ် လုပ်ငန်းတွေလုပ်ဆောင်ရာ ဗဟိုချက်နေရာ ဖြစ်လာနိုင်တယ်လို့ Justice For Myanmar က ထောက်ပြထားပါတယ်။

မြဝတီမြို့သစ်မှာရှိတဲ့ မြေကွက်တွေကို ရောင်းချရာမှာ iMyanmarHouse ပူးပေါင်းခဲ့သလို အရောင်းပြပွဲကို ရန်ကုန်နဲ့ မြဝတီမြို့မှာ ၂၀၂၀ ပြည့်နှစ်က တပြိုင်တည်း လုပ်ဆောင်ခဲ့ကာ Steel Stone Group ရဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာမှာ ထုတ်ဝေလိုက်တဲ့ ဗီဒီယိုဖိုင်အရ မြေနေရာရှင်းလင်းပြီးဖြစ်နေတာကို တွေ့ရတယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။

iMyanmarHouse က စီစဉ်တဲ့ မြ၀တီမြို့သစ်စီမံကိန်း အိမ်ရာအရောင်းပြပွဲများအနက် မြဝတီမြို့မှာလုပ်တဲ့ အရောင်းပြပွဲ မှာ ကရင်နယ်ခြားစောင့်တပ်က စံမြင့် လို့ ခေါ်တဲ့ စောချစ်သူနဲ့ ၎င်းရဲ့သားဖြစ်သူ စောထူးအယ်မူးတို့ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့တယ်လို့ သိရပါတယ်။

iMyanmarHouse ဟာ ဩစတြေးလျစတော့အိတ်ချိန်းစာရင်းဝင် Frontier Digital Ventures က ပိုင်ဆိုင်ထားတယ်လို့ လည်း Justice For Myanmar က ဆိုပါတယ်။

Frontier Digital Ventures ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Shaun di Gregorio က “iMyanmarHouse အနေနဲ့ ၂၀၂၃ ခုနှစ်နောက်ပိုင်း အဆိုပါမြို့သစ် ဖော်ဆောင်မှုအတွက်တက်ကြွသောအရောင်းမြှင့်တင်မှုမရှိတော့ကြောင်းဩစတြေးလျ သတင်းစာကို မှတ်ချက်ပြု ပြောကြားခဲ့တယ်လို့ သိရပါတယ်။ 

Shaun di Gregorio က ၎င်းတို့အနေနဲ့ Steel Stone နဲ့သာ စီးပွားရေးလုပ်ဆောင်တာဖြစ်ပြီး ကရင် BGF/KNA နဲ့ တိုက်ရိုက်လုပ်ဆောင်ခြင်းမရှိဘူးလို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ iMyanmarHouse ဟာ မြန်မာစစ်တပ် စစ်ထောက်ချုပ်ရုံးရဲ့ သဘောတူညီချက်နဲ့ တည်ဆောက်ထားတဲ့ Golden City စီမံကိန်းအတွက် ဆက်လက်အရောင်းမြှင့်တင်ပေးနေတယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ရန်ကုန်တပ်ရင်းတစ်နှစ်ပြည့်အခမ်းအနား ကာကွယ်ရေးအတွင်းဝန်တက်ရောက်မည်


မေလ၃၁ရက်


ရန်ကုန်တပ်ရင်းတစ်နှစ်ပြည့်အခမ်းအနား ကာကွယ်ရေးအတွင်းဝန်တက်ရောက်မယ်လို့သိရပါတယ်။


ဇွန်လ၁ရက်နေ့ ရန်ကုန်တပ်ရင်းတစ်နှစ်ပြည့်အခမ်းအနားကိုLive ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


ရန်ကုန်တပ်ရင်း၅၁၀၁စတင်ဖွဲ့စည်းခဲ့သောတစ်နှစ်ပြည့် ဇွန်လတစ်ရက်နေ့ 2024 တွင် တစ်နှစ်တာဖြတ်သန်းလုပ်ဆောင်မှုပကတိအခြေအနေများကို live အနေဖြင့်ဆွေးနွေးပြောကြားသွားမှာဖြစ်တယ်လို့သိရပါတယ်။


ရန်ကုန်တပ်ရင်းမပေါ်ပေါက်ခင်ထဲက လိုအပ်ချက်ပေါ်ပေါက်ချိန်တိုင်း ဝန်းရံအားပေးခဲ့ကြသော အလင်းစက်များနှင့်တကွ တော်လှန်ရဲဘော်များဖြစ်ကြသောပြည်သူများအား တစ်နှစ်ပြည့် live ကိုလည်း အစဉ်အလာမပြတ် အားပေးကြည့်ရှုပေးကြပါရန် ဖိတ်ကြားထားပါတယ်။


Live အစီအစဉ်ထုတ်လွှင့်နေချိန်တစ်လျှောက်တွင်လည်း ပြည်သူကမွေးဖွား ပြည်သူ့စစ်သားများဖြစ်ကြတဲ့ ရန်ကုန်တပ်ရင်းအပေါ်ဖြစ်စေချင်သော မိမိတို့မျှော်မှန်းချက်များအား comment တွင်ရေးသားပေးပို့ပေးကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


🚩🚩 ၂။ တောင်သာနယ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံး


မန္တလေးတိုင်း မြင်းခြံခရိုင်ထဲမှာပါတဲ့ တောင်သာမြို့နယ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးသွားတယ်လို့ မြင်းခြံခရိုင် အမှတ် တပ်ရင်း- NRDF က ဒီနေ့ မေ ၃၁ မှာ ထုတ်ပြန် ပါတယ်။

တောင်သာမြို့နယ် မကြီးပင်တဲရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို မေလ ၂၉ ရက်နေ့ ညနေ နာရီ ဝန်းကျင်ခန့်အချိန်မှာ NRDF ရဲ့ Drone တပ်ဖွဲ့က Shar Htoo WOW နည်းပညာသုံး Fixed Wing Drone တွေနဲ့ ကြိမ်တိုင် ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

အကြမ်းဖက်စစ်သားတွေဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ NRDF က အသိပေးထားပါတယ်။

ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်- တပ်ရင်း - NRDF နဲ့ မြင်းခြံခရိုင် အမှတ်- တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲပြီး အောင်ပွဲနဲ့အတူပြန်လာတဲ့ ရဲဘော်တွေကို ဂုဏ်ပြုကြိုဆို  


ချင်းပြည်နယ်ထဲက ကျီခါးမြို့နဲ့ တွန်းဇံမြို့ ကို တိုက်ခိုက်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲပြီး အောင်ပွဲနဲ့အတူပြန်လာ တဲ့ ရဲဘော်တွေနဲ့ အသက်ပေးလှူခဲ့ကြတဲ့ ရဲဘော်တွေကို အလေးပြုခြင်းနဲ့ ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနား ထန်တလန်မြို့ တနေရာမှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဒီအခမ်းအနားကို မေလ ၂၆ ရက်‌နေ့က ထန်တလန်မြို့ တနေရာမှာ ကျင်းပခဲ့တာလို့ ဆိုပါတယ်။ 

ချင်းအမျိုးသားတပ်မတော်-CNA ဦးဆောင်တဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေဟာ ကျီခါးမြို့ကို မေလ ၁၉ ရက်၊ တွန်းဇံမြို့ကို မေလ ၂၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ချင်းပြည်နယ်မှာ ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင်း မြို့ ရှိနေပြီဖြစ်ကာ ရခိုင့်တပ်တော်- AA သိမ်းပိုက်ထားတဲ့ ပလက်ဝမြို့နဲ့ ဆမီးမြို့ကိုပါ ထည့်တွက်မယ်ဆိုရင် ချင်းပြည်နယ်မှာ စစ်ကောင်စီကင်းစင်တဲ့မြို့ ၁၁ မြို့ထိ ရှိနေပြီလို့ သိရပါတယ်။


========================


🚩🚩 ၄။ တနင်္သာရီတိုင်း ထား၀ယ် သရက်ချောင်း ပဲဒက်စခန်းကုန်းကို စကစ ပြန်သိမ်းတာဆိုသည်မှာသတင်းအမှားသာ ဖြစ်ပြီးတန်ပြန် တိုက်စစ်ဆင်လာတဲ့ စကစတပ်စစ်ကြောင်းဘိတ်ဘက်ကို ဆုတ်ခွာသွား


မေလ၃၁ရက်


တနင်္သာရီတိုင်း ထား၀ယ် သရက်ချောင်း ပဲဒက်စခန်းကုန်းကို စကစ ပြန်သိမ်းတာဆိုသည်မှာသတင်းအမှားသာ ဖြစ်ပြီးတန်ပြန် တိုက်စစ်ဆင်လာတဲ့ စကစတပ်စစ်ကြောင်းဘိတ်ဘက်ကို ဆုတ်ခွာသွားတယ်လို့သတင်းရရှိပါတယ်။


မေလ၃၁ရက်မနက်ပိုင်းမှာ ပြည်သူ့စစ်သား CDMဗိုလ်ကြီးဇင်ယော်ကအသိပေးဆိုထားပါတယ်။


"တနင်္သာရီတိုင်း ထား၀ယ် သရက်ချောင်း ပဲဒက်စခန်းကုန်းကို စကစ ပြန်သိမ်းတယ်ဆိုတာ သတင်းအမှားသာ ဖြစ်ပါတယ်။ တန်ပြန် တိုက်စစ်ဆင်လာတဲ့ စကစ စစ်ကြောင်းဟာ တိုက်ပွဲဖြစ်ပွားပြီး ချီတက်ရာလမ်းကြောင်းအတိုင်း ဘိတ်ဘက်ကို ဆုတ်ခွာသွားခြင်းဖြစ်ပါတယ်။  တကယ်တိုက်ခိုက်ခဲ့တဲ့ မြေပြင်အဖွဲ့၀င်တွေဆီကနေ သတင်းကိုပြောပြရခြင်း ဖြစ်ပါတယ်။အသစ်ပြောင်းလာတဲ့ တိုင်းမှူး အသစ်စက်စက်လေးကို ကြိုဆိုသောအားဖြင့် ပဒက်စခန်းသိမ်း အဖွဲ့ တွေဟာ နောင်လာမယ့်ပွဲတွေမှာ လက်မောင်းတံဆိပ်အသစ် အောင်ပွဲအသစ်တွေနဲ့ မြင်ရအုံးမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။

 

မြိတ် -ထားဝယ် ကားလမ်းပေါ်က စစ်ကောင်စီ စခန်းတခုဖြစ်တဲ့ ပဲဒက်စခန်းကို မေလ ရက်နေ့မှာ ကရင့် အမျိုးသား လွတ်မြောက်ရေးတပ် KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၅။ ဘူးသီးတောင်မြို့မှာ စစ်တပ်ကဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား ၃၁ ဦးကို AA ပြန်လွှတ် 


ရခိုင်ပြည်ထဲက ဘူးသီးတောင်မြို့ကို သိမ်းပိုက်ထားတဲ့ AA ဟာ စစ်တပ်ကဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၃၁ ဦးကို ပြန်လွှတ်ပေးလိုက်ပြီး မိသားစုထံဘေးကင်းစွာ ပြန်နိုင်ရေး စီစဉ်ပေးခဲ့တယ်လို့ ရခိုင့်တပ်တော် AA က အသိပေးထုတ်ပြန် လိုက်ပါတယ်။ 

ဘူးသီးတောင်မြို့မှာရှိတဲ့ စစ်ကောင်စီ ဗျူဟာဌာနချုပ်အပါအဝင် တပ်ရင်း၊တပ်စခန်းအားလုံးကို AA က မေလ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ 

ခုလိုသိမ်းပိုက်ရာမှာ AA ဟာ ဘူးသီးတောင်အကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ရာဇဝတ်အကျဉ်းသား စုစုပေါင်း ၉၈ ဦးကို မေလ ၁၆ ရက်နေ့ကတည်းက ဘေးလွတ်ရာကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါ တယ်။

ဒီ အကျဉ်းသား ၉၈ ဦးကို ရခိုင်အမျိုးသားအဖွဲချုပ်/ရခိုင့်တပ်တော်က ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက အချက်အလက်တွေ ကောက်ယူစိစစ်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု စံနှုန်းတွေအတိုင်း ကျန်းမာရေးစောင့် ရှောက်မှုနဲ့ အရေးပေါ်လိုအပ်နေတဲ့ စားဝတ်နေရေးထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်။ 

စစ်ကောင်စီက နိုင်ငံရေးအရ ခုတုံးလုပ်ပြီး မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၃၁ ဦးကို ၎င်းတို့မိသားစုဝင်တွေနဲ့ ဆက်သွယ်ပေးခဲ့ပြီး မိသားစုထံ ဘေးကင်းစွာ ပြန်နိုင်ရေးအတွက် ငွေကြေးထောက်ပံ့မှုအချို့ကိုလည်း မေလ ၂၆ ရက်နေ့မှာ လုပ်ဆောင်ပေးခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒါကြောင့် အကျဉ်းထောင်က လွတ်မြောက်လာသူတွေဟာ ၎င်းတို့နေထိုင်ရာကျေးရွာတွေမှာ သွားရောက်နေထိုင်နေကြပြီ ဖြစ်ပေမယ့် ဆက်လက်ကူညီထောက်ပံ့နေတယ်လို့လည်း AA ဘက်က ပြောပါတယ်။ 

ရခိုင့်တပ်တော်က ကယ်ထုတ်ပေးခဲ့တာကြောင့် အသက်ရှင်ကျန်ရစ်တဲ့ အခြားအကျဉ်းသားတွေကိုတော့ ၎င်းတို့ကျုးလွန်ခဲ့ တဲ့ ပြစ်မှုနဲ့ ကျခံထားပြီးပြစ်ဒဏ်တွေကို ပြန်လည်စိစစ်ပြီး လုပ်ဆောင်သင့်တာတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရခိုင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ ခလယ်လွီထူခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် (၁၈) နှစ်အောက် ဆယ်ကျော်သက် () ဦးအပါအဝင် ပြည်သူ () ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ်() လုံး ပျက်စီး


မေ ၃၀ Radio NUG


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူလေးအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်အတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး လက်နက်ကြီး များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူလူထု () ဦးဒဏ်ရာ ရရှိခဲ့ရပြီး နေအိမ် () လုံးပျက်စီးခဲ့ရသည့်အပြင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များ ထောင်ထားသောမိုင်းနင်းမိပြီး အပြစ်မဲ့အရပ်သား ပြည်သူ () ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်ပါတယ်။


ကေအဲန်ယူဆောထိမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း မေလ (၂၄) ရက်နေ့ နေ့လည် (:၀၅) မိနစ် အချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များသည် ရွှေကျင်မှ စဲစူးကျေးရွာအတွင်းသို့ လက်နက်ကြီး () လုံး ပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးများသည် ဒေါ်ခင်မျိုး၏ နေအိမ်အပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ထိုနေ့ည (၁၀:၂၇) မိနစ်အချိန်တွင် စစ်ကောင်စီတပ် ခမရ၂၀ မှ ရေဖြူကန် ကျေးရွာအတွင်းသို့ (၁၅၅) မမ ဟောင်ဝစ်ဇာ လက်နက်ကြီး () လုံးအား ပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးများ ကျရောက်ပေါက်ကွဲခြင်းကြောင့် ဝက် () ကောင် သေဆုံးပြီး နွား () ကောင် ဒဏ်ရာရရှိခဲ့ပါတယ်။


မေလ (၂၈) ရက်နေ့ (၁၀:၂၃) မိနစ်မှ (၁၀:၄၃) မိနစ်အတွင်း စစ်ကောင်စီတပ် ခလရ၂၆၄ တပ်ရင်းမှ ဟောင်ဝစ်ဇာလက်နက်ကြီးများပစ်ခတ်ခဲ့ရာ ထောင်လောင် ကျေးရွာ အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ သားအမိနှစ်ဦးဖြစ်သည် ဒေါ်စန်းစန်းထွေး (၄၇) နှစ် နှင့် မခင်နှင်းသက် (၁၀) နှစ်တို့ နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ရပြီး ဦးကျော်လှိုင်၏ နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။


ကေအဲန်ယူ-လယ်ဒိုမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း မေလ (၂၇)ရက်နေ့ ()နာရီအချိန်တွင် ခလရ-၂၆၄ တပ်ရင်းမှ ၁၅၅မမမနှင့် ၁၂၀မမ ဟောင်ဝစ်ဇာ လက်နက်ကြီး စုစုပေါင်း()လုံးအား ပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးများသည် ကော်သာစေးကျေးရွာ၊ ကောက်မယ်သူကျေးရွာနှင့် ရေတွင်းကုန်းကျေးရွာအကြားတွင် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။


မေလ(၂၈)ရက်နေ့ (၆နာရီနှင့် ၁၁)နာရီအချိန်တွင် စစ်ကောင်စီတပ် ခလရ-၂၆၄ တပ်ရင်းမှ ၁၅၅မမနှင့် ၁၂၀မမ ဟောင်ဝစ်ဇာလက်စနက်ကြီး စုစုပေါင်း (၁၁)လုံး အားပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးများသည် ပဒဲကောကျေးရွာအောက်မီး၊ ဆွယ်တီကျေးရွာ အနီး၊ ဝမ်ချဲကျေးရွာ၊ကျောင်းကုန်းကျေးရွာနှင့် ရေတွင်းကုန်း ကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။


မေလ(၂၉) ရက်နေ့ ()နာရီအချိန်တွင် စစ်ကောင်စီတပ်များ သည် ဆိပ်ကြီးဂိတ်မှနေပြီး (၈၁) မမ လက်နက်ကြီး () လုံး ကို ပစ်ခတ်ခဲ့ရာ ကျောက်ခဲကြီး ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ထိုလက်နက်ကြီးထိမှန်ပြီး ကျောင်းလာတက်နေသော တောင်စု ကျေးရွာ စောဆဲပွယ်စေး အသက်(၁၇)နှစ် မှာ ခြေထောက် ကျိုးပြီး လက်၊ ကျောပြင် နှင့် တင်ပါးဆုံတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး ဦးမြင့်ခိုင် (၆၃) နှစ် နှင့် စိုးမင်းသူ (၃၈) နှစ်တို့၏ နေအိမ် () လုံးထိခိုက်ပျက်စီးခဲ့ရပါတယ်။


ကေအဲန်ယူမူးမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း မေလ (၂၉) ရက်နေ့ နေ့လည် (၁၁) နာရီ အချိန်တွင် ငနွားဆိပ်ကျေးရွာစာသင်ကျောင်းဘေးတွင် စစ်ကောင်စီတပ်များ ထောင်ထားသော မြေမြုပ်မိုင်းအား နင်းမိပြီး မမေထူးအောင် (၁၄) နှစ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


အာဏာစသိမ်းသည့် အချိန်မှစပြီး ၂၀၂၄ ခုနှစ် ဧပြီလအထိ နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရသူ (၄၉၄၅၉၀) ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက်ကို မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment