31st MAY 2024 - Morning Daily News by Radio NUG

၂၀၂၄ မေလ ၃၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စစ်ရေး၊ စီးပွားရေး ဖိအားတွေရှိနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အသက်ရှူခွင့်မပေးဘဲ အပြီးတိုင် တိုက်ခိုက်ကြရမယ့် အချိန်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ ရခိုင်ပြည်နယ်တွင်းက အန္တရာယ်များလွန်တဲ့ ပဋိပက္ခအခြေအနေကြားမှာ မြဲမြံတဲ့ ကိုယ်ကျင့်တရားနဲ့ စံတန်ဘိုးပြ လမ်းညွှန်မြေပုံတခုလိုအပ်နေတယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးဆို

📌 ၃။ မွန်ပြည်ဟံသာဝတီ(အသစ်)ပြန်လည်ထူထောင်နိုင်ရေးအတွက် တော်လှန်ရေးမှာ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ကြဖို့ မွန်လူထုကို MSFC တိုက်တွန်း

📌 ၄။ မြန်မာနိုင်ငံမှ ကလေးသူငယ်များဟာ ဒုက္ခအကျပ်အတည်းများရဲ့ ဒဏ်ခံနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ ယူကေသံအမတ်ကြီးကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့  Arria-formula meeting မှာ ပြောကြားလိုက်

📌 ၅။ လူငယ်သင်တန်းကျောင်းအမည်ခံ လူငယ်အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရ

📌 ၆။ TNLA ရဲတပ်ဖွဲ့မှ တရားမဝင်ကျောက်များထပ်မံ ဖမ်းဆီးရမိ

📌 ၇။ မေလတလတာအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စုစုပေါင်း (၅၂)ဦး သေဆုံးခဲ့ပြီး မကွေးတိုင်းမှာ (၂၂)ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်


၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မတူပီမြို့၊ ခရိုင်ရုံးကို CDF-မတူပီ၊ တပ်မဟာ ၂၊ တပ်ရင်း (Vakok တပ်ရင်း)မှ သိမ်းပိုက်

🚩 ၂။ ဒီပဲယင်း၊ ကြည်ရွာအရေးအခင်း ၂၁ နှစ်ပြည့်အထိမ်းအမှတ် ဗုံးသီး ၁၀ လုံး ကျဲချတိုက်ခိုက်

🚩 ၃။ မတ္တရာမြို့နယ်မှ စစ်ကောင်စီတပ် အထိုင်စခန်းကို 81 mm စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့

🚩 ၄။ မိုးမိတ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ()ကြိမ်ထက်မနည်း ပစ်ခတ်

🚩 ၅။ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ပအိုဝ်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ခရီးသွားတစ်ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်

🚩 ၆။ ကလေးမြို့နယ်တွင် စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ

🚩 ၇။ တောင်သာမြို့နယ်မှာ စကစတပ်များက အရပ်သားအချို့ကို ကျေးရွာတွေမှာဆက်တိုက်ဖမ်းဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ရေး၊ စီးပွားရေး ဖိအားတွေရှိနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အသက်ရှူခွင့်မပေးဘဲ အပြီးတိုင် တိုက်ခိုက်ကြရမယ့် အချိန်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


မေလ ၃၀ရက်။

စစ်ရေး၊ စီးပွားရေး ဖိအားတွေရှိနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အသက်ရှူခွင့်မပေးဘဲ အပြီးတိုင် တိုက်ခိုက်ကြရမယ့် အချိန်ဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။


ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၂၄)ကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။


"တော်လှန်ရေးအောင်မြင်စေဖို့အတွက် ဘဏ္ဍာရန်ပုံငွေသည် အရေးကြီးတဲ့ကဏ္ဍဖြစ်သလို အင်အားစုတွေ စုစုစည်းစည်းနဲ့ အင်အားတွေ ကောင်းလာစေဖို့၊ အချင်းချင်းအကြား အချိတ်အဆက် ကောင်းမွန်စွာနဲ့ ညီညီညွတ်ညွတ် လုပ်ကိုင်နိုင်စေဖို့ ကဏ္ဍတွေဟာလည်း အလွန်အရေးကြီးတာဖြစ်လို့ စည်းစည်းလုံးလုံးနဲ့ အလုပ်လုပ်နိုင်ကြစေဖို့ လမ်းညွှန်မှုတွေပြုလုပ်စေချင်ပါကြောင်း၊ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ သိသာမြင်သာတဲ့ အချိုးအကွေ့ တစ်ခုကို ဖော်ဆောင်နိုင်ဖို့ အားသွန်ခွန်စိုက်ကြိုးစားကြရမှာဖြစ်ပါကြောင်း၊ စစ်ရေး၊ စီးပွားရေး ဖိအားတွေရှိနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အသက်ရှူခွင့်မပေးဘဲ အပြီးတိုင် တိုက်ခိုက်ကြရမယ့် အချိန်ဖြစ်ပါကြောင်း၊ကျွန်တော်တို့အစိုးရအနေနဲ့ ကဏ္ဍစုံကနေ လစ်ဟာမှုမရှိစေအောင် ကြိုးပမ်းကြရမယ့်အချိန်ဖြစ်တယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအနေနဲ့ () နှစ်ကျော် စီမံဆောင်ရွက်လာခဲ့တဲ့ လုပ်ငန်းတွေ အစီအမံတွေကို ပြင်ဆင်သင့်တာ ရဲရဲဝံ့ဝံ့ ပြင်ဆင်ဖို့၊ ပြောင်းလဲသင့်တာတွေကို ပီပီပြင်ပြင် ပြောင်းလဲဖို့ဝန်ကြီးချုပ်ကထပ်လောင်းပြောပါတယ်။


အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ ရခိုင်ပြည်နယ်တွင်းက အန္တရာယ်များလွန်တဲ့ ပဋိပက္ခအခြေအနေကြားမှာ မြဲမြံတဲ့ ကိုယ်ကျင့်တရားနဲ့ စံတန်ဘိုးပြ လမ်းညွှန်မြေပုံတခုလိုအပ်နေတယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးဆို


မေလ ၃၀ရက်။


ရခိုင်ပြည်နယ်တွင်းက အန္တရာယ်များလွန်တဲ့ ပဋိပက္ခအခြေအနေကြားမှာ မြဲမြံတဲ့ ကိုယ်ကျင့်တရားနဲ့ စံတန်ဘိုးပြ လမ်းညွှန်မြေပုံတခု လိုအပ်နေတယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးဦးအောင်ကျော်မိုးကဆိုပါတယ်။


မေလ၃၀ရက် ဆိုရှယ်မီဒီယာမှာ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးဦးအောင်ကျော်မိုးကသုံးသပ်ပြောကြားထားပါတယ်။


"(ရခိုင်)အာရကန်ဒေသတွင်းက အချို့နေရာတွေမှာတည်ငြိမ်မှု ပျက်ပြားပြီး အလွန်အင်မတန် အန္တရာယ်ရှိတဲ့ လမ်းဆုံတစ်ခုကို ကံမကောင်း အကြောင်းမလှစွာနဲ့ ကျွန်တော်တို့ အားလုံး ရောက်ရှိနေပါတယ်။ အန္တရာယ်များလွန်တဲ့ ဒီပဋိပက္ခအခြေအနေကြားမှာ မြဲမြံတဲ့ ကိုယ်ကျင့်တရားနဲ့ စံတန်ဘိုးပြ လမ်းညွှန်မြေပုံတခု ရှိမယ်ဆိုရင် ကျွန်တော်တို့အားလုံးအတွက် တရားမျှတတဲ့၊ ဘေးကင်းလုံခြုံတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ဖန်တီးဖို့ရာ လမ်းစတစ်ခု မူဘောင်တခုကို ရလာမှာ အသေအချာဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်သက်ဆိုင်သူ အင်အားစုအသီးသီးက ဦးစီးဦးဆောင်များ၊ ထင်ပေါ်ကျော်ကြားသူများအနေနဲ့က စံတန်ဖိုးနဲ့ ကျင့်ဝတ် သိက္ခာပိုင်းတွေကို လက်တွေ့ နိုင်ငံရေးထက် ပိုဦးစားပေးရွေးချယ်ခြင်းကလည်း မရှိမဖြစ် အရေးပါလိုအပ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးဦးအောင်ကျော်မိုးကထပ်လောင်းဆိုထားပါတယ်။


========================


📌📌 ၃။ မွန်ပြည်ဟံသာဝတီ(အသစ်)ပြန်လည်ထူထောင်နိုင်ရေးအတွက် တော်လှန်ရေးမှာ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ကြဖို့ မွန်လူထုကို MSFC တိုက်တွန်း


မေလ ၃၀ ရက်။

Radio NUG

စစ်ကောင်စီ အင်အားနည်းလာချိန်တွင် မွန်တော်လှန်ရေး အင်အားစုများက အဆုံးသတ်တိုက်ပွဲဆင်နွှဲမှာ ဖြစ်တာကြောင့် မွန်အမျိုးသားထု တရပ်လုံးအနေနဲ့ မိမိတို့ကျရာ အခန်းကဏ္ဍတွင် မွန်ပြည်ဟံသာဝတီ(အသစ်)ပြန်လည်ထူထောင်နိုင်ရေးအတွက် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ကြဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က တိုက်တွန်းလိုက်ပါတယ်။


မေလ(၃၀)ရက်နေ့မှာ ကျရောက်တဲ့(၂၆၇)နှစ်မြောက် မွန်ဟံသာဝတီ ပျက်သုဉ်းနေ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီကို အဆုံးသတ်တိုက်ပွဲ ဆင်နွှဲပြီး မွန်ပြည်ဟံသာဝတီကို အသစ်ပြန်လည် ထူထောင်သွားမယ်လို့ MSFC က ထုတ်ဖော် ပြောကြားခဲ့တာပါ။


ကုန်းဘောင်မင်းဆက် မြန်မာဘုရင် အလောင်းမင်းတရားကြီးခေါ် အောင်ဇေယျမှ မွန်တို့ရဲ့ ဟံသာဝတီ နေပြည်တော်ကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရဟန်း သံဃာတော်များ၊ ကလေးငယ်များပါမကျန် သန်းနဲ့ချီတဲ့ မွန်လူမျိုးများ လူမျိုးတုန်း သတ်ဖြတ်ခံရပြီး၊ တန်ဖိုးမဖြတ်နိုင်တဲ့ စာပေ၊ ကျမ်းဂန်များနဲ့ မြို့ရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်မှာ(၂၆၇)နှစ်မြောက် ရှိခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


မြန်မာဧကရာဇ်များနဲ့ အာဏာရှင် အဆက်ဆက်မှ မွန်လူမျိုးတို့ကို ဖိနှိပ်ပြီး ယခုချိန်အထိ မီးလောင်တိုက်သွင်းနေတာကို ပြီးခဲ့တဲ့ ဓမ္မသရွာဖြစ်စဉ်က သက်သေပြနေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ဆိုပါတယ်။


မွန်ပြည် ဖက်ဒရယ်ကောင်စီအနေဖြင့် အနာဂတ် မွန်ပြည်တည်ဆောက်ရေးတွင် နိုင်ငံရေး ဦးဆောင်မှုပေးနိုင်ရန် ပြင်ဆင်ကြိုးပမ်းနေပြီး သမိုင်းကြောင်းအရ မွန်ပြည်နယ်နမိတ်အတွင်း အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြတဲ့ တော်လှန်ရေးအင်အားစုများနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း အသိပေးထားပါတယ်။


========================


📌📌 ၄။ မြန်မာနိုင်ငံမှ ကလေးသူငယ်များဟာ ဒုက္ခအကျပ်အတည်းများရဲ့ ဒဏ်ခံနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ ယူကေသံအမတ်ကြီးကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့  Arria-formula meeting မှာ ပြောကြားလိုက်


မေလ၃၀ရက်။ 


မြန်မာနိုင်ငံမှ ကလေးသူငယ်များဟာ ဒုက္ခအကျပ်အတည်းများရဲ့ ဒဏ်ခံနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ ယူကေသံအမတ်ကြီး James Kariuki က ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့  Arria-formula meeting မှာ ပြောကြားလိုက်ပါတယ်။


မေလအတွင်းကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့  Arria-formula meeting မှာ သံအမတ်ကြီးကဆိုပါတယ်။

 

"မြန်မာနိုင်ငံက ကလေးသူငယ်များထက်ဝက်ကျော်ဟာ ပညာသင်ခွင့်မရခြင်း၊ ကာကွယ်ဆေးထိုးခြင်းအစီအစဥ်များ ပုံမှန်အတိုင်း မဆောင်ရွက်နိုင်ခြင်း၊ စားနပ်ရိက္ခာမလုံလောက်မှု လျင်မြန်စွာ မြင့်တက်လာခြင်းနဲ့အတူ အာဟာရချို့တဲ့သော ကလေးငယ်များ အရေအတွက်မှာလည်း စိုးရိမ်ဖွယ်ရာဖြစ်လာကြောင်း" သံအမတ်ကြီးက ဆိုပါတယ်။ 


ယခင်နှစ်က ယူကေနိုင်ငံမှကလေးသူငယ်ပေါင်း သိန်းကျော်ကို ပညာရေးဆိုင်ရာအကူအညီများပေးပြီး အမျိုးသမီးနဲ့ ကလေးသူငယ် . သန်းအား မိခင်နဲ့ကလေး ကျန်းမာရေးဝန်ဆောင်မှုများကို လက်လှမ်းမှီရေး ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။


ဒါ့အပြင် လူဦးရေ . သန်းအား အာဟာရနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အကူအညီများပေးခဲ့ပါတယ်။

 

စာသင်ကျောင်းများနဲ့ ကျန်းမာရေးဝန်ဆောင်မှုများပေးသော အဆောက်အအုံများအပါအဝင် အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်နေခြင်းများကို ရပ်တန့်ရန် မြန်မာစစ်တပ်အား တိုက်တွန်းလိုက်တယ်လို့လည်း ယူကေအစိုးရကဆိုထားပါတယ်။


========================


📌📌 ၅။ လူငယ်သင်တန်းကျောင်းအမည်ခံ လူငယ်အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရ


မေလ ၃၀ရက်။

Radio NUG

အသက်မပြည့်သေးသည့် ကလေး လူငယ်များကို နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးပြီးနောက် အသက်မပြည့်သေးသည့် အမျိုးသားလူငယ်များကို ရန်ကုန်တွင် သံလျင်လူငယ်သင်တန်းကျောင်း၊ ငှက်အော်စန်း လူငယ်သင်တန်းကျောင်းနှင့် မန္တလေးလူငယ် သင်တန်းကျောင်းတို့တွင် အဓိကဖမ်းဆီးထားပြီး အသက်မပြည့်သေးသည့် လူငယ်အမျိုးသမီးများကိုမူ ရန်ကုန်တွင် ဗဟန်းအမျိုးသမီးထိန်းသိမ်းရေးသင်တန်းကျောင်း၊ ကော့မှူးအမျိုးသမီးသင်တန်းကျောင်းနှင့် မန္တလေးတွင် ပုသိမ်ကြီးအမျိုးသမီးလူငယ် သင်တန်းကျောင်းတို့တွင် ဖမ်းဆီးထားလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။


ဗဟန်း အမျိုးသမီးထိန်းသိမ်းရေးကျောင်းတွင် အသက်မပြည့်သေးသည့် နိုင်ကျဉ်းအမျိုးသမီးငယ်များ အပါအဝင် အခြား အမျိုးသမီးငယ်များအပေါ် လိင်ပိုင်ဆိုင်ရာ ဖိနှိပ်မှု၊ လိင်ပိုင်းဆိုင်ရာ အရှက်ရစေမှုများ ခံစားရလျက်ရှိပြီး အမျိုးသမီးငယ်များထားရာ အခန်းများ၊ ရေချိုးခန်းများနှင့် အိမ်သာများတွင် CCTVများ တပ်ဆင်ထားကြောင့် အမျိုးသမီးငယ်များ ရေချိုးချိန်နှင့် အိမ်သာသွားချိန်များတွင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ ခံစားကြလျက်ရှိတယ်လို့ သိရပါတယ်။


အချို့အကျဉ်းသူများကို အပြစ်ပေးအရေးယူရာတွင် အမျိုးသမီးငယ်များ ဝတ်ဆင်ထားသည့် အဝတ်အစားများကို အကုန်ချွတ်ခိုင်း၍ အပြစ်ပေးသည့်အထိ ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။


အပေါ့အလေး သွားလာခွင့်ကိုလဲ သတ်မှတ်ချိန်အတွင်း၌သာ သွားရောက်ခွင့်ရှိပြီး ကျန်အချိန်များတွင် အပေါ့အလေးသွားပါက သင်တန်းကျောင်းဝန်ထမ်းများမှ တုတ်ဖြင့်ရိုက်၍ အပြစ်ပေးလျက်ရှိပါတယ်။


ကျောင်းအတွင်းလုပ်ငန်းဟု အကြောင်းပြကာ နိုင်ကျဉ်းအမျိုးသမီးငယ်များကို ထင်းခွဲခိုင်းခြင်းနှင့် မြက်ပေါက်ခိုင်းခြင်းများကိုပါ လုပ်ခိုင်းနေကြောင်း သိရပါတယ်။


ကော့မှူး အမျိုးသမီးထိန်းသိမ်းရေးစခန်းတွင် အမျိုးသမီးလစဉ်သုံးပစ္စည်း လုံလောက်စွာ ထောက်ပံ့ပေးနိုင်ခြင်း မရှိသည့်အတွက် အမျိုးသမီးငယ်များသည် စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုများနှင့် အဆိုပါရက်များကို ဖြတ်သန်းနေကြရပါတယ်။


ထို့အပြင် အကျဉ်းထောင်အတွင်း စစ်ဆေးချိန်များတွင် ဝန်ထမ်းအမျိုးသမီးများ၏ ယောကျာ်းလေးသူငယ်ချင်းနှင့် မောင်များ၊ အကိုများပါ ဝင်ရောက်တတ်သည့်အတွက် အမျိုးသမီးငယ်များ ရေချိုးရမှုနှင့် အိမ်သာသွားချိန်များတွင် စိတ်မလုံခြုံမှုများ ရင်ဆိုင်နေရပြီး အဆိုပါအမျိုးသားများဝင်ရောက်ချိန်များတွင် အမျိုးသမီးငယ်များ အဝတ်အစားလဲချိန်များနှင့် တိုက်ဆိုင်ချိန်များလည်းရှိသည့်အတွက် အမျိုးသမီးထိန်းသိမ်းရေးစခန်းသို့ အမျိုးသားများ ဝင်ရောက်ခွင့်ရနေခြင်းအား ပြင်းထန်စွာ ရှုံ့ချကြောင်း ဖေည်ပြထားပါတယ်။


ပုသိမ်ကြီးအမျိုးသမီးသင်တန်းကျောင်းများတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော အမျိုးသမီးငယ်များထဲတွင် ကရင်နီဒေသ၊ချင်းပြည်နယ်နှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းတွင် အကျဉ်းချခံထားရသူများအနက် အချို့အမျိုးသမီးငယ်များသည် နယ်ဝေးမှ မိသားစုဝင်များ ပါဆယ်ပေးပို့နိုင်ခြင်း မရှိသည့်အတွက် သင်တန်းကျောင်းမှ ကျွေးသည့် ပဲဟင်းနှင့် ထမင်းကိုသာ အဓိကအားပြုစားသောက်နေထိုင်နေကြရပါတယ်။


တပတ်လျှင် ကြက်ဥဟင်း()ရက် ကျွေးမွေးပြီး အသားဟင်းနှင့် အချို့အစားအသောက်များကိုမှု  အလှူရှင်ရှိသည့်အချိန်များမှသာ စားသောက်ကြရပါတယ်။


========================


📌📌 ၆။ TNLA ရဲတပ်ဖွဲ့မှ တရားမဝင်ကျောက်များထပ်မံ ဖမ်းဆီးရမိ


မေလ ၃၀ရက်။ 

Radio NUG

တအာင်းပြည်၊ တပ်မဟာ()စစ်ဒေသ နမ္မတူမြို့တွင် PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ တရားမဝင်ကျောက်များ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။


မေလ ၂၉ ရက်နေ့ နေ့လယ် နာရီခန့်တွင် မိုင်းရင်နှင့် လားရှိုးလမ်းခွဲမှာ မော်တော်ယာဥ်များအားစစ်ဆေးမှုပြုလုပ်နေစဥ် မန္တလေးမှ မူဆယ်သို့ မောင်းနှင်လာသည့် မော်တော်ယာဥ်တစ်စီးအား စစ်ဆေးရာ 

တရားမဝင်ကျောက်ကွင်းကြမ်း ၂၆၀ ထုပ်နှင့် ကျောက်ကြမ်း တုံး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ကျောက်များ သယ်ဆောင်လာသည့် ပြည်ကြီးတံခွန်မြို့နယ် အသက် ၃၈ နှစ်အရွယ် ကိုမင်းနိုင်ဆိုသူအား TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပြီး အရေးယူဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။


မေလ ၂၆ ရက်နေ့ကလည်း နမ္မတူမြို့တွင် မန္တလေးမှ မူဆယ်သို့လာသည့် မော်တော်ယာဥ် ၂စီးအား စစ်ဆေးရာ ကျောက်ကြမ်း(၄၇၅) ထုပ်နှင့် ကျောက်ချော (၈၇) လုံး ဖမ်းဆီးရမိခဲ့ပါတယ်။ 


========================


📌📌 ၇။ မေလတလတာအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စုစုပေါင်း (၅၂)ဦး သေဆုံးခဲ့ပြီး မကွေးတိုင်းမှာ (၂၂)ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်


မေလ ၃၀ရက်။

မေလတလတာအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စုစုပေါင်း (၅၂)ဦး သေဆုံးခဲ့ပြီး မကွေးတိုင်းမှာ (၂၂)ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်တယ်လို့သိရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ မေလ ရက်နေ့မှ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂၂)ဦးနှင့် အမျိုးသား(၃၀)ဦး စုစုပေါင်း (၅၂)ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ()ဦးနှင့် အသက် ၆၀ နှစ်အထက် သေဆုံးသူ ()ဦး ပါဝင်တယ်လို့ဆိုပါတယ်။ 


အဆိုပါ (၅၂)ဦးအနက် မကွေးတိုင်းမှာ (၂၂)ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်တယ်လို့ဖော်ပြပါတယ်။


ထို့ပြင် အဆိုပါကာလအတွင်း နိုင်ငံတဝန်း စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂၉)ဦးနှင့် အမျိုးသား(၂၃)ဦး စုစုပေါင်း(၅၂)ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ၎င်းအရေအတွက်တွင် အသက် ၁၈ နှစ်အောက် သေဆုံးသူ ()ဦးနှင့် အသက် ၆၀ နှစ်အထက် သေဆုံးသူ () ဦး ပါဝင်ကာ အဆိုပါ (၅၂)ဦးအနက် သေဆုံးမှု အများဆုံးဒေသမှာ (၁၃)ဦးဖြင့် ရခိုင်ပြည်နယ်မှ ဖြစ်တယ်လို့သိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ မတူပီမြို့၊ ခရိုင်ရုံးကို CDF-မတူပီ၊ တပ်မဟာ ၂၊ တပ်ရင်း (Vakok တပ်ရင်း)မှ သိမ်းပိုက်


မေလ ၃၀ရက်။

Radio NUG

ချင်းပြည်နယ်၊ မတူပီမြို့၊ ခရိုင်ရုံးကို CDF-မတူပီ၊ တပ်မဟာ-၂၊ တပ်ရင်း- (Vakok တပ်ရင်း)မှ မေလ ၃၀ရက်နေ့ နံနက်ပိုင်းတွင် အပြီးသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။


ခရိုင်ရုံးတွင် အမာခံတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖနိုင်ကျေးရွာဘက်သို့ ထွက်ပြေးခဲ့ပြီး ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို CDF-မတူပီ၊ တပ်ရင်း- က လိုက်လံရှင်းလင်းလျက်ရှိတယ်လို့ သိရပါတယ်။


ခရိုင်ရုံးသိမ်းတိုက်ပွဲတွင် CDF-မတူပီ၊ တပ်ရင်း- မှ တပ်ဖွဲ့ဝင်တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


CDF - မတူပီ၊ တပ်ရင်း - သည် တိုက်ပွဲများ ဆက်လက်ဖော်ဆောင်သွားမည် ဖြစ်သောကြောင့် ဆေးဝါးများ၊ လက်နက်ခဲယမ်းများနှင့် တိုက်ပွဲအတွင်း စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ၍ ဝိုင်းဝန်းပံ့ပိုပေးကြရန် မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၂။ ဒီပဲယင်း၊ ကြည်ရွာအရေးအခင်း ၂၁ နှစ်ပြည့်အထိမ်းအမှတ် ဗုံးသီး ၁၀ လုံး ကျဲချတိုက်ခိုက်


မေလ ၃၀ရက်။ 

Radio NUG

မေလ ၃၀ ရက်နေ့တွင် ကျရောက်တဲ့ ဒီပဲယင်း၊ ကြည်ရွာအရေးအခင်း ၂၁ နှစ်ပြည့် အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် မေလ ၃၀ရက် မွန်းလွဲ :၀၀ ခန့်မှာ တန့်ဆည်မြို့နယ် အက်တောရွာနှင့် သဲကုန်းရွာတွင် တပ်စွဲထားတဲ့ စစ်အုပ်စုကို Fixed-Wing  Drone စီးဖြင့် ဗုံးသီး ၁၀ လုံးကျဲချ၍ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း၊ ရေဦး PDF မှ သတင်းထုတ်ပြန်ပါတယ်။


စစ်အုပ်စု အထိုင်ချထားသော ဘန်ကာများအနီးတွင် ဗုံးသီးများ ကျရောက်ပေါက်ကွဲပြီး ရန်သူအထိအခိုက်ရှိ/မရှိကို စုံစမ်းနေကြောင်း သိရပါတယ်။


ဗုံးသီးများ ကျရောက်ပေါက်ကွဲပြီးနောက် စစ်အုပ်စုမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ မတ္တရာမြို့နယ်မှ စစ်ကောင်စီတပ် အထိုင်စခန်းကို 81 mm စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့


မေလ ၃၀ ရက်။

Radio NUG

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှ ငါးလုံးပြွန် အထိုင်စခန်းအား 81 mm စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ SSTF People's Police အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။


မေလ ၂၉ ရက်နေ့ ၁၀ နာရီ မိနစ် ၂၀ ခန့်မှာ အဆိုပါ ငါးလုံးပြွန် အထိုင်စခန်းအား SSTF - People's Police အဖွဲ့နှင့် ရပ်ကျေး ပကဖအဖွဲ့များ ပူးပေါင်းပြီး 81 mm စိန်ပြောင်း ဗုံးသီး လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ ဗုံးသီးနှစ်လုံးဟာ ငါးလုံးပြွန်အထိုင်စခန်း ကာကင်းဘန်ကာအနီးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးပျက်စီးမှုကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။


အဆိုပါ အထိုင်စခန်းဟာ မတ္တရာမြို့နယ်အတွင်း ကျေးရွာတချို့မှာ ထပ်စွဲထားပြီး ပြည်သူများ ကျေးရွာအတွင်း မနေနိုင်စေရန် ခြိမ်းခြောက် အနိုင်ကျင့်ခြင်း၊ ငွေကြေးအဓမ္မ တောင်းခံခြင်း၊ အပြစ်မဲ့ ပြည်သူများရဲ့ နေအိမ်များကို မီးရှို့ဖျက်စီးခြင်းများ ကျူးလွန်နေတဲ့ စခန်းများထဲက တစ်ခုဖြစ်တာကြောင့် အခုလို တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း SSTF-People's Police အဖွဲ့က အသိပေးထားပါတယ်။


========================


🚩🚩 ၄။ မိုးမိတ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ()ကြိမ်ထက်မနည်း ပစ်ခတ်


မေလ ၃၀ရက်။ 

Radio NUG

မေလ(၂၉)ရက်နေ့ နံနက်()နာရီခွဲ အချိန်ခန့်တွင် တအာင်းပြည်၊ တပ်မဟာ()စစ်ဒေသ၊ မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ()ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။


မိုးမိတ်မြို့နယ် ကုန်းမိုင်ကျေးရွာဘက်သို့ အကြောင်းမဲ့ ဦးတည် ပစ်ခတ်ခဲ့ခြင်း လူ၊ တိရစ္ဆာန်နှင့် နေအိမ်များ ထိခိုက်ပျက်စီးမှု မရှိသော်လည်း ဒေသခံများမှာမူ ကြောက်လန့်နေကြရတယ်လို့ သိရပါတယ်။


ထို့အပြင် မိုးမိတ်အမြို့တွင်း၌လည်း လက်နက်ငယ်များဖြင့် အကြိမ်ပေါင်းများစွာ တစ်ဖက်သက် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ပအိုဝ်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ခရီးသွားတစ်ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်


မေလ ၃၀ ရက်။

Radio NUG

မေလ ၂၉ရက်နေ့တွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသ ပင်မူးကျေးရွာတွင် လက်နက်ကြီးအထိုင်ချပြီး ပန်ရန်းရွာနှင့် ထမ်းယံတိုင်ရွာကို လက်နက်ကြီးဖြင့် ညနေ နာရီ မှ ၈နာရီအထိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PNLAက သတင်းထုတ်ပြန်ပါတယ်။


ယင်းကဲ့သို့ ကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပန်ရန်းရွာနှင့် ထမ်းယံတိုင်ရွာမှ  ပြည်သူ ၁၀၀၀ ဝန်းကျင်မှာ ရွာလုံးကျွတ် တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။


လက်နက်ကြီးကျည်အချို့မှာ ကျေးရွာအတွင်းသို့ ကျရောက်သဖြင့် နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ရပါတယ်။


မေလ ၂၉ရက်နေ့မှာပဲ ဖက်နမ်ကျေးရွာအနီးတွင် ခရီးသွားလာသည့် သာမန်အရပ်သားတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဖက်နမ်ကျေးရွာအနီးတွင် ဖမ်းဆီးသတ်ဖြတ်ခံရသည့် ပြည်သူသည် ဖက်နမ်ကျေးရွာခံမဟုတ်ပဲ ခရီးသွားတစ်ဦးဖြစ်ကြောင်း စုံစမ်းသိရပြီး သတ်ဖြတ်ခံရသည့်သူ၏ အသေးစိတ်အချက်အလက် ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ ကလေးမြို့နယ်တွင် စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ


မေလ ၃၀ ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း၊ ကြံသာရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီးတွေရဲ့ အကြောင်းမဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ CJ Platform သတင်းဌာနက ဖော်ပြပါတယ်။


မေလ ၂၉ ရက် ညပိုင်းမှာ ကြံသာ(ပျူရွာ)အနောက်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီနဲ့ ပျူစောထီး အဖွဲ့ဝင်တွေက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တာလို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ဆိုပါတယ်။


သေဆုံးသူတွေနဲ့ ဆွေမျိုးနီးစပ်သူတစ်ဦးကကလေးမြို့နယ် တင်သာရွာ အနောက်ပိုင်းမှာ ခုလေးတင် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိသားစုလိုက်ထိမှန်ပြီး ဆုံးသွားတယ်၊ ယောက်ဆုံးပြီး ဒဏ်ရာရ လူဦးရေ အတိအကျ မသိရသေးပါလို့ မေ ၂၉ ရက် ၁၀ နာရီလောက်မှာ ရေးသားဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။


စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် တင်သားရွာမှ အသက် ၅၅ နှစ် အရွယ် ဦးနိုင်ဦး၊ အသက် ၂၆ နှစ် အရွယ် မလှိင်သဇင်ဖြိုး၊ အသက် ၅၀ ဝန်းကျင် ဒေါ်စန်းဌေးနဲ့ အသက် ၄၀ ဝန်းကျင်အရွယ် မလှဌေးတို သေဆုံးခဲ့တာဖြစ်ပြီး အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့ကစပြီး  ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့ထိ စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း (၅၁၆၀) ဦး ရှိခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။


========================


🚩🚩 ၇။ တောင်သာမြို့နယ်မှာ စကစတပ်များက အရပ်သားအချို့ကို ကျေးရွာတွေမှာဆက်တိုက်ဖမ်းဆီး


မေလ ၃၀ရက်။

တောင်သာမြို့နယ်မှာ စကစတပ်များက အရပ်သားအချို့ကို ကျေးရွာတွေမှာဆက်တိုက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။


မေလ၃၀ရက်မှာ လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာကအသိပေးဆိုပါတယ်။


သံဘို()ရွာမှ ဦးသောင်းညွန့်အား မေလ၂၉ရက်ည ၁ဝး၃၀ မိနစ်ခန့်က ရုံးစည်ကြီး ရဲစခန်း ရခများမှ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားပါတယ်လို့ဖော်ပြပါတယ်။


အလားတူကျောဇီကျေးရွာမှ CDM ဆရာတစ်ဦးဖြစ်သူ ဦးစည်သူဖြိုးအား မေလ၃၀ရက် မနက် ၈နာရီခန့်က နေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးသွားကြောင်းသိရပါတယ်။


ပြည်သူများဂရုစိုက်နေထိုင်ကြဖို့ လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာကအသိပေးကြေညာထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment