3rd MAY 2024 - Morning Daily News by Radio NUG

၂၀၂၄ မေလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးကျင်းပပြုလုပ်

📌 ၂။ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်ကို မေလ ရက်နေ့မှစတင်ပြီး တားမြစ်ပိတ်ပင်လိုက်သည်ဟု စစ်ကောင်စီက ကြေညာချက်ထုတ်

📌 ၃။ စစ်ကောင်စီရဲ့ ချိပ်ပိတ်သိမ်းဆည်းခံရမှု တစ်ထောင်ကျော်ရှိလာ


၂၀၂၄ ခုနှစ် မေလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်တပ်ထုတ်ကုန် မြန်မာဘီယာ ဝယ်ယူသောက်သုံးခဲ့ကြတဲ့ TNLA ရဲဘော်တွေကို ကြိမ်ဒဏ်၊ အလုပ်ကြမ်းနဲ့  လူမှုရေး ပြစ်ဒဏ်များ ချမှတ် 

🚩 ၂။ မုံရွာ -ချောင်းဦးလမ်းပိုင်းမှာ  ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကြေးနီသယ် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ဦးသေဆုံး

🚩 ၃။ ပေါက်မြို့နယ် (ပေါက် မြောက်ပိုင်း) ရှိ အခြေစိုက်တပ်စွဲနေသော စစ်ကောင်စီ၏ ရွှေဘုံသာပျူရွာ ကင်းစခန်းကုန်းအား တိုက်ခိုက်

🚩 ၄။ စဥ့်ကူးတွင် ပျူစောထီးအဖွဲ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု ရှိခဲ့

🚩 ၅။ ဆီဆိုင်မြို့နယ်ထဲက ရွှေတဂူဘုရား၊ ဘုန်းကြီးကျောင်းနဲ့ တံတားကို စစ်တပ်နဲ့ PNO က ပစ်ခတ်ဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးကျင်းပပြုလုပ်


မေလ   ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၄/၂၀၂၄) ကို မေလ ၂ရက် နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

"ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံက ဟန်ချက်ညီအောင် လုပ်ဆောင်ရင်း ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ဖို့ ကြိုးစားရင်းနဲ့ တဘက်ကလည်း အခွန်ကောက်ခံမှုမှ ရရှိထားတဲ့ ဘဏ္ဍာငွေတွေကို စနစ်တကျ အကျိုးရှိထိရောက်စေဖို့ ကြီးကြပ်လုပ်ဆောင်ပေးကြဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေသုံးစွဲမှုများနှင့် ပတ်သက်ပြီး စနစ်တကျ မှတ်တမ်းမှတ်ရာနဲ့တကွ ပြုစုထိန်းသိမ်းထားကြဖို့လည်း အထူးသတိပေး ညွှန်ကြားလိုပါကြောင်း၊  ပြည်သူ့ဘဏ္ဍာတွေ ဖြစ်တာကြောင့် ကိုယ်ကျိုးသုံးစွဲမှု၊ လွဲမှားသုံးစွဲမှုတွေကို ပြင်းပြင်းထန်ထန် တင်းကြပ်ဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း၊ နောင်ကူးပြောင်းမယ့် အသွင်ကူးပြောင်းရေးကာလ အစိုးရလက်ထဲကို စာရင်းဇယားတွေနဲ့တကွ လွှဲပြောင်းပေးကြရမှာဖြစ်ပြီး အဲဒီလို လွှဲပြောင်းကြတဲ့အခါ အစိုးရအဖွဲ့ဝင် တာဝန်ရှိသူတွေ အားလုံးဟာ မိမိတို့ တာဝန်ယူဆောင်ရွက်ခဲ့သမျှ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စအရပ်ရပ်ကို အပြည့်အဝ တာဝန်ယူ/တာဝန်ခံကြရမှာ ဖြစ်ပါကြောင်း၊ အစိုးရယန္တရား အဆင့်ဆင့်အနေနဲ့ အထူးသတိထားပြီး စီမံဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ ကြားကာလအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေ စီမံဆောင်ရွက်ကြတဲ့အခါ တော်လှန်ရေးကာလ ဖြစ်တယ်ဆိုတဲ့ အခြေခံအကြောင်းအရင်းကို မမေ့မလျော့ကြဘဲ လုပ်သင့် လုပ်ထိုက်တာတွေကို စဉ်းစားကြဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း၊ လမ်းညွှန်ချက်တွေ ပေးတဲ့အခါမှာလည်း ဗဟိုအစိုးရအနေနဲ့ ပြတ်ပြတ်သားသား လမ်းညွှန်ချက်တွေပေးဖို့ လိုမှာ ဖြစ်ပြီး လိုက်နာဖို့ ပျက်ကွက်တဲ့ မြို့နယ်တွေကိုလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ ကိုင်တွယ်ကြဖို့လည်း လိုအပ်လာပြီ ဖြစ်ပါကြောင်း" ပြောကြားခဲ့ပါသည်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၃/၂၀၂၄)တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။


အဆိုပါအစည်းအဝေးသို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း မှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နေ့လယ် (:၃၀)နာရီအချိန်တွင်အောင်မြင်စွာ ရပ်နားခဲ့ပါသည်။


========================


📌📌 ၂။ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်ကို မေလ ရက်နေ့မှစတင်ပြီး တားမြစ်ပိတ်ပင်လိုက်သည်ဟု စစ်ကောင်စီက ကြေညာချက်ထုတ်


မေလ ၂ရက်။

စစ်ကောင်စီက အမျိုးသားများပြည်ပထွက် အလုပ်လုပ်ခွင့်ကို မေလ ၁ရက်နေ့မှစတင်ပြီး တားမြစ်ပိတ်ပင်လိုက်တယ်လို့ စစ်ကောင်စီဘက်က ဘီဘီစိကိုပြောကြားချက်အရ သိရှိရပါတယ်။

မေလ ၁ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ထိုကန့်သတ်ချက်သည် PJ အမျိုးအစား Passport ကိုင်ဆောင်သူများအပေါ် သက်ရောက်မည်ဟု အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများက ဆိုတယ်လို့ Myanmar NOW သတင်းမှာ ရေးသားထားပါတယ်။  စစ်တပ်က အလုံးအရင်းဖြင့် လူသစ်ခေါ်ရန် ပြင်ဆင်နေသည့် အဓမ္မစစ်မှုထမ်းဥပဒေ ထွက်ပြီးနောက် ယခုလို မြန်မာအမျိုးသားများကို ပြည်ပထွက်ခွာခွင့်ကို ပိတ်ဆို့လိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီထံ စစ်မှုမထမ်းလိုတဲ့ မြန်မာအမျိုးသား အမျိုးသမီးများအားလုံးက ပြည်တွင်း ပြည်ပသို့ ထွက်ခွာ တိမ်းရှောင်နေပါတယ်။ NUG နဲ့ မဟာမိတ် တော်လှန်ရေးအဖွဲ့များထံသို့ လာရောက် ခိုလှုံခြင်း၊ တော်လှန်ရေးလက်နက်ကိုင်တပ်များကို ဝင်ရောက်ပူးပေါင်းလာခြင်းတွေ သောင်းနဲ့ချီပြီး ရှိနေပြီးတော့ စစ်ကောင်စီဘက်ကလည်း အဓမ္မစစ်မှုထမ်းရန် လူအများအပြားကို ဖမ်းဆီးခေါ်ဆောင်နေပါတယ်။ မြို့ရွာအသီးသီးမှာ အဓမ္မစစ်မှုထမ်းရန် ဆင့်ခေါ်ဖို့ လုပ်နေတဲ့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များကို တော်လှန်ရေးအဖွဲ့တွေ မြေအောက်အဖွဲ့တွေက စစ်ရေးပစ်မှတ်အဖြစ် ကြေညာထားတာကိုလည်း တွေ့ရပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီရဲ့ ချိပ်ပိတ်သိမ်းဆည်းခံရမှု တစ်ထောင်ကျော်ရှိလာ


မေလ ၂ရက်။

အာဏာသိမ်းကာလ သုံးနှစ်ကျော်တွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၉၃၄ ဦး ပိုင်ဆိုင်တဲ့ နိုင်ငံ တစ်ဝန်းက နေအိမ်၊ ကျောင်း၊ ဘာသာရေးဆိုင်ရာအဆောက်အုံနဲ့ စီးပွားရေးလုပ်ငန်း စုစုပေါင်း ၁၁၅၉ ခုကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေလ   ရက်နေ့မှာ ထုတ်ပြန်ပါတယ်

စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားတဲ့ အဆောက်အအုံ တစ်ထောင်ကျော်ထဲမှာ နေအိမ်နဲ့ တိုက်ခန်း ၈၈၇ လုံး၊ စီးပွားရေးလုပ်ငန်း ၂၈ ခု၊ ဆေးရုံဆေးခန်း ၁၁ ခု၊ တည်းခိုခန်းနဲ့ဟိုတယ် ၁၀ ခုနဲ့ စာသင်ကျောင်း ခုနစ်ကျောင်းလည်းပါဝင်တယ်လို့ AAPP ရဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။

ချိပ်ပိတ်သိမ်းဆည်းခံရမှုအများဆုံးကတော့ စစ်ကိုင်းတိုင်းထဲကဖြစ်ပြီး အဆောက်အအုံအရေအတွက် ၂၂၄ ခုအထိ ပါဝင်ပါတယ်။ ရန်ကုန်တိုင်းကတော့ ၁၆၉ လုံးနဲ့ ဒုတိယအများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ၁၅၇ လုံးနဲ့ တတိယအများဆုံး ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတာပါ။

နေအိမ်ချိပ်ပိတ်သိမ်းဆည်းခံရတာတွေနဲ့ ပတ်သက်လို့ နောင်တစ်ချိန်မှာ တရားမျှတမှုရရှိရေးအတွက် ပြန်လည်လုပ်ဆောင်ရမှာဖြစ်ပြီး နွေဦးတော်လှန်ရေးပြီးဆုံးသွားတဲ့အခါ မူရင်းပိုင်ဆိုင်သူတွေလက်ဝယ် ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းရမယ်လို့ AAPP ရဲ့ အမှုဆောင်အဖွဲ့ဝင် ဦးအောင်မျိုးကျော်က RFAကိုပြောကြားထားပါတယ်။

စစ်ကောင်စီဟာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကျူးလွန်နေတဲ့အပြင် အကြောက်တရားဖြစ်ပေါ်စေဖို့အတွက် နည်းလမ်းပေါင်းစုံသုံးပြီး လုပ်ဆောင်နေတယ်လို့လည်း AAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် ဒီကျူးလွန်နေမှုတွေကို ထိထိရောက်ရောက်အရေးယူပေးနိုင်ဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကို AAPP က တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက်ကိုခန့်၊ မင်းနွေဦး၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ စစ်တပ်ထုတ်ကုန် မြန်မာဘီယာ ဝယ်ယူသောက်သုံးခဲ့ကြတဲ့ TNLA ရဲဘော်တွေကို ကြိမ်ဒဏ်၊ အလုပ်ကြမ်းနဲ့  လူမှုရေး ပြစ်ဒဏ်များ ချမှတ် 


မေလ  ၂ရက်။

အကြမ်းဖက်စစ်ကောင်စီထုတ် မြန်မာဘီယာ ဝယ်ယူသောက်သုံးခဲ့ကြတဲ့ TNLA ရဲဘော်တွေကို ကြိမ်ဒဏ်၊ အလုပ်ကြမ်းနဲ့ လူမှုရေးပြစ်ဒဏ်တွေချမှတ်ကာ အပြစ်ပေးအရေးယူလိုက်တယ်လို့ တအာင်းတပ် TNLA က အသိပေးထုတ်ပြန်ပါတယ်။ 

မွေးနေ့ပါတီပွဲတခုမှာ TNLA က တားမြစ်ကန့်သတ်ထားတဲ့ မြန်မာဘီယာသောက်သုံးခဲ့ကြတဲ့ တပ်ဖွဲ့ဝင်ရဲဘော်တွေကို မေလ ရက်နေ့မှာ အပြစ်ပေးအရေးယူခဲ့တာလို့ သိရပါတယ်။ 

တားမြစ်ထုတ်ကုန် မြန်မာဘီယာ သောက်သုံးနေတဲ့ TNLA ရဲဘော်တွေကို ကြိမ်ဒဏ် ၁၀ ချက်စီနဲ့ အလုပ်ကြမ်းတလအပါအဝင် လူမှုရေးပြစ်ဒဏ်အဖြစ် အများပိုင်ဆေးရုံနဲ့ ဘုန်းကြီးကျောင်းတွေမှာ သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ TNLA ဘက်က အသိပေးပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာ PSLF/TNLA က စစ်တပ်ထုတ်ကုန်ပစ္စည်းများကို ရောင်း၀ယ်စားသုံးခြင်းမပြုရန် အမိန့်ထုတ်ပြန်ခဲ့တာရှိပါတယ်။

စစ်ကောင်စီရဲ့ စီးပွားရေးမဏ္ဏိုင်ပြိုလဲစေဖို့နဲ့ စစ်ကောင်စီအတွက် ဝင်ငွေလမ်းကြောင်း ပိတ်ပင်နိုင်ဖို့ ရည်ရွယ်ပြီး အမိန့် ထုတ်ပြန်ချက်အတိုင်း တားမြစ်ကုန်ထုတ်ပစ္စည်းတွေ ရောင်းဝယ်နေသူတွေကို အကြိမ်ကြိမ်သတိပေးပြီး စစ်တပ်ထုတ်ကုန် တွေကို ဆိုင်ရှင်အပါအဝင် အများရှေ့မှာ ဖျက်ဆီးခဲ့တယ်လို့ TNLAက ဆိုပါတယ်

ဒါ့ဟာ စစ်ကောင်စီရဲ့ ဝင်ငွေလမ်းကြောင်းကို အားပေးအားမြှောက်ဖြစ်စေတဲ့ ထုတ်ကုန်ပစ္စည်းတွေကို PSLF/TNLA က ထုတ်ပြန်ချက်အတိုင်း အရေးယူဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။

TNLA က သိမ်းပိုက်ထားတဲ့ အုပ်ချုပ်နယ်မြေ မြို့မှာ စစ်ကောင်စီထုတ်ကုန်ပစ္စည်းတွေ ရောင်း‌ဝယ်စားသုံးနေသူတွေကို တွေ့ရှိပါက ထုတ်ပြန်ချက်ပါအမိန့်အတိုင်း အရေးယူသွားမယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ မုံရွာ -ချောင်းဦးလမ်းပိုင်းမှာ  ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကြေးနီသယ် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ဦးသေဆုံး


မေလ ၂ရက်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ထဲက မုံရွာ -ချောင်းဦးလမ်းပိုင်းမှာ ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့နဲ့ ကြေးနီသယ်စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ဦး သေဆုံးသွားတယ်လို့ People's Defense Force - South Monywa က ထုတ်ပြန်ပါတယ်။

မေလ ရက်နေ့ မနက် ၁၁ နာရီခန့်အချိန်က ချောင်းဦးမြို့နယ် ဂွေးပင်တော ဘုန်းကြီးကျောင်းကနေ ထွက်လာပြီး ရေပိုးစားကန်အနီးမှာ လမ်းသွားလမ်းလာခရီးသည်တင်ကားတွေကို တားဆီးစစ်ဆေးနေတဲ့ အကြမ်းဖက်စစ်သားတွေကို လက်နက်ငယ်တွေနဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်ပစ်ခတ်ချိန်မှာ အကြမ်းဖက်စစ်သားတဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး မေလ ရက်နေ့ မနက်ပိုင်းမှာ ဒဏ်ရာရစစ်သားတွေထဲက ဦး ထပ်မံသေဆုံးသွားတယ်လို့ People's Defense Force - South Monywa က အသိပေးပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း - People's Defense Force - South Monywa တပ်ခွဲ Black Hunter People's Task Force တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နွေဦးလူငယ် People's Defense Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

ထို့ပြင် မေလ ရက်နေ့ မနက် နာရီခွဲခန့်အချိန်တုန်းကလည်း မုံရွာဘက်ကနေ ကြေးနီတွေတင်ပြီး ချောင်းဦးမြို့ဘက်  ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးအဖွဲ့တွေက ချောင်းဦးမြို့နယ် နတ်ရေကန်နဲ့ ငါးယှန်ရွာကြား မှာ ပဒေသာ မိုင်း လုံး တတွဲ လုံးတွဲ တတွဲနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီနောက် မနက် နာရီခန့်အချိန်မှာလည်း ဝမ်ပေါင်ကုမ္ပဏီကနေ ဒုတိယအသုတ်ထွက်လာတဲ့ ကြေးနီတင်ကာ ၈စီးနဲ့ Jammer စစ်ကားတစီးအနက် Jammer တပ် စစ်ကားကိုလည်း မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ထန်းလုံးမိုင်း အကြီး လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People's Defense Force - South Monywa တပ်ခွဲ မုံရွာ ခရိုင်တပ်ရင်း ၁၁ တပ်ခွဲ တပ်စု Youth Vigor Revolution Force နဲ့ တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေမှာ အကြမ်းဖက်စစ်သားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။


========================


🚩🚩 ၃။ ပေါက်မြို့နယ် (ပေါက် မြောက်ပိုင်း) ရှိ အခြေစိုက်တပ်စွဲနေသော စစ်ကောင်စီ၏ ရွှေဘုံသာပျူရွာ ကင်းစခန်းကုန်းအား တိုက်ခိုက်


မေလ ၂ရက်။

Radio NUG 

မေလ()ရက် မနက် (:၁၅) တွင် ပခုက္ကူခရိုင်၊ပေါက် မြို့နယ် (ပေါက် မြောက်ပိုင်း) ရှိ အခြေစိုက်တပ်စွဲနေသော စစ်ကောင်စီ၏ ရွှေဘုံသာပျူရွာ ကင်းစခန်းကုန်းအား တိုက်ခိုက်ခဲ့ကြောင်း အမှတ် (၈၁၅) တပ်ဖွဲ့ အနောက် မြောက်စစ်ဒေသ ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA)မှ သတင်းထုတ်ပြန်ထားပါတယ်။

မေလ()ရက် မနက် (:၁၅) တွင် ရန်သူ့ကင်းစခန်းကုန်းအား ဗုံးသီးချ Drone လက်နက်ကြီးတို့ဖြင့်စတင်ပစ်ခတ်ပြီး၊မနက်(:၃၀)နာရီခန့်တွင် ရွှေဘုံသာရန်သူ့ကင်းစခန်းကုန်း အတွင်းသို့ မြေပြင်တိုက်ခိုက်ရေးအင်အားစုများတက်ရောက် တိုက်ခိုက်နိုင်ခဲ့ခြင်း‌ကြောင့် ရန်သူစစ်ကောင်စီ တပ်သားတို့မှာ ဖရိုဖရဲထွက်ပြေးသွားခဲ့သည်ဟု ဖော်ပြထားပါတယ်။

စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူခြင်းနှင့် ခြေလျင်စစ်ကြောင်းထိုးလာမှုတို့ကြောင့် တော်လှန်ရေးအင်အားစုတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ရပြီး ရန်သူ့အကျအဆုံး၊ ထိခိုက်မှုတို့ကို အတိအကျ အတည်မပြုနိုင်ခဲ့ပါဟု ထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အမှတ်(၈၁၅)တပ်ဖွဲ့ PLA (အနောက် မြောက်စစ်ဒေသ) ပခုက္ကူတပ်ရင်း(၁၆) ခွဲ() ခွဲ() ခွဲ() ဖီးနစ်ပြောက်ကျားတပ်ဖွဲ့ PDO/PDA PRE I မဟာမိတ်တပ်ပေါင်းစု (MUGDF)ဇာမဏီပြောက်ကျားတပ်ဖွဲ့James Bondတပ်ဖွဲ့) RDF YRG တို့ ပူးပေါင်းကာ တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရပါတယ်။


========================


🚩🚩 ၄။ စဥ့်ကူးတွင် ပျူစောထီးအဖွဲ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု ရှိခဲ့


မေလ ရက်။

Radio NUG 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးမှုများ ရှိခဲ့တယ်လို့ ကင်းထောက်မြေပြင် သတင်းအဖွဲ(စဥ့်ကူး) ထံမှ သိရပါတယ်။


မေလ ရက်နေ့ နေ့လည် နာရီခွဲခန့် အချိန်မှာ စဉ့်ကူးမြို့နယ်၊ ကြိုပင်ရွာနဲ့ မင်းကြီးကုန်း ကျေးရွာကြား နေရာတွင် အဆိုပါ ပျူစောထီးအဖွဲ့ကို ဒေသကာကွယ်ရေး အဖွဲ့များက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


စဉ့်ကူးမြို့လည်က ရွှေကူကြီးဘုရားမှာ အထိုင်ချ တပ်စွဲထားတဲ့ ပျူစောထီးအဖွဲ့ ရွာသစ်ကြီးရွာ ဘက်ကို အသွားမှာ အခုလို ကြားဖြတ်တိုက်ခိုက်ခံရတာဖြစ်ပြီး ပျူ အဖွဲ့ဝင် ဦးခန့် သေဆုံးခဲ့တယ်လို့ သိရကြောင်း ၎င်း ကင်းထောက်မြေပြင် သတင်းအဖွဲ(စဥ့်ကူး) အဖွဲ့ဝင် တစ်ဦးက ပြောပြပါတယ်။


ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရပြီးနောက် ၎င်းနေရာကို စဉ့်ကူးမြို့ပေါ်က နာရေးကားများနဲ့ ကျေးရွာများမှ ပျူစောထီး အဖွဲ့များ သွားရောက်ခဲ့ကြတယ်လို့ ဒေသခံများထံက သိရပါတယ်။


မေလ ရက်နေ့ မနက် နာရီကလည်း စဥ့်ကူးမြိုနယ်၊ စဥ့်ကူး - ကျောက်မြောင်း လမ်းမပေါ်မှာ ဂိတ်ချ ငွေတောင်းခံနေတဲ့ စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရပြီး ရဲအရာရှိ ဦး အပါအဝင် ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ မှာလည်း စဉ့်ကူးမြိုနယ်၊ ဝါးပိုးချပ်ကျေးရွာက စစ်ကောင်စီ အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က သိမ်းပိုက်နိုင်ခဲ့ပြီး ဒုဗိုလ်မှူးကြီး ဦးအပါအဝင် ၁၁ ဦး သေဆုံး ခဲ့ပြီး  ၁၅ ဦး လက်နက်ချ အညံခံခဲ့ကာ လက်နက်ခဲ့ယမ်း အများအပြား သိမ်းပိုက်ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။


========================


🚩🚩 ၅။ ဆီဆိုင်မြို့နယ်ထဲက ရွှေတဂူဘုရား၊ ဘုန်းကြီးကျောင်းနဲ့ တံတားကို စစ်တပ်နဲ့ PNO က ပစ်ခတ်ဖျက်ဆီး


မေလ ၂ရက်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စုထဲမှာရှိတဲ့ ရွှေတဂူဘုရား၊ ဘုန်းကြီးကျောင်းနဲ့ ပြည်သူတွေ အသုံးပြုနေတဲ့တံတားကို အကြမ်းဖက်စစ်တပ်နဲ့ ၎င်းတို့လက်အောက်ခံ PNO ပြည်သူ့စစ်က ဖောက်ခွဲဖျက်ဆီးလိုက်တယ် လို့  ပအိုဝ်းတပ် PNLA က ထုတ်ပြန်ပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို မိုင်းခွဲဖျက်ဆီးခဲ့တာကြောင့် တံတားဟာ မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့ဟာ သဘက်ချောင်းတံတားကို မိုင်းခွဲဖျက်ဆီးခဲ့တဲ့အပြင် ဒရုန်းအသုံးပြုပြီး  မီးလောင်ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာလို့လည်း အသိပေးထားပါတယ်။ 

ထို့အပြင် ရွှေတဂူဘုရားဝင်းကိုလည်း ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် ဘုရားစေတီတွေလည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ 

အခုလို ဒေသခံပြည်သူတွေ အသုံးပြုသွားလာနေတဲ့ တံတားနဲ့ ပြည်သူလူထု အထွဋ်အမြတ်ထားရာ ဘာသာရေးအဆောက် အအုံတွေကို လာရောက်ဖျက်ဆီးတဲ့ စစ်ကောင်စီနဲ့ ၎င်းတို့လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်-PNLA က သွားရောက်ရှင်းလင်းရာ စစ်အုပ်စုဘက်က ဦးထက်မနည်းသေဆုံးပြီး အလောင်း လောင်းနဲ့ ခဲယမ်းကျည်ဆန်အချို့ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက်ဆီးမှု၊ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဆီဆိုင်မြို့နယ် သဘက်ကျေးရွာအုပ်စုက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။ 

စစ်ကောင်စီတပ်နဲ့ စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ဟာ ဧပြီလ ၂၇ ရက်နေ့ကလည်း သဘက်ကျေးရွာအုပ်စု ထဲက ဝိန်းကောင်ကျေးရွာအနီးရှိ သဘက်ချောင်းကူးတံတားကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့ပါသေးတယ်။

မိုင်းခွဲဖျက်ဆီးခံလိုက်ရတဲ့ တံတားတွေဟာ ဆီဆိုင်မြို့ကိုသွားရာ လမ်းတွေမှာရှိတဲ့အတွက် တော်လှန်ရေးတပ်တွေ လာရောက်တိုက်ခိုက်မှာကိုစိုးရိမ်တဲ့အတွက် အကြမ်းဖက်စစ်အုပ်စုဘက်က ဖောက်ခွဲဖျက်ဆီးလိုက်တာ ဖြစ်နိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်နေကြပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်ကိုခန့်၊ မင်းနွေဦး၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment