3rd MAY 2024 - Evening Daily News by Radio NUG

 

၂၀၂၄ မေလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စာနယ်ဇင်းလွတ်လပ်ခွင့် ကန့်သတ်ချုပ်ခြယ် ပိတ်ပင်တားဆီးတဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း NUG ထုတ်‌ပြန်

📌 ၂။ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် မီဒီယာနှင့် လူ့အခွင့်အရေးကာကွယ်သူတို့၏ အသံကိုမြှင့်တင်ရန် Exile Hubအဖွဲ့  ကမ်ပိန်းပြုလုပ်


၂၀၂၄ ခုနှစ် မေလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အကြမ်းဖက်စစ်တပ်ရဲ့ ကျီးကန်းပြင်ဌာနချုပ်ကို AA တိုက်ခိုက်သိမ်းပိုက်ပြီး

🚩 ၂။ ပေါင်းတည်မှာ ရေချိုးဆင်းလာတဲ့ စစ်ကောင်းစီတပ်ဖွဲ့ကို တိုက်ခိုက်မှု စစ်သား ဦး သေဆုံးကာ ဦးဒဏ်ရာရ

🚩 ၃။ ရေဖြူ ကံပေါက်ဒေသအခြေစိုက် ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းက လုပ်ငန်းသုံးကား စီးကို လက်နက်ကိုင် အဖွဲ့တခုက သိမ်းဆည်း

🚩 ၄။ ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နိုင်ရေး ပြည်သူများ ပူးပေါင်းပါဝင်ပေးကြဖို့ TNLA တိုက်တွန်း

🚩 ၅။ မြင်းခြံနယ်မှာ ဒေသခံပြည်သူတွေကို ပါးရိုက်ခဲ့တဲ့ ပျူစောထီး ထွန်းထွန်း ပစ်ခတ်ခံရပြီး သေဆုံး 

🚩 ၆။ ဆီဆိုင်မြို့နယ်ထဲက အများပြည်သူသုံးတံတားကို လာရောက်ဖျက်ဆီးခဲ့သော စစ်အုပ်ကို တိုက်ခိုက်မှု ၁၂ ဦး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စာနယ်ဇင်းလွတ်လပ်ခွင့် ကန့်သတ်ချုပ်ခြယ် ပိတ်ပင်တားဆီးတဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း NUG ထုတ်‌ပြန်


စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ ပြည်သူလူထုရဲ့ သတင်းအချက်အလက် သိပိုင်ခွင့်နဲ့ စဥ်းစားဆင်ခြင် တွေးခေါ်နိုင်စွမ်း မြင့်မား ရေးအတွက် အထူးအရေးပါတဲ့အတွက် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ခြယ် ပိတ်ပင် တားဆီးတဲ့ မည်သည့် လုပ်ရပ်မျိုးကိုမဆို အခိုင်အမာ ဆန့်ကျင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ သဘောထားရပ်တည်ချက်ကို ဒီနေ့ မေလ ရက်နေ့မှာ ထုတ်ပြန်ရာမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း () ပုဒ်မ ၄၂ ပါ သတင်းမီဒီယာများ၏ လွတ်လပ်စွာရပ်တည်ပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းတင်ပြပိုင်ခွင့်တို့အား အကာအကွယ် ပေးရမည်" ဆိုတဲ့ အခြေခံမူဝါဒနှင့်အညီ စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ သဘောထား ရပ်တည်ချက် များကို ထုတ်ပြန်ကြေညာလိုက်တာလည်းဖြစ်ပါတယ်။

ပြည်သူလူထုအနေနဲ့ တိုင်းရေးပြည်ရာကိစ္စအဝဝကို သေချာစွာ သိရှိနားလည် သဘောပေါက်ပြီး အရေးကြီးတဲ့ ဆုံးဖြတ် ချက်တွေကို မှန်ကန်စွာ ရွေးချယ်ချမှတ်နိုင်စေဖို့ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော သတင်းမီဒီယာများ၏ အခန်းကဏ္ဍ အထူးအရေးပါတာကို လေးနက်စွာ အသိအမှတ်ပြုကြောင်းလည်း ဖော်ပြထားပါတယ်။

ဒေသဆိုင်ရာ တိုင်းရင်းသားမီဒီယာများအပါအဝင် လွတ်လပ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော သတင်းမီဒီယာများ ခိုင်မာ အားကောင်းစွာ ရပ်တည်နိုင်ရေးအတွက်လည်း အားပေးထောက်ခံတယ်လို့ NUG က ဆိုပါတယ်။ 

စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ ပြည်သူလူထုရဲ့ သတင်းအချက်အလက် သိပိုင်ခွင့်နဲ့ စဥ်းစားဆင်ခြင် တွေးခေါ်နိုင်စွမ်း မြင့်မား ရေးအတွက် အထူးအရေးပါတာကြောင့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ခြယ် ပိတ်ပင် တားဆီးတဲ့ ဘယ်လုပ်ရပ် မျိုးကိုမဆို အခိုင်အမာ ဆန့်ကျင်တယ်လို့လည်း ပြောထားပါတယ်။

ဒါ့အပြင် သတင်းမီဒီယာတွေရဲ့ သီးခြားလွတ်လပ်မှု၊ ဘက်မလိုက်မှုနဲ့ ဓမ္မဓိဋ္ဌာန်ကျမှုတို့ကို ထိခိုက်စေမယ့် ကန့်သတ် တားဆီး ချုပ်ခြယ်မှု မှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်းလည်း အသိပေးထားပါတယ်။

NUG အနေနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် အားကောင်းခိုင်မာစေရေး အားပေးထောက်ခံသွားမှာဖြစ်ပြီး ပြည်သူလူထုရဲ့ သတင်း သိပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမှာဖြစ်တဲ့အပြင် လွတ်လပ်တဲ့သတင်းမီဒီယာများ သတင်းရယူ ပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ထို့အပြင် သတင်းမီဒီယာသမားတွေကို ခြိမ်းခြောက် နှောင့်ယှက်တဲ့ မည်သည့်လုပ်ရပ်မျိုးကိုမဆို ပြတ်သားစွာ ဆန့်ကျင်ပြီး ဒီလုပ်ရပ်တွေ ပပျောက်သွားစေဖို့နဲ့ သတင်းသမားများကို ကာကွယ်ပေးနိုင်ရေး ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။


========================


📌📌 ၂။ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် မီဒီယာနှင့် လူ့အခွင့်အရေးကာကွယ်သူတို့၏ အသံကိုမြှင့်တင်ရန် Exile Hubအဖွဲ့  ကမ်ပိန်းပြုလုပ်


မေလ ရက်၊ကေအိုင်စီ


ယနေ့ မေလ ()ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် မြန်မာမီဒီယာသမားများနှင့် လူ့အခွင့်အရေးကာကွယ်သူတို့ကို ပံ့ပိုးကူညီနေသည့် Exile Hub အဖွဲ့က  ငါ့အသံသာကျန် တော့တယ် (#OnlyMyVoiceLeft)”ကမ်ပိန်း ပြုလုပ်၍ ဂုဏ်ပြုခဲ့တယ်လို့ ကေအိုင်စီ သတင်းဌာနတွင်ရေးသားဖေါ်ပြထားပါတယ်။


အာဏာရှင်စနစ်အုပ်ချုပ်မှုအောက်တွင် ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ အတင်းအဓမ္မပြည်နှင်ခံရခြင်း ခံစားနေရသည့် မြန်မာနိုင်ငံမှ သတင်းမီဒီယာသမားများနှင့်လူ့အခွင့်အရေးကာကွယ်သူတို့၏ အသံကိုမြှင့်တင်ရန်၊ ၎င်းတို့၏ ရုန်းကန်လှုပ်ရှားမှုများကို မီးမောင်းထိုးပြရန်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လုံခြုံရေးဆိုင်ရာအခွင့်အရေးများကို ထောက်ခံအားပေးရန် ရည်ရွယ်ပြုသော ကမ်ပိန်းဖြစ်ကြောင်း Exile Hub က ဆိုသည်။


စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့မီဒီယာလုပ်ငန်းများအပေါ် သက်ရောက်မှုကြီး မားခဲ့သည့်အခြေအနေနှင့် သတင်းသမားများ ရင်ဆိုင်တွေ့ကြုံခဲ့ရသည့်အသံများကို အဆိုပါကမ်ပိန်းအတွင်း ဖော်ထုတ်တင်ပြထားပြီး Exile Hub အနေဖြင့်လည်း အထက်ပါအခြေအနေများကို မြင်သာရန်နှင့် လိုအပ်ချက်များကိုထောက်ပံ့ပေးခြင်းဖြင့် လွတ်လပ်စွာပြောဆိုခွင့်နှင့် သတင်းလွတ်လပ်ခွင့်ကို မြှင့်တင်ပေးရန်ဖြစ်သည်ဟု အဖွဲ့ သုတေသနဒါရိုက်တာ Yucca Wai(ယုကဝေ)က ပြောသည်။


၎င်းကကျမတို့ရဲ့ပန်းတိုင်ကတော့ သတင်းမီဒီယာသမားတွေရဲ့အခြေအနေကို မြင်သာအောင်ပြုလုပ်ပေးပြီး သူတို့ရဲ့လိုအပ်ချက်တွေကို ထောက်ပံ့လို့ လွတ်လပ်စွာပြောဆိုခွင့်နဲ့သတင်းပညာလွတ်လပ်ခွင့်ကို ကိုင်ဆွဲမြှင့် တင်ဖို့ပဲဖြစ်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ရဲ့အလုပ်ကိုကာကွယ်ပေးနိုင်မှာဖြစ်သလို လူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းတွေနဲ့ အသွင်ကူးပြောင်းရေးကာလတရားမျှတမှုတွေအကြောင်း ပိုမိုကျယ်ပြန့်လာအောင် လုပ်ဆောင်ပေးနိုင်ကြမှာဖြစ်တယ်ဟု ထုတ်ပြန်ချက်အတွင်း ပြောဆိုထားသည်။


ထို့အပြင် ထုတ်ပြန်ချက်တွင် နယ်စည်းမခြားသတင်းသမားများအဖွဲ့၏ ယခုနှစ် ဧပြီလပိုင်းက ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် သတင်းမီဒီယာသမား (၆၂) ဦးကို စစ်ကောင်စီက ဖမ်းဆီးအကျဥ်းချထားသည့်အခြေအနေသည် တကမ္ဘာလုံးအတိုင်းအတာဖြင့် သတင်းသမားများဖမ်းဆီးထောင်ချခံထားရသည့်အမြင့်ဆုံးစံချိန်ဖြစ်နေပြီး အမျိုးသမီးသတင်းသမားများအပါအဝင် ပြည်ပရောက်လာသည့် သတင်းသမား (၈၄.)ရာခိုင်နှုန်းမှာလည်း သတင်းလုပ်ငန်းနှင့်ဆက်စပ်ပြီး လုံခြုံရေးဆိုးရွားခြင်းနှင့် ခြိမ်းခြောက်ခံရမှုများကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာလာရသည် ဟု ဖော်ပြထားသည်။


ကျမ ရဲ့ အကြီးမားဆုံးစိုးရိမ်မှုက ကျမမိသားစုပါ။ ရန်ကုန်မှာ မိဘတွေချည်းပဲ ကျန်ခဲ့တယ်။ ကျမ နဲ့ ကျမမောင်လေး က သတင်းထောက်တွေအဖြစ် လုပ်နေပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ နေလို့မရသလို အိမ်လည်း ပြန်လို့မရပါဘူး။ ကျမရဲ့မိဘတွေက နိုင်ငံကူးလက်မှတ်မရှိ သလို နိုင်ငံခြားကိုလည်း မသွားချင်ဘူး။ ခရီးသွားဖို့ အတွေ့အကြုံလည်းမရှိပါဘူး။ မြန်မာနိုင်ငံကနေ ထွက်ပြေးလာသူတွေလည်း အလားတူ အခြေအနေမျိုး ကြုံနေရတယ်လို့ ထင်ပါတယ်။ဟု သတင်းထောက်တစ်ဦးက Exile Hub ကမ်ပိန်းအတွင်း ပါဝင်ပြောဆိုထားသည်။


ထို့အတူ ကမ္ဘာတစ်ဝှမ်းရှိ မီဒီယာလှုပ်ရှားသူ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့်လည်း မြန်မာ့ မီဒီယာများ၏လုပ်ပိုင်ခွင့်ကို ကာကွယ်ရန်အရေးကြီးသော ကြိုးပမ်းချက်များအပေါ် ရပ်တည် ထောက်ပံ့ပေးကြရန်‌လည်း Exile Hub က ထုတ်ပြန်ချက်အတွင်း တောင်းဆိုထားသည်။


၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် Exile Hub သည် မီဒီယာသမားများနှင့်လူ့ အခွင့်အရေးကာကွယ်သူများအတွက် ရန်ပုံငွေစုဆောင်းခြင်း၊ နေရာထိုင်ခင်းပံ့ပိုးပေးခြင်း၊ အလုပ်ရုံဆွေး နွေးပွဲနှင့်ဘေးကင်းလုံခြုံရေးဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့်စိတ်ကျန်းမာရေးဆွေးနွေးပေးခြင်းတို့ကို ပံ့ပိုးကူညီနေသောာ အဖွဲ့တစ်ခုဖြစ်သည်။


အလားတူ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် လွတ်လပ်သော မြန်မာ သတင်းမီဒီယာကောင်စီ-IPCM နှင့် နိုင်ငံတကာမြန်မာ့သတင်း-BNI တို့ ပူးပေါင်းကာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အခမ်းအနားကျင်းပနေကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကလည်း သတင်းမီဒီယာသမားများ၏ သီးခြားလွတ်လပ်မှု၊ ဘက်မလိုက်မှုတို့ကိုထိခိုက်စေသည့် ကန့်သတ်ထိန်းချုပ်မှုများအား ဆန့်ကျင်ကြောင်းနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်အားကောင်းရေး အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ရပ်တည်ချက်ထုတ်ပြန် ပြောဆိုထားသည်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ အကြမ်းဖက်စစ်တပ်ရဲ့ ကျီးကန်းပြင်ဌာနချုပ်ကို AA တိုက်ခိုက်သိမ်းပိုက်ပြီး


ရခိုင်ပြည် မောင်တောမြို့နယ်ထဲက အင်အား ၅၀၀ နီးပါးရှိတဲ့ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်စခန်း ကျီးကန်းပြင်ဌာနချုပ် ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေနဲ့ စစ်ရေးသတင်းရင်းမြစ် တွေဆီကနေ သိရပါတယ်။ 

မောင်တောမြို့ကို ရခိုင့်တပ်တော် AA က ရာနှုန်းပြည့် သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး ကျီးကန်းပြင်ဌာနချုပ်က စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်လည်း လက်နက်ချအညံ့ခံခဲ့တယ်လို့ ခိုင်လုံတဲ့သတင်းရင်းမြစ်က ပြောတဲ့အကြောင်း ဒေသတွင်း သတင်းတွေကိုဖော်ပြနေတဲ့ Western News က အထူးသတင်းအနေနဲ့ ဒီနေ့ မေလ ရက်မှာ ဖော်ပြပါတယ်။ 

မောင်တောမြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ အမှတ် နယ်ခြားစောင့်စခန်း ကျီးကန်းပြင်ဌာနချုပ်ကို မေလ ရက်နေ့ မနက် နာရီမှာ သိမ်းပိုက်ရရှိပြီးတဲ့နောက် မောင်တောမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီလို့လည်း ဆိုပါတယ်။

AA က ကျီးကန်းပြင်ဌာနချုပ်ကို ဧပြီလ ၂၅ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး မေလ ရက်နေ့ ၁၁ နာရီခွဲအချိန်မှာ ရခိုင့် တပ်တော် AA က အပြီးသတ် သိမ်းပိုက်သွားတာဖြစ်တယ်လို့ စစ်ဘက်သတင်းရင်းမြစ်ကလည်း ပြောပါတယ်။ 

 ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က နယ်ခြားစောင့်တပ်ဖွဲ့ဝင်နဲ့ စစ်သားအချို့ ဘင်္ဂလားဒေ့ရှ်နယ်ထဲ ထွက်ပြေး တိမ်းရှောင်နေတယ်လို့လည်း အသိပေးထားပါတယ်။ 

မောင်တောမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့် AA ထံ လက်နက်ချအညံ့ခဲ့ပြီး မွတ်ဆလင်အကြမ်းဖက်အဖွဲ့ ARSA ARA နဲ့ RSO တို့က စစ်ကောင်စီဘက်က ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ Western News ရဲ့ စိတ်ချရတဲ့ သတင်းရင်းမြစ်က ပြောထားပါသေးတယ်။ 

 စခန်းကိုလက်လွှတ်လိုက်ရတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ မေလ ရက်နေ့ မနက်ပိုင်းအထိ မောင်တော၊ ဘူးသီးတောင်နဲ့ ပေါက်တောမြို့နယ်တို့ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေသလို စစ်တွေမြို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ် လို့ သိရပါတယ်။

လက်ရှိမှာ ကျီးကန်းပြင်ဌာနချုပ်တခုလုံး ရခိုင့်တပ်တော် AA လက်အောက်ကို ကျရောက်သွားပြီဖြစ်တာကြောင့် ကျီးကန်းပြင် နယ်ခြားစောင့်တပ်စခန်းဌာနချုပ်နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ မနေ့ မေလ ရက် ၁၂ နာရီအချိန် ကစပြီး အဆက်အသွယ်ပြတ်တောက်သွားပြီလို့လည်း သိရပါတယ်။


========================


🚩🚩 ၂။ ပေါင်းတည်မှာ ရေချိုးဆင်းလာတဲ့ စစ်ကောင်းစီတပ်ဖွဲ့ကို တိုက်ခိုက်မှု စစ်သား ဦး သေဆုံးကာ ဦးဒဏ်ရာရ


ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင် ပေါင်းတည်မြို့နယ်မှာ ရေချိုးဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး ဦး ဒဏ်ရာရသွားတယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF -၃၆၀၁ တပ်ရင်းက ထုတ်ပြန်ပါတယ်။ 

ပေါင်းတည်မြို့နယ်ထဲက သစ်ပုတ်ကျေးရွာ တာဝါတိုင်အထိုင်စခန်းကနေ ရေချိုးဖို့ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မေလ ရက် ညနေ နာရီခန့်အချိန်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပဒေသာမိုင်း လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တာဝါတိုင်စခန်းကို ပြန်သယ်သွားတယ်လို့လည်း အသိပေးထားပါတယ်။ 

မိုင်းခွဲတိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF -၃၆၀၁ တပ်ရင်းနဲ့ ပေါက်ခေါင်း ပကဖတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ရေးပစ်မှတ်ဖြစ်တဲ့ စစ်ကောင်စီတပ်ဖွဲ့၊ရဲတပ်ဖွဲ့နဲ့ ပျူစောထီးတွေ၊ အုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ်ထားတိုက်ခိုက်နေချိန်ဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ စစ်အုပ်စုကို သတင်းပေးတာ၊ လမ်းပြတာတွေ မလုပ်ကြဖို့နဲ့ စစ်အုပ်စုရှိတဲ့နေရာတွေကို သတိထားရှောင်ကျဉ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။


========================


🚩🚩 ၃။ ရေဖြူ ကံပေါက်ဒေသအခြေစိုက် ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းက လုပ်ငန်းသုံးကား စီးကို လက်နက်ကိုင် အဖွဲ့တခုက သိမ်းဆည်း


တနင်္သာရီတိုင်း ကံပေါက်ဒေသမှာအခြေစိုက်တဲ့ ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းက လုပ်ငန်းသုံးကား စီးကို လက်နက်ကိုင်အဖွဲ့တခုက သိမ်းဆည်းသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ 

နတ်တောင်ဒေသမှာရှိတဲ့ ဇောတိက သဘာဝဓာတ်ငွေ့တိုင်းတာရေးစခန်းကိုသွားရာ ရေး-ထားဝယ်ကားလမ်း မိုင်တိုင် ၅၂ ဘေးကနေဝင်ရတဲ့ နတ်အိမ်တောင်လမ်း D2 နဲ့ D3 ဧရိယာကြားမှာ သိမ်းဆည်းခံလိုက်ရတာလို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Dawei Watch က ဖော်ပြပါတယ်။

လင်ခရူစာကားတစီးနဲ့ ဗိုဒ့်အမျိုးအစား ကား စီးကို သိမ်းယူသွားပေမယ့် ယာဉ်မောင်း ဦးနဲ့ ဝန်ခမ်း ၆ဦးကို ဖမ်းဆီးခဲ့ ခြင်း မရှိသလို ကားပေါ်ပါတဲ့ ပစ္စည်းတွေကိုလည်း သိမ်းယူသွားတာမရှိဘူးလို့ သိရပါတယ်။ 

ပြောက်ကျားဘောင်းဘီနဲ့ အရပ်ဝတ်အင်္ကျီဝတ်ထားတဲ့ လူ ၁ဝ ယောက်က ထွက်တားပြီး ကားတွေကိုယူသွားတဲ့အတွက် စစ်ကောင်စီကို အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်လို့ ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းဘက်ကလည်း ဖြစ်စဉ်ရှိခဲ့တာ မှန်ကန်ကြောင်း အတည်ပြုထား ပါတယ်။ 

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာတော့ လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေ ဘက်ကရော အကြမ်းဖက်စစ်ကောင်စီဘက်ကပါ ထုတ်ပြန်လာတာ မရှိသေးပါဘူး။  

ကံပေါက်ဒေသမှာ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့မိတ်ဖက်တွေဖြစ်တဲ့ ရတနာ၊ရဲတံခွန်နဲ့ ဇောတိက ဆိုတဲ့ သဘာဝ ဓာတ်ငွေ့စီမံကိန်း ခုရှိတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နိုင်ရေး ပြည်သူများ ပူးပေါင်းပါဝင်ပေးကြဖို့ TNLA တိုက်တွန်း


ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ တအာင်း တပ်မတော်-TNLA က တိုက်တွန်းပြောဆိုလိုက်ပါတယ်။ 

TNLA သတင်းပြန်ကြားရေးဌာနရဲ့ ဧပြီလအတွက် ထုတ်ဝေတဲ့စာစောင်မှာ ၁၀၂၇ စစ်ဆင်ရေးအပြီး တအာင်းပြည် အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်ခြင်း အခြေအနေနဲ့ပတ်သက်လို့ အယ်ဒီတာ့အာဘော်ကဏ္ဍကနေ အခုလိုတိုက်တွန်း လိုက်တာဖြစ်ပါတယ်။

ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ ပြည်သူလူထုကို ဝန်ဆောင်မှုပေးနိုင်ဖို့ လိုအပ်နေတဲ့ လူသားအရင်းအမြစ်နဲ့ နည်းပညာတွေကို မိဘပြည်သူအပေါင်းက မိမိတို့ကျွမ်းကျင်ရာ အခန်းကဏ္ဍကနေ ပူးပေါင်းပါဝင်ကြဖို့ TNLA က  တောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်က လွတ်မြောက်သွားပြီဖြစ်တဲ့ တအာင်းဒေသ တအာင်းပြည်အတွင်း PSLF/TNLA က အုပ်ချုပ်ရေးယန္တရားနဲ့ပတ်သက်ပြီး အကောင်အထည်ဖော်ရာမှာ အုပ်ချုပ်ရေးကော်မတီဖွဲ့စည်းပြီး အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေး၊ စည်ပင်သာယာနဲ့ မြေယာ သဘာ၀ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ဖော်ဆောင်နေတယ်လို့ အသိပေးထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ မှာစတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကနေ TNLA က နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ စတဲ့မြို့တွေအပါအဝင် တအာင်းဒေသကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ လက်အောက်ကနေ လွတ်မြောက်စေခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာTNLA အပါအဝင် ညီနောင်သုံးဖွဲ့ဟာ တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့အတူ ရှမ်းမြောက်ဒေသ အပစ်အခတ် ရပ်စဲရေးကို စစ်ကောင်စီနဲ့ ဇန်နဝါရီကတည်းက ပြုလုပ်ထားပြီးဖြစ်ပါတယ်။

ဒါကြောင့်လည်း တအာင်းပြည် တပ်မဟာ- စစ်ဒေသ နမ္မတူမြိုနယ်မှာရှိတဲ့ ပုဗ္ဗာရုံ ပရိယတ္တိရွှေကျင်ကျောင်းတိုက်မှာ တတိယအကြိမ်မြောက် ပရိယတ္တိအခြေပြု စာပြန်ပွဲနှင့် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ဧပြီ ၃ဝ ရက်နေ့ကပဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ မြင်းခြံနယ်မှာ ဒေသခံပြည်သူတွေကို ပါးရိုက်ခဲ့တဲ့ ပျူစောထီး ထွန်းထွန်း ပစ်ခတ်ခံရပြီး သေဆုံး 


မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ မီးပျက်နေတာကြောင့် ညအချိန် အပြင်ထွက်ထိုင်နေတဲ့ ဒေသခံပြည်သူတွေကို တန်းစီ ခိုင်းပြီး ပါးရိုက်ခဲ့တဲ့ ပျူစောထီး ထွန်းထွန်း ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ Freedom Fighter Guerrilla Force- FFGF က ထုတ်ပြန်ပါတယ်။ 

မြင်းခြံမြို့နယ် နတ်ထားကျေးရွာကို သီတာယုမွန်ပျူစောထီးအဖွဲ့က အဖွဲ့ဝင်လည်းဖြစ် လူမိုက်တစ်ဦးလည်းဖြစ်တဲ့ ပျူစောထီး ထွန်းထွန်း ရောက်ရှိလာကြောင်းသတင်းရတာကြောင့် တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ အဖမ်းမခံဘဲ ထွက်ပြေးတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားတာလို့ သိရပါတယ်။

သေဆုံးသူ ပျူစောထီးထွန်းထွန်းထံကနေ ကာဘိုင်ကျည် ၂၃ တောင့်နဲ့ ၇၉ ဒသမ ကပစ ထုတ် ကျည်တတောင့် သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါစစ်ဆင်ရေးကို Freedom Fighter Guerrilla Force -FFGF Anyar Federal Task Force-AFTF ပြည်ချစ်သား ပြောက်ကျားတပ်ဖွဲ့-MGN တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ၆။ ဆီဆိုင်မြို့နယ်ထဲက အများပြည်သူသုံးတံတားကို လာရောက်ဖျက်ဆီးခဲ့သော စစ်အုပ်ကို တိုက်ခိုက်မှု ၁၂ ဦး သေဆုံး 


ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ထဲက အများပြည်သူသုံး တဘက်ချောင်းတံတားကို လာရောက်ဖျက်ဆီးခဲ့ကြတဲ့ စစ်ကောင်စီတပ်နဲ့ ၎င်းတို့လက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ကို တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ရာ စစ်အုပ်စု ဘက်က ၁၂ ဦး သေဆုံးသွားတယ်လို့ Black Fox Southern Shan Local Defense Force က ထုတ်ပြန်ပါတယ်။ 

မေလ ရက်နေ့ ညနေ နာရီခွဲခန့်အချိန်က ဆီဆိုင်မြို့နယ် နောင်စကားကျေးရွာနဲ့ ရွှေတဂူဘုရားကြားရှိ တဘက်ချောင်း တံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တပ်ဖွဲ့က လာရောက်ဖျက်ဆီးခဲ့တာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၁၂ ဦးသေဆုံးသွားတာလို့ Black Fox Southern Shan Local Defense Force ပြောပါတယ်။

စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ဟာ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းကူး တံတားကို မိုင်းခွဲဖျက်ဆီးခဲ့တဲ့အပြင် တံတားကိုလည်း ဒရုန်းအသုံးပြုပြီး မီးလောင်ဗုံးကြဲချခဲ့တာကြောင့် တံတား ပျက်စီး သွားတယ်လို့ ပအိုဝ်းတပ် PNLA ကလည်း အသိပေးထားပါတယ်။

စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာတွင် တော်လှန်ရေးတပ်ပေါင်းစုများဘက်မှ ရှမ်းပြည်လူမျိုးပေါင်းစုံလွှတ်မြှောက်ရေး အဖွဲ့ (...) အရှေ့ရိုးမ E.Y.M PDF တပ်ခွဲ- 1006  PDF Black fox (Local Defense force) က... တပ်ဖွဲ့ တို့ပါဝင်တယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment