6th MAY 2024 - Morning Daily News by Radio NUG

 

၂၀၂၄ မေလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကျင်းပ

📌 ၂။ သက်တမ်းစေ့ရောက်ပြီး အစိုးရငွေတိုက်စာချုပ်များဖြင့် အာဏာရှင်နိဂုံး မြေကွက်၊ တိုက်ခန်းနှင့် ကွန်ဒို ရင်းနှီးမြှုပ်နှံမှုများကို ဝယ်ယူနိုင်မည့် အစီအစဉ်ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်အသိပေးကြေညာ

📌 ၃။ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် နယူးဇီလန်Auckland ရှိ မြန်မာလူထုနှင့်တွေ့ဆုံ 

📌 ၄။ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီနှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)တို့ ပူးပေါင်း၍ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာအဆင့်မြင့်သင်တန်း ဖွင့်လှစ်

📌 ၅။ တောင်ကိုရီးယားနှင့် မလေးရှားနိုင်ငံတို့တွင် တော်လှန်ရေး ရန်ပုံငွေ အားကစားပြိုင်ပွဲများပြုလုပ်

📌 ၆။ ကရင်နီပြည်ရှိစစ်ဘေးရှောင်စခန်းများမှာ အစားအစာအပါအဝင်ရေလိုအပ်ချက်နှင့် အမိုးအကာများအရေးပေါ်လို


၂၀၂၄ ခုနှစ် မေလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်မှုမထမ်းလိုပဲ အာဏာရှင်ဆန့်ကျင်မည့် လူငယ်များကို အဓိက ရွေးချယ်သင်ကြားပေးခဲ့သည့် အခြေခံစစ်သင်တန်းဓာတ်ပုံများထုတ်ပြန်

🚩 ၂။ FederalWingsရဲဘော်များ ပြည်သူလူထုစိုက်ခင်းများကိုကူညီရိတ်သိမ်းပေး

🚩 ၃။ တာဝါတိုင်စောင့်ကာ အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဗုံးသီးချတိုက်ခိုက်

🚩 ၄။ မြဝတီမြို့နယ်အနီးတဝိုက် စစ်ကောင်စီတပ် စခန်းငယ်အချို့ စခန်းစွန့်ခွာပြီး စခန်းကြီးတခုတည်းမှာပဲ သွားရောက်ပူးပေါင်းနေ

🚩 ၅။ ကြို့ပင်ကောက်၊ အလည်ကုန်း ရဲစခန်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ဦး သေဆုံး

🚩 ၆။ ရေး၊ လမိုင်းမြို့နယ်ခွဲ ကုလားဂုတ်ကျွန်းက စစ်ကောင်စီ ရေတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အရာခံဗိုလ် ဦး အပါအဝင် ဦး ဖမ်းဆီးရမိ

🚩 ၇။ ကလေးမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကြီး ထိမှန်ပြီး အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကျင်းပ


မေလ ၅ရက်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၅/၂၀၂၄) ကို မေလ၅ရက်ကကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၄/၂၀၂၄)တွင်ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အဆိုပါအစည်းအဝေးသို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ သက်တမ်းစေ့ရောက်ပြီး အစိုးရငွေတိုက်စာချုပ်များဖြင့် အာဏာရှင်နိဂုံး မြေကွက်၊ တိုက်ခန်းနှင့် ကွန်ဒို ရင်းနှီးမြှုပ်နှံမှုများကို ဝယ်ယူနိုင်မည့် အစီအစဉ်ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်အသိပေးကြေညာ


မေလ ၅ရက်။

သက်တမ်းစေ့ရောက်ပြီး အစိုးရငွေတိုက်စာချုပ်များဖြင့် အာဏာရှင်နိဂုံး မြေကွက်၊ တိုက်ခန်းနှင့် ကွန်ဒို ရင်းနှီးမြှုပ်နှံမှုများကို ဝယ်ယူနိုင်မည့် အစီအစဉ်ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်မှ မေလ ၄ရက် ရက်စွဲဖြင့် အသိပေးကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။


သက်တမ်းစေ့ရောက်ပြီး အစိုးရငွေတိုက်စာချုပ်များကို ပြန်လည်ရွေးနှုတ်လိုသူများအား ရွေးနှုတ်ငွေများကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလဆန်းမှ စတင်၍ ပြန်လည်ထုတ်ပေးလျက်ရှိရာ ယခုအချိန်အထိ အမေရိကန်ဒေါ်လာ . သန်းကျော်ကို ထုတ်ပေးပြီးဖြစ်တယ်လို့အသိပေးဆိုပါတယ်။


အဆိုပါ သက်တမ်းစေ့ရောက်ပြီး ပြန်လည်ထုတ်ယူခြင်းမပြုဘဲ ဆက်လက်၍ အလိုအလျောက် သက်တမ်းတိုးထားရှိသည့် ငွေတိုက်စာချုပ်များ၏ ပမာဏမှာ ၉၈% (ကိုးဆယ့်ရှစ် ရာခိုင်နှုံး) နီးပါးရှိသောကြောင့် တော်လှန်ပြည်သူအများ၏ တော်လှန်ရေးသန္နိဋ္ဌာန်နှင့် ပြင်းပြသော တော်လှန်ရေးအောင်စိတ်တို့ကို အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါတယ်လို့အသိပေးဖော်ပြထားပါတယ်။


သက်တမ်းစေ့ရောက်ပြီး ငွေတိုက်စာချုပ်ကို မိမိတို့လက်ဝယ်တွင် ဆက်လက်သိမ်းဆည်းထားရုံမျှဖြင့် သက်တမ်း နှစ်(1 year)တိုးပြီး ဖြစ်ကြောင်းကိုလည်း အသိပေးကြေညာခဲ့ပြီးဖြစ်ကာ ယခုအခါတွင် သက်တမ်းစေ့ရောက်ပြီး အစိုးရငွေတိုက်စာချုပ်များဖြင့် အာဏာရှင်နိဂုံး (EOD, The End of Dictatorship) ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများမှ ရောင်းချလျက်ရှိသည့် မြေကွက်၊ တိုက်ခန်းနှင့် ကွန်ဒိုများအဖြစ် ပြောင်းလဲဝယ်ယူနိုင်မည့် အစီအစဉ်နှင့် လုပ်ဆောင်ရန်အဆင့်များကို အသိပေးကြေညာအပ်ပါတယ်လို့ဖော်ပြပါတယ်။


အသေးစိတ်အချက်အလက်များကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနPage စာမျက်နှာတွင်ဖော်ပြထားရှိပါတယ်။


"တော်လှန်ပြည်သူများ၏ တခဲနက်သော ထောက်ကူအားပေးမှုကြောင့် နွေဦးတော်လှန်ရေးကြီးသည် အောင်မြင်မှု အရှိန်အဟုန်မြင့်မားစွာဖြင့် ဆက်လက်ချီတက် တိုက်ပွဲဝင်လျက် ရှိပါတယ်။ နွေဦးတော်လှန်ရေးကြီး၏ အဆုံးသတ်ပန်းတိုင်ဖြစ်သော အာဏာရှင်နိဂုံးအောင်ပွဲကို ဆိုက်ရောက်သည်အထိ မလျော့သော ဇွဲလုံ့လတို့ဖြင့် ထောက်ပို့အားဖြည့် တိုက်ပွဲဝင်သွားကြပါရန် တော်လှန်ပြည်သူများအပေါင်းအား လေးစားစွာ  မေတ္တာရပ်ခံတိုက်တွန်း အပ်ပါတယ်"လို့ပြည်ထောင်စုဝန်ကြီးက ဖော်ပြအသိပေးဆိုထားပါတယ်။


========================


📌📌 ၃။ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် နယူးဇီလန်Auckland ရှိ မြန်မာလူထုနှင့်တွေ့ဆုံ 


မေလ ၅ရက်။


လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် နယူးဇီလန်Auckland ရှိမြန်မာလူထုနှင့်တွေ့ဆုံခဲ့ပါတယ်။


မေလ ()ရက်  နယူးဇီလန်နိုင်ငံ၊Auckland မြို့ရှိ မြန်မာပြည်သူလူထုနှင့် တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးဟာ တက်ရောက်ခဲ့ပါတယ်။ 


အဆိုပါဆွေးနွေးပွဲတွင် လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်နေမှုများ၊ အောင်မြင်တိုးတက်မှုရရှိလာသည့် အခြေအနေများနှင့်စိန်ခေါ်မှုများ စသည့်အကြောင်းအရာများကို ပွင့်လင်းမြင်သာစွာ အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။


" နယူးဇီလန်ရောက်၊ မြန်မာပြည်ဖွားတိုင်းရင်းသားများနဲ့ တွေ့ဆုံတဲ့ပွဲမှာ လူတစ်ယောက်က ကျွန်တော့်ကိုမေးပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ကိုယ့်ရဲ့လုပ်ဆောင်မှုတွေကို ဘယ်လောက်ထိအားရသလဲ.. (၁ဲ) ကနေ (၁၀) အတွင်း အမှတ်ပေးပါဆိုရင် ဘယ်လောက်ထိပေးမလဲ" ဆိုတဲ့မေးခွန်း မေးလာပါတယ်။ ကျွန်တော်ရဲ့အဖြေလေးကတော့ ရှင်းရှင်းလေးပါ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အောင်မှတ်ရအောင်တောင်မလုပ်ဆောင်နိုင်သေးဘူးလို့ ပြောပါတယ်။ 

ဆက်ပြီးပြောတာတစ်ခုကတော့ ကိုယ့်ရဲ့လုပ်ဆောင်မှုကို ကိုယ်တိုင်ပြန်ပြီး အမှတ်ပေးခြင်းဆိုတာထက် ကိုယ့်ရဲ့လုပ်ဆောင်မှုအပေါ် ပြည်သူလူထုက ဘယ်လောက်ထိ အမှတ်ပေးမလည်းဆိုတဲ့အချက်က အရေးကြီးတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်"လို့ ဝန်ကြီးကလည်းအသိပေးဆိုထားပါတယ်။


တွေ့ဆုံဆွေးနွေးပွဲသို့ Auckland မြို့ရှိတိုင်းရင်းသားအင်အားစုများအပါအဝင် မြန်မာ့နွေဦးတော်လှန်ရေးကိုအားပေးထောက်ခံသူများလည်း ပါဝင်တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီနှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)တို့ ပူးပေါင်း၍ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာအဆင့်မြင့်သင်တန်း ဖွင့်လှစ်


မေလ ၅ရက်။


မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီနှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)တို့ ပူးပေါင်း၍ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာအဆင့်မြင့်သင်တန်း ဖွင့်လှစ်ခဲ့ပါတယ်။


မေလ၅ ရက်၊ တနင်္ဂနွေနေ့ကသင်တန်းကိုစတင်ဖွင့်လှစ်တယ်လို့ဆိုပါတယ်။


မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)သည် CDM နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)နှင့် ပူးပေါင်းပြီး အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ အဆင့်မြင့်သင်တန်းကို စတင်ဖွင့်လှစ်ခဲ့တယ်လို့အသိပေးဖော်ပြပါတယ်။


သင်တန်းကို ()ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။


========================


📌📌 ၅။ တောင်ကိုရီးယားနှင့် မလေးရှားနိုင်ငံတို့တွင် တော်လှန်ရေး ရန်ပုံငွေ အားကစားပြိုင်ပွဲများပြုလုပ်


မေလ ၅ရက်။ 

Radio NUG


တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့တွင် တော်လှန်ရေးရန်ပုံငွေ ထောက်ပို့နိုင်ရေး ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် မတရား စစ်မှုမထမ်းမနေရဥပဒေကို အလိုမရှိကြောင်းဆန္ဒပြပွဲကျင်းပခဲ့ကြပါသည်။

အဆိုပါပွဲတွင် တော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသူနိုင်ငံသားတို့ကို တော်လှန်ရေးအမြန်ဆုံးအောင်မြင်ရန် မိမိတို့စွမ်းနိုင်ရာဖြင့် အာဏာရှင်စနစ်ဆိုးမှလွတ်မြောက်အောင်ကြိုးစားကြရန် အဖွင့်အမှာစကားမိန့်ကြားခဲ့ကြောင်း သိရှိရသည်။

မလေးရှားနိုင်ငံတွင်လည်း ဂျိူဟိုးစီနိုင်း ညီညာစုရုန်း 22222 ပြည်ပထောက်ပို့အဖွဲ့က ဦးဆောင်၍ မေလ ၅ရက်နေ့တွင် "ငါတို့ပြည်သူ ငါတို့ကူကမ်ပိန်း" ရန်ပုံငွေဘောလုံး အားကစားပြိုင်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကမ်ပိန်းမှ ရရှိငွေများကို ဒေသခံပြည်သူ့တပ်မတော် PDF တပ်ဖွဲ့များထံ လှူဒါန်းထောက်ပို့ သွားမည်ဖြစ်ကြောင်း သိရှိရသည်။


========================


📌📌 ၆။ ကရင်နီပြည်ရှိစစ်ဘေးရှောင်စခန်းများမှာ အစားအစာအပါအဝင်ရေလိုအပ်ချက်နှင့် အမိုးအကာများအရေးပေါ်လို


မေလ ၅ရက်။


ကရင်နီပြည်ရှိ စစ်ဘေးရှောင်စခန်းများမှာ အစားအစာအပါအဝင်ရေလိုအပ်ချက်နှင့် အမိုးအကာများ အရေးပေါ်လိုနေတယ်လို့သိရပါတယ်။


မေလ၅ရက် ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်ကအသိပေးဆိုပါတယ်။


"မိုးမရွာတော့ရေမရှိဘူး မိုးလည်းရွာပြန်တော့ ရေသေချာမခံရတဲ့အပြင် နေတဲ့တဲပါပျက် တစ်ရက်နှစ်ရက်စာသာစားစရာရှိတဲ့ ဆန်တွေရေစိုကုန်ပြီ။အခုတော့ ရေလည်းပြန်တင်ရမယ် ဆန်လည်းနည်းနည်းဆီဝေပေးချင်တယ် နေထိုင်ဖို့တဲလည်းပြင်ကူချင်တယ်"လို့ဆိုပါတယ်။


ကူညီထောက်ပံ့လိုပါကဆန်တစ်အိတ် - ၉၀၀၀၀ ကျပ်၊ မိုးကာတစ်ချပ် - ၅၀၀၀၀ ကျပ် ရေတစ်စီး - နေရာအလိုက် ၃၅၀၀၀ - ၅၀၀၀၀ ကျပ်  လူသားဆန်စွာ ပါဝင်ကူညီလိုပါက ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်page messenger မှာလာရောက်ဆက်သွယ်မေးမြန်နိုင်တယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ လတ်တလော စစ်ဆင်ရေးများတွင် ရန်သူစစ်ယန္တရားကို ဖျက်ဆီးနိုင်ရုံမက လက်နက်ကြီး/ငယ် မြောက်များစွာကို လက်ရ သိမ်းပိုက်လျက် ရန်သူ့လက်နက်၊ ကိုယ့်လက်နက် ဖြစ်အောင် စွမ်းဆောင်နိုင်ပြီလို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူသို့ အစီရင်ခံ


မေလ ၅ရက်။

လတ်တလော စစ်ဆင်ရေးများတွင် ရန်သူစစ်ယန္တရားကို ဖျက်ဆီးနိုင်ရုံမက လက်နက်ကြီး/ငယ် မြောက်များစွာကို လက်ရ သိမ်းပိုက်လျက် ရန်သူ့လက်နက်၊ ကိုယ့်လက်နက် ဖြစ်အောင် စွမ်းဆောင်နိုင်ပြီလို့ ကာကွယ်ရေးဝန်ကြီးဌာနက မေလ၅ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း ()နှစ်ပြည့်ကာလပြည်သူသို့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြပါတယ်။


"လတ်တလော စစ်ဆင်ရေးများတွင် ရန်သူစစ်ယန္တရားကို ဖျက်ဆီးနိုင်ရုံမက လက်နက်ကြီး/ငယ် မြောက်များစွာကို လက်ရ သိမ်းပိုက်လျက် ရန်သူ့လက်နက်၊ ကိုယ့်လက်နက် ဖြစ်အောင် စွမ်းဆောင်နိုင်ခြင်းသည် အရေးကြီးသော စစ်ရေးတိုးတက် အောင်မြင်မှုဖြစ်တယ်"လို့ဆိုထားပါတယ်။


အဆိုပါ ရန်သူ့လက်နက်များဖြင့် PDF တပ်မတော်ကို အားဖြည့်တပ်ဆင်သွားမည်ဖြစ်ကာ PDF ရဲဘော်များ၏ လက်နက်ကြီး သုံးစွဲနိုင်စွမ်း မြင့်တက်လာမည်ဖြစ်သကဲ့သို့ PDF ဒရုန်း တပ်ဖွဲ့ကိုလည်း အင်အားတိုးချဲ့လျက်ရှိတယ်လို့ ဖော်ပြပါတယ်။


ယခုအခါ စစ်ဒေသနှင့်စစ်နယ်ဝှန်း အလိုက် အင်အား ထောင်ချီ ပါဝင်လျက် မွမ်းမံလေ့ကျင့်ခြင်း၊ စုဖွဲ့တပ်ဆင်ခြင်း၊ ကွပ်ကဲမှုတည်ဆောက်ခြင်းဖြင့် ထုအင်အား တည်ဆောက်လျက်ရှိပြီး ရည်ရွယ်ချက်မှာ မဟာဗျုဟာ ထိုးစစ်များ ဆင်နွှဲရန်နှင့် ဆေးတပ်၊ ဆက်သွယ်ရေးတပ်၊ အင်ဂျင်နီယာတပ်၊ ယာဥ်ယန္တရားတပ်စသော လက်ရုံးတပ်များကိုလည်း အင်အား တိုးချဲ့တည်ဆောက်နေတယ်လို့ အစီရင်ခံစာကဖော်ပြပါတယ်။


========================


🚩🚩 ၂။ ဆမားတပ်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ခုကို KIA ထပ်မံသိမ်းပိုက် 


မေလ ၅ရက်။ 

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက မေလ ညနေပိုင်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ တရက်မပြည့်မီအချိန်အတွင်း တပ်စခန်း ခုကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ မေလ ၄ရက် ညနေပိုင်းမှာ ဂီဒွန်၊ ဆမား၊ ဂဂမ်စတဲ့စခန်းတွေအပါအဝင် ဒေသတွင်းက တပ်စခန်းတွေကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး မေ နေ့လည်ပိုင်းအထိ ကာကင်းစခန်းတွေနဲ့ တပ်စခန်းတွေကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ 

ဂဂန်ဘွမ်ဒေသ ဆမားကောင် (ပွိုင့်-၁၃၇၉) ရတမ-၃၁၉ နဲ့ ပုန်းလိန်ဘွမ် (ပွိုင့်-၉၆၉) ရတမ-၃၁၉ အခြေကုတ်စခန်းကြီး ၂ခုကို မေလ ရက်နေ့ နေ့လည် ၁၂နာရီခွဲမှာ သိမ်းပိုက်လိုက်ပါတယ်။ 

တဘတ်ချောင်းရဲ့မြောက်ဘက်ခြမ်း KIA တပ်ရင်း- ဌာနချုပ်ဟောင်း နေရာဖြစ်တဲ့ ရတမ- ၄၃၈ ငါးကျန် (Nga Gyang)ပင်မစခန်းနဲ့ ကာကင်း A B (ပေါင်း ၃ခု) ကို မွန်းလွဲ နာရီခွဲအချိန်မှာ သိမ်းပိုက်ပြီးစီးပါပြီလို့ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။ 

စစ်ကောင်စီဟာ ဒီစခန်းတွေမကျစေဖို့ မေလ ရက်နေ့ကစပြီး လေကြောင်းရော မြေပြင်ကပါ အပြင်းအထန် ခုခံကာကွယ်ခဲ့ပေမယ့် KIA ဦးဆောင်တဲ့ မဟာတပ်တွေရဲ့ ထိုးစစ်ကို မယှဉ်နိုင်တာကြောင့် လက်လွှတ်ဆုံးရှုံးခဲ့ရတာလို့ စစ်ရေးသတင်းရင်းမြစ်အချို့က သုံးသပ်ပါတယ်။ 

မနက်ပိုင်းမှာ ဆွမ်ပရာဘွမ်က စစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး နေ့လည်ပိုင်းမှာတော့ ဝိုင်းမော်မြို့နယ်ထဲက ဆမား၊ ဂဂမ် ငါးဂရန် ပုံးလိန်စတဲ့ အရေးကြီးတဲ့စခန်းတွေကိုသိမ်းပိုက်နိုင်ခဲ့ပြီး 

၂၀၁၆ ခုနှစ်မှာ လက်လွှတ်ခဲ့ရတဲ့ နာမည်ကျော် ဂိဒေါန်စခန်းကို သိမ်းပိုက်ဖို့ကျန်နေသေးတယ်လို့ စစ်မြေပြင်မှာရှိနေတဲ့ PDF အရာရှိတဦးကလည်း ပြောပါတယ်။

ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့ The Kachin Sub-State Media အဆိုအရ မေလ ရက်နေ့ ညနေ နာရီ ၂ဝ ခန့်မှာ မြစ်ကြီးနားမှာရှိတဲ့ စစ်တပ်လေဆိပ် တိုက်ခိုက်ခံရတာကြောင့် 

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်-မပခ က လေကြောင်း အပါအဝင် စစ်အင်အားအလုံးအရင်းနဲ့ ခံစစ်အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။  

KIA ဦးဆောင်တဲ့မဟာမိတ်တပ်တွေဟာ ထိုးစစ်စခဲ့တဲ့ မတ်လ ရက်ကစပြီး လက်ရှိအချိန်ထိ KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီးက စစ်ကောင်စီ စခန်းများ၊ မြစ်ကြီးနား-ဗန်းမော်လမ်း၊ ဝိုင်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်၊ ဗန်းမော်-လွယ်ဂျယ် လမ်း၊ ဆွမ်ပရာဘွမ်၊ ဖားကန့်၊ တနိုင်း စတဲ့ မြို့နယ်တွေက စစ်ကောင်စီစခန်းပေါင်း ၇၀ ခန့်ကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။


========================


🚩🚩 ၃။ ရခိုင်ဒေသက တိုက်ပွဲများအတွင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၄၀ ခန့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထပ်မံထွက်ပြေးခဲ့


မေလ ၅ရက်။

Radio NUG

ရခိုင်ပြည်နယ်က တိုက်ပွဲများအတွင်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၄၀ ဦးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထပ်မံထွက်ပြေးခဲ့ကြတယ်လို့ The Business Standard သတင်းဌာနက 

မေလ ရက်နေ့မှာ ရေးသားဖော်ပြထားပါတယ်။


မေလ ရက်နေ့ မနက်ပိုင်းမှာ နှစ်နိုင်ငံ နယ်စပ်က နတ်မြစ်ကိုဖြတ်ကျော်ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၄၀ ဦးခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ တက္ကနာမြို့ကို ထွက်ပြေးခဲ့တာလို့ သိရပါတယ်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာတဲ့ အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များဟာ မောင်တောမြို့နယ် ကျီးကန်ပြင် နယ်ခြားစောင့် ဌာနချုပ်မှ ဖြစ်နိုင်ပြီး AA ရဲ့ ထိုးစစ်တွေကြောင့် ထွက်ပြေးခဲ့ကြတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။


အဆိုပါ နယ်ခြားစောင့် တပ်ဖွဲ့တွေက လက်နက်ခဲယမ်းတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ရောက်ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Mainul Kabir က အတည်ပြု ပြောကြားထားပါတယ်။


ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၂၈၈ ဦးကို ဘင်္ဂလားဒေ့ရှ် အစိုးရက စစ်ကောင်စီထံ ပြန်လည်လွဲပြောင်း ပေးအပ်ထား ပါတယ်။


========================


🚩🚩 ၄။ မြန်မာ-ထိုင်း နယ်စပ်မှာ ကရင်နီ တော်လှန်ရေး တပ်တွေ စတင်ကင်းလှည့်


မေလ ၅ရက်။

Radio NUG


မြန်မာ-ထိုင်း နယ်စပ် မြန်မာဘက်ခြမ်း ကရင်နီဒေသမှာ ကရင်နီတော်လှန်ရေး တပ်ဖွဲ့တွေက ကင်းလှည့်မှုတွေ စတင်လုပ်ဆောင်နေတယ်လို့ ထိုင်းအခြေစိုက် Bangkok Post သတင်းဌာနက ဖော်ပြထားပါတယ်။


မေလ ရက်က စတင်ပြီး ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်ရဲ့ နယ်စပ်တဖက်ခြမ်းမှာ ပုံမှန်ကင်းလှည့်တာတွေ လုပ်ဆောင်မှာဖြစ်ကြောင်း ကရင်နီတပ်မတော် (KA) က ထိုင်းအာဏာပိုင်တွေကို အသိပေးအကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။


နယ်စပ်တလျောက်မှာ ရှိနေတဲ့ စစ်ကောင်စီရဲ့ လက်အောက်ခံ တပ်စခန်းတွေကို ကရင်နီ တော်လှန်ရေး တပ်တွေက သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး နောက်ပိုင်းမှာ အခုလို နယ်စပ်လုံခြုံရေးကင်းလှည့်ဖို့ အစီအမံတွေကို စတင် ပြင်ဆင်လာခဲ့တာပါ။


ထိုင်းနယ်စပ်တလျောက်က စစ်ကောင်စီ တပ်စခန်း ၁၀ ခုထက်မနည်းကို သိမ်းယူထားပြီး နောက်ပိုင်းမှာ KAနဲ့ KNDF တို့က အင်အား ၂၂၀ ခန့်ရှိ ပူးပေါင်းအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပြီး နယ်စပ်လုံခြုံရေး ကင်းလှည့်မှုတွေကို ကိုင်တွယ်သွားမှာ ဖြစ်တဲ့အပြင် သစ်တောရေးရာ အရာရှိအဖြစ် အဖွဲ့ဝင် ၁၂ ဦးကို ခန့်အပ်ဖို့လည်း စီစဉ်နေတယ် လို့ သိရပါတယ်။


စစ်ကောင်စီက နိုင်ငံအနှံ့က စစ်ပွဲတွေမှာ အကြီးအကျယ် ရှုံးနိမ့်နေပြီး ပြီးခဲ့တဲ့ လပိုင်း အတွင်းမှာတင် နယ်စပ်ဒေသ တော်တော်များများအပြင် နယ်စပ်ကုန်သွယ်ရေး မြို့ကြီး တချို့ကိုပါ လက်လွတ်ဆုံးရှံး ထားရတာ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ ရေးပြောက်ကျားတပ်-YDF ရဲ့ တစ်နေ့တာ စားသောက်မှုပုံရိပ်များထုတ်ပြန်


မေလ ၅ရက်။

Radio NUG


မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် ရေးပြောက်ကျားတပ် Ye guerrilla Force YDFက ရှေ့တန်းမှာ အကြမ်းဖက်စစ်တပ်နဲ့ တိုက်ခိုက်နေကြတဲ့ ရဲဘော်များရဲ့ ထမင်းဟင်းတစ်နေ့စာနှင့် နောက်တန်းရှိ ရဲဘော်များရဲ့ အသားဟင်းတစ်နေ့စာ စားသောက်ရတဲ့ ပုံရိပ်များကို ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။


စက်လက်တစ်လက် သို့မဟုတ် M16 ငါးလက်ဝယ်ယူဖို့အတွက် "တော်လှန်ထောက်ကူ သကြင်္န်အလှူGUNS" ကမ်ပိန်းကာလ(30 April) နောက်ဆုံးနေ့ရက်အထိ ကမ်ပိန်းBudget သိန်း(550)ပြည့်ဖို့ လိုအပ်နေတာကြောင့် ကမ်ပိန်းကာလကို May 1 to May 15 ရက်နေ့အထိ ထပ်တိုးထားပြီး တော်လှန်သောမိဘပြည်သူများအားလုံး ထပ်တိုးကာလ 15ရက်အတွင်း Targetပြည့်ရအောင် ဝိုင်းဝန်းကူညီအားဖြည့်ပေးကြဖို့ 

တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


🚩🚩 ၆။ ဘီယာသောက်နေတဲ့ နယ်ထိန်းရဲကို ရေးဘီလူး အဖွဲ့ ပစ်ခတ်ရှင်းလင်း


မေလ ၅ရက်။

Radio NUG

မေလ ၅ရက်နေ့ ညနေ 3 နာရီတွင် မွန်ပြည်နယ် ရေးမြို့ ရန်မျိုးအောင်ရပ်ကွက်မှာ ရာသီဥတုပူလို့ Beer သောက်နေတဲ့ သုံးရက်ကွက်ပိုင် ရာထူးရှိတဲ့ နယ်ထိန်းရဲအောင်သူကို ပစ်ခတ်ရှင်းလင်းခဲ့လို့ ထုတ်ပြန်ထားပါတယ်။

နယ်ထိန်းရဲ အောင်သူထံမှ ပြည်သူလူထုများထံ မတရားအနိုင်ကျင့်ပီးရလာတဲ့ ငွေနဲ့ ပြုလုပ်ထားတဲ့ ရွှေဆွဲကြိုးနဲ့ လက်ကိုင်ဖုန်းသိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

သေဆုံးသူ နယ်ထိန်းဟာ အသက် ၄ဝ ဝန်းကျင်အရွယ်ရှိပြီး ရေးမြို့က လောင်းကစားဝိုင်းတွေကို ငွေကြေးကောက်ခံ ခွင့်ပြုပေးနေသူဖြစ်သလို လူငယ်တွေ ညဘက်အပြင်ထွက်ရင်လည်း ဖမ်းဆီးနှိပ်စက် ရိုက်နှက်တာတွေ၊ ပြည်သူကို ဒုက္ခပေးတာတွေ ရှိတယ်လို့ ပြည်သူတွေက တိုင်ကြားလာတာကြောင့် အခုလို ပစ်ခတ်ရှင်းလင်းလိုက်တာ ဖြစ်တယ်လို့ ရေးဘီလူးအဖွဲ့မှ ပြောဆိုထားပါတယ်။


========================


🚩🚩 ၇။ စလင်းမြို့နယ်အတွင်း PDF တပ်ဖွဲ့က လမ်းပိုင်းလုံခြုံရေး စစ်ဆေးမှုများပြုလုပ်


မေလ ၅ရက်။

မကွေးတိုင်း စလင်းမြို့နယ်အတွင်းမှာ PDF တပ်ဖွဲ့ဝင်တွေက လမ်းပိုင်းလုံခြုံရေးအတွက် စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကရဲဘော်တွေ မေလ ရက်နေ့ မနက် နာရီခွဲခန့်မှာ စလင်းမြို့နယ်ထဲက ဆင်ဖြူကျွန်းမြို့နဲ့ နွယ်တမယ်ရွာကြား စလင်းချောင်းကိုဆက်သွယ်ထားတဲ့ ဆင်ဖြူကျွန်း - နွယ်တမယ်တံတားပေါ်နဲ့ ဆုတ်လေဦးဘက်တို့မှာနေရာယူခဲ့ပြီး ဒေသခံပြည်သူတွေကို အားပေးစကားပြောကြားခဲ့ပြီး လမ်းပိုင်းလုံခြုံရေးအတွက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆင်ဖြူကျွန်း - နွယ်တမယ်တံတားရဲ့ နွယ်တမယ်ကျေးရွာဘက်ခြမ်းမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရောက်ရှိနေပေမယ့် တဖက်ခြမ်းမှာရှိနေတဲ့ ဆင်ဖြူကျွန်းရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဟာ စိုးရိမ်ထိတ်လန့်စွာနဲ့ ငြိမ်နေကြတယ်လို့လည်း သိရပါတယ်။

မေလ ရက်နေ့ မနက်ပိုင်းကလည်း ဆင်ဖြူကျွန်းမြို့နဲ့ တညောင်ကျေးရွာကြားကလမ်းပိုင်းမျာ စလင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ခဲ့တာလည်းရှိပါတယ်။

စလင်းမြို့ပြင်နယ်နိမိတ်မှာရှိတဲ့ လမ်းမကြီးတွေမှာ စလင်းပြည်သူ့ကာကွယ်ရေးက ရဲဘော်တွေ လုံခြုံရေးထပ်တိုးပြီး စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်တာကြောင့် ယာဉ်မောင်းတွေအနေနဲ့ ကားမှန်ချမောင်းနှင်ကြဖို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment