13th JUN 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဇွန်လ ၁၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ နှစ်တာကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ခွဲစိပ်ကုသမှုပေါင်း လေးထောင်ကျော်ခွဲစိပ်ကုသမှုပေးခဲ့

📌 ၂။ "အကြမ်းဖက်စကစရဲ့စစ်မှုထမ်းဥပဒေဟာ တိုင်းပြည်နဲ့ပြည်သူရဲ့အကျိုးထက်စစ်တပ်ရဲ့အကျိုးကိုလုပ်ဆောင်နေတာဖြစ်ပြီး လူသားမျိုးနွယ်ကိုကျူးလွန်တဲ့ရာဇဝတ်မှုပဲတယ်"လို့ လူ့အခွင့်ရေးဝန်ကြီးဆို

📌 ၃။ မင်းအောင်လှိုင်ကို ပြုတ်အောင်ချမှတိုင်းပြည်စီးပွားပျက်ကပ်ချောက်ကမ်းပါးကနေ တက်နိုင်မယ့် သဘောရှိတယ်လို့ဆို

📌 ၄။ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်   ဝင်ခွင့်စာမေးပွဲဇွန်လ ၁၅-ရက်နေ့ တစ်ရက်တည်းသာ ဝင်ရောက်ဖြေဆိုနိုင်မည်

📌 ၅။ နွေဦးတော်လှန်ရေးမှာပါဝင်နေသူတွေဟာ စနစ်ဟောင်းကိုသာဖြိုဖျက်ဖို့ ကြိုးစားနေကြသူတွေဖြစ်တယ်လို့ဆို

📌 ၆။ ကျိုက်မရောအကျဉ်းထောင်မှာ အကျဉ်းသားတဦး ဓာတ်လိုက်ပြီး ပေ ၂ဝ ကျော်အမြင့်ကနေ ပြုတ်ကျတာကြောင့် အသက်အန္တရာယ်စိုးရိမ်ရ


၂၀၂၄ ခုနှစ် ဇွန်လ ၁၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသခွဲ () အမှတ် ၁၈၀၃ ဒရုန်းအထူးတပ်ဖွဲ့ ဒရုန်းသင်တန်းဆင်းပွဲကျင်းပ

🚩 ၂။ နမခ ကာကင်းစခန်းသိမ်းတိုက်ပွဲက ဖမ်းမိခဲ့သူတွေကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ NUG အသိပေး

🚩 ၃။ စစ်ကောင်စီတပ်ကို ဘက်ပြောင်းခိုလှုံသွားသူ ဦးဆောင်တဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၇ဦး သေဆုံး

🚩 ၄။ ဆဒုံးဗျူဟာကုန်းကို သိမ်းပိုက်ခဲ့ရာမှာ လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိ

🚩 ၅။ မတ္တရာဘက်ကို စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက် သေဆုံးမှုတွေရှိနိုင်တယ်လို့ ဆို 

🚩 ၆။ ရေးမြို့အနီး စကစတပ်များကင်းပုန်းလာရာလမ်းပိုင်းကို ရေးဘီလူးအဖွဲ့တက်ရောက်၍ လမ်းပိုင်းစိုးမိုး

🚩 ၇။ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းဂုံးတံတားအောက်ရှိ စိန်ပန်းမြိုင်ရဲရိပ်သာယာဥ်ထိန်းရုံးအား အားပြင်းသောမိုင်း၂လုံးဖြင့်ဖောက်ခွဲ

🚩 ၈။ ၂၀၂၄ ခုနှစ် ငါးလတာကာလအတွင်းစကစဘက်က လက်နက်ချ အလင်းဝင်သူ အရာရှိ နဲ့ တပ်သားစုစုပေါင်းဟာ အကြမ်းဖျဉ်းအားဖြင့် (,၃၀၀) ထက်မနည်း ရှိနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ နှစ်တာကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ခွဲစိပ်ကုသမှုပေါင်း လေးထောင်ကျော်ခွဲစိပ်ကုသမှုပေးခဲ့


ဇွန်လ၁၃ရက်


ဇွန်လအတွင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များကိုအသိပေးဖော်ပြရာ၌  နှစ်တာကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှု‌ပေးခဲ့ရာ ခွဲစိပ်ကုသမှုပေါင်း လေးထောင်ကျော် ခွဲစိပ်ကုသမှုပေးခဲ့တယ်လို့ သိရပါတယ်။


၁၆--၂၀၂၁ မှ ၁၆--၂၀၂၄ အထိ ခွဲစိပ်ကုသမှု ပေါင်း၄၀၁၆၉ ရှိခဲ့ပါတယ်။


ဒါ့အပြင် ပြင်ပလူနာစောင့်ရှောက်မှုဦးရေမှာ ၃နှစ်အတွင်း၄ဆ ပိုမိုများပြားတယ်လို့သိရပါတယ်။


လက်ရှိမှာဆေးရုံ၇၇ရုံ၊ဆေးခန်း၃၇၇ခု၊ ရွေးလျားဆေးခန်း၂၅၀ခုနဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါတယ်။


========================


📌📌 ၂။ "အကြမ်းဖက်စကစရဲ့စစ်မှုထမ်းဥပဒေဟာ တိုင်းပြည်နဲ့ပြည်သူရဲ့အကျိုးထက်စစ်တပ်ရဲ့အကျိုးကိုလုပ်ဆောင်နေတာဖြစ်ပြီး လူသားမျိုးနွယ်ကိုကျူးလွန်တဲ့ရာဇဝတ်မှုပဲတယ်"လို့ လူ့အခွင့်ရေးဝန်ကြီးဆို


ဇွန်လ၁၃ရက်


"အကြမ်းဖက်စကစရဲ့စစ်မှုထမ်းဥပဒေဟာ တိုင်းပြည်နဲ့ပြည်သူရဲ့အကျိုးထက်စစ်တပ်ရဲ့အကျိုးကိုလုပ်ဆောင်နေတာဖြစ်ပြီး လူသားမျိုးနွယ်ကိုကျူးလွန်တဲ့ရာဇဝတ်မှုပဲတယ်"လို့ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။


စစ်မှုထမ်းဥပဒေကိုလူ့အခွင့်ရေးရှုထောင့်ကကြည့်ရှုခြင်း အစီအစဥ်မှာ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းကသုံးသပ်ပြောပါတယ်။


"တိုင်းပြည်ရဲ့အကျိုးပြည်သူရဲ့အကျိုးထက်စစ်တပ်ရဲ့အကျိုးကိုလုပ်နေတာကိုထောက်ပြချင်ပါတယ်။ဒုတိယတခုက သမိုင်းတလျှောက်မှာပြည်သူကိုနှိပ်စက်ညှင်းပန်းပြီးတော့ ကျွန်ပြုတာတွေ၊မိုင်းရှင်းကိရိယာအဖြစ်အသုံးပြုတာတွေ၊မနုဿ ကျည်ကာအဖြစ်အသုံးပြုတဲ့လူတွေက အခုအချိန်မှာဝင်လာတဲ့တပ်သားသစ်ကို လူ့အခွင့်အရေးချိုးဖောက်ဖို့တရားဝင်လိုင်စင်တွေထုတ်ပေးမယ့်ပုံစံမျိုးဖြစ်သွားတယ်။ဒါကြောင့် ဒီအချိန်မှာ စစ်မှုထမ်းဖို့လုပ်ဆောင်တာရည်ရွယ်ချက်မကောင်းဘူး။သက်ရောက်မှုကလူငယ်တွေအပေါ် အများကြီးသက်ရောက်မှုဖြစ်စေပါတယ်။အမှန်တော့ အတင်းအကြပ်စေခိုင်းတာကလူ့အခွင့်အရေးချိုးဖောက်မှုပဲ ဖြစ်တယ်။သူက၁၈ကနေ၃၅အထိ နောက်ထပ်လူငယ်တွေကိုဦးတည်တာမို့ လူသားမျိုးနွယ်ကိုကျူးလွန်တဲ့ရာဇဝတ်မှုပဲ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာအကြမ်းဖက်စကစဟာ စစ်မှုထမ်းဥပဒေကိုအသက်သွင်း၍ လူငယ်အမျိုးသားများကို အတင်းအကြပ်ခေါ်ယူသင်တန်းကာ ရှေ့တန်းစစ်မြေပြင်သို့ပို့ဆောင်လျက်ရှိနေပါတယ်။


========================


📌📌 ၃။ မင်းအောင်လှိုင်ကို ပြုတ်အောင်ချမှတိုင်းပြည်စီးပွားပျက်ကပ်ချောက်ကမ်းပါးကနေ တက်နိုင်မယ့် သဘောရှိတယ်လို့ဆို


ဇွန်လ၁၃ရက်


မင်းအောင်လှိုင်ကို ပြုတ်အောင်ချမှတိုင်းပြည်စီးပွားပျက်ကပ်ချောက်ကမ်းပါးကနေ တက်နိုင်မယ့် သဘောရှိတယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်က ဇွန်လအတွင်း ဆိုရှယ်မီဒီယာမှတစ်ဆင့် သုံးသပ်ဆိုထားပါတယ်။


"World Bank June Economic Monitor ဖတ်ပြီးသွားပါပြီ။ရှေ့နှစ်ကတော့ လမ်းကြမ်းကြမ်းပဲ၊ စကစ နဲ့ မင်းအောင်လှိုင်ကြောင့် တိုင်းပြည်ပျက်စီးသွားရမှု ကိုဒေတာ အချက်အလက်တွေနဲ့ ဝေဝေဆာဆာ ကိုတင်ပြထားတာပဲ။ အာဏာသိမ်း မှု နောက်ပိုင်း မှာ ဆင်းရဲမွဲတေမှု က ၃၂ ရာခိုင်နှုန်းကျော်သွားပြီ၊ မြို့ပြကလူတွေလည်းသိသိသာသာ ဆင်းရဲလာကျတယ်၊ 

ကျပ်ငွေ တန်ဖိုးကျဆင်းမှုကိုလည်းမထိန်းနိုင်ဘူး။မီးပျက်တာကလည်း ရေရှည်ဆက်သွားဖို့ရှိတယ်။ကုန်စျေးနှုန်းကြီးမြင့်မှု ဒဏ် နဲ့ အဓမ္မ စစ်သားစုဆောင်းမှု တွေကြောင့် လုပ်သား လိုအပ်ချက်တွေများလာတယ်။စစ်အသုံးစရိတ် က တဟုန်ထိုးမြင့်လာ ၂၀ ရာခိုင်နှုန်းနီးပါးရှိနေပြီး၊ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ် တွေ တဟုန်ထိုးကျသွားပါတယ်။ဆိုတော့ ခါးပတ် တင်းတင်းပတ်ပြီး မင်းအောင်လှိုင်ကို ပြုတ်အောင်ချမှ ဒီချောက်ကမ်းပါးက တက်နိုင်တော့မယ့် သဘောပဲ"လို့ဆိုပါတယ်။


လက်ရှိမှာ မြန်မာ၏နယ်စပ်ကုန်သွယ်ရေး ကျဆင်းသွားကာဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေနဲ့ ရွှေထိန်းကျောင်းမှုမှာလည်း အလုပ်မဖြစ်ပဲအခက်တွေ့လျက်ရှိနေပါတယ်။


========================


📌📌 ၄။ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်   ဝင်ခွင့်စာမေးပွဲဇွန်လ ၁၅-ရက်နေ့ တစ်ရက်တည်းသာ ဝင်ရောက်ဖြေဆိုနိုင်မည်


ဇွန်လ၁၃ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်   ဝင်ခွင့်စာမေးပွဲဇွန်လ ၁၅-ရက်နေ့ တစ်ရက်တည်းသာ ဝင်ရောက်ဖြေဆိုနိုင်မည်ဖြစ်ကြောင်းသိရပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားလာသော ကျောင်းသား၊ ကျောင်းသူများထံသို့ ဝင်ခွင့်စာမေးပွဲဖြေဆိုရမည့် မေးခွန်းလင့်ခ်များနှင့်အတူ ဖြေဆိုနည်း လမ်းညွှန်များအား လျှောက်ထားခဲ့စဉ်က ဖြည့်သွင်းခဲ့သည့် အီးမေးလ်လိပ်စာများထံ ပေးပို့ထားတယ်လို့ ဇွန်လအတွင်းမှာကြေညာပါတယ်။


မေးခွန်းလင့်ခ်များသည် လက်ရှိအချိန်တွင် ဝင်ရောက်ကြည့်ရှု၍ မရနိုင်သေးဘဲဇွန်လ ၁၅-ရက်နေ့ မှသာ ဝင်ရောက်ကြည့်ရှု၍ ရမည်ဖြစ်ပြီး၊ ဇွန်လ ၁၅-ရက်နေ့ တစ်ရက်တည်းသာ ဝင်ရောက်ဖြေဆိုနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။


ဖြေဆိုရမည့် ဘာသာရပ်မှာ English ဘာသာရပ်နှင့် အထွေထွေဗဟုသုတဘာသာရပ် နှစ်ခု ဖြစ်ကာတစ်ဘာသာအတွက် လင့်ခ်တစ်ခုစီ ပေးပို့ထားပြီးဖြေဆိုချိန်မှာ တစ်ဘာသာလျှင် တစ်နာရီသာ ခွင့်ပြုပေးထားတယ်လို့သိရပါတယ်။


========================


📌📌 ၅။ နွေဦးတော်လှန်ရေးမှာပါဝင်နေသူတွေဟာ စနစ်ဟောင်းကိုသာဖြိုဖျက်ဖို့ ကြိုးစားနေကြသူတွေဖြစ်တယ်လို့ဆို


ဇွန်လ၁၃ရက်


နွေဦးတော်လှန်ရေးမှာပါဝင်နေသူတွေဟာ စနစ်ဟောင်းကိုသာဖြိုဖျက်ဖို့ ကြိုးစားနေကြသူတွေဖြစ်တယ်လို့ ချက်နိူင်ငံNUGကိုယ်စားလှယ် ဦးလင်းသန့်က ဇွန်လအတွင်း ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြောကြားထားပါတယ်။


"ယုံကြည်ရာ လက်တွဲ အဆုံးထိ အတူလျှောက်ကြမယ့် ခရီး။စနစ်ဟောင်းကိုသာဖြိုဖျက်ဖို့ ကြိုးစားနေကြသူတွေပါ။နေ့တွေ ညတွေ ပြောင်းတာ သိနေကြပေမယ့်တချို့တွေ နေ့တွေ ညတွေပျောက်ကုန်ကြတယ်။သူတို့တွေနဲ့အတူ ဒီခရီးက မိတ်ဆွေစစ်တွေကို မွေးဖွားပေးခဲ့ပြီ မိတ်ဆွေစစ်တွေနဲ့ ခရီးသွားရခြင်းဟာ လုံခြုံမှုအရှိဆုံးနောက်ကျောလည်း လုံသလို ကျည်ကာတွေပါသလိုပါပဲ"လို့ဆိုပါတယ်။


လက်ရှိမှာ စကစဟာ စစ်ရေး၊သံတမာန်ရေး၊နိူင်ငံရေးတွင်ကျရှုံးလျက်ရှိပါတယ်။


========================


📌📌 ၆။ ကျိုက်မရောအကျဉ်းထောင်မှာ အကျဉ်းသားတဦး ဓာတ်လိုက်ပြီး ပေ ၂ဝ ကျော်အမြင့်ကနေ ပြုတ်ကျတာကြောင့် အသက်အန္တရာယ်စိုးရိမ်ရ


မွန်ပြည်နယ်ထဲက ကျိုက်မရောအကျဉ်းထောင်မှာ အကျဉ်းသားတဦး ဓာတ်လိုက်ပြီး ပေ၂ဝ ကျော်အမြင့်ကနေ ပြုတ်ကျတာ ကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားနဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ယက် PPNM က ဇွန်လ ၁၃ ရက် မွန်းလွဲပိုင်းမှာ ပြောပါတယ်။ 

ဇွန်လ ၁၂ ရက်နေ့ ညနေ နာရီနောက်ပိုင်းမှာ အမျိုးသမီးအဆောင်နဲ့အမျိုးသားအဆောင်ကြား သွပ်ကာချိန် အခြား အကျဉ်းသားတဦး ဓာတ်လိုက်ပြီး အမြင့်ပေ ၂၀ကျော်ရှိတုဲ့ အုတ်ရိုးအထက်ကနေ ပြုတ်ကျခဲ့တာလို့ သိရပါတယ်။ 

အမြင့်ပေ ၂၀ ရှိတဲ့နေရာမှာ အလုပ်လုပ်ခိုင်းပေမယ့် ထောင်အာဏာပိုင်တွေဘက်က တက်ရောက်အလုပ်လုပ်ကိုင်ရမယ့်သူ အန္တရာယ်ကင်းစေမယ့် အသုံးအဆောင်ပစ္စည်းတွေ စီမံပေးခဲ့‌တာမရှိတဲ့အတါက် အခုလိုပြုတ်ကျခဲ့ရတာလို့ ဆိုပါတယ်။ 

အဆိုပါအကျဉ်းသားဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတာကြောင့် လက်ရှိမှာ မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့လည်း သိရပါတယ်။ 

ထောင်တွင်းဆန္ဒပြမှုအထိ ဖြစ်ပွားခဲ့တာမရှိဘဲ အကျဉ်းသူတွေက ဓာတ်လိုက်ပြီး ပြုတ်ကျခဲ့တဲ့ အခြားအကျဉ်းသားကို အမြန်ဆုံး ဆေးရုံပို့ပေးဖို့ ဝိုင်းဝန်းအော်ဟစ်တောင်းဆိုပေးခဲ့ကြခြင်းသာရှိတဲ့အတွက် ကျိုက်မရောအကျဉ်းထောင်နဲ့ ပက်သက်ပြီး နိုင်ကျဉ်းမိသားစုဝင်များအနေနဲ့ အရမ်းကြီးစိတ်မပူကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ယက် PPNM က အသိပေးထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့် ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသခွဲ () အမှတ် ၁၈၀၃ ဒရုန်းအထူးတပ်ဖွဲ့ ဒရုန်းသင်တန်းဆင်းပွဲကျင်းပ


ဇွန်လ၁၃


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသခွဲ () အမှတ် ၁၈၀၃ ဒရုန်းအထူးတပ်ဖွဲ့ ဒရုန်းသင်တန်းဆင်းပွဲကျင်းပခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသခွဲ () အမှတ် ၁၈၀၃ ဒရုန်းအထူးတပ်ဖွဲ့ Saw Dragon Drone Force-SDDFမှပေးသော အပတ်စဥ် ဒရုန်းသင်တန်းကို လွတ်မြောက်နယ်မြေတစ်နေရာ၌ ဇွန်လ ရက်နေ့တွင် ကျင်းပခဲ့ပါတယ်။


သင်တန်းတွင်သင်တန်းသား/သူ ၄၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး သင်တန်းသူသင်တန်းသားများအား SDDFမှ တောင်ပိုင်းတိုင်း ဒရုန်းတာဝန်ခံ  ဆရာစောနဂါးမှ ဂုဏ်ပြုလွှာနှင့်ဆုများချီးမြှင့်ပေးအပ်ခဲ့ပါတယ်။


သင်တန်းဆင်းပွဲအခမ်းအနားကို ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်မှ သဝဏ်လွှာပေးပို့ခဲ့ပြီး အရှင်ထာဝရ(Norway)မှ ရဲဘော်များအား ဗွီဒီယိုအသံဖိုင်ဖြင့် ဂုဏ်ပြုအားပေးစကားပြောကြားခဲ့ပါတယ်။


========================


🚩🚩 ၂။ နမခ ကာကင်းစခန်းသိမ်းတိုက်ပွဲက ဖမ်းမိခဲ့သူတွေကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ NUG အသိပေး


စစ်ကိုင်းတိုင်း မုံရွာမြို့မှာအခြေစိုက်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခ အနီးက ကာကင်းစခန်းသိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်လိုက်ပါတယ်။

ယင်းမာပင်မြို့နယ်ပကဖ-ULF စစ်ကြောင်းမှူး ဦးစီးတဲ့ကာကွယ်ရေးအဖွဲ့များနဲ့ တပ်ရင်းတပ်ဖွဲ့တွေက ဇွန်လ ၁၁ ရက်နေ့ ညနေ ၅နာရီခန့်အချိန်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ တမိုင်အကွာမှာ တပ်စွဲထားတဲ့ ရန်သူ့ရှေ့တန်းကာကင်းစခန်း ကို တိုက်ခိုက်ခဲ့မှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့ပတ်သက်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက အခုလို အသိပေးလိုက် တာဖြစ်ပါတယ်။

အင်အား ၄၀ ခန့်နဲ့ တပ်စွဲထားတဲ့ ရန်သူ့‌ကာကင်းစခန်းကို မိနစ် ၃၀ ခန့်အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၂၀ ခန့် သေဆုံးကာ ဒဏ်ရာရစစ်သားတွေအပါအဝင် အခြားစစ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ULF စစ်ကြောင်း ဘက်ကလည်း ထုတ်ပြန်ထားပါတယ်။ 

ဒီတိုက်ပွဲမှာ လက်နက်ငယ် လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်းတလက်၊ ၆၀ မမ လုံး၊ 79 အသီး လုံး၊ ၅ပွိုင့် ၅၆ ကျည် ၁၃၃၀ တောင့် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်သုံ့ပန်းအဖြစ် စစ်သားနဲ့ရဲ စုစုပေါင်း၅ဦး ဖမ်းဆီးရမိခဲ့ပြီး စစ်သုံ့ပန်းတွေကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားကာ သက်ဆိုင်ရာကို လွှဲပြောင်းအပ်နှံနိုင်ရေး ဆက်‌လက်ဆောင်ရွက်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။ 

အဆိုပါစစ်ဆင်ရေးကို ယင်းမာပင်မြို့နယ် တိုက်နယ်-၁ပကဖအဖွဲ့တွေဖြစ်တဲ့ ချိုမိုင်မိုင်၊ နဂါးညီနောင်၊ ချင်းတွင်းတိုက်ဂါး၊ B2 Fighter CT lPDF ထန်းတပင်၊ K2 ဒေါင်းလုလင်၊ သေမင်းတမန်၊ ယင်းမာပင်မြို့နယ် တိုက်နယ် ၁၀ ပကဖအဖွဲ့ဝင် ဗိုလ်မုတ်ဆိတ်အဖွဲ့ ယင်းမာပင်မြို့နယ် တိုက်နယ် ပကဖ အဖွဲ့တွေဖြစ်တဲ့ ဗျတ္တညီနောင်နဲ့ ဗိုလ်ထွန်းတောက်အဖွဲ့၊ ကနီမြို့နယ် တိုက်နယ် ပကဖအဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း-၁၇ B21 PDF ယင်းမာပင်ခရိုင် ဗျူဟာအမှတ်-၄၅ ‌KLG PDF ယင်းမာပင်ခရိုင် တပ်ရင်း -၃၅ PDA ကျောင်းသားလက်ရုံးတပ်တော်၊ မုံရွာခရိုင် တပ်ရင်း-၁၃ AungSanGeneration မုံရွာခရိုင် တပ်ရင်း-၁၄၊ ချင်းတွင်း Brother LPDF ဘုတလင် Mobile team တို့ ပူးပေါင်းတိုက်ခိုက် ချေမှုန်းခဲ့တာဖြစ်ပါ တယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ မြေပြင်စိုးမိုးမှုနည်းလာပြီး လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိတ် စိတ်ပြုလုပ်လာတဲ့အတွက် ပြည်သူလူထုအပါအဝင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ လေကြောင်းသတိ လေကြောင်း အသိရှိကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၃။ စစ်ကောင်စီတပ်ကို ဘက်ပြောင်းခိုလှုံသွားသူ ဦးဆောင်တဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၇ဦး သေဆုံး


အကြမ်းဖက်စစ်ကောင်စီတပ်တွေဆီကို ဘက်ပြောင်းခိုလှုံသွားတဲ့ YOMA GBK-PDF တပ်ဖွဲ့က သစ္စာဖောက်လောက်ကောင် ဆလိုင်း ဦးဆောင်ပြီး အုတ်ဖိုနယ်အပိုင် ဂမုန်းဆည်းအနီးက တာယါတိုင်ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ဦးသေဆုံးညပီး ဦး ဒဏ်ရာရသွားတယ်လို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။ 

ဇွန်လ ၉နေ့က စစ်ကောင်စီထံ ဘက်ပြောင်းခိုလှုံသွားတဲ့ YOMA GBK-PDF တပ်ဖွဲ့က သစ္စာဖောက်လောက်ကောင် ဆလိုင်း ဦးဆောင်ပြီး စစ်ကြောင်းထိုး တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဇွန်လ ၁၂ရက်နေ့ မနက် နာရီ ၄၀ မိနစ်ခန့်အချိန်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖိုနဲ့ ညီနောင်မဟာမိတ်တပ်တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတာကြောင့် ဝရုန်းသုန်းကားဖြစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်သလို စစ်တပ်ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် ဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှုဟာ ၃နာရီကျော် ကြာမြင့်ခဲ့တယ်လို့ အသိပေးထားပါတယ်။ 

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်တပ်ဘက်က ဦး သေဆုံးကာ ဦး ဒဏ်ရာရရှိပြီး အထိနာသွားတဲ့အတွက် ဝိုင်းကျေးရွာ ရဲစခန်းဘက်ကနေ လက်နက်ကြီးပစ်ကူတွေ ရယူပစ်ခတ်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရဲဘော် တွေ ထိခိုက်မှုမရှိစေဖို့ ဆုတ်ခွာခဲ့ရတယ်လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖိုကဦးဆောင်ပြီး သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ Black Dragon GBK-PDF သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ YOMA GBK-PDF တပ်ခွဲ ကြိုပင်ကောက်Heroပြောက်ကျားတပ်ဖွဲ့နဲ့ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

ပဲခူးတိုင်းအနောက်ခြမ်း ကြိုပင်ကောက်မြို့နယ်အခြေစိုက် YOMA GBK-PDF က တပ်စိတ်မှူးတာဝန်ယူထားကြတဲ့ ရဲဘော် အသေးလေးနဲ့ ရဲဘော်ဆလိုင်း ဆိုသူတို့ဟာ ဇွန်လ ရက်နေ့မှာ အုတ်ဖိုမြို့နယ်က ဝိုင်းကျေးရွာရဲစခန်းမှာရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံခဲ့ကြပြီး ရဲဘော်ဆလိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံဖုန်းဆက်ကာ စိန်ခေါ်စကားပြော ခဲ့တယ်လို့ သိရပါတယ်။

YOMA GBK-PDF တပ်ဖွဲ့ဟာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ လက်အောက်ခံ တပ်ခွဲ အနေနဲ့ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်တာကြောင့် စစ်ကောင်စီထံအလင်းဝင်သွားသူ၂ဦးနဲ့ အဆက်အသွယ်ရှိသူတွေအနေနဲ့ ၎င်းတို့ရဲ့ ဖေ့ဘွတ်နဲ့ဖုန်းနံပါတ်တွေကို ဘလော့ပေးကြဖို့ တပ်ဖွဲ့တာဝန်ရှိသူတွေက အသိပေးထားပါတယ်။


========================


🚩🚩 ၄။ ဆဒုံးဗျူဟာကုန်းကို သိမ်းပိုက်ခဲ့ရာမှာ လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိ


ကချင်ပြည်နယ် ဝိုင်းမော်မြိုနယ် ဆဒုံးမြို့အနီးမှာရှိတဲ့ ဆဒုံးဗျူဟာကုန်းကို KIA ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေ ဇွန် ၁၁ ရက် က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာမှာ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးဆောင်တွေ များစွာသိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဆဒုံးဗျူဟာတပ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗျူဟာမှူးအပါအဝင် စစ်သားအများအပြား သေဆုံးသွားတယ် လို့ သတင်းတွေထွက်ပေါ်နေတာလည်း ရှိပါတယ်။ 

ဆဒုံးဗျုဟာတပ်စခန်းဟာ ကိုလိုနီခေတ်ကတည်းက တည်ဆောက်ထားပြီး စစ်ကောင်စီတပ်တွေ စခန်းချတပ်စွဲထားခဲ့တဲ့ စခန်းကြီးတခုဖြစ်တာကြောင့် ဆဒုံးခံတပ်လို့ တင်စားခံရတဲ့ ဗျူဟာကုန်းတခုဖြစ်တယ်လို့လည်း သိရပါတယ်။

ကချင်ဒေသတိုက်ပွဲတွေအကြောင်း ဦးစားပေးဖော်ပြနေတဲ့ ကချင်တောင်တန်းလို့ခေါ်တဲ့ တယ်လီဂရမ်ချန်နယ်မှာဆိုရင် လက်နက်ခဲယမ်းတွေထားတဲ့ ဂိုဒေါင်တခုအပါအဝင် ခဲယမ်းအများအပြားသိမ်းဆည်းရရှိထားတာတွေနဲ့ စစ်ကောင်စီတပ်က KIA ကို ပေးလှူတဲ့ အလှူပစ္စည်းများဆိုပြီးဖော်ပြထားတာ ဇွန်လ ၁၃ ရက်မှာတွေ့ရပါတယ်။

ထို့အပြင် ဆဒုံးမြို့အနီးက ဆဒုံးဗျူဟာတပ်စခန်းကြီးကို KIA တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဇွန်လ ၁၂ ရက်နေ့က ဒီစခန်းမှာ ကချင်အမျိုးသားအလံလွှင့်ထူထားပြီဖြစ်တယ်လို့လည်း သိရပါတယ်။ 

ဝိုင်းမော်-ဆဒုံးလမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာတပ်စခန်း၊ ပြည်သူ့စစ်တပ်စခန်း၊ နယ်ခြားစောင့်တပ်စခန်းနဲ့ ကာကင်း စခန်း စုစုပေါင်း ၁၈ ခုကို KIA ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တာကြောင့် ဝါးရှောင်ကနေ ဆဒုံးမြို့ တလျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA က သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်တယ်လို့ 7Star News မှာ ဖော်ပြ ထားပါတယ်။


========================


🚩🚩 ၅။ မတ္တရာဘက်ကို စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက် သေဆုံးမှုတွေရှိနိုင်တယ်လို့ ဆို 


မန္တလေးတိုင်းထဲက မတ္တရာမြို့နယ်အတွင်းကို စစ်ကြောင်းထိုးပြီး ပြည်သူပိုင်အိမ်တွေကို မီးရှို့တာ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ ရတနာပုံတပ်ဦးက ဇွန်လ ၁၃ ရက်မှာ အသိပေးလိုက်ပါတယ်။ 

ဇွန်လ ၁၂ ရက်နေ့ နံနက် နာရီခွဲခန့်အချိန်က မတ္တရာမြို့ကနေထွက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်း တောပုရွာ ကုန်းကြီးကျောင်း ရောက်လာချိန်မှာ ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့-ရတနာပုံတပ်ဦးက Fixed Wings Drone နဲ့ ဗုံးသီးတလုံး ကြဲချပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်က တောပုရွာမျာ လက်နက်ကြီးအထိုင်ချပြီး အနောက်ဘက်ကကျေးရွာတေါကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ကာ စစ်ကြောင်းထိုးလာတဲ့အတွက် လက်နက်ကြီးအထိုင်ချရာနေရာကို ရတနာပုံတပ်ဦးက Fixed Wings Drone နဲ့ မနက် ၁၁ နာရီမှာတကြိမ် ၁၁ နာရီ ၄၅ မိနစ်မှာတကြိမ် ဗုံးသီး ကြိမ်ချပြီး ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တောပုရွာကနေ အနောက်ဘက်ကိုထွက်လာတဲ့ စစ်ကြောင်းနဲ့ ငယ်တို-သဖန်းဒေါင့်ဘက်ကတက်လာတဲ့ စစ်တပ်စစ်ကြောင်း တို့က ရှင်လှတောင်ရွာက ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းတွေနဲ့ ဆိုင်ကယ်တွေခိုးယူကာ တောပုရွာဘက် ပြန်လာချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ မိနစ်၂ဝ ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့လည်း အသိပေး ထားပါတယ်။

တိုက်ပွဲဖြစ်ပြီး တောပုရွာဘုန်းကြီးကျောင်းကို စစ်တပ်စစ်ကြောင်း ပြန်ရောက်ချိန်မှာလည်း ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ -ရတနာပုံတပ်ဦးက ဒရုန်းနဲ့ ဗုံး လုံး ကြဲချတိုက်ခိုက်ခဲ့ရာမှာ တလုံးက ပစ်မှတ်နေရာကို တိတိကျကျ ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ ရတနာပုံတပ်ဦး တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဘက်က အင်အားတိုးချဲ့နေပြီး ရင်ဆိုင်အနေအထားဖြစ်နေတာကြောင့် တိုက်ပွဲတွေဆက်ဖြစ် လာနိုင်တယ်လို့လည်း အသိပေးထားပါတယ်။ 

အဲဒီ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ -ရတနာပုံတပ်ဦးနဲ့အတူ မတ္တရာမြို့နယ်-ပကဖတို့   ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုတွေမှာ Drone တစင်းပျက်ကျသွားတဲ့အတွက် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ရေးမြို့အနီး စကစတပ်များကင်းပုန်းလာရာလမ်းပိုင်းကို ရေးဘီလူးအဖွဲ့တက်ရောက်၍ လမ်းပိုင်းစိုးမိုး


ဇွန်လ၁၃ရက်


မွန်ပြည်နယ်၊ရေးမြို့အနီး စကစတပ်များကင်းပုန်းလာရာလမ်းပိုင်းကို ရေးဘီလူးအဖွဲ့တက်ရောက်၍ လမ်းပိုင်းစိုးမိုးခဲ့တယ်လို့ ဇွန်လ၁၃ရက်မှာ ရေးဘီလူးအဖွဲ့ခေါင်းဆောင် ရေးဘီလူးကအသိပေးဆိုထားပါတယ်။


"လွန်ခဲ့တဲ့ ၂လလောက်က စကစ တွေအမြတ်တနိုးနဲ့ကင်းပုန်းလာလာနေတဲ့နေရာ။ခုတော့ဘယ်သူတွေစိုးမိုးထားလဲ"လို့ဆိုပါတယ်။


စကစဟာ ရေးမြို့နယ်တခုလုံးကို စိုးမိုးထိန်းချုပ်ရန်ခက်ခဲနေပြီး တော်လှန်ရေးတပ်ဖွဲ့များရဲ့တိုက်ခိုက်မှုများကိုမကြာခဏခံနေရပါတယ်။


========================


🚩🚩 ၇။ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းဂုံးတံတားအောက်ရှိ စိန်ပန်းမြိုင်ရဲရိပ်သာယာဥ်ထိန်းရုံးအား အားပြင်းသောမိုင်း၂လုံးဖြင့်ဖောက်ခွဲ


ဇွန်လ၁၃ရက်


ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းဂုံးတံတားအောက်ရှိ စိန်ပန်းမြိုင်ရဲရိပ်သာယာဥ်ထိန်းရုံးအား အားပြင်းသောမိုင်း၂လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဇွန်လ၁၃ရက်မှာ မြောက်ဥက္ကလာပ ပကဖကအသိပေးဖော်ပြပါတယ်။


မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းဂုံးတံတားအောက်ရှီ စိန်ပန်းမြိုင်ရဲရိပ်သာယာဥ်ထိန်းရုံးအား အားပြင်းသောမိုင်း၂လုံးဖြင့်ဇွန်လ၁၁ရက်ည၈နာရီ၅မိနစ်အချိန်တွင်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြပါတယ်။


တိုက်ခိုက်မှုတွင် ယာဥ်ထိန်းရဲနှစ်ဦးထိခိုက်ကာလမ်းများပိတ်ဆို့စစ်ဆေးခဲ့တယ်လို့သိရပါတယ်။


ယခုစစ်ဆင်ရေးအား ၁၉ရက်နေ့မှာကျရောက်မည် လူထုခေါင်းဆောင်အတွက် ငုံမခံဘူးတုံပြန်နေမည် သံမဏီနှင်းဆီစစ်ဆင်ရေးအဖြစ်  မြောက်ဥကလာပမြို့နယ်(ပကဖ)ပြည်သူကာကွယ်ရေးအဖွဲ့မှဖော်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။


========================


🚩🚩 ၈။ ၂၀၂၄ ခုနှစ် ငါးလတာကာလအတွင်းစကစဘက်က လက်နက်ချ အလင်းဝင်သူ အရာရှိ နဲ့ တပ်သားစုစုပေါင်းဟာ အကြမ်းဖျဉ်းအားဖြင့် (,၃၀၀) ထက်မနည်း ရှိနေ


ဇွန်လ၁၃ရက်


၂၀၂၄ ခုနှစ် ငါးလတာကာလအတွင်းစကစဘက်က လက်နက်ချ အလင်းဝင်သူ အရာရှိ နဲ့ တပ်သားစုစုပေါင်းဟာ အကြမ်းဖျဉ်းအားဖြင့် (,၃၀၀) ထက်မနည်း ရှိနေတယ်လို့ ဇွန်လ၁၂ရက်မှာ PDFInsightကအသိပေးဖော်ပြပါတယ်။


"၂၀၂၄ ခုနှစ် ငါးလတာကာလကိုပဲ ပြန်ကြည့်ရင် လက်နက်ချ အလင်းဝင်သူ အရာရှိ နဲ့ တပ်သားစုစုပေါင်းဟာ အကြမ်းဖျဉ်းအားဖြင့် (,၃၀၀) ထက်မနည်း ရှိပါတယ်။ အဲ့ထဲမှာမှ လက်နက်ချ လက်နက်ချအညံ့ခံမှုကြောင့် ပြုန်းတီးသွားခဲ့ရတဲ့ စစ်ဘက်/ရဲဘက် အရာရှိစုစုပေါင်း အရေအတွက်ဟာ (၃၂၀) အထက်မှာရှိခဲ့ပါတယ်။ ဗိုလ်မှူးချုပ် ()ဦး၊ ဗိုလ်မှူးကြီး (၁၀) ဦး၊ ဒုတိယဗိုလ်မှူးကြီး () ဦး အပါအဝင် ဗိုလ်အဆင့် နဲ့ အထက်ရာထူးရှိသူ စစ်ဘက်/ရဲဘက် အရာရှိစုစုပေါင်း (၃၂၀) နဲ့ တပ်သားတွေဟာ နိုင်ငံအနှံ့က ကာကွယ်ရေးတပ်ဖွဲ့တွေထံ လက်နက်ချအညံ့ခံခဲ့ကြပါတယ်"လို့ဆိုပါတယ်။


ဇန်နဝါရီလ ရက်နေ့ လောက်ကိုင်မှာ လက်နက်ချခဲ့ကြတဲ့ ဗိုလ်မှူးချုပ် () ဦး ဦးဆောင်တဲ့ အရာရှိ (၂၂၈) ဦး အပါအဝင် ၂၃၀၀ ကျော်သော စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သမိုင်းတွင်လက်နက်ချခဲ့ကြပါတယ်။


 ဇန်နဝါရီလ () ရက်နေ့က ဒုတိယမြောက် အစုအလိုက်အပြုံလိုက် လက်နက်ချမှုဖြစ်စဉ်ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင် ဗျူဟာစခန်းမှ စစ်ကောင်စီ တပ်သား ၂၀၀ ကျော်ဟာ လက်နက်ချအညံ့ခံခဲ့ပါတယ်။



အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment