13th JUN 2024 - Morning Daily News by Radio NUG

၂၀၂၄ ဇွန်လ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၂။ ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် အကြမ်းဖက်မှုများ ကျူးလွန်နေသည့် မြန်မာစစ်အုပ်စုအား ILO Constitution နှင့်အညီ ချက်ချင်း အရေးယူရန် ILO နှင့် နိုင်ငံတကာအဖွဲ့အစည်းများအား IUF တိုက်တွန်း

📌 ၃။ ၂၀၂၂ ခုနှစ်က မဏိပူရ်ပြည်နယ်မှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသား ၃၈ ဦးကို မြန်မာပြည်ပြန်ပို့

📌 ၄။ မြန်မာနိုင်ငံသည် ဆင်းရဲမွဲတေမှု ပိုမိုနက်ရှိုင်းလာကာ စီးပွားရေး တိုးတက်မှု ရပ်တန့်သွားသည်ဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်

📌 ၅။ မေလအတွင်း ထောက်ပို့တာဝန်ထမ်းဆောင်ခဲ့တဲ့ ထောက်ပို့တပ်သားဦးရေနှင့် ထောက်ပို့ငွေပမာဏ PRF ထုတ်ပြန်

📌 ၆။ သီပေါ-နမ္မတူလမ်းကို ယာဉ်သွားလာမှု ဟန့်တားနိုင်ရန် စစ်ကောင်စီမှ မြောင်းဖောက်ဖျက်ဆီး

📌 ၇။ ရန်ကုန်မြို့လယ်ရှိ သမ္မတရုပ်ရှင်ရုံအတွင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ


၂၀၂၄ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ သရက်ခရိုင်၊ အမှတ် () တပ်ရင်း အခြေခံစစ်ပညာသင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲ ကျင်းပ

🚩 ၂။ မုံရွာ နမခအနီးက ကာကင်းစခန်းကို PDFတွေ သိမ်းပိုက်ခဲ့ရာမှာ စစ်သား ၂၀ခန့် သေဆုံးပြီး ၅ဦး အရှင်ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ 

🚩 ၃။ ဖက်တောရေ ကျေးရွာကို မီးရှို့နေတဲ့ ရွာမွန် က.. တပ်က စစ်ကောင်စီ တပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရ

🚩 ၄။ မန္တလေးမြို့ရှိ စစ်ကောင်စီ ထောက်တိုင် ဇွဲထက်ရွှေဆိုင်နှင့် Pioneer Barကို ဖောက်ခွဲတိုက်ခိုက်

🚩 ၅။ တန့်ဆည်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဦးသေဆုံးကာ ဦးထပ်မနည်း ဒဏ်ရာရ

🚩 ၆။ စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ထီဗွာရွာသား ၅၉ ဦးကို ဓားစားခံအဖြစ် ဖမ်းဆီးထား

🚩 ၇။ စဉ့်ကူးမြို့နယ် တောင်အင်းပျူရွာ ဝါဆိုဘုန်းကြီးကျောင်းထဲမှ ပစ်ခတ်သော လက်နက်ကြီးများကြောင့် ပြည်သူများ ထိခိုက်သေဆုံး

🚩 ၈။ ကန်ပက်လက်မြို့နယ်၊ ချင်းလက်မွန်ရွာကို လေကြောင်းတိုက်ခိုက်မှု ပြည်သူ()ဦး သေဆုံး ()ဦး ဒဏ်ရာရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


ဇွန်လ ၁၂ရက်။

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၄/၂၀၂၄)ကို ဇွန်လ ၁၂ရက် နေ့လယ်(:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီးအစည်းအဝေး၌ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်၊  အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သု၀ဏ္ဏမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်း လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ်(:၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါတယ်။


========================


📌📌 ၂။ ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် အကြမ်းဖက်မှုများ ကျူးလွန်နေသည့် မြန်မာစစ်အုပ်စုအား ILO Constitution နှင့်အညီ ချက်ချင်း အရေးယူရန် ILO နှင့် နိုင်ငံတကာအဖွဲ့အစည်းများအား IUF တိုက်တွန်း


ဇွန်လ ၁၂ရက်။ 

Radio NUG

၂၀၂၄ ခုနှစ်၊ ဇွန်လ ရက်နေ့မှ ၁၄ ရက်နေ့ထိ ဆွတ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers’ Associations - IUF မှ Mr KIRILL BUKETOV က အကြမ်းဖက်မှုများ ကျူးလွန်နေသည့် မြန်မာစစ်အုပ်စုအား ILO Constitution နှင့်အညီ ၂၀၀၀ ပြည့်နှစ်ကကဲ့သို့ ချက်ချင်းပြုလုပ်ရန် တောင်းဆိုခဲ့ကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရကသာ အခြေခံအလုပ်သမား အခွင့်အရေးနှင့် လူ့အခွင့်အရေးများ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ NUG နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒီမိုကရေစီလှုပ်ရှားမှုနှင့် မြန်မာပြည်သူများ၏ လွတ်လပ်ရေး တိုက်ပွဲတွင် ပံ့ပိုးကူညီရန် ILOနှင့် နိုင်ငံတကာအဖွဲ့အစည်းများအား ၁၁--၂၀၂၄ ရက်နေ့တွင် တိုက်တွန်းခဲ့ကြောင်း သိရှိပါတယ်။


Mr KIRILL BUKETOV က “ILO ညွှန်ကြားရေးမှူးချုပ်ရဲ့ လူမှုရေးတရားမျှတမှုနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ကြိုဆိုပါတယ်။မရှိမဖြစ်လိုအပ်တဲ့ အခြေအနေ တစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဟာ ILO ရဲ့ အာရုံစိုက်တဲ့ နိုင်ငံများထဲက တစ်နိုင်ငံ ဖြစ်သင့်ပါတယ်။ စစ်အာဏာရှင်စနစ်အောက်မှာ မြန်မာပြည်သူတွေက တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေတဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့် IUF ဟာ ဒီညီလာခံမှာ NUG ကိုယ်စား ဒီစကားကို ပြောကြားရခြင်း ဖြစ်ပါတယ်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ဂုဏ်သိက္ခာရှိစွာ လုပ်ကိုင်ခွင့်အပါအဝင် အခြေခံအခွင့်အရေးများနှင့် ဒီမိုကရေစီကို လိုလားတောင့်တနေသော အလုပ်သမားများ၊ အလုပ်ရှင်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် မြန်မာပြည်သူတစ်ရပ်လုံးရဲ့ စစ်မှန်တဲ့ အသံလည်း ဖြစ်ပါတယ်။ မြန်မာစစ်အုပ်စုဟာ ကျေးရွာ၊ နေအိမ်ထဲထိ ဝင်ရောက်ပြီး အဓမ္မစစ်သားစုဆောင်းနေတာ၊ ပြည်ပထွက်ခွာခွင့်တွေ ကန့်သတ်ပိတ်ပင်တာစတဲ့ အခွင့်အရေးချိုးဖောက်မှုတွေကို ပိုမိုးဆိုးရွားစွာ လုပ်ဆောင်နေပါတယ်။ အလုပ်သမား များကို ပစ်မှတ်ထားသည်သာမက အလုပ်ရှင်များကို အကြောင်းပြချက်မျိုးစုံနဲ့ ဖမ်းဆီးနေတာတွေ ဆက်တိုက်လုပ်နေပါတယ်။ ILO စုံစမ်းစစ်ဆေးရေးကော်မရှင်(COI)ရဲ့ တိုက်တွန်းချက်များနှင့် ကုလသမဂ္ဂက မကြာသေးမီက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်များအရ အကြမ်းဖက်မှုများ ကျူးလွန် နေတဲ့ စစ်တပ်ကို ၂၀၀၀ ပြည့်နှစ်ကကဲ့သို့ ILO Constitution, Article 33 နှင့်အညီ ချက်ချင်းပြုလုပ်ဖို့ လိုအပ်ပါတယ်၊ မြန်မာပြည်သူတွေက မစောင့်နိုင်တော့ဘဲ သူတို့အပေါ် အကြမ်းဖက်မှုတွေ ဆက်ပြီးကြီးထွားလာနေပါတယ်။လို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။


ဆက်လက်ပြီး Mr KIRILL BUKETOV က NUG သည် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် မတူကွဲပြားသည့် တိုင်းရင်းသားကိုယ်စားလှယ်များမှတဆင့် ပြည်သူများ၏ ဆန္ဒမှ မွေးဖွားလာခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်ညှဉ်းပန်းနှိပ်စက်မှု၊ ဗုံးကျဲတိုက်တိုက်မှု လုပ်နေသော စစ်ကောင်စီကို ဖျက်သိမ်းလိုက်မှသာလျှင် NUG သည် နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို အမှန်တကယ်ကာကွယ်ပေးပြီး မြန်မာနိုင်ငံနှင့် 

ထိုက်တန်သော အနာဂတ်ကို တည်ဆောက်နိုင်မှာ ဖြစ်ကြောင်း၊ မြန်မာစစ်အုပ်စုအား ပြတ်ပြတ်သားသား အရေးယူရမည့် အချိန်ရောက်ပြီဖြစ်၍ ILO နှင့် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများကို NUG နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒီမိုကရေစီ လှုပ်ရှားမှုနှင့် မြန်မာပြည်သူများ၏ လွတ်လပ်ရေးတိုက်ပွဲတွင် ပံ့ပိုးကူညီရန်၊ အချိန်မဆိုင်းဘဲ NUG ကို အသိအမှတ်ပြုရန် သို့မဟုတ် ၁၁၃ ကြိမ်မြောက် ညီလာခံ (ILC)တွင် NUG ကို 

အသိအမှတ် ပြုကြောင်း သေချာစေရန်၊ မြန်မာစစ်တပ်အား ကျူးလွန်မှုများကို တာဝန်ခံရန်၊ အဓမ္မစစ်သား စုဆောင်းမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဒီမိုကရေစီအရေး ဖိနှိပ်မှုများကို အဆုံးသတ်ရေး ILO ယန္တရားကို အသုံးပြုရန် တောင်းဆိုကြောင်းနှင့် မြန်မာနိုင်ငံသားအားလုံး၏ ဂုဏ်သိက္ခာကို လေးစားလိုက်နာပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် ILO နှင့် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် NUGသည် အသင့်ရှိနေပြီဖြစ်ကြောင်း NUG ကိုယ်စား IUFက ပြောကြားခဲ့ပါသည်။


========================


📌📌 ၃။ ၂၀၂၂ ခုနှစ်က မဏိပူရ်ပြည်နယ်မှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသား ၃၈ ဦးကို မြန်မာပြည်ပြန်ပို့


ဇွန်လ ၁၂ရက်။

Radio NUG

လမ်ကားမြို့ ယက်ကန်း စက်ရုံမှာ ယက်ကန်းလုပ်ငန်းလုပ်ကိုင်ရင်း  ၂၀၂၂ ခုနှစ်မှာ မဏိပူရ် ကိုမန်ဒို ရဲတပ်ဖွဲ့တွေရဲ့ ဖမ်ဆီးခြင်းခံခဲ့ရပြီး အင်ဖားလ်မြို့က ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား ၃၈ ဦးကို မြန်မာပြည်သို့ ပြန်လည်ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။


မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် အဲန်ဘရန်ဆင်းကလည်း မြန်မာနိုင်ငံသား ၃၈ ဦးကို မြန်မာပြည်သို့ ပို့ဆောင်လိုက်ပြီဖြစ်ပြီး သူတို့ကို မိုးရေးမြို့ ICP ကနေတဆင့် မြန်မာနိုင်ငံ တာဝန်ရှိသူတွေထံ လုံခြုံချောမွေ့စွာနဲ့ လွှဲပြောင်းပေးအပ်ပြီးလို့ X လူမှုကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။


ဇွန်လ ၁၁ ရက်နေ့က အင်ဖားလ်မြို့ ထိန်းသိမ်းရေးစခန်းကနေ ကလေးငယ် ၁၀ ဦး၊ အမျိုးသမီး ဦးနဲ့အမျိုးသား ၂၀ ဦးတို့ကို ရဟတ်ယာဉ်နဲ့ မိုးရေးမြို့ကို ပို့ဆောင်ပြီး အဲ့ဒီကနေတဆင့် အာသံရိုင်ဖယ်တပ်ဖွဲ့က နေ့လယ် ၁၁ နာရီခန့်မှာ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားမှ တမူးမြို့ကို ပို့ဆောင်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။


မေလ ရက်နေ့ကလည်း မဏီပူရ် ပြည်နယ်ဝန်ကြီးချူပ်မှ မြန်မာနိုင်ငံသား ၃၈ ဦးကို ပထမအသုတ်အနေနဲ့ လွဲပြောင်းပေးအပ်ခဲ့ပါတယ်။


========================


📌📌 ၄။ မြန်မာနိုင်ငံသည် ဆင်းရဲမွဲတေမှု ပိုမိုနက်ရှိုင်းလာကာ စီးပွားရေး တိုးတက်မှု ရပ်တန့်သွားသည်ဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်


ဇွန်လ ၁၂ရက်။ 

Radio NUG

မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုသည် ပြီးခဲ့သည့် ခြောက်နှစ်အချိန်ကထက် ပိုမိုကြီးထွားလာပြီး ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံ၏ တိုးတက်မှုဟာ လက်ရှိဘဏ္ဍာရေးနှစ်တွင် ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ကြောင်း Reutersက သတင်းထုတ်ပြန်ထားပါတယ်။


အကြမ်းဖက်မှုများ ပြင်းထန်လာခြင်း၊ လုပ်သားရှားပါးမှုနှင့် ငွေကြေးတန်ဖိုး ကျဆင်းခြင်းတို့ကြောင့် စီးပွားရေးလုပ်ရန် ပိုမိုခက်ခဲလာကာ အရှေ့တောင်အာရှနိုင်ငံများ၏ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေး ကမောက်ကမ ဖြစ်ခဲ့ရပြီး  ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အဆုံးသတ်စေခဲ့တယ်လို့ ဆိုပါတယ်။


ဒီဇင်ဘာလတွင် ကမ္ဘာ့ဘဏ်မှ မြန်မာ့စီးပွားရေးသည် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း 2% ဝန်းကျင်တိုးတက်မည်ဟု ခန့်မှန်းခဲ့ပေမယ့် 2024 ခုနှစ် မတ်လတွင် GDP 1% တိုးလာမည်ဟု ပြောင်းလဲခန့်မှန်းခဲ့ပါတယ်။


2024/25 အတွက် ခန့်မှန်းထားသော တိုးတက်မှုနှုန်း ကျဆင်းရခြင်းမှာ အဓိကအားဖြင့် ငွေကြေးဖောင်းပွမှု၊ အလုပ်သမားရှားပါးမှု၊ နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့်လျှပ်စစ်မလုံလောက်မှုများကြောင့် မြင့်မားနေခြင်းကြောင့် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။


နိုင်ငံ၏ ပြည်တွင်းစစ်ကြောင့် လူဦးရေ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကာ ၂၀၁၅ ခုနှစ် ဆင်းရဲမွဲတေမှုနှုန်း ၃၂. %သို့ ပြန်ရောက်သွားခဲ့ကြောင်း သိရပါတယ်။


ဖေဖော်ဝါရီလတွင် စစ်မှုထမ်းဥပဒေ ကြေညာချက်က ပြည်ပသို့ ရွှေ့ပြောင်းလုပ်ကိုင်နေထိုင်တာ တိုးလာစေပြီး လုပ်ငန်းများတွင် လုပ်သားရှားပါးမှုများ တိုးလာတယ်လို့ ဆိုထားပါတယ်။


စစ်အစိုးရသည် နယ်စပ်ကုန်သွယ်ရေးမြို့အချို့ ဆုံးရှုံးခဲ့ပြီး ကုန်စည်တင်ပို့မှု ၁၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ ကုန်စည်တင်သွင်းမှုမှာ ခြောက်လတာကာလအတွင်း ၂၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ သိရပါတယ်။


မကြာသေးမီ ရက်သတ္တပတ်များအတွင်း စစ်အစိုးရက ဖမ်းဆီးမှု အများအပြားဖြင့် ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သည့် ငွေကြေးဖောင်းပွမှုသည် ပြည်သူများအပေါ် ပိုမို ဖိအားပေးလာမည် ဖြစ်ကြောင်း ပြောဆိုထားပါတယ်။


========================


📌📌 ၅။ မေလအတွင်း ထောက်ပို့တာဝန်ထမ်းဆောင်ခဲ့တဲ့ ထောက်ပို့တပ်သားဦးရေနှင့် ထောက်ပို့ငွေပမာဏ PRF ထုတ်ပြန်


ဇွန်လ ၁၂ရက်။ 

Radio NUG

မေလအတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ထောက်ပို့တပ်သားဦးရေနှင့် ထောက်ပို့ငွေပမာဏတို့ကို အများပြည်သူလူထုအားလုံး ပွင့်လင်းစွာ သိရှိစေဖို့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRFက သတင်းထုတ်ပြန်ပါတယ်။


မေလအတွင်းမှာ ထောက်ပို့တပ်သားဦးရေ ၃၀၀၅၂ ဦးရှိပြီး ထောက်ပို့ငွေပမာဏ ခန့်မှန်းငွေ ၇၉၉,၉၈၅ ဒေါ်လာ ရရှိခဲ့ကြောင်း သိရပါတယ်။


မေလအတွင်း တာဝန်ထမ်းဆောင်မှုကို PDF တပ်ရင်း/စစ်ကြောင်းများရဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေ အသုံးစရိတ်အတွက် ပို့ဆောင်ရာမှာ အသုံးပြုသွားမှာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများဆီ လက်ဝယ်ရောက်ရှိတဲ့အခါမှာလည်း PRF စာမျက်နာများမှတဆင့် ပြန်လည်တင်ပြသွားပါမယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၆။ သီပေါ-နမ္မတူလမ်းကို ယာဉ်သွားလာမှု ဟန့်တားနိုင်ရန် စစ်ကောင်စီမှ မြောင်းဖောက်ဖျက်ဆီး


ဇွန်လ ၁၂ရက်။ 

Radio NUG

တအာင်းပြည် တပ်မဟာ()စစ်ဒေသ သီပေါမြို့နယ် မိုးတေရွာရှိ သီပေါ - နမ္မတူ လမ်းမကို စစ်ကောင်စီက လမ်းမအားမြောင်းဖောက်ကာ ယာဉ်များသွားလာလို့မရစေရန် မြောင်းတူးဖျက်ဆီးနေကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။


PSLF/TNLA အုပ်ချုပ်သည့် နမ့်ဆန်နှင့် နမ္မတူမြို့တို့တွင် ကုန်စည်စီးဆင်းမှုနှင့် အများပြည်သူသွားလာမှုကို ကန့်သတ်ပိတ်ပင်ထားတာဖြစ်ကြောင်း သိရပါတယ်။

 

တအာင်းပြည် နောင်ချို မိုးမိတ်စသည့်မြို့နယ်များမှာ နေ့စဉ်လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည့်အပြင် ယခုကဲ့သို့ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ပင်ရန်ကြိုးစားသည်မှာ ဟိုင်ဂင်သဘောတူစာချုပ် ချိုးဖောက်ပြီး ပြဿနာဖြစ်အောင်ဖော်ဆောင်နေသည့် လုပ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ ရန်ကုန်မြို့လယ်ရှိ သမ္မတရုပ်ရှင်ရုံအတွင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ


ဇွန်လ ၁၂ရက်။ 

Radio NUG

ဇွန်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့လယ်ရှိ သမ္မတရုပ်ရှင်ရုံအတွင်းမှာ

" လွတ်လပ်စွာအနုပညာဖန်တီးခွင့်ကို ကန့်သတ်ပိတ်ပင်သည့် ပုဒ်ထီးပုဒ်မများအလိုမရှိ" 

"စစ်ဖိနပ်အောက်မှာ ပန်းမပွင့်ဘူး"

"Without freedom there is no art" 

စာတန်းများကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု ဦးဆောင်သော လူငယ်များက ဆန္ဒပြခဲ့ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု Anti-Junta Alliance Yangon - AJAY က 

သတင်းထုတ်ပြန်ပါတယ်။


စစ်ကောင်စီ၏ အနုပညာဖန်တီးမှုလွတ်လပ်ခွင့်အပေါ် ကန့်သတ်ပိတ်ပင်မှုများအား AJAY မှ အစဉ်တစိုက် ကန့်ကွက်ဆန့်ကျင်သွားမှာဖြစ်ပြီး ဒီလှုပ်ရှားမှုကိုလည်း ရုပ်ရှင်ရုံအတွင်းမှာ ရုပ်ရှင်လာကြည့်ကြတဲ့ ပြည်သူအချို့ ၀န်းရံအားပေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ သရက်ခရိုင်၊ အမှတ် () တပ်ရင်း အခြေခံစစ်ပညာသင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲ ကျင်းပ


ဇွန်လ ၁၂ ရက်။ 

Radio NUG

ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)အမှတ်()စစ်ဒေသ၊ မကွေးတိုင်း၊ သရက်ခရိုင်၊ အမှတ်()တပ်ရင်းမှ စီစဉ်ကွပ်ကဲတဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ()သင်တန်းဆင်း အခမ်းအနားကို ကျင်းပခဲ့တယ်လို့ ၎င်းတပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။


အဆိုပါ သင်တန်းဆင်း အခမ်းအနားကို ဇွန်လ ၁၂ ရက်နေ့က လွတ်မြောက်နယ်မြေ တနေရာမှာ ကျင်းပခဲ့တာလို့ သိရပါတယ်။


အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)အလံတော်အား အလေးပြုခြင်း၊ ကျဆုံးအာဇာနည် ရဲဘော်များအား အလေးပြုခြင်း၊ PDF သစ္စာဓိဌာန် ()ချက်ကို ရွတ်ဆိုခြင်း၊ မိန့်ခွန်းပြောကြားခြင်း၊ ထူးချွန်ဆုရ သင်တန်းသားများအား ဆုချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ မုံရွာ နမခအနီးက ကာကင်းစခန်းကို PDFတွေ သိမ်းပိုက်ခဲ့ရာမှာ စစ်သား ၂၀ခန့် သေဆုံးပြီး ၅ဦး အရှင်ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ 


ဇွန်လ ၁၂ရက်။

Radio NUG

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အခြေစိုက်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခ အနီးမှာရှိတဲ့ ကာကင်းစခန်းကို ပြည်သူ့ ကာကွယ်ရေး PDF တွေ သိမ်းပိုက်နိုင်ခဲ့ရာမှာ စစ်သား  ၂၀ခန့် သေဆုံးပြီး  ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေး- ပကဖထံကနေ သိရပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ တမိုင်ခန့်အကွာမှာရှိတဲ့ ဘုတလင်မြို့နယ် ထီးတော်တင်ရွာမှာ စစ်သား ၃၅ ခန့် တပ်စွဲနေတဲ့ စစ်ကောင်စီစခန်းကို  ULF-စစ်ကြောင်းမှူး ဦးဆောင်တဲ့တပ်ဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ဇွန်လ ၁၁ ရက်နေ့ ညနေ နာရီခန့်အချိန်မှာ စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲကြာချိန် နာရီဝက်ခန့်အတွင်းမှာပဲ စခန်းတခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၂၀ ခန့် သေဆုံးကာ ၅ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ကျန်စစ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ တိုက်ပွဲဝင်တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ စခန်းသိမ်းတိုက်ပွဲဖြစ်နေချိန်မှာ နမခဘက်ကနေ စစ်သားအင်အား ၁ဝဝ ခန့် စစ်ကူရောက်လာတာကြောင့် ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့လည်း သိရပါတယ်။     


အဆိုပါစခန်းကနေ လက်နက်ငယ် လက်၊ ကွန်မန်ဒိုစိန်ပြောင်းတလက်၊ ၆၀ မမ ဗုံးသီး ၅လုံး၊ ပွိုင့် ၅၆ ကျည် ၁၃၃၀ တောင့်၊ ၇၉ မမ ဗုံးသီး လုံး၊ကျည်ဘောက် ၂၅ ခု သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်သုံ့ပန်းအဖြစ်ခမရ-၁၀၆ က တပ်သားတွေဖြစ်တဲ့ နေထက်အောင်၊ သက်ထွန်းနိုင်၊ ရှိင်းထက်အောင်နဲ့ ခမရ-၃၆၈ က တပ်သား လွမ်းငြိမ်းသူ ရဲတပ်သား ဖြိုးထက်အောင်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ အသိပေးထားပါတယ်။ အဆိုပါ စစ်ဆင်ရေးကို ULF စစ်ကြောင်းက စစ်ကြောင်းမှူးကိုယ်တိုင် ဦးစီးကွပ်ကဲပြီး ယင်းမာပင်မြို့နယ် တိုက်နယ် ၁၊ ၉၊ ၁၀ ပကဖများက ချိုမိုင်မိုင်၊ နဂါးညီနောင်အထူးတပ်ဖွဲ့၊ ချင်းတွင်းတိုက်ဂါး၊ B2 Fighter CTLPDF ထန်းတပင်၊ K2 ဒေါင်းလုလင်၊ သေမင်းတမန်၊ ဗျတ္တညီနောင်၊ ဗိုလ်ထွန်းတောက်၊ ဗိုလ်မုတ်ဆိတ်၊ SAF-ကျောင်းသားလက်ရုံးတပ်တော်၊ ယင်းမာပင်ခရိုင် ဗျုဟာအမှတ် ၄၅ KLG PDF 21-ယင်းမာပင်ခရိုင်တပ်ရင်း ၁၇၊PDA-ယင်းမာပင်ခရိုင်တပ်ရင်း ၃၅၊ AS Generation - မုံရွာခရိုင်တပ်ရင်း ၁၃၊ ချင်းတွင်း Brother-Local ကနီမြို့နယ် တိုက်နယ်- ပကဖ၊ ဘုတလင် Mobile Team မုံရွာခရိုင်တပ်ရင်း ၁၄၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။


========================


🚩🚩 ၃။ ဖက်တောရေ ကျေးရွာကို မီးရှို့နေတဲ့ ရွာမွန် က.. တပ်က စစ်ကောင်စီ တပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရ


ဇွန်လ ၁၂ ရက်။ 

Radio NUG

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်တောရေ ကျေးရွာကို ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ ရွာမွန်အခြေစိုက် စစ်ကောင်စီ ကပစတပ်က စစ်သားတွေကို ကာကွယ်ရေး ပူးပေါင်းတပ်တွေက သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ မြေလတ်အသံ သတင်းဌာနက ဖော်ပြပါတယ်။


နတ်မောက် အရှေ့ခြမ်းကို စစ်ကြောင်းထိုးနေတဲ့ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီ တပ်ဖွဲ့ဟာ ဇွန်လ ၁၁ ရက် မနက် နာရီခန့်မှာ ဖက်တောရေ ကျေးရွာကို ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေခဲ့တယ်လို့ ဆိုပါတယ်။


ထိုသို့ မီးရှို့နေတဲ့ စစ်ကောင်စီ တပ်သားတွေကို ၄၀ မမ၊ ၈၀ မမ၊ ၆၀ မမ တွေနဲ့ ပစ်ခတ်တဲ့အပြင် ကိုက် ၂၀၀ အကွာကနေ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ နတ်မောက်ကျား မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောပါတယ်။


ထိုနေ့ညပိုင်းအထိ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားနေခဲ့ပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ ဖက်တောရေ ရွာတောင်ဘက်မှာ ဆက်ရှိနေခဲ့ပြီး ထိခိုက်သေဆုံးမှု စာရင်းကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။


၎င်းစစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဖက်တောရေ ရွာမှ လူနေအိမ် လုံး၊ ဝက်ခြံ ခြံနဲ့ စခန်း လုံး မီးလောင် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို နတ်မောက်ကျား မြို့ပြပြောက်ကျားတပ်ဖွဲ့ နတ်မောက် ပကဖ၊ မြို့သစ် ပကဖ၊ ဗိဿနိုး လက်အောက်ခံ ကျားသစ်နက် အဖွဲ့၊ ဗိဿနိုး လက်အောက်ခံ ကြိုးကြာနီ အဖွဲ့၊ 903 တပ်ရင်း တပ်ခွဲ ၁၊ ဂဠုန် PDF နတ်မောက်၊ 903 တပ်ရင်း တပ်ခွဲ ၃၊ တိုက်ဒေါင်း တပ်ဖွဲ့ 902 တပ်ရင်း၊ Aung San's Land ငါးပြေမ ပြောက်ကျားတပ်ဖွဲ့၊ ပျော်ဘွယ် PDF (သာစည်တပ်ဖွဲ့) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ မန္တလေးမြို့ရှိ စစ်ကောင်စီ ထောက်တိုင် ဇွဲထက်ရွှေဆိုင်နှင့် Pioneer Barကို ဖောက်ခွဲတိုက်ခိုက်


ဇွန်လ ၁၂ရက်။ 

Radio NUG

ဇွန်လ၊(၁၂)ရက်၊ နေ့လည်()နာရီခန့်တွင် ချမ်းအေးသာစံမြို့နယ်(၈၄)လမ်းရှိ စစ်ခေါင်းဆောင်သမီးနှင့် စကစအကြီးပိုင်းများ ပိုင်ဆိုင်သော စကစထောက်တိုင် ဇွဲထက်ရွှေဆိုင်အား ဖောက်ခွဲတိုက်ခိုက်ခဲ့ပြိး ဇွန်လ၊ (၁၁)ရက်၊ ()နာရီခန့်တွင် စကစအား အခွန်ငွေ အများအပြား ထောက်ပံ့နေသော၊ တော်လှန်ရေး ပုံရိပ်ဖျက်နေသော မဟာအောင်မြေမြို့နယ် (၃၅)လမ်း၊ (၅၃)လမ်းနှင့် (၅၄)လမ်းကြားရှိ “Pioneer Bar” အားပြည်သူများ၏ တိုင်ကြားချက်အရ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း “No More Dictatorship People Defence Force-NMD”မှ သတင်းထုတ်ပြန်ပါတယ်။


တိုက်ခိုက်မှုပြီးသည့်နောက် စကစမှ မြို့တွင်းနေရာအနှံ့တွင် အပူတပြင်း စစ်ဆေးလျက် ရှိသော်လည်း အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရတယ်။


အကြမ်းဖက် စစ်ကောင်စီအား သက်ဆိုးရှည်စေရန် အထောက်ကူပြုနေသော ထောက်တိုင်များကို ဆက်လက်၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စကစထောက်တိုင် နေရာများသို့ မသွားကြရန်နှင့် လိုက်နာမှုမရှိပါက တာဝန်ယူမည် မဟုတ်ပါကြောင်း အသိပေးထားပါတယ်။


========================


🚩🚩 ၅။ တန့်ဆည်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဦးသေဆုံးကာ ဦးထပ်မနည်း ဒဏ်ရာရ


ဇွန်လ ၁၂ ရက်။

Radio NUG

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကျွန်းတောကုန်းကျေးရွာကို ဝင်ရောက်လာပြီး ဓမ္မာရုံမှာ အထိုင်ချနေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ဦး သေဆုံးကာ ဦး ထပ်မနည်း ဒဏ်ရာရခဲ့တယ်လို့ Civil Armed Force - CAF က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၁ ရက်နေ့ မနက် နာရီ ၅၆ မိနစ်မှာ စစ်ကောင်စီစစ်ကြောင်း တပ်စွဲထားတဲ့ ကျွန်းတောကုန်းရွာ ဓမ္မာရုံကို CAF နှင့် ကျေးရွာ ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။


ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ဦး သေဆုံးကာ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ CAF ဆိုပါတယ်။


တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကောင်စီတပ်က ကျွန်းတော်ကုန်းရွာ ပတ်ဝန်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်များ၊ ဒရုန်းများဖြင့် ဗုံးသီးချခြင်းများ ပြန်လည် ပြုလုပ်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ စစ်ကောင်စီ စစ်ကြောင်းဟာ ညနေပိုင်းမှာ ကျွန်းတောကုန်းရွာ (မူးဘောင်)အထွက်မှာ ပြည်သူ့ နေအိမ်များမှ စပါးအိတ်များဖြင့် ဘန်ကာ တည်ဆောက်ထားကာ နင်းမိုင်းများ ခင်းခဲ့ပြီး ဝါးရငယ်၊ ခင်နုဆည်ရွာဘက်ကို ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၆။ စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ထီဗွာရွာသား ၅၉ ဦးကို ဓားစားခံအဖြစ် ဖမ်းဆီးထား


ဇွန်လ ၁၂ရက်။

Radio NUG

ဇွန်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီ နှင့် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ် ထီဗွာ(ရေဖြူ)ကျေးရွာ ဒေသခံ ပြည်သူ ၅၉ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း PNLAက သတင်းထုတ်ပြန်ပါတယ်။


တောတောင်ထဲတွင် စစ်ဘေးတိမ်ရှောင်နေသည့် ဒေသခံပြည်သူများကို ပြန်မလာပါက နေအိမ်များ မီးရှို့မည်ဟု ခြိမ်းခြောက်ကာ အကြပ်ကိုင်ရာမှ ပြန်လာသည့် ပြည်သူများကို စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ကျေးရွာခန်းမတွင်း ဖမ်းဆီးထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။


ဖမ်းဆီးခံရသည့်သူများအနက် ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်ကြပြီး အသက် ၄၀နှင့်အထက် ပြည်သူများ အများစုဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ စဉ့်ကူးမြို့နယ် တောင်အင်းပျူရွာ ဝါဆိုဘုန်းကြီးကျောင်းထဲမှ ပစ်ခတ်သော လက်နက်ကြီးများကြောင့် ပြည်သူများ ထိခိုက်သေဆုံး


ဇွန်လ ၁၂ရက်။ 

Radio NUG

ဇွန်လ ၁၂ရက် နေ့လယ်ပိုင်းတွင် စဉ့်ကူးမြို့နယ် တောင်အင်းပျူရွာ ဝါဆိုဘုန်းကြီးကျောင်းထဲမှ တောင်ဘက်သို့ ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ဆင်သေရွာထဲကျ၍ အသက် ၅၀ကျော် အရွယ်အမျိုးသား ပြည်သူ ၃ဦးနှင့် အသက် ၁၁အရွယ် ကလေး၁ဦး ထိမှန်ခဲ့ကြောင်း၊ ဆင်သေရွာသား ၂ဦး ပွဲချင်းပြီး သေဆုံး၍ ကျန် ၁ဦးသည်( စိုးရိမ်ရ)ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိကြောင်း Wetlet Informational Networkမှ သတင်းထုတ်ပြန်ပါတယ်။


တောင်အင်းပျုရွာမှ နေ့ခင်းပိုင်းတွင် အနောက်ဘက်သို့ ထပ်မံပစ်ခတ်ခဲ့သော ၁၂၀ မမ လက်နက်ကြီးသည် ဇီးကုန်း(အထက်)ရွာထဲကျ၍ အသက် ၈နှစ်အရွယ်ပြည်သူ ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရရှိကြောင်း သိရပါတယ်။


ဇွန်လ ၁၁ ရက်နေ့ကလည်း တောင်အင်းပျုရွာမှ လက်နက်ကြီး ပစ်ခတ်ခဲ့မှုကြောင့် ထီးကုန်းရွာထဲကျ၍ အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း သိရှိရပါတယ်။


========================


🚩🚩 ၈။ ကန်ပက်လက်မြို့နယ်၊ ချင်းလက်မွန်ရွာကို လေကြောင်းတိုက်ခိုက်မှု ပြည်သူ()ဦး သေဆုံး ()ဦး ဒဏ်ရာရရှိ


ဇွန်လ ၁၂ရက်။ 

Radio NUG 

ဇွန်လ ၁၁ ရက်နေ့ နေ့ခင်းပိုင်းမှာ ကန်ပက်လက်မြို့နယ် အိမ်ခြေ(၄၀)ခန့်ရှိတဲ့ ချင်းလက်မွန်ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အမျိုးသား()ဦး သေဆုံးကာ ဉီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ()ဦးမှာဒဏ်ရာပြင်းထန်ကြောင်း The Matupi Times မှာ ဖော်ပြထားပါတယ်။


၎င်းအပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာထဲက စာသင်ကျောင်း()ဆောင်နှင့်  နေအိမ်()လုံး ထိခိုက်ပျက်စီးသွားကြောင်း သိရပါတယ်။ 


ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်ထဲက ကျေးရွာတွေကို ပစ်မှတ်ထားကာ အကြောင်းမဲ့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာပြီး နေအိမ် ထိခိုက်ပျက်စီးမှုတွေ ရှိနေပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment