14th JUN 2024 - Evening Daily News by Radio NUG

၂၀၂၄ ဇွန်လ ၁၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန CDM ဝန်ထမ်းများ စတုတ္ထ အကြိမ်မြောက် "စိတ်ခွန်အားဖြည့် တွေ့ဆုံပွဲ အခမ်းအနား"ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်တက်ရောက်အားပေး

📌 ၂။ "၂၀၂၄ ခုနှစ်မေလအတွင်းတနိူင်ငံလုံးမှာအကြမ်းဖက်စစ်အုပ်စုက ကျူးလွန်တဲ့လူ့အခွင့်ရေးချိုးဖောက်မှုပေါင်း ၅၄၃မှုကို ကျူးလွန်ခဲ့တယ်"လို့ထုတ်ပြန်

📌 ၃။ နိုင်ငံတစ်ဝန်းရှိ ပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် မဆင်မခြင်တိုက်ခိုက်မှုများကြောင့် မသန်စွမ်းသူများဦးရေ မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂမှာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၄။ ပြင်သစ်အစိုးရနှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) တို့ပူးပေါင်းဆောင်ရွက်ရေးနှင့် တရားရေးဆိုင်ရာ အပြန်အလှန်အထောက်အကူပေးရေး သဘောတူစာချုပ်လက်မှတ်ရေးထိုး

📌 ၅။ ပါမောက္ခရှောင်တာနယ်နှင့်အမေရိကန်နိူင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ မြန်မာပြည်သူများအတူတကွ ရန်ပုံငွေရှာဖွေပွဲ ကျင်းပမည်

📌 ၆။ ဒေါ်အောင်ဆန်းစုကြည်ရဲ့(၇၉)နှစ်ပြည့်မွေးနေ့ ကို မြိုင်မြို့နယ်မှာ မွေးနေ့ဆုတောင်းလူထုသပိတ်လှုပ်ရှား

📌 ၇။ ပရောဂျက်ဇီဝကရဲ့ ခွဲစိတ်မှုပေါင်း ၁၀၀ challenge တွင်ပါဝင်ရန်ဖိတ်ခေါ်

📌 ၈။ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကာလက ဆင်းရဲမွဲတေမှုအခြေအနေဆီကိုပြန်သွားနေတယ်လို့ ကုလသမဂ္ဂသတိပေး


၂၀၂၄ ခုနှစ် ဇွန်လ ၁၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ၇၅ ကြိမ်မြောက် ကော်သူးလေနေ့အတွက် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဆုမွန်ကောင်းတောင်း

🚩 ၂။ KNDF တပ်ရင်း ()   အမျိုးသမီးတပ်ခွဲ နှစ်ပြည့် အခမ်းအနား ပုံရိပ်များ ထုတ်ပြန်

🚩 ၃။ မုံရွာ-မန္တလေး လမ်းပိုင်းမှာ ကြေးနီသယ် တွဲကားယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ဦးသေဆုံး

🚩 ၄။ ရွှေဘိုမြို့ပေါ်မှာ စစ်တပ်က လူငယ် ၄၀ကျော်ကို စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်

🚩 ၅။ ယင်းမာပင်မြို့နယ်  သီတဂူဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်သော  ဒုရဲအုပ်တစ်ဦး အပါဝင်၆ဦးတို့ကို ယင်းမာပင်မြို့နယ် တိုက်နယ် ( ) ပကဖအဖွဲ့မှ  ဆီးကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ  ရဲ ဦးလုံး သေဆုံး

🚩 ၆။ ဝိုင်းမော်မြို့နယ်ထဲက စစ်စခန်း ခုကို KIA က ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး မံစီမှာဖြစ်တဲ့တိုက်ပွဲမှာ တင့်ကားတစီးကို ထပ်မံ ဖျက်စီးနိုင်ခဲ့ 

🚩 ၇။ ချင်းညီနောင်မဟာမိတ်အဖွဲ့၏ စစ်ဆင်ရေးစတင်၊ မတူပီမြို့မရဲစခန်းနှင့် ထွေအုပ်ံရုံးတို့ကို သိမ်းပိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန CDM ဝန်ထမ်းများ စတုတ္ထ အကြိမ်မြောက် "စိတ်ခွန်အားဖြည့် တွေ့ဆုံပွဲ အခမ်းအနား"ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်တက်ရောက်အားပေး


ဇွန်လ ၁၄ရက်


ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန (MOCIT)လက်အောက်ရှိ CDM ဝန်ထမ်းများ၏ စတုတ္ထ အကြိမ်မြောက် "စိတ်ခွန်အားဖြည့် တွေ့ဆုံပွဲ အခမ်းအနား"ကို ဇွန်လ ၂ရက်နေ့တွင် Online မှတဆင့် ကျင်းပပြီးစီးခဲ့တယ်လို့သတင်းရရှိပါတယ်။


တွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်နှင့် ရုံးအဖွဲ့၊ CDM Success Committee မှ တာဝန်ရှိသူများ၊  ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်၊CDM ဦးစီးအရာရှိ ဦးကျော်သက်လင်း၊ အဆိုတော် LEO နှင့် (MOCIT) လက်အောက်ရှိ CDM ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါတယ်။


ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်ကပြောကြားရာတွင်"ယနေ့အချိန်ထိ အခက်အခဲများကြားမှ တောင့်ခံပေးနေကြသော CDM ဝန်ထမ်းများကို ကျေးဇူးတင်လေးစားပါကြောင်း၊ စိတ်ဓာတ်မြင့်မြတ်သူတွေထံက မိမိတို့ကသာ စိတ်ခွန်အားပြန်လည်ရယူရမှာဖြစ်ပါကြောင်း၊ CDM လှုပ်ရှားမှုဟာ စစ်ကောင်စီကို တုန်လှုပ်စေတဲ့အထိ အောင်မြင်ခဲ့ပါကြောင်း၊ CDM ဖြင့်သာမက တော်လှန်ရေးအတွင်းကျရာကဏ္ဍတွင် ပါဝင်တိုက်ပွဲဝင်နေကြသည့် ဝန်ထမ်းများကို အထူးလေးစားဂုဏ်ယူပါကြောင်း" အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်၍ CDM ကိုယ်စားလှယ်တစ်ဦးမှ စိတ်ခွန်အားဖြည့်ပွဲများကို ၄ကြိမ်တိုင် ကျင်းပနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ CDM ကိုယ်စားပြုအဖွဲ့ကိုဖွဲ့စည်းနိုင်ခဲ့ကာ သင်တန်းများပို့ချခြင်း၊ ပညာမျှဝေခြင်းနှင့် သက်ဆိုင်ရာကိုယ်စားလှယ်များမှတဆင့် CDM များကို စုစည်းဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်တွင် ပိုမိုကောင်းမွန်သော ဝန်ထမ်းယန္တရားပေါ်ပေါက်လာရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။


ထို့နောက်ဗိုလ်ကြီးဟောင်းဦးနေမျိုးဇင်မှ စစ်ကျွန်ဘဝမှ ရုန်းထွက်ကာ လွတ်လပ်သော ကိုယ်ပိုင်ရပ်တည်ချက်ဖြင့် တိုက်ပွဲဝင်နေသူများကို လေးစားဂုဏ်ယူပါကြောင်း၊ တော်လှန်ရေးရေချိန်မြင့်လာသည်နှင့်အမျှ အောင်ပွဲနှင့်နီးကပ်လာပြီဖြစ်ပါကြောင်း၊ မကြာသောကာလမှာ အချင်းချင်းအပြုံးပန်းများဖြင့်တွေ့ဆုံကြရမည်ကို စိတ်ခွန်အားထားကာ ရနိုင်သမျှနည်းလမ်းဖြင့် တော်လှန်ရေးအောင်မြင်ရန် ဆက်လက်ပါဝင်ပေးကြဖို့ စိတ်ခွန်အားဖြည့် တိုက်တွန်းပြောကြားခဲ့ပါတယ်။


ထို့နောက် CDM ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ကာCDM ဝန်ထမ်းများအား ကံစမ်းမဲအစီအစဉ်များဖြင့် ဝန်ကြီးဌာနတာဝန်ရှိသူများမှ ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါတယ်။


========================


📌📌 ၂။ "၂၀၂၄ ခုနှစ်မေလအတွင်းတနိူင်ငံလုံးမှာအကြမ်းဖက်စစ်အုပ်စုက ကျူးလွန်တဲ့လူ့အခွင့်ရေးချိုးဖောက်မှုပေါင်း ၅၄၃မှုကို ကျူးလွန်ခဲ့တယ်"လို့ထုတ်ပြန်


ဇွန်လ၁၄


 ၂၀၂၄ ခုနှစ်၊ မေလအတွင်း စုဆောင်းရရှိခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို လူ့အခွင့်ရေးဒုဝန်ကြီး ခွန်းဗဟန်းထန်မှ အခုလိုထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။


"၂၀၂၄ ခုနှစ်မေလအတွင်း တနိူင်ငံလုံးမှာအကြမ်းဖက်စစ်အုပ်စုက ကျူးလွန်တဲ့လူ့အခွင့်ရေးချိုးဖောက်မှုပေါင်း ၅၄၃မှုကို ကျူးလွန်ခဲ့ကြောင်းမှတ်တမ်းတင်ကောက်ယူရရှိခဲ့ပါတယ်။ ဒီအမှုတွေထဲမှာ တရားလက်လွတ်သတ်ဖြတ်ခဲ့တဲ့အမှုပေါင်း၁၂၉မှု၊နေအိမ်နှင့်ကိုယ်ပိုင်ပစ္စည်းများကိုမီးရှို့ဖျက်ဆီးခဲ့မှုပေါင်း ၁၁၉မှု၊မတရားဖမ်းဆီးခဲ့တဲ့အမှုပေါင်း၃၉မှုနဲ့အခြားလူ့အခွင့်အရေးချိုးဖောက်မှု ၂၅၈မှုကိုကောက်ယူရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ၂၀၂၄ခုနှစ် မေလအတွင်း မှတ်တမ်းကောက်ယူထားတဲ့ အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများအား တိုင်းနှင့်ပြည်နယ်အလိုက်၊ အမှုအမျိုးအစားအလိုက် အပြင် အထူးဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု များကိုပါ မှတ်တမ်းတင်ထားရှိပြီး နိုင်ငံတကာသို့ အချိန်နှင့် တပြေးညီ ပေးပို့ထားရှိတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ နိုင်ငံတစ်ဝန်းရှိ ပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် မဆင်မခြင်တိုက်ခိုက်မှုများကြောင့် မသန်စွမ်းသူများဦးရေ မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂမှာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


ဇွန်လ၁၄ရက်


ဇွန်လ၁၃ရက်တွင် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း၏ အဖွဲ့ဝင်နိုင်ငံများ၏ (၁၇) ကြိမ်မြောက် ကွန်းဖရင့်၌ ပြုလုပ်သည့် အထွေထွေဆွေးနွေးမှုကဏ္ဍတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အခုလိုပြောကြားခဲ့ပါတယ်။


"မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မတရားစစ်အာဏာသိမ်းခဲ့ပြီးနောက် မသန်စွမ်းသူများ၏ အခွင့်အရေးအား မြှင့်တင်ကာကွယ်ခြင်းမှာ ဆိတ်သုဉ်းခဲ့ပြီး ၎င်းတို့၏ အခွင့်အရေးများအား ချိုးဖောက်မှုမှာ အဆမတန် ဆိုးရွားလာခဲ့ကြောင်း၊မတရားစစ်အာဏာသိမ်းထားသည့် စစ်တပ်က နိုင်ငံတစ်ဝန်းရှိ ပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် မဆင်မခြင်တိုက်ခိုက်မှုများကြောင့် မသန်စွမ်းသူများဦးရေ မြင့်တက်လာခဲ့ကြောင်း၊ ကလေးငယ်များနှင့် လူငယ်လူရွယ်များ၊ အထူးသဖြင့် ပဋိပက္ခအတွင်း ကျရောက်နေသူများအနေဖြင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ဆုံးရှုံးကာ မသန်စွမ်းသူများ ဖြစ်လာခဲ့ရကြောင်း၊ ထိုသို့သော ကြေကွဲဖွယ်ရာ အခြေအနေ များမှာ လူကဖန်တီးသော အခြေအနေများဖြစ်ပြီး အလွန်အမင်း ရက်စက်ကြမ်းကြုတ် သော စစ်တပ်ကြောင့်ပင်ဖြစ်ကြောင်း"သံအမတ်ကြီးကပြောပါတယ်။


ထို့အပြင်စိန်ခေါ်မှုများနှင့် ကန့်သတ်ချက်များ တည်ရှိနေသည့်အကြားမှ အမျိုးသားညီညွတ် ရေး အစိုးရအနေဖြင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ မကြာသေး မီက စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် မသန်စွမ်းသူများ ဖြစ်လာခဲ့ရသူများ အပါအဝင် မသန်စွမ်းသူများကို ထောက်ပံ့ကူညီမှုများ ပေးအပ်နိုင်ရန် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြိုးပမ်းဆောင်ရွက်မှုများအနက် မြေမြှုပ်မိုင်း၏ သားကောင်များအတွက် ခြေတုလက်တုများ တပ်ဆင်ပေးခြင်းလည်း ပါဝင်ကြောင်းသံအမတ်ကြီးကထပ်လောင်းပြောပါတယ်။


========================


📌📌 ၄။ ပြင်သစ်အစိုးရနှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) တို့ပူးပေါင်းဆောင်ရွက်ရေးနှင့် တရားရေးဆိုင်ရာ အပြန်အလှန်အထောက်အကူပေးရေး သဘောတူစာချုပ်လက်မှတ်ရေးထိုး


ဇွန်လ၁၄ရက်


ပြင်သစ်အစိုးရနှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) တို့ပူးပေါင်းဆောင်ရွက်ရေးနှင့် တရားရေးဆိုင်ရာ အပြန်အလှန်အထောက်အကူပေးရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်းကိုဇွန်လ၁၄ရက် မြန်မာနိူင်ငံရှိ ပြင်သစ်သံရုံးကတရားဝင်သတင်းထုတ်ပြန်ပါတယ်။


ပြင်သစ်အစိုးရနှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) တို့ ပူးပေါင်းဆောင်ရွက်ရေးနှင့် တရားရေးဆိုင်ရာ အပြန်အလှန်အထောက်အကူပေးရေး သဘောတူစာချုပ်ကို ဂျနီဗာမြို့၌ ၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ဖော်ပြပါတယ်။


ဤသဘောတူစာချုပ်ဟာ စုံစမ်းစစ်ဆေးမှုယန္တရားမှ ပူးပေါင်းဆောင်ရွက်ရန်တောင်းဆိုမှုများကို တုံ့ပြန်ရန်နှင့် ၎င်းလုပ်ဆောင်သော စုံစမ်းစစ်ဆေးမှု လုပ်ငန်းများတွင်ပါဝင်ကူညီရန် ရေရှည်တည်တံ့သောမူဘောင်ကို ပြင်သစ်အားပေးအပ်တယ်လို့သိရပါတယ်။


 ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားကို ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် တည်ထောင်ချိန်မှစ၍ ဤယန္တရားအား ပြင်သစ်အစိုးရကပံ့ပိုးကူညီခဲ့ပါတယ်။


========================


📌📌 ၅။ ပါမောက္ခရှောင်တာနယ်နှင့်အမေရိကန်နိူင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ မြန်မာပြည်သူများအတူတကွ ရန်ပုံငွေရှာဖွေပွဲ ကျင်းပမည်


ဇွန်လ၁၄


ပါမောက္ခရှောင်တာနယ်နှင့်အမေရိကန်နိူင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ မြန်မာပြည်သူများအတူတကွ ရန်ပုံငွေရှာဖွေပွဲ ကျင်းပမယ်လို့သတင်းရရှိပါတယ်။


ပွဲအခမ်းအနားကို ဇွန်လ၁၆ရက် ဖရီးမောင့်မှာကျင်းပသွားမှာဖြစ်ပါတယ်။


ပွဲအခမ်းအနားသို့ သတင်းသမား၊ဓာတ်ပုံဆရာ Mr. Gary Rocchioလည်းပါဝင်တက်ရောက်မည်ဖြစ်ပြီး Professor Sean Turnellလည်းတက်ရောက်မှာဖြစ်ပါတယ်။


"တစ်ယောက်က အပြန်အလှန်လေးစားမှုနဲ့ Promotion လုပ်သလို တစ်ယောက်ကလည်း  မြန်မာပြည်အတွက်လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ရောက်လာပါတော့မယ်  ကဲ..ကျနော်တို့အားလုံး သူတို့နဲ့အတူ ဇွန်လ(၁၆) ရက် တနင်္ဂနွေနေ့ ဖရီးမောင့်မှာဆုံကြပါစို့"လို့ဖရီးဘားမားအက်ရှင်ကော်မတီ ဆန်ဖရန်ဗေးဧရိယာကဖော်ပြဆိုပါတယ်။


========================


📌📌 ၆။ ဒေါ်အောင်ဆန်းစုကြည်ရဲ့(၇၉)နှစ်ပြည့်မွေးနေ့ ကို မြိုင်မြို့နယ်မှာ မွေးနေ့ဆုတောင်းလူထုသပိတ်လှုပ်ရှား


ဇွန်လ၁၄ရက်


အမေဒေါ်အောင်ဆန်းစုကြည်ရဲ့(၇၉)နှစ်ပြည့်မွေးနေ့ ကို မြိုင်မြို့နယ်မှာ မွေးနေ့ဆုတောင်းလူထုသပိတ်လှုပ်ရှားခဲ့တယ်လို့ ဇွန်လ၁၄ရက်မှာ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ပင်မသပိတ်ကအသိပေးဖော်ပြပါတယ်။


အဆိုပါလူထုသပိတ်တွင်"ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ"ဘန်နာကိုကိုင်စွဲခဲ့ပြီး လူငယ်အများစုပါဝင်လှုပ်ရှားခဲ့ကြပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့(၇၉)နှစ်ပြည့်မွေးနေ့ဇွန်လ၁၉ရက်နေ့တွင်လည်း ပန်းသပိတ်ကိုလူထုကပါဝင်ဆင်နွှဲရန် နှိုးဆော်ထားပါတယ်။


========================


📌📌 ၇။ ပရောဂျက်ဇီဝကရဲ့ ခွဲစိတ်မှုပေါင်း ၁၀၀ challenge တွင်ပါဝင်ရန်ဖိတ်ခေါ်


ဇွန်လ၁၄ရက်


ပရောဂျက်ဇီဝကရဲ့ ခွဲစိတ်မှုပေါင်း ၁၀၀ challenge တွင်ပါဝင်ရန် ဇွန်လ၁၄ရက်မှာ ဆေးတက္ကသိုလ်၁ ကျောင်းသားသမဂ္ဂ ကအသိပေးဖော်ပြပါတယ်။


"ပရောဂျက်ဇီဝကရဲ့ Operation 100 Challenges ဟာ စစ်ရေးအရှိန်မြင့်နေတဲ့ ကရင်နီဒေသအတွက် လွန်စွာအကျိုးရှိမှာဖြစ်ပါတယ်။မတရားမှုကိုတော်လှန်နေတဲ့ စစ်ပွဲတပွဲမှာ ထိခိုက်ဒဏ်ရာရကြတဲ့ ပြည်သူ့သူရဲကောင်းတွေတင်မဟုတ်ပါဘူး။ အပြစ်မဲ့တဲ့ပြည်သူတွေ ကလေးငယ်တွေ လည်း ပါဝင်ပါတယ်။ ခွဲစိတ်မှုတွေကြောင့် အသက်ရှင်သန်ခဲ့ကြတဲ့ ဆက်ပြီးတိုက်ပွဲဝင်နေကြတဲ့ ရဲဘော်ရဲဘက်တွေ ကရင်နီမှာ ဒုနဲ့ဒေးပါပဲ"လို့ဆိုပါတယ်။


ပရောဂျက်ဇီဝကကနေ ခွဲစိတ်မှုတွေ ကို ထောက်ပို့ပြည်သူတွေ နဲ့ အတူ တူတူဆောင်ရွက် နိုင်ကြဖို့ အခွင့်အလမ်းတခု ဆောင်ကြဥ်းပေးထားပြီး ခွဲစိတ်မှုအကြီးစား တခု ကို - ၃၀၀,၀၀၀ ကျပ် နဲ့ပါဝင် ကုသပေးလို့ရမှာဖြစ်ပါတယ်။


ခွဲစိတ်မှုအရေအတွက်၁၀၀” challenge ဟာ ရဲဘော်ပေါင်း ၁၀၀၊ ပြည်သူပေါင်း ၁၀၀ မက အကျိုးရှိမယ့် challenge ဖြစ်တဲ့အတွက် အားလုံးပါဝင်ထောက်ပို့ကြဖို့ နှိုးဆော်ထားပါတယ်။


========================


📌📌 ၈။ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကာလက ဆင်းရဲမွဲတေမှုအခြေအနေဆီကိုပြန်သွားနေတယ်လို့ ကုလသမဂ္ဂသတိပေး


မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကာလက ဆင်းရဲမွဲတေမှုအခြေအနေတွေကို ပြန်သွားနေတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA က သတင်းထုတ်ပြန်ထားပါတယ်။ 

မြန်မာနိုင်ငံဟာ စစ်တပ်ကအာဏာသိမ်းပြီး နှစ်ကျော်အကြာမှာ ပြည်သူ ၁၈ ဒသမ သန်းကျော်ဟာ အကူအညီများလို အပ်နေပြီး ကလေး သန်းမှာလည်း အခက်အခဲဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်ခဲ့ပြီး နှစ်အကြာ ၂၀၂၄ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေသူ လူဦးရေ ၁၈ ဒသမ သန်းရှိနေပြီး အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေး ပြတ်တောက်မှု၊ စားနပ်ရိက္ခာ မဖူလုံမှုနဲ့အာဟာရချို့တဲ့မှု၊ အတင်းအကျပ် စစ်သားစုဆောင်းခံရမှုနဲ့ စိတ်ပိုင်းဆိုင်ရာဒုက္ခတွေကြောင့် ကလေးငယ် သန်း ဟာ အကျပ်အတည်းဒဏ်ကို ခံစားနေရတယ်လို့ UNOCHA က အသိပေးထားပါတယ်။ 

မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးသူ သန်းတိုးလာပြီး ငွေကြေးဖောင်းပွမှုနှုန်းနဲ့အလုပ်လက်မဲ့နှုန်းတွေ ဆက်လက်မြင့်တက် နိုင်မှုနဲ့အတူ ဆင်းရဲမှုအခြေအနေဟာ မြန်မာနိုင်ငံအနှံအပြားမှာ ဆိုးရွာနေဦးမယ်လို့ ကမ္ဘာ့ဘဏ်ကလည်း အသိပေး ထားပါ တယ်။

၂၀၂၄ နှစ်စမှာ လူဦးရေရဲ့ ၃၂ ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ ၁၇ သန်းကျော်ဟာ ဆင်းရဲနွမ်းပါးတဲ့ အခြေအနေကိုရောက်ရှိလာတဲ့ အတွက် ၂၀၁၅ ခုနှစ်က အခြေအနေကို ပြန်လည်ရောက်ရှိသွားတာလို့ ကမ္ဘာ့ဘဏ်က နှိင်းယှဥ်ပြထားပါတယ်။  

လက်ရှိ မြန်မာ့စီးပွားရေးအခြေအနေက မိသားစုများကို ငွေကြေးအကျပ် အတည်းများတိုးလာစေပြီး ကိုင်တွယ်ဖြေရှင်းနိုင်မှု ကန့်သတ်ချက်များလည်း တိုးလာနေတယ်လို့ သိရပါတယ်။

လယ်ယာစိုက်ပျိုးရေး အခက်အခဲများနဲ့ ငွေကြေးဖောင်းပွမှု အရှိန်အဟုန်ကြောင့် မြန်မာပြည်သူတွေဟာ စားနပ်ရိက္ခာ လုံလောက်စွာရရှိဖို့ ခက်ခဲလာပြီး အာဟာရချို့တဲ့ခြင်းများလည်း မြင့်တက်လာစေကာ ကျန်းမာရေးစနစ်မှာလည်း အကျပ် အတည်းဖြစ်နေတယ်လို့ UNOCHA က ဆိုထားပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံက လူဦးရေ ဒသမ သန်းဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး သန်းနဲ့ချီသော မြန်မာပြည်သူတွေ အမိုးအကာမရှိခြင်း၊ သောက်သုံးရေမရှိကြခြင်းများနဲ့ ရင်ဆိုင်နေရကာ အမျိုးသမီးများ၊ မိန်းကလေးများ၊ မသန်စွမ်းသူများ ဟာ ထိခိုက်မှုအများဆုံးစာရင်းမှာပါဝင်နေပြီး ဆင်းရဲမွဲတေမှုဆိုင်ရာခြိမ်းခြောက်မှုကို လွန်ကဲစွာရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ UNOCHA က သတိပေးထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ကိုခန့်နှင့် ခါးရှဲလ်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ၇၅ ကြိမ်မြောက် ကော်သူးလေနေ့အတွက် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဆုမွန်ကောင်းတောင်း


ဇွန်လ၁၄ရက်


နိူင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်မှ ၇၅ ကြိမ်မြောက် ကော်သူးလေနေ့အတွက် ဆုမွန်ကောင်းတောင်းဆိုထားခြင်းကိုဇွန်လ၁၄ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆိုထား ပါတယ်။


"တရားမျှတမှု တန်းတူညီမျှမှု ကိုယ့်ကြမ္မာကိုယ်ပြဌာန်း ခွင့်ရှိသော ကော်သူးလေးမှ သည် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး အထိ အောင်မြင်စွာချီတက်နိူင်ပါစေ"လို့ဝန်ကြီးကဆိုပါတယ်။


ဇွန် ၁၄ ရက်နေ့ ကျရောက်သည့်၇၅ ကြိမ်မြောက် ကော်သူးလေနေ့တွင် ကော်သူးလေနယ်မြေတွင်း နေထိုင်ကြသော ကရင်တိုင်းရင်းသားများအပါအ၀င်၊ လူမျိုးပေါင်းစုံပြည်သူအများနှင့် တော်လှန်ရေးရဲဘော်ရဲဘက်များအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး၊ ဘေးဒုက္ခအန္တရာယ် အသီးသီးကင်းဝေးကြပါစေကြောင်းနှင့်  တန်းတူညီမျှမှု၊ တရားမျှတမှု၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အပြည့်အ၀ရှိသော ကော်သူးလေ တည်ဆောက်ခြင်းမှသည် မြန်မာပြည်သူအများလိုလားတောင့်တသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်နိုင်ပါစေကြောင်း  ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှလည်းဆုမွန်ကောင်းတောင်းပေးထားပါတယ်။


========================


🚩🚩 ၂။ KNDF တပ်ရင်း ()   အမျိုးသမီးတပ်ခွဲ နှစ်ပြည့် အခမ်းအနား ပုံရိပ်များ ထုတ်ပြန်


ဇွန် ၁၄ Radio NUG


ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း () ရဲ့ အမျိုးသမီးတပ်ခွဲ နှစ်ပြည့် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ KNDF တပ်ရင်း () က ဇွန်လ ၁၃ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


KNDF တပ်ရင်း () ရဲ့ အမျိုးသမီးအထူးတပ်သားသင်တန်းကို ကရင်နီပြည်တွင်း တစ်နေရာမှာ ၂၀၂၂ခုနှစ််၊ မေလ အတွင်း ပြုလုပ်ခဲ့ပြီးနောက် KNDF ရဲ့ တပ်ရင်း မှာ အမျိုးသမီးတပ်ခွဲအဖြစ် စတင်ဖွဲ့စည်းခဲ့ရာ ၂၀၂၄ခုနှစ်၊ မေလ ၃၁ ရက်နေ့မှာတော့ နှစ်ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။


အမျိုးသမီးတပ်ခွဲ ဖွဲ့စည်းပြီး နှစ်တာအတွင်း တိုက်ခိုက်ရေး၊ ဆေးအဖွဲ့၊ နိုင်ငံရေး ကဏ္ဍတွေမှာ ပါဝင်လုပ်ဆောင်လျက်ရှိတယ်လို့ ဆိုထားပါတယ်။ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေးအတွက် တတ်နိုင်တဲ့ဖက်ကနေ ဆက်လက်ပါဝင်သွားမယ်လို့ အမျိုးသမီးတပ်ခွဲ က ပြောဆိုပါတယ်။


========================


🚩🚩 ၃။ မုံရွာ-မန္တလေး လမ်းပိုင်းမှာ ကြေးနီသယ် တွဲကားယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ဦးသေဆုံး


စစ်ကိုင်းတိုင်း မုံရွာမြို့ကနေ ကြေးနီတွေသယ်ပြီး မန္တလေးဘက်ကို ထွက်လာတဲ့ တွဲကားယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် ခဲ့ရာမှာ စစ်သား ၂ဦး သေဆုံးသွားတယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Area 71 Peoples Defence Force က ဇွန်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

ဒီနေ့ ဇွန်လ ၁၄ ရက်မနက် နာရီကျော်အချိန်မှာ မုံရွာကနေ မန္တလေးဘက်ကို ကြေးနီတွေ သယ်ဆောင်လာတဲ့ Transporter တွဲကား စီးတန်းက စီးမြောက်ကားနဲ့ ၅စီးမြောက်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

ဒီယာဉ်တန်းမှာပါတဲ့ စီးမြောက်ကားကို မိုင်းဆွဲမယ်အချိန်မှာ ပြည်သူလူထုလိုက်ပါလာတဲ့ ခရီးသယ်တင်ကားနဲ့ ဘေးခြင်း ယှဉ်လက်ဖြစ်နေတာကြောင့် ခတ္တခဏစောင့်ဆိုင်းနေချိန်မှာ ကားလမ်းဘေးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေဟာ တော်လှန်ရေးရဲဘော်တွေကိုတွေ့ရှိသွားပြီး လိုက်လံပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မယ့် တော်လှန်ရေးရဲဘော်တွေကို လိုက်လံပစ်ခတ်နေချိန်မှာ ပထမမိုင်းပွိုင့်ကိုဖောက်ခွဲခဲ့ပြီး ဒုတိယမိုင်း ပွိုင့်စောင့် တော်လှန်ရေးရဲဘော်တွေက စီးမြောက်ကြေးနီသယ်ကားနဲ့ လမ်းပေါ်ရောက်နေတဲ့ အကြမ်းဖက်စစ်သားတွေ ကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ မိုင်းကွဲသံနဲ့အတူ ပစ်ခတ်သံတွေရပ်သွားကာ စစ်သား ၂ဦး ပွဲချင်းပြီး သေဆုံးသွားတာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ Area 71 Peoples Defence Force က ပြောပါတယ်။ 

အကြမ်းဖက်စစ်သားတွေက တော်လှန်ရေးရဲဘော်တွေကို လိုက်လံပစ်ခတ်မှုတွေလုပ်ခဲ့ပေမယ့် Area 71 က ရဲဘော်တွေဟာ ပြည်သူလူထုကပို့သတဲ့ မေတ္တာတရားကြောင့် ထိခိုက်ပွန်းပဲ့တာမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ရွှေဘိုမြို့ပေါ်မှာ စစ်တပ်က လူငယ် ၄၀ကျော်ကို စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်


စစ်ကိုင်းတိုင်း ရွှေဘိုမြို့ပေါ်မှာ စစ်ကောင်စီတပ်က လူငယ် ၄၀ကျော်ကို စစ်မှုထမ်းစေဖို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဇွန်လ ၁၂ရက် ညပိုင်းက ရွှေဘိုမြို့ အမှတ်-၁၀ ရပ်ကွက်နဲ့ ကျူးကျော်နေအိမ်တွေက လူငယ် ၄ဝ ကျော်ကို စစ်မှုထမ်းစေဖို့  စစ်ကောင်စီတပ်က အဓမ္မဖမ်းဆီးခေါ်ဆောင်တယ်လို့ WetLet Informational Network ကလည်း အသိပေးထားပါတယ်။

အခုလို ဖမးဆီးခေါ်ဆောင်တာဟာ စစ်မှုထမ်းစာရင်းမှာပါတဲ့အတွက် ခေါ်ဆောင်တာမျိုးမဟုတ်ဘဲ လူငယ်တွေပစ်မှတ်ထား ရှာဖွေဖမ်းဆီးသွားတာဖြစ်တယ်လို့ ရွှေဘိုမြို့ခံတွေက ဆိုပါတယ်။

စစ်မှုထမ်းစေဖို့ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီက တဦးလျှင် ဆန်တပိုင်းနဲ့ငွေ ကျပ် ၇သောင်း ပေးခဲ့တယ်လို့လည်း သိရပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီနဲ့မေလတုန်းကလည်း ရွှေဘိုခရိုင်ထဲက ရေဦးမြို့ပေါ်မှာ လူငယ် ၅၀ နီးပါး စစ်မှုထမ်းစေဖို့ ဖမ်းဆီးခံခဲ့ရပေမယ့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့တိုက်ခိုက်မှုနဲ့ ထွက်ပြေးမှုကြောင့် လူင

ယ်အားလုံးလွတ်မြောက်ခဲ့တာရှိပါတယ်။


========================


🚩🚩 ၅။ ယင်းမာပင်မြို့နယ်  သီတဂူဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်သော  ဒုရဲအုပ်တစ်ဦး အပါဝင်၆ဦးတို့ကို ယင်းမာပင်မြို့နယ် တိုက်နယ် ( ) ပကဖအဖွဲ့မှ  ဆီးကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ  ရဲ ဦးလုံး သေဆုံး


ဇွန်လ၁၄ရက်


ယင်းမာပင်မြို့နယ်  သီတဂူဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်သော  ဒုရဲအုပ်တစ်ဦး အပါဝင်၆ဦးတို့ကို ယင်းမာပင်မြို့နယ် တိုက်နယ် ( ) ပကဖအဖွဲ့မှ  ဆီးကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ  ရဲ ဦးလုံး သေဆုံးခဲ့တယ်လို့ ဇွန်လ၁၄ရက်မှာ ယင်းမာပင်မြို့နယ် တိုက်နယ် ( ) ပကဖအဖွဲ့ကအသိပေးဖော်ပြပါတယ်။


" ယင်းမာပင်မြို့နယ် အောင်ဇေယျ စစ်မှုထမ်းဟောင်းရပ်ကွက် သီတဂူဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်သော  ဒုရဲအုပ်တစ်ဦး အပါဝင် ၆ဦးတို့သည်  probox ကားတစ်စီး ဆိုင်ကယ် စီးဖြင့် ကျောင်းထဲမှ ထွက်ခွာလာရာ ကျောင်းနှင့်မလှမ်းမကမ်းတွင် အသင့်စောင့်ကြိုနေသော ယင်းမာပင်မြို့နယ် တိုက်နယ် ( ) ပကဖအဖွဲ့မှ  ဆီးကြိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်"လို့ဖော်ပြပါတယ်။


ထို့နောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲ ဦးလုံး သေဆုံးကာ ၎င်း တို့ ကိုင်ဆောင်သော G-3 ( )လက်၊ HK-33 ()လက်၊ အူဇီ () လက်၊ M-16 ( ) လက် တို့အား သိမ်းဆည်းရမိခဲ့ပါတယ်။


သေဆုံးသူများတွင်- ဒုရဲအုပ် ဦး၊ ဒုတပ်ကြပ် ဦး ( သစ်တာရဲ ဦး )၊ရဲတပ်သား ဦး ( သစ်တောရဲ ဦး  )စုစုပေါင်း ဦး အသေပစ်ခတ်ဖမ်းဆီးရမိပြီးတော်လှန်ရေး ရဲဘော်တစ်ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။


========================


🚩🚩 ၆။ ဝိုင်းမော်မြို့နယ်ထဲက စစ်စခန်း ခုကို KIA က ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး မံစီမှာဖြစ်တဲ့တိုက်ပွဲမှာ တင့်ကားတစီးကို ထပ်မံ ဖျက်စီးနိုင်ခဲ့ 


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက ဆနီခူးရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်စခန်း ခုကို KIA ကထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး မံစီမှာဖြစ်တဲ့တိုက်ပွဲမှာလည်း စစ်တပ်တင့်ကားတစီးကို ဖျက်စီးနိုင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ချီဖွေမြို့ကိုသွားရာလမ်းမှာရှိတဲ့ ဝိုင်းမော်မြို့နယ် ဆနီခူးရွာက အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ခုကို KIA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က ဇွန်လ ၁၃ ရက် ညနေ နာရီခန့်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာမှာ စစ်သားတွေနဲ့ ပြည်သူစစ်တွေ စခန်းစွန့် ခွာ ထွက်ပြေးသွားတယ်လို့ဆိုပါတယ်။

အလားတူ မံစီမြို့နယ်မှာလည်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေကြား ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ရာမှာ တင့်ကားတစီးကို ထပ်မံဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ဗန်းမော်-မံစီလမ်းပိုင်းမှာရှိတဲ့ ကောင်ဂျာယန်ရွာအနီးမှာ ဇွန်လ ၁၃ ရက်နေ့က စစ်ကောင်စီတပ်က တင်ကား ၂စီးနဲ့တိုက်ခိုက် မှုတွေလုပ်ခဲ့ရာမှာ KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက တင့်ကားတစီးကို ဖျက်ဆီးနိုင်ခဲ့တဲ့အပြင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများစွာရှိခဲ့တယ်လို့ 7Stars News က ဖော်ပြပါတယ်။ 

မေလ ၁၀ ရက်နေ့ကလည်း ဗန်းမော်မြို့နယ် ၅မိုင် ဂျေအင်းရွာအနီးမှာ စစ်တပ်စစ်ကြောင်းကို KIA နဲ့ KPDF ပူးပေါင်း တပ်တွေက ကြားဖြတ်တိုက်ခဲ့ရာ စစ်တပ်တင့်ကားတစီးနဲ့ စစ်ကား ၂စီးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဗန်မော်ခရိုင်ထဲက မိုးမောက်အခြေစိုက် ခမရ ၄၃၇ စခန်းကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့ တိုက်ခိုက်နေဆဲဖြစ်တာကြောင့် စစ်ရေးတင်းမာနေဆဲလို့လည်း သိရပါတယ်။


========================


🚩🚩 ၇။ ချင်းညီနောင်မဟာမိတ်အဖွဲ့၏ စစ်ဆင်ရေးစတင်၊ မတူပီမြို့မရဲစခန်းနှင့် ထွေအုပ်ံရုံးတို့ကို သိမ်းပိုက်


ဇွန် ၁၄ Radio NUG


ဇွန်လ ၁၃ ရက်နေ့မှာ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ကို ချင်းညီနောင်မဟာမိတ်ပူးပေါင်းအဖွဲ့၏ (Operation-CB) စတင်ဖော်ဆောင်နေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။  


ချင်းညီနောင်မဟာမိတ်အဖွဲ့က မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းတွေကို  ပြီးခဲ့တဲ့ ဇွန်လ ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင် တိုက်ခဲ့တာဖြစ်ပြီး  ဒီကနေ့ထိ ဆက်လက် တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။ 


ဇွန်လ ၁၃ ရက်နေ့မှာ မတူပီမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့်အထွေထွေအုပ်ချုပ်ရေးရုံးတို့ကို ချင်းညီနောင်မဟာမိတ်အဖွဲ့က ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။


တိုက်ပွဲစတင်ဖော်ဆောင်သည့်အချိန်မှစ၍ စစ်ကောင်စီဘက်က လေယာဉ်ဖြင့် အကြိမ်ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။


တိုက်ပွဲအတွင်းမှာ ချင်းညီနောင်မဟာမိတ်အဖွဲ့ဝင် CDF-Matupi တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးသွားကြောင်း သိရပါတယ်။  


မတူမြို့သိမ်းတိုက်ပွဲတွင် CDF-Matupi တပ်မဟာ () Yaw Army AA နဲ့ ချင်းညီနောင်အဖွဲ့၀င်များ ပူးပေါင်းတိုက်ပွဲ၀င်တယ်လို့ သိရပါတယ်။ 


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ကိုခန့်နှင့် ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment