14th JUN 2024 - Morning Daily News by Radio NUG

၂၀၂၄ ဇွန်လ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ နယ်မြေစိုးမိုးမှု ခိုင်မာအားကောင်းမှ အုပ်ချုပ်ရေး လုပ်ငန်းတွေနဲ့ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေအကောင်အထည်ဖော် လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ အကြမ်းဖက်စစ်ကောင်စီက  မီတာခ ကိုအဆမတန် တက်ဖို့ ကြံစည်နေ

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၏ သုံးပွင့်ဆိုင်အဖွဲ့ဝင် မြန်မာအလုပ်သမားတပ်ပေါင်းစု(MLA)မှ အလုပ်သမားကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုး ILO အုပ်ချုပ်မှုအဖွဲ့တွင် အလုပ်သမား ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရပြီး ဒေါ်ခိုင်ဇာအောင်က အလုပ်သမားသမဂ္ဂ အခွင့်အရေး ကြိုးပမ်းမှုများအတွက် Arthur Svenssons International Prize ဆု ချီးမြှင့်ခံရ

📌 ၄။ လူသားမျိုးနွယ် ပျက်သုဥ်းစေမှုနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီအား တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး၊ အပြစ်ပေးအရေးယူနိုင်ရေးတို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ကြေညာ

📌 ၅။ ရပ်မိရပ်ဖတွေနဲ့ ပူးပေါင်းပြီး ဖွင့်လှစ်ထားတဲ့ CEC ကျောင်းမှာ ကျောင်းသားဦးရေ တိုးလာတာကြောင့် စာသင်ခန်းနေရာ အခက်အခဲကြုံနေ

📌 ၆။ " Sagaing Federal School" အခမဲ့ Onlineကျောင်း Facebook Pageအား ကျောင်းသား/သူများနှင့်တကွ အများပြည်သူ လတ်တလော ဆက်သွယ်ခြင်းမပြုကြရန်အသိပေး

📌 ၇။ မြဝတီ ကျားဖြန့်လုပ်ငန်းများထံ ပေးပို့မည့် ဖုန်းအလုံး တစ်ထောင်ကျော် မဲဆောက်တွင် ဖမ်းဆီးရမိ

📌 ၈။ အိမ်ထောင်စု ၁၉၉ စုအတွက် ကျပ် သိန်း၇၀၀ ကျော်ကို နိုင်ငံတကာ Donorsတွေအားနဲ့ 96 DoNation မှ သွားရောက်လှူဒါန်း

📌 ၉။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၇၉)နှစ်ပြည့် မွေးနေ့ ဇွန်လ၁၉ရက်မှာ ပန်းသပိတ်ဆင်နွှဲရန်တိုက်တွန်း


၂၀၂၄ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ()စစ်ဒေသခွဲ၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း(၅၁၀၁)အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သဝဏ်လွှာပေးပို့

🚩 ၂။ မီတာ ၂၀ ကနေ MA နဲ့ပစ်တာကို ကာနိုင်တဲ့ကျည်ကာ gradeကို စခန်းသိမ်းတိုက်ပွဲကရတဲ့ စကစရဲ့ကုန်ကြမ်းတွေနဲ့ ထုတ်လုပ်နိုင်ပြီလို့ Federal Wings အသိပေး

🚩 ၃။ SSPP နှင့် RCSS နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွား

🚩 ၄။ မတ္တရာမြို့နယ်မှာ စစ်တပ်စစ်ကြောင်း ဝင်ရောက်စီးနင်းပြီး အိမ် ၁၂လုံးကို မီးရှို့ဖျက်ဆီးကာ ဆိုင်ကယ်အစီး ၃၀ ကျော် လုယူ

🚩 ၅။ ဝမ်ပေါင် စီမံကိန်းမှ ထွက်လာတဲ့ ကြေးနီတင် ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

🚩 ၆။ တနင်္သာရီတွင် အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်

🚩 ၇။ နောင်ချိုတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ

🚩 ၈။ စလင်းမှာဖြစ်တဲ့ ရက်ဆက် တိုက်ပွဲမှာ စစ်တပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် အသက် ၇၀ အဘွားတဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နယ်မြေစိုးမိုးမှု ခိုင်မာအားကောင်းမှ အုပ်ချုပ်ရေး လုပ်ငန်းတွေနဲ့ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေအကောင်အထည်ဖော် လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဇွန်လ(၁၃)ရက်။

နယ်မြေစိုးမိုးမှု ခိုင်မာအားကောင်းမှ အုပ်ချုပ်ရေးလုပ်ငန်းတွေနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ အကောင်အထည်ဖော် လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောကြားပါတယ်။


ဇွန်လ၁၃ရက်တွင် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာဝန်ကြီးချုပ်ကပြောပါတယ်။


"ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုတွေကလည်း ဖြစ်နိုင်သမျှ စိုးမိုးနယ်မြေချဲ့ထွင်ရေးကို အထောက်အပံ့ဖြစ်စေမယ့် ကိစ္စရပ်တွေကိုပဲ ပိုမိုဦးစားပေး လုပ်ဆောင်ပေးဖို့ကို အလေးအနက် ညွှန်ကြားလိုပါကြောင်း။ (၂၀၂၄)က နှစ်ဝက်ရောက်လာပြီ ဖြစ်တာကြောင့် ကျွန်တော်တို့အတွက် ဆောင်ရွက်ရမယ့်ကိစ္စတွေကိုညီညီညွတ်ညွတ်နဲ့ အရှိန်မြှင့်လုပ်ဆောင်ကြရမယ့် အချိန်လည်းဖြစ်ပါကြောင်း။ နယ်မြေစိုးမိုးမှု ခိုင်မာအားကောင်းမှ အုပ်ချုပ်ရေး လုပ်ငန်းတွေ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ အခြားဝန်ကြီးဌာနအလိုက် လုပ်ငန်းတွေကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်မှာဖြစ်ပါကြောင်း။ မြို့နယ်တွေနဲ့ ပုံမှန်တွေ့ဆုံတဲ့ အစည်းအဝေးတွေမှာလည်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို မူဝါဒပိုင်းတွေသေချာနားလည်ဖို့၊ အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်တွေကို လိုက်နာအကောင်အထည်ဖော်ဆောင်ဖို့၊ လက်ရှိတော်လှန်ရေးအခြေအနေနဲ့ မြို့နယ်တွင်း အခြေအနေတွေ ချိန်ဆလုပ်ဆောင်နိုင်ဖို့ကို သေချာလမ်းညွှန်စေချင်ပါကြောင်း"ဝန်ကြီးချုပ်ကပြောပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ အဖွဲ့ဝင်များမှ (၂၀/၂၀၂၄)တွင် ချမှတ်ထားသောဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီက  မီတာခ ကိုအဆမတန် တက်ဖို့ ကြံစည်နေ


ဇွန်လ၁၃ရက်။

အကြမ်းဖက်စစ်ကောင်စီက  မီတာခ ကိုအဆမတန် တက်ဖို့ ကြံစည်နေတယ်လို့ဆိုပါတယ်။


ဇွန်လ၁၃ရက်ဆိုရှယ်မီဒီယာမှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမော်ထွန်းအောင်ကဆိုပါတယ်။


"စကစဟာ မီတာခကိုလည်း အဆမတန်တက်ဖို့ ကြံစည်နေတယ်လို့ သတင်းတွေကြားနေရတယ်။ သာမန်အိမ်သုံးတွေကို နှစ်ဆမြှင့်မယ်ကြားနေတယ်။သူတို့ကတော့ ဒီလိုမြှင့်လိုက်ရင် ဒေါ်လာနဲ့ လည်ရတဲ့ IPP Gas turbines တွေအတွက် လုပ်သာ ကိုင်သာရှိသွားမယ်ပေါ့။ သူတို့ ဗဟိုဘဏ်စျေးနဲ့ တွေးပြီးစိတ်ကူးယဉ်တာ ဖြစ်နိုင်ပါတယ်။ လက်ရှိ စျေးကွက်ကိုနှောင့်ယှက်ထားလို့ တုန့်ဆိုင်းတုန့်ဆိုင်း ဖြစ်နေရာကနေ မီတာခတက်လို့ ပြည်တွင်း ဆန်စက်၊ 

ထုတ်လုပ်ရေးတွေကိုဂျမ်းတုံးခုသလို ဖြစ်သွားဖို့က ဖြစ်နိုင်ခြေပိုများနေတယ်"လို့ဆိုပါတယ်။


ယခင်စနစ်က အလွှာလိုက်ကောက်တာဖြစ်လို့ progressive rate သုံးစွဲမှုနည်းသူတွေသက်သာပေမယ့်၊ လက်ရှိပုံသေကောက်ခြင်နေတဲ့ စကစ စနစ်မှာတော့ ယူနစ် ၂၀၀ သုံးသူတွေတောင် တလ၅၀၀၀၀ အနည်းလေး ကျမယ့်သဘောရှိနေတယ်လို့ဆိုပါတယ်။


"လစာမတိုး၊ ကုန်စျေးနှုန်းမိုးပေါ်ထိုးတက်၊ ကျပ်ငွေတန်ဖိုး ဒလဟောကျလို့ သုံးစွဲနိုင်မှု အင်အားကျနေတဲ့ ပြည်သူတွေကို လည်ပင်းထပ်ညှစ်ဖို့ ကြံစည်နေတယ်လို့ပဲမြင်ပါတယ်"လို့ ဒုဝန်ကြီးကထပ်လောင်းပြောပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၏ သုံးပွင့်ဆိုင်အဖွဲ့ဝင် မြန်မာအလုပ်သမားတပ်ပေါင်းစု(MLA)မှ အလုပ်သမားကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုး ILO အုပ်ချုပ်မှုအဖွဲ့တွင် အလုပ်သမား ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရပြီး ဒေါ်ခိုင်ဇာအောင်က အလုပ်သမားသမဂ္ဂ အခွင့်အရေး ကြိုးပမ်းမှုများအတွက် Arthur Svenssons International Prize ဆု ချီးမြှင့်ခံရ


ဇွန်လ၁၃ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ သုံးပွင့်ဆိုင်အဖွဲ့ဝင် မြန်မာအလုပ်သမားတပ်ပေါင်းစု (MLA)မှ အလုပ်သမားကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုး ILO အုပ်ချုပ်မှုအဖွဲ့တွင် အလုပ်သမား ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရပြီး ဒေါ်ခိုင်ဇာအောင်က အလုပ်သမားသမဂ္ဂ အခွင့်အရေး ကြိုးပမ်းမှုများအတွက် Arthur Svenssons International Prize ဆု ချီးမြှင့်ခံရပါတယ်။


ဇွန်လအတွင်း သက်ဆိုင်ရာများကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။


ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပလျက်ရှိသည့် ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ (ILC) အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်အဖွဲ့မှ အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များအဖြစ် တက်ရောက်နေသော ဒေါ်ဖြိုးစန္ဒာစိုးသည် ၂၀၂၄-၂၀၂၇ ခုနှစ် သက်တမ်းအတွက် ILO အုပ်ချုပ်မှုအဖွဲ့ (Governing Body)တွင် အလုပ်သမားကိုယ်စားလှယ် (Worker Deputy Member)အဖြစ် ရွေးချယ်ခံရတယ်လို့ဖော်ပြပါတယ်။


ထို့အပြင် ဒေါ်ခိုင်ဇာအောင်သည် နော်ဝေနိုင်ငံ အလုပ်သမားသမဂ္ဂက ချီးမြှင့်သည့် ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာအလုပ်သမားသမဂ္ဂ အခွင့်အရေးဆု (Arthur Svenssons International Prize) ဆု လက်ခံရယူခဲ့ကြောင်း သိရှိရပါတယ်။


========================


📌📌 ၄။ လူသားမျိုးနွယ် ပျက်သုဥ်းစေမှုနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီအား တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး၊ အပြစ်ပေးအရေးယူနိုင်ရေးတို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ကြေညာ


ဇွန်လ၁၃ရက်။

လူသားမျိုးနွယ်ပျက်သုဥ်းစေမှုနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီအား တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး၊ အပြစ်ပေးအရေးယူနိုင်ရေးတို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။


ဇွန် ၁၃ ရက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီကထုတ်ပြန်ဖော်ပြပါတယ်။


အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ကိုဆန့်ကျင်ကန့်ကွက်နေသော ပြည်သူလူထုအပေါ်နယ်မြေ ရှင်းလင်းရေးအကြောင်းပြ၍ အရပ်သားပြည်သူလူထု၏အိုးအိမ်များ၊ ပိုင်ဆိုင်မှုများကို လုယက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ မြေပြင်တွင် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ လေကြောင်းမှဗုံးကြဲပစ်ခတ်၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို စနစ်တကျ ဆက်တိုက်ကျူးလွန်လျက်ရှိတယ်လို့ဆိုပါတယ်။ 

ယခုနှစ် မတ်လမှ ဇွန်လအတွင်း  ၁၈--၂၀၂၄ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သာဒါကျေးရွာ၌ ဖြစ်ပွားခဲ့သော ၂၂ ဦး သေဆုံးမှု၊ ၁၁--၂၀၂၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ လက်ထုတ္ထောကျေးရွာ၌ ဖြစ်ပွားခဲ့သော ၃၂ ဦး သေဆုံးမှု၊ ၃၁--၂၀၂၄ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာ၌ ဖြစ်ပွားခဲ့သော ၅၃ ဦး သေဆုံးမှု၊ --၂၀၂၄ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာ၌ လေကြောင်းမှဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၂၈ ဦး သေဆုံးမှုတို့သည် အဆိုးဝါးဆုံး ဖြစ်တယ်လို့ဖော်ပြပါတယ်။


အထက်ဖော်ပြပါဖြစ်စဥ်များအရ အကြမ်းဖက်စစ်ကောင်စီသည် လူသားမျိုးနွယ် ပျက်သုဥ်းစေမှုနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ရှိသည်မှာ ထင်ရှားနေသဖြင့် စစ်ကောင်စီအား တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး၊ အပြစ်ပေးအရေးယူနိုင်ရေးနှင့် ကျူးလွန်ခံရသူတို့အတွက် တရားမျှတမှု ရရှိရေးတို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖော်ပြပါတယ်။


========================


📌📌 ၅။ ရပ်မိရပ်ဖတွေနဲ့ ပူးပေါင်းပြီး ဖွင့်လှစ်ထားတဲ့ CEC ကျောင်းမှာ ကျောင်းသားဦးရေ တိုးလာတာကြောင့် စာသင်ခန်းနေရာ အခက်အခဲကြုံနေ


ဇွန်လ ၁၃ရက်။

Radio NUG

ကွတ်ခိုင်မြို့ထဲကရပ်မိရပ်ဖတွေနဲ့ ပူးပေါင်းပြီးဖွင့်လှစ်ထားတဲ့ Kachin Education Center (CEC)ကျောင်းမှာ ဒီနှစ်ကျောင်းသားဦးရေတိုးလာတာကြောင့်စာသင်ခန်းနေရာအခက်အခဲကြုံနေတယ်လို့ Kachin New Media မှာ ဖော်ပြထားပါတယ်။


မနှစ်ကအထိ ကျောင်းသားဦးရေ၁၀၀ဝန်းကျင်ထိသာရှိခဲ့ပေမယ့် အခုနှစ်မှာကျောင်းသားဦးရေ၅၀၀ခန့် တိုးလာတာကြောင့်စာသင်ဖို့ နေရာထိုင်ခင်း အခက်အခဲကြုံနေတယ်လို့ သိရပါတယ်။


လက်ရှိKGကနေ ၉တန်းထိကို ကွတ်ခိုင်စစ်ဘေးရှောင်စခန်း KBC Camp ၁မှာ သင်ကြားပေးနေပြီး ၁၀တန်းကနေ၁၂တန်းကိုတော့ ကွတ်ခိုင်KTCဓမ္မကောလိပ်ကျောင်းဝင်းဘက်မှာနေရာပြင်ဆင်ထားပေးကာ ကျောင်းသုံးပစ္စည်း၊ ထိုင်ခုံတွေလိုအပ်နေတယ်လို့ဆိုပါတယ်။


CECကျောင်းမှာဆရာ၊ ဆရာမ၃၀ဝန်းကျင်ရှိပြီး ကွတ်ခိုင်မြို့နယ်ထဲက ဗမာ၊ ရှမ်း၊ ဂေါ်ရခါး၊ ပလောင်၊ ကချင်စတဲ့တိုင်းရင်းသားမျိုးစုံ တက်ရောက်သင်ကြားနေတယ်လို့သိရပါတယ်။


CECကျောင်းအတွက် ကျောင်းနေရာကို ကွတ်ခိုင်ခရစ်ယာန်အသင်းတော်က ဖွင့်လှစ်ထားတဲ့ သာသနာကျောင်းကိုပေးဖို့TNLAထံ တောင်းဆိုထားပေမယ့်ကျောင်းနေရာ မပေးသေးဘူးလို့ဆိုပါတယ်။


ကျောင်းသားမိဘတွေနဲ့ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့ အပါအဝင် အသင်းတော်အဖွဲ့အစည်းနဲ့ ဒေသတွင်းရှိCSOအဖွဲ့အစည်းတွေ ပူးပေါင်းကာ ကွတ်ခိုင် Christian Education Centre(CEC)ကို ပြီးခဲ့တဲ့၂၀၂၂ခုနှစ်ကတည်းကစပြီး စတင်သင်ကြားဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၆။ " Sagaing Federal School" အခမဲ့ Onlineကျောင်း Facebook Pageအား ကျောင်းသား/သူများနှင့်တကွ အများပြည်သူ လတ်တလော ဆက်သွယ်ခြင်းမပြုကြရန်အသိပေး


ဇွန်လ ၁၃ ရက်။

Sagaing Federal School "အခမဲ့ Online ကျောင်း Facebook Page အား ကျောင်းသား/သူ များနှင့်တကွ အများပြည်သူ လတ်တလော ဆက်သွယ်ခြင်းမပြုကြရန်အသိပေးကြေညာပါတယ်။


စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ၁၃ရက်မှာ ဖော်ပြပါတယ်။


" Sagaing Federal School" အခမဲ့ Online ကျောင်း Facebook Page အား ကျောင်းသား/သူ များနှင့်တကွ အများပြည်သူ လတ်တလော ဆက်သွယ်ခြင်းမပြုကြပါရန်အသိပေးအပ်ပါတယ်လို့ဖော်ပြပါတယ်။


စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြန်လည် ဆက်သွယ်နိုင်ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ချက် မထုတ်မခြင်း ဆက်သွယ်ခြင်းမပြုကြရန် အသိပေးကြေညာအပ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ မြဝတီ ကျားဖြန့်လုပ်ငန်းများထံ ပေးပို့မည့် ဖုန်းအလုံး တစ်ထောင်ကျော် မဲဆောက်တွင် ဖမ်းဆီးရမိ


ဇွန်လ ၁၃ရက်။

Radio NUG

ကရင်ပြည်နယ် မြဝတီမြို့နှင့် အနီးဝန်းကျင်နေရာများရှိ ကျားဖြန့်လုပ်ငန်းများထံ ပေးပို့မည့် ဖုန်း(၁၀၆၂)လုံးကို ဇွန်လ (၁၃)ရက်နေ့တွင် မဲဆောက်ခရိုင် အထူးတပ်ဖွဲ့သည် နယ်စပ်တစ်လျှောက် ကင်းလှည့်နေစဉ် သိမ်းဆည်းရရှိခဲ့ကြောင်း Tachileik News Agency က ဖော်ပြထားပါတယ်။


မဲဆောက်ခရိုင် သစိုင်းလွိုက်မြို့နယ် ဘန်သရက်နယ်မြေအား စစ်ဆေးရာ စာလုံး KLK-T108 နှင့် တရုတ်စာလုံးများပါတဲ့ သေတ္တာ ()လုံးကို တွေ့ရှိရသည်ဟု သိရပါတယ်။


HUAWEI မော်ဒယ် P smart+2019 ပါ ဖုန်းများကို စစ်ဆေးတွေ့ရှိပြီး ဥပဒေကြောင်းအရ အရေးယူရန် လုပ်ဆောင်သွားမည်ဟု သိရပါတယ်။


ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်နေသည့် နိုင်ငံခြားသားများအားလုံး အောက်တိုဘာလ နောက်ဆုံးထားထွက်ခွာရန် ကရင်နယ်ခြားစောင့်တပ် (BGF)က မေလတွင် သတိပေးစာ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၈။ အိမ်ထောင်စု ၁၉၉ စုအတွက် ကျပ် သိန်း၇၀၀ ကျော်ကို နိုင်ငံတကာ Donorsတွေအားနဲ့ 96 DoNation မှ သွားရောက်လှူဒါန်း


ဇွန်လ ၁၃ရက်။

Radio NUG

ဇွန်လ ၁၁ ရက်နေ့က ရွှေဘိုမြို့နယ်အတွင်းမှာရှိတဲ့ မီးရှို့ခံထားရတဲ့ အိမ်ခြေစုစုပေါင်း ၁၉၉ အိမ်အတွက် သွားရောက်လှူဒါန်းဖြစ်ခဲ့ကြောင်း 96 DoNation-စစ်ရှောင်ပရဟိတအဖွဲ့က ဖော်ပြထားပါတယ်။


အိမ်ထောင်စုတစ်စုကို သုံးသိန်းရှစ်သောင်းကျပ်နှုန်းနဲ့ အိမ်ထောင်စု ၁၉၉ စုအတွက် ခုနှစ်ရာ ငါးဆယ့်ခြောက်သိန်း နှစ်သောင်းကျပ်(သိန်း၇၀၀ ကျော်)ကို  နိုင်ငံတကာ Donors တွေအားနဲ့ 96 DoNation မှသွားရောက်ကူညီလှူဒါန်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။


စစ်ကြောင်းထိုးမီးရှို့ခံရချိန်မှာ သတ်ခံလိုက်ရသူတွေရဲ့ အမျိုးသမီးတွေက သတ်ခံရတဲ့ အခြေအနေတွေကို သူတို့ပြန်ပြောပြပြီးတော့ ငိုကြတယ်။ ကျေးဇူးလည်းတင်တယ်၊ သူတို့ဝမ်းလည်းနည်းတယ်။ အဲ့လိုအခြေအနေလေးတွေ ရှိခဲ့တယ်။" လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၉။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၇၉)နှစ်ပြည့် မွေးနေ့ ဇွန်လ၁၉ရက်မှာ ပန်းသပိတ်ဆင်နွှဲရန်တိုက်တွန်း


ဇွန်လ ၁၃ရက်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၉)နှစ်ပြည့် မွေးနေ့ ဇွန်လ၁၉ရက်မှာ ပန်းသပိတ်ဆင်နွှဲရန်တိုက်တွန်းလိုက်ပါတယ်။


ဇွန်လအတွင်းတော်လှန်ရေးအင်အားစုတွေကတညီတညွတ်တည်းဖော်ပြပါတယ်။


"အခုလာမယ့် (ဇွန်လ ၁၉ ရက် ၂၀၂၄ ခု)ဟာ မြန်မာပြည်သူအများ လေးစားချစ်ခင်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၉) နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အဓမ္မ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား သူရဲကောင်းများစွာရဲ့ ဝိသေသ လက္ခဏာက စစ်အာဏာရူးတွေကိုငုံ့မခံဘဲ တုန့်ပြန်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အာဏာရှင်စနစ် ဆန့်ကျင်ရေး ယုံကြည်ချက်အပေါ်မှာ မယိမ်းမယိုင် မြဲမြံစွာ စွဲကိုင်ခဲ့သလို ပန်းနဲ့ အမြဲတွဲမြင်ရလေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုသံမဏိ နှင်းဆီလို့ ကမ္ဘာက ဂုဏ်ပြုညွှန်းဆိုလေ့ရှိပါတယ်။ ဒါ့ကြောင့် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး၊ တော်လှန်တိုက်ပွဲဝင် လူထုတရပ်လုံးကို ဂုဏ်ပြုညွှန်းဆိုသောအားဖြင့် လာမယ့် ဇွန်လ (၁၉) ရက်နေ့မှာပန်းသပိတ် လှုပ်ရှားမှုကြီးကို ပြည်လုံးကျွတ် ဝေဝေဆာဆာ ဖော်ဆောင် ဆင်နွှဲလိုက်ကြရအောင်ဗျာ"လို့ဖော်ပြထားပါတယ်။


ပန်းသပိတ်မှာ နှင်းဆီနီများအပါအဝင် အဆင်သင့်ရာ ပန်းများကို ပြည်သူလူထုက ဘုရားပန်းတင်ခြင်း၊ ပန်ဆင်ကြခြင်းနှင့်၊ မြေပြင်မှာလည်း ပန်းသပိတ် လူထုလှုပ်ရှားမှုတွေကိုလုပ်ဆောင်ကြဖို့အသိပေးနှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ()စစ်ဒေသခွဲ၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း(၅၁၀၁)အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သဝဏ်လွှာပေးပို့


ဇွန်လ ၁၃ရက်။

တောင်ပိုင်းစစ်ဒေသ၊ အမှတ် ()စစ်ဒေသခွဲ၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း (၅၁၀၁)အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သဝဏ်လွှာပေးပို့ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်()စစ်ဒေသခွဲ၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း(၅၁၀၁) အခြေခံစစ်ပညာသင်တန်း အပတ်စဉ် /၂၀၂၄ သင်တန်းဆင်းပွဲနှင့် ထူးချွန်ဆုရရှိသူများအား ဆုချီးမြင့်ခြင်းအခမ်းအနားကို ကရင်ပြည်နယ်ရှေ့တန်းတနေရာ၌ ကျင်းပခဲ့ပါတယ်။


အခမ်းအနားတွင် သင်တန်းဆင်းရဲဘော်များက ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံအား အလေးပြု၍ သစ္စာအဓိဌာန်လေးချက် ရွတ်ဆိုခဲ့ကြပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့ပါတယ်။


ထို့နောက်တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသခွဲမှူး ၂၊ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စောရှားက ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်စည်းကမ်းများဖြစ်သော အမိန့်နာခံမှုကောင်းမွန်ခြင်း၊ စည်းကမ်းသေဝပ်မှုရှိခြင်း၊ အချင်းချင်းရိုင်းပင်း ကူညီမှုရှိခြင်းများကို လိုက်နာကျင့်သုံးကြရန် အလေးအနက်မှာကြားခဲ့ပြီး ပြည်သူသို့အစဉ်အမြဲရှေးရှုကြရန် အမှာစကားပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩 ၂။ မီတာ ၂၀ ကနေ MA နဲ့ပစ်တာကို ကာနိုင်တဲ့ကျည်ကာ gradeကို စခန်းသိမ်းတိုက်ပွဲကရတဲ့ စကစရဲ့ကုန်ကြမ်းတွေနဲ့ ထုတ်လုပ်နိုင်ပြီလို့ Federal Wings အသိပေး


ဇွန်လ၁၃ရက်။

မီတာ ၂၀ ကနေ MA နဲ့ပစ်တာကို ကာနိုင်တဲ့ကျည်ကာ grade ကို စခန်းသိမ်းတိုက်ပွဲကရတဲ့ စကစရဲ့ကုန်ကြမ်းတွေနဲ့ ထုတ်လုပ်နိုင်ပြီလို့ Federal Wings အသိပေးဆိုပါတယ်။


ဇွန်လ၁၃ရက်မှာ Federal Wingsဒရုန်းတပ်ဖွဲ့ကအသိပေးဖော်ပြပါတယ်။


"မီတာ ၂၀ ကနေ MA နဲ့ပစ်တာကို ကာနိုင်တဲ့ကျည်ကာ gradeကို ထုတ်လုပ်စမ်းသပ်ထားတာပါ။ စခန်းသိမ်းပွဲတွေကနေရထားတဲ့ စကစကျည်ကာတွေကို ကုန်ကြမ်းအဖြစ်သုံးပြီး အဆင့်မြှင့်ထားပါတယ်။ စကစကျည်ကာတွေကိုရရင် အသုံးမဝင်ဘူးဆိုပြီး အရင်လို လွှင့်ပစ်ရ မီးရှို့ပစ်ရတာမျိုး မဖြစ်တော့ပါ"လို့ဆိုပါတယ်။


ထို့အပြင်ဈေးကွက်မှာဝယ်လို့ရတဲ့ ကျည်ကာတွေထက် ၂၀% ခန့် အလေးချိန်လျော့ပြီး စကစဆီက ကုန်ကြမ်းတွေရနေမယ်ဆိုရင် ကုန်ကျစရိတ်သက်သာမယ်လို့ဆိုထားပါတယ်။


========================


🚩🚩 ၃။ SSPP နှင့် RCSS နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွား


ဇွန်လ ၁၃ရက်။ 

Radio NUG

ဇွန်လ(၁၂)ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တပ်ဖွဲ့ဝင်များ လုံခြုံရေးယူနေစဉ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားကြောင်း SSPPက သတင်းထုတ်ပြန်ပါတယ်။


တိုက်ပွဲအတွင်း RCSS တပ်ဖွဲ့ထံမှ ခဲယမ်းနှင့် စစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု ဖော်ပြထားပါတယ်။


========================


🚩🚩 ၄။ မတ္တရာမြို့နယ်မှာ စစ်တပ်စစ်ကြောင်း ဝင်ရောက်စီးနင်းပြီး အိမ် ၁၂လုံးကို မီးရှို့ဖျက်ဆီးကာ ဆိုင်ကယ်အစီး ၃၀ ကျော် လုယူ


ဇွန်လ ၁၃ရက်။

မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က ကျေးရွာ ရွာကို ဝင်ရောက်စီးနင်းပြီး အိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီးကာ ဆိုင်ကယ် အစီး ၃၀ ကျော်ကို လုယူသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

မတ္တရာမြို့ဘက်ကနေ စစ်ကား စီးနဲ့ မြို့အနောက်ဘက်ကိုဆင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇွန်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာ တောပုရွာထဲ ပို့ဆောင်ခဲ့တယ်လို့ Wetlet Informational Network က ဆိုပါတယ်။

တောပုရွာထဲရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အနောက်ဘက်ကို ဆက်ထွက်လာပြီး ရှင်လှတောင်ရွာနဲ့ ရှင်လှအလယ်ရွာလို့ခေါ်တဲ့ ဇလရွာကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။

ဒီအကြမ်းဖက်စစ်ကြောင်းဟာ ရှင်လှတောင်ရွာက ပြည်သူပိုင်နေအိမ် လုံးနဲ့ နွားစာတဲ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကာ ရှင်လှအလယ်ရွာလို့ခေါ်တဲ့ ဇလရွာက ပြည်သူပိုင်နေအိမ် လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကြောင်းသွားရာလမ်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေက ပြည်သူပိုင်ဆိုင်ကယ် အစီး ၃၀ ကျော်နဲ့ နေအိမ်အတွင်းက အသုံးအဆောင်ပစ္စည်းတွေကို ခိုးယူသွားတယ်လို့ Wetlet Informational Network က အသိပေးပါတယ်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးနိုင်ဖို့အတွက် စစ်ကြောင်းသွားရာလမ်းတလျှောက်ကို တောပုရွာ ဘုရားကျောင်းထဲမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ၈၁ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးလမ်းရှင်းပေးခဲ့တယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ၅။ ဝမ်ပေါင် စီမံကိန်းမှ ထွက်လာတဲ့ ကြေးနီတင် ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ


ဇွန်လ ၁၃ ရက်။ 

Radio NUG

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ဝမ်ပေါင် ကြေးနီစီမံကိန်းမှ ထွက်လာတဲ့ ကြေးနီတင် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း  Peace Takers Task Force - PTTF က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ၁၃ ရက်နေ့ မနက် နာရီ ခွဲခန့်က ဝမ်ပေါင်ကြေးနီစီမံကိန်းမှ ပထမအသုတ် ထွက်လာတဲ့ ကား ၁၆ စီးပါ ယာဉ်တန်းကို မုံရွာ - ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ခိုက်မှုတွင် ပဒေသာမိုင်း လုံးတွဲ တစ်ပွိုင့်ဖြင့် စီးမြောက်ကားအား ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့ပြီး ထိခိုက်ပျက်စီးမှုကိုတော့ လုံခြုံရေး အခြေအနေအရအတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Peace Takers Task Force - PTTF နဲ့ The Brightness Monywa အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


မိုင်းဆွဲခံရပြီးနောက် ယာဉ်တန်းလုံခြုံရေး ယူပေးနေတဲ့ စစ်ကောင်စီတပ်များက လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ 


========================


🚩🚩 ၆။ တနင်္သာရီတွင် အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်


ဇွန်လ ၁၃ ရက်။ 

Radio NUG

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ထဲက အရပ်သား ပြည်သူများနေထိုင်ရာ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ဇွန်လ ၁၃ ရက် ညနေ နာရီခန့်က တနင်္သာရီမြို့နယ်မှ ခြောက်အိမ်စု၊ အင်းရှည်ကုန်း၊ ပြည်အေးစတဲ့ ကျေးရွာတွေကို စစ်ကောင်စီက Mi 2 ရဟတ်ယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။


စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သား ပြည်သူများ နေထိုင်ရာ နေအိမ်များကို ပစ်မှတ်ထားပြီး စုစုပေါင်း ဗုံးသီး ၁၈ လုံးကို စစ်ကောင်စီရဲ့ Mi 2 ရဟတ်ယာဉ်က ကြဲချခဲ့တာကြောင့် နေအိမ် လုံး ပျက်စီးခဲ့ရပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီက အခုလို အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာကြောင့် ပြည်သူများအနေဖြင့် အထူးသတိရှိကြဖို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ()မှ အသိပေး ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ နောင်ချိုတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ


ဇွန်လ ၁၃ ရက်။ 

Radio NUG

တအောင်းတပ်မတော်က ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံအမျိုးသား ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ တအာင်းပြည် သတင်းက ဖော်ပြပါတယ်။


TNLA တပ်မဟာ စစ်ဒေသ နောင်ချိုမြို့နယ်၊ အုမ္မတီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဇွန်လ ၁၂ ရက် ၁၁ နာရီမှ ၁၂ နာရီအတွင်း သုံးဆယ်ရွာဘက်ကို လက်နက်ကြီး ကြိမ် ပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ လက်နက်ကြီးကြောင့် သုံးဆယ်ရွာမှ ဒေသခံအမျိုးသား ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီတပ်ဟာ မည်သည့် လက်နက်ကိုင် တပ်ဖွဲ့မှမရှိတဲ့ ပြည်သူများ နေထိုင်ရာကျေးရွာများကို ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီးများ ပစ်ခတ်နေတာကြောင့် ရွာသားတချို့ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့လည်း ဖော်ပြထားပါတယ်။


ယခုလ အစပိုင်း (ဇွန် ရက်) ကနေ ၁၂ ရက်နေ့အထိ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်မှု ၁၇ ကြိမ်ထိ ရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။ စလင်းမှာဖြစ်တဲ့ ရက်ဆက် တိုက်ပွဲမှာ စစ်တပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် အသက် ၇၀ အဘွားတဦးသေဆုံး


ဇွန်လ ၁၃ရက်။

မကွေးတိုင်း စလင်းမြို့နယ်ထဲက လင်းဇင်းတိုက်နယ်ဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သား၊ ရဲတပ်ဖွဲ့နဲ့ ပျူစောထီးများပါတဲ့ ပူးပေါင်းစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်များအကြား ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အသက် ၇၀ အဘွားတစ်ဦးသေဆုံးခဲ့ရတယ်လို့ မင်းဘူးခရိုင် အမှတ် တပ်ရင်းက ထုတ်ပြန်ပါတယ်။

စစ်သား၊ ရဲနဲ့ ပျူစောထီးတွေပါတဲ့ အင်အား ၇၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ဇွန်လ ရက်နေ့ မနက် ၁၀ နာရီခန့် အချိန်မှာ စလင်းမြို့နယ် လင်းဇင်းတိုက်နယ် သဖန်းညိုရွာဘက်ကနေ အနောက်ဘက်ကို ချီတက်လာရာ ဆွယ်တယ်ရွာ အနောက်ဘက်တောထဲမှာ မင်းဘူးခရိုင် အမှတ် တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နာရီအချိန်ထိ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ရက်နေ့မနက်ပိုင်းမှာ အဲဒီအကြမ်းဖက်စစ်ကြောင်းဟာ ကံချောက်ရွာအရှေ့ဘက်ကနေ ကံချောက်ရွာအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကံချောက်ရွာက အသက် ၇၀အရွယ် အဘွားတဦး လက်နက်ကြီးစထိမှန် သေဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။

လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်း ကံချောက်ရွာအဝင် ဇွန်လ ရက်နေ့ မနက် နာရီခန့်စပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ ညနေ နာရီခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ကာ အကြမ်းဖက်စစ်စုဘက်က အထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

ထို့အတူ ဇွန်လ ရက်နေ့ မနက် နာရီခန့်အချိန်မှာလည်း အကြမ်းဖက်စစ်အုပ်စုက စလင်းချောင်းအတိုင်း ပြန်တက်လာတဲ့အတွက် မင်းဘူးခရိုင် အမှတ် တပ်ရင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာမှာ တိုက်ပွဲဖြစ်နေစဉ်အတွင်း ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ စစ်ကူရောက်လာတဲ့အတွက် အသာစီးရယူတိုက်ခိုက်နိုင်ခဲ့ကာ မွန်းလွဲ နာရီခန့်အချိန်မှာ အကြမ်းဖက် စစ်အုပ်စုအထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

ရက်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကြောင်းကို ဦးဆောင်လာတဲ့ ခလရ ၂၅၅ တပ်က အရာရှိတဦးအပါအဝင်များစွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် တပ်ရင်းက ဇွန်လ ၁၃ ရက်မှာ အသိပေးပြောဆိုထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် တပ်ရင်း၊ မင်းဘူးခရိုင်အမှတ် တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် တပ်ရင်း၊ စလင်းမြို့နယ် ပကဖ၊ SLN (PDF) မိုးကြိုးပျောက်ကြား၊ မကွေးခရိုင်တပ်ရင်း ၁၊ မကွေးတိုင်းလက်ရုံး Drone အဖွဲ့နဲ့ ဒေါင်းစစ်အောင်အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment