15th JUN 2024 - Morning Daily News by Radio NUG


၂၀၂၄ ဇွန်လ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ (Interim Federal Education Council- iFEC) ဖွဲ့စည်းပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသား ညီနောင်မောင်နှမ နိုင်ငံရေးအင်အားစုများနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ယာယီသမ္မတတိုက်တွန်းနှိုးဆော်

📌 ၂။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သြစတြေးလျရှိ SBS ရေဒီယိုနှင့်ရုပ်သံလွှင့်ဌာနနှင့်တွေ့ဆုံပြီး ဆစ်ဒနီတက္ကသိုလ်၏ လူမှုသိပ္ပံအဆောက်အအုံတွင် ကျင်းပသည့် လူထုဟောပြောပွဲသို့ တက်ရောက်ဟောပြောခဲ့

📌 ၃။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဩဇာကြီးသော သုတေသနစာတမ်းများ ရေးသားထုတ်ပြန်နေသည့်သုတေသနအဖွဲ့တခုဖြစ်သော Lowy Institute တာဝန်ရှိသူတို့နှင့်လက်ရှိမြန်မာ့အရေးအခြေအနေ ဆွေးနွေး

📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ  စိုးမိုးနယ်မြေများရှိ ဆေးရုံ၊ ဆေးခန်းပေါင်း ၇၀၀ ကျော်တွင် ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ပြီးပြင်ပလူနာ ,၁၅၈,၃၇၇ကို ကုသပေးနိုင်ခဲ့

📌 ၅။ စစ်တပ်ရဲ့မြေမြှုပ်မိုင်းများအား ဖယ်ရှားနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတို့ပူးပေါင်းဆောင်ရွက်လျက်ရှိ

📌 ၆။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်

📌 ၇။ မြန်မာစစ်အုပ်စုကို စစ်လက်နက်နဲ့ လေ့ကျင့်ရေးသင်တန်းများ ပံ့ပိုးနေပြီး စစ်ရာဇ၀တ်မှုကျူးလွန်နေတာတွေ ချက်ခြင်းရပ်ဖို့  JMF တောင်းဆို

📌 ၈။ PRF ထောက်ပို့တပ်သားတဦးချင်းစီတိုင်းအတွက် ယူနီဖောင်းဝတ်ထားတဲ့ Profile ပုံလေးတွေကို Email ကနေ ပို့ပေးလျက်ရှိ

📌 ၉။ ပြင်ဦးလွင်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို လှုပ်ရှားမှုပြုလုပ်


၂၀၂၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရှမ်းအမျိုးသား လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်အတွင်းရှိ လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်သော စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်မည်

🚩 ၂။ CDF-KKG BATTALION 3 အပတ်စဉ် ()အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ ကျင်းပ

🚩 ၃။ (၇၅) ကြိမ်မြောက် ကော်သူးလေနေ့အခမ်းအနား၊ ရှေ့တန်းပြန်ရဲဘော်များအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားနှင့် ယခင် ကရင်လူငယ်အစည်းအရုံး (K.Y.O)တွင် တာဝန်ထမ်းဆောင်ခဲ့သော ခေါင်းဆောင်များအား ဂုဏ်ပြုခြင်း အခမ်းအနားတို့အား ကျင်းပပြုလုပ်

🚩 ၄။ တနင်္သာရီတိုင်းမှာ တော်လှန်ရေး ပိုမိုအားကောင်းလာနေပြီး မေလအတွင်း စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်ကာ စကစ စခန်း ခုကို သိမ်းယူနိုင်ခဲ့

🚩 ၅။ မောင်တောမြို့နယ်ရှိ စကစ တပ်ရင်း စခန်း ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး- တေဇာဌေးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀)ကျော် သေဆုံး

🚩 ၆။ အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ ရာဖူးရွာရှိ ယာယီစစ်စခန်းအား Droneဖြင့်တိုက်ခိုက်၊ အမှတ်()လမ်းမကြီးပေါ်တွင် စစ်ဆေးမှုများ ပြုလုပ်

🚩 ၇။ မြင်းခြံတွင် ဖုန်းထဲVPNစစ်၍ တွေ့ရှိပါကစကစတပ်ဖွဲ့ဝင်များကကျပ်တစ်သိန်းတောင်းခံ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ (Interim Federal Education Council- iFEC) ဖွဲ့စည်းပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသား ညီနောင်မောင်နှမ နိုင်ငံရေးအင်အားစုများနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ယာယီသမ္မတတိုက်တွန်းနှိုးဆော်


ဇွန်လ ၁၄ရက်။

ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ (Interim Federal Education Council- iFEC) ဖွဲ့စည်းပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသား ညီနောင်မောင်နှမ နိုင်ငံရေးအင်အားစုများနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ယာယီသမ္မတဒူဝါလရှီးလကတိုက်တွန်းနှိုးဆော်လိုက်ပါတယ်။


ဇွန်လ ၁၄ ရက်မှာ ယာယီသမ္မတကလက်မှတ်ရေးထိုး၍ နှိုးဆော်လွှာကိုထုတ်ပြန်ခဲ့ပါတယ်။


ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတည်ဆောက်ရန် ပြည်သူလူထု၏ မျှော်မှန်းချက်များနှင့်အတူ ဖက်ဒရယ်ပညာရေးစနစ်တစ်ရပ်ကို ပျိုးထောင်ရန် လိုအပ်လာကာ တိုင်းရင်းသားအားလုံး တန်းတူညီမျှစွာ အခွင့်အရေးရရှိစေရန် ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို စုစည်းညီညွတ်စွာဖြင့် စနစ်ပြောင်းတော်လှန်ရေး ကြိုးပမ်းနေသော အချိန်အခါ ဖြစ်တယ်လို့ယာယီသမ္မတကဆိုပါတယ်။


ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်သစ် တည်ဆောက်ရာ၌ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့အပေါ်တွင် မူတည်မှုမရှိစေပဲ တိုင်းရင်းသားညီနောင်မောင်နှမ အဖွဲ့အစည်းများအားလုံး အချင်းချင်း လက်တွဲပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒများကို ထိရောက်စွာ အကောင်အထည်ဖော်ရန်လည်း အရေးကြီးတယ်လို့ဖော်ပြပါတယ်။


ယခု စတင်ဖွဲ့စည်းမည့် ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီသည် ဖက်ဒရယ်ယူနစ်များ၏ ကိုယ်ပိုင်ပညာရေး စီမံခန့်ခွဲပိုင်ခွင့်ကို လွတ်လပ်စွာ ကျင့်သုံးခွင့်နှင့် အချင်းချင်း အပြန်အလှန် လေးစား အသိအမှတ်ပြုမှုတို့ဖြင့် ဆောင်ရွက်သွားနိုင်ကြရန် မျှော်ရည်ပြီး နိုင်ငံရေးအရ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နှင့်အတူ ပညာရေးတွင် ကိုယ်ပိုင်ပြဌာန်းဆောင်ရွက်ခွင့် အပြည့်အဝရရှိရန် လိုအပ်ကာ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံအတွင်းရှိ ပညာရေးစနစ်များ ဆက်စပ်ထားရှိပြီး ပူးပေါင်းဆောင်ရွက်ကြရပါမှာဖြစ်တယ်လို့ယာယီသမ္မတကဆိုပါတယ်။


သို့ဖြစ်ပါ၍ တိုင်းရင်းသားညီနောင်မောင်နှမ နိုင်ငံရေး အင်အားစုများနှင့် ပညာရေး အဖွဲ့အစည်းများ အားလုံးက ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ ပေါ်ပေါက်လာစေရေးအတွက် ကြိုးစားဆောင်ရွက်ပေးကြပါရန်နှင့် ညီညာဖျဖျ အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အလေးအနက် တိုက်တွန်း နှိုးဆော်အပ်တယ်လို့ ယာယီသမ္မတဒူဝါလရှီးလကအသိပေးထုတ်ပြန်ပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သြစတြေးလျရှိ SBS ရေဒီယိုနှင့်ရုပ်သံလွှင့်ဌာနနှင့်တွေ့ဆုံပြီး ဆစ်ဒနီတက္ကသိုလ်၏ လူမှုသိပ္ပံအဆောက်အအုံတွင် ကျင်းပသည့် လူထုဟောပြောပွဲသို့ တက်ရောက်ဟောပြောခဲ့


ဇွန်လ ၁၄ရက်။

ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သြစတြေးလျရှိSBS ရေဒီယိုနှင့်ရုပ်သံလွှင့်ဌာနနှင့်တွေ့ဆုံပြီးဆစ်ဒနီတက္ကသိုလ်၏ လူမှုသိပ္ပံအဆောက်အအုံတွင် ကျင်းပသည့် လူထုဟောပြောပွဲသို့ တက်ရောက်ဟောပြောခဲ့ပါတယ်။


ဇွန်လ(၁၃)ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေနှင့်အတူ ဆစ်ဒနီမြို့ရှိ SBS ရေဒီယိုနှင့်ရုပ်သံလွှင့်ဌာနသို့ မွန်းလွဲပိုင်းတွင် သွားရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


ဌာနဆိုင်ရာခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြပြီး SBS တီဗီနှင့် ရေဒီယိုတို့မှ ထုတ်လွင့်နေသည့် ဗဟုယဉ်ကျေးမှုဆိုင်ရာ ဝန်ဆောင်မှုများနှင့် အစီအစဉ်များကို ကြည့်ရှုလေ့လာခဲ့ပြီး ပြည်ထောင်စု၀န်ကြီး ဒေါ်ဇင်မာအောင်သည် SBS မြန်မာပိုင်းအစီအစဉ်အတွက် Mr. Terrell Oung ကို ရေဒီယိုအင်တာဗျူးခွင့်ပေးခဲ့တယ်လို့သိရပါတယ်။


SBS ခရီးစဉ်အပြီးနောက် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဆစ်ဒနီတက္ကသိုလ်၏ လူမှုသိပ္ပံအဆောက်အအုံတွင် ကျင်းပသည့် လူထုဟောပြောပွဲသို့ တက်ရောက် ဟောပြောခဲ့ပါတယ်။


ဆစ်ဒနီတက္ကသိုလ်၊ လူမှုရေးနှင့် နိုင်ငံရေးသိပ္ပံကျောင်း၏ ကျောင်းအုပ် Professor Azrini Wahidin က ကြိုဆိုခဲ့ပြီး A/Professor Susan Bankiက ဟောပြောပွဲအပြီးဆက်လက်လုပ်ဆောင်သည့်ဆွေးနွေးမှုများကို ဦးဆောင်ကျင်းပခဲ့ပါတယ်။


ဟောပြောပွဲပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Yan Sae ဂီတနောက်ခံဖြင့် ခင်းကျင်းပြသထားသော ဆုရဓါတ်ပုံများ ဖြစ်သည့် ဓါတ်ပုံဆရာ မောက်ခမ်းဝါနှင့် ဓါတ်ပုံဆရာ တမွေတို့၏ "Resilience and Resistance: the Fight for Freedom in Myanmar" ဓာတ်ပုံပြပွဲကို ကြည့်ရှုအားပေးခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဩဇာကြီးသော သုတေသနစာတမ်းများ ရေးသားထုတ်ပြန်နေသည့်သုတေသနအဖွဲ့တခုဖြစ်သော Lowy Institute တာဝန်ရှိသူတို့နှင့်လက်ရှိမြန်မာ့အရေးအခြေအနေ ဆွေးနွေး


ဇွန်လ၁၄ ရက်

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဩဇာကြီးသော သုတေသနစာတမ်းများ ရေးသားထုတ်ပြန်နေသည့်သုတေသနအဖွဲ့တခုဖြစ်သော Lowy Institute တာဝန်ရှိသူတို့နှင့်လက်ရှိမြန်မာ့အရေးအခြေအနေ ဆွေးနွေးခဲ့ပါတယ်။


ဇွန်လ၁၃ရက် အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဩစတြေးလျနိုင်ငံအတွက် အရေးပါသော နိုင်ငံတကာရေးရာများတွင် ဩဇာကြီးသော သုတေသနစာတမ်းများ ရေးသားထုတ်ပြန်နေသည့် ထိပ်တန်းသုတေသနအဖွဲ့တခုဖြစ်သော Lowy Institute သို့ သွားရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို အင်စတီကျု့၏ အမှုဆောင်ဒါရိုက်တာ Dr Michael Fullilove AMက ကြိုဆိုပြီး၊ အင်စတီကျု့အတွင်း လှည့်လည်ပြသ၍ သမိုင်းကြောင်းနှင့် အခန်းကဏ္ဍကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါတယ်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် သြစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့သည် အင်စတီကျု့၏ သုတေသနညွှန်ကြားရေးမှူး Mr. Herv Lemahieu ဦးဆောင်သောအဖွဲ့အား တွေ့ဆုံပြီး စားပွဲဝိုင်းဆွေးနွေးပွဲတခု ကျင်းပခဲ့ပါတယ်။


ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ၊ NUG ရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရန်နှင့် မြန်မာနိုင်ငံတွင် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်ရေး ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ  စိုးမိုးနယ်မြေများရှိ ဆေးရုံ၊ ဆေးခန်းပေါင်း ၇၀၀ ကျော်တွင် ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ပြီးပြင်ပလူနာ ,၁၅၈,၃၇၇ကို ကုသပေးနိုင်ခဲ့


ဇွန်လ ၁၄ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးနယ်မြေများရှိ ဆေးရုံ၊ ဆေးခန်းပေါင်း ၇၀၀ ကျော်တွင် ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ပြီး ပြင်ပလူနာ ,၁၅၈,၃၇၇ကို ကုသပေးနိုင်ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက နှစ်တာအတွင်း ဆေးရုံ ဆေးခန်းနှင့် ရွေ့လျားဆေးခန်းပေါင်း ၇၀၀ ကျော်တွင်ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်မှ ၂၀၂၄ ခုနှစ် ဧပြီ ၁၆ ရက်အတွင်း ဆေးရုံ ၇၇ရုံ ဆေးခန်း ၃၇၇ ခုနှင့် ရွေ့လျား ဆေးခန်း ၂၅၀ခု  စုစုပေါင်း ၇၀၄ ခုတွင် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နေကြောင်း အသိပေးထုတ်ပြန်ပါတယ်။


ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်ကဏ္ဍတွင် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ခွဲစိတ်ခြင်းနှင့် လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးပြီး ပဏမကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြည်သူ့ကျန်းမာရေးအဖြစ်ပြင်ပလူနာ (ဆေးခန်း ရွေ့လျားဆေးခန်း) မိခင်၊ ကလေးနှင့် မျိုးဆက်ပွားကျန်းမာရေး၊ ကျောင်းကျန်းမာရေး၊ ကူးစက်ရောဂါ(TB/HIV/Malaria) ထိန်းချုပ်ရေး၊ ကာကွယ်ဆေးထိုးနှံခြင်း၊ အာဟာရဖွံ့ဖြိုးခြင်း  

ကျန်းမာရေးပညာပေးခြင်းတို့ကို လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

 

ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ၂၀၂၁ ခုနှစ် မတ်လ မှ ၂၀၂၄ ခုနှစ်အထိ ပြင်ပလူနာ ,၁၅၈,၃၇၇ အသေးစား အကြီးစား ခွဲစိတ်မှုပေါင်း ၄၀,၁၆၉ လူနာလွှဲပြောင်း ပို့ဆောင်မှု ၄၁၄၀ တို့ လုပ်ဆောင်ခဲ့ပြီး ယင်းအချက်အလက်များမှာ ကျန်းမာရေး ဆေးရုံ ဆေးခန်း ၇၀၀ ကျော်အနက် ၂၂၁ ခုထံမှ သတင်းပေးပို့သည့် အစီရင်ခံစာများကို ကိုးကားဖော်ပြထားခြင်းဖြစ်ပါတယ်။


မြေပြင်တွင် အမှန်တကယ်ကုသမှုခံယူခဲ့သော လူနာအရေအတွက်သည် ဆကျော် ပိုမိုများပြားနိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ စစ်တပ်ရဲ့မြေမြှုပ်မိုင်းများအား ဖယ်ရှားနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတို့ပူးပေါင်းဆောင်ရွက်လျက်ရှိ


ဇွန်လ၁၄ရက်။

စစ်တပ်ရဲ့မြေမြှုပ်မိုင်းများအား ဖယ်ရှားနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတို့ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။


ဇွန်လ၁၃ရက် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း၏ အဖွဲ့ဝင်နိုင်ငံများ၏ (၁၇) ကြိမ်မြောက် ကွန်းဖရင့်၌ ပြုလုပ်သည့် အထွေထွေဆွေးနွေးမှုကဏ္ဍတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများသည် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုအား ကာကွယ်နိုင်ရန် စစ်တပ်မှ အသုံးပြုထားသည့် ပေါက်ကွဲမှုပြင်းထန်သော မြေမြှုပ်မိုင်းများအား ဖယ်ရှားနိုင်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ဤနေရာတွင် ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်များ၏ ထောက်ပံ့ကူညီမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းသံအမတ်ကြီးကဆိုပါတယ်။


ထို့အပြင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူများအတွက် ခြေတုလက်တုများ တပ်ဆင်ပေးခြင်းလည်း လုပ်ဆောင်ပေးကြောင်းသံအမတ်ကြီးက ထပ်လောင်းဆိုပါတယ်။


========================


📌📌 ၆။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်


ဇွန်လ ၁၄ရက်။

Radio NUG

မိုင်းငေါ့မြို့နယ်နှင့် မိုင်းလုံမြို့နယ်တွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ - TPCC မှ သတင်းထုတ်ပြန်ပါတယ်။


အလုပ်ရုံဆွေးနွေးပွဲတွင် တအာင်းဒေသအတွင်းရှိ မိဘပြည်သူတို့ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ အချက်အလက်များနှင့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ- TPCC အကြောင်းအကျဉ်းချုပ်ဆွေးနွေးကာ တက်ရောက်လာသော မိဘပြည်သူမှ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


မိုင်းငေါ့မြို့နယ် အလုပ်ရုံဆွေးနွေးပွဲကို အမျိုးသား(48)ဦးနှင့် အမျိုးသမီး (127)ဦး စုစုပေါင်း(175)ဦးတို့ တက်ရောက်ခဲ့ကြပြီး မိုင်းလုံမြို့နယ် အလုပ်ရုံဆွေးနွေးပွဲကို အမျိုးသား(47)ဦးနှင့် အမျိုးသမီး (63)ဦး စုစုပေါင်း(110)ဦးတို့ တက်ရောက်ခဲ့ကြပါတယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၇။ မြန်မာစစ်အုပ်စုကို စစ်လက်နက်နဲ့ လေ့ကျင့်ရေးသင်တန်းများ ပံ့ပိုးနေပြီး စစ်ရာဇ၀တ်မှုကျူးလွန်နေတာတွေ ချက်ခြင်းရပ်ဖို့  JMF တောင်းဆို


ဇွန်လ ၁၄ရက်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို စစ်လက်နက်နဲ့ လေ့ကျင့်ရေးသင်တန်းတွေ ပံ့ပိုးပေးနေပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတာတွေ ချက်ခြင်းရပ်ဖို့ JMF က တောင်းဆိုလိုက်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုကို စစ်လက်နက်နဲ့ လေ့ကျင့်ရေးသင်တန်းတွေ ပံ့ပိုးပေးနေပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတာတွေကို အားပေးနေတဲ့ အိန္ဒိယစီးပွားရေးလုပ်ငန်းများအကြာင်း Justice for Myanmar- JMF က ဖော်ထုတ်ရာမှာ အခုလိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။ 

အိန္ဒိယပြည်သူ့ကဏ္ဍစီးပွားရေးလုပ်ငန်းများ-PSUs ဟာ မြန်မာစစ်အုပ်စုကို စစ်လက်နက်ပစ္စည်း၊ အခြေခံအဆောက်အအုံနဲ့ လေ့ကျင့်သင်တန်းများ ပံ့ပိုးပေးနေပြီး လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရာဇ၀တ်မှုများနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို အားပေးကူညီလျက်ရှိတယ်ဆိုပြီး JMF က ဇွန်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။

PSU တွေဟာ အိန္ဒိယအစိုးရက အများစုပိုင်ဆိုင်တဲ့ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများဖြစ်ပြီး PSUတွေက ကာကွယ်ရေးကဏ္ဍ အပါအဝင် အိန္ဒိယစီးပွားရေးနယ်ပယ်တဝန်းက ကဏ္ဍများစွာမှာ လုပ်ငန်းတွေ လုပ်ကိုင်နေရာ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက စီမံဆောင်ရွက်နေတဲ့ PSU ပေါင်း ၁၆ ခုအထိရှိတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်အုပ်စုက လူမျိုးတုံးသတ်ဖြတ်မှုနောက်ပိုင်း ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ အိန္ဒိယနဲ့ မြန်မာတို့ဟာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ 

Stockholm International Peace Research Institute ရဲ့ အချက်အလက်များအရ ၂၀၁၇-၂၀၂၂ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံကို တတိယမြောက် လက်နက်အများဆုံး တင်သွင်းတဲ့နိုင်ငံ ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

အိန္ဒိယ မူဝါဒရေးရာသုတေသနအဖွဲ့ Vivekananda International Foundation ရဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ အစီရင်ခံစာအရ အိန္ဒိယရဲ့ စုစုပေါင်းလက်နက်တင်ပို့မှုရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့တယ်လို့လည်း အတည်ပြုထားပါတယ်။

ဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံကို လွှဲပြောင်းပေးပိုခဲ့တဲ့ စစ်လက်နက်များနဲ့ဆက်စပ်ပစ္စည်းစာရင်းတွေကိုဖော်ပြထားပြီး အမြောက်များ၊ ကျည်ကာအင်္ကျီနဲ့ ဦးထုတ်များ၊ စစ်သင်္ဘောတွေနဲ့ ပြန်လည်ပြုပြင်မွမ်းမံထားတဲ့ ရုရှားနိုင်ငံထုတ် ကီလို အတန်းအစား ရေငုပ်သင်္ဘောတို့ ပါဝင်နေတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာစစ်အုပ်စုထံ စစ်လက်နက်နဲ့ဆက်စပ်ပစ္စည်းများ၊ နည်းပညာနဲ့လောင်စာဆီ ရောင်းချလွှဲပြောင်းမှုများကို ချက်ချင်းပိတ်ပင်ဖို့နဲ့ စစ်ဘက်လေ့ကျင့်ရေးသင်တန်းအားလုံး ချက်ချင်းရပ်ဆိုင်းပေးဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။


========================


📌📌 ၈။ PRF ထောက်ပို့တပ်သားတဦးချင်းစီတိုင်းအတွက် ယူနီဖောင်းဝတ်ထားတဲ့ Profile ပုံလေးတွေကို Email ကနေ ပို့ပေးလျက်ရှိ


ဇွန်လ၁၄ရက်။

PRF ထောက်ပို့တပ်သားတဦးချင်းစီတိုင်းအတွက်ယူနီဖောင်းဝတ်ထားတဲ့ Profile ပုံလေးတွေကို Email ကနေ ပို့ပေးလျက်ရှိတယ်လို့ ဇွန်လ၁၄ရက်မှာ PRFပြည်သူ့တော်လှန်ရေးထောက်ပို့တပ်ကအသိပေးဖော်ပြပါတယ်။


"PRF ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ်သားတွေအတွက် ရည်ရွယ်ပြီး အမှတ်တရ ဂုဏ်ပြုလက်ဆောင်တခု သီးသန့်ပို့ဆောင်ပေးလျက်ရှိပါတယ်။ တပ်သားတဦးချင်းစီရဲ့ ကိုယ်ပိုင်နံပါတ်၊ မိမိတာဝန်ထမ်းဆောင်ရာ တိုင်းနဲ့ပြည်နယ်တို့ ပါဝင်ပြီး PRF ထောက်ပို့တပ်သား ယူနီဖောင်းဝတ်ထားတဲ့ Profile ပုံလေးတွေကို Email ကနေ ပို့ပေးလျက်ရှိပါတယ်"လို့ဆိုပါတယ်။


တပ်သားပုံတွေကို ဇွန်လမှာ တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သားတွေကို ပို့ပေးလျက်ရှိတာဖြစ်ပြီး မရရှိသေးတဲ့ ထောက်ပို့တပ်သားများကိုလည်း အသုတ်လိုက်ခွဲပြီး အရောက်ပို့ပေးသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၉။ ပြင်ဦးလွင်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို လှုပ်ရှားမှုပြုလုပ်


ဇွန်လ ၁၄ရက်။

စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားတဲ့ ပြင်ဦးလွင်မြို့ ကန်တော်ကြီးကန်ဘောင်မှာ ဇွန်လ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို လှုပ်ရှားမှုအဖြစ် "စစ်ဖိနပ်အောက် ပန်းများမပွင့်"စာတန်းချိတ်ဆွဲခဲ့တယ်လို့ မေမြို့ ပင်မအထွေထွေသပိတ်အင်အားစုက အသိပေးပါတယ်။

"အခုချိန်မှာ ဒီတိုင်းပြည်ရဲ့ ဘုံရန်သူက စစ်အာဏာရှင်စနစ်ပါ။ ဒီအချိန်မှာ ကျနော်တို့ လူထုအနေနဲ့ အလေးအနက် စဉ်းစား ဆင်ခြင်ကြဖို့ အချိန်ကြပါပြီ။ မိမိတို့ တဦးချင်း တဖွဲ့ချင်းဆီမှာရှိကြတဲ့ ကိုယ့်ခွန်ကိုယ့်အားကို အစွမ်းကုန်အသုံးချပြီးတော့ငုံ့မခံဘဲ တုန့်ပြန်ကြရမယ့်အချိန်အခါပါ" လို့ မေမြို့ ပင်မအထွေထွေသပိတ်အင်အားစုက သတိပေးထားပါသေးတယ်။

ပြည်သူ့တော်လှန်ရေးခရီးကြမ်းကို အမြန်ဆုံးအဆုံးသတ်ပြီး ပန်းတိုင်ရောက်နိုင်ဖို့ လူထုတိုက်ပွဲ၊ စစ်ရေးတိုက်ပွဲစတဲ့ နည်းလမ်းအစုံနဲ့ "တက်စုံဖွင့် ရွက်ကုန်လွှင့်" ချီတက်ကြဖို့လည်း နှိုးဆော်ထားပါတယ်။

ဇွန် ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အကြိုလှုပ်ရှားမှုတွေကို သပိတ်အင်အားစုတွေက လုပ်ဆောင်နေသလို မွေးနေ့မှာလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ပန်းသပိတ်ဆင်နွဲဖို့ တော်လှန်ရေးအင်အားစုတွေက ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ရှမ်းအမျိုးသား လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်အတွင်းရှိ လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်သော စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်မည်


ဇွန်လ ၁၄ရက်။ 

Radio NUG

ဇွန်လ ၁၆ ရက်နေ့တွင် ကျရောက်သော ရှမ်းအမျိုးသား လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်အတွင်းရှိ လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်သော စကားဝိုင်းဆွေးနွေးပွဲကို ဇွန်လ ၁၆ရက် ၇နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF မှ သတင်းထုတ်ပြန်ပါတယ်။


ရှမ်းပြည်နယ်အတွင်းရှိ လူမျိုးစုပေါင်းစုံ ပြည်သူလူထုသည် စစ်အာဏာရှင်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခေတ်အဆက်ဆက် ခံစားခဲ့ကြရပြီး မြန်မာစစ်တပ်၏ ရှမ်းပြည်အလယ်ပိုင်းကို ဖြတ်လေးဖြတ်စစ်ဆင်ရေး ပြုလုပ်နေသည့် ကာလတွင်း ၁၉၉၇ ဇွန်လ ၁၆ ရက်တွင် ကွန်ဟိန်းမြို့နယ် ဆိုင်းခေါင်ရွာနှင့် တာဖဟိုကျေးရွာမှာ ဒေသခံပြည်သူ ၅၇  ဦးကို အစုလိုက်သတ်ဖြတ်ခဲ့သည်ကို အကြောင်းပြုကာ ရှမ်းအမျိုးသား လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။


လက်ရှိအချိန်အထိ ရှမ်းပြည်နယ်အတွင်း ဒေသအသီးသီး လူမျိုးစုအသီးသီးတို့သည် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်းစုံကို ကြုံတွေ့နေရဆဲဖြစ်ရာ ယခုစကားဝိုင်းတွင် ၎င်းတို့ကို ထုတ်ဖော်ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ CDF-KKG BATTALION 3 အပတ်စဉ် ()အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ ကျင်းပ


ဇွန်လ ၁၄ရက်။

Radio NUG

CDF-KKG BATTALION 3 အပတ်စဉ်()အခြေခံစစ်ပညာ သင်တန်းဆင်းပွဲအား ဇွန်လ ၁၂ရက် မနက် နာရီတွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲကြောင်း CDF-KKG BATTALION 3က သတင်းထုတ်ပြန်ပါတယ်။


သင်တန်းဆင်းပွဲသို့ တပ်ရင်းအသီးသီးမှ အရာရှိများ တက်ရောက်ခဲ့ကြပြီး သင်တန်းသား/သူများမှ ချင်းအလံအလေးပြုခြင်း၊ ကျဆုံးရဲဘော်အလေးပြုခြင်း၊  စစ်ရေးပြစစ်ကြောင်းချီတက်ခြင်း၊ ထူးချွန်ရဲဘော်များအား ဆုချီးမြင့်ပေးခြင်းနှင့် CDF-KKG ကာကွယ်ရေးအတွင်းရေးမှုးမှ  ရဲဘော်များအား မိန့်ခွန်းပြောကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။


========================


🚩🚩 ၃။ (၇၅) ကြိမ်မြောက် ကော်သူးလေနေ့အခမ်းအနား၊ ရှေ့တန်းပြန်ရဲဘော်များအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားနှင့် ယခင် ကရင်လူငယ်အစည်းအရုံး (K.Y.O)တွင် တာဝန်ထမ်းဆောင်ခဲ့သော ခေါင်းဆောင်များအား ဂုဏ်ပြုခြင်း အခမ်းအနားတို့အား ကျင်းပပြုလုပ်


ဇွန်လ ၁၄ရက်။

Radio NUG

ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်ခရိုင်)အတွင်း ဇွန်လ (၁၄) ရက်နေ့တွင် ကျရောက်သော(၇၅) ကြိမ်မြောက် ကော်သူးလေနေ့အခမ်းအနားနှင့် ရှေ့တန်းပြန်ရဲဘော်များအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားအပြင် ယခင် ကရင်လူငယ်အစည်းအရုံး (K.Y.O)တွင် တာဝန်ထမ်းဆောင်ခဲ့သော ခေါင်းဆောင်များအား ဂုဏ်ပြုခြင်းအခမ်းအနားတို့အား ကျင်းပပြုလုပ်ခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်ပါတယ်။


ထိုအခမ်းအနားသို့ ခလယ်လွီထူခရိုင်ရှိ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနှင့် တပ်ပိုင်းဆိုင်ရာတို့မှ တာဝန်ရှိ ခေါင်းဆောင်များ အသီးသီးနှင့် ပြည်သူလူထုများတက်ရောက် ဂုဏ်ပြုခဲ့ပြီး ကရင်လူငယ်အစည်းအရုံး (K.Y.O) မှ ဦးဆောင်ကာ ခလယ်လွီထူခရိုင်ရှိ ရှေ့တန်းနယ်မြေများ၌ လုံခြုံရေးတာဝန်ထမ်းဆောင်ပြီး ပြန်လာသည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)မှ အရာရှိများနှင့် ရဲဘော်များတို့အား ကြိုဆိုဂုဏ်ပြုခြင်းအပြင်  ကရင်လူငယ်အစည်းအရုံး (K.Y.O)တွင်  တာဝန်ထမ်းဆောင်ခဲ့သော ခေါင်းဆောင်များအားလည်း ဂုဏ်ပြုခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၄။ တနင်္သာရီတိုင်းမှာ တော်လှန်ရေး ပိုမိုအားကောင်းလာနေပြီး မေလအတွင်း စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်ကာ စကစ စခန်း ခုကို သိမ်းယူနိုင်ခဲ့


ဇွန်လ၁၄ရက်။

တနင်္သာရီတိုင်းမှာ တော်လှန်ရေး ပိုမိုအားကောင်းလာနေပြီး မေလအတွင်း စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်ကာစကစ စခန်း ခုကို သိမ်းယူနိုင်ခဲ့ပါတယ်။


ဇွန်လအတွင်းFE5 Tanintharyi Reportကအသိပေးဖော်ပြပါတယ်။


တနင်္သာရီတိုင်းမှာ တော်လှန်ရေး ပိုမိုအားကောင်းလာနေပြီး မေလအတွင်း စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်ကာ စခန်း ခုကို သိမ်းယူနိုင်ခဲ့ပါတယ်။ စစ်ကောင်စီကလည်း စခန်းများပြန်ရရေးအပါအဝင် နယ်မြေစိုးမိုးနိုင်ရေးအတွက် ရက်ရှည်တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ယခုလအတွင်း တိုက်ပွဲနှင့် လေကြောင်းမှ တိုက်ခိုက်ခံရမှု ၅၆ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှု ၁၀ ကြိမ်ခန့်အထိ ရှိခဲ့တယ်လို့ဖော်ပြပါတယ်။


တိုက်ပွဲပြင်းထန်လာမှုနှင့်အတူ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှုလည်း တိုးလာနေပြီး မေလအတွင်း နေရပ်စွန်ခွာထွက်ပြေးရသူ ခြောက်သောင်းနီးပါးအထိရှိခဲ့တယ်လို့သိရပါတယ်။


မေလတွင် သရက်ချောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်များတွင် စခန်းသိမ်းတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရမှု ပိုများလာခဲ့သကဲ့သို့ ပုလောနှင့် တနင်္သာရီမြို့နယ်များတွင်လည်း ရက်ရှည်တိုက်ပွဲ ဖြစ်ပွားနေမှုများကြောင့် နေရပ်စွန်ခွာထွက်ပြေးရသူ ပိုများလာခဲ့တယ်လို့ဆိုပါတယ်။


========================


🚩🚩 ၅။ မောင်တောမြို့နယ်ရှိ စကစ တပ်ရင်း စခန်း ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး- တေဇာဌေးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀)ကျော် သေဆုံး


ဇွန်လ ၁၄ရက်။ 

Radio NUG

မောင်တောမြို့နယ်ရှိ စကစ တပ်ရင်းစခန်း ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး- တေဇာဌေးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀)ကျော် သေဆုံးကြောင်း အာရက္ခတပ်တော် AAက သတင်းထုတ်ပြန်ပါတယ်။


အာရက္ခတပ်တော်သည် ဘူးသီးတောင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ပြီးသည့်အချိန်တွင် ရက္ခိုင်-ဘင်္ဂလာနယ်စပ်၊ မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရပါတယ်။


ဇွန်လ ပထမအပတ်အတွင်း၌ မောင်တောမြို့ရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို့) နခခ () စခန်းနှင့် နခခ()စခန်းတို့အား အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားပါတယ်။


ဇွန်လ ဒုတိယပတ်အတွင်းမှာလည်း မောင်တောမြို့နယ်အတွင်းရှိ

() “နခခ () တပ်ရင်းဌာနချုပ်အား ဇွန်လ (၁၀) ရက်၊ နံနက် () နာရီအချိန်တွင်လည်းကောင်း၊

() “အလယ်သံကျော်စခန်းအား ဇွန်လ (၁၀) ရက်၊ နံနက် () နာရီ (၄၆) မိနစ် အချိန်တွင်လည်းကောင်း၊ 

() “မောရဝတီဗျူဟာအား ဇွန်လ (၁၃) ရက်၊ နံနက် () နာရီအချိန်တွင်လည်းကောင်း၊

() “နခေါင်းတိုစခန်းအား ဇွန်လ (၁၃) ရက်၊ ညနေ () နာရီအချိန်တွင်လည်းကောင်း အသီးသီး ထပ်မံသိမ်းပိုက် ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။


စခန်းသိမ်းတိုက်ပွဲများအတွင်း မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး- တေဇာဌေးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်(၂၀၀)ကျော်အား ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလျက်ရှိနေသည့် ရန်သူ့တပ်ဖွဲ့ဝင်များအားလည်း လိုက်လံရှာဖွေကာ ဆက်လက် ရှင်းလင်းလျက်ရှိကြောင်း၊ တစ်ပြိုင်နက်တည်းတွင် မောင်တော၊ အမ်း၊ သံတွဲ မြို့များ၌ ရှိသော ရန်သူ၏ အခြားသော စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြထားပါတယ်။


တိုက်ပွဲများအတွင်း ရန်သူ၏ လက်နက်ခဲယမ်း၊ စစ်လက်နက်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိသကဲ့သို့ စစ်သုံပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


ဇွန်လ(၁၃)ရက်နေ့ကလည်း တောင်ကုတ်မြို့နှင့်()မိုင်ခန့်အကွာရှိ တောင်ကုတ်-အမ်း ကားလမ်းမပေါ်ရှိရွှေကွမ်းစမ်း တံတားအား စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီးထားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ ရာဖူးရွာရှိ ယာယီစစ်စခန်းအား Droneဖြင့်တိုက်ခိုက်၊ အမှတ်()လမ်းမကြီးပေါ်တွင် စစ်ဆေးမှုများ ပြုလုပ်


ဇွန်လ ၁၄ရက်။ 

Radio NUG

ဇွန်လ (၁၁)ရက်နေ့၊ နေ့လယ် (:၅၀)တွင် တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်အတွင်းရှိ ရာဖူးကျေးရွာတွင် အာဏာသိမ်းစစ်တပ်မှ စစ်ကြောင်းထိုး စခန်းချထားသော ယာယီစခန်းကို ဗျူဟာ(၃၃)ပူးပေါင်းတပ်ဖွဲ့များမှ Drone ဖြင့်တိုက်ခိုက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး (စိုးရိမ်ရ)နှင့် ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။


ဇွန်လ(၁၃)ရက်နေ့တွင် အရပ်သားပြည်သူများကို ဖမ်းဆီးခြင်း၊ ကျေးရွာအတွင်းရှိ နေအိမ်များ ဖောက်ထွင်းခိုးယူခြင်းများ ပြုလုပ်နေသော အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရှိရာ အလယ်စခန်းကျေးရွာသို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းမှု ပြုလုပ်ခဲ့ပြီး အမှတ်()လမ်းမကြီးပေါ် သွားလာဖြတ်သန်းနေသော ကားများအား စစ်ဆေးမှုများပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါတိုက်ခိုက်မှုအား ပြည်သူကာကွယ်ရေးတပ်မတော်(PDF)ဒေါနစစ်ကြောင်း၊ မွန်ပြည်ကာကွယ်ရေးတပ် ( MSRF ) K.T.L.A မွန်ပြည်သစ်ပါတီ ( AD ) အထူးဒရုန်းတပ်ဖွဲ့ ( SawDragon Drone Force ) ရေးဒရုန်းတပ်ဖွဲ့ ( Y.A.F ) ၊ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (D.N.L.A )တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ မြင်းခြံတွင် ဖုန်းထဲVPNစစ်၍ တွေ့ရှိပါကစကစတပ်ဖွဲ့ဝင်များကကျပ်တစ်သိန်းတောင်းခံ


ဇွန်လ ၁၄ရက်။

မြင်းခြံတွင် ဖုန်းထဲVPNစစ်၍ တွေ့ရှိပါကစကစတပ်ဖွဲ့ဝင်များကကျပ်တစ်သိန်းတောင်းခံကြောင်းသိရပါတယ်။


ဇွန်လ၁၄ရက်မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကအသိပေးဖော်ပြပါတယ်။


ဇွန်လ၁၃ရက်ညက စွန်းလွန်း(၁၉)ရပ်ကွက်၊မြောက်ဖက်အခြမ်းက နေအိမ်တွေဝင်ပြီး ဖုန်းထဲ VPNစစ်ပါတယ်။VPNတွေ့ရင် တစ်သိန်းကျပ်တောင်းခံပါတယ်။အမှတ်()ရပ်ကွက်မှာ လ္ဘက်ရည်ဆိုင်ထဲဝင်ပြီး ဖုန်းထဲ VPNရှိ၊ မရှိစစ်ဆေးခဲ့တယ်လို့ဖော်ပြပါတယ်။


အကြမ်းဖက်စကစဟာ Face Bookလူမှုကွန်ရက်အသုံးပြုခွင့် ပိတ်ပင်ပြီးနောက် ကျော်ဝင်သည့် VPNအသုံးပြုမှုကိုပါ အရေးယူရန်စီစဥ်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment