16th JUN 2024 - Evening Daily News by Radio NUG

၂၀၂၄ ဇွန်လ ၁၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမေရိကန်နိုင်ငံမှာ ပြုလုပ်တဲ့ The 2024 NED Democracy Awards ပွဲကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက်

📌 ၂။ တောင်ကိုရီးယားနိုင်ငံ ချွန်းနန်းမြို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက်မွေးနေ့အကြိုဆုတောင်းပွဲအခမ်းအနားကျင်းပ

📌 ၃။ မင်းမော်ကွန်း၏ တော်လှန်ရေးအတွက် အနုပညာလက်နက်ဖျော်ဖြေပွဲတွင် သိန်းထောင့်လေးရာကျော်ရရှိခဲ့


၂၀၂၄ ခုနှစ် ဇွန်လ ၁၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မောင်တောမှာ တိုက်ပွဲပြင်းထန်နေပြီး နခခ မကျစေဖို့ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲ

🚩 ၂။ တောင်ကုတ်မြို့ကို ရခိုင့်တပ်တော် ထိုးစစ်ဆင်နေပြီး စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲ

🚩 ၃။ တပ်မဟာ-၁၁ ဖွင့်ပွဲအခမ်းအနား KIA ကျင်းပ

🚩 ၄။ ရေဖြူမှာ စစ်ကောင်စီယာယီတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ရေးတင်းမာနေ 

🚩 ၅။ နမ့်ဆန်တွင် စစ်ကျန် လက်နက်ပစ္စည်း ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ

🚩 ၆။ ရုန်းတောင်စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်နှင့် စစ်အုပ်ချုပ်ရေးယန္တရားကိုထောက်ပံ့နေသူ ၁၀ ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့

🚩 ၇။ အောင်သာ၀ရစခန်းသိမ်းတိုက်ပွဲမှာ စစ်သား ၁၇ ဦးသေဆုံးကာ လက်နက်တွေရတယ်လို့ KNU ပြော


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမေရိကန်နိုင်ငံမှာ ပြုလုပ်တဲ့ The 2024 NED Democracy Awards ပွဲကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက်


ဇွန် ၁၆ ၂၀၂၄


အမေရိကန်နိုင်ငံမှာ ဇွန် ၁၄ ရက်က ကျင်းပပြုလုပ်တဲ့ National Endowment For Democracy ရဲ့ နှစ်ပတ်လည် အခမ်းအနားနဲ့ The 2024 NED Democracy Awards ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းမှ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါတယ်။


ဒါ့ပြင် Democracy Awards ပေးအပ်ခြင်းခံရတဲ့ Senator Mitch McConnell (R-KY), Senate Republican Leaderကို National Endowment For Democracy ကိုယ်စား ဒီမိုကရေစီဆုတံဆိပ်အား ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါအခမ်းအနားကို ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမိုးဇော်ဦးလည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၂။ တောင်ကိုရီးယားနိုင်ငံ ချွန်းနန်းမြို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက်မွေးနေ့အကြိုဆုတောင်းပွဲအခမ်းအနားကျင်းပ


ရန်ကုန်၊ ဇွန် ၁၆


တောင်ကိုရီးယားနိုင်ငံ ချွန်းနန်းမြို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက်မွေးနေ့အကြိုဆုတောင်းပွဲအခမ်းအနားကျင်းပခဲ့ကြောင်း ခေတ်သစ်သတင်းမီဒီယာမှာ ဖေါ်ပြထားပါတယ်။


အဆိုပါ အခမ်းအနားတွင် စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာအာဟာရဒါနထောက်ပို့နိုင်ရေးအတွက် အလှူငွေများကောက်ခံကာ နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက မွေးနေ့ရှင်ကျန်းမာ ချမ်းသာစွာအသက်ရာကျော်ရှည်ပါစေရည်ရွယ်ချက်ဖြင့် ၁၁ သိန်းဝမ် မတည်ခဲ့ကာ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ရေး၊ မတရားဖမ်းဆီးခံပြည်သူလူထုများလွတ်မြောက်ရေး တက်ရောက်လာကြသူများက သံပြိုင်ဆုတောင်းပြီး မွေးနေ့ကိတ်ခွဲကာအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရှိရသည်။


တစ်ဆက်တည်းသတင်းအရ ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ စစ်သံရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါဆန္ဒပြပွဲကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား) က ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အင်အား ၁၀၀ ခန့် ပါဝင်ခဲ့ကြကြောင်း၊ ဆန္ဒပြပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း၊ ထို့နောက် ဆိုးလ်မြို့ မြောင်ဒုံ ဖက်ရှင်ရပ်ကွက်တွင် မြန်မာ့အရေး ဓာတ်ပုံပြပွဲကို ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


========================


📌📌 ၃။ မင်းမော်ကွန်း၏ တော်လှန်ရေးအတွက် အနုပညာလက်နက်ဖျော်ဖြေပွဲတွင် သိန်းထောင့်လေးရာကျော်ရရှိခဲ့


 ဇွန်လ ၁၆ရက်။


တော်လှန်အနုပညာရှင် မင်းမော်ကွန်း၏ တော်လှန်ရေးအတွက် အနုပညာလက်နက်ဖျော်ဖြေပွဲမှ ဩစတေးလျဒေါ်လာ ၅၆၀၀၀ (ကျပ် ,၄၀၀ သိန်းကျော်) ရရှိခဲ့ပြီး ယင်းငွေအားလုံးကို တော်လှန်ရေးအတွက်အသုံးပြုသွားမည်ဟု  မင်းမော်ကွန်းက အသိပေးထားတယ်လို့ People's Spring သတင်းဌာနမှာ ဖေါ်ပြထားပါတယ်။


" ရရှိငွေအားလုံးအားလုံးသည် တော်လှန်ရေးအတွက်တပြားမကျန်သွားမှာဖြစ်တယ်ဆိုတာကို ထပ်ပြီး သတင်းကောင်းပေးပါတယ်" ဟု မင်းမော်ကွန်းက ၎င်း၏ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။


မင်းမော်ကွန်း၏ တော်လှန်ရေးအတွက် အနုပညာလက်နက် ဖျော်ဖြေပွဲကို ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့၌ ဇွန် ၁၅ ရက်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


"မနေ့ညက Sydney မှာကျင်းပတဲ့ ကိုကျော့်ပွဲက တော်တော်လေး smart ဖြစ်တယ်။ သီချင်းတွေစဉ်ထားတဲ့ ပွဲ tempo အတက်အမြင့် stage effects တော်လှန်ရေးမိသားစုတွေရဲ့အစားအသောက်အရသာရှိမှုလေးတွေ

ငယ်ငယ်က မြေပဲယိုသီချင်းလေးတွေ ပြန်ကြားရတာအစ…" ဟု ယင်းဖျော်ဖြေပွဲကိုသွားရောက်ကြည့်ရှူခဲ့သည့်ခံစားမှူကို ဒါရိုက်တာ သည်ခေတ်နေက ရေးသားထားသည်။


ဖျော်ဖြေပွဲ၌ မင်းမော်ကွန်းကိုယ်တိုင်ရေးဆွဲထားသည့် The Wave ပန်းချီကားကိုလည်း လေလံတင်ခဲ့ရာ ဩစတေးလျဒေါ်လာတစ်သောင်းရရှိခဲ့ကြောင်း ၎င်းကဆိုသည်။


တော်လှန်ရေးအတွက် အနုပညာလက်နက် ဖျော်ဖြေပွဲကို မဲလ်ဘုန်းမြို့တွင် ဇွန် ၂၂ ရက်၌ ဆက်လက်ပြုလုပ်မည်ဖြစ်တယ်လို့ သိရှိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်  ခါးရှဲလ်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မောင်တောမှာ တိုက်ပွဲပြင်းထန်နေပြီး နခခ မကျစေဖို့ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲ


ရခိုင်ပြည်ထဲက နယ်စပ်မြို့တခုဖြစ်တဲ့ မောင်တောမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က နခခ မကျရေး ဂျက်တိုက် လေယာဉ် စင်းနဲ့ ညအချိန်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

မောင်တောမြို့အဝင် မြို့သူကြီးရပ်ကွက်မှာရှိတဲ့ အမှတ် နယ်ခြားစောင်ရဲတပ်ဖွဲ့ဌာနခွဲ နခခ- ကို ရခိုင့်တပ်တော်က တိုက်ခိုက်နေတာကြောင့် ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းကစပြီး ညသန်းခေါင်အချိန်ထိ တိုက်ပွဲပြင်းထန်ခဲ့ရာ ဇွန်လ ၁၆ ရက် မနက် နာရီခန့်မှာ စစ်တပ်က တိုက်လေယာဉ် စင်းနဲ့ ဗုံးလာကြဲသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ဗုံးကြဲသွားတဲ့နေရာဟာ နခခ- မြောက်ဘက်မှာရှိတဲ့ မွတ်ဆလင်ကျေးရွာ ရွာကြားဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မွတ်ဆလင်စစ်သားတွေ စခန်းချထားတဲ့ နေရာလို့လည်း သိရပါတယ်။

ရခိုင့်တပ်တော်က မြေပြင်ထိုးစစ်အပြင် ဒရုန်းတွေ၊ရှော့တိုက်ဒုံးတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် အထိနာနေတဲ့ နခခ- ဘက်က လေကြောင်းပစ်ကူခေါ်ပြီး လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ရခိုင့်တပ်တော်ဟာ မောင်တောမြို့က စစ်ကောင်စီလက်ကျန်စခန်း ခုဖြစ်တဲ့ မိုင်အခြေစိုက် နခခ- နဲ့ မြို့နဲ့ မိုင် အကွာ မှာရှိတဲ့ မြို့သူကြီးအခြေစိုက် နခခ- ကို ဇွန်လ ၁၅ ရက်မနက်ပိုင်းကစပြီး တပြိုင်တည်းတိုက်ခိုက်နေတာလို့ သိရပါတယ်။

ရခိုင့်တပ်တော် AA ဟာ ဇွန်လ ပထမအပတ်အတွင်းကပဲ မောင်တောမြို့က တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင် စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်းလို့ခေါ်တဲ့ နခခ- စခန်းနဲ့ နခခ စခန်းတို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သလို ဇွန်လ ဒုတိယပတ်မှာလည်း နခခ- တပ်ရင်းဌာနချုပ်၊ အလယ်သံကျော်စခန်း၊ မောရဝတီဗျူဟာ၊ နခေါင်းတိုစခန်း တို့ကို ထပ်မံ သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။


========================


🚩🚩 ၂။ တောင်ကုတ်မြို့ကို ရခိုင့်တပ်တော် ထိုးစစ်ဆင်နေပြီး စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲ


ရခိုင်ပြည်တောင်ပိုင်းက စကခ- အခြေစိုက်ရာ တောင်ကုတ်မြို့ကို ရခိုင့်တပ်တော်က စတင်ထိုးစစ်ဆင်နေပြီး စစ်ကောင်စီ ဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

တောင်ကုတ်မြို့ကို ရခိုင့်တပ်တော် AA က ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းကစပြီး ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာတယ်လို့ ဆိုပါတယ်။ 

ရခိုင့်တပ်တော် AA ဟာ သံတွဲမြို့ကိုထိုးစစ်ဆင်ပြီးတဲ့နောက် သံတွဲမြို့နဲ့ ၄၅ မိုင်ခန့်အကွာမှာရှိတဲ့ တောင်ကုတ်မြို့ကိုပါ ဝိုင်းရံပိတ်ဆို့ပြီး တိုက်ခိုက်နေတာလို့ သိရပါတယ်။ 

တောင်ကုတ်တက္ကသိုလ်အနောက်ဘက်မှာအထိုင်ချထားတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ- လက်အောက်ခံ လက်နက်ကြီးစခန်းကို ရခိုင့်တပ်တော်က စတင်ထိုးစစ်ဆင်ခဲ့ရာကနေ တိုက်ပွဲတွေပြင်းထန်နေတာ ဖြစ်ပါတယ်။ 

စစ်တပ်လက်နက်ကြီးစခန်းကို ရခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ညလုံးပေါက်နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်နေရာတွေအပါအဝင် တောင်ကုတ်မြို့နဲ့ထိစပ်နေတဲ့ကျေးရွာတွေကို နာရီကနေ ညသန်းခေါင် ၁၂ နာရီဝန်းကျင်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

အခုလို စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တောင်ကုတ်မြို့နဲ့ထိစပ်နေတဲ့ ရွာသစ်ကျေးရွာက အမျိုးသား တဦး ဝမ်းဗိုက်ကို ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး ညတွင်းချင်း ဆေးရုံပို့လိုက်ရတယ်လို့ သိရပါတယ်။

တောင်ကုတ်မြို့မှာ စစ်ကောင်စီလက်အောက်ခံ အမှတ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ခမရ ၅၄၄နဲ့ ခမရ ၃၄၆ တပ်ရင်း တို့ရှိပြီး ၂ဝ၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစတင်ကာ စစ်အင်အား အများအပြားဖြည့်တင်းထားတယ်လို့လည်း သိရပါတယ်။

တောင်ကုတ်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေသလို တောင်ကုတ်မြို့တောင်ဘက်မှာရှိတဲ့ သံတွဲမြို့မှာလည်း ရခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေဆက်ရှိနေဆဲဖြစ်ပါတယ်။

ရခိုင်ပြည်တောင်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် တောင်ကုတ်အပါအဝင် စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ မြို့တွေက ဒေသခံပြည်သူတွေအနေနဲ့ လွတ်မြောက်နယ်မြေ သို့မဟုတ် ရခိုင့်တပ်တော်ထိန်းချုပ်နယ်မြေတွေမှာ သွားရောက် ခိုလှုံကြဖို့ ရခိုင့်တပ်တော် AA က အသိပေးပြောဆိုထားပြီးဖြစ်ပါတယ်။


========================


🚩🚩 ၃။ တပ်မဟာ-၁၁ ဖွင့်ပွဲအခမ်းအနား KIA ကျင်းပ


ကချင်လွတ်လပ်ရေးတပ်မတော်-KIA က အသစ်ဖွဲ့စည်းလိုက်တဲ့ တပ်မဟာ-၁၁ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၄ ရက်နေ့က ကျင်းပခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနထံကနေ သိရပါတယ်။

KIA အမှတ် - ၁၁ တပ်မဟာမှာ အူလောင်းပါနဲ့ ရွှေကူဒေသတို့ပါဝင်ပြီး KIA အမှတ် ၁၂ တပ်ရင်းနဲ့ အမှတ် ၂၇ တို့နဲ့ ဖွဲ့စည်း ထားတာလို့ အသိပေးထားပါတယ်။

အခမ်းအနားကို KIO ဗဟိုကော်မတီအဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူများအပါအဝင် ပြည်သူလူထုလည်း တက်ရောက် ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဇွန်လ ၁၅ ရက်နေ့မှာ ဖော်ပြထားပါတယ်။

ရှမ်းမြောက်နဲ့ ကချင်အစပ် ရွှေလီချိုင့်ဝှမ်းဒေသမှာ KIA က တပ်မဟာအသစ်တခု တိုးချဲ့ဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ အရေးပါတဲ့ဒေသဖြစ်တယ်လို့ဆိုပါတယ်။

အရင်က ကချင်ပြည်နယ်နဲ့ရှမ်းမြောက်ဒေသမှာ တပ်မဟာ ၁၀ ခုရှိထားပြီးဖြစ်တဲ့ KIA အနေနဲ့ တပ်မဟာ ၁၁ ကို မေလ ကတည်းက တိုးချဲ့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

တပ်မဟာ-၁၁ ကို မန်ဝိန်းကြီးဒေသမှာ ဗဟိုပြုဖွဲ့စည်းတယ်လို့ သိရပါတယ်။ မန်ဝိန်းကြီးဒေသဟာ ရွှေလီမြစ်ရဲ့တဖက်ကမ်း နမ့်ခမ်းအနောက်ဖက်မှာ တည်ရှိပါတယ်။ နမ့်ခမ်းနဲ့ ရွှေလီမြစ် ခြားသလို ပြည်နယ်လည်းခြားပါတယ်။ ကချင်ပြည်နယ်ထဲ ပါဝင်ပါတယ်။ မန်ဝိန်းကြီးဒေသဟာ အရင်တပ်မဟာ - နယ်မြေထဲကဖြစ်ပေမယ့် ဗန်းမော်ဖက်ကိုအာရုံစိုက်နေတဲ့ တပ်မဟာ- နယ်မြေထဲက ခွဲထုတ်လိုက်တဲ့ဒေသဖြစ်ပါတယ်လို့ တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးက သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မန်ဝိန်းကြီးဒေသဟာ စီးပွားရေးအရ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ဒေသဖြစ်ပါတယ်။ မန်ဝိန်းကြီးနဲ့ တရုတ်ပြည် နုန်တောင်း Nong Duo ဟာ ရွှေလီမြစ်ထဲ စီးဝင်တဲ့ နမ့်ဝမ်ချောင်းနဲ့ ချောင်းခြားတယ်ဆိုပေမယ့် တရုတ်ပြည် ဖက်ခြမ်းမှာ နမ့်ဝမ်ချောင်းကူးတံတားထိုးထားလို့ ကားကြီးတွေ ကောင်းကောင်းကူးနိုင်ပါတယ်။ နုန်တောင်းကနေ ရွှေလီ အထိ ရှစ်လမ်းသွားကားလမ်းမကြီးဖြူးနေပြီး တနာရီမကြာဘဲ ရွှေလီရောက်နိုင်ပါတယ်။ မန်ဝိန်ကြီး- နုန်တောင်းဂိတ်ဟာ  ၂နိုင်ငံနယ်စပ်ကုန်သွယ်ရေး တရားဝင်ဂိတ်ထဲမှာမပါဝင်ပေမယ့် ပမာဏကြီးမားတဲ့ မှောင်ခို နယ်စပ်ကုန်သွယ်ရေးဂိတ်လို့ဆို ရပါမယ်လို့လည်း ဦးမောင်မောင်စိုးက ရေးသားထားပါတယ်။ 

KIA ဟာ မေလ ၁၈ ရက်နေ့မှာ စစ်ဦးစီးချုပ်အသစ်ခန့်အပ်တာဝန်ပေးမှုနဲ့အတူ တပ်မဟာအသစ်တခု တိုးချဲ့ဖွဲ့စည်းလိုက်တာ လည်းဖြစ်ပါတယ်။


========================


🚩🚩 ၄။ ရေဖြူမှာ စစ်ကောင်စီယာယီတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ရေးတင်းမာနေ 


တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့အနီးက စစ်ကောင်စီရဲ့ ယာယီတပ်စခန်းတခု တိုက်ခိုက်ခံလိုက်ရပြီးတဲ့နောက် စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ရေဖြူမြို့နယ် ရာဖူးကျေးရွာကို စစ်ကြောင်းထိုးပြီး စခန်းချထားတဲ့ အင်အား ၂၅၀ ခန့်ရှိ စစ်ကောင်စီယာယီစခန်းကို ပြည်သူကာကွယ်ရေးတပ်မတော်-PDF နဲ့ ဗျူဟာ-၃၃ ပူးပေါင်းအဖွဲ့က ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၂နာရီခန့်မှာ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာရှိပါတယ်။

အခုလို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် ၂၇၃ တပ်ရင်းမှူးး ဗိုလ်မှူးသန်းဌေးအောင် သေဆုံးပြီး ၃ဦး ပြင်းထန် ဒဏ်ရာရသွားတယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ဒေါနစစ်ကြောင်း တာဝန်ရှိသူတဦးကလည်း အသိပေးထားပါတယ်။

အဆိုပါစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ဒေါနစစ်ကြောင်းနဲ့ ပူးပေါင်းတပ်တွေဖြစ်တဲ့ မွန်ပြည် ကာကွယ်ရေးတပ်-MSRF K.T.L.A မွန်ပြည်သစ်ပါတီ-AD အထူးဒရုန်းတပ်ဖွဲ့ Saw Dragon Drone Force ရေးလေတပ် Y.A.F D.N.L.A တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်ယာယီစခန်း တိုက်ခိုက်ခံရပြီးတဲ့နောက် ဇွန်လ ၁၃ ရက်နေ့မှာ ရွာဖူးကျေးရွာက ဒေသခံပြည်သူတွေကို စစ်ကောင်စီ ဘက်က ဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့တဲ့အပြင် နေအိမ်တွေဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေ ခိုးယူတာတွေရှိခဲ့တယ်လို့ သိရပါတယ်။ 

ဇွန်လ ၁၃ ရက်နေ့က စစ်ကောင်စီတပ်ရှိရာ အလယ်စခန်းကျေးရွာအထိ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က နယ်မြေ ရှင်းလင်းရေးလုပ်ခဲ့တဲ့အပြင် အမှတ်- ပြည်ထောင်စုလမ်းမကြီးပေါ် ဖြတ်သန်းသွားလာနေတဲ့ ယာဥ်တွေကို စစ်ဆေးကာ နယ်မြေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက အသိပေးထားပါတယ်။

လက်ရှိမှာ ရွာဖူးရွာကနေ ပြန်ဆုတ်သွားတဲ့စစ်ကြောင်းဟာ နောက်တနေရာကနေ စစ်ကြောင်းပြန်ထိုးနေတဲ့အတွက် ဇွန်လ ၁၅ ရက်ကစပြီး ဒေါနစစ်ကြောင်းနဲ့ပူးပေါင်းမဟာမိတ်တပ်တွေ တန်ပြန်တိုက်စစ်ဆင်နေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ရေး - ထားဝယ်လမ်းပိုင်း မလွှဲတောင်လမ်းပိုင်းမှာလည်း စစ်ကောင်စီဘက်က ကင်းပုန်းတွေနဲ့ ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်တွေကြား နှစ်ဖက် အပြန်အလှန် အလစ်အငိုက်စောင့်ပြီး စစ်ဆိုင်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ၅။ နမ့်ဆန်တွင် စစ်ကျန် လက်နက်ပစ္စည်း ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ


ဇွန်လ ၁၆ရက်။

Radio NUG


တအောင်းတပ် TNLA က ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာ လက်ဖက်ခြံ တနေရာတွင် ကြွင်းကျန်  စစ်လက်နက်ပစ္စည်း ပေါက်ကွဲမှုကြောင့် ကလေးငယ် တစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


ဇွန်လ ၁၀ ရက်နေ့က အသက် ၁၄ နှစ်အရွယ် စိုင်းလောင်(ဝ်)အွန်ဟာ လဖက်ခူးသွားရင်း ခြံထဲမှာတွေ့တဲ့ စစ်လက်နက်ပစ္စည်းတစ်ခုကို ကောက်ယူဆော့ကစားမိရာမှ ပေါက်ကွဲပြီး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။


ပေါက်ကွဲမှုကြောင့် ကလေးငယ်ရဲ့ တကိုယ်လုံး လက်၊ ရင်ဘတ်နဲ့ မျက်နှာတို့တွင် ထိခိုက်ဒဏ်ရာ များစွာ ရရှိခဲ့ပြီး  နမ့်ဆန်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။


အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကလည်း မန်တုံမြို့ စကစ စခန်းဟောင်းတွင် မှိုသွားရှာတဲ့ ကလေး တစ်ဦး မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ဇွန်လ ရက်ကလည်း ကျောက်မဲမြို့နယ်၊ ပန်လော့ရွာမှာ ထောင်မိုင်းပေါက်ကွဲတာကြောင့် ပြည်သူတစ်ဦး ခြေထောက်တစ်ဖက် ပြတ်ခဲ့ပါသေးတယ်။


ထို့ကြောင့် ၁၀၂၇ စစ်ဆင်ရေးကာလ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဒေသများမှာ စစ်လက်နက် ကြွင်းကျန် များကို မရှင်းလင်းနိုင်သေးသဖြင့် အရပ်သား ပြည်သူများ အနေဖြင့် တောတောင်နှင့် လဖက်ခြံများကို သွားရာမှာ သတိပြုကြဖို့နဲ့ စစ်လက်နက်ပစ္စည်း ကြွင်းကျန်များ တွေ့ပါက သက်ဆိုင်ရာ တာဝန်ရှိသူများကို အကြောင်းကြား ပေးကြဖို့ကို PSLF/TNLA က အသိပေး ထားပါတယ်။


========================


🚩🚩 ၆။ ရုန်းတောင်စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်နှင့် စစ်အုပ်ချုပ်ရေးယန္တရားကိုထောက်ပံ့နေသူ ၁၀ ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့


ဇွန် ၁၅ Radio NUG


ချင်းပြည်နယ်မြို့တော် ဟားခါးကို သိမ်းပိုက်နိုင်ရေး ဖော်ဆောင်နေသည့် ရုန်းတောင် စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ခန့်နှင့် စစ်အုပ်စု ယန္တရားကို ထောက်ပံ့နေသူ ၁၀ ဦးတို့ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ခိုနူမ်းသုန်သတင်းဌာနက ဖော်ပြထားပါတယ်။


ရုန်းတောင်စစ်ဆင်ရေးတွင် အဆင့် နှစ်ဆင့် ခွဲခြားထားပြီး ပြည်နယ်နဲ့ ခရိုင် စစ်ကောင်စီရဲ့ ယန္တရားတွေကို ဖြတ်တောက်ဖို့ ရည်မှန်းထားပြိး ဝန်ကြီးတွေ၊ ရွေးကောက်ပွဲအဖွဲ့၊ မြို့နယ်မှူးနဲ့ အထက် အရာရှိတွေကိုပစ်မှတ်ထားတာက ရုန်းစစ်ဆင်ရေးရဲ့ အဆင့် ဖြစ်ကြောင်း CDF- ဟားခါးမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပါတယ်။


ရုန်းတောင်စစ်ဆင်ရေး () လတာအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု (၂၁) ကြိမ် ရှိခဲ့ပြီး ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း၊ လက်နက် () လက်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။


စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများထဲ ပါဝင်ဆောင်ရွက်နေသူ၊ ပံ့ပိုးကူညီနေသူ ၁၀ ဦးခန့်ကိုလည်း ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။


မြောက်ပိုင်း ညီနောင် () ဖွဲ့ဖော်ဆောင်သည့် ၁၀၂၇ စစ်ဆင်ရေး၏ တစ်လပြည့် ၁၁၂၇ နေ့တွင် စတင်ခဲ့သော ရုန်းတောင်စစ်ဆင် ရေးသည် ပထမအဆင့်တွင် စစ်ကောင်စီ ယန္တရားများကို အကျပ်အတည်းဖြစ်အောင် ဖော်ဆောင်ထားနိုင်ပြီးဖြစ်ကြောင်း သိရပါတယ်။


ရုန်းတောင်စစ်ဆင်ရေး၏ ဒုတိယအဆင့်တွင် ချင်းလဲန်းကောင်စီ၊ ချင်းပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ဟားခါးမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


CDF-Hakha တပ်ဖွဲ့အနေဖြင့် ဟားခါးမြို့နယ်၏ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဖြစ်ကာ ကျန်ရှိနေသေးသော ၃၀ ရာခိုင်နှုန်းအား အပြီးသတ်ထိန်းချုပ်နိုင်ရေးအတွက် ရုန်းတောင်စစ်ဆင်ရေးကို ဖော်ဆောင်လျှက်ရှိပြီး ယင်းအတွက် လက်နက်အင်အားများ ဖြည့်တင်းရန် ကူညီထောက်ပံ့မှုများလိုအပ်လျှက်ရှိကြောင်း သိရပါတယ်။


========================


🚩🚩 ၇။ အောင်သာ၀ရစခန်းသိမ်းတိုက်ပွဲမှာ စစ်သား ၁၇ ဦးသေဆုံးကာ လက်နက်တွေရတယ်လို့ KNU ပြော


တနင်္သာရီမြို့နယ် အောင်သာ၀ရကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်-PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်သား ၁၇ သေဆုံးကာ လက်နက် ခဲယမ်းတွေ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ မြိတ်-ထားဝယ်ခရိုင်ထံကနေ သိရပါတယ်။

အောင်သာ၀ရတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ချပူးပေါင်းဖို့ KNLA ပူးပေါင်းတပ်ကဖိတ်ခေါ်ခဲ့ပေမယ့် လက်မခံတာကြောင့် ဇွန်လ ၁၄ ရက်မနက်ပိုင်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မွန်းလွဲပိုင်းမှာ စခန်းကိုသိမ်းပိုက်နိုင်ခဲ့ တာဖြစ်ပါတယ်။ 

စခန်းသိမ်းတိုက်ပွဲမစခင်နဲ့ တိုက်ပွဲဖြစ်နေချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေရှိခဲ့ပေ မယ့် စခန်းသိမ်းပြီးနောက်ပိုင်း လေယာဉ်နဲ့ ဗုံးလာကြဲတာမရှိတော့ဘူးလို့ KNU တပ်မဟာ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။ 

စခန်းသိမ်းတိုက်ပွဲမှာ စစ်သားအလောင်း ၁၇ လောင်းတွေ့ခဲ့ပြီး စစ်ားသား ၃ဝ ခန့် ထွက်ပြေးလွတ်မြောက်နေတယ်လို့လည်း သိရပါတယ်။ 

အောင်သာ၀ရ စစ်ကောင်စီတပ်စခန်းဟာ ၁၉၉၇ ကတည်းက တပ်စွဲထားတဲ့ တပ်စခန်းဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခဲယမ်းများစွာရရှိခဲ့တယ်လို့ KNU ဘက်က အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်နှင့် ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment