16th JUN 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဇွန်လ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မင်းအောင်လှိုင်နဲ့ စစ်တပ် ပြုလုပ်ခဲ့တဲ့အမှုဟာ နိုင်ငံတော်ပုန်ကန်မှု ဖြစ်တယ်လို့ဆို

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ကျောင်းပေါင်း ၉၆၂ ကျောင်းမှ ကျောင်းသားစုစုပေါင်း ၁၂၃,၀၀၀ ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့

📌 ၃။ PSLF/TNLA ကျန်းမာရေးဌာနနှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့

📌 ၄။ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့ ပန်းသပိတ်မှာ ပြည်သူလူထုပါဝင်ဆင်နွှဲဖို့ ဦးမင်းကိုနိုင်တိုက်တွန်း

📌 ၅။ ပြည်သူလူထုတရပ်လုံးက ဖက်ဆစ်အာဏာရူးတွေကို ငုံ့မခံဘဲ တုန့်ပြန်ကြရမယ့် အချိန်ဖြစ်တယ်လို့ မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းအသိပေးဆို

📌 ၆။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရ တေးရုပ်ရှင်ပြပွဲ အိုင်ဇောလ်မြို့တွင် ယနေ့ပြုလုပ်

📌 ၇။ မေလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှ ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့များကို PRF ထုတ်ပြန်


၂၀၂၄ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ခြောက်လပတ်စုံညီအစည်းအဝေး ကျင်းပပြုလုပ် 

🚩 ၂။ နေပြည်တော် ပြည်သူ့ကာကွယ်ရေး တက်မတော်တပ်ရင်း ၈၀၅ မှ တိုက်ပွဲဝင် ရဲဘော်များရဲ့ နေပူမရှောင်၊ မိုးရွာမရှောင် လှုပ်ရှားမှု ပုံရိပ်တချို့ကို ထုတ်ပြန်

🚩 ၃။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)တည်ထောင်ခြင်း ၁၇ နှစ်ပြည့် အခမ်းအနားကျင်းပ

🚩 ၄။ အောင်ပွဲရ ကျောင်းသားလက်ရုံး တပ်တော်နှင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်း တပ်ဖွဲ့ဝင်များကို ဒေသခံ ပြည်သူလူထုမှ ဂုဏ်ပြုကြိုဆို

🚩 ၅။ ရေစကြိုမြို့နယ်၊ ဂွေးချိုရှိ (ပသစ)အထိုင်စခန်းများကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

🚩 ၆။ မြိုင်မြို့နယ်ရှိ ကိုင်းတောမစခန်းမှ ထွက်လာတဲ့ အင်အား(၁၅)ယောက်ပါ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

🚩 ၇။ ရေဦးမြို့ မြောက်ဘက်အထွက်က စစ်ကောင်စီ တပ်စခန်းကို Fixed Wing Drone များဖြင့် တိုက်ခိုက်

🚩 ၈။ ကျွန်းလှတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အထက်တန်းကျောင်းဆောင်ပျက်စီး

🚩 ၉။ ထွန်းဇံမြို့တွင် ရူပီးငွေ သိန်း ၃၅၀မှ သိန်း ၄၀၀ ကြား တန်ဖိုးရှိ ဘိန်းဖြူထုတ်များကို ဖမ်းဆီးရမိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မင်းအောင်လှိုင်နဲ့ စစ်တပ် ပြုလုပ်ခဲ့တဲ့အမှုဟာ နိုင်ငံတော်ပုန်ကန်မှု ဖြစ်တယ်လို့ဆို


ဇွန်လ၁၅ရက်။

မင်းအောင်လှိုင်နဲ့ စစ်တပ်ပြုလုပ်ခဲ့တဲ့အမှုဟာ နိုင်ငံတော်ပုန်ကန်မှု ဖြစ်တယ်လို့ လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီးဌာ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ကဆိုပါတယ်။


ဇွန်လ၁၅ရက် ဆိုရှယ်မီဒီယာမှာ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ကအသိပေးဆိုထားပါတယ်။


"တကယ်က ၂၀၂၁ မင်းအောင်လှိုင်နဲ့ စစ်တပ်ပြုလုပ်ခဲ့တဲ့အမှုဟာ နိုင်ငံတော်ပုန်ကန်မှု ဖြစ်ပါတယ်။ ၁၉၈၈ အခင်းအကျင်းနဲ့ မတူပါ။ ၁၉၈၈မှာ တပါတီအာဏာရှင်လူတစုက သူတို့လက်အောက်ခံစစ်အာဏာရှင်ကို အာဏာလက်လွဲပေးတယ်လို့ ဆိုရင်ပိုမှန်ပါတယ်။ ၂၀၂၁မှာ ဖြစ်လာတဲ့ အခင်းအကျင်းကတော့ ပြည်သူတွေရွေးချယ် တင်မြောက်တဲ့ ကိုယ်စားလှယ်တွေ ဖွဲ့စည်းပေးလိုက်တဲ့ တရားဝင်အစိုးရတရပ်၊ ၂၀၁၆ မတ်လမှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ပွဲမှာ နိုင်ငံတကာ (တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ရုရှ၊ အမေရိကန်စတဲ့ နိုင်ငံကြီးများနဲ့ အိမ်နီးနားချင်း အာဆီယံ နိုင်ငံများအပါအဝင်) 

ပြည်တွင်းကပါ တရားဝင်လက်ခံခဲ့တဲ့ အစိုးရတရပ်ကို ပြည်တွင်းဥပဒေရာဇသတ်ကြီးဖြစ်တဲ့ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့်မို့ အာဏာရှင်နိုင်ငံတွေပါဝင်တဲ့ အာဆီယံကအစ စကစကိုတရားဝင် မဆက်ဆံရဲတာပဲဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတရဲ့ အကျဥ်းချခံရမှုဟာ ပုဂ္ဂိုလ်ရေးနစ်နာမှုတွေကို ဖော်ကျူးယုံသာမက တိုင်းပြည်တခုလုံးရဲ့ ဆန္ဒကို မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အဓမ္မ လွန်ကျူးထားတယ်ဆိုတာ နိုင်ငံရေးအရ ပေါ်လွင်ထင်ရှားနေတယ်လို့ ဒုဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ကျောင်းပေါင်း ၉၆၂ ကျောင်းမှ ကျောင်းသားစုစုပေါင်း ၁၂၃,၀၀၀ ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့


ဇွန်လ၁၅ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ကျောင်းပေါင်း ၉၆၂ ကျောင်းမှ ကျောင်းသားစုစုပေါင်း ၁၂၃,၀၀၀ ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ကျောင်းသား တစ်သိန်းကျော်အတွက် ကျောင်းကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးနေကြောင်း နှစ်ပြည့်အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

 

ကျောင်းကျန်းမာရေးဌာနအနေဖြင့် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ မကွေးတိုင်း စစ်ကိုင်းတိုင်း ချင်းပြည်နယ် တနင်္သာရီတိုင်း ရှမ်း(မြောက်)နှင့် ကရင်နီပြည်နယ်များရှိ ကျောင်းပေါင်း ၉၆၂ ကျောင်းမှ ကျောင်းသားစုစုပေါင်း ၁၂၃,၀၀၀ ခန့်ကို စောင့်ရှောက်မှုပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။


ထို့အပြင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ စာသင်ကျောင်းပေါင်း ,၅၀၀အတွက် အရေးပေါ် ကျောင်းကျန်းမာရေး ဆေးများ ဖြန့်ဝေပေးခဲ့ပြီး ရှေးဦးသူနာပြုစုနည်း သင်တန်းများလည်း ပို့ချခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ PSLF/TNLA ကျန်းမာရေးဌာနနှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့


ဇွန်လ ၁၅ရက်။

PSLF/TNLA ကျန်းမာရေးဌာနနှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့် သားဖွားကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။


၂၀၂၄ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ နေ့လည် နာရီတွင် PSLF/TNLA ကျန်းမာရေးဌာနနှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့် သားဖွားကောင်စီတို့ တွေ့ဆုံ၍ ဆွေးနွေးခဲ့ပါတယ်။


အစည်းအဝေးတွင် PSLF/TNLA မှ တွဲဖက်အထွေထွေအတွင်းရေးမှူး (2)ဗိုလ်မှူးကြီး တားပန်လက ကြိုဆိုနှုတ်ဆက်စကားပြောကြား၍ တက်ရောက်လာသူများနှင့် မိတ်ဆက်ပေးခဲ့တယ်လို့သတင်းရရှိပါတယ်။


ထို့နောက် IFNMCမှ ကောင်စီ၏နောက်ခံသမိုင်းကြောင်း၊ ဦးတည်ချက်၊ ရည်မှန်းချက်များနှင့် လုပ်ငန်းစဥ်များအား တင်ပြပြီးနောက် တအန်းပြည် Taang Land အတွင်းရှိ သူနာပြုနှင့် သားဖွားရေးရာကိစ္စများနှင့် သူနာပြုတက္ကသိုလ် ဖွင့်လှစ်နိုင်ရေးကိစ္စများအား အပြန်အလှန်ဆွေးနွေး၍ ရှေ့ဆက်လုပ်ဆောင်ရန်ရှိသည်များကို ညှိနှိုင်းခဲ့ကြပါတယ်။


========================


📌📌 ၄။ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့ ပန်းသပိတ်မှာ ပြည်သူလူထုပါဝင်ဆင်နွှဲဖို့ ဦးမင်းကိုနိုင်တိုက်တွန်း


ဇွန်လ ၁၅ရက်။

ဇွန်လ ၁၉ ရက်နေ့ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့ ပန်းသပိတ်မှာပြည်သူ လူထုပါဝင်ဆင်နွှဲဖို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကတိုက်တွန်းလိုက်ပါတယ်။


ဇွန်လ၁၅ရက်မှာ ဆိုရှယ်မီဒီယာကတဆင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကအသိပေးဆိုပါတယ်။


"ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့မှာ လူထုခေါင်းဆောင်ရဲ့ သကေတ နှင်းဆီပန်းပွင့်တွေနဲ့အတူ လူထုပန်းသပိတ်လှုပ်ရှားမှုကြီးကို ပြည်လုံးကျွတ် ဖော်ဆောင်လိုက်ရအောင်လား ခဗျာ"လို့ဆိုထားပါတယ်။


လာမယ့် ဇွန်လ(၁၉)ရက်နေ့မှာပန်းသပိတ် လှုပ်ရှားမှုကြီးကို ပြည်လုံးကျွတ် လှုပ်ရှားဖို့တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားပါတယ်။


ပန်းသပိတ်မှာ နှင်းဆီနီများအပါအဝင် အဆင်သင့်ရာပန်းများကို ပြည်သူလူထုက ဘုရားပန်းတင်ခြင်း၊ ပန်ဆင်ကြခြင်းနှင့်၊ မြေပြင်မှာလည်း ပန်းသပိတ် လူထုလှုပ်ရှားမှုတွေကိုလုပ်ဆောင်ကြဖို့အသိပေးနှိုးဆော်ထားပါတယ်။


========================


📌📌 ၅။ ပြည်သူလူထုတရပ်လုံးက ဖက်ဆစ်အာဏာရူးတွေကို ငုံ့မခံဘဲ တုန့်ပြန်ကြရမယ့် အချိန်ဖြစ်တယ်လို့ မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းအသိပေးဆို


ဇွန်လ ၁၅ရက်။

ပြည်သူလူထုတရပ်လုံးက ဖက်ဆစ်အာဏာရူးတွေကို ငုံ့မခံဘဲ တုန့်ပြန်ကြရမယ့် အချိန်ဖြစ်တယ်လို့ မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းအသိပေးဆိုလိုက်ပါတယ်။


ဇွန်လ၁၅ရက် ဆိုရှယ်မီဒီယာမှာ မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းကဆိုထားပါတယ်။


"ပြည်သူသာ ပဓာန၊ ပြည်သူကို ဗဟိုပြုပြီး ရပ်တည်ဆင်နွှဲရတဲ့ ပြည်သူ့တော်လှန်ရေးကြီး ဖြစ်တာနဲ့အညီ တော်လှန်ရေးရဲ့ အဆုံးအဖြတ်က ပြည်သူပါပဲ။ အခုအချိန်က ပြည်သူလူထုတရပ်လုံးက ဖက်ဆစ်အာဏာရူးတွေကို ငုံ့မခံဘဲ တုန့်ပြန်ကြရမယ့် အချိန်ဖြစ်ပါတယ်။ တော်လှန်အရှိန်အဟုန်ကို အစွမ်းကုန် မြှင့်တင်ပြီး စစ်ရေးတိုက်ပွဲ၊ လူထုတိုက်ပွဲဆိုတဲ့ တော်လှန်ရေးမဏ္ဍိုင်ကြီး()ရပ်လုံးကို ဟန်ချက်ညီညီ ဗျူဟာကျကျ ပေါင်းစပ်ပြီးတော့ တက်စုံဖွင့် ရွက်ကုန်လွှင့်ကြရမယ့် အချိန်အခါဖြစ်ပါတယ်"လို့ဆိုပါတယ်။


မန္တလေးဒေသကိုယ်စားပြု လူထုတိုက်ပွဲကော်မတီဖြစ်တဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC-Mdy)ဟာကူညီဖေးမမှု လိုအပ်နေတဲ့ မန်းဒေသတွင်းက ပြည်သူတွေနဲ့အတူ ရှိနေပြီး အတတ်နိုင်ဆုံး ပံ့ပိုးကူညီနေကြတယ်လို့သိရပါတယ်။


ဒါ့အပြင် ပြည်သူနဲ့အတူ ပူးပေါင်းပြီးတော့ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများ ဖော်ဆောင်တာ၊ လက်ရှိတော်လှန်ရေး နိုင်ငံရေး အခြေအနေများကို မျှဝေဆွေးနွေးတာတွေလည်း တောက်လျှောက် ဆောင်ရွက်နေကြတယ်လို့ဒေါက်တာတေဇာဆန်းကဆိုထားပါတယ်။


========================


📌📌 ၆။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရ တေးရုပ်ရှင်ပြပွဲ အိုင်ဇောလ်မြို့တွင် ယနေ့ပြုလုပ်


ဇွန်လ ၁၅ရက်။

Radio NUG

စစ်ကောင်စီ၏ ဖမ်းဆီးအကျဉ်းချမှုခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အမှတ်တရတေး ရုပ်ရှင်ပြပွဲကို မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Chanmari YMA ခန်းမတွင် ယနေ့ဇွန်လ ၁၅ ရက်စနေ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း ခိုနူမ်းသုန်သတင်းဌာနက ဖော်ပြထားပါတယ်။


ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက်မွေးနေ့ကို အကြောင်းပြု၍ တော်လှန်ရေးသွေးသစ်လောင်းရန်နှင့် ကောင်းမှုများပြုလုပ်ရန် ရည်ရွယ်ပြီးနေသာတဲ့နေ့ဆိုသော မြန်မာ့နွေဦးတော်လှန်ရေး တေးရုပ်ရှင်ကို ပြသခဲ့ကြခြင်း ဖြစ်တယ်လို့ သိရပါတယ်။


တေးရုပ်ရှင်ပြပွဲတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးဆလိုင်းလျန်လွယ်၊ ကလေးမြို့ပြည်သူ့လွှတ်တော်အမတ် ဒေါ်ရှားမီး၊ စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး ဒေါ်မွန်နီးနှင့် NUG အစိုးရအဖွဲ့ အိန္ဒိယကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်တို့လည်း တက်ရောက်လာကြပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်သက်ဆိုင်သော အမှတ်တရစကားများလည်း ပြောဆိုခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် ချင်းအဆိုတော်များဖြစ်ကြသော P.Thawng Bawiနှင့် ယောကီးတို့ကလည်း သီချင်းအားဖြင့် ဖျော်ဖြေခဲ့ကြပါတယ်။ အဆိုတော်ယောကီးကခွန်အားဖြည့်မိငယ်သီချင်းဖြင့် ဂုဏ်ပြုသီဆိုသွားခဲ့ပါတယ်။


မီဇိုရမ်ပြည်နယ်အခြေစိုက် Network for Unity Association Mizoram -NUA အဖွဲ့၏ ဦးဆောင်မှုဖြင့် ပြုလုပ်သော အဆိုပါတေးရုပ်ရှင်ပြပွဲတွင် လာရောက်ကြသောမြန်မာနိုင်ငံသားများက ကိုယ်တတ်နိုင်သောအလှူငွေများထည့်ဝင်ကာ ရရှိလာသောငွေကြေးများကို ဆိုင်ကလုန်း Remal ကြောင့် မြေပြို၍ လူပေါင်း ၃၀ ကျော်သေဆုံးခဲ့ရသော မီဇိုရမ်ပြည်နယ်က သဘာဝဘေးဒဏ်ခံပြည်သူများအား ပြန်လည်လှူဒါန်းသွားကြမှာဖြစ်ပြီး တေးရုပ်ရှင်ပြပွဲတွင် အိုက်ဇောလ်မြို့မှာနေထိုင်ကြသော မြန်မာနိုင်ငံသားအယောက် ၁၅၀ ကျော်ခန့်လာရောက် ပါဝင်ကြသည်ဟု သိရပါတယ်။


========================


📌📌 ၇။ မေလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှ ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့များကို PRF ထုတ်ပြန်


ဇွန်လ ၁၅ရက်။ 

Radio NUG

မေလအတွင်း အင်တိုက်အားတိုက် တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှ ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့ (၂၀)ကို PRF က ထုတ်ပြန်ပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို ထောက်ပို့နိုင်ဖို့အတွက် အဆင့်ဆင့် ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်များထဲမှာ ပြည်တွင်းပြည်ပ Fundraiser များရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလှပါတယ်။ ဒီတာဝန်ကို ပါဝင်ထမ်းဆောင်ပေးကြတဲ့ Fundraiser များ အားလုံးကို လေးစားဂုဏ်ပြုအပ်ပါတယ်လို့ ဖော်ပြထားပါတယ်။


ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေ ပြည်သူ့ကာကွယ်ရေးတပ်သား PDF တွေနဲ့ ကျောချင်းကပ် ခွန်အားဖြည့်ရင်း ဒီတော်လှန်ရေးမှာ ထောက်ပို့တပ်သားအနေနဲ့ ပါဝင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ခြောက်လပတ်စုံညီအစည်းအဝေး ကျင်းပပြုလုပ် 


ဇွန်လ ၁၅ရက်။

Radio NUG

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ်ရင်း/ဌာနများအားလုံး()လပတ် စုံညီအစည်းအဝေး ကျင်းပပြုလုပ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။


ဇွန်လ (၁၃)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ တပ်ရင်း/ဌာနများအားလုံး()လပတ် စုံညီအစည်းအဝေးအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ထိန်းချုပ်နယ်မြေ တစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ နေပြည်တော် ပြည်သူ့ကာကွယ်ရေး တက်မတော်တပ်ရင်း ၈၀၅ မှ တိုက်ပွဲဝင် ရဲဘော်များရဲ့ နေပူမရှောင်၊ မိုးရွာမရှောင် လှုပ်ရှားမှု ပုံရိပ်တချို့ကို ထုတ်ပြန်


ဇွန်လ ၁၅ရက်။ 

Radio NUG

ဇွန်လ ၁၅ ရက်နေ့တွင် နေပြည်တော် ပြည်သူ့ကာကွယ်ရေး တက်မတော် တပ်ရင်း ၈၀၅မှ တိုက်ပွဲဝင် ရဲဘော်များရဲ့ နေပူမရှောင်၊ မိုးရွာမရှောင် လှုပ်ရှားမှု ပုံရိပ်တချို့ကို တပ်ရင်း 805 - Nay Pyi Taw PDFက ထုတ်ပြန်ထားပါတယ်။


တပ်ရင်း 805 ကို စတင်ဖွဲ့စည်းချိန်မှစ၍ ယနေ့အချိန်ထိ စစ်ရေးလေ့ကျင့်မှုများ၊ တပ်တွင်းတည်ဆောက်ရေးများ၊ ရန်သူဖက်ဆစ်စစ်တပ်အားအမြစ်ဖြတ်ရေးလမ်းစဥ်များကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး သစ္စာအဓိဌာန်()ချက်နှင့်အညီ တော်လှန်စစ်ကို ဆင်နွဲလျက်ရှိပါတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)တည်ထောင်ခြင်း ၁၇ နှစ်ပြည့် အခမ်းအနားကျင်းပ


ဇွန်လ ၁၅ရက်။ 

Radio NUG

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA )တပ်ဖွဲ့ တည်ထောင်ခြင်း ၁၇နှစ်ပြည့် အခမ်းအနားကို ဇွန်လ ၁၀ ရက်နေ့တွင် တပ်ဖွဲ့အသီးသီးမှ မြေပြင်အသီးသီးတွင် အကျဉ်းချုပ် ကျင်းပခဲ့ကြကြောင်း PNLAက သတင်းထုတ်ပြန်ပါတယ်။


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)ကို ၂၀၀၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ရာ ဇွန်လ ၁၀ ရက်နေ့ ၂၀၂၄ ခုနှစ်တွင်၁၇ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။


တပ်ဖွဲ့တည်ထောင်ခြင်း ၁၇ နှစ်ပြည့်အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအလံတော် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်အလံတော် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်အလံတော်များအား အလေးပြုခြင်း တပ်ဖွဲ့တာဝန်ရှိသူများက ခွန်အားပေးစကားပြောကြားခြင်း စသည့်အစီအစဉ်များဖြင့် ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။


ထို့အပြင် တော်လှန်ရေးကာလအတွင်း ကျဆုံးလေပြီးသည့် သူရဲကောင်းအာဇာနည်များကိုလည်း အလေးအနက်ထားပြီး ဂုဏ်ပြုချီးမွမ်း အလေးပြုခဲ့ကြကြောင်း ဖော်ပြထားပါတယ်။


ကြမ်းတမ်းသည့် တော်လှန်ရေးခရီးကာလ ၁၇ နှစ်တိုင်တိုင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)သည် အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ပြီး ရန်သူ့ထံ လက်နက်ချ အညံ့ခံခြင်း ရန်သူနှင့်ပူးပေါင်းခြင်း ရန်သူ့လက်အောက်သို့ ခိုဝင်သွားခြင်းစသည့် အမျိုးသားသစ္စာဖောက်လုပ်ရပ်ကို မည်သည့်အခြေအနေတွင်မှာမှ မပြုလုပ်ခဲ့ပါဟု ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ အောင်ပွဲရ ကျောင်းသားလက်ရုံး တပ်တော်နှင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်း တပ်ဖွဲ့ဝင်များကို ဒေသခံ ပြည်သူလူထုမှ ဂုဏ်ပြုကြိုဆို


ဇွန်လ ၁၅ ရက်။

Radio NUG

စစ်ကောင်စီတပ်စခန်းကို တိုက်ပွဲဆင်နွှဲကာ အောင်ပွဲရပြီးပြန်လာတဲ့ ကျောင်းသားလက်ရုံးတပ်တော်နှင့် မဟာမိတ် ပူးပေါင်းစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များကို ဒေသခံ ပြည်သူလူထုက ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ ဇွန်လ ၁၄ ရက်နေ့မှာ ကျောင်းသားလက်ရုံးတပ်တော် (SAF)က သတင်းထုတ်ပြန်ထားပါတယ်။


မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)မြောက်ဘက် တစ်မိုင်ခန့်အကွာက ထီးတောင်တင် ကျေးရွာရှိ စစ်ကောင်စီ ကာကင်းစခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး အောင်ပွဲရကာ ပြန်လာတဲ့ တပ်ဖွဲ့ဝင်များကို ဒေသခံ ပြည်သူလူထုက ဂုဏ်ပြုကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။


အဆိုပါ စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ကျဆုံးမှုများခဲ့ပြီး စစ်သုံ့ပန်းများနဲ့ စစ်လက်နက်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ကျောင်းသားလက်ရုံး တပ်တော်(SAF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။


၎င်းတိုက်ပွဲကို ကျောင်းသားလက်ရုံးတပ်တော်နှင့် အတူ ULF ယင်းမာပင်မြို့နယ် တိုက်နယ်(၁၊ ၉၊ ၁၀)ပကဖများမှ ချိုမိုင်မိုင်၊ နဂါးညီနောင်အထူးတပ်ဖွဲ့၊ ချင်းတွင်းတိုက်ဂါး၊ B2 Fighter CTLPDF ထန်းတပင်၊ K2 ဒေါင်းလုလင်၊ သေမင်းတမန်၊ ဗျတ္တညီနောင်၊ ဗိုလ်ထွန်းတောက်၊ ဗိုလ်မုတ်ဆိတ် ယင်းမာပင်ခရိုင် ဗျုဟာအမှတ် ၄၅ KLG PDFB 21(ယင်းမာပင်ခရိုင်တပ်ရင်း ၁၇) PDA (ယင်းမာပင်ခရိုင်တပ်ရင်း ၃၅) 

AS Generation (မုံရွာခရိုင်တပ်ရင်း ၁၃) ချင်းတွင်း Brother(Local) ကနီမြို့နယ် တိုက်နယ် () ပကဖ၊ ဘုတလင် Mobile Team မုံရွာခရိုင်တပ်ရင်း ၁၄၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ ရေစကြိုမြို့နယ်၊ ဂွေးချိုရှိ (ပသစ)အထိုင်စခန်းများကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်


ဇွန်လ ၁၅ ရက်။

Radio NUG

ဇွန်လ(၁၄) ရက်နေ့ ညနေ ()နာရီခွဲအချိန်တွင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွေးချိုရှိ (ပသစ)အထိုင်စခန်းများကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Young Force UGက သတင်းထုတ်ပြန်ပါတယ်။


ရော့ကတ်အလုံးရေ (၁၀)ကျော်ပစ်ခတ်ခဲ့ရာ ပစ်မှတ်များသို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။


၎င်းတိုက်ခိုက်မှုကို ဒေါင်းအလံလွှင့်မည့်စေတမာန်၊ ဒေါင်းသွေးနီနှင့် ပခုက္ကူ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- မှ Taty-Pku PDF 1 Pakokku Underground Force Cobra One (Pakokku ) Young Force - UG တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။


ဇွန်လ( ၁၄ )ရက်နေ့မှစ၍ COBRA ONE (Pakokku)နှင့် Young Force UG သည် စစ်ရေးလှုပ်ရှားမှုများကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး COBRA ONEမှ လိုအပ်သည့် လက်နက်ခဲယမ်းနှင့် အခြားလိုအပ်သည်များကို တတ်နိုင်သမျှ ခွဲဝေ ထောက်ပံ့မှုများပေးအပ်သွားမည် ဖြစ်ကာ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရန်အတွက် မည်သည့်အဖွဲ့အစည်းနှင့်မဆို စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ မြိုင်မြို့နယ်ရှိ ကိုင်းတောမစခန်းမှ ထွက်လာတဲ့ အင်အား(၁၅)ယောက်ပါ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ


ဇွန်လ ၁၅ရက်။ 

Radio NUG

ဇွန်လ(၁၅)ရက်နေ့ မနက်ပိုင်း(၁၁)နာရီခွဲအချိန်တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကိုင်းတောမစခန်းမှ အရှေ့ဘက်သို့ ထွက်လာသော အင်အား(၁၅)ယောက်ပါ စစ်ကောင်စီတပ်သားများ ကို ကိုင်းတောမစခန်းနှင့် မီတာ၅၀အကွာအရောက်တွင် ကာကွယ်ရေးအဖွဲ့များမှ အနီးကပ်ထိတွေ့တိုက်ပွဲ တိုက်ခိုက်နိုင်ခဲ့ကြောင်း Young Force UGက သတင်းထုတ်ပြန်ပါတယ်။


တိုက်ပွဲကြာချိန် မိနစ်(၁၅)ခန့်ရှိပြီး စစ်ကောင်စီတပ်သား()ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး MA1 သေနတ်()လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။


တိုက်ခိုက်မှုများကို ပခုက္ကူမြို့နယ် အခြေစိုက်စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့၊ Earthquake People's Defence Forceı Pakokku People's Defense Force Young Force UGı Hunter PKUI (Justice Revolution Force နှင့်Thu Rain TR တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ ရေဦးမြို့ မြောက်ဘက်အထွက်က စစ်ကောင်စီ တပ်စခန်းကို Fixed Wing Drone များဖြင့် တိုက်ခိုက်


ဇွန်လ ၁၅ ရက်။

Radio NUG

ရွှေဘိုခရိုင်၊ ရေဦးမြို့၊ မြောက်ဘက်အထွက်က အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားတဲ့ စခန်းကို Fixed Wing Drone များဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်၊ အမှတ် (၁၄) တပ်ရင်း၊ ရေဦး PDFက သတင်းထုတ်ပြန်ထားပါတယ်။


ဇွန်လ ၁၅ ရက်နေ့၊ မနက် ၁၀ နာရီ ၂၀ မိနစ်တွင် အဆိုပါ စစ်ကောင်စီ တပ်စခန်းကို ရွှေဘိုခရိုင်၊ အမှတ် (၁၄) တပ်ရင်း၊ (ရေဦး PDF) ဒရုန်းတပ်စုက Fixed Wing Drone များဖြင့် ဗုံးသီး()လုံး ကျဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်ပြီး စစ်ကောင်စီဘက်မှ လက်နက်ငယ်များနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် PDF ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်က ဆောင်ရွက်ခဲ့တဲ့ ရေဦးတိုင်းရင်းဆေးရုံ တိုက်ခိုက်မှုတွင် စစ်သား ဦး သေဆုံးခဲ့ပြီး စစ်ကား စီး ပျက်စီးခဲ့တယ်လို့ သတင်းရရှိထားကြောင်း ရေဦး PDF က ဆက်ပြောပါတယ်။


အလားတူ ဂါဝီဂိတ် တိုက်ခိုက်မှုမှာလည်း စစ်ကောင်စီရဲ့ BE တပ်သား ဦးနဲ့ ပျူစောထီး ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၈။ ကျွန်းလှတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အထက်တန်းကျောင်းဆောင်ပျက်စီး


ဇွန်လ ၁၅ရက်။ 

Radio NUG

ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာရှိ အခြေခံပညာအထက်တန်းကျောင်းဆောင်သည် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချမှုကြောင့် ထိခိုက်ပျက်စီးသွားကြောင်း သိရပါတယ်။


မြေပြင်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကျောင်းဆင်းပြီးချိန်မကြာခင် လာပစ်တာဖြစ်ပြီး စာသင်ကျောင်းနဲ့ ပြည်သူတွေနေတဲ့ အိမ်တွေနဲ့ကဝေးလို့ လူထိခိုက်မှု မရှိလို့သိရပါတယ်။


ထိုတိုက်ခိုက်မှုကြောင့် ရွာကုန်းကြီးရွာ အခြေခံပညာအထက်တန်း စာသင်ကျောင်းအဆောက်အဦ မျက်နှာကြက်များပျက်စီးကာ ရွာထဲရှိ ဝက်နှစ်ကောင်သေဆုံးပြီး လူနေအိမ် နှစ်လုံးလည်း ထိခိုက်ပျက်စီးသွားကြောင်း သိရပါတယ်။


========================


🚩🚩 ၉။ ထွန်းဇံမြို့တွင် ရူပီးငွေ သိန်း ၃၅၀မှ သိန်း ၄၀၀ ကြား တန်ဖိုးရှိ ဘိန်းဖြူထုတ်များကို ဖမ်းဆီးရမိ


ဇွန်လ ၁၅ ရက်။

Radio NUG

ချင်းအမျိုးသား တပ်မတော်နှင့် ပူးပေါင်းတပ်ဖွဲ့မှ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ထွန်းဇံမြို့လုံခြုံရေးဂိတ်တွင် ပြည်သူ ဦးထံမှ ရူပီးငွေ သိန်း ၃၅၀ မှ သိန်း ၄၀၀ ကြားတန်ဖိုးရှိ ဘိန်းဖြူထုတ်များကို ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။


ဇွန်လ ၁၃ ရက် ညနေပိုင်းမှာ အဆိုပါ ပူးပေါင်းတပ်ဖွဲ့ဂိတ်စခန်းက ယာဉ်နံပါတ် YGN/4j- 4438 ပေါ်မှာ တဖက်အိန္ဒိယနိုင်ငံကို သယ်ဆောင်ဖို့ ဆပ်ပြာဗူးပေါင်း တထောင် (၁၀၀၀ ဟောင်)ဖြင့် ထုတ်ထားတဲ့ ဘိန်းဖြူထုတ်များကို သိမ်းဆည်းရရှိခဲ့တာ ဖြစ်ပါတယ်။


၎င်းဘိန်းဖြူများကို သယ်ဆောင်လာသူ ဦးနှင့် ၎င်းတို့အသုံးပြုခဲ့တဲ့ မော်တော်ယာဉ်ကို မူးယစ်ဆေးဝါးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူနိုင်ဖို့ ယာယီထိန်းသိမ်းထားပြီး ကွင်းဆက်များကို ဆက်လက်စုံစမ်း ဖော်ထုတ်သွားမယ်လို့ ချင်းအမျိုးသားတပ်ဦးက အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment