📌 (ချင်း တိုင်းရင်းသား - Mün မွန်း ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၄ ဇွန်လ ( ၁၆ ) ရက်နေ့ နောက်ဆုံးရပြည်တွင်းသတင်းများ
📌📌 ၁။ မတူပီမှာ ‘ချင်းညီနောင်’ စစ်ဆင်ရေး စတင်
မင်းတပ်မြို့နဲ့ မိုင်အားဖြင့် ၁၀၀ နီးပါးဝေးတဲ့ မတူပီမြို့မှာ ‘ချင်းညီနောင်’ စစ်ဆင်ရေးအဖြစ် ထိုးစစ်ဆင်နေပြီလို့ တရားဝင် သတင်းထုတ်ပြန်ချက် ထွက်လာပါတယ်။
ဇွန်လ ၉ ရက်အစောပိုင်း စတင်ပြီး မတူပီမြို့ကို တို၊က်ခိုက်တာလို့ 'ချင်းညီနောင်' ရဲ့ ဇွန်လ ၁၃ ရက် ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
စစ်ဆင်ရေးမှာ Yaw Army အပါအဝင် တခြားမဟာမိတ်တွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။
ချင်းပြည် တောင်ပိုင်း၊ မြောက်ပိုင်းရှိ မြို့တွေနဲ့ ထိစပ်နေတဲ့ မတူပီမြို့မှာ စစ်ကောင်စီ ခြေလျင်တပ်ရင်း အမှတ် ၁၄၀၊ ခြေမြန်တပ်ရင်း အမှတ် ၃၀၄ နဲ့ စစ်ဗျုဟာတခု အခြေစိုက်ထားပါတယ်။
========================
📌📌 ၂။ မင်းတပ်မြို့တွင်း အခြေအနေ
မင်းတပ်မြို့ကနေ အခြားနေရာ ရွှေ့ပြောင်းလိုသူများနေပြီး မြို့ထဲမှာ လူပမာဏအနည်းငယ်သာ ကျန်တော့တာပါ။
“ကျန်တာဆိုလို့ အောက်ပြည်ဆင်းဖို့ ကားမရသေးတဲ့သူနဲ့ ဆိုင်ကြီးဖွင့်တဲ့ တချို့ပဲ ကျန်မယ် ထင်တယ်။” လို့ လက်ရှိ မြို့တွင်းနေထိုင်နေသူက ဇွန်လ ဒုတိယအပတ်မှာ ပြောပါတယ်။
တဖက်မှာ စစ်ကောင်စီအင်အား ရာချီက အထိုင် ၉ နေရာလောက်မှာ ရှိနေပြီး အစစ်အဆေး တင်းကျပ်ထားပါတယ်။
“သူတို့က ထုံးစံအတိုင်း မြို့ဝင်ဂိတ်တို့၊ ထ ၂၊ မိခင်ကလေးရုံး၊ ကန်ပက်လက်လမ်းခွဲ၊ ၃ မိုင်ကုန်း၊ တက္ကသိုလ်ကျောင်း စသဖြင့်ပေါ့၊ အရင်မီးသတ်ကုန်းကဟာတွေ ထ ၂ မှာ ပေါင်းနေတယ်။” လို့ နောက်ထပ် မြို့တွင်းနေထိုင်သူတဦးက ပြောပါတယ်။
မင်းတပ်မြို့နဲ့အနီးအနားမှာ ရှိနေနိုင်တဲ့ စစ်ကောင်စီအင်အား မေးမြန်းရာမှာ ၅၀၀ ဝန်းကျင်လောက်ဖြစ်မယ်လို့ သူက ခန့်မှန်းပါတယ်။
မင်းတပ်မြို့နယ်ဘက်မှာတော့ ဇွန်လ ၅ ရက်ညပိုင်း လေကြောင်းတို၊က်ခိုက်ခံရတာကြောင့် အရပ်သား တဦးပွဲချင်းပြီး သေ၊ဆုံးပြီး ဒေသခံနဲ့ နေအိမ်အဆောက်အအုံတချို့ ထိခိုက်မှု ရှိခဲ့ပါတယ်။
========================
📌📌 ၃။ တီးတိန်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦး တို၊က်ပွဲကျ
ချင်းပြည်၊ တီးတိန်မြို့တွင်း ချင်းညီနောင်စစ်ဆင်ရေးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးကြောင်း PDF – Zoland က သတင်းထုတ်ပြန်ပါတယ်။
ဇွန်လ ၁၂ ရက်နေ့ မနက်ပိုင်း တီးတိန်မြို့အနီး နှစ်ဖက်ပ၊စ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF – Zoland တပ်ဖွဲ့ဝင် ၄ ဦးနဲ့ CNDF တပ်ဖွဲ့ဝင် ၁ ဦးတို့ တို၊က်ပွဲကျတာလို့ သိရပါတယ်။
တပ်ဖွဲ့ဝင်တွေရဲ့ လ၊က်နက်တချို့ပါ ဆုံးရှုံးလိုက်ရတယ်လို့ သိရပါတယ်။
တီးတိန်မြို့မှာ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် PDF – Zoland နဲ့ CNDF တို့က မေလစတုတ္ထအပတ်ထဲ စတင်တိုက်ခို၊က်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး အရှ၊င်ဖမ်းဆီးတာနဲ့ လ၊က်နက်တချို့ သိမ်းဆည်းတာ ရှိခဲ့ပါတယ်။
ခလရ ၂၆၉ တပ်ရင်းစခန်းနဲ့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကုန်း ရှိနေဆဲဖြစ်တဲ့ တီးတိန်မြို့မှာ ရက် ၂၀ ဝန်းကျင်ကြာလာတဲ့အထိ ထိတွေ့ပ၊စ်ခတ်မှုတွေ ရှိနေဆဲပါ။
စစ်ကောင်စီလေကြောင်း၊ လက်န၊က်ကြီးကျည်တွေကြောင့် မြို့ပေါ်ရပ်ကွက်ရှိ အဆောက်အုံပေါင်း ၄၀ နီးပါး ပျက်စီးခဲ့ပြီး ရပ်ကွက်တချို့မှာ ထိခိုက်ပျက်စီးမှုတွေ စုံစမ်းနေဆဲလို့ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၆ ရက်နေ့ သတင်းထုတ်ပြန်ပါတယ်။
========================
📌📌 ၄။ ကန်ပက်လက်မြို့နယ် လေကြောင်းတို၊က်ခိုက်ခံရ၊ အရပ်သား အသ၊က်ဆုံးရှုံးမှုရှိ
ချင်း - မကွေးနယ်စပ် ကန်ပက်လက်မြို့နယ်တနေရာကို စစ်ကောင်စီလေတပ်က ဗုံး၊ကျဲတို၊က်ခိုက်တာကြောင့် အသက်ဆုံးရှုံးသူတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
(ဇွန် ၁၁) မွန်းလွဲ ၁၂ မိနစ် ၃၀ ကျော်မှာ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာက လေကြောင်းတို၊က်ခိုက်တာဖြစ်ပြီး အမျိုးသား တဦးသေ၊ဆုံးတယ်လို့ ကန်ပက်လက်မြို့နယ် ဒေသခံတဦးက ပြောပါတယ်။
“စစ်ရှောင်တွေ ထမင်းစားနေတုန်း ချတာ၊ အိမ်လည်း အများကြီးထိတယ်လို့ တဆင့်ကြားတယ်၊ တခြားရွာကနေ စစ်ဘေးလာရှောင်သူ ပွဲချင်းပြီးဆုံးတာလိုမျိုး ပုံစံတဲ့။” လို့ ဆိုပါတယ်။
(ဇွန် ၁၀) က မတူပီမြို့နယ်တနေရာ လေကြောင်းတို၊က်ခို၊က်ခံရသလို မင်းတပ်မြို့နယ်ရှိ အရပ်သားနေထိုင်ရာကျေးရွာတွေမှာလည်း ဒီရက်ပိုင်းလေကြောင်းတို၊က်ခိုက်ခံရမှုတွေ ဆက်တိုက်ရှိနေပါတယ်။
No comments:
Post a Comment