17th JUN 2024 - (Ethnic language program-Matupi) by The Matupi Times



πŸ“Œ (ချင်း တိုင်းရင်းα€žား - Matupi ) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၄ ဇွα€”်α€œ ( ၁၇ ) α€›α€€်α€”ေ့ ရပြα€Š်တွင်းα€žα€α€„်းα€™ျား


πŸ“ŒπŸ“Œ ၁. တီထိုချောင်းထဲα€›ေα€”α€…်α€žေဆုံးα€žူ၏ α€›ုပ်α€‘α€œောင်းα€›ှာတွေ့

 

The Matupi Times ဇွα€”်α€œ ၁၀ ၂၀၂၄

ပြီးခဲ့တဲ့α€›α€€်ပိုင်းα€€ တီထိုချောင်းထဲα€€ို ငါးα€–α€™်းα€–ို့α€žွားရင်းα€›ေα€”α€…် α€žေဆုံးα€žွားတဲ့ ဦးα€€ျဲထိုထန်း-Pu Ceu Thang(kum 26) α€›ဲ့α€›ုပ်α€‘α€œောင်းα€€ို α€’ီα€€α€”ေ့ဇွα€”်α€œ ၁၀ α€›α€€်α€”ေ့ α€”ံα€”α€€် ၆ α€”ာα€›ီဝန်းα€€ျင်α€™ှာ α€›ှာတွေခဲ့ပြီα€œို့ α€žိရပါα€α€š္။

ဦးα€€ျဲထိုထန်α€Ÿာ α€Ÿားခါးα€™ြို့α€€α€”ေ - ထန်α€α€œα€”်α€™ြို့α€”α€š်၊ α€˜ုံခွါα€…α€…်α€˜ေးα€›ှောင်စခန်းα€™ှာ α€…α€…်α€˜ေးα€›ှောင်ထဖြင့် α€”ေထိုင်α€žူα€–ြα€…်ပြီး ပြီးခဲ့တဲ့ ဇွα€”်α€œ ၈ α€›α€€်α€”ေ့α€™ှာ α€”ံα€”α€€် ၁၁ α€”ာα€›ီဝန်းα€€ျင်α€™ှာ α€Šီα€–ြα€…်α€žူα€”ဲ့ တီထိုချောင်းတွင်ငါးα€–α€™်းα€–ို့α€žွားရင်း α€›ေα€”α€…်α€€ာα€žေဆုံးα€€ာ α€›ုပ်α€‘α€œောင်းပျောα€€်ဆုံးα€žွားခဲ့တာα€–ြα€…်ပြီး ၃ α€›α€€်ထကြာα€™ှာထခုα€œိုပြα€”်α€œα€Š်တွေ့α€›ှိခဲ့တာα€–ြα€…်α€€ြောင်း α€’ေα€žα€ံα€žα€α€„်းတွေထံα€€α€žိရပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၂. မတူပီα€™ြို့α€”α€š်၊ ထမ်ဆွေးα€€ျေးα€›ွာတွင်α€…α€…်α€€ောင်α€…ီ၏α€œေα€€ြောင်းတိုα€€်ခိုα€€်α€™ှုα€€ြောင့် α€”ေထိိα€™်တစ်α€œုံး α€œုံးဝပျα€€်α€…ီး

 

The Matupi Times ဇွα€”်α€œ ၁၁ ၂၀၂၄

α€…α€…်α€€ောင်α€…ီတပ်α€Ÿာ ချင်းပြα€Š်α€”α€š်တောင်ပိုင်းမတူပီα€™ြို့α€”α€š်α€”ှင့် မင်းတပ်α€™ြို့α€”α€š်ထတွင်းα€›ှိα€€ျေးα€›ွာတွေα€€ို ပစ်α€™ှတ်ထားα€€ာ ထကြောင်းα€™ဲ့တိုα€€်ခိုα€€်α€™ှုတွေပြုα€œုပ်α€”ေတာပါ။

α€…α€…်α€€ောင်α€…ီα€€ မတူပီα€™ြို့α€”α€š်၊ ထမ်ဆွးα€€ျေးα€›ွာα€€ို တိုα€€်ပွဲα€–ြα€…်ပွားခြင်းα€™α€›ှိα€˜ဲ ပစ်α€™ှတ်ထားα€€ာ α€šα€™α€”်α€”ေ့ ဇွα€”်α€œ ၁၀ α€›α€€်α€”ေ့ α€”ံα€”α€€်ပိုင်းတွင် α€—ုံးα€€ြဲတိုα€€်ခိုα€€်ခဲ့တာα€œို့α€žိရပါα€α€š္။ ထမ်ဆွးα€€ျေးα€›ွာ α€”ံα€”α€€် (၄: ၃၀)ထချိα€”်ခန့်တွင် တစ်α€€ြိα€™်α€”ှင့် α€€ျေးα€›ွာထတွင်းα€›ှိပြα€Š်α€žူα€™ျားα€˜ေးα€œွတ်α€›ာα€žို့တိα€™်းα€›ှောင်ပြီးα€”ောα€€် (၁)α€€ြိ်α€™် α€œာα€›ောα€€်α€—ုံးα€€ြဲတိုα€€်ခိုα€€်α€α€š်α€œိုိ့α€žိရပါα€α€š္။ α€—ုံးα€€ြဲတိုα€€်ခိုα€€်α€™ှုα€€ြောင့် α€€ျေးα€›ွာα€€ α€”ေထိα€™်တစ်α€œုံး α€œုံးဝပျα€€်α€…ီးα€žွားပြီး ပြα€Š်α€žူα€™ျားထိခိုα€€်ဒဏ်α€›ာα€›α€›ှိα€žူα€™α€›ှိα€˜ူးα€œို့α€žိရပါα€α€š္။

 

========================

 

πŸ“ŒπŸ“Œ ၃. α€™ီဇိုα€›α€™်α€™ှာα€…α€…်α€›ှောင်α€”ေတဲ့ ချင်းα€…α€…်α€›ှောင်(၂)ဦးα€€ို α€™ီဇိုα€’ေα€žα€ံ(၂)ဦးကထကြောင်းα€™ဲ့ထိုးα€€ြိတ်α€›ိုα€€်α€”ှα€€်တာα€€ြောင့် α€žွားα€€ျိုးα€žα€Š့်ထပြင်တစ်α€€ိုα€š်α€œုံးဒဏ္α€›ာα€›α€›ှိ


The Matupi Times ဇွα€”်α€œ ၁၃၊ ၂၀၂၄

ထိα€”္α€’ိα€šα€”ိုင်ငံ α€™ီဇိုα€›α€™်ပြα€Š်α€”α€š်၊ α€œောင်α€α€œိုင်ခရိုင်တွင် α€…α€…်α€˜ေးα€›ှောင်ထဖြα€…်α€”ေထိုင်α€žα€Š့် ချင်းပြα€Š်α€”α€š်တောင်ပိုင်း၊ မတူပီα€™ြို့α€”α€š်α€™ှα€…α€…်α€›ှောင်ထမျိုးα€žား(၂)ဦးα€žα€Š် α€šα€™α€”်α€”ေ့ ဇွα€”်α€œ ၁၂ ၂၀၂၄ α€›α€€်α€”ေ့ α€”ံα€”α€€်(၅း၀၀)α€”ာα€›ီထချိα€”်ခန့်တွင် α€Ÿα€„်းα€›ှာထွα€€်α€›α€”်α€žွားα€›ာα€œα€™်းတွင် α€™ီဇိုးα€’ေα€žα€ံ(၂)ဦးα€€ ထကြောင်းα€™ဲ့ထိုးα€€ြိတ်α€€ာ α€›ိုα€€်α€”ှα€€်ခဲ့α€€ြောင်းα€žိရပါα€α€š္။

ထဆိုပါα€…α€…်α€›ှောင်(၂)ဦးα€™ှာ α€Ÿα€„်းα€›ှာထွα€€်α€›α€”် ဆိုင်α€€α€š်α€–ြင့်α€žွားα€”ေစဉ် α€™ီဇိုးα€’ေα€žα€ံ(၄)ဦး α€œိုα€€်ပါα€œာα€žα€Š့် α€€ားတစ်α€…ီးα€€α€”ောα€€်α€™ှα€œိုα€€်α€œာပြီး ဆိုင်α€€α€š်α€€ိုရပ်ခိုင်းα€€ာ α€™ေးα€™ြα€”်းခြင်းα€™α€›ှိα€˜ဲ ထကြောင်းα€™ဲ့ထိုးα€€ြိတ်α€›ိုα€€်α€”ှα€€်ခဲ့တာα€œို့α€žိရပါα€α€š်။

 

"α€žူတို့(၂)α€šောα€€်α€€ ဆိုင်α€€α€š်α€”ဲ့α€Ÿα€„်းα€›ှာα€–ို့α€žွားα€€ြတဲ့ထချိα€”် α€œα€™်းα€™ှာ α€žူတို့α€€ားα€”ဲ့α€œိုα€€်α€œာပြီးတော့ α€žူတို့(၂)α€šောα€€်α€€ိုရပ်ခိုင်းα€α€š်။ ရပ်ခိုင်းပြီးα€€ားပေါ်α€€α€”ေ ထမျိုးα€žား(၂)α€šောα€€်ဆင်းα€œာပြီးတော့ α€˜ာα€™ှα€œဲα€™α€™ေးတော့α€˜ူး α€žူတို့(၂)α€šောα€€်ပေါင်းပြီးထိုးတာ။ α€…α€…်α€›ှောင်(၂)ဦးကတော့ α€žူတို့ဝိုင်းထိုးခံα€›α€œို့ αα€šောα€€်α€žွားα€žုံးချောင်းα€€ျိုးα€α€š်။α€”ောα€€်တစ်α€šောα€€်α€€ တစ်α€€ိုα€š်α€œုံးα€”ာရထားα€α€š်။ ထဲဲဲ့α€’ီဒဏ်α€›ာတွေα€€ြောင့် ထခုထိα€™်α€™ှာα€˜ဲဆေးα€žောα€€်ပြီးα€”ားα€”ေα€›α€α€š်။ α€€ျွα€”်တော်တို့ α€’ီα€€α€…α€…်α€›ှောင်တာ၀န်α€›ှိα€žူတွေα€”ဲ့ α€™ီဇိုးα€’ေα€žα€ံတာ၀န်α€›ှိα€žူတွေ တွေ့ဆုံပြီးပါပြီ။ ထခုα€€ိα€…္α€…α€”ဲ့ပတ်α€žα€€်α€œို့ ထမြα€”်ဆုံးα€–ြေα€›ှင်းပေးα€–ို့တောင်းဆိုထားပါα€α€š်။ "α€œို့ Camp တာဝန်α€›ှိα€žူတစ်ဦးα€€ Matupi Times α€€ိုပြောပါα€α€š္။

α€›ိုα€€်α€”ှα€€်ခြင်းခံα€›α€žူ(၂)ဦးα€–ြα€…်α€žα€Š့် ဦးထန်းα€œျα€”်(Pa Thang Lian)တွင် α€žားα€žα€™ီး (၄)ဦး၊ ဦး-α€›ေဇုα€”်း(U Re Zung ) တွင် α€žား/α€žα€™ီး α…α€šောα€€်α€›ှိα€€ြောင်းα€žိရပြီး ၎င်းတို့α€Ÿာ α€™ိα€žားα€…ုဝမ်းα€›ေးထတွα€€် α€›α€›ာα€‘α€œုပ်α€™ျားα€œုပ်α€€ိုင်းရင်း α€…α€…်α€›ှောင်ထဖြα€…်α€”ေထိုင်α€€ြα€žူတွေပါ ထခုα€›α€›ှိတဲ့ဒဏ်α€›ာတွေα€€ြောင့် α€›α€€်α€žα€္တပတ်ခန့် ထနားα€šူα€›α€”ိုင်α€α€š်α€œို့α€žိရပါα€α€š်။


========================


πŸ“ŒπŸ“Œ ၄. တီးတိα€”်α€™ြို့ တိုα€€်ပွဲ၌ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€™α€Ÿာα€™ိတ်ထဖွဲ့α€™ှ(၅)ဦးα€€ျဆုံး

 

ချင်းα€Šီα€”ောင်ထဖွဲ့α€–ော်ဆောင်α€”ေတဲ့ ချင်းပြα€Š်α€”α€š်၊ တီးတိα€”်α€™ြို့တိုα€€်ပွဲတွင် ချင်းα€€ာα€€ွα€š်α€›ေးတပ်α€™α€Ÿာα€™ိတ်ထဖွဲ့α€™ှ(၅)ဦးα€€ျဆုံးα€€ြောင်း α€žိရပါα€α€š်။

α€šα€™α€”်α€”ေ့ ဇွα€”်α€œ ၁၂ α€›α€€်α€”ေ့α€”ံα€”α€€်ပိုင်း၌ တီးတိα€”်α€™ြို့၊ α€œေα€œုα€™်းရပ်α€€ွα€€်α€˜α€€်တွင် PDF_Zolandα€”ဲ့α€™α€Ÿာα€™ိတ်ပူးပေါင်းထဖွဲ့α€”ဲ့ ထကြα€™်းα€–α€€် α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့တို့ တိုα€€်ပွဲα€–ြα€…်ပွားခဲ့ ပြီး၊ ထဆိုပါတိုα€€်ပွဲတွင် PDF_Zoland α€›ဲα€˜ော် (၄)ဦးα€”ှင့်၊ CNDF α€›ဲα€˜ော် (၁)ဦး α€€ျဆုံးခဲ့တာα€–ြα€…်α€α€š်α€œိုိ့α€’ေα€žα€ံα€žα€α€„်းတွေထံα€€ α€žိရပါα€α€š္။

တိုα€€်ပွဲတွင်α€€ျဆုံးα€žူα€™ျားα€™ှာ-

1. Thang Sawm Lian

2. Zam Pian Tuang

3. Khai Sian Suan Sang

4. Thang Sian San Muang

5. Thian Thawng (CNDF) တို့α€–ြα€…်α€€ြောင်း PDF-Zoland α€€α€’ီα€€α€”ေ့ ဇွα€”်α€œ ၁၃၊ ၂၀၂၄ α€›α€€်α€”ေ့α€™ှာα€žα€α€„်းထုတ်ပြα€”်ပါα€α€š္။

 

========================

 

πŸ“ŒπŸ“Œ ၅. မတူပီα€™ြို့တွင် ချင်းα€Šီα€”ောင်α€™α€Ÿာα€™ိတ်ထဖွဲ့၏ α€…α€…်ဆင်α€›ေးစတင်၊ မတူပီα€™ြို့α€™α€›ဲစခန်းα€”ှင့် ထွေထုပ်ံα€›ုံးတို့α€€ိုα€žိα€™်းပိုα€€်

 

The_Matupi_Times ဇွα€”်α€œ ၁၃ ၂၀၂၄

 

ချင်းပြα€Š်α€”α€š်တောင်ပိုင်း မတူပီα€™ြို့α€€ို ချင်းα€Šီα€”ောင်α€™α€Ÿာα€™ိတ်ပူးပေါင်းထဖွဲ့၏(Operation-CB) စတင်α€–ော်ဆောင်α€”ေပြီα€–ြα€…်α€€ြောင်း α€’ီα€€α€”ေ့ဇွα€”်α€œ ၁၃ α€›α€€်α€”ေ့α€™ှာα€žα€α€„်းထုတ်ပြα€”်ပါα€α€š်။

ချင်းα€Šီα€”ောင်α€™α€Ÿာα€™ိတ်ထဖွဲ့α€€ မတူပီα€™ြို့ထခြေα€…ိုα€€်α€…α€…်α€€ောင်α€…ီတပ်စခန်းတွေα€€ို ပြီးခဲ့တဲ့ဇွα€”်α€œ ၉ α€›α€€်α€”ေ့α€€α€α€Š်းα€€ စတင်ထိုးα€…α€…်ဆင်တိုα€€်ခဲ့တာα€–ြα€…်ပြီး α€’ီα€€α€”ေ့ထိ ဆက်α€œα€€် တိုα€€်ပွဲပြင်းထန်α€”ေဆဲα€–ြα€…်ပါα€α€š်။

တိုα€€်ပွဲစတင်α€–ော်ဆောင်ပြီး(၅)α€›α€€်α€™ြောα€€် α€’ီα€€α€”ေ့ဇွα€”်α€œ ၁၃ α€›α€€်α€”ေ့α€™ှာ မတူပီα€™ြို့ပေါ်α€›ှိ α€™ြို့α€™α€›ဲစခန်းα€”ှင့်ထထွေထွေထုပ်ချုပ်α€›ေးα€›ုံးတို့α€€ို ချင်းα€Šီα€”ောင်α€™α€Ÿာα€™ိတ်ထဖွဲ့α€€ ဝင်α€›ောα€€်α€žိα€™်းပိုα€€်α€”ိုင်ခဲ့ပြီα€œို့α€žိရပါα€α€š်။ တိုα€€်ပွဲထတွင်းတွင် CDF-Matupi တပ်α€™α€Ÿာ-၁တပ်α€–ွဲ့ဝင် α€†α€œိုင်း Laithang Boi neh Sali Shwe Lian တို့α€™ြင့်α€™ြတ်α€…ွာα€‘α€žα€€်ပေးα€œှူခဲ့α€€ြα€€ြောင်းα€žα€œို α€…α€…်α€€ောင်α€…ီα€˜α€€်α€€α€œα€Š်းထိခိုα€€်α€žေဆုံးα€™ှုတွေα€›ှိα€”ိုင်α€α€š်α€œို့α€žိရပါα€α€š်။

 

မတူပီα€™ြို့α€žိα€™်းα€…α€…်ဆင်α€›ေးတွင် ချင်းα€Šီα€”ောင်α€™α€Ÿာα€™ိတ်ထဖွဲ့α€”ဲ့ထတူ Yaw Army(YA) တို့α€œα€Š်းပါဝင်တိုα€€်ပွဲဆင်α€”ွှဲα€”ေα€€ြောင်းα€žိရပါα€α€š်။


========================

 

πŸ“ŒπŸ“Œ ၆. Future Hope Foundation α€™ှ CDF-မတူပီ၊ တပ်ရင်း-၂ ထတွα€€် α€™ိုးတွင်းα€…ားနပ်α€›ိα€€္ခာα€™ျားပေးထပ်

 

The Matupi Times ဇွα€”် ၁၅ ၂၀၂၄

 

Future Hope Foundationα€™ှ CDF-မတူပီ၊ တပ်α€™α€Ÿာ-၂၊ တပ်ရင်း-၂ (Vakok Battalion)ထတွα€€် α€œို်ထပ်α€žော α€™ိုးတွင်းα€…ားနပ်α€›ိα€€္ခာα€™ျားα€€ို ပြီးခဲ့α€žα€Š့် ဇွα€”်α€œ ၇ α€›α€€်α€”ေ့တွင် α€™ြေပြင်α€žို့α€žွားα€›ောα€€်ပေးထပ်ခဲ့ α€α€š်α€œို့α€žိရပါα€α€š္။

ပေးထပ်α€›ာတွင် ဆန်ထိတ် ၁၀၀ ထိတ်၊ α€…ားဆီ ၅ ပုံး၊ ငပိ၊ ဆား၊ ဆပ်ပြာ၊ α€žွားတိုα€€်ဆေး၊α€žွားတိုα€€်တံα€”ှင့် ထခြားα€…ားနပ်α€›ိα€€္ခာα€™ျားα€€ို ပေးထပ်ခဲ့α€›ာ တပ်ရင်းတာဝန်ခံα€™ှα€œα€€်ခံα€›α€šူခဲ့α€α€š်α€œို့α€žိရပါα€α€š္။

CDF-မတူပီ၊ တပ်ရင်း-၂ (Vakok Battalion)ထတွα€€် α€™ိုးတွင်းα€€ာα€œα€ွင်ထရေးပေါ်α€œိုထပ်α€žα€Š့် α€…ားနပ်α€›ိα€€္ခာα€™ျားα€α€š်α€šူα€”ိုင်α€›α€”် Future Hope Foundationα€™ှ α€₯ီးဆောင်၍

၂၀၂၄ α€™ေα€œ ၄ α€›α€€်α€”ေ့α€”ှင့် ၅ α€›α€€်α€”ေ့တို့တွင် ပြုα€œုပ်ခဲ့α€žော Talkshow ထစီထစα€₯်α€™ှ α€›α€›ှိα€žα€Š့် α€‘α€œှူငွေα€™ျားα€–ြင့် α€™ိုးတွင်းα€…ားနပ်α€›ိα€€္ခာα€™ျားα€€ို α€α€š်α€šူပေးထပ်ခြင်းα€–ြα€…်α€€ြောင်း α€žိα€›α€žα€Š်။

 

========================

 

πŸ“ŒπŸ“Œ ၇. α€€ျောα€€်ထုတွင် မင်းတပ်α€’ေα€žα€ံ(၂)ဦးα€–α€™်းဆီးခံα€›


The Matupi Times ဇွα€”်α€œ ၁၆၊ ၂၀၂၄

α€€ျောα€€်ထုα€™ြို့တွင် မင်းတပ်α€’ေα€žα€ံထမျိုးα€žား(၂)ဦးα€€ို α€…α€…်α€€ောင်α€…ီα€€ α€’ီα€€α€”ေ့ jun ni ဇွα€”်α€œ ၁၆ α€›α€€်α€”ေ့ α€”ေ့α€œα€Š်(၂)α€”ာα€›ီထချိα€”်ခန့်တွင် α€–α€™်းဆီးα€žွားα€€ြောင်း α€’ေα€žα€ံα€žα€α€„်းတွေα€–ော်ပြပေးα€”ေတဲ့ HKL-Mindat α€€α€–ော်ပြထားပါα€α€š္။

ထဆိုပါ မင်းတပ်α€’ေα€žα€ံထမျိုးα€žား (၂)ဦးα€€ို " α€€ျောα€€်ထုα€™ြို့ထဲα€›ှိဆိုင်α€€α€š်ပြင်ဆိုင်တွင် α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင်α€™ျားα€€ α€™ျα€€်α€”ှာထုပ်ပြီး α€€ျောα€€်ထုထမြှောα€€် တပ်ထဲα€žို့α€–α€™်းဆီးခေါ်ဆောင်α€žွားα€€ြα€α€š်ပြီး α€–ုα€”်းα€…α€…်ဆေးα€›ာα€™ှာ α€™α€žα€„်္α€€ာα€˜ဲ α€–α€™်းဆီးα€žွားတာα€œို့α€žိရပြီး α€šα€ုချိα€”်ထိ ပြα€”်α€™α€œွတ်α€œာα€€ြα€žေးပါ။"α€Ÿု ၎င်းα€œူα€™ှုα€€ွα€”်α€›α€€်α€…ာα€™ျα€€်α€”ှာပေါ်α€™ှာ α€›ေးα€žားα€–ော်ပြထားပါα€α€š္။



#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment