17th JUN 2024 - Morning Daily News by Radio NUG


၂၀၂၄ ဇွန်လ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြပွဲကို ဆိုးလ်မြို့ စစ်သံရုံးရှေ့တွင် ပြုလုပ်

📌 ၂။ ဒိုက်ဦးထောင် ပြောင်းရွှေ့ပြီးနောက် နိုင်ငံရေးအကျဉ်းသူများကို ထောင်ဝန်ထမ်းများမှ သေဆုံးမှုများရှိသည်အထိ အင်အားသုံး ရိုက်နှက်

📌 ၃။ နိုင်ငံရေးအကျဉ်းသား (၇၀) ကျော်ကို မန္တလေးအိုးဘိုထောင်မှ မကွေးထောင်နှင့် မြင်းခြံထောင်သို့ ပြောင်းရွေ့၊ အကျဉ်းဦးစီးဝန်ထမ်းအမျိုးသမီး ၃ဦး အလုပ်ထုတ်ခံရ၊ ၁ဦး ရာထူးလျှော့ပြီး ထောင်ပြောင်းခံရ

📌 ၄။ မေလ ၃၁ ရက်နေ့အထိ နွေဦးတော်လှန်ရေး ကာလအတွင်း သေဆုံးခဲ့ရသည့် ကလေး၊ လူငယ်နှင့် အမျိုးသမီးဦးရေ ထုတ်ပြန်


၂၀၂၄ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)အခြေခံစစ်သင်တန်း အပတ်စဉ်() သင်တန်းဆင်းပွဲကျင်းပ

🚩 ၂။ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းနှင့် ပကဖ ပအဖ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

🚩 ၃။ ပြည်သူများ၏ နေအိမ်အတွင်းမှ ပစ္စည်းများ ဝင်ရောက်ခိုးယူပြီး ပြန်လည်ထွက်ခွာလာသော စစ်ကောင်စီအဖွဲ့အား မြို့တွင်းတွင် စောင့်ကြို၍ ပစ်ခတ်

🚩 ၄။ နတ်မောက်တွင် ပြည်သူနှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ်များကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ 

🚩 ၅။ တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ စကစ ရုပ်အလောင်းများကို တော်လှန်ရေး တပ်ဖွဲ့များမှ ရှင်းလင်း သဂြိုလ်ပေးခဲ့ 

🚩 ၆။ မြိုင်မြို့နယ် ကံမြင့်ကုန်းကျေးရွာအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် နေရာများကို နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

🚩 ၇။ ဒေသခံပြည်သူများ ဖုန်းသွားဆက်ရာလမ်းကို စစ်အုပ်စုက မိုင်းထောင်ထားသဖြင့် ပြည်သူတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်

🚩 ၈။ ရှမ်းတောင်တွင် ရက်ပေါင်း ၁၄၀ အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ အရပ်သား ၇၇ ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြပွဲကို ဆိုးလ်မြို့ စစ်သံရုံးရှေ့တွင် ပြုလုပ်


ဇွန်လ ၁၆ရက်။ 

Radio NUG

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြပွဲကို ဆိုးလ်မြို့ စစ်သံရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ-ကိုရီးယားက ဖော်ပြထားပါတယ်။


ဆန္ဒပြပွဲတွင် အင်အား တစ်ရာခန့်ပါဝင်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီက မင်းအောင်လှိုင် အကြမ်းဖက်အာဏာသိမ်းမှုကြောင့် ဖြစ်ပျက်နေတဲ့ မြန်မာပြည်အခြေအနေအကြောင်း ဓာတ်ပုံပြပွဲကို ဆိုးလ်မြို့ မြောင်ဒုံ ဖက်ရှင်ရပ်ကွက်မှာ ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ကော်မတီသည် NUG အစိုးရသို့ ဘဏ္ဍာရန်ပုံငွေ ထောက်ပံ့သည့် လုပ်ငန်းစဉ်ဖြစ်သည့် One Day Challenge မှ ဒေါ်လာ . သန်း ပေးပို့ပြီး ဖြစ်ပြီး၊ ကိုရီးယားနိုင်ငံအတွင်း အခြားနိုင်ငံရေးလှုပ်ရှားမှုများကိုလည်း ပုံမှန် လုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၂။ ဒိုက်ဦးထောင် ပြောင်းရွှေ့ပြီးနောက် နိုင်ငံရေးအကျဉ်းသူများကို ထောင်ဝန်ထမ်းများမှ သေဆုံးမှုများရှိသည်အထိ အင်အားသုံး ရိုက်နှက်


ဇွန်လ ၁၅ရက်။

ဇွန်လ ၁၅ရက်က ကျိုက်မရော အကျဉ်းထောင်မှ ဒိုက်ဦးအကျဉ်းထောင်သို့ ထောင်ပြောင်းဖြင့် ရောက်သည့် နိုင်ငံရေးအကျဉ်းသူ ၄၀ကျော်အား စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနမှ မူးယစ်ဆေးဝါးနှင့် တခြားတရားမဝင်ပစ္စည်း ယူဆောင်လာသည်ဟု စွပ်စွဲကာရှာဖွေ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP က သတင်းထုတ်ပြန်ပါတယ်။


ထို့နောက် မူးယစ်ဆေးများ ပါလာသည်ဟု စွပ်စွဲပြီးနောက် မူးယစ်ဆေးမှုများဖြင့် ထပ်မံတရားဆွဲဆိုရန် စီစဉ်နေပြီး နိုင်ငံရေးအကျဉ်းသူများ၏ အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အစားများကိုလည်း တချို့တဝက်သာ ပေးပြီး သိမ်းဆည်းသွားကြတယ်လို့ ဖော်ပြထားပါတယ်။


ဇွန်လ(၁၅)ရက် တန်းပိတ်ချိန်တွင် တန်းပိတ်ခြင်းမပြုဘဲ အသုံးအဆောင်ပစ္စည်းများ ထုတ်ပေးရန်အတွက် နိုင်ငံရေးအကျဉ်းသူများမှ တောင်းဆိုခဲ့ကြရာ အကျဉ်းထောင် ဝန်ထမ်းများမှ " မိုက်ရင် ထွက်ခဲ့ "ဟုအော်ဟစ်ကာ အမျိုးသမီးဆောင်ကို သေနတ်များ ပစ်ဖောက်ခြင်း၊ ရိုက်နှက်ခြင်း၊ လေးဂွများဖြင့် ပစ်ခြင်း၊ အုတ်ခဲများဖြင့် ဝိုင်းပစ်ကာ အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။


အကြမ်းဖက်မှုများကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့သည့် နိုင်ငံရေးအကျဉ်းသူများရှိနေပြီး သေဆုံးမှုရှိ၊ မရှိကိုမူ WOPPမှ စုံစမ်းနေဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။


ဇွန်လ ၁၆ရက် နံနက်ပိုင်းမှာလည်း ဒိုက်ဦးအကျဉ်းထောင်အတွင်းရှိ အမျိုးသမီးဆောင်ကို ထောင်ဝန်ထမ်းအမျိုးသားများမှ အင်အားသုံးကာ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပါသေးတယ်။


ဒိုက်ဦးအကျဉ်းထောင်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ်တပ်မှ ပေါ်ပေါ်တင်တင် ပြုလုပ်နေပြီး လက်နက်မရှိသည့် အမျိုးသမီးများကို အင်အားသုံးကာ အကြမ်းဖက်မှုများ ပြုလုပ်နေခြင်းသည် များစွာရွံ့ရှာဖွယ်ကောင်းကာ ထိုကဲ့သို့ အကျဉ်းထောင်အတွင်းရှိ ဥပဒေမဲ့ လုပ်ရပ်များကို ရပ်တန့်နိုင်ရန်အတွက် နိုင်ငံရေးအကျဉ်းသူများနှင့်အတူ တစ်သားတည်းရပ်တည်ကာ ကျယ်ကျယ်လောင်လောင်ဖြင့် အသံထွက်ပေးကြရန် နိုင်ငံရေးအကျဉ်းသူများအဖွဲ့အနေဖြင့် မေတ္တာရပ်ခံထားပါတယ်။


========================


📌📌 ၃။ နိုင်ငံရေးအကျဉ်းသား (၇၀) ကျော်ကို မန္တလေးအိုးဘိုထောင်မှ မကွေးထောင်နှင့် မြင်းခြံထောင်သို့ ပြောင်းရွေ့၊ အကျဉ်းဦးစီးဝန်ထမ်းအမျိုးသမီး ၃ဦး အလုပ်ထုတ်ခံရ၊ ၁ဦး ရာထူးလျှော့ပြီး ထောင်ပြောင်းခံရ


ဇွန်လ ၁၆ရက်။

Radio NUG

ဇွန်လ(၁၅)ရက်နေ့ နံနက်()နာရီဝန်းကျင်တွင် မန္တလေးအိုးဘိုထောင် အမျိုးသားအိပ်ဆောင်များအတွင်းရှိ နိုင်ငံရေးအကျဉ်းသား(၇၀)ကျော်နှင့် မူးယစ်()ဦးခန့်ကို ထောင်ပြောင်းရွေ့ရမည်ဟုဆိုကာ နှစ်ယောက်တစ်တွဲ ခြေကျင်းခတ်၍ မကွေးအကျဉ်းထောင်နှင့် မြင်းခြံအကျဉ်းထောင်သို့ ထောင်ပြောင်းပို့ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။


ဇွန်လ(၁၅)ရက်နေ့ နံနက် နာရီဝန်းကျင်ခန့်တွင် မြင်းခြံအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားအချို့ကို ပို့ဆောင်ခဲ့ပြီး နံနက် ၁၁နာရီဝန်းကျင်ခန့်တွင် မကွေးအကျဉ်းထောင်ကို ကျန်ရှိနိုင်ငံရေးအကျဉ်းသားများကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။


မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဇွန်လ()ရက်နေ့ နေ့စွဲဖြင့် မန္တလေးအိုးဘိုအကျဉ်းထောင်နှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဇွန်လ()ရက်နေ့ နောက်တစ်ရက်တွင် အကျဉ်းဦးစီးဝန်ထမ်းအမျိုးသမီး အိနွယ်ဦး(၁ပွင့်) ဒေါ်မြင့်မြင့်လှိုင်၊ ဒေါ်ခင်ပပလှိုင်တို့ကို အလုပ်မှထုတ်ပယ်ခြင်းနှင့် ဒေါ်သွယ်သွယ်ဦး (ဦးစီးအရာရှိ)တို့ကို ရာထူးလျှော့ချ၍ ထောင်ပြောင်းဖြင့် အပြစ်ပေးခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။


ထောင်ပိုင် အောင်မျိုးချွန်ကို လွိုင်ကော်အကျဉ်းထောင် ထောင်ပိုင်အဖြစ် ပြောင်းရွေ့ထမ်းဆောင်စေခဲ့ပြီး လက်ရှိ မန္တလေးအိုးဘိုအကျဥ်းထောင်တွင် ထောင်ပိုင်အသစ် သိန်းဇော်မင်းဆိုသူ ပြောင်းလွှဲ၍ အုပ်ချုပ်နေကြောင်း သိရှိရပါတယ်။


========================


📌📌 ၄။ မေလ ၃၁ ရက်နေ့အထိ နွေဦးတော်လှန်ရေး ကာလအတွင်း သေဆုံးခဲ့ရသည့် ကလေး၊ လူငယ်နှင့် အမျိုးသမီးဦးရေ ထုတ်ပြန်


ဇွန်လ ၁၆ရက်။ 

Radio NUG

မေလ ၃၁ ရက်နေ့အထိ နွေဦးတော်လှန်ရေး ကာလအတွင်း သေဆုံးခဲ့ရသည့် ကလေး၊ လူငယ်နှင့် အမျိုးသမီးဦးရေကို အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းသည့်အချိန်မှစကာ မေ ၃၁ ရက်နေ့အထိ သေဆုံးသူ ကလေးဦးရေမှာ ၈၀၂ ဦး ရှိပြီး သေဆုံးခဲ့သူအားလုံးထဲမှာ ကလေးသေဆုံးမှု ၁၁.%ရှိပါတယ်။ ယောက်ျားလေး ၅၉.% မိန်းကလေး ၃၁.% နဲ့ ကျားမ မဖော်ပြနိုင်သူ .% ရှိပြီး ၂၀၂၁ ခုနှစ်မှာ ၉၅ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၁၇၇ ဦး၊ ၂၀၂၃ ခုနှစ်မှာ ၃၅၅ ဦး နဲ့ ၂၀၂၄ ခုနှစ် လအတွင်းမှာ ၁၇၅ ဦး ရှိခဲ့ပါတယ်။


၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းသည့်အချိန်မှ စကာ မေ ၃၁ ရက်နေ့အထိ သေဆုံးသူ လူငယ်ဦးရေမှာ ၁၉၈၃ ဦး ရှိပြီး သေဆုံးခဲ့သူအားလုံးထဲမှာ လူငယ်သေဆုံးမှု ၂၈%ရှိပါတယ်။ ယောက်ျားလေး ၈၂% မိန်းကလေး ၁၇.% နဲ့ LGBTQI ကျားမ မဖော်ပြနိုင်သူ .% ရှိပြီး ၂၀၂၁ ခုနှစ်မှာ ၆၈၃ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၄၂၆ ဦး၊ ၂၀၂၃ ခုနှစ်မှာ ၅၉၇ ဦး နဲ့ ၂၀၂၄ ခုနှစ် လအတွင်းမှာ ၂၇၇ ဦး ရှိခဲ့ပါတယ်။


၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းသည့်အချိန်မှ စကာ မေ ၃၁ ရက်နေ့အထိ သေဆုံးသူအမျိုးသမီးဦးရေမှာ ၁၃၇၇ ဦး ရှိပြီး သေဆုံးခဲ့သူအားလုံးထဲမှာ အမျိုးသမီးသေဆုံးမှု ၁၉.%ရှိပါတယ်။ ၂၀၂၁ ခုနှစ်မှာ ၁၀၆ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၃၁၄ ဦး၊ ၂၀၂၃ ခုနှစ်မှာ ၅၉၉ ဦး နဲ့ ၂၀၂၄ ခုနှစ် လအတွင်းမှာ ၃၅၈ ဦး ရှိခဲ့ပါတယ်။


တော်လှန်ရေးကာလအတွင်း သေဆုံးသူ စုစုပေါင်း ၇၀၇၃ ဦး ရှိကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)အခြေခံစစ်သင်တန်း အပတ်စဉ်() သင်တန်းဆင်းပွဲကျင်းပ


ဇွန် ၁၆ရက်။

Radio NUG

ဇွန်လ ၁၅ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)-NMSP(AD)အခြေခံစစ်ပညာသင်တန်း အပတ်စဉ်()သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။


စစ်သင်တန်းဆင်းပွဲကို NMSP(AD)ဒုခေါင်းဆောင်()နိုင်ဗညားလယ်နဲ့ ဒုဗိုလ်ချုပ် နိုင်စလွန်းထောတို့ တက်ရောက်ခဲ့ကြကြောင်း ဖော်ပြထားပါတယ်။


သင်တန်းသားတွေကို သစ္စာအဓိဌာန် ရွတ်ဆိုစေပြီး လက်နက်တွေ တစ်ခါတည်း တပ်ဆင်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။


========================


🚩🚩 ၂။ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းနှင့် ပကဖ ပအဖ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ


ဇွန်လ ၁၆ရက်။

Radio NUG

ပြည်သူ့ကာကွယ်ရေးတပ်မတာ်၊ အမှတ်()စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် (၁၃)တပ်ရင်းနှင့် ပကဖ ပအဖ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း ဂန့်ဂေါခရိုင်အမှတ် (၁၃)တပ်ရင်း The Youth Force - Saw & Kyaukhtu က သတင်းထုတ်ပြန်ပါတယ်။


ဆွေးနွေးပွဲတွင် ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့ပြီး ဒေသခံ ပြည်သူများနှင့်အတူ အစဉ်အမြဲ ရပ်တည်ပြီး မပြီးဆုံးသေးသော တော်လှန်ရေးအား အောင်မြင်ပြီးဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ပြည်သူများ၏ နေအိမ်အတွင်းမှ ပစ္စည်းများ ဝင်ရောက်ခိုးယူပြီး ပြန်လည်ထွက်ခွာလာသော စစ်ကောင်စီအဖွဲ့အား မြို့တွင်းတွင် စောင့်ကြို၍ ပစ်ခတ်


ဇွန်လ ၁၆ရက်။ 

Radio NUG

ဇွန်လ ၁၅ ရက်နေ့ ညနေ () နာရီအချိန်တွင်ပြည်သူများ၏ နေအိမ်အတွင်းမှ ပစ္စည်းများ ဝင်ရောက်ခိုးယူပြီး ပြန်လည်ထွက်ခွာလာသော မြိုင်မြို့တောင်ဘက်ရှိ စစ်ကောင်စီဂိတ်မှ ခန့်မှန်းအင်အား()ယောက်ကို မြို့တွင်းတွင် စောင့်ကြို၍ သူပြန်ကိုယ်ပြန် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ က သတင်းထုတ်ပြန်ပါတယ်။


(၁၅)မိနစ်ခန့် ထိတွေ့တိုက်ပွဲ ဖော်ဆောင်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသော စစ်သားများကို ဆွဲခေါ်၍ ဝရုန်းသုန်းကား ထွက်ပြေးသွားကာမြိုင်ပကဖ တပ်ရင်း () တပ်ခွဲ()မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ နတ်မောက်တွင် ပြည်သူနှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ်များကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ 


ဇွန်လ ၁၆ ရက်။

Radio NUG 

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျွန်းဘုတ်ရွာနဲ့ ကျောက်ဆည်ရွာကြားမှာ စစ်ကောင်စီတပ်သားများနဲ့ ရဲများအား အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ OPRF - PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစုမှ သတင်းထုတ်ပြန်ထားပါတယ်။


ဇွန်လ ၁၄ ရက် ညနေ နာရီ ၁၈ မိနစ်တွင် ကျွန်းဘုတ်ကျေးရွာမှ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း ချောင်းရိုးနားအရောက် ကိုက်(၁၅၀)ခန့်အကွာကနေ အနီးကပ် ခြုံခိုပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


သတင်းရင်းမြစ်များနဲ့ ရဲဘော်များရဲ့ မျက်မြင်အရ စစ်ကောင်စီ တပ်သားတချို့ အထိအခိုက်ရှိခဲ့ပြီး အရေအတွက် အတိအကျကို စုံစမ်းနေဆဲဖြစ်တယ်လို့  OPRF - PLA က ဖော်ပြထားပါတယ်။


အချိန်အတန်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးနောက် OPRF - PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေး အင်အားစုမှ ရဲဘော်များအားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ မြို့သစ်မြို့နယ်၊ ကွင်းကြီးကျေးရွာအနီး အပြစ်မဲ့ ပြည်သူနှစ်ဦးအား အကြောင်းမဲ့ သတ်ဖြတ်ခဲ့ပြီး ၎င်းတို့ စစ်ကြောင်းထိုးလာရာ လမ်းတလျောက်မှ ပြည်သူလူထု နေအိမ်တချို့အား မီးရှို့ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ စကစ ရုပ်အလောင်းများကို တော်လှန်ရေး တပ်ဖွဲ့များမှ ရှင်းလင်း သဂြိုလ်ပေးခဲ့ 


ဇွန်လ ၁၆ ရက်။

Radio NUG 

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ညောင်လေးပင်နှင့် ရေပူရွာကြားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအတွင်း သေဆုံးခဲ့တဲ့ စစ်ကောင်စီ ရုပ်အလောင်းများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ကောက်ယူရှင်းလင်း သဂြိုလ်ပေးခဲ့ရတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ထဲက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအတွင်းမှာ သေဆုံးသွားခဲ့တဲ့ စစ်ကောင်စီ တပ်သားများရဲ့ ရုပ်အလောင်းများကို နှစ်လကျော် ကြာတဲ့အထိ လာမကောက်တာကြောင့် အခုလိုကောက်ယူပြီး သဂြိုလ်ပေးခဲ့တာလို့ ပျားစစ်ကြောင်းက အသိပေးထားပါတယ်။


အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၀ကျော် သေဆုံးခဲ့ကာ စစ်ကြောင်းလိုက်ကုန်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ပျားစစ်ကြောင်းက ဆိုပါတယ်။


အဆိုပါ စစ်ကောင်စီ ရုပ်အလောင်းများကို ပျားစစ်ကြောင်းနဲ့ အလယ်ပိုင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့တို့မှ ပူးပေါင်းပြီး ရှင်းလင်းသဂြိုလ်ပေးခဲ့တာလို့ သိရှိရပါတယ်။


========================


🚩🚩 ၆။ မြိုင်မြို့နယ် ကံမြင့်ကုန်းကျေးရွာအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် နေရာများကို နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


ဇွန်လ ၁၆ရက်။ 

Radio NUG

ဇွန်လ ၁၆ ရက်နေ့တွင် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ကံမြင့်ကုန်းကျေးရွာအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် စစ်ကြောင်းအထိနာသေဆုံးခဲ့သော နေရာများကို ကာကွယ်ရေးအဖွဲ့မှ နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း မြိုင်ပကဖ က သတင်းထုတ်ပြန်ပါတယ်။


စစ်ကြောင်းတွင် ပါလာသော စစ်သား၊ ရဲ၊ ပျူစောထီးများ ကျန်ရစ်ခဲ့သော ခဲယမ်းပစ္စည်းများမှာ 9 mm ကျည် (၂၁၅) တောင့်၊ G–3 ကျည် (၇၁) တောင့်၊ 40 mm () ဖူး၊ Uzi ကျည်ဘောက်()ဘောက်၊ အတိုဘောက် ()ဘောက်၊ လက်ပစ် () လုံး၊ လက်ထိပ် ()ခု ဖြစ်ပြီး အခြားဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ ဒေသခံပြည်သူများ ဖုန်းသွားဆက်ရာလမ်းကို စစ်အုပ်စုက မိုင်းထောင်ထားသဖြင့် ပြည်သူတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်


ဇွန်လ ၁၆ ရက်။

Radio NUG 

ဆီဆိုင်မြို့နယ်တွင် ဒေသခံပြည်သူများ ဖုန်းလိုင်းမိတဲ့နေရာသို့ သွားရာလမ်းကို စစ်ကောင်စီနှင့် ၎င်းတို့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က မိုင်းထောင်ထားသဖြင့် ဖုန်းသွားဆက်တဲ့ ပြည်သူတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့တယ်လို့ PNLAက ထုတ်ပြန်ထားပါတယ်။


ဆီဆိုင်မြို့၊ နောင်ကျော်ကျေးရွာအုပ်စု၊ နောင်ရင်းကျေးရွာနေ နန်းထားရီဟာ ဇွန်လ ၁၃ ရက်နေ့က ရွာအရှေ့ဘက်ရှိ ဖုန်းလိုင်းမိသောနေရာကို ဖုန်းသွားဆက်ပြီး အပြန်မှာ စစ်ကောင်စီ ထောင်ထားတဲ့မိုင်းကို နင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။


မိုင်းနင်းမိခဲ့တာကြောင့် နန်းထားရီမှာ ခြေထောက်တစ်ဖက်ပြတ်ကာ မျက်နှာတွင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


ယခင်ကလည်း နောင်ရင်းရွာသားတစ်ဦးဟာ ရေချိုးသွားရာမှ ပြန်လာစဉ် စစ်ကောင်စီထောင်ထားတဲ့ မိုင်းကိုနင်းမိခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ PNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။


ပြီးခဲ့တဲ့ ဇွန်လ ရက်ကလည်း ဆီဆိုင်မြို့ မြကန်သာ ရပ်ကွက်မှပြည်သူတစ်ဦးဖြစ်တဲ့ ဒေါ်စိုးစိုးလတ်ဟာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းကိုနင်းမိခဲ့တာကြောင့် သေဆုံးသွားခဲ့ပါသေးတယ်။


========================


🚩🚩 ၈။ ရှမ်းတောင်တွင် ရက်ပေါင်း ၁၄၀ အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ အရပ်သား ၇၇ ဦးသေဆုံး


ဇွန်လ ၁၆ရက်။

Radio NUG

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၂၁)ရက်နေ့မှ ဇွန်လ()ရက်နေ့အထိ ရက်ပေါင်း (၁၄၀)အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ အရပ်သား(၇၇)ဦး သေဆုံးခဲ့ပြီး (၁၀၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူဦးရေ ငါးသောင်းကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း Pa-O Youth Organization(PYO)က သတင်းထုတ်ပြန်ထားပါတယ်။


သေဆုံးမှုအများစုမှာ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့်ဖြစ်ပြီး စုစုပေါင်း (၃၄)ဦး သေဆုံးခဲ့ကာ စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့များ ဖမ်းဆီးစစ်ဆေးခံရစဉ် သေဆုံးခဲ့သော အရပ်သားဦးရေမှာ (၂၄)ဦး ရှိကြောင်း သိရပါတယ်။


ဖေဖော်ဝါရီလတွင် သေဆုံးမှု အမြင့်မားဆုံးဖြစ်ခဲ့ပြီး မေလဝက်မှ ဇွန်လ ဒုတိယအပတ်ကာလအတွင်း မြေမြှုပ်မိုင်းနှင့် ကြွင်းကျန်လက်နက်များ ပေါက်ကွဲထိမှန်၍ သေဆုံးကြောင်း ဖော်ပြထားပါတယ်။


စစ်ကောင်စီ၏ လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရရှိမှု (၇၆)ဦး အထိရှိ၍ မြေမြှုပ်မိုင်းနှင့် စစ်ပွဲကြွင်းကျန်လက်နက်များ ပေါက်ကွဲထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ (၁၇)ဦး ရှိကြောင်း သိရပါတယ်။


ကလေးငယ်(၁၇)ဦး ပါဝင်ပြီး ()ဦးသည် မိုင်းနင်းမိ၊()ဦးသည် ကြွင်းကျန်လက်နက်များကြောင့်နှင့် ကျန် (၁၃)ဦးသည် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။


အရပ်သား အဆောက်အအုံပေါင်း (၇၀၈)ခုမှာ စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် ပျက်စီးပြီး လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနှင့် ဘာသာရေးအဆောက်အအုံများလည်း ပါဝင်ကြောင်း ဖော်ပြထားပါတယ်။


ရှမ်းတောင်ဒေသတွင် စစ်ဘေးရှောင်ပြည်သူ ငါးသောင်းကျော် (၅၃,၄၀၀) နှင့် အထက်ရှိနေပြီး တချို့တိုက်ပွဲအနည်းငယ် တည်ငြိမ်သည့်ဒေသများတွင် စိုက်ပျိုးရေးရာသီရောက်လာသည်နှင့်အမျှ ဒေသအခြေအနေပေါ်မူတည်ပြီး စိုက်ပျိုးရေးပြန်လုပ်ကိုင်လိုက် စစ်ရှောင်လိုက်လုပ်၍ နေရကြောင်း သိရပါတယ်။


စစ်ဘေးရှောင်များသည် ကရင်နီပြည်မှ အများဆုံးဖြစ်ကာ ဆီဆိုင်မြို့နယ်မှ အများစု စစ်ဘေးတိမ်းရှောင်နေရပြီး တခြားမြို့နယ်များဖြစ်သည့် ပင်လောင်း၊ ညောင်ရွှေ၊ တောင်ကြီးနှင့် ဟိုပုံးတို့တွင် စစ်ဘေးတိမ်းရှောင်သူများ ခိုလှုံလျှက်ရှိကြောင်း ဖော်ပြထားပါတယ်။


ကရင်နီပြည်နယ်မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်ပြည်သူများ ပြန်လည်တိုးလာနေပြီး အခြေခံလိုအပ်ချက်များအရေးပေါ်လိုအပ်ချက်များရှိနေကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment