18th JUN 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဇွန်လ ၁၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်အာဏာရှင်ရဲ့ စစ်ရေးယန္တရားတွေကို အမြစ်ကနေ တူးဖြိုပစ်ဖို့အတွက် တော်လှန်ရေးအင်အားစုအားလုံးရဲ့ စုပေါင်းလက်တွဲဆောင်ရွက်မှု ဟာ အင်မတန် အရေးကြီးတယ်လို့ ယာယီသမ္မတ ပြောကြား

📌 ၂။အီဒုလ်အသွဟာကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှု အီးဒ် ပွဲတော်အထိမ်းအမှတ်နေ့ သဝဏ်လွှာပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကပေးပို့

📌 ၃။ အာဏာရှင်များရဲ့ နေဝင်ချိန်ဟာ.. ငြိမ်းခါနီးမီးထတောက်တာထက် မပိုတော့ဘူးလို့ ဝန်ကြီး ဦးတင်ထွန်းနိုင်ဆို

📌 ၄။ဝေဟင်ကိုထိန်း မြေပြင်သိမ်းကမ်ပိန်းကို ဝန်ကြီး ဦးစိုးသူရထွန်း တက်ရောက်

📌 ၅။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ကြီးမှူးကျင်းပမယ်

📌 ၆။ ဒေါ်အောင်ဆန်းစုကြည် အသက် (၇၉) နှစ်ပြည့် မွေးနေ့အထိမ်းမှတ် ဆားလင်းကြီးမြို့နယ် တနေရာတွင် ဆင်နွှဲ


၂၀၂၄ ခုနှစ် ဇွန်လ ၁၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပအိုဝ်းဒေသ တိုက်ပွဲ () လကျော် ကာလအတွင်း စစ်ကောင်စီမှ ပြည်သူ (၆၀) ကျော်ကို သတ်ဖြတ်ခဲ့ပြီး၊ ဘာသာရေး အဆောက်အဦး (၂၀) ကျော် အပါအဝင် နေအိမ် (၆၀၀) ကျော်ကိုလည်း ဖျက်ဆီးခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်အာဏာရှင်ရဲ့ စစ်ရေးယန္တရားတွေကို အမြစ်ကနေ တူးဖြိုပစ်ဖို့အတွက် တော်လှန်ရေးအင်အားစုအားလုံးရဲ့ စုပေါင်းလက်တွဲဆောင်ရွက်မှု ဟာ အင်မတန် အရေးကြီးတယ်လို့ ယာယီသမ္မတ ပြောကြား


ဇွန်လ (၁၈) ရက်နေ့က ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁၉/၂၀၂၄) အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလက အခုလို ပြောကြားလိုက်ပါတယ်။

"စစ်ရေးအမြင်အရ ဘယ်လိုအရာကိုမှ တရားသေ လှေနံဓားထစ် ပုံသေပြောလို့ မရပေမယ့်၊ စစ်အာဏာရှင်ရဲ့ စစ်ရေးယန္တရားတွေကို အမြစ်ကနေ တူးဖြိုပစ်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအင်အားစုအားလုံးရဲ့ စုပေါင်းလက်တွဲဆောင်ရွက်မှု (coordinated action) ဟာ အင်မတန် အရေးကြီးတယ်လို့ ပြောချင်ပါတယ်။ ယေဘုယျအားဖြင့် စစ်ရေးအရ ပုံဖော်တည်ဆောက်ထားတဲ့ coordinated action ဆိုတာဟာ ခိုင်မာပြီး စုဖွဲ့မှု အားကောင်းတဲ့ မဟာဗျူဟာမြောက် စစ်ရေးတပ်ပေါင်းစု ကို ဆိုလိုတာဖြစ်ပါတယ်" လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ခဲယမ်းမီးကျောက်စတဲ့ စစ်ရေးရင်းမြစ်တွေကို ခွဲဝေ နေရာချထားနိုင်မှုနဲ့ ဆက်သွယ်ရေး၊ ချိတ်ဆက်ဆောင်ရွက်ရေးနဲ့ ချိန်သားကိုက် လှုပ်ရှားနိုင်တဲ့ timing ဆိုတာတွေက အင်မတန် အရေးကြီးတယ်လို့ ယာယီသမ္မတက ထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။အီဒုလ်အသွဟာကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှု အီးဒ် ပွဲတော်အထိမ်းအမှတ်နေ့ သဝဏ်လွှာပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကပေးပို့


အီဒုလ်အသွဟာကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှု အီးဒ် ပွဲတော်အထိမ်းအမှတ်နေ့ သဝဏ်လွှာကို ဇွန်လ (၁၈) ရက်မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ထုတ်ပြန်ပါတယ်။

အီဒုလ်အသွဟာကုရ်ဘာနီ စွန့်လွှတ်လှူဒါန်းမှု အီးဒ် ပွဲတော်အထိမ်းအမှတ်နေ့ အချိန်အခါသမယတွင် အစ္စလာမ်ဘာသာဝင်များအားလုံးနှင့်အတူ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ဘေးအန္တရာယ်အပေါင်းမှကင်းဝေးကာ ကမ္ဘာသူ၊ ကမ္ဘာသား များအားလုံးအတွက် ကောင်းကျိုးပြု နိုင်သော ခေါင်းဆောင်ကောင်းများ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်" လို့ ဖော်ပြပါတယ်။

အကြမ်းဖက်စစ်တပ်၏ မတရားအာဏာသိမ်းမှုကြောင့် မြန်မာပြည်တွင်းမှာ မှီတင်းနေ ထိုင်ကြသော အစ္စလာမ်ဘာသာဝင်များနှင့် တိုင်းတစ်ပါးသို့ ထွက်ပြေးတိမ်းရှောင်နေရသော အစ္စလာမ်ဘာသာဝင်များအားလုံးတို့သည် ဘာသာရေးပွဲတော်များကို ပျော်ရွှင်စွာ ကျင်းပနိုင်ခြင်း မရှိကြကာ အချို့သောမိတ်ဆွေအပေါင်းအသင်း ဆွေမျိုးများမှာလည်း အကြမ်းဖက်စစ်ကောင်စီ၏ မတရားသတ်ဖြတ်မှုကြောင့် မိသားစုစုံလင်စွာ မကျင်းပနိုင်တော့သည့်အတွက် များစွာ ဝမ်းနည်းမိပါတယ်" လို့ ဆိုပါတယ်။

ဘာသာပေါင်းစုံမှ ပြည်သူများ၏ သက်ဆိုင်ရာဘာသာရေးပွဲတော်များကို ပျော်ရွှင်စွာ ကျင်းပနိုင်ရေးသည် စစ်အာဏာရှင်စနစ် အပြီးတိုင် ပပျောက်သွားမှသာ ကျင်းပနိုင်မှာဖြစ်တယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။

အစ္စလာမ်ဘာသာဝင်များအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနှင့် တော်လှန်ရေးအင်အားစုအားလုံးတို့နှင့်အတူ လက်တွဲကာ ရှေ့ဆက်ချီတက်ကြစေလိုကြောင်း လေးလေးနက်နက် တိုက်တွန်းလိုပြီး ဘေးကင်းလုံခြုံ၍ စိတ်သောကကင်းဝေးသော နေ့ရက်များသို့ အမြန်ဆုံးရောက်ရှိပါစေကြောင်း ဆန္ဒပြုရင်း ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါတယ်လို့ ဖော်ပြပါရှိပါတယ်။


========================


📌📌 ၃။ အာဏာရှင်များရဲ့ နေဝင်ချိန်ဟာ.. ငြိမ်းခါနီးမီးထတောက်တာထက် မပိုတော့ဘူးလို့ ဝန်ကြီး ဦးတင်ထွန်းနိုင်ဆို


အာဏာရှင်များရဲ့ နေဝင်ချိန်ဟာ.. ငြိမ်းခါနီးမီးထတောက်တာထက် မပိုတော့ဘူးလို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဆိုရှယ်မီဒီယာမှာ ဇွန်လ (၁၈) ရက်နေ့က ဆိုလိုက်ပါတယ်။

"အာဏာရှင်များရဲ့ နေဝင်ချိန်ဟာ.. ငြိမ်းခါနီးမီးတောက်လို.. ဟုတ်ကနဲ ထတောက်တာထက် မပိုတော့ပါ.. ဒါပြီးရင် ဒင်းတို့တတွေ.. မီးစာကုန်ဆီခန်း နိဂုံးချုပ်တော့မှာမို့.. အာဏာရှင်ကို အားလုံးညီညာဖျဖျ အဆုံးသတ်ပေးကြပါစို့" လို့ ဝန်ကြီးက ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ တပ်ကို ထိန်းထားနိုင်ဖို့ဆိုရင် လစာ၊ရိက္ခာစရိတ်သီးသန့် မြန်မာငွေ ကျပ်ဘီလီယံ ၂၀၀၀/- ခန့် နှစ်စဉ်လိုအပ်နေမှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စကစတပ်ဖွဲ့ဝင် အများစုဟာ လက်နက်ချ အလင်းဝင်းခြင်းနှင့် ပြည်သူ့ရင်ခွင်ခိုလှုံမှုများ ဆက်တိုက်လုပ်ဆောင်လာပါတယ်။


========================


📌📌 ၄။ဝေဟင်ကိုထိန်း မြေပြင်သိမ်းကမ်ပိန်းကို ဝန်ကြီး ဦးစိုးသူရထွန်း တက်ရောက်


United Bonds France က Organize ပြုလုပ်ပြီး   CRPH-OFP Fundraising Program က Support ပေးထားတဲ့ဝေဟင်ကို ထိန်း မြေပြင်သိမ်းကမ်ပိန်းကို ဇွန်လအတွင်းမှာ အခမ်းအနားနဲ့ ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။

အခမ်းအနားမှာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက "ကျနော်တို့အားလုံး ညီညွတ်မှသာလျှင် ကျနေယ်တို့အားလုံးရဲ့ဘုံရန်သူကို ဖြတ်ချနိုင်မယ်။ ခေတ်အဆက်ဆက် စစ်ဘုရင်တွေ အဆက်ဆက်က ကျနော်တို့ တိုင်းရင်းသားတွေ လွတ်လပ်ခွင့်မရအောင် လုပ်ခဲ့တာ အများကြီးပါပဲ။ ဒီနေ့တော့ ကျနော်တို့အားလုံးညီညီညွတ်ညွတ်နဲ့ ဖက်ဒရယ်ကိုစုစည်းထားတဲ့ နိုင်ငံကို တည်ထောင်ကြဖို့ လုပ်နေကြတဲ့အချိန်မှာ အခုလုပ်တဲ့ ကမ်ပိန်းက အရေးပါပါတယ်" လို့  ဆိုပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ပအိုဝ်းဒေသဟာ နယ်မြေအရ အရေးပါသလို စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တိုက်ဖျက်နေတဲ့ တော်လှန်ရေးမှာ ဒရုန်းတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါတယ်လို့လည်း ဝန်ကြီးက ဆိုထားပါသေးတယ်။


========================


📌📌 ၅။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ကြီးမှူးကျင်းပမယ်


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ကြီးမှူးကျင်းပမယ်လို့ သတင်းရရှိပါတယ်။

(၂၀၂၄) ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အခမ်းအနားကို မြန်မာစံတော်ချိန် နေ့လည် () နာရီအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ကြီးမှူး၍  ကျင်းပပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

အဆိုပါ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီလှိုင်း၊ Radio NUG PVTV နှင့် ဖော်ပြပါမီဒီယာအချို့၏ လူမှုကွန်ယက်စာမျက်နှာများတွင် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ပြည်တွင်း၊ ပြည်ပနေရာဒေသပေါင်းစုံတွင် လူထုက ကျင်းပလျက်ရှိပါတယ်။


========================


📌📌 ၆။ ဒေါ်အောင်ဆန်းစုကြည် အသက် (၇၉) နှစ်ပြည့် မွေးနေ့အထိမ်းမှတ် ဆားလင်းကြီးမြို့နယ် တနေရာတွင် ဆင်နွှဲ


ဒေါ်အောင်ဆန်းစုကြည် အသက် (၇၉) နှစ်ပြည့် မွေးနေ့အထိမ်းမှတ် ဆားလင်းကြီးမြို့နယ် တနေရာတွင် ဆင်နွှဲကျင်းပခဲ့တယ်လို့ ဇွန်လ (၁၈) ရက် မနက်ပိုင်းမှာ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ပင်မသပိတ်က အသိပေးဖော်ပြပါတယ်။

အမေ ဒေါ်အောင်ဆန်းစုကြည် အသက် (၇၉) နှစ်ပြည့် မွေးနေ့အထိမ်းမှတ်ဖြစ်  ကျောင်းသားလူငယ်တွေကို ရေခဲမုန့်ကျွေးပြီး ဆုတောင်းမွေးနေ့ကိတ်ခွဲပြီး အမေစုမွေးနေ့ပွဲ ကျင်းပခဲ့တယ်လို့ ဖော်ပြပါတယ်။

ထို့နောက် "အမေ အေးချမ်းပါစေ" "အမေ ကျန်းမာပါစေ" "အမေ သက်တော်ရာကျော်ရှည်ပါစေ" စတဲ့ ဆုတောင်းစကားများနဲ့ ဆုတောင်းပေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ပအိုဝ်းဒေသ တိုက်ပွဲ () လကျော် ကာလအတွင်း စစ်ကောင်စီမှ ပြည်သူ (၆၀) ကျော်ကို သတ်ဖြတ်ခဲ့ပြီး၊ ဘာသာရေး အဆောက်အဦး (၂၀) ကျော် အပါအဝင် နေအိမ် (၆၀၀) ကျော်ကိုလည်း ဖျက်ဆီးခဲ့


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က ဇွန်လအတွင်းမှာ အခုလို သတင်းထုတ်ပြန်လိုက်ပါတယ်။

ပအိုဝ်းဒေသ တိုက်ပွဲ () လကျော်ကာလအတွင်း စစ်ကောင်စီမှ ပြည်သူ (၆၀) ကျော်ကို သတ်ဖြတ်ခဲ့ပြီး ဘာသာရေးအဆောက်အဦး (၂၀) ကျော်အပါအဝင် နေအိမ် (၆၀၀) ကျော်ကိုလည်း ဖျက်ဆီးခဲ့ပါတယ်။ ပအိုဝ်းဒေသကို အဆင်အခြင်မဲ့ တိုက်ခိုက်ဖျက်ဆီးနေသည့် စစ်ကောင်စီ၏ အန္တရာယ်ကို လက်ရှိအချိန်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) မှ ခုခံ‌‌တော်လှန်နေရသဖြင့် တိုက်ပွဲမှာလည်း နေ့စဉ်နေ့တိုင်း ပြင်းထန်နေလျက်ရှိဆဲ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဇန်နဝါရီ (၂၁) ရက်မှ စတင်ပြီး ယနေ့အချိန်ထိ စစ်ကောင်စီတပ်ဖွဲ့ နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA အကြား တိုက်ပွဲ (၁၂၆) ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီဘက်မှ (၄၀၀) ထက်မနည်း သေဆုံးခဲ့ကာ စကစ ဗိုလ်မှူးအဆင့်မှ တပ်သားအဆင့်အထိ သုံ့ပန်း (၂၀) နီးပါးကိုလည်း PNLA က ဖမ်းဆီးရမိခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း/ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာဖြစ်ပါတယ်။



#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment