Update 17th JUN 2024 - Evening Daily News by Radio NUG


၂၀၂၄ ဇွန်လ ၁၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လူထုတွေ့ဆုံပွဲနှင့်ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ဆုတောင်းပွဲကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်

📌 ၂။ အမေရိကန်ပြည်ထောင်စုခရီးစဥ်တွင် RFAသတင်းဌာနနှင့် ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းတွေ့ဆုံ

📌 ၃။ ပါမောက္ခရှောင်တာနယ်ရဲ့ ထောင်တွင်းအဖြစ်အပျက်တစ်ခုကို ပုံဖော်ထားတဲ့ ပန်းချီကား ဒေါ်လာတစ်သောင်း နဲ့ လေလံအောင်မြင်

📌 ၄။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် Los Angeles မှ လူ ၅၀၀ နီးပါး  Long Beach ကမ်းခြေမှာ လမ်းလျှောက်ချီတက်ပွဲ အောင်မြင်စွာကျင်းပပြီးစီး

📌 ၅။ ဒေါ်အောင်ဆန်းစုကြည်၏ (၇၉နှစ်မြောက်အထိမ်းအမှတ်အဖြစ် ချက်နိူင်ငံ ပရပ်ဂ်မြို့ တော်၏ အထင်ကရလှပသောနေရာတခုဖြစ်သည့်  Vila Grebovka တွင် စုရုံးကျင်းပခဲ့

📌 ၆။ မင်းအောင်လှိုင်နှင့်၄င်းလက်အောက်ငယ်သားများဟာ မျောက်ရိုင်းသတ္တဝါအဆင့် ညဏ်ရည်ကိုအသုံးချ၍ လူထုအပေါ်စစ်ရာဇဝတ်မှုများကျူးလွန်နေတယ်လို့ဆို

📌 ၇။ ရေစကြိုမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ ရဲ့ ''ထန်းသီးမုန့်လို့အမည်ပေးထားတဲ့ သိန်းခြောက်ရာ ကမ်ပိန်းစတင်


၂၀၂၄ ခုနှစ် ဇွန်လ ၁၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန အမှတ်စဉ် /၂၀၂၄သင်တန်းဆင်းပွဲကျင်းပ

🚩 ၂။ စဉ့်ကူးမြို့နယ် ရွှေပြည်ရွာမှစကစတပ်များနှင့် ပျုများ ပေါင်း၍  တရောပင်ကျေးရွာရှိပြည်သူပိုင် အိမ် ၃၅လုံးခန့်ကို မီးရှို့ဖျက်ဆီး

🚩 ၃။ မြင်းခြံမြို့မရဲစခန်းနဲ့မြဝတီဘဏ်တို့ကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ဆို

🚩 ၄။ ဇွန်လ (၁၆ရက်၊  (နာရီအချိန်မှ စတင်ပြီး မောင်တောမြို့အတွင်းမှ အမြန်ဆုံး ချက်ချင်းထွက်ခွာကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်မှ အလေးအနက် အသိပေး ထုတ်ပြန်

🚩 ၅။ စဉ့်ကူးမြို့နယ် တရောပင်ကျေးရွာရှိ ပြည်သူပိုင် အိမ်များကို အကြောင်းမဲ့ ဝင်ရောက် မီးရှို့ဖျက်စီး

🚩 ၆။ မိုးမိတ်နှင့် နောင်ချိုတို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးအပြင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

🚩 ၇။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင်စခန်းများသို့ ငွေကြေးနှင့် အစားအသောက်များ သွားရောက်လှူဒါန်းခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လူထုတွေ့ဆုံပွဲနှင့်ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ဆုတောင်းပွဲကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်


ဇွန်လ၁၇ရက်


ဇွန်လ၁၆ရက်နေ့မှာ အမျိုးသားညီညွတ်ရေး အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် သြစတြေးလျနိူင်ငံ ဆစ်ဒနီမြို့တွင် လူထုနှင့် တွေ့ဆုံဆွေးနွေးပြီး ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဆုတောင်းခြင်းကို အတူတကွကျင်းပခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အမှတ်တရကိတ်မှာ မီးထွန်းခြင်းနှင့်ဆုတောင်းခြင်းကို တက်ရောက်လာကြတဲ့လူထုနှင့်အတူ ပြည်ထောင်စုဝန်ကြီးက ပါဝင်ကျင်းပခဲ့ပြီး လူထုသိလိုသမျှကို ဝန်ကြီးကဖြေကြားပေးခဲ့တယ်လို့သိရှိရပါတယ်။


========================


📌📌 ၂။ အမေရိကန်ပြည်ထောင်စုခရီးစဥ်တွင် RFAသတင်းဌာနနှင့် ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းတွေ့ဆုံ


ဇွန်လ၁၇ရက်


အမေရိကန်ပြည်ထောင်စုခရီးစဥ်တွင် RFAသတင်းဌာနနှင့် လူ့အခွင့်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းတို့တွေ့ဆုံခဲ့ကြောင်းကို ဇွန်လ၁၆ရက်မှာ  ဝန်ကြီး ဦးအောင်မျိုးမင်းမှ ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးဖော်ပြထားပါတယ်။


RFAသတင်းဌာနနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံရာတွင် ဝန်ကြီး၏ ငယ်ဘဝဖြတ်သန်းခဲ့ရမှု၊ ကြုံတွေ့ခဲ့ရသည့်အခက်အခဲများ၊အာဏာရှင်ခေတ်အဆက်ဆက် ဆန့်ကျင်တော်လှန်ခဲ့သည့် အတွေ့အကြုံများ၊ လူ့အခွင့်အရေးကို အစဉ်တစိုက်လုပ်ဆောင်ခဲ့မှုများကိုဖြေကြားပေးခဲ့ပါတယ်။


ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၏ဘဝအကြောင်းကို RFA  podcast အစီအစဉ်တွင် အပြန်အလှန်ဆွေးနွေးမှုအပြည့်အစုံအား RFAသတင်းဌာနတွင်ထုတ်လွှင့်ဖော်ပြထားပါတယ်။


========================


📌📌 ၃။ ပါမောက္ခရှောင်တာနယ်ရဲ့ ထောင်တွင်းအဖြစ်အပျက်တစ်ခုကို ပုံဖော်ထားတဲ့ ပန်းချီကား ဒေါ်လာတစ်သောင်း နဲ့ လေလံအောင်မြင်


ဇွန်လ၁၇ရက်


ပါမောက္ခရှောင်တာနယ်ရဲ့ ထောင်တွင်းအဖြစ်အပျက်တစ်ခုကို ပုံဖော်ထားတဲ့ ပန်းချီကား ဒေါ်လာတစ်သောင်း နဲ့ လေလံအောင်မြင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ဇွန်လ(၁၆)ရက်နေ့၊ အမေရိကန်ပြည်ထောင်စုဆန်ဖရန်စစ္စကို‌ဘေးဧရိယာရှိ ဖရီးမောင့်မြို့မှာကျင်းပတဲ့ မြန်မာ့စီးပွားရေးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သော စီးပွားရေးပညာရှင် ပါမောက္ခဒေါက်တာ ရှောင်တာနယ်နဲ့ မြန်မာမိသားစုများရဲ့ တွေ့ဆုံပွဲမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။


မဖြစ်သင့်သောအကျဉ်းသား စာအုပ်မိတ်ဆက်ပွဲကို မြန်မာမိသားစုများ၊ မြန်မာ့အရေးစိတ်ဝင်စားသူအမေရိကန်များ နှစ်ရာခန့်နဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး (အငြိမ်းစားစကော့မာစီရယ်ကလည်း တက်ရောက်ခဲ့ပါတယ်။


ပါမောက္ခရှောင်တာနယ်ရဲ့ ထောင်တွင်းအဖြစ်အပျက်တစ်ခုကို ပုံဖော်ထားတဲ့ ပန်းချီကားလေးကို ဒေါ်လာတစ်သောင်း နဲ့ လေလံအောင်ခဲ့ပြီးအလှူရှင်တစ်ဦးမှလည်းဒေါ်လာတစ်ထောင် ထပ်လှူတဲ့အတွက် ဒေါ်လာတစ်သောင်းတစ်ထောင် နှင့် စံချိန်တင်ရရှိသွားတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် Los Angeles မှ လူ ၅၀၀ နီးပါး  Long Beach ကမ်းခြေမှာ လမ်းလျှောက်ချီတက်ပွဲ အောင်မြင်စွာကျင်းပပြီးစီး


ဇွန်လ၁၇ရက်


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် Los Angeles မှ လူ ၅၀၀ နီးပါး  Long Beach ကမ်းခြေမှာ လမ်းလျှောက်ချီတက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။


ဇွန်လ၁၆ရက် အမေရိကန်ပြည်ထောင်စု Los Angeles   Long Beach ကမ်းခြေမှာကျင်းပခဲ့တာလို့ပွဲစီစဥ်သူတဦးဖြစ်တဲ့ ပြည်သူ့ဂုဏ်ရည်အဖွဲ့၏ တာဝန်ခံ ဦးကျော်၀ဏ္ဏက က အခုလို အတွေ့အကြုံကို ပြောပြပါတယ်။


(အသံဖိုင်)


 "လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် Los Angeles မှ စိတ်တူ ကိုယ်တူ မြန်မာ သွေးချင်း ညီအကို မောင်နှမ ၅၀၀ နီးပါးနဲ့အတူ ပစိဖိတ် သမုဒ္ဒရာကြီးရဲ့ Long Beach ကမ်းခြေမှာ ပြည်တွင်းက မတရား အဖမ်းဆီး အနှိပ်စက်ခံ လူထုခေါင်းဆောင် နဲ့ နိုင်ငံရေး အကျဉ်းသားများ၊ တော်လှန် ပြည်သူများနှင့် အတူတကွ ရပ်တည်လျက်ရှိပါကြောင်း ဆန္ဒ ဖော်ထုတ် ပြသခဲ့ပါတယ်။ LA ဟာ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုဖို့ အမြဲ ထိပ်ဆုံးက ရှိခဲ့တယ်။ မတရားမှုကို ဆန့်ကျင် တွန်းလှန်ဖို့ ပြည်တွင်းက ပြည်သူတွေနဲ့ လက်တွဲ မြဲ ခဲ့တယ်။ အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရာမှာ အမိမြေနဲ့ ဘယ်လောက်ဝေးဝေး ရင်ဘတ်ချင်း နီးခဲ့ပါတယ်"လို့ဆိုထားပါတယ်။ 


Los Angeles မှ လူ ၅၀၀ နီးပါး  Long Beach ကမ်းခြေမှာ လမ်းလျှောက်ချီတက်ပွဲကိုတက်ရောက်ခဲ့ပြီး အများစုဟာ လူငယ်များပါဝင်တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ ဒေါ်အောင်ဆန်းစုကြည်၏ (၇၉နှစ်မြောက်အထိမ်းအမှတ်အဖြစ် ချက်နိူင်ငံ ပရပ်ဂ်မြို့ တော်၏ အထင်ကရလှပသောနေရာတခုဖြစ်သည့်  Vila Grebovka တွင် စုရုံးကျင်းပခဲ့


ဇွန်လ၁၇ရက်


ဇွန်လ၁၅ ရက် စနေနေ့တွင် ချက်သမ္မတနိုင်ငံရှိ မြန်မာနိူင်ငံသားများနှင့်ချက်သမ္မတနိုင်ငံရှိ မြန်မာနိုင်ငံ ၏မိတ်ဆွေများသည် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉နှစ်မြောက်အထိမ်းအမှတ်အဖြစ် ပရပ်ဂ်မြို့ တော်၏ အထင်ကရလှပသောနေရာတခုဖြစ်သည့်  Vila Grebovka တွင် စုရုံးခဲ့ကြပြီး မကြာသေးမီက ထွက်ရှိထားသည့် ကရင်နီတော်လှန်ရေးရုပ်ရှင်ဇာတ်ကားကြီးဖြစ်သော LOSE AND HOPE  ကို ကြည့်ရှုခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


ပွဲစီစဉ်သူတဦးဖြစ်သည့် Igor Blazevic က ပွဲအစတွင် ပါဝင်သူအားလုံးကို ကြိုဆိုနှုတ်ဆက် စကားပြော ကြားခဲ့ပါတယ်။


"မြန်မာပြည်သားတွေနဲ့ မြန်မာပြည်သားတွေရဲ့ စိတ်နှလုံးကို လက်ကိုင်ပြုတဲ့အသိုက် အဝန်းတစ်ခုအနေနဲ့ စုစည်းဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေ၊ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေနဲ့ မြန်မာပြည်သူပြည်သားအားလုံးဆီကို အတူတူ လက်တွဲပြီး သတင်းစကားတွေပို့ပေး ကြဖို့ အရေးကြီးနေပါတယ်။ အထီးကျန်ဆန်စွာ အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သုံးနှစ်ကျော် အထီးကျန်ဆန်စွာနေထိုင်နေရကြောင်း ကမ္ဘာကြီးကို သတိပေးဖို့အရေးကြီးပါတယ်။ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့နဲ့ မြန်မာပြည်သူ ပြည်သားတွေရဲ့ သူရဲကောင်းပီသစွာ ကိုယ်ကျိုးမဖက်ပဲ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည် ဆောက်ရေးတိုက်ပွဲကြီးကို ထောက်ခံအားပေးကြဖို့လည်း အရေးကြီးပါတယ်"လို့၄င်းကပြောကြားခဲ့ပါတယ်။


ဥရောပ၊ အရှေ့တောင် အာရှ၊ သြစတြေးလျ၊ ကိုရီးယားနဲ့ ဂျပန်၊ US နဲ့ UK နိုင်ငံတဝှမ်းမှာရှိတဲ့ မိတ်ဆွေ တွေနဲ့ တခြား မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို ဇွန်လ ၁၉ ရက်နေ့မှာကျရောက်မယ့် ဒေါ်အောင်ဆန်း စုကြည်ရဲ့ (၇၉နှစ်မြောက်မွေးနေ့မှာ လွတ်လပ်ရေးနဲ့ လူ့အခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲ ဝင်နေကြတဲ့ မြန်မာသူရဲကောင်းများနှင့် စည်းလုံးညီညွတ်ကြောင်းပြသပေးနိုင်ကြဖို့ ဖိတ်ခေါ်နိုင်တာက ကောင်းပါတယ် လို့ Igor Blazevic ကဆက်လက်ပြောဆိုခဲ့ပါတယ်။


ပွဲအခမ်းအနားတွင်ကရင်နီအနုပညာကောင်စီမှဖန်တီးထားသည့် ထူးချွန်ထက်မြက်သည့် ဒါရိုက်တာ John Meia မှ ရိုက်ကူးတင်ဆက်သော LOSE AND HOPE ဇာတ်ကားကို ပြသခဲ့ခြင်းဖြစ်ပါတယ်။


========================


📌📌 ၆။ မင်းအောင်လှိုင်နှင့်၄င်းလက်အောက်ငယ်သားများဟာ မျောက်ရိုင်းသတ္တဝါအဆင့် ညဏ်ရည်ကိုအသုံးချ၍ လူထုအပေါ်စစ်ရာဇဝတ်မှုများကျူးလွန်နေတယ်လို့ဆို


ဇွန်လ၁၇ရက်


မင်းအောင်လှိုင်နှင့်၄င်းလက်အောက်ငယ်သားများဟာ မျောက်ရိုင်းသတ္တဝါအဆင့် ညဏ်ရည်ကိုအသုံးချ၍ လူထုအပေါ်စစ်ရာဇဝတ်မှုများကျူးလွန်နေတယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်က ဇွန်လအတွင်းမှာ ဆိုရှယ်မီဒီယာမှတစ်ဆင့်အသိပေးဆိုထားပါတယ်။


"မင်းအောင်လှိုင် နဲ့သူ့ လက်အောက်ငယ်သား များကတော့ မျောက်ရိုင်းသတ္တဝါအဆင့် ညဏ်ရည်Primates Intelligence ကိုအသုံးချပုံရတယ်။ပရိုင်းမိတ် ဆိုတာ လူမဖြစ်သေးတဲ့ မျောက်ရိုင်းသတ္တဝါအဆင့် ညဏ်ရည်ပေါ့။

စာသင်ကျောင်း ကို ဗုံးချတာ တို့၊ လူသားဒိုင်းလုပ်တာတွေ၊ ရွာမီးရှို့တာ တွေ၊ ဘုရားကျောင်းတွေကို လက်နက်ကြီးနဲ့ထုတာတွေ၊ အရပ်သားမင်္ဂလာဆောင်တွေကို ဗုံးကျဲတာ မျိုးပေါ့။ဒီမျောက်ရိုင်း ဦးနောက် လက်ထဲ သေစေနိုင်တဲ့ လက်နက် မရှိအောင် လုပ်မှရမယ်။ဘာဥပဒေမှ နားမလည်တာ အဲ့လို မျောက်ရိုင်းဦးနှောက်ပဲရှိလို့ဖြစ်တယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စကစတပ်နှင့် လက်အောက်ခံအဖွဲ့များကတနိူင်ငံလုံးမှာ လူနေအိမ်နှင့်အဆောက်အအုံပေါင်းကိုးသောင်းနီးပါးကိုမီးရှို့ဖျက်ဆီးခဲ့ကြပြီး လူပေါင်းငါးထောင်ကျော်သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၇။ ရေစကြိုမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ ရဲ့ ''ထန်းသီးမုန့်လို့အမည်ပေးထားတဲ့ သိန်းခြောက်ရာ ကမ်ပိန်းစတင်


ဇွန်လ၁၇ရက်


ရေစကြိုမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ ရဲ့ ''ထန်းသီးမုန့်လို့အမည်ပေးထားတဲ့ သိန်းခြောက်ရာ ကမ်ပိန်းစတင်ကြောင်း ဇွန်လအတွင်း ရေစကြိုမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ကအသိပေးဖော်ပြပါတယ်။


"ကျွန်တော်တို့ရေစကြိုမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ ရဲ့ ''ထန်းသီးမုန့်လို့အမည်ပေးထားတဲ့ သိန်းခြောက်ရာ ကမ်ပိန်းလေး ဇွန်လ၁၆ရက်နေ့ညက စတင်ဖွင့်လှစ်ခဲ့ပါပြီ။ ကျွန်တော်တို့ ရေစကြိုလို့ ပြောလိုက်တာနဲ့ အညာဒေသ ရေစကြိုထွက် "ထန်းသီးမုန့်ကိုဘဲ သိကြမှာပါ။ ကျတော့်ကမ်ပိန်းက မုန့်ရောင်းမှာ မဟုတ်ပါဘူးဗျ။ အညာဒေသ ရေစကြိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ People's Security Force(Yesagyo) က ရဲဘော်လေးများအတွက် လိုအပ်နေသော လက်နက်တပ်ဆင်နိုင်ရန်အတွက်ပါ"လို့ဆိုထားပါတယ်။


 အလှူငွေထည့်ဝင်သူများကိုကျေးဇူးတုန့်ပြန်သော အနေဖြင့် ဒါရိုက်တာ ကိုပေါက်(တော်လှန်အနုပညာရှင်)ရဲ့ပန်ချီကား နှင့် အမေစုပုံဒင်္ဂါးပြားဆယ်ပြားကိုမဲပေါက်ရွေးချယ်ကာ ကျေးဇူးတုန့်ပြန်ပေးသွားမှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့် ခါးရှဲလ်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန အမှတ်စဉ် /၂၀၂၄သင်တန်းဆင်းပွဲကျင်းပ


ဇွန်လ၁၇ရက်


ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန အမှတ်စဉ် /၂၀၂၄သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်းကို ဇွန်လ၁၇ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကအသိပေးထုတ်ပြန်ပါတယ်။


"ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန အမှတ်စဉ်၂/၂၀၂၄သင်တန်းဆင်းပွဲ ပုံရိပ်များ"လို့ဖော်ပြပါတယ်။


လက်ရှိမှာ ကာကွယ်ရေးဝန်ကြီးဌာနဟာ သင်တန်းများနှင့်မွမ်းမံသင်တန်းများဖွင့်လှစ်ခြင်း၊လက်နက်တပ်ဆင်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိပါတယ်။


========================


🚩🚩 ၂။ စဉ့်ကူးမြို့နယ် ရွှေပြည်ရွာမှစကစတပ်များနှင့် ပျုများ ပေါင်း၍  တရောပင်ကျေးရွာရှိပြည်သူပိုင် အိမ် ၃၅လုံးခန့်ကို မီးရှို့ဖျက်ဆီး


ဇွန်လ၁၇ရက်


စဉ့်ကူးမြို့နယ် ရွှေပြည်ရွာမှစကစတပ်များနှင့် ပျုများ ပေါင်း၍  တရောပင်ကျေးရွာရှိပြည်သူပိုင် အိမ် ၃၅လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


ဇွန်လ၁၇ရက်မှာ wetletinformationalnetworkကအသိပေးဖော်ပြပါတယ်။


စဉ့်ကူးမြို့နယ် ရွှေပြည်ရွာ အထိုင်ခြံရှိ စကစများနှင့် ပျူများ ပေါင်း၍ ဇွန်လ၁၅ရက်နေ့ မွန်းလွဲ၁နာရီခန့်တွင် တရောပင်ကျေးရွာထဲသို့ ဝင်ရောက်လာပြီ ပြည်သူပိုင် အိမ် ၃၅လုံးခန့်ကို အကြောင်းမဲ့ ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိထားတယ်လို့ဆိုပါတယ်။


၂၀၂၄ ခုနှစ်၊ မေလ မှတ်တမ်းအရ အာဏာသိမ်းစစ်တပ်မှ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ သည့် ပြည်သူ (,၁၀၀ကျော်ရှိပြီး  ပြည်သူပိုင်အိုးအိမ်တိုက်တာ ပစ္စည်း (သောင်းကျော်မှာ စစ်တပ်၏ အဆင်အခြင်မဲ့ တိုက်ခိုက်မှု၊ လေကြောင်းမှ ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်မှုများနှင့် မီးရှို့ဖျက်ဆီးခြင်းများကြောင့် ပျက်စီးခဲ့ရပါတယ်။


========================


🚩🚩 ၃။ မြင်းခြံမြို့မရဲစခန်းနဲ့မြဝတီဘဏ်တို့ကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ဆို


ဇွန်လ၁၇ရက်


မြင်းခြံမြို့၊အမှတ်()ရဲစခန်းနဲ့မြဝတီဘဏ်တို့ကို ဇွန်၁၅ရက်နေ့ ()နာရီခန့်က ဖောက်ခွဲတိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ မြင်းခြံကျားမာန် မြို့ပြပျောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။


ထိခိုက်မှု ရှိနိုင်ပြီး ထိခိုက်တာကို စုံစမ်းနေတယ်၊မြင်းခြံခရိုင်အတွင်း စစ်ကြောင်းထိုးမီးရှို့နေတဲ့အတွက် မြင်းခြံမြို့ပေါ်မှာ တုံ့ပြန်တိုက်ခိုက်မှု လုပ်ခဲ့တာဖြစ်ပြီး အရှိန်မြှင့်ပိုလုပ်သွားမယ် ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


မြင်းခြံမြို့နယ်မှာစကစတပ်များဟာ စစ်ဆေးမှုများကို အရှိန်မြှင့်လုပ်ဆောင်နေကာလူထုအပေါ်ဖမ်းဆီး ငွေညှစ်မှုများလည်းလုပ်ဆောင်လျက်ရှိပါတယ်။


========================


🚩🚩 ၄။ ဇွန်လ (၁၆ရက်၊  (နာရီအချိန်မှ စတင်ပြီး မောင်တောမြို့အတွင်းမှ အမြန်ဆုံး ချက်ချင်းထွက်ခွာကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်မှ အလေးအနက် အသိပေး ထုတ်ပြန်


ဇွန် ၁၇ Radio NUG


မောင်တောဒေသခံ ပြည်သူလူထုတို့၏ အသက်အန္တရာယ်ကို စိုးရိမ်သောကြောင့် မောင်တော မြို့သူ မြို့သားများအနေဖြင့် ယနေ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၆ရက်၊  (နာရီအချိန်မှစတင်ပြီး မောင်တောမြို့အတွင်းမှ အမြန်ဆုံး ချက်ချင်းထွက်ခွာကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်မှ အလေးအနက် အသိပေး ထုတ်ပြန်ထားပါတယ်။


ဘင်္ဂလားပင်လယ်အော်နှင့် အပြိုင်တည်ရှိနေသော မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းများ အားလုံးနီးပါးအား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်၍ အပြီးသတ်သိမ်းပိုက်ထားပြီးသည့်အချိန်တွင် မောင်တောမြို့နှင့် မောင်တောမြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများအားလုံးကိုလည်း AAမှ ဝိုင်းရံ ပိတ်ဆို့ ဖြတ်တောက်ထားပြီးဖြစ်ပါတယ်။


စစ်ကောင်စီသည် မောင်တောမြို့အား ၎င်းတို့၏ စစ်စခန်းများသဖွယ်အသုံးပြုပြီး မြို့ပြစစ်ဆင်ရေးကို ပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီလို့ဖော်ပြထားပါတယ်။


အဆိုပါ လက်ကျန်စခန်းများ အားလုံးကို AAမှ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် မောင်တော မြို့သူမြို့သားများ အနေဖြင့် စစ်ကောင်စီ၏ လမ်းမ၊ အိမ်များအတွင်းမှ ခုခံစစ်ပြင်ထားသော နေရာများ၊ တိုက်တာအဆောက်အအုံ များပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ်ထားသော နေရာများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာ နေရာများတွင် အတူပူးတွဲနေထိုင်ခြင်းမျိုး မရှိစေရန် သတိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ စဉ့်ကူးမြို့နယ် တရောပင်ကျေးရွာရှိ ပြည်သူပိုင် အိမ်များကို အကြောင်းမဲ့ ဝင်ရောက် မီးရှို့ဖျက်စီး


ဇွန် ၁၇ Radio NUG


ဇွန်လ ၁၅ရက်နေ့ နေ့ခင်း ၁နာရီခန့်တွင် စဉ့်ကူးမြို့နယ် ရွှေပြည်ရွာ အထိုင်ခြံရှိ စစ်သားနှင့် ပျူစောထီးများပေါင်း၍ ပြည်သူပိုင် အိမ်များကို အကြောင်းမဲ့ ဝင်ရောက် မီးရှို့ဖျက်စီးခဲ့ကြောင်း Wetlet Informational Network က သတင်းထုတ်ပြန်ပါတယ်။


တရောပင်ကျေးရွာထဲသို့ ဝင်ရောက်လာပြီ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူပိုင် အိမ် ၃၅လုံးခန့် မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ မိုးမိတ်နှင့် နောင်ချိုတို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးအပြင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်


ဇွန် ၁၇ Radio NUG


ဇွန်လ(၁၆)ရက်နေ့၊ ညနေ(:၃၀)နာရီအချိန်တွင် တအာင်းပြည်၊ တပ်မဟာ()စစ်ဒေသ၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဘန့်ဘွေကျေးရွာမှ ဆမ္မဆယ်ရွာသို့ ဒရုန်းဖြင့် ဗုံး()လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း PSLF/TNLAက သတင်းထုတ်ပြန်ပါတယ်။


ညနေ()နာရီခန့် အချိန်တွင်လည်း အုမ္မတီးနှင့် အုမ္မခါးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် သုံးဆယ်ကျေးရွာ ()ရပ်ကွက်သို့ လက်နက်ဖြင့် ()ကြိမ် ထပ်မံပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ဇွန်လ(၁၅)ရက်နေ့၊ (:၄၅)နာရီမှ (၁၂:၀၀)နာရီအထိ မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်သည်  ဒိုပင်ကျေးရွာသို့ ဦးတည်ကာ လက်နက်ကြီး ()ကြိမ်၊ နောင်ချိုမြို့နယ် အုမ္မတီးနှင့် အုမ္မခါးလမ်းခွဲမှနေ၍ ဆမ္မဆယ်ရွာဘက်သို့ လက်နက်ကြီး ()လုံး ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


စစ်ကောင်စီတပ်သည် ပြည်သူများနေထိုင်ရာ ကျေးရွာများသို့  ရည်ရွယ်ချက်ရှိရှိ ဒရုန်းနှင့်လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ကျေးရွာဒေသခံအချို့ စိုးရိမ်ပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်​ နေထိုင်ခဲ့ကြရပါတယ်။


လွန်ခဲ့သည့် ဇွန်လ ()ရက်နေ့မှ ယမန်နေ့(၁၆)ရက်နေ့အထိ မိုးမိတ်နှင့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံး()လုံးနှင့် လက်နက်ကြီး (၄၂)ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင်စခန်းများသို့ ငွေကြေးနှင့် အစားအသောက်များ သွားရောက်လှူဒါန်းခဲ့


ဇွန်လ(၁၇)ရက် 


ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင်စခန်းများသို့ ငွေကြေးနှင့် အစားအသောက်များ သွားရောက်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။


ဇွန်လ၁၇ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကအသိပေးဖော်ပြပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင်စခန်းများသို့ ငွေကြေးနှင့် အစားအသောက်များ သွားရောက်လှူဒါန်းခဲ့သည် မှတ်တမ်းဓာတ်ပုံများ ဖြစ်တယ်လို့ဖော်ပြပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဟာ စစ်ရေးတာဝန်များအပြင် ပြည်သူလူထုကိုစောင့်ရှောက်ကာကွယ်ခြင်းတို့အပါအဝင်ကျန်းမာရေးစောင့်ရှောက်မှုများကိုပါလုပ်ဆောင်ပေးလျက်ရှိပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့် ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment