18th JUN 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဇွန်လ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့နေ မြန်မာပြည်ဖွား တိုင်းရင်းသားများနှင့် တွေ့ဆုံပွဲ လူသုံးရာကျော်တက်ရောက်

📌 ၂။ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်ရင်း NUGဟာ ထိန်းသိမ်းရေးတာဝန်တွေကိုလည်း အစဉ်မပြတ်ဆောင်ရွက်နေကြတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းအသိပေးဆို

📌 ၃။ တော်လှန်ရေးအဖွဲ့အစည်းများတွင် ပါဝင်နေကြသော မွတ်စလင်ရဲဘော်တို့၏ အနစ်နာခံ စွန့်လွှတ်မှုများကိုလည်း လေးစားလျက်ရှိတယ်လို့တရားရေးဝန်ကြီးဌာနအသိပေးထုတ်ပြန်

📌 ၄။ ဂန့်ဂေါမြို့ပေါ်တွင် အသက် ၁၈နှစ်ကျော် ကျောင်းသားများအား ကျောင်းအပ်လက်မခံရန် အမိန့်ထုတ်ပြန်ထား

📌 ၅။ စစ်အုပ်စုကြောင့် ကျောင်းနေအရွယ် ကလေးငယ်များမှာ လွတ်လပ်စွာ ပညာသင်ကြားခွင့် ဆုံးရှုံးနေပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းများကိုလည်း စစ်အုပ်စုက ဦးတည်တိုက်ခိုက်နေ

📌 ၆။ နော်ဝေနိုင်ငံဒေါ်အောင်ဆန်းစုကြည်ပန်းခြံတွင် ၇၉နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်နှင့် ပန်းချီကား လေလံရောင်းချပွဲကိုကျင်းပမယ်

📌 ၇။ မေလအတွင်းစစ်ရှောင်အမျိုးသမီးများ၊ စစ်ရှောင်ကိုယ်၀န်သည် အမျိုးသမီးများနှင့် စစ်ကောင်စီ၏အကြမ်းဖက်မှုကြောင့် ထိခိုက်ဒဏ်ရာရအမျိုးသမီးများ၊သေဆုံးအမျိုးသမီးများအတွက် ဆားလင်းကြီးမြို့နယ်မှာထောက်ပံ့လှူဒါန်းခဲ့


၂၀၂၄ ခုနှစ် ဇွန်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ မေလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀၀ နီးပါး သေဆုံးပြီး တပ်စခန်းပေါင်း ၂၀၀ ကျော်ဆုံးရှုံး

🚩 ၂။ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် ခလယ်လွီထူ ခရိုင်က မြို့နယ် ခုမှာ လအတွင်း ပြည်သူ ၅၃ ဦး သေဆုံး ကာ ၁၅၄ ဦး ဒဏ်ရာရခဲ့

🚩 ၃။ စစ်သားနှင့်ပြည်သူ့စစ်များ စောင့်ပေးနေသည့် သနတ်တန်းရွာ လောင်းကစားဝိုင်းကို ပြည်သူများတိုင်ကြားမှုကြောင့် ရှင်းလင်းပစ်ခတ်

🚩 ၄။ ဆားတောင်နယ်မြေရဲစခန်း ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရ

🚩 ၅။ ထား၀ယ်မြို့လယ်ခေါင်၌ စစ်ကောင်စီတပ်များအား မိုင်းထောင်ထားရာ လာရောက်ဖြုတ်သည့်စစ်ကောင်စီBEတပ်မှတစ်ဦးထိခိုက်သေဆုံး

🚩 ၆။ တောင်ကုတ်တက္ကသိုလ်ဝန်းထဲ စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲ

🚩 ၇။ ဂန့်ဂေါမြို့ ခလရ ၅၀ ထဲမှ စစ်မေ ၂ဦး PDF ရဲဘော်များကို ကျည်ခိုးရောင်းသဖြင့် အရိုက်ခံရကာ ဆေးကုသမှု ခံယူနေရ

🚩 ၈။ ကျွန်းလှမြို့နယ်၊ အင်တိုင်းရွာသို့ ရွှေပေါ်ကုန်းမှ ထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးစုစုပေါင်းအင်အားနှစ်ရာခန့်အကြမ်းဖက်ဝင်ရောက်လာ၍ သဖန်းဆိပ်ဆည်အနီးရှိ ကျေးရွာမှ ပြည်သူများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့နေ မြန်မာပြည်ဖွား တိုင်းရင်းသားများနှင့် တွေ့ဆုံပွဲ လူသုံးရာကျော်တက်ရောက်


ဇွန်လ(၁၇)ရက်။ 

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဆစ်ဒနီမြို့ခံ မြန်မာပြည်ဖွား တိုင်းရင်းသားပြည်သူ သုံးရာကျော်ခန့်နှင့် တွေ့ဆုံသော လူထုအစည်းအဝေးသို့ ဇွန်လ ၁၆ ရက်နေ့တွင် တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ပြည်ထောင်စုဝန်ကြီးမှ နိုင်ငံရေး၊ နိုင်ငံခြားရေးနှင့် သံတမန်ဆက်ဆံရေးကဏ္ဍများတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်ရှိကြိုးပမ်းဆောင်ရွက်နေသော အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။


ထို့အပြင် တက်ရောက်သူများ မေးမြန်းသည့် တော်လှန်ရေး အခြေအနေအရပ်ရပ်၊ မဟာမိတ်ဆက်ဆံရေး အခြေအနေ၊ လက်ရှိ ဩစတေးလျ ခရီးစဉ်၏ ရည်ရွယ်ချက် မျှော်မှန်းချက်များနှင့် ဆောင်ရွက်ရန်ရှိသည့် ရှေ့လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းဖြေကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲ အစီအစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အကြိုအဖြစ် သီချင်းဖြင့် ဂုဏ်ပြုခြင်း၊ ကဗျာရွတ်ဆိုခြင်းနှင့် မွေးနေ့ဆုတောင်းခြင်း အစီအစဉ်ကိုလည်း ထည့်သွင်းကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်ရင်း NUGဟာ ထိန်းသိမ်းရေးတာဝန်တွေကိုလည်း အစဉ်မပြတ်ဆောင်ရွက်နေကြတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းအသိပေးဆို


ဇွန်လ၁၇ရက်။

တော်လှန်ရေး တာဝန်တွေကို ထမ်းဆောင်ရင်း NUGဟာထိန်းသိမ်းရေးတာဝန်တွေကိုလည်း အစဉ်မပြတ် ဆောင်ရွက်နေကြတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းအသိပေးဆိုလိုက်ပါတယ်။


ဇွန်လ၁၇ရက်ဆိုရှယ်မီဒီယာမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းကဆိုပါတယ်။


"တော်လှန်ရေး တာဝန်တွေကို ထမ်းဆောင်ရင်း ကျွန်တော်တို့ဟာ ထိန်းသိမ်းရေးတာဝန်တွေကိုလည်း အစဉ်မပြတ် ဆောင်ရွက်နေကြပါတယ်။ လေ့လာဆင်ခြင် အကောင်အထည်ဖော်နိုင်ကြဖို့ ရဲဘော်ရဲဘက်များနဲ့ သက်ဆိုင်ရာ ပြည်သူများကို မျှဝေနှိုးဆော်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ပုဂံရှေးဟောင်းယဉ်ကျေးမှု (ကမ္ဘာ့အမွေအနှစ်)ဒေသ၏ ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ ကိစ္စရပ်များအား စောင်းငဲ့ကြည့်ရှုခြင်း တင်ပြချက်အား အမွေအနှစ်ဆိုင်ရာကြားကာလစီမံအုပ်ရေးဗဟိုအဖွဲ့ကထုတ်ပြန်ဖော်ပြခဲ့ပါတယ်။


========================


📌📌 ၃။ တော်လှန်ရေးအဖွဲ့အစည်းများတွင် ပါဝင်နေကြသော မွတ်စလင်ရဲဘော်တို့၏ အနစ်နာခံ စွန့်လွှတ်မှုများကိုလည်း လေးစားလျက်ရှိတယ်လို့တရားရေးဝန်ကြီးဌာနအသိပေးထုတ်ပြန်


ဇွန်လ၁၇ရက်။

တော်လှန်ရေးအဖွဲ့အစည်းများတွင် ပါဝင်နေကြသော မွတ်စလင်ရဲဘော်တို့၏ အနစ်နာခံ စွန့်လွှတ်မှုများကိုလည်း လေးစားလျက်ရှိတယ်လို့ တရားရေးဝန်ကြီးဌာနအသိပေးထုတ်ပြန်လိုက်ပါတယ်။


ဇွန်လ၁၇ရက် Eid al-Adha မင်္ဂလာအခါသမယတွင် တရားရေးဝန်ကြီးဌာနကဆုမွန်ကောင်းတောင်းဖော်ပြခဲ့ပါတယ်။


စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သော ဤနွေဦးတော်လှန်ရေးတွင်သာမက ကျွန်ုပ်တို့နိုင်ငံ၏ သမိုင်းအဆက်ဆက် ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် အစ္စလာမ်ဘာသာဝင်များ၏ တက်တက်ကြွကြွ ပါဝင်မှု၊ ပံ့ပိုးကူညီမှု၊ စွန့်လွှတ်အနစ်နာခံမှုများကို အတိုင်းသား တွေ့မြင်ရတယ်လို့ဆိုပါတယ်။


အာဏာရှင် တော်လှန်ရေးနှင့် လူ့အခွင့်အရေးအပြည့်အဝရသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရာတွင် မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်မတော်PDFတွင်သာမက အခြားသော တော်လှန်ရေးအဖွဲ့အစည်းများတွင် ပါဝင်နေကြသော မွတ်စလင်ရဲဘော်တို့၏ အနစ်နာခံ စွန့်လွှတ်မှုများကိုလည်း လေးစားလျက်ရှိတယ်လို့ဖော်ပြပါတယ်။


Eid နေ့တွင် အားလုံးအတွက် ရွှင်လန်း ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ဆောင်ကြဉ်းပေးပါစေရန် တရားရေးဝန်ကြီးဌာနမှ ဆုတောင်းလိုက်တယ်လို့ဆိုထားပါတယ်။


========================


📌📌 ၄။ ဂန့်ဂေါမြို့ပေါ်တွင် အသက် ၁၈နှစ်ကျော် ကျောင်းသားများအား ကျောင်းအပ်လက်မခံရန် အမိန့်ထုတ်ပြန်ထား


ဇွန်လ ၁၇ရက်။

Radio NUG

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်ရှိ စကစကဖွင့်လှစ်ထားတဲ့ အထက်တန်းကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံရာမှာ စကစ အာဏာသိမ်းမှုနောက်ပိုင်း ကျောင်းမတက်ရောက်ဖြစ်ခဲ့ဘဲ အခုမှ ပြန်လည်တက်ရောက်လိုတဲ့ အသက် ၁၈နှစ်ကျော် ကျောင်းသူ/ကျောင်းသားများကို ၂၀၂၄-၂၀၂၅ခုနှစ် ပညာသင်နှစ် ကျောင်းအပ်လက်မခံရန် အမိန့်စာထုတ်ပြန်ထားကြောင်း ယောအလင်းတန်းမှာ ဖော်ပြထားပါတယ်။


ဂန့်ဂေါမြို့ပေါ်ရှိ စကစ အထက်တန်းကျောင်း ကျောင်းကို ဇွန်လ ၃ရက်နေ့တွင် ကျောင်းဖွင့်ခဲ့တာဖြစ်ပြီး ကျောင်းတက်ချိန်ကို မနက် ၈နာရီမှ နေ့လည် ၁၂နာရီ ၁၅မိနစ်အထိ သတ်မှတ်ထားကြောင်း သိရပါတယ်။


မြို့မအထက်တန်းကျောင်းမှာ စကစအာဏာသိမ်းပြီးနောက်ပိုင်း ဆက်တိုက်ကျောင်းတက်ခဲ့တဲ့ ကျောင်းသားများကိုသာ လက်ခံခဲ့တာဖြစ်ကြောင်း သိရပါတယ်။


ဂန့်ဂေါမြို့နယ်တွင် ဂန့်ဂေါမြို့ပေါ်နှင့် ပျူစောထီးကျေးရွာများမှာသာ စကစ ကျောင်းဖွင့်နိုင်ပြီး PDFများ စိုးမိုးထားတဲ့ နယ်မြေများတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျောင်းများသာ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။


NUG ပညာရေးကျောင်းပေါင်း ၉၈ ကျောင်းဖွင့်လှစ်ထားပြီး ကျောင်းသားဦးရေ ၁၇၀၀၀ ကျော် တက်ရောက်နေကြောင်း သိရပါတယ်။


NUG ပညာရေးကျောင်းတွေမှာ စကစကျောင်းတွေကနေ ပြောင်းလာတဲ့ကျောင်းသား/သူတွေကိုလည်း စံသတ်မှတ်ချက်တွေနဲ့အညီ ခိုင်လုံစွာ စစ်ဆေးပြီးပါက မိဘဆွေမျိုးတွေကို ခံဝန်ကတိထိုးခိုင်းစေပြီး NUG ပြည်သူ့အခြေပြုကျောင်းများမှာ အတားအဆီးမရှိ သင်ယူခွင့်ပြုထားပါတယ်လို့ ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောဆိုထားပါတယ်။


========================


📌📌 ၅။ စစ်အုပ်စုကြောင့် ကျောင်းနေအရွယ် ကလေးငယ်များမှာ လွတ်လပ်စွာ ပညာသင်ကြားခွင့် ဆုံးရှုံးနေပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းများကိုလည်း စစ်အုပ်စုက ဦးတည်တိုက်ခိုက်နေ


ဇွန်လ၁၇ရက်။

စစ်အုပ်စုကြောင့် ကျောင်းနေအရွယ် ကလေးငယ်များမှာ လွတ်လပ်စွာ ပညာသင်ကြားခွင့် ဆုံးရှုံးနေပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းများကိုလည်း စစ်အုပ်စုက ဦးတည်တိုက်ခိုက်နေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းAAPPကဖော်ပြပါတယ်။


ဇွန်လ ၁၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးကျေးရွာရှိ စာသင်ကျောင်းကို စစ်အုပ်စုက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းဆောင်များ ထိခိုက်ပျက်စီးခဲ့ရပါတယ်။


အဆိုပါနေ့တွင်ပင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ကျေးရွာကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာရှိ စာသင်ကျောင်းဆောင် တစ်ဆောင် ပြိုကျပျက်စီးခဲ့ပါတယ်။


လက်ရှိမြန်မာနိုင်ငံ့လူဦးရေစုစုပေါင်းအနက် ()သန်းကျော်မှာ ပြည်တွင်းနေရပ်စွန့်ခွာသူများဖြစ်နေပြီး (၁၈.)သန်းမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်လျက်ရှိပြီး ယင်းတို့အနက်()သန်းမှာ ကလေးငယ်များဖြစ်ကြောင်းသိရပါတယ်။


========================


📌📌 ၆။ နော်ဝေနိုင်ငံဒေါ်အောင်ဆန်းစုကြည်ပန်းခြံတွင် ၇၉နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်နှင့် ပန်းချီကား လေလံရောင်းချပွဲကိုကျင်းပမယ်


ဇွန်လ၁၇ရက်။

နော်ဝေနိုင်ငံဒေါ်အောင်ဆန်းစုကြည်ပန်းခြံတွင် ၇၉နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်နှင့် ပန်းချီကား လေလံရောင်းချပွဲကိုကျင်းပမယ်လို့သတင်းရရှိပါတယ်။


ဇွန်လ၂၂ရက် နော်ဝေနိုင်ငံဒေါ်အောင်ဆန်းစုကြည်ပန်းခြံတွင်၇၉နှစ်ပြည့်မွေးနေ့ကိုကျင်းပသွားမှာဖြစ်ပါတယ်။


ရန်ပုံငွေရှာဖွေရေးဆိုင်ရာ လူထုခေါင်းဆောင်၊ ဒေါ်အောင်ဆန်းစုကြည်၏ ၇၉နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ရေဆေးပန်းချီကား( 8inch x 10 inch)ကို နော်ဝေးနိုင်ငံရှိ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံတွင် လေလံတင်ရောင်းချသွားမည်ဖြစ်ပြီး ရောင်းချမှုမှ ရရှိသည့် ငွေကြေးများကို ဒီမိုကရက်တစ်လူငယ်ကောင်စီ၊ လူငယ်နိုင်ငံရေးအဖွဲ့အစည်း၏ နိုင်ငံရေးအသိပညာမျှဝေရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာ/ကျန်းမာကဏ္ဍများတွင် သုံးစွဲသွားမှာဖြစ်တယ်လို့သိရပါတယ်။


အဆိုပါနေ့တွင်၊ ဒေါ်အောင်ဆန်းစုကြည်၏ ၇၉နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အခြားအစီအစဥ်များလည်းပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၇။ မေလအတွင်းစစ်ရှောင်အမျိုးသမီးများ၊ စစ်ရှောင်ကိုယ်၀န်သည် အမျိုးသမီးများနှင့် စစ်ကောင်စီ၏အကြမ်းဖက်မှုကြောင့် ထိခိုက်ဒဏ်ရာရအမျိုးသမီးများ၊သေဆုံးအမျိုးသမီးများအတွက် ဆားလင်းကြီးမြို့နယ်မှာထောက်ပံ့လှူဒါန်းခဲ့


ဇွန်လ၁၇ရက်။

မေလအတွင်းစစ်ရှောင်အမျိုးသမီးများ၊ စစ်ရှောင်ကိုယ်၀န်သည် အမျိုးသမီးများနှင့် စစ်ကောင်စီ၏အကြမ်းဖက်မှုကြောင့် ထိခိုက်ဒဏ်ရာရအမျိုးသမီးများ၊သေဆုံးအမျိုးသမီးများအတွက် ဆားလင်းကြီးမြို့နယ်မှာထောက်ပံ့လှူဒါန်းခဲ့တယ်လို့သတင်းရရှိပါတယ်။


ဇွန်လ၁၇ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဆားလင်းကြီးမြို့နယ်ကအသိပေးဖော်ပြပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဆားလင်းကြီးမြို့နယ်၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဌာနမှ၂၀၂၄ခုနှစ်မေလအတွင်း စစ်ရှောင်အမျိုးသမီးများ၊ စစ်ရှောင်ကိုယ်၀န်သည် အမျိုးသမီးများ၊ စစ်ကောင်စီ၏အကြမ်းဖက်မှုကြောင့် ထိခိုက်ဒဏ်ရာရအမျိုးသမီးများ၊သေဆုံးအမျိုးသမီးများစုစုပေါင်း၂၆ဦးအား တစ်ဦးလျှင်၅၀၀၀၀ကျပ်ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ဖော်ပြပါတယ်။


ထို့အပြင်မိုင်းအန္တာရာယ်၊ လေကြောင်းတိုက်ခိုက်မှုအန္တာရာယ်၊ အမျိုးသမီးနှင့်ကလေးသူငယ်ဆိုင်ရာအသိပေး ဟောပြောမှုများပြုလုပ်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ မေလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀၀ နီးပါး သေဆုံးပြီး တပ်စခန်းပေါင်း ၂၀၀ ကျော်ဆုံးရှုံး


ဇွန်လ ၁၇ရက်။ 

Radio NUG

၂၀၂၄ ခုနှစ် ဇန်နဝါရီမှ မေလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀၀ နီးပါး သေဆုံးပြီး တပ်စခန်းပေါင်း ၂၁၈ခု လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ ဗမာဖက်ဆစ်နှင့် အမျိုးသားရေးဝါဒီ လှုပ်ရှားမှု စောင့်ကြည့်အစီအစဉ် (Burma Fascism and Nationalism Watch –BFNW)က သတင်းထုတ်ပြန်ထားပါတယ်။


ဒီစခန်းပေါင်း ၂၀၀ကျော် လက်လွှတ်ဆုံးရှုံးရမှုဟာ အာဏာသိမ်း စစ်ကောင်စီတပ်ကိုတော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း ၂၀၀၀ကျော်အတွင်း စစ်ကောင်စီတပ်က တပ်စခန်းဆုံးရှုံးခဲ့ရမှုတွေ ဖြစ်ပါတယ်။


ကချင်ပြည်နယ်မှာ တပ်စခန်းပေါင်း ၁၀၃ ခု၊ ရခိုင်ပြည်နယ်မှာ တပ်စခန်းပေါင်း ၆၃ ခု အပါအဝင် ချင်း၊ ကရင်၊ ရှမ်း၊ မွန်၊ ကရင်နီ့(ကယား)ပြည်နယ်နဲ့ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ပဲခူးတိုင်းတွေက တပ်စခန်းအများအပြားကို စစ်ကောင်စီတပ်က ၅လအတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။


စစ်ကောင်စီတပ်ဘက်က ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် တပ်ဖွဲ့ဝင်ပေါင်း ၂၈၆၉ ဦးသေဆုံးပြီး ၂၈၁၃ ဦး ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးအင်အားစုတွေဘက်က ၄၀၅ ဦးသေဆုံးပြီး ၉၀၃ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


စခန်းသိမ်းခံရတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇၀၀ကျော်ဖမ်းဆီးခံခဲ့ရပြီး ဘက်ပြောင်းအလင်းဝင်လာသူအရေအတွက်ကလည်း ၄၁၀၁ ဦးအထိရှိခဲ့ပါတယ်။


ဒီကာလအတွင်း နှစ်ဖက်တိုက်ခိုက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ မိုင်းပေါက်ကွဲမှုတွေကြောင့် အရပ်သား ၁၁၅၃ ဦးသေဆုံးခဲ့ရသလို ၁၁၉၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၂။ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် ခလယ်လွီထူ ခရိုင်က မြို့နယ် ခုမှာ လအတွင်း ပြည်သူ ၅၃ ဦး သေဆုံး ကာ ၁၅၄ ဦး ဒဏ်ရာရခဲ့


ဇွန်လ ၁၇ရက်။

Radio NUG

ကရင့်အမျိုးသား အစည်းအရုံး(KNU) ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ တပ်မဟာ()နယ်မြေအတွင်းက မြို့နယ် ခုမှာ ယခုနှစ် ဖေဖော်ဝါရီမှ မေလကုန် အထိ လတာအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် မှုကြောင့် အရပ်သား ပြည်သူ ၅၃ ဦး သေဆုံးပြီး ၁၅၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KICက ဖော်ပြပါတယ်။


ညောင်လေးပင်ခရိုင်အတွင်း ဆောထိ(ရွှေကျင်) ကျောက်ကြီးနဲ့ မုန်းစတဲ့ မြို့နယ် ခုမှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းအပြင် နေ့စဉ်နီးပါး ဖမ်းဆီးမှုများ ပြုလုပ်နေတာကြောင့် အခုလို ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်နေရတာ ဖြစ်ကြောင်း ညောင်လေးပင်ခရိုင် ပြောခွင်ရ ပဒို စောဟဲဂေ က ပြောပါတယ်။


ပြီးခဲ့တဲ့ မေလအတွင်း ကျောက်ကြီးမြို့နယ် ဘောကထ စစ်ကောင်စီ တပ်စခန်းမှ တပ်ဖွဲ့ဝင်များ KNLA နှင့် KNDO ပူးပေါင်းတိုက်ခိုက်မှုကြောင့် စခန်းစွန့်ခွာသွားခဲ့ရပြီးနောက် စခန်းပြန်ရရန် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က လမ်းတစ်လျောက်ကျေးရွာများက ပြည်သူများကို ဖမ်းဆီးပြီး ငွေညှစ်တာတွေ ရှိခဲ့သလို ပျောက်ဆုံးသွားကြသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က စတင်ပြီး KNU ထိန်းချုပ်ရာ ဆောထိ(ရွှေကျင်)မြို့နယ်အတွင်း စစ်ကြော်င်းထိုး ဝင်ရောက်လာတာကြောင့် ကျေးရွာ ရွာမှ အိမ်ထောင်စု (,၁၄၈)စုနဲ့ ဒေသခံ (,၈၁၉)ဦးခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ထားတာရှိပါတယ်။


စစ်အာဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာ()နယ်မြေအတွင်း စစ်ကောင်စီ တပ်စခန်းပေါင်း ၁၇ ခုကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်သလို စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တဲ့ စစ်ကောင်စီ စခန်းပေါင်း ၁၀ ခုအထိ ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ စစ်သားနှင့်ပြည်သူ့စစ်များ စောင့်ပေးနေသည့် သနတ်တန်းရွာ လောင်းကစားဝိုင်းကို ပြည်သူများတိုင်ကြားမှုကြောင့် ရှင်းလင်းပစ်ခတ်


ဇွန်လ ၁၇ရက်။ 

Radio NUG

ဇွန်(၁၆)ရက်နေ့၊ နံနက် (:၁၅) နာရီအချိန်တွင် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ သနတ်တန်းရွာလောင်းကစားဝိုင်း (အာဝါဒေးပွဲ)ကို လာရောက်နှိမ်နှင်းပေးရန် ဒေသခံတွေ တိုင်ကြားလာသဖြင့် ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှင်းလင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဝေါမြို့နယ်(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။


ဒေသခံရွာတွေမှာ လောင်းကစားဝိုင်းတွေကို နယ်မြေခံ အကြမ်းဖက်စစ်တပ်ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသော အာဝါဒေပွဲ(လောင်းကစားဝိုင်း)တွင် စစ်သားနှင့်ပြည်သူ့စစ်များမှ ကင်းသဘောမျိုး စောင့်ကြပ်နေလို့ ပကဖပူးပေါင်းအဖွဲ့များ ဝင်ရောက်တိုက်ခိုက်စဥ် အပြန်အလှန် ပစ်ခတ်မှု () မိနစ်ခန့် ပစ်ခတ်ပြီး၊ စစ်သားနှင့်ပြည်သူ့စစ်များ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။


အဆိုပါအာဝါဒေးပွဲကို ပြည်သူ့စစ်ခေါင်းဆောင် ရဲမင်းထွန်းမှ ဦးဆောင်ကျင်းပကာ စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာများကို သိန်း (၂၀၀)ပေးကာ အာဝါဒေးပြုလုပ်ခွင့် (၁၅) ရက် ခွင့်ပြုပေးထားကြောင်း သိရပါတယ်။


========================


🚩🚩 ၄။ ဆားတောင်နယ်မြေရဲစခန်း ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရ


ဇွန်လ ၁၇ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ဆားတောင်နယ်မြေ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ Phoenix - Sagaing အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


ဇွန်လ ၁၅ ရက်၊ နေ့လည် ၁၁ နာရီခန့်က စစ်ကောင်စီတပ်သားများ တပ်စွဲထားတဲ့ ဆားတောင်နယ်မြေ ရဲစခန်းကို ဒရုန်းများဖြင့် ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် မဟာမိတ်ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုကို Phoenix - Sagaing, Unicorn Guerrilla Force, Royal Falcon Guerrilla Force,ကြောင်လက်သည်း(ဝက်လက်) စစ်ကိုင်းမြို့နယ်(ပကဖ) စစ်ကိုင်းခရိုင်အမှတ်()တပ်ရင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ ထား၀ယ်မြို့လယ်ခေါင်၌ စစ်ကောင်စီတပ်များအား မိုင်းထောင်ထားရာ လာရောက်ဖြုတ်သည့်စစ်ကောင်စီBEတပ်မှတစ်ဦးထိခိုက်သေဆုံး


ဇွန်လ၁၇ရက်။

ထား၀ယ်မြို့လယ်ခေါင်၌ စစ်ကောင်စီတပ်များအား မိုင်းထောင်ထားရာ လာရောက်ဖြုတ်သည့် စစ်ကောင်စီBEတပ်မှတစ်ဦးထိခိုက်သေဆုံးခဲ့ပါတယ်။


ဇွန်လ၁၇ ရက်နေ့ နံနက် :၀၀နာရီအချိန်က တော်လှန်ရေးသမိုင်း၀င် ထား၀ယ်မြို့လယ်ခေါင်ရှိ ဥတ္တံားကြီးလမ်းဆုံ၌ မိုင်းတစ်လုံး၊ မော်တော်ပီကယ်ဂိတ်နံဘေး၌ မိုင်းတစ်လုံး၊ စုစုပေါင်းမိုင်းနှစ်လုံး ချထားပြီး စစ်ကောင်စီမှမိုင်းလာရှင်းချိန် ဖောက်ခွဲတိုက်ခိုက်ရန် လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

 

ပထမတစ်လုံးမှာ မိုင်းဖြုတ်နေစဉ်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီBEတပ်မှတစ်ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ဆိုကာ ဒုတိယတစ်လုံးမှာ ၎င်းတို့မှရှာဖွေတွေ့ရှိခဲ့ပြီး ဖောက်ခွဲရှင်းလင်းခဲ့ပါတယ်။


တိုက်ခိုက်မှုအား လောင်းလုံး(ပကဖ)နှင့် ဒေါင်းညီနောင်စစ်ကြောင်းမှ မြို့ပြပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရပါတယ်။


========================


🚩🚩 ၆။ တောင်ကုတ်တက္ကသိုလ်ဝန်းထဲ စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲ


ဇွန်လ ၁၇ရက်။

Radio NUG

ဇွန်လ ၁၇ ရက်နေ့တွင် တောင်ကုတ်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး တစ်လုံးမှာ တောင်ကုတ်တက္ကသိုလ်သို့ ကျရောက်ပေါက်ကွဲကြောင်း Western Newsမှာ ဖော်ပြထားပါတယ်။


နေ့လယ် နာရီခွဲလောက်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး သင်တန်းရေးရာဌာနမှူး ဦးအောင်စိုးရဲ့ နေအိမ်၊ ကားအားလုံးပျက်စီးသွားတယ်လို့ သိရပါတယ်။


ဇွန်လ ၁၆ရက် နေ့လယ်ကနေစ၍ ၁၇ရက်နေ့အထိ တောင်ကုတ်မြို့နယ်တွင် AAနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ရင်းများကလက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေခြင်းဖြစ်ပါတယ်။


ဇွန်လ ၁၅ ရက်နေ့ ညနေမှာလည်း AA နှင့် စစ်ကောင်စီတို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ ရွာသစ်ကယ်ကျေးရွာက အသက် ၁၇ နှစ်အရွယ် မောင်အောင်လှိုင်ဝင်းမှာ ဝမ်းဗိုက် ဗုံးစထိမှန်ပြီး သေဆုံးသွားကြောင်း သိရပါတယ်။


========================


🚩🚩 ၇။ ဂန့်ဂေါမြို့ ခလရ ၅၀ ထဲမှ စစ်မေ ၂ဦး PDF ရဲဘော်များကို ကျည်ခိုးရောင်းသဖြင့် အရိုက်ခံရကာ ဆေးကုသမှု ခံယူနေရ


ဇွန်လ ၁၇ရက်။

Radio NUG

ဇွန်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ဂန့်ဂေါမြို့ ခလရ ၅၀ တပ်အတွင်း အစည်းဝေးပြုလုပ်ပြီးနောက် စစ်သားနှင့်ရဲများကို တစ်ယောက်လျှင် ကျည်အတောင့် ၅၀၀ဆီ ချပေးခဲ့ပြိး အဲ့ဒီနေ့ ညပိုင်းတွင် ကျည်အရောင်းအဝယ်ပြုလုပ်ကြောင်း သတင်းရရှိလို့ ပေးထားတဲ့ ကျည်များကို စစ်ဆေးရာ စစ်မေ ၂ဦးမှ အပြင်လူ ၃ဦးဖြင့် ချိတ်ဆက်ကာ AKကျည် ၇၀၀၀အား PDFရဲဘော်များထံ ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် စစ်မေ ၂ဦးအား ရိုက်နှစ်အပြစ်ပေးရာ စစ်မေ ၂ဦးမှာ ရရှိသောဒဏ်ရာများဖြင့် ဂန့်ဂေါမြို့ ပြည်သူ့ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေရကြောင်း ယောအလင်းတန်းမှာ ဖော်ပြထားပါတယ်။


စစ်ဆေးချိန်မှာ စစ်မေတစ်ယောက်က လစာငွေနဲ့ မလောက်ငှတော့လို့ ငတ်နေလို့ ကျည်ရောင်းစားရတာလို့ ပြောကြောင်း သိရပါတယ်။


စစ်မေ ဦးသည် AK ကျည်တစ်တောင့်လျှင် ၁၂၀၀၀ ကျပ်နှုန်းဖြင့် ရောင်းခဲ့တာဖြစ်ပြီး ခလရ ၅၀ အတွင်းသို့ ဇွန်လ ၁၃ရက်နေ့မှစတင်ကာ ကျည်ပျောက်ဆုံးမှု နောက်ဆက်တွဲ စစ်ဆေးရန်ရှိသဖြင့်ဟုဆိုကာ အပြင်လူအဝင်အထွက်မပြုလုပ်ရန် ပိတ်ပင်ထားကြောင်းသိရပါတယ်။


ဗိုလ်ကြီးမျိုးဝင်းသူနှင့် P2ဖိုးဇော်တို့သည်လည်း မြို့ပေါ်တွင် သေနတ်အဖောက်ပြကာ ကျန်ရှိနေသော ကျည်များအား စစ်ဆေးရန် ခက်ခဲသည်ကို အခွင့်ကောင်းယူကာ ကျည်အရောင်းအဝယ် မကြာခဏ ပြုလုပ်လျှက်ရှိကြောင်း သိရပါတယ်။ ယခုအခါ ဗိုလ်ကြီး မျိုးဝင်းသူအား ခလရ ၅၀ အတွင်းဖမ်းဆီးထားပြီး P2ဖိုးဇော်မှ နေ့စဉ်ထမင်းပို့ပေးနေရကြောင်း ဖော်ပြထားပါတယ်။


ဇွန်လ၁၆ ရက်နေ့ ညနေ ၅နာရီခွဲခန့်တွင် ဂန့်ဂေါမြို့ ခလရ ၅၀ တပ်တွင်းသို့  Mi17 ထောက်ပို့ယာဉ်တစ်စီး ဆင်းသက်ခဲ့ပြီး ကျည်သေတ္တာတစ်လုံးချခဲ့ကာ ဗကမျိုးဝင်းသူ၏ ယောက်ခမဖြစ်သူပါ ရောက်ရှိလာကြောင်း သိရပါတယ်။


========================


🚩🚩 ၈။ ကျွန်းလှမြို့နယ်၊ အင်တိုင်းရွာသို့ ရွှေပေါ်ကုန်းမှ ထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးစုစုပေါင်းအင်အားနှစ်ရာခန့်အကြမ်းဖက်ဝင်ရောက်လာ၍ သဖန်းဆိပ်ဆည်အနီးရှိ ကျေးရွာမှ ပြည်သူများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရ


ဇွန်လ ၁၇ရက်။

ကျွန်းလှမြို့နယ်၊ အင်တိုင်းရွာသို့ ရွှေပေါ်ကုန်းမှ ထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးစုစုပေါင်းအင်အားနှစ်ရာခန့် အကြမ်းဖက်ဝင်ရောက်လာ၍ သဖန်းဆိပ်ဆည်အနီးရှိ ကျေးရွာမှ ပြည်သူများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သတင်းရရှိပါတယ်။


ဇွန်လ၁၇ရက်မှာ စကစစစ်ကြောင်းရဲ့လှုပ်ရှားမှုကို ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကအသိပေးဖော်ပြပါတယ်။


"ဇွန်လ၁၇ရက် မနက်၁၁နာရီ ၂၀အချိန်ကျွန်းလှမြို့နယ်၊ အင်တိုင်းရွာသို့ ရွှေပေါ်ကုန်းမှ ထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးစုပေါင်းအင်အား နှစ်ရာခန့် ရွာတောင်ဘက်မှ အကြမ်းဖက်ဝင်ရောက်လာကြောင်းသိရတယ်"လို့ဖော်ပြပါတယ်။


ထိုအကြမ်းဖက်စကစစစ်ကြောင်းဝင်ရောက်လာခြင်းကြောင့် သဖန်းဆိပ်ဆည်အနီးရှိ အင်တိုင်း၊ ကျွဲတဲ၊ အင်လှနှင့် မြနှစ်ရွာမှ ပြည်သူများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သတင်းရရှိပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment