19th JUN 2024 - Evening Daily News by Radio NUG

၂၀၂၄ ဇွန်လ ၁၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဘဝ တသက်တာလုံး စွဲမြဲစွာ မြှုပ်နှံခဲ့တဲ့ ဒီမိုကရေစီစံတန်ဖိုးတွေနဲ့  ခေါင်းဆောင်မှု အရည်အချင်းတွေကို တန်ဖိုးထားပြီး စံနမူနာထား ကျင့်ကြံကြဖို့ ယာယီသမ္မတပြောကြား

📌 ၂။ တီမောလက်စ်တေးနိူင်ငံသမ္မတနှင့် NUGနိူင်ငံခြားရေးဝန်ကြီးနှင့်ကျန်းမာရေးဝန်ကြီးတို့တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေး

📌 ၃။ ဖက်ဆစ်ဝင်ငွေဖြတ်တောက်ရေးဆိုတာ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ အာဏာရှင်ကို အရှိုက်ထိုးနိုင်တဲ့ ကိစ္စဖြစ်လို့ပြည်သူများဆက်လက်ပါဝင်ရန် ဝန်ကြီး ဦးတင်ထွန်းနိူင်တိုက်တွန်း

📌 ၄။ စကစကို မြေလှန်ဖို့ပေါ်ထွက်လာတဲ့ နွေဦးထီကိုဆက်လက်ဝိုင်းဝန်းထိုးကြဖို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်တိုက်တွန်း

📌 ၅။ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးချုပ်နှောင်ထားမှုအပေါ် ရှုတ်ချပြီးသူမနဲ့တကွမတရားဖမ်းဆီးခံထားရသူများ အားလုံးကို ပြန်လွှတ်ပေးဖို့UKသံရုံးထုတ်ပြန်

📌 ၆။ ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ရေဘဝဲအဖွဲ့က တကိုယ်တော်ဆန္ဒပြ


၂၀၂၄ ခုနှစ် ဇွန်လ ၁၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ်တွင် ပြည်သူလူထုနှင့်အတူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအောင်မြင်စွာဆင်နွှဲကျင်းပ

🚩 ၂။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မန္တလေး PDF  က တတိယအကြိမ်မြောက် တံခွန်စိုက် ဘောလုံးပြိုင်ပွဲ  ကျင်းပ

🚩 ၃။ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ မိုင်းရှင်းနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဦး သေဆုံး

🚩 ၄။ မြဝတီမြို့နယ်ထဲက စစ်ကောင်စီရဲ့ စုကလိခြေကုတ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်တွေသိမ်းပိုက်

🚩 ၅။ ကမ္မမြို့နယ်မှာ စစ်ယာဉ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်မှု စစ်တပ်ဘက်က ၂ဦး သေဆုံး

🚩 ၆။ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတာကြောင့် TNLA တပ်ဖွဲ့ဝင်တဦးကျဆုံးကာ ဦးဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဘဝ တသက်တာလုံး စွဲမြဲစွာ မြှုပ်နှံခဲ့တဲ့ ဒီမိုကရေစီစံတန်ဖိုးတွေနဲ့  ခေါင်းဆောင်မှု အရည်အချင်းတွေကို တန်ဖိုးထားပြီး စံနမူနာထား ကျင့်ကြံကြဖို့ ယာယီသမ္မတပြောကြား


ဇွန်လ၁၉ရက်


ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဘဝ တသက်တာလုံး စွဲမြဲစွာ မြှုပ်နှံခဲ့တဲ့ ဒီမိုကရေစီစံတန်ဖိုးတွေနဲ့  ခေါင်းဆောင်မှု အရည်အချင်းတွေကို တန်ဖိုးထားပြီး စံနမူနာထားကျင့်ကြံကြဖို့ ယာယီသမ္မတဒူဝါလရှီးလက ဇွန်လ၁၉ရက် နေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်မြောက်မွေးနေ့ပွဲ အခမ်းအနားတွင် ပြောကြားခဲ့ပါတယ်။


"ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဘဝ တသက်တာလုံး စွဲမြဲစွာ မြှုပ်နှံခဲ့တဲ့ ဒီမိုကရေစီစံတန်ဖိုးတွေနဲ့ သူ့ရဲ့ ခေါင်းဆောင်မှုအရည်အချင်းတွေကို တန်ဖိုးထားပြီး စိတ်ထဲ နှလုံးသားထဲကနေ စံနမူနာထား ကျင့်ကြံကြဖို့ အထူးလိုအပ်ပါတယ်။ ဒီလိုကျင့်ကြံကြမှသာ လူထုခေါင်းဆောင်တစ်ယောက်ရဲ့ တန်ဖိုးကို အလေးအနက်ထား တန်ဖိုးသိတယ်လို့ ယူဆနိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ အားလုံးအတွက် ယနေ့ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အခါသမယမှာ သူ့ရဲ့ ဂုဏ်ဒြပ်တွေနဲ့ ခေါင်းဆောင်မှု တန်ဖိုးတွေကို လက်တွေ့ ကာယကံမြောက် တန်ဖိုးထားကြောင်း ပြသတဲ့ လုပ်ရပ်ဖြစ်ပါတယ်"လို့ယာယီသမ္မတကဆိုပါတယ်။


လက်ရှိဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်မြောက်မွေးနေ့မြန်မာတနိူင်ငံလုံးမှာ ပန်းသပိတ်ကိုအောင်မြင်စွာကျင်းပနိူင်ခဲ့ပါတယ်။


========================


📌📌 ၂။ တီမောလက်စ်တေးနိူင်ငံသမ္မတနှင့် NUGနိူင်ငံခြားရေးဝန်ကြီးနှင့်ကျန်းမာရေးဝန်ကြီးတို့တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေး


ဇွန်လ၁၉ရက်


တီမောလက်စ်တေးနိူင်ငံသမ္မတနှင့် NUGနိူင်ငံခြားရေးဝန်ကြီးနှင့်ကျန်းမာရေးဝန်ကြီးတို့တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေးခဲ့ပါတယ်။


ဇွန်လ၁၈ရက်မှာ NUGဝန်ကြီးများနှင့်တွေ့ဆုံခဲ့ကြောင်း သမ္မတ ဂျိုစေး ရာမို့စ် ဟော်တာကဆိုရှယ်မီဒီယာမှာတရားဝင်အသိပေးဖော်ပြထားပါတယ်။


ထိုသို့တွေ့ဆုံရာမှာ NUGနိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးတို့အပါအဝင် ချက်သမ္မတနိူင်ငံ NUGကိုယ်စားလှယ် ဦးလင်းသန့်တို့တက်ရောက်ခဲ့ကြပါတယ်။


ထို့နောက် အပြန်အလှန်အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်အဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်၏ ၇၉နှစ် ပြည့်အမှတ်တရ အကျီအားပေးအပ်ခဲ့ပါတယ်။


========================


📌📌 ၃။ ဖက်ဆစ်ဝင်ငွေဖြတ်တောက်ရေးဆိုတာ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ အာဏာရှင်ကို အရှိုက်ထိုးနိုင်တဲ့ ကိစ္စဖြစ်လို့ပြည်သူများဆက်လက်ပါဝင်ရန် ဝန်ကြီး ဦးတင်ထွန်းနိူင်တိုက်တွန်း


ဇွန်လ၁၉ရက်


ဖက်ဆစ်ဝင်ငွေဖြတ်တောက်ရေးဆိုတာ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ အာဏာရှင်ကို အရှိုက်ထိုးနိုင်တဲ့ ကိစ္စဖြစ်လို့ပြည်သူများဆက်လက်ပါဝင်ရန် ဝန်ကြီး ဦးတင်ထွန်းနိူင်က ဇွန်လ၁၉ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေးဆိုထားပါတယ်။


ဖက်ဆစ်ဝင်ငွေဖြတ်တောက်ရေးဆိုတာ.. ပြည်သူက နည်းလမ်းပေါင်းစုံနဲ့ ပါဝင်နိုင်တဲ့ကိစ္စဖြစ်ပြီးတော့ တဦးချင်းတယောက်ချင်းက အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ အာဏာရှင်ကို အရှိုက်ထိုးနိုင်တဲ့ ကိစ္စပါ..


အကြမ်းဖက်စစ်တပ်ရဲ့ ထုတ်ကုန်တွေ သပိတ်မှောက်တာ၊ မသုံးစွဲတာ စတာတွေကလည်း  အကျိုးရလဒ်ကို ရစေတယ်လို့ဆိုပါတယ်။


"လက်နက်ကိုင် ခုခံတော်လှန်စစ်ဆိုပေမယ့်.. အကြမ်းမဖက်တဲ့ ဘဏ္ဍာရေးစစ်မျက်နှာကလည်း လက်နက်ကိုင်တော်လှန်ရေးနည်းတူ အရေးပါတဲ့ အတွက်.. ကျနော်တို့ ပြည်သူတဦးချင်း တယောက်ချင်းအနေနဲ့ မိမိတို့ရဲ့ အခန်းကဏ္ဍကို လျော့မတွက်ကြဘဲ ပန်းတိုင်မရောက်မချင်း ကျရာနိုင်ရာ အခန်းကဏ္ဍကနေ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့.. လေးနက်စွာ တိုက်တွန်းအပ်ပါတယ်"လို့ ဝန်ကြီးဦးတင်ထွန်းနိူင်ကဆိုပါတယ်။


========================


📌📌 ၄။ စကစကို မြေလှန်ဖို့ပေါ်ထွက်လာတဲ့ နွေဦးထီကိုဆက်လက်ဝိုင်းဝန်းထိုးကြဖို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်တိုက်တွန်း


ဇွန်လ၁၉ရက်


စကစ ကို မြေလှန်ဖို့ပေါ်ထွက်လာတဲ့ နွေဦးထီကိုဆက်လက်ဝိုင်းဝန်းထိုးကြဖို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်က ဇွန်လ၁၉ရက်တွင် ဆိုရှယ်မီဒီယာမှတစ်ဆင့် တိုက်တွန်းထားပါတယ်။


"အောင်လံလွှင့်ချီ နွေဦးထီ ဆိုတာ ထီတစောင်၊ ကံစမ်း တယ်ဆိုတာ ထက် အများကြီးပိုပါတယ်။ ပြည်သူရဲ့ ယုံကြည်မှု ကို ပြသတဲ့ သာမိုမီတာ လိုဖြစ်ပါတယ်။တော်လှန်ရေး စတုန်းကတော့ စကစ ကို မြေလှန်ဖို့ စဉ်းစားရင်း အကြံညဏ်ပေါင်းစုံကို လျှောက်စဉ်းစား၊ လျှောက်ပို့ခဲ့တဲ့ကာလ မှာ အကိုကြီး ကသတိထားမိပြီး သူ့ရဲ့ အမာခံ အဖွဲ့ တွေ အနေနဲ့ အကောင်အထည်ဖော်ခဲ့တာပါ။တကယ်က အကြံပေးတာကလွယ်ပါတယ်။အကောင်အထည် ဖော်ဖို့သာခက်တယ်ဆိုတာ လက်တွေ့ပါပဲ။ ဆက်လက်ပြီး နွေဦးထီ ကို ထိုင်းထီထိုးသလို၊ အမေရိကန် ထီထိုးသလို၊ ယူရိုထီ၊ အိုင်ယာလန် ထီထိုးသလို ကမ္ဘာ တဝန်း ကနေပြီး ဝိုင်းထိုးပေးကြပါလို့"ဆိုထားပါတယ်။


နွေဦးထီပေါ်ပေါက်ပြီးနောက်ပိုင်း စကစ၏ထီဝင်ငွေအနေနဲ့ ကျပ်ဘီလီယံ ၁၆၀ ဝန်းကျင်လောက် ရနေတာကနေ  ၂၀၂၄ ဘဏ္ဍာနှစ်မှာ အောင်ဘာလေထီကနေ ကျပ်ဘီလီယံ ၂၀ လောက်ပဲရရှိတော့တယ်လို့သိရပါတယ်။


========================


📌📌 ၅။ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးချုပ်နှောင်ထားမှုအပေါ် ရှုတ်ချပြီးသူမနဲ့တကွမတရားဖမ်းဆီးခံထားရသူများ အားလုံးကို ပြန်လွှတ်ပေးဖို့UKသံရုံးထုတ်ပြန်


ဇွန်လ၁၉ရက်


ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးချုပ်နှောင်ထားမှုအပေါ် ရှုတ်ချပြီးသူမနဲ့တကွမတရားဖမ်းဆီးခံထားရသူများ အားလုံးကို ပြန်လွှတ်ပေးဖို့UKသံရုံးထုတ်ပြန်လိုက်ပါတယ်။


ဇွန်လ၁၉ရက် UKသံရုံးမြန်မာကအသိပေးဖော်ပြပါတယ်။


"ဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉) နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးချုပ်နှောင်ထားမှုအပေါ် မိမိတို့အနေနဲ့  ရှုတ်ချပြီး၊ သူမနဲ့တကွ မတရားဖမ်းဆီးခံထားရသူများ အားလုံးကို ပြန်လွှတ်ပေးဖို့ ဆက်လက်တောင်းဆိုပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချက်များမှာ နိုင်ငံရေးအရ လှုံ့ဆော် စွပ်စွဲချက်များဖြစ်ကြောင်း ပေါ်လွင်ထင်ရှားတယ်လို့UK သံရုံးမြန်မာကဆိုပါတယ်။


အလားတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ပန်းသပိတ်ကို ဂျာမာန်သံရုံး၊ဒိန်းမတ်သံရုံးတို့ကလည်းပါဝင်ဆင်နွှဲခဲ့ပါတယ်။


========================


📌📌 ၆။ ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ရေဘဝဲအဖွဲ့က တကိုယ်တော်ဆန္ဒပြ


ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ် အဖွဲ့အစည်းက လူငယ်တဦးဟာ "SUU " စာသားအားကိုင်ဆောင်ပြီး ဒီနေ့ ဇွန်လ ၁၉ မနက်ပိုင်းမှာ တကိုယ်တော် ဆန္ဒပြ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ 

စစ်အစိုးရခေတ်အဆက်အဆက် တုန်လှုပ်ခြောက်ခြားစွာနဲ့ "သူမ" "အမျိုးသမီး" "မိန်းမကြီး" "ဦးအောင်ဆန်းသမီး" လို့ စစ်တပ်အသိုင်းအဝိုင်းကသုံးနှုန်းခေါ်ဆိုခဲ့ကြတဲ့ သံမဏိနှင်းဆီ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ၇၉  နှစ်ပြည့်ခဲ့ပါပြီ။ ဒါကြောင့် ကျွန်မတို့ရေဘဝဲအနေနဲ့ စစ်ဘီလူး ဖက်ဆစ်မိစ္ဆာတွေ ကြောက်ဒူးတုန်စေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမည်တို " စု " ဆိုတဲ့စာလုံးနဲ့ လူထုတရပ်လုံးပါဝင်ဆင်နွှဲကြမယ့် ပန်းသပိတ် (ဝါ) သံမဏိနှင်းဆီရဲ့သင်္ကေတ " နှင်းဆီပန်းပွင့်ပုံ"  ၂ခု ပေါင်းစပ်ကိုင်ဆောင်ပြီး တကိုယ်တော်လှုပ်ရှားမှုပြုလုပ်ရခြင်းဖြစ်ပါတယ် လို့ ရေဘဝဲအဖွဲ့က ပြောပါတယ်။

မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဥ်းသားအားလုံး အချုပ်အနှောင်တွေကနေ အမြန်ဆုံး လွတ်မြောက် စေဖို့ ဘုန်းကံကြီးပြီး သက်တော်ရာကျော်ရှည်စေဖို့ လူထုနဲ့အတူ ရေဘဝဲအဖွဲ့က မွေးနေ့ဆုမွန်တောင်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၇၉ နှစ်ပြည့်မွေးနေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပန်းသပိတ်ဆင်နွှဲဖို့ တော်လှန်ရေးအင်အားစု တွေက တိုက်တွန်းထားပြီး တော်လှန်ရေးအင်အားစုတွေက တပ်ဖွဲ့ဝင်တွေကိုယ်တိုင်လည်း ဒီသပိတ်မှာပါဝင်ခဲ့ကြပါတယ်။  

မြန်မာနိုင်ငံဒေသအနှံ့ကပြည်သူလူထုနဲ့ ဒေါ်အောင်စုကြည်ကိုချစ်ခင်မြတ်နိုးကြတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေဟာ ဇွန်လ ၁၉ ရက်နေ့ကူးပြောင်းတဲ့ ညသန်းခေါင်အချိန်ကတည်းက လူမှုကွန်ယက်စာမျက်နှာတွေကနေတဆင့် နှင်းဆီပန်းပွင့် ပုံတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံတွေနဲ့အတူ မွေးနေ့ဆုတောင်းစာတွေ ရေသားဖော်ပြခဲ့ကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ်တွင် ပြည်သူလူထုနှင့်အတူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအောင်မြင်စွာဆင်နွှဲကျင်းပ


ဇွန်လ၁၉ရက်


ဇွန်လ၁၉ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ်တွင် ပြည်သူလူထုနှင့်အတူ နေရာဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အောင်မြင်စွာဆင်နွှဲနိူင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ရွှေညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ ဦးဆောင်ပြီး ယနေ့ ဇွန်လ ၁၉ ရက်နေ့မှာကျကျရောက်တဲ့ဒေါ်အောင်ဆန်းစုကြည် (၇၉)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ်တွင်ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။


အလားတူ သပိတ်ကျင်းပြည်သူ့ကာကွယ်ရေး အဖွဲ့ကလည်းပန်းသပိတ်ကိုအောင်မြင်စွာဆင်ယင်ကျင်းပနိူင်ခဲ့ပါတယ်။


ထို့အပြင် ပခုက္ကူလူထုတိုက်ပွဲကော်မတီနှင့် ပြည်သူများပူးပေါင်းကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ်" ငုံ့မခံဘဲ တုံ့ပြန်မယ့် သံမဏိနှင်းဆီတွေ "ပန်းသပိတ်လူထုလှုပ်ရှားမှု ပခုက္ကူမြို့နယ်အတွင်းလုပ်ဆောင်ခဲ့ပါတယ်။


"အခုအချိန်မှာ အမေအတွက် ပန်းတွေ ကိတ်မုန့်တွေကို အမေ့ကိုချစ်တဲ့လူတွေကမွေးနေ့လက်ဆောင်အဖြစ်ပေးခြင်ကြပေမဲ့အမေ့အနေနှင့်က လက်ခံခွင့်မရရှိသည့်အခြေအနေမှာ ရှိနေပါတယ်။ဒါကြောင့် ကျွန်တော်ရဲ့ အမေ့အတွက် အကောင်းဆုံးလက်ဆောင်ကတော့ ကျွန်တော် နှင့် အမေ့ကို ချစ်တဲ့သူတွေအတူတကွ တတ်နိုင်သည့်ဘက်မှ လူသားခြင်းစာနာထောက်ထားမှူ့အကူအညီပေးရေး ကမ်ပိန်းများမှနေပြီး တတ်နိုင်သည့် အဖက်ဖက်မှအကူအညီပေးခြင်းဘဲဖြစ်ပါတယ်။ ဒါဟာလည်းအမေ့ရဲ့ အလိုခြင်ဆုံးမွေးနေ့လက်ဆောင်ဘဲဖြစ်မယ်လို့ထင်ပါတယ်"လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်းကမှတ်ချက်ပြုပြောကြားထားပါတယ်။


========================


🚩🚩 ၂။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မန္တလေး PDF  က တတိယအကြိမ်မြောက် တံခွန်စိုက် ဘောလုံးပြိုင်ပွဲ  ကျင်းပ


ဒီနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး က တတိယအကြိမ်မြောက် တံခွန်စိုက်အမှတ်ပေးဘောလုံးပြိုင်ပွဲ ကျင်းပတယ်လို့ သိရပါတယ်။ 

အဲဒီပြိုင်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးမှာရှိတဲ့ တပ်ရင်း၊ဌာန အသီးသီးက ဘောလုံးအသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြိုင်ပွဲမှာ ကွန်မန်ဒိုတပ်ဖွဲ့က ရှုံးပွဲမရှိစံချိန်နဲ့ ချန်ပီယံဖြစ်ခဲ့ပြီး ဒုတိယဆုကို ပြည်သူ့ဆက်ဆံရေးနှင့်စည်းရုံးရေးဌာန၊ တတိယ ဆုကို တပ်ရင်း က အသီးသီးဆွတ်ခူးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး စစ်ဦးစီးအဖွဲ့က ထုတ်ပြန် ပါတယ်။ 

ဒီနေ့မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ တော်လှန်ရေးရဲတပ်ဖွဲ့ တွေနဲ့ ပြည်သူလူထုဟာ တဦးချင်းတဖွဲ့ချင်းအလိုက် ပုံစံမျိုးစုံနဲ့ ပန်းသပိတ်ဆင်နွှဲခဲ့ကြပါတယ်။


========================


🚩🚩 ၃။ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ မိုင်းရှင်းနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဦး သေဆုံး


စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ထဲက မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ မိုင်းရှင်းနေတဲ့ စစ်သားနဲ့ပျူစောထီးတွေကို မိုင်းဆွဲတိုက်ခိုက် ခဲ့ရာမှာ ဦးသေဆုံးသွားတယ်လို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Area 71 People Defence Force က ပြောပါတယ်။ 

မုံရွာ-ချောင်းဦးလမ်းပိုင်းတနေရာမှာ ခရီးသွားပြည်သူတွေကို ကားပေါ်ကဆင်းခိုင်းပြီး မိုင်းရှင်းခိုင်းနေတဲ့ စစ်အုပ်စုရဲ့ လှုပ်ရှားမှုကို ဇွန်လ ၁၇ ရက် နေ့ကစပြီး Area 71 တပ်ဖွဲ့ဝင်တွေ စောင့်ကြည့်ခဲ့တာ ဒီနေ့ ဇွန်လ ၁၉ ရက်နေ့နဲ့ဆိုရင် ၃ရက်မြောက်ရှိခဲ့ပြီလို့ ဆိုပါတယ်။ 

အကြမ်းဖက်စစ်အုပ်စုက ခရီးသွားပြည်သူတွေကို ကားပေါ်ကဆင်းခိုင်းပြီး မိုင်းရှင်းခိုင်းနေတဲ့ ရုပ်သံမှတ်တမ်းကိုလည်း Area 71 က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဇွန်လ ၁၈ ရက်နေ့မနက် နာရီ ၁ဝ မိနစ်အချိန်မှာတော့ အရပ်သားပြည်သူဟန်ဆောင်ပြီး မိုင်းတွေရှင်းနေကြတဲ့ စစ်သားတွေနဲ့ပျူစောထီးတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အရပ်သားပြည်သူဟန်ဆောင်ပြီး မိုင်းရှာနေကြတဲ့ စစ်သားတွေနဲ့ပျူစောထီးတွေ တော်လှန်ရေးရဲဘော်တွေထောင်ထားတဲ့ မိုင်းပွိုင့်ပေါ်တည့်တည့်တိုးလာချိန်မှာ ထိထိမိမိမိုင်းဆွဲနိုင်ခဲ့တာကြောင့် စစ်အုပ်စုဘက်က ဦး သေဆုံးသွားတယ်လို့ Area 71 တပ်ဖွဲ့က အသိပေးပါတယ်။ 

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Area 71 People Defence Force က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ မြဝတီမြို့နယ်ထဲက စစ်ကောင်စီရဲ့ စုကလိခြေကုတ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်တွေသိမ်းပိုက်


ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက စစ်ကောင်စီရဲ့ စုကလိခြေကုတ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး-KNU ဦး ဆောင်တဲ့ ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

တပ်မဟာ- နယ်မြေထဲက စုကလိစစ်ဆင်ရေးခြေကုတ်စခန်းဟာ မြဝတီမြို့ တောင်ဘက်မှာရှိပြီး အင်အား ၅၀ ဝန်းကျင်ရှိ တဲ့ စခန်းကြီးတခုလို့ ဆိုပါတယ်။ 

အဲဒီစစ်စခန်းကို KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ဇွန်လ ၁၆ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇွန် ၁၈ မနက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ပွဲမှာပါဝင်တဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ အထူးစစ်ဆင်ရေးအဖွဲ့ Special Operation Group-SOG ကလည်း စုကလိခြေကုတ်စခန်းကို သိမ်းယူလိုက်နိုင်ပြီဆိုတာကို ၎င်းတို့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ဖော်ပြခဲ့ကြ ပါတယ်။

စက္ကန့်ပိုင်းသာကြာမြင့်တဲ့ SOG အဖွဲ့ရဲ့ ရုပ်သံဖိုင်မှာ စုကလိစခန်းကိုသိမ်းယူလိုက်ပြီဆိုတာကို စခန်းမြင်ကွင်းနဲ့တကွ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းပုံအချို့နဲ့ ဖော်ပြထားပါတယ်။ 

စုကလိ ခြေကုတ်စခန်းဟာ ဒေါနတောင်တန်းအရှေ့ခြမ်းက စုကလိမြို့မှာရှိတာကြောင့် ထိုင်း-မြန်မာနယ်စပ်လည်း နီးတယ် လို့ သိရပါတယ်။

စုကလိစခန်းက တပ်ရင်းမှူးနဲ့တကွ တပ်ဖွဲ့ဝင်တွေလက်နက်ချပူးပေါင်းကြဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA နဲ့ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ -KNDO တို့က ပြီးခဲ့တဲ့မတ်လမှာ သတိပေးစာပို့ခဲ့ပေမယ့် လက်နက်ချ ပူးပေါင်းတာမရှိတဲ့အတွက် တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၅။ ကမ္မမြို့နယ်မှာ စစ်ယာဉ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်မှု စစ်တပ်ဘက်က ၂ဦး သေဆုံး


မကွေးတိုင်း ကမ္မမြို့ကနေ တွင်းမပြည်သူ့စစ်ကျေးရွာကိုထွက်လာတဲ့ စစ်ယာဉ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက လမ်းတလျောက်တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ၂ဦး သေဆုံးပြီး ၁၁ ဦး ပြင်ထန်ဒဏ်ရာရသွားတယ်လို့ Young Force UG အဖွဲ့က ပြောပါတယ်။ 

ဇွန်လ ၁၇ ရက်နေ့ မနက် ၉နာရီခန့်အချိန်က ကမ္မမြို့ကနေ တွင်းမပြည်သူ့စစ်ကျေးရွာကိုထွက်လာတဲ့ စစ်ကား စီးအတွက် လမ်းလုံခြုံရေးလိုက်ပါလာတဲ့ စစ်သား၊ရဲနဲ့ ပျူစောထီးတွေပါတဲ့အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးသီး အလုံး ၃ဝ ခန့် လိုက်လံကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို မြိုင်ပကဖ၊ Black Cobra (ကမ္မတပ်ပေါင်းစု) DMG (ဓားမင်းကြီး) အညာမြေပြောက်ကျားတပ်ဖွဲ့၊ Kamma Defense Force (KMDF) Kamma Underground (ကမ္မတပ်ပေါင်းစု) Pakokku People Defense Force (PPDF) ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Phoenix People’s Denfese Force (ဂဠုန်တပ်ခွဲ-) ၊ပခုက္ကူမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Thurain-TR Pakokku နဲ့ Young Force - UG တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

Young Force – UG ပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ဟာ ဇွန်လ ၁၅ ရက်နေ့ကလည်း မြိုင်မြို့နယ် ကိုင်းတောမ စခန်းကထွက်လာတဲ့ အင်အား ၁၅ ဦးပါ စစ်ကောင်စီတပ်ဖွဲ့ကို အနီးကပ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ဦးသေဆုံးခဲ့ပြီး MA-1 သေနတ် ၂လက် သိမ်းယူနိုင်ခဲ့ပါတယ်။


========================


🚩🚩 ၆။ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတာကြောင့် TNLA တပ်ဖွဲ့ဝင်တဦးကျဆုံးကာ ဦးဒဏ်ရာရ


အကြမ်းဖက်စစ်ကောင်စီက ဟိုင်ဂင် အပစ်ရပ်ရေးသဘောတူညီချက်ကိုချိုးဖောက်ပြီး TNLA တပ်စခန်းကို ဒရုန်း ၂စင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် TNLA ရဲဘော်တဦးကျဆုံးကာ ဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ် TNLA က ဇွန်လ ၁၈ ရက် ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

တအာင်းပြည် တပ်မဟာ စစ်ဒေသ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာ ဒရုန်း ၂စင်းနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် အုမ္မတီးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဆမ္မဆယ်ရွာဘက်ကို လက်နက်ကြီး လုံးပစ်ခတ်ခဲ့ရာမှာ တအာင်းတပ်မတော် တပ်စခန်းရှိရာနေရာမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့လည်း အသိပေးထားပါတယ်။ 

အကြမ်းဖက်စစ်တပ်က ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ နာရီ ၄၄၊ နာရီ ၅၀ မိနစ်နဲ့ နာရီ ၅၅ မိနစ်တို့မှာ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်မှုတွေပြုခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်ပြီး တအာင်းတပ်မတော်တည်ရှိရာနေရာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေ နေ့စဉ်ပြုလုပ်နေသလို ဇွန်လ ရက်နေ့ကလည်း တအာင်းပြည် မိုးမိတ်မြို့နယ်ထဲက မန်ပိန်းနဲ့ပန်တင်ရွာကြားကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးကြဲချခဲ့တဲ့အတွက် TNLA တပ်ဖွဲ့ဝင် ဦး ထိခိုက်ဒဏ်ရာခဲ့ တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment