19th JUN 2024 - Morning Daily News by Radio NUG

၂၀၂၄ ဇွန်လ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အလုံးအရင်းနဲ့ ထပ်မံရရှိအောင် ကြိုးစားဖို့ယာယီသမ္မတပြော

📌 ၂။ ချောက်ကမ်းပါးစွန်းရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင်အမြစ်ဖြတ် တွန်းချနိုင်ဖို့ ကြိုးစားရလို့ပြည်ထောင်စု ဝန်ကြီးချုပ်ပြောကြား

📌 ၃။ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသား honorary citizenship ဆုချီးမြှင့်ခဲ့

📌 ၄။ ဂျပန်နိုင်ငံကုမ္ပဏီ TASAKI နှင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကုမ္ပဏီသည် စစ်အုပ်စုထိန်းချုပ်ထားသော MPE နှင့် ဆက်နွယ်သည့် လုပ်ငန်းများအားလုံးကို တာဝန်သိစွာ အဆုံးသတ်ရန်လိုအပ်နေတယ်လို့ JusticeForMyanmarကထုတ်ဖော်

📌 ၅။  ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဂုဏ်ပြု ပန်းသပိတ်နှင့် ပြောက်ကျားသပိတ်များ ပြုလုပ်

📌 ၆။ ဇွန်လ ရက်နေ့မှ ၁၈ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၃) ဦး သေဆုံးခဲ့ရ

📌 ၇။ နယ်သာလန်နိုင်ငံ၊ Amsterdam မြို့မှာ"သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" Film Screening အစီစဥ် ထပ်တိုး ပြသသွားမယ်


၂၀၂၄ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကျားဖြူစစ်ကြောင်း၊ Justice Soldier PDF အဖွဲ့မှ သင်တန်းသားသစ်များအား စိစစ်ခေါ်ယူလျက်ရှိ

🚩 ၂။ လက်ကျန် နယ်ခြားစောင့်စခန်းတွေက ရဲတချို့ လက်နက်ချအညံ့ခံဖို့ တင်ပြလို့ စစ်တပ်အရာရှိက ပါးရိုက်

🚩 ၃။ ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များ ခမရ(၃ဝ၄)တပ်ရင်းအား အပြီးသတ် သိမ်းယူ

🚩 ၄။ မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင် မတူပီ တပ်မဟာ- မှ ရဲဘော် ဦးကျဆုံး

🚩 ၅။ ရပ်စောက်မှာ RCSSက SSPPကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ SSPP ထုတ်ပြန်

🚩 ၆။ ရေဦးတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသားတဦး သေဆုံးခဲ့ပြီး သမီးဖြစ်သူ ပြင်းထန်စွာ ဒဏ်ရာရ

🚩 ၇။ တောင်ကုတ်တွင် လေကြောင်းတိုက်ခိုက်၍ အရပ်သား ဦး သေဆုံး

🚩 ၈။ မန်တုံမြို့နယ်တွင် မြေမြှပ်မိုင်း ပေါက်ကွဲမှုကြောင့် အမျိုးသမီးတဦး သေဆုံး

🚩 ၉။ ကျွန်းလှမြို့နယ် အင်တိုင်းရွာအား ပြန်ဝင်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အားနှစ်ရာခန့်မှ အကြမ်းဖက်မီးရှို့ဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အလုံးအရင်းနဲ့ ထပ်မံရရှိအောင် ကြိုးစားဖို့ယာယီသမ္မတပြော


ဇွန်လ၁၈ရက်။


လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အလုံးအရင်းနဲ့ ထပ်မံရရှိအောင် ကြိုးစားဖို့ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၉ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။


"အစိုးရအဖွဲ့ အစည်းအဝေးမှာ ဒုတိယအချက်အနေနဲ့ ပြောကြားချင်တာကတော့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အလုံးအရင်းနဲ့ ထပ်မံရရှိအောင် ကြိုးစားဖို့နဲ့ ထိရောက်တဲ့ ပေးဝေမှုတွေ ဖြစ်စေဖို့ကိစ္စ ဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ထိထိရောက်ရောက် စီမံနိုင်ဖို့အတွက် International Aid Coordination Commission ဆိုတာကို ဖွဲ့စည်းထားတာ ရှိပါတယ်။ ဒီကော်မရှင်ကနေတစ်ဆင့် ထိရောက်တဲ့ နိုင်ငံတကာ အထောက်အပံ့တွေကို လုံလုံလောက်လောက်ရရှိဖို့ ထပ်မံကြိုးစားစေချင်ပါတယ်"လို့ယာယီသမ္မတကပြောပါတယ်။


ဒါ့အပြင် ပြည်သူ့ခုခံတော်လှန်စစ်ကို ဆင်နွှဲနေတာဖြစ်တာကြောင့်၊ လူထုထောက်ခံမှု ကျဆင်းမသွားရေးကို အထူးဂရုစိုက် အလေးအနက်ထားဖို့ယာယီသမ္မတက တိုက်တွန်းပါတယ်။


========================


📌📌 ၂။ ချောက်ကမ်းပါးစွန်းရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင်အမြစ်ဖြတ် တွန်းချနိုင်ဖို့ ကြိုးစားရလို့ပြည်ထောင်စု ဝန်ကြီးချုပ်ပြောကြား


ဇွန်လ ၁၈ရက်။

ချောက်ကမ်းပါးစွန်းရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင်အမြစ်ဖြတ် တွန်းချနိုင်ဖို့ ကြိုးစားရလို့ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။


ဇွန်လ၁၈ရက်မှာ ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၁၉/၂၀၂၄)တွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။


"သမိုင်းမှာ မကြုံစဖူး ခိုင်မာပါတယ်ဆိုတဲ့ စစ်တပ် Institution ကြီးဟာ နေ့စဥ်နဲ့အမျှ အင်အားချိနဲ့နေတာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ 

ဒါပေမယ့် ကျွန်တော်တို့ဟာ ဒီအခြေအနေမှာပဲ ရပ်တန့်နေရာမှာမဟုတ်ပဲ ချောက်ကမ်းပါးစွန်းရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင်အမြစ်ဖြတ် တွန်းချနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အချိန်ကို ထိထိရောက်ရောက် အသုံးမချနိုင်ရင် အကြမ်းဖက်စစ်အုပ်စုကို ပြင်ဆင်ချိန်ပေးမိသလို ဖြစ်နိုင်ပါတယ်။ တော်လှန်ရေးရဲ့ အချိန် အကန့်အသတ်ဟာ ကျွန်တော်တို့အတွက် ပိုအရေးကြီးကြောင်း ထပ်မံပြောကြားလိုပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


ဒါ့အပြင် တော်လှန်ရေး ပိုမို အရေးကြီးလာတာနှင့်အမျှ အချိန်စီမံခန့်ခွဲမှု၊ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု၊ ဘဏ္ဍာ ငွေစီမံခန့်ခွဲမှုတွေမှာ ပိုမိုဂရုတစိုက်စီမံဖို့ လိုအပ်တယ်လို့လည်း ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၃။ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသား honorary citizenship ဆုချီးမြှင့်ခဲ့


ဇွန်လ၁၈ရက်။

အီတလီနိုင်ငံ Abbiategrasso မြို့မှ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် နိုင်ငံသား honorary citizenship ဆုချီးမြှင့်ခဲ့ပါတယ်။


အီတလီနိုင်ငံ Abbiategrasso မြို့မှာ ဇွန်လ ၁၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသား honorary citizenship ဆုချီးမြှင့်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


ပွဲအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ Kim Aris ကိုထိန်လင်းက တက်ရောက်ရယူခဲ့ပါတယ်။ 


အခမ်းအနားကို Abbiategrasso မြို့တော်ဝန် Cesare Naiက ဦးဆောင်ပြီး အီတလီအမတ် Umberto Maerna Lombardy ဒေသကောင်စီဝင် Andrea Sala အီတလီ လွှတ်တော်အမတ်ဟောင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိတ်ဆွေတစ်ဦးဖြစ်သူ Albertina Soliani မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ဟောင်း Alessandra Schiavo တို့လည်း တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၄။ ဂျပန်နိုင်ငံကုမ္ပဏီ TASAKI နှင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကုမ္ပဏီသည် စစ်အုပ်စုထိန်းချုပ်ထားသော MPE နှင့် ဆက်နွယ်သည့် လုပ်ငန်းများအားလုံးကို တာဝန်သိစွာ အဆုံးသတ်ရန်လိုအပ်နေတယ်လို့ JusticeForMyanmarကထုတ်ဖော်


ဇွန်လ၁၈ရက်။

ဂျပန်နိုင်ငံကုမ္ပဏီTASAKI နှင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကုမ္ပဏီသည် စစ်အုပ်စုထိန်းချုပ်ထားသော MPE နှင့် ဆက်နွယ်သည့် လုပ်ငန်းများအားလုံးကိုတာဝန်သိစွာ အဆုံးသတ်ရန်လိုအပ်နေတယ်လို့ JusticeForMyanmarကထုတ်ဖော်လိုက်ပါတယ်။


ဇွန်လ၁၈ရက်မှာ  အကြမ်းဖက်မြန်မာစစ်အုပ်စုကို ဝင်ငွေရင်းမြစ်များ ထောက်ပံ့ပေးနေသည့် TASAKI ကို JusticeForMyanmarကဖော်ပြပါတယ်။


ဂျပန်နိုင်ငံတွင် တည်ထောင်ထားသည့် TASAKI သည် မြန်မာစစ်အုပ်စု တရားမဝင် ထိန်းချုပ်ထားသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ အမေရိကန်၊ ယူကေနှင့် ကနေဒါနိုင်ငံတို့မှ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သည့် မြန်မာ့ပုလဲလုပ်ငန်း (MPE)နှင့် လုပ်ငန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။


ပုလဲထုတ်လုပ်မှု၏ ၂၀-၂၅% သော ထုတ်လုပ်မှုဝေစုခွဲဝေရေး သဘောတူညီချက်အပါအဝင် ပုလဲလုပ်ငန်းမှ ရရှိသော ဝင်ငွေအမြောက်အများကို စစ်ကောင်စီသည် MPE မှတစ်ဆင့် အကျိုးခံစားခွင့်ရှိနေပြီး စစ်ကောင်စီသည် အကောက်အခွန်ကဲ့သို့သော အခြားဝင်ငွေများနှင့် ထပ်ဆင့်ထုတ်လုပ်မှုကို ပံ့ပိုးပေးနိုင်သည့် နည်းပညာလွှဲပြောင်းမှုတို့မှလည်း အကျိုးခံစားခွင့်ရရှိနေသေးတယ်လို့ဆိုပါတယ်။


TASAKI သည် စစ်ကောင်စီ၏ အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ပြစ်ဒဏ်ကင်းလွတ်စွာဖြင့် ကျူးလွန်လာခဲ့သည့် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ဆက်လက်ကျူးလွန်ရန် လိုအပ်သည့် လက်နက်များနှင့် လေယာဉ်လောင်စာဆီများ ၀ယ်ယူရေးအတွက် အသုံးပြုနိုင်သည့် ဝင်ငွေရင်းမြစ်ကို စစ်အုပ်စုအား ထောက်ပံ့ပေးနေခြင်းလည်း ဖြစ်တယ်လို့ဖော်ပြပါတယ်။


Mekong Watch နှင့် JFM တို့ ပူးပေါင်း၍ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင် TASAKI လူ့အခွင့်အရေးဆိုင်ရာ အားစိုက်ထုတ်မှုများအပေါ် စုံစမ်းမေးမြန်းခြင်းအပါအဝင် မြန်မာ့ပုလဲလုပ်ငန်း MPE နှင့် လုပ်ဆောင်လျက်ရှိသော ၎င်းတို့၏လုပ်ငန်းများကို အဆုံးသတ်ရန်လည်း တောင်းဆိုထားပါတယ်။


========================


📌📌 ၅။  ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဂုဏ်ပြု ပန်းသပိတ်နှင့် ပြောက်ကျားသပိတ်များ ပြုလုပ်


ဇွန်လ ၁၈ရက်။

Radio NUG

မြန်မာအလုပ်သမားတပ်ပေါင်းစု MLA အဖွဲ့၀င်များက ဒေါ်အောင်ဆန်းစုကြည်၏ တော်လှန်သော မွေးနေ့ကို ဂုဏ်ပြု၍ ပန်းသပိတ်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။


မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဓမ္မ ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား သူရဲကောင်းများစွာ၏ ဝိသေသ လက္ခဏာက စစ်အာဏာရူးများကိုငုံ့မခံဘဲ တုံ့ပြန်ခဲ့ခြင်း ဖြစ်ကြောင်း စစ်အာဏာရူးတသိုက်ကို အမြစ်ပြတ် ချေမှုန်းရေး အဆုံးတိုင် ပါ၀င်တိုက်ပွဲ၀င်သွားမည် ဖြစ်ကြောင်း မြန်မာအလုပ်သမားတပ်ပေါင်းစု MLA အဖွဲ့၀င်များက ပြောကြားထားပါတယ်။


ဇွန် ၁၈ ရက်နေ့ ရန်ကုန်မှာ ပြောက်ကျား သပိတ်တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ကြကြောင်း General Strike Coordination Body - GSCBက သတင်းထုတ်ပြန်ပါတယ်။


တိုက်ရင်သေးမလား ငတ်ရင်းသေမလား

ဆီတစ်ပိဿာ တစ်သောင်းကျပ် မင်းအောင်လှိုင် ခေါင်းကိုဖြတ် 

စတဲ့ စာသားတွေကို ကြွေးကြော် ကိုင်ဆောင်ခဲ့ကြပြီး ဇွန် ၁၉ ရက် ပန်းသပိတ်မှာ ပါဝင်ကြဖို့နဲ့ စစ်အုပ်စု ကပ်ပါးကောင်တွေကို ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ပွဲဝင် ဆန့်ကျင်ကြဖို့ကို လှုံံဆော်ခဲ့ကြတယ်လို့ သိရပါတယ်။


မြေပြင်မှာလည်း ပန်းသပိတ် လူထုလှုပ်ရှားမှုတွေကို (လုံခြုံရေး အသိ၊ သတိ အပြည့်နဲ့) ဖော်ဆောင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။


========================


📌📌 ၆။ ဇွန်လ ရက်နေ့မှ ၁၈ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၃) ဦး သေဆုံးခဲ့ရ


ဇွန်လ၁၈ရက်။

ဇွန်လ ရက်နေ့မှ ၁၈ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၃) ဦး သေဆုံးခဲ့ရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇွန်လ ရက်နေ့မှ ၁၈ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၃) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


ထိုအရေအတွက်တွင် အသက် နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အပါအဝင် အသက် ၁၈ နှစ်အောက် သေဆုံးသူ()ဦးနှင့် အသက် ၆၀နှစ်အထက် သေဆုံးသူ ()ဦး ပါဝင်ပြီး အဆိုပါ (၂၃)ဦးအနက် (၁၂)ဦးမှာ စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရပါတယ်။


ဇွန်လ ၁၄ ရက်နေ့၊ နေ့လယ် နာရီခန့်အချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စု၏ သိမ်ဇရပ်မြို့အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ စစ်ကွင်းကျေးရွာအနီးရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် နေအိမ်အတွင်းရှိ အသက် ၁၄ နှစ်အရွယ် မနန္ဒာလင်းမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး အသက် နှစ်အရွယ် မရွှေဇင်လင်းမှာ ကျည်စထိမှန် ဒဏ်ရာရရှိပြီး အဆိုပါဒဏ်ရာကို ကုသရန်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ရပါတယ်။


========================


📌📌 ၇။ နယ်သာလန်နိုင်ငံ၊ Amsterdam မြို့မှာ"သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" Film Screening အစီစဥ် ထပ်တိုး ပြသသွားမယ်


ဇွန်လ၁၈ရက်။

နယ်သာလန်နိုင်ငံ၊ Amsterdam မြို့မှာ"သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" Film Screening အစီအစဥ် ထပ်တိုး ပြသသွားမယ်လို့သိရပါတယ်။


"သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" Film Screening အစီအစဥ်ကနေ ထပ်တိုး ပြသသွားမယ့်မြို့က နယ်သာလန်နိုင်ငံ၊ Amsterdam မြို့မှာဖြစ်တယ်လို့ဆိုပါတယ်။


ဇွန်လ ၂၉ ရက်(စနေနေ့) နေ့လည် နာရီကနေ နာရီအတွင်း ပြသသွားမှာဖြစ်ပြီး ခုံအရေအတွက်အကန့်အသတ်ရှိလို့ ရုပ်ရှင်လက်မှတ်များကို ကြိုတင်စာရင်းပေး ဝယ်ယူထားနိုင်တယ်လို့သိရပါတယ်။


ရုပ်ရှင်ပြပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို Compassie Voor Myanmar Page မှာ ကြည့်ရှူနိုင်ပြီး၊ လက်မှတ်တွေကို သက်ဆိုင်ရာအဖွဲ့များထံကနေလည်း ကြိုတင်မှာယူထားနိုင်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ကျားဖြူစစ်ကြောင်း၊ Justice Soldier PDF အဖွဲ့မှ သင်တန်းသားသစ်များအား စိစစ်ခေါ်ယူလျက်ရှိ


ဇွန်လ၁၈ရက်။

ကျားဖြူစစ်ကြောင်း၊ Justice Soldier PDF အဖွဲ့မှ သင်တန်းသားသစ်များအား စိစစ်ခေါ်ယူလျက်ရှိပါတယ်။


ဇွန်လ ၁၈ရက်မှာ ကျားဖြူစစ်ကြောင်း၊ Justice Soldier PDFကအသိပေးဖော်ပြပါတယ်။


"ကျွန်တော်တို့ ကျားဖြူစစ်ကြောင်း၊ Justice Soldier PDF အဖွဲ့မှ သင်တန်းသားသစ်များအား စိစစ်ခေါ်ယူလျက်ရှိပါတယ်"လို့ဆိုပါတယ်။


သင်တန်းသား လျှောက်ထားလိုသူများအနေဖြင့် အသက်18နှစ်မှ 35 အတွင်း ဖြစ်ရမည်ဖြစ်ပြီးစစ်မှုထမ်းရန် လုံလောက်သော ကျန်းမာရေးကောင်းမွန်သူ ၊စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးတို့အတွက် သန္ဓိဌာန်ချထားသူ၊တော်လှန်ရေး ပြီးဆုံးသည်အထိ တာဝန် ထမ်းဆောင်မည့်သူ အထက်ကပေးအပ်သောတာဝန်နှင့် အမိန့်ကိုတိကျသေချာစွာ လိုက်နာနိုင်သူတို့ဖြစ်ရမယ်လို့ ဆိုထားပါတယ်။


========================


🚩🚩 ၂။ လက်ကျန် နယ်ခြားစောင့်စခန်းတွေက ရဲတချို့ လက်နက်ချအညံ့ခံဖို့ တင်ပြလို့ စစ်တပ်အရာရှိက ပါးရိုက်


ဇွန်လ ၁၈ရက်။ 

Radio NUG

ရခိုင်ပြည်နယ် မောင်တောမြို့နယ်က လက်ကျန် နယ်ခြားစောင့်စခန်းတွေက ရဲတပ်ဖွဲ့ဝင်တွေဟာ ရခိုင့်တပ်တော် AA ထံ လက်နက်ချအညံ့ခံဖို့ နခခ စစ်တပ်အရာရှိတွေနဲ့ သွားရောက်ညှိနိုင်းမှု ပြုလုပ်ရာမှာ အာဏာသိမ်း စစ်ကောင်စီအရာရှိတွေက ခေါ်ယူပြီး ပါးရိုက်ခဲ့တယ်လို့ မောင်းသတင်းဌာနမှာ ဖော်ပြထားပါတယ်။


ရဲတပ်ဖွဲ့ဝင်တွေကို တရားဥပဒေစိုးမိုးဖို့နဲ့ နယ်ခြားပိုင်နက်တွေမှာ ကင်းစောင့်ဖို့ ရခိုင်ပြည်နယ် နယ်စပ်ဒေသတွေကို တာဝန်ပေးစေခိုင်းခဲ့တာပါ။ ရခိုင့်တပ်တော် AAနဲ့လည်း အဆင်ပြေမှုတွေရှိခဲ့တယ်။ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားကာမှ ရဲတွေက ထိုးကျွေးခံနေရတာပါ။ စစ်ဆင်ရေးတွေကို ရဲတွေနဲ့ပါ ပူးတွဲပြီး တိုက်ပွဲအတွင်းမှာ အသုံးချခံနေရလို့ ရဲတပ်ဖွဲ့ဝင်တွေ အသေအပျောက်များလာနေပါတယ်။ လက်နက်ချအညံ့ခံဖို့ သွားရောက်ညှိနိုင်းမှု ပြုလုပ်တာကို စစ်တပ်က အရာရှိတွေကခေါ်ပြီး ပါးတွေရိုက်တာဖြစ်တယ်လို့ နယ်ခြားစောင့်စခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်ရဲ့ ဇနီးဖြစ်သူတစ်ယောက်က ပြောဆိုထားပါတယ်။


နယ်ခြားစောင့်တပ်တွေဆီ တာဝန်ပေးခံရတဲ့ ရဲတပ်ဖွဲ့အများစုဟာ စစ်ကောင်စီတပ်တွေနဲ့ စစ်ဆင်ရေးတွေမှာ ပူးတွဲခိုင်းစေခံနေရတာဖြစ်ပြီး စစ်မတိုက်ချင်ဘဲ တိုက်နေကြရလို့ ထွက်ပြေးတိမ်းရှောင်ဖို့လုပ်နေတဲ့ ရဲတပ်ဖွဲ့ဝင် အများအပြားရှိနေကြောင်း အဆိုပါ ရဲတပ်ဖွဲ့ဝင်ရဲ့ ဇနီးဖြစ်သူက ထပ်မံပြောဆိုပါတယ်။


========================


🚩🚩 ၃။ ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များ ခမရ(၃ဝ၄)တပ်ရင်းအား အပြီးသတ် သိမ်းယူ


ဇွန်လ ၁၈ရက်။

Radio NUG

ဇွန်လ (၁၇)ရက်နေ့တွင် ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များ ခမရ (၃ဝ၄) တပ်ရင်းအား အပြီးသတ်သိမ်းယူနိုင်ခဲ့ကြောင်း ချင်းညီနောင်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။


ချင်းညီနောင်၏ စစ်ရေးရည်မှန်းချက်ဖြစ်သော "၂ဝ၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များ အလုံးစုံကင်းစင်ရေးအတွက် မဟာမိတ်အာရက္ခတပ်တော်(AA) Yaw Army (YA) အစရှိသည့် အခြားမဟာမိတ်တပ်ဖွဲ့များနှင့်အတူ ၂ဝ၂၄ခုနှစ်၊ ဇွန်လ () ရက်နေ့တွင် စစ်ကောင်စီ၏ ချင်းပြည်နယ်တောင်ပိုင်း အထိုင်ဗျူဟာဖြစ်သော မတူပီမြို့ပေါ်ရှိ စစ်ကောင်စီ တပ်စခန်းများကို အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဇွန်လ(၁၇)ရက်နေ့တွင် ခမရ(၃ဝ၄)တပ်ရင်းအား အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ၏ ဟောင်ဝစ်ဇာလက်နက်ကြီးနှင့်တကွ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်းတွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်းရင်း ထိခိုက်ဒဏ်ရာရ ကျဆုံးခဲ့သည့် အာဇာနည်ရဲဘော်အချို့ရှိကြောင်း ဖော်ပြထားပါတယ်။


ကျန်ရှိနေသေးသော မတူပီဗျူဟာကုန်း၊ ခလရ(၁၄ဝ)နှင့် အခြားစစ်ကောင်စီ တပ်စခန်းများကိုလည်း ဆက်လက်သိမ်းယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း အသိပေးထားပါတယ်။


မေလ(၂၇)ရက်နေ့ကလည်း တီးတိန်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီစခန်း EPC လျှပ်စစ်ရုံးစခန်းနှင့် တာဝါတိုင်ကုန်းစခန်း နှစ်ခုအား နံနက် နာရီတွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်()ဦး သေဆုံး၍()ဦး လက်ရဖမ်းဆီးမိပြီး လက်နက်ကြီးလက်နက်ငယ်(၁၇)လက် သိမ်းဆည်းနိုင်ခဲ့ပါတယ်။


ခမရ ၃၀၄ သည် စစ်ဘီလူး သန်းရွှေခေတ်က ချင်းပြည်သူ ခရစ်ယာန်များ၏ အထွက်အမြတ်ထားကြသော အကြီးမားဆုံး လက်ဝါးကပ်တိုင် စိုက်ထူတည်ရှိရာ ဘိုးလ်တလန်းကို ရက်ရက်စက်စက် ဖြိုဖျက်ပြီး အခိုင်အမာ တပ်စွဲထားသော စကစစခန်းဖြစ်ပါတယ်။


========================


🚩🚩 ၄။ မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင် မတူပီ တပ်မဟာ- မှ ရဲဘော် ဦးကျဆုံး


ဇွန်လ ၁၈ရက်။ 

Radio NUG

ချင်းပြည်တောင်ပိုင်းတွင် ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေသည့် မတူပီမြို့ တိုက်ပွဲများတွင် တစ်ပတ်အတွင်း CDF- မတူပီ၊ တပ်မဟာ- မှ ရဲဘော် ဦး ကျဆုံးခဲ့ကြောင်း သိရှိရပါတယ်။


CDF- မတူပီ၊ တပ်မဟာ - ၁မှ ရဲဘော် ဦး ကျဆုံးမှုတွင် ဇွန်လ ၁၄ ရက်က ရဲဘော် ဦးနှင့် ဇွန်လ ၁၇ ရက်က ရဲဘော် ဦးတို့ ကျဆုံးခဲ့ကြောင်း သိရပါတယ်။


CDF-Matupi တပ်မဟာ()အဖွဲ့ဝင် ရဲဘော် ဆလိုင်း Salai Lai Thang Boi  Salai Shwe Lian ရဲဘော် ဆလိုင်း ပါတူ၊ ရဲဘော် Salai Robert San နှင့် ရဲဘော် Salai Bawi Aa တို့သည် မတူပီမြို့ စစ်ဆင်ရေး၏ ရှေ့တန်းတစ်နေရာတွင် ကျဆုံးခဲ့ပါတယ်။


========================


🚩🚩 ၅။ ရပ်စောက်မှာ RCSSက SSPPကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ SSPP ထုတ်ပြန်


ဇွန်လ ၁၈ရက်။ 

Radio NUG

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်စခန်းနှစ်ခုကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ SSPP က ဇွန်လ ၁၈ ရက်နေ့မှာ ရှမ်းဘာသာနဲ့ သတင်းထုတ်ပြန်ပါတယ်။


ဇွန်လ ၁၆ ရက်နေ့ မနက် နာရီခွဲဝန်းကျင်မှာ တောင်ထိပ်ကျေးရွာနားမှာရှိတဲ့ SSPP တပ်စခန်းနဲ့ တောင်တူကုန်းမှာရှိတဲ့ တပ်စခန်းကို RCSS လူအင်အား ၈၀ နီးပါးနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် မိနစ် ၂၀ အကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး RCSS ဘက်က ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်းမှာ RCSS စစ်ကြောင်းက ထိခိုက်ဒဏ်ရာရတဲ့ တပ်သားတွေဟာ တောင်ထိပ်ကျေးရွာရဲ့ အရှေ့တောင်ဘက်က ဆုတ်ခွါသွားချိန်မှာ လမ်းမှာတွေ့တဲ့လူထုတွေကို ရွာထဲကို တစ်ခါထဲ ပေးမဝင်တဲ့အပြင် လက်ကိုင်ဖုန်းတွေလဲ သိမ်းထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အလားတူ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်း နာရီအချိန်မှာ နောင်မွန်းကျေးရွာ လမ်းပေါ်မှာ RCSS က မြေမြုပ်မိုင်းထောင်ထားတာကြောင့် လယ်ထွန်စက်နဲ့ ဆိုင်ကယ်တစ်စီး မြေမြုပ်မိုင်းနင်းမိပြီး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


ဇွန်လ ၁၂ ရက်နေ့ကလည်း SSPP/SSA နဲ့ RCSS/SSA နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။


========================


🚩🚩 ၆။ ရေဦးတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသားတဦး သေဆုံးခဲ့ပြီး သမီးဖြစ်သူ ပြင်းထန်စွာ ဒဏ်ရာရ


ဇွန်လ ၁၈ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ ဖိန်းကားကျေးရွာအနီးတွင် ရေဦးတိုင်းရင်းအထိုင် စစ်ကောင်စီတပ် စခန်းကနေ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် အမျိုးသား ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ဇွန်လ ၁၇ ရက်နေ့ နာရီဝန်းကျင်က စစ်ကောင်စီ တပ်စွဲထားတဲ့ ရေဦးတိုင်းရင်းအထိုင်ကနေ ပစ်ခတ်ခဲ့တဲ့ ၁၂၀ မမ လက်နက်ကြီးဟာ ဖိန်းကားရွာ အနီးက စူပါဖိုက် ဆန်စက်ထဲကို ကျရောက် ပေါက်ကွဲခဲ့ပြီး ထမင်းစားနေတဲ့ သားအဖနှစ်ဦးကို ထိမှန်ခဲ့တာ ဖြစ်ပါတယ်။


လက်နက်ကြီး ထိမှန်ခဲ့တာကြောင့် ရေဦး အနောက်ဘက်ခြမ်း ကုန်းတန်း ကျေးရွာမှ အသက် ၄၁ အရွယ် ကိုဝင်းဇော်မိုးဟာ ဒဏ်ရာပြင်းထန်စွား ရရှိခဲ့ပြီး ဆေးကုသမှု ခံယူဖို့ သွားနေချိန်မှာပဲ သေဆုံးခဲ့ရပါတယ်။


ထို့အပြင် ၎င်းရဲ့ သမီးဖြစ်သူ အသက် ၁၉ နှစ်အရွယ်ရှိ မသိမ့်နန္ဒာဦးကတော့ ပြင်းထန် ဒဏ်ရာတွေနဲ့ ဆက်လက် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ တောင်ကုတ်တွင် လေကြောင်းတိုက်ခိုက်၍ အရပ်သား ဦး သေဆုံး


ဇွန်လ ၁၈ရက်။ 

Radio NUG

ဇွန်လ ၁၈ရက် နံနက် ၁၀နာရီ ၂၀ မိနစ်ခန့်တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ပန်းတင်းကျွန်း၊ ကံဆိပ်(တောင်)ကျေးရွာတွင် စစ်ကောင်စီက လေကြောင်း ဗုံးကြဲမှုကြောင့် အရပ်သားအမျိုးသမီး ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

 

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေကျေးရွာများနှင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ဆယ်ကျော်သက်အရွယ်အမျိုးသမီးငယ် ဦးနှင့် အမျိုးသမီးကြီးတစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများ၊ နေအိမ်များပျက်စီးမှုများ ဖြစ်ခဲ့ပါတယ်။

 

သေသွားတဲ့ တစ်ယောက်က ဒီနှစ် ဆယ်တန်းအောင်ပြီး ၃ဘာသာ ဂုဏ်ထူးပါထားတဲ့ မိန်းကလေးလို့ သိရပါတယ်။

 

ဇွန် ၁၅ ရက် ညပိုင်းကလည်း အာရက္ခတပ်တော် AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီက လေကြောင်း ဗုံးကြဲသဖြင့် သင်္ချီကိုင်းရွာမှ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင်စုစုပေါင်း အမျိုးသမီး ဦးပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ တောင်ကုတ်မြို့နယ်မှာ ရက်အတွင်း အမျိုးသမီး ဦးနှင့်  အမျိုးသား ဦး စုစုပေါင်းသေဆုံးသူ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။


========================


🚩🚩 ၈။ မန်တုံမြို့နယ်တွင် မြေမြှပ်မိုင်း ပေါက်ကွဲမှုကြောင့် အမျိုးသမီးတဦး သေဆုံး


ဇွန်လ ၁၈ရက်။

Radio NUG

တအောင်းတပ်မတော် (PSLF/TNLA)က ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ မန်တောက်ကျေးရွာတွင် မြေမြှပ်မိုင်း ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။


ဇွန်လ ၁၇ ရက် မနက် နာရီခန့်က တအောင်းပြည် တပ်မဟာ()စစ်ဒေသ မန်တုံမြို့နယ်၊ မန်တောက် ကျေးရွာတွင် အသက် (၃၄)နှစ်အရွယ် ယာအီဆေးဟာ စစ်ကောင်စီရဲ့ မြေမြှပ်မိုင်း နင်းမိခဲ့တာကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။


ယာအီဆေးဟာ စစ်ကောင်စီ တပ်စခန်းဟောင်း ဖြစ်ခဲ့တဲ့(၁၀၃)တပ်နေရာ အနီးကို ဟင်းသီးဟင်းရွက် သွားရှာချိန်မှာ မြေမြှပ်မိုင်း နင်းမိခဲ့တာကြောင့် နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။


တအောင်းပြည် ဒေသအတွင်း ၁၀၂၇ စစ်ဆင်ရေးကာလ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာများမှာ စစ်လက်နက် ကြွင်းကျန် အန္တရာယ်များ ရှိနေသေးတာကြောင့် မိဘပြည်သူများ အနေဖြင့် တောတောင်ထဲသို့ အလုပ်သွားတာ ဖြစ်စေ၊ ဟင်းသီးဟင်းရွက်များ ရှာဖွေသည်ဖြစ်စေ သတိပြုကြဖို့ PSLF/TNLA က တိုက်တွန်းထားပါတယ်။


ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကလည်း မန်တုံမြို့က စစ်ကောင်စီ တပ်စခန်းဟောင်း တစ်ခုမှာ မိုင်းပေါက်ကွဲခဲ့တာကြောင့် မှိုသွားရှာတဲ့ စစ်ရှောင်ကလေးတဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။


========================


🚩🚩 ၉။ ကျွန်းလှမြို့နယ် အင်တိုင်းရွာအား ပြန်ဝင်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အားနှစ်ရာခန့်မှ အကြမ်းဖက်မီးရှို့ဖျက်ဆီး


ဇွန်လ၁၈ရက်။

ကျွန်းလှမြို့နယ် အင်တိုင်းရွာအား ပြန်ဝင်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အားနှစ်ရာခန့်မှ အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


ဇွန်လ၁၈ရက်မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် ကအသိပေးဆိုပါတယ်။


ဇွန်လ၁၈ရက်မွန်းလွဲပိုင်း ကျွန်းလှမြို့နယ် အင်တိုင်းရွာအား ပြန်ဝင်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး စုပေါင်းအင်အား 200 ခန့်မှ အကြမ်းဖက်မီးရှို့ဖျက်ဆီးနေကြောင်းသိရတယ်လို့ဖော်ပြပါတယ်။


အကြမ်းဖက်စကစတပ်နှင့် လက်အောက်ခံအဖွဲ့များဟာ တနိူင်ငံလုံးမှာ အိုးအိမ်အဆောက်အဦးပေါင်း ကိုးသောင်းနီးပါးဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်။



အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment