1st JUN 2024 - Evening Daily News by Radio NUG

၂၀၂၄ မေလ ၃၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ NLD နာယက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန် 

📌 ၂။ စစ်ဘေးရှောင်နေတဲ့ အိမ်နဲ့ ဆိုင်ခန်းတွေကို ဖောက်ထွင်းခိုးယူသူတွေကို အရေးယူမယ်လို့ တီးတိန် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ သတိပေး

📌 ၃။ စစ်တပ်လော်ဘီတွေ KIA နဲ့ AA ကို ဦးတည်တိုက်ခိုက်နေတယ်လို့ BACS ပြော

📌 ၄။ ဟိုတယ်ပရောဂျက် Project TheKey စတင်


၂၀၂၄ ခုနှစ် မေလ ၃၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တောင်သာနယ် တောင်ကန်တော်‌ရွာက ပျူခေါင်းဆောင်အိမ်ကို ပစ်ခတ်တိုက်ခိုက်ရာ () ဦးသေဆုံးပြီး သေနတ် () လက် ရရှိ

🚩 ၂။ မင်းလှမြို့နယ် စစ်ကောင်စီ လဝကရုံးကို ဗုံးခွဲတိုက်ခိုက်ရာ ဝန်ထမ်း () ဦး ဒဏ်ရာရ

🚩 ၃။ စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေတဲ့ ပေါက်ခေါင်းနဲ့ သဲကုန်းမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ပစ်ခတ်ရှင်းလင်း 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ NLD နာယက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန် 


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီရဲ့ နာယကလည်းဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်ခဲ့တဲ့ သူရဦးတင်ဦးဟာ ဒီနေ့ မနက်မှာ ကွယ်လွန်သွားပြီလို့ အနီးကပ်ပြုစုပေးနေသူတွေဆီက သိရပါတယ်။ 

အသက် (၉၈) နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဦးတင်ဦးဟာ အဆုတ်ရောင်ဝေဒနာအပါအဝင် လူကြီးရောဂါနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံ‌ကြီး အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှုခံယူနေစဉ် ဒီနေ့ ဇွန်လ () ရက် မနက် (၈း၄၅) အချိန်ခန့်မှာ ကွယ်လွန်သွားတာလို့ ဆိုပါတယ်။ 

၎င်းမကွယ်လွန်မီ မေလ (၃၁) ရက်နေ့ကပဲ ရွှေညဝါဆရာတော်ကိုယ်တော် ဦးတင်ဦးကို သွားရောက်တွေ့ဆုံခဲ့ပြီး ဆုတောင်း မေတ္တာပို့သတာတွေနဲ့ တရားဓမ္မဟောကြားပေးခဲ့ပါသေးတယ်။

သူရဦးတင်ဦးကို (၁၉၂၇) ခုနှစ် မတ်လ (၁၂) ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး (၁၉၇၄) ခုနှစ် မတ်လ () ရက်ကနေ (၁၉၇၆) ခုနှစ် မတ်လ () ရက်နေ့အထိ တပ်မတော်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

တပ်မတော်မှာ တာဝန်ထမ်းဆောင်ချိန်မှာ ဇေယျကျော်ထင်ဘွဲနဲ့ သူရဘွဲ့ကို ရရှိခဲ့ပေမယ့် သူရ ဦးတင်ဦးလို့သာ လူသိများ ထင်ရှားခဲ့ပါတယ်။ 

(၁၉၈၈) ခုနှစ်မှာ ဖြစ်ခဲ့တဲ့ () လေးလုံး အရေးတော်ပုံပြီးမှာပေါ်ပေါက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ စတင်တည်ထောင်ခဲ့ရာမှာပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌတာဝန်ကို (၁၉၈၈) ခုနှစ် ဒီဇင်ဘာလ () ရက်ကနေ (၁၉၈၉) ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်ထိ ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖြစ် တာဝန်ယူခဲ့ပြီး NLD ပါတီအတွက် အရေးပါတဲ့ ဦးဆောင်မှု အခန်းကဏ္ဍကနေပါဝင်ခဲ့တာကြောင့် ဩဇာကြီးမားတဲ့ နိုင်ငံရေးသမားတဦးလည်း ဖြစ်ခဲ့ပါတယ်။ 

သူရ ဦးတင်ဦး အခုလို ကွယ်လွန်သွားခြင်းအတွက် မြန်မာနိုင်ငံသူ/နိုင်ငံသားအားလုံးနဲ့တကွ Radio NUG ကလည်း လွန်စွာစိတ်ထိခိုက် ဝမ်းနည်းရပါကြောင်းနဲ့ ကွယ်လွန်သူ ကောင်းရာသုဂတိလားပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။


========================


📌📌 ၂။ စစ်ဘေးရှောင်နေတဲ့ အိမ်နဲ့ ဆိုင်ခန်းတွေကို ဖောက်ထွင်းခိုးယူသူတွေကို အရေးယူမယ်လို့ တီးတိန် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ သတိပေး


ချင်းပြည်နယ်ထဲက တီးတိန်မြို့ပေါ်မှာ နေထိုင်ကြတဲ့ အရပ်သားပြည်သူတွေ စစ်ဘေးရှောင်နေတာကို အခွင့်ကောင်းယူပြီး အိမ်နဲ့ ဆိုင်ခန်းတွေကို ဖောက်ထွင်းခိုးယူတာတွေ မလုပ်ဖို့နဲ့ ကျူးလွန်သူတွေကို တရားဥပဒေအတိုင်း အရေးယူမယ်လို့ တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ (၃၁) ရက်နေ့မှာ သတိပေး ထုတ်ပြန်လိုက်ပါတယ်။

တီးတိန်မြို့မှာ လတ်တလောဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် မြို့ခံပြည်သူအများစုဟာ ၎င်းတို့ရဲ့နေအိမ်တွေကို သော့ခတ်ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒါကြောင့် အများပြည်သူနေအိမ်တွေနဲ့ ဆိုင်ခန်းတွေကို ဖောက်ထွင်းပြီး ပစ္စည်းဥစ္စာတွေကို ခိုးယူတဲ့သူတွေကို ပြည်သူ့ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့က စုံစမ်းဖော်ထုတ်ပြီး ပြစ်မှုကျူးလွန်သူ ဘယ်သူ့ကိုမဆို တရားဥပဒေအတိုင်း အရေးယူသွားမယ်လို့ အသိပေးထားပါတယ်။ 

ချင်းပြည်နယ် တီးတိန်မြို့က စစ်ကောင်စီတပ်စခန်းတွေကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီတပ်စခန်းအချို့ကိုသိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တာရှိပါတယ်။

မေလ (၂၆) ရက်နေ့ကဖြစ်တဲ့ တိုက်ပွဲမှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင် () ဦး သေဆုံးခဲ့ပြီး () ဦး အရှင်ဖမ်းမိခဲ့သလို လက်နက် ခဲယမ်းအချို့ကိုလည်း ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီဟာ မြို့ပေါ်ကနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။


========================


📌📌 ၃။ စစ်တပ်လော်ဘီတွေ KIA နဲ့ AA ကို ဦးတည်တိုက်ခိုက်နေတယ်လို့ BACS ပြော


မြန်မာနိုင်ငံတဝှမ်း အကြမ်းဖက်မှုတွေကို နေ့စဉ်ပြုလုပ်နေတဲ့ စစ်ကောင်စီကို ထောက်ခံအားပေးနေကြတဲ့ စစ်တပ်လော်ဘီတွေဟာ သတင်းအမှားတွေဖြန့်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ရခိုင်တပ်တော် AA ကို ဦးတည်တိုက်ခိုက်နေ တယ်လို့ ဗမာ့ရေးရာနှင့်ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က မေလ (၃၁) ရက်နေ့ မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီလော်ဘီတွေဟာ လူမျိုးရေးနဲ့ ဘာသာရေးကို အခြေခံပြီး မေလ (၁၈) ရက်ကနေ မေလ (၂၄) ရက်အတွင်း ရခိုင့်တပ်တော် AA ကို ဦးတည်တိုက်ခိုက်တဲ့ ဝါဒဖြန့်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

AA အနေနဲ့ ရခိုင်ပြည်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို ဆက်တိုက်သိမ်းနေပြီး မြို့ (၁၀) မြို့အထိ သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့အတွက် စစ်ရှုံး စစ်ကောင်စီက ရခိုင်ပြည်မှာ လူမျိုးရေးပဋိပက္ခတွေကြီးထွားအောင် လုပ်ဆောင်နေတာလို့ BACS က ထောက်ပြထားပါတယ်။

ဒါ့အပြင် စစ်တပ်လော်ဘီတွေက ချင်းလူမျိုးတွေ ချင်းလက်နက်ကိုင်တပ်တွေနဲ့ AA တို့ကြားမှာ မကျေနပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့လည်း ပုံဖော်ဝါဒဖြန့်ခဲ့ကြတယ်လို့ အသိပေးထားပါတယ်။ 

AA ဟာ ချင်းဒေသတွေကို ကျူးကျော်၊ ချင်းလူမျိုးတွေကို ဖိနှိပ်နေတဲ့အတွက် ချင်းလက်နက်ကိုင်တပ်နဲ့ ချင်းလူမျိုးတွေက AA ကို တန်ပြန်တိုက်ခိုက်တော့မယ်လို့ စစ်လော်ဘီတွေက ဝါဒဖြန့်ခဲ့တာတွေ့ရတယ်လို့ BACS က ပြောပါတယ်။

စစ်ကောင်စီဟာ မြေပြင်တိုက်ပွဲတွေမှာ စစ်ရှုံးလာတာနဲ့အမျှ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကြား အထင်လွဲမှား စေဖို့ လုပ်ကြံဖန်တီး ပြောဆိုနေရာမှာ အဓိကအားဖြင့် စစ်ရှုံးနယ်မြေအတွင်းက တော်လှန်ရေးအင်အားစုတွေကို ပိုမို ဦးတည်တိုက်ခိုက်လာတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်မှာလည်း စစ်ကောင်စီတပ်စခန်းတွေကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ဆက်တိုက်သိမ်းပိုက်နေရာ ရွှေညောင်ပင်ရွာအခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၃၂၁) ကို KIA-PDF ပူးပေါင်းတပ်က သိမ်းပိုက်ပြီးနောက်မှာ KIA နဲ့ PDFတွေ ကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးရတယ်ဆိုပြီး ပို့စ် (၁၅)  ခုခန့်နဲ့ ပုံဖျက်တိုက်ခိုက်ခဲ့တယ်လို့ BACS က အသိပေးထား ပါတယ်။ 

စစ်ကောင်စီလော်ဘီတွေဟာ AA နဲ့ KIA တို့အပြင် NUG PDF တွေနဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ TNLA MNDAA KNU KNDF တို့ကိုလည်း ပြည်သူလူထုက အထင်လွဲမှားစေနိုင်တဲ့ အကြောင်းအရာတွေနဲ့ ဝါဒဖြန့်ခဲ့ကြပါသေးတယ်။ 

ဒါပြင် တော်လှန်ရေးအင်အားစုတွေကြား မယုံသင်္ကာမှုတွေ ပေါ်ပေါက်လာစေဖို့ NUG ခေါင်းဆောင်တွေနဲ့ တော်လှန်ရေး‌ ရန်ပုံငွေရှာဖွေသူများ၊ PDF နဲ့ CDM များအကြား လူနေမှုအခြေအနေမတူညီမှုတွေအပေါ် အခြေခံပြီး ဝါဒဖြန့်တိုက်ခိုက်ခဲ့တာတွေလည်း တွေ့ရတယ်လို့ BACS က ပြောပါတယ်။

စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလော်ဘီ တယ်လီဂရန်ချန်နယ်တွေဖြစ်တဲ့ ကျော်စွာ၊ ကိုသက်၊ ဘညွန့်၊ သဇင်ဦး၊ ရွှေဘ၊ ဟန်ငြိမ်းဦး စတဲ့ လော်ဘီချန်နယ် () ခု သတင်းဌာနအမည်နဲ့ ဝါဒဖြန့်တဲ့ ချန်နယ် () ခု၊ သတင်း စိစစ်ရေး ချန်နယ်တခုတို့ကနေ ဝါဒဖြန့်နေတဲ့အတွက် အဓိကဖြစ်တဲ့ အကြောင်းအရာတွေကို အမျိုးအစား (၂၃) မျိုးခွဲပြီး BACS က နေ့စဉ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။


========================


📌📌 ၄။ ဟိုတယ်ပရောဂျက် Project TheKey စတင်


နွေဦးတော်လှန်ကာလ () နှစ်ကျော်အတွင်းမှာ တော်လှန်ရေးရန်ပုံငွေအများဆုံးရှာဖွေနိုင်မယ့် ဟိုတယ်ပရောဂျက် Project TheKey ကို ဒီနေ့မှာ စတင်လိုက်ပြီဖြစ်တယ်လို့ ပွဲစီစဉ်သူတွေဆီကနေ သိရပါတယ်။

လက်မှတ်တစောင်ကို အမေရိကန်ဒေါ်လာ တရာနဲ့ (USD100) နဲ့ညီမျှတဲ့ နိုင်ငံအလိုက်ငွေကြေးနဲ့ ဒီနေ့ကစပြီး မဲလက်မှတ်တွေ ဝယ်ယူထောက်ပို့ပါဝင်နိုင်လို့ တော်လှန်ရေးရန်ပုံငွေရှာဖွေရာမှာ ထင်ရှားတဲ့ ပန်ဆယ်လို က ပြောပါတယ်။ 

အားလုံးသိကြတဲ့အတိုင်း ဆုတန်ကြေးက အမေရိကန်ဒေါ်လာ သန်းချီ တန်ဖိုးရှိတဲ့ ရှမ်းပြည်နယ်က ဟိုတယ်၊ မြေပိုင်ဆိုင်မှု ဖြစ်ပါတယ်။ တဦးတယောက်တည်းက ဟိုတယ်တခုလုံးကို ပိုင်ဆိုင်သွားတာထက် မဲပေါက်နိုင်ချေများတဲ့ ဆုမဲပုံစံမျိုး စီစဉ်ထားတယ်လို့ ဆိုပါတယ်။ 

နွေဦးတော်လှန်ရေးအတွက် ပြည်သူတဦးလှူဒါန်းထားတဲ့ ဟိုတယ်ကို မဲပေါက်သူတွေက ရာခိုင်နှုန်းအလိုက် ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

ပထမဆုအနေနဲ့ ဟိုတယ်တခုလုံးရဲ့ (၃ဝ) ရခိုင်နှုန်း၊ ဒုတိယဆုအနေနဲ့ (၂ဝ) ရာခိုင်နှုန်း၊ တတယဆု (၁ဝ) ရာခိုင်နှုန်း၊ အထူးဆုတဆုကို () ရာခိုင်နှုန်းနဲ့ () ဆု ချီးမြင့်မှာဖြစ်ပြီး နှစ်သိမ့်ဆု () ဆုအတွက် () ရာခိုင်နှုန်း ချီးမြင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ဒီပရော့ဂျက်ဟာ တော်လှန်ရေးကာလတောက်လျှောက် တဦးတယောက်တည်းက လှူဒါန်းမှုထဲမှာ တန်ဖိုးအကြီးမြင့်ဆုံး ပမာဏဖြစ်သလို ဝေဖန်တိုက်ခိုက်မှုတွေကိုလည်း ပရော့ဂျက်မစတင်ခင်ကတည်းက ကြုံတွေ့ရတယ်လို့ ပန်ဆယ်လိုက သူ့ရဲ့ လူမှုကွန်ယက်ကနေ အသိပေးပြောဆိုထားပါတယ်။ 

ဒါ့ကြောင့် ဥပဒေကြောင်းအရ လိုအပ်တဲ့ဆောင်ရွက်မှုတွေ၊ ကတိကဝတ်တွေ၊ စာချုပ်စာတမ်းတွေနဲ့ အသေအချာစနစ်တကျ စီမံထားသလို ကံထူးရှင်တွေ မည်သည့် အပိုကုန်ကျစားရိတ်မှ မရှိစေရအောင်နဲ့ ယုံကြည်စိတ်ချရအောင် စီမံဆောင်ရွက်ထားပြီး Terms and Conditions အပြည့်အစုံကို လက်မှတ်ဝယ်ယူရမယ့် Website ကနေ ဖတ်ရှုနိုင်အောင် စီစဉ်ပေးထားပါတယ်လို့လည်း ဆိုပါတယ်။ 

ဒီဟိုတယ်ဟာ တော်လှန်ရေးတောက်လျှောက် တဦးတည်းလှူဒါန်းမှုတွေထဲက အကြီးမားဆုံးအလှူဖြစ်သလို ပြည်သူတွေရဲ့ ပါဝင်မှုဟာလည်း ကြီးကြီးမားမားဖြစ်နိုင်မယ်လို့ ပွဲစီစဉ်သူတွေက မျှော်လင့်ထားပါတယ်။ 

ကံထူးသူတွေအနေနဲ့ အမေရိကန်ဒေါ်လာ သိန်းကြီးပိုင်း မြန်မာငွေ သိန်းပေါင်းသောင်းချီ ပိုင်ဆိုင်နိုင်မယ့် အချိုးအစားရရှိမှာ ဖြစ်ပြီး မဲမပေါက်ခဲ့ရင်လည်း တော်လှန်ရေးအတွက် အထောက်အပံ့ကြီးကြီးမားမားတခုအနေနဲ့ ထောက်ပို့နိုင်ကြမှာဖြစ်တာ ကြောင့် Project TheKey မှာ မဲလက်မှတ်တွေ ဝယ်ယူထောက်ပို့ပေးကြဖို့ ပွဲစီစဉ်သူတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ တောင်သာနယ် တောင်ကန်တော်‌ရွာက ပျူခေါင်းဆောင်အိမ်ကို ပစ်ခတ်တိုက်ခိုက်ရာ () ဦးသေဆုံးပြီး သေနတ် () လက် ရရှိ


မန္တလေးတိုင်း တောင်သာမြို့နယ်ထဲက တောင်ကန်တော်‌ရွာက ပျူစောထီးခေါင်းဆောင်ရဲ့အိမ်ကို တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်ပစ်ခတ်ခဲ့ရာ ပျူ () ဦး သေဆုံးပြီး သေနတ်တလက် သိမ်းဆည်းရရှိခဲ့တယ်လို့ Scorpions People Defense Force အဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။

တောင်သာမြို့နယ် တောင်ကန်တော်‌ရွာက ပျူစောထီးခေါင်းဆောင် အောင်ဆန်းရဲ့ နေအိမ်ကို တော်လှန်ရေးရဲဘော်တွေက မေလ (၂၉) ရက်နေ့ ညနေ () နာရီခွဲခန့်မှာ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ ပျူစောထီး ခေါင်းဆောင် အောင်ဆန်း အပါအဝင် ပျူစောထီး () ဦး သေဆုံးခဲ့ပြီး ကာဘိုင်သေနတ်တလက်၊ ကျည် (၆၇) တောင့်နဲ့ ဖုန်းတလုံး သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပျူစောထီးတွေဘက်က ပြန်လည်ခုခံဖို့ကြိုးစားခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေက လက်ဦးမှုရယူနိုင်ခဲ့တာ်လို့လည်း သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို တောင်သာမြို့နယ် ပကဖ နဲ့အတူ The Value Of Young Men (မြင်းခြံခရိုင်တပ်ရင်းအမှတ်-) နေပြည်တော် PDF တပ်ရင်း (၈၀၁) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၂။ မင်းလှမြို့နယ် စစ်ကောင်စီ လဝကရုံးကို ဗုံးခွဲတိုက်ခိုက်ရာ ဝန်ထမ်း () ဦး ဒဏ်ရာရ


ပဲခူးတိုင်း မင်းလှမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန-လဝက ရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့ရာမှာ ဝန်ထမ်း () ဦး ဒဏ်ရရသွားတယ်လို့ သာယာဝတီခရိုင် PDF တပ်ရင်း - ၃၈၀၂၊ တပ်ခွဲ - မြေအောက် ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက ပြောပါတယ်။

မင်းလှမြို့ ဗိုလ်ရုံတန်းရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန - လဝက ရုံးကို မေလ (၃၀) ရက် (၉း၄၀) အချိန်ခန့်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဗုံးခွဲတိုက်ခိုက်ချိန်မှာ လဝကရုံးအတွင်းမှာ ညစောင့်ရုံးဝန်ထမ်း () ဦးရှိနေပြီး ပေါက်ကွဲမှုကြောင့် () ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပေမယ့် သေဆုံးမှုရှိ/မရှိ စုံစမ်းဆဲလို့ သိရပါတယ်။ 

ဗုံးခွဲတိုက်ခိုက်ခံရတဲ့ မင်းလှမြို့နယ် လဝကရုံးက ဝန်ထမ်းတွေဟာ မှတ်ပုံတင်လာလုပ်တဲ့ ပြည်သူလူထုအပေါ် အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲတာ၊ အဆမတန် ငွေကြေးတောင်းခံတာအပြင် စစ်ကောင်စီအတွက်ပါ အလုပ်လုပ်ပေးနေတဲ့ ထောက်တိုင်ဖြစ်တာကြောင့် ဖောက်ခွဲတိုက်ခိုက်တာလို့ အုတ်ဖို - မြေအောက်ပြောက်ကျားတပ်ဖွဲ့က အသိပေးပါတယ်။

ပြည်သူလူထုကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီနဲ့၎င်းတို့ရဲ့ ထောက်တိုင်တွေကို ပြင်းထန်တဲ့အရေးယူမှုတွေ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ၎င်းတို့နဲ့ ဝေးဝေးနေကြဖို့ သာယာဝတီခရိုင် PDF တပ်ရင်း - ၃၈၀၂၊ တပ်ခွဲ - မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက ကြိုတင်သတိပေးထားပါတယ်။


========================


🚩🚩 ၃။ စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေတဲ့ ပေါက်ခေါင်းနဲ့ သဲကုန်းမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ပစ်ခတ်ရှင်းလင်း 


ပဲခူးတိုင်း ပြည်ခရိုင်ထဲမှာပါတဲ့ ပေါက်ခေါင်းမြို့နယ်နဲ့ သဲကုန်းမြို့နယ်တို့မှာ စစ်ကောင်စီအတွက် တပ်သားသစ် စုဆောင်းနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး () ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်ခရိုင် (၃၆၀၁) PPDF တပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ပြောပါတယ်။

ပေါက်ခေါင်းမြို့နယ် ကြို့ပင်ဝိုင်းကျေးရွာက အုပ်ချုပ်ရေးမှူးညွန့်စိုးကို မေလ (၃၁) ရက်နေ့ မွန်းလွဲ (၂း၃၀) ခန့် အချိန်မှာ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် - ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ () နဲ့ ဆောင်းခိုငှက် - ပေါက်ခေါင်းမြို့နယ် ပကဖအဖွဲ့တို့က ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

ဆိုင်ကယ်တစီးနဲ့သွားလာတဲ့ ကြို့ပင်ဝိုင်းရွာ အုပ်ချုပ်ရေးမှူးညွန့်စိုး ကို ပစ်ခတ်ရှင်းလင်းရာမှာ ဦးခေါင်းကို ထိမှန်ပြီး လမ်းမပေါ်မှာ ပွဲချင်းပြီးသေဆုံးသွားတာလို့ ဆိုပါတယ်။ 

သေဆုံးသွားသော ကြို့ပင်၀ိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးညွန့်စိုးဟာ ကျေးရွာအတွင်းက လူငယ်လူရွယ်တွေကို စစ်မှုထမ်းဖို့ အဓမ္မစုဆောင်းပေးတာအပြင် တော်လှန်ရေးရဲဘော်တွေရဲ့သတင်းကို စစ်ကောင်စီထံပေးပို့တာတွေကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်ချို့ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။ 

ထို့အတူ ပြည်ခရိုင် သဲကုန်းမြို့နယ်ထဲက ဓားသွေးကျောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် အောင်ဝင်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းရာမှာ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ PPDF က အသိပေးထားပါတယ်။ 

မေလ (၃၁) ရက်နေ့ (၇း၀၀) အချိန်ခန့်မှာ ဓားသွေးကျောက်ကျေးရွာက အုပ်ချုပ်ရေးမှူးအသစ် အောင်ဝင်းရဲ့ နေအိမ်ကို သွားရောက်ပြီး သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းရာမှာ ဦးခေါင်းနဲ့နောက်ကျောကို ကျည်ထိမှန်ပြီး သေဆုံးသွားတာလို့ သိရပါတယ်။ 

ဓားသွေးကျောက်ကျေးရွာက အုပ်ချုပ်ရေးမှူးအသစ် အောင်ဝင်းဟာ PDF တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးဟောင်းနေရာမှာ အစားထိုးခန့်အပ်ခံရသူလို့လည်း သိရပါတယ်။ 

သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးအသစ် အောင်ဝင်းဟာလည်း စစ်မှုထမ်းဖို တပ်သားသစ်စုဆောင်းတာ၊ ကျေးရွာထဲမှာ လောင်းကစား၀ိုင်းတွေထောင်ပြီး စစ်ကောင်စီကိုထောက်ပံ့တာအပြင် တော်လှန်ရေးရဲဘော်တွေအကြောင်း စုံစမ်းပြီး စစ်ကောင်စီထံ သတင်းပေးပို့တာတွေလုပ်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော် () ဦး ဖမ်းဆီးခံရပြီး တဦးကျဆုံးခဲ့ရတယ်လို့ PPDF က ထုတ်ပြန်ထားပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးပိုင်းကို ပစ်မှတ်ထား‌ ရှင်းလင်းနေပြီဖြစ်တာကြောင့် ကျန်နေသေးတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အမြန်ဆုံး နုတ်ထွက်ကြဖို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment