23rd JUN 2024 - (Ethnic language program-CHO_MΓΌn) by Radio NUG


πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၄ ဇွα€”်α€œ ( ၂၃ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား 


πŸ“ŒπŸ“Œ ၁။ မတူပီ ခမရ ၃၀၄ α€€ိုချင်းα€Šီα€”ောင်α€žိα€™်းပိုα€€်၊ α€α€œα€› ၁၄၀ α€”ှင့် α€—ျူα€Ÿာα€€ုα€”်းα€€ို ဆက်α€œα€€် ထိုးα€…α€…်ဆင်α€”ေ

 

ချင်းပြα€Š်၊ မတူပီα€™ြို့ ထခြေα€…ိုα€€် ခမရ ၃၀၄ α€€ို ထပြီးα€žိα€™်းပိုα€€်ပြီα€œို့ α€žိα€™်းα€†α€Š်းα€›α€›ှိတဲ့ α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင်ထပါထဝင် α€œ၊α€€်α€”α€€်တွေα€”ဲ့ထတူချင်းα€Šီα€”ောင်α€€ ဇွα€”် ၁၈ α€›α€€်α€”ေ့ တရားဝင်ထုတ်ပြα€”်ပါα€α€š်။

 

ဇွα€”်α€œ ၉ α€›α€€်ထစောပိုင်းချင်းα€Šီα€”ောင်α€…α€…်ဆင်α€›ေးထဖြα€…် မတူပီα€™ြို့α€€ို တို၊α€€်ခိုα€€်တာα€–ြα€…်ပြီး ၁၉ α€›α€€်ထကြာ ဇွα€”်α€œ ၁၇ α€›α€€်α€”ေ့α€™ှာ α€…α€…်α€€ောင်α€…ီ ခြေα€™ြα€”်တပ်ရင်း ထမှတ် ၃၀၄ α€€ို α€žိα€™်းပိုα€€်တာပါ။

 

α€’ီα€…α€…်ဆင်α€›ေးα€™ှာ ထာα€›α€€္ခတပ်တော် AA Yaw Army α€”ဲ့ ထခြားα€™α€Ÿာα€™ိတ်တွေ ပါဝင်α€α€š်α€œို့ချင်းα€Šီα€”ောင်α€€ ထုတ်ပြα€”်ပါα€α€š်။

 

α€…α€…်ဆင်α€›ေးα€™ှာ တော်α€œှα€”်α€›ေးပူးပေါင်းတပ်α€˜α€€်α€€α€œα€Š်း ထိခိုα€€် ဆုံးα€›ှုံးα€™ှုတွေα€›ှိα€”ေပေα€™α€š့် တရားဝင် ထုတ်ပြα€”်တာ မတွေ့α€›α€žေးပါα€˜ူး။

 

ချင်းပြα€Š် တောင်ပိုင်း၊ α€™ြောα€€်ပိုင်းα€›ှိ α€™ြို့တွေα€”ဲ့ ထိစပ်α€”ေတဲ့ မတူပီα€™ြို့α€™ှာ α€…α€…်α€€ောင်α€…ီ ခြေα€œျင်တပ်ရင်း ထမှတ် ၁၄၀၊ ခြေα€™ြα€”်တပ်ရင်း ထမှတ် ၃၀၄ α€”ဲ့ α€…α€…်α€—ျုα€Ÿာတခု ထခြေα€…ိုα€€်ထားပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၂။ မင်းတပ်α€™ြို့α€”α€š်α€™ှာ ၀မ်းα€€ိုα€€်α€›ောဂါα€€ြောင့် α€”ှα€…်ဦး α€‘α€žα€€်ဆုံးα€›ှုံး၊ α€…α€…်α€˜ေးα€›ှောင်α€™ျား ထကူα€‘α€Šီα€œိုထပ်α€”ေ

 

မင်းတပ်α€™ြို့α€”α€š်၊ တိုα€€်α€”α€š် ၁၃ α€€ျေးα€›ွာα€™ှာ ဝမ်းပျα€€်၊ ဝမ်းα€œျှောα€€ြောင့် α€’ေα€žα€ံα€”ှα€…်ဦး α€‘α€žα€€်ဆုံးα€›ှုံးα€α€š်α€œို့ မင်းတပ်α€™ြို့α€”α€š်α€…α€…်α€˜ေးα€›ှောင်α€™ျား α€…ောင့်α€›ှောα€€်α€›ေးα€€ော်မတီα€€ ဇွα€”် ၁၇ α€›α€€်α€”ေ့ α€–ော်ပြပါα€α€š်။

 

α€‘α€žα€€်ဆုံးα€›ှုံးα€›α€žူတွေα€Ÿာ α€žα€€်α€€ြီးပိုင်းα€”ှα€…်ဦးα€–ြα€…်ပြီး ၀မ်းα€›ောဂါα€–ြα€…်ပွားα€”ေတဲ့ ထဆိုပါα€€ျေးα€›ွာα€™ှာ α€œူထ၀င်ထထွα€€် α€šာα€šီပိတ်ထားဆဲα€œို့ ဆိုပါα€α€š်။

 

မင်းတပ်α€™ြို့α€”α€š်ထတွင်း α€–ြα€…်ပွားα€”ေတဲ့ α€’ီα€›ောဂါα€Ÿာ ၂ α€”ာα€›ီα€€α€”ေ ၅ α€›α€€်ထတွင်း α€œα€€္ခဏာပြပြီး ထမြα€”်ဆုံး ထိα€›ောα€€်တဲ့ α€€ုα€žα€™ှု မခံα€šူရင် ၃၀ - ၅၀ % α€€ α€žေဆုံးα€”ိုင်ပြီး ထချိα€”်α€™ီ α€€ုα€žα€›α€„် α€žေဆုံးα€™ှုα€”ှုα€”်း ၁ % ပဲ α€›ှိα€α€š်α€œို့ Chin Health Organization α€€ ဆိုပါα€α€š်။

 

ထပြင်α€…ာ α€™α€…ားပါα€”ဲ့။ α€Ÿα€„်းα€€ျα€”် ထမင်းα€€ျα€”် α€™α€…ားပါα€”ဲ့။ ထစာα€€ို α€šα€„်α€œုံထောင် α€žိα€™်းα€†α€Š်းပါ။  α€”ို့တိုα€€်α€€α€œေးတွေα€€ို ထမေα€”ို့တမျိုးα€α€Š်း တိုα€€်ပါ။ α€šα€„်α€œုံထိα€™်α€žာ α€žုံးပါ။ ထိα€™်α€žာα€žွားပြီးတိုင်း၊ ထစာα€™α€…ားခင်၊ မပြင်ခင်၊ မချα€€်ခင် α€œα€€်α€€ို ဆပ်ပြာα€”ဲ့ စင်ထောင် ဆေးပါ။ ဝမ်းα€œျှောတာα€”ဲ့ α€€ျα€”်းα€™ာα€›ေးဝန်ထမ်းဆီ ချα€€်ချင်းပြပါ။ ဓာတ်ဆား ချα€€်ချင်းα€žောα€€်ပါ။ ဓာတ်ဆားα€™α€›ှိရင် ဆားα€”ဲ့ α€žα€€ြားα€€ို α€žုံးပြီး ထောα€€်ကပုံထတိုင်း α€–ျော်α€žောα€€်α€œို့ α€›α€α€š်။ ထရေးα€€ြီးဆုံးα€€ α€›ေα€€ို α€€ျိုချα€€်ပြီး α€žောα€€်ပါ။α€œို့α€œα€Š်း တိုα€€်တွα€”်းထားပါα€α€š်။

 

α€œα€€်α€›ှိα€™ှာ မင်းတပ်α€™ြို့α€”α€š်ထတွင်း α€…α€…်α€˜ေးα€›ှောင် ၁၀,၅၀၀ ၀န်းα€€ျင်ခန့်α€›ှိပြီး ဆေးဝါး၊ α€…ားα€žောα€€်α€€ုα€”်ပစ္α€…α€Š်းα€”ဲ့ ထကူα€‘α€Šီα€™ျားα€…ွာ α€œိုထပ်α€”ေα€α€š်α€œို့ မင်းတပ်α€™ြို့α€”α€š်α€…α€…်α€˜ေးα€›ှောင်α€™ျား α€…ောင့်α€›ှောα€€်α€›ေးα€€ော်မတီα€€ ဆိုပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၃။ မတူပီα€™ြို့α€›ှိ ထဖွားထိုတဦး α€…α€…်α€›ှောင်ရင်း α€œα€™်းခုα€œα€်α€™ှာ α€‘α€žα€€်ဆုံးα€›ှုံး

 

ချင်းပြα€Š်၊ မတူပီα€™ြို့ပေါ်တို၊α€€်ပွဲတွေα€€ြောင့် α€™ြို့ပေါ်α€€α€”ေ α€˜ေးα€œွတ်α€›ာတိα€™်းα€›ှောင်တဲ့ ထဖွားထိုတဦးα€Ÿာ မတူပီα€™ြို့ထနီး α€œα€™်းခုα€œα€်တနေα€›ာα€™ှာ α€‘α€žα€€်ဆုံးα€›ှုံးα€›α€α€š်α€œို့ မတူပီတိုင်းα€™်α€€ ဇွα€”် ၂၀ α€›α€€်α€”ေ့ α€–ော်ပြပါα€α€š်။

မတူပီα€™ြို့ထခြေα€…ိုα€€် α€…α€…်α€€ောင်α€…ီထခြေα€…ိုα€€်စခန်းတွေα€€ိုချင်းα€Šီα€”ောင်α€…α€…်ဆင်α€›ေးထဖြα€…် ဇွα€”်α€œ ၉ α€›α€€်α€”ေ့ စတင်ခဲ့တာα€–ြα€…်ပြီး α€œα€€်α€›ှိ (ဇွα€”် ၂၀) ထထိ တို၊α€€်ပွဲတွေ α€–ြα€…်ပွားα€”ေတာပါ။

 

α€‘α€žα€€်ဆုံးα€›ှုံးα€›α€žူα€Ÿာ α€‘α€žα€€် αˆα€ α€€ျော်α€›ှိα€”ိုင်ပြီး α€›ုပ်α€€α€œာα€˜်α€€ို မတူပီα€™ြို့ထနီးα€™ှာ α€€ောင်းα€™ွα€”်α€…ွာα€žα€„်္ဂြိုα€Ÿ်ပေးα€€ြောင်း မတူပီတိုင်းα€™်α€€ α€–ော်ပြပါα€α€š်။

 

α€…α€…်α€›ှောင်α€žα€€်α€€ြီးα€›ွα€š်ထို α€”ောα€€်ထပ် ၃ ဦးα€€ိုတော့ α€€ျေးα€›ွာတရွာα€™ှာ α€€ောင်းα€™ွα€”်α€…ွာα€…ောင့်α€›ှောα€€်ထားα€€ြောင်း ဆိုပါα€α€š်။


#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment