23rd JUN 2024 - Morning Daily News by Radio NUG

၂၀၂၄ ဇွန်လ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိတို့ တွေ့ဆုံ 

📌 ၂။ ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူရတဲ့ဖြစ်စဉ်ကို သံဃာတော်တွေအနေနဲ့ သည်းခံ၊ ခွင့်လွှတ်၊ မေ့ပျောက်ကြဖို့ သီတဂူဆရာတော် မိန့်ကြား

📌 ၃။ မဏီပူရ်ပြည်နယ်က ဖမ်းဆီးခံ မြန်မာတွေအတွက် အသံထွက်ပေးကြဖို့ India for Myanmar တိုက်တွန်း

📌 ၄။ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

📌 ၅။ ကောလင်းမြို့နယ် စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာ၊ မိုးကာ၊ သောက်သုံးရေနှင့် ဆေးဝါးများ လိုအပ်နေ

📌 ၆။ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ လောင်းကစားရုံ အာဏာမသိမ်းခင်ကထက် ဆယ်ဆခန့် တိုးလာ


၂၀၂၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် ဘုန်းကြီးကျောင်းကို တိုက်ခိုက်သဖြင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

🚩 ၂။ သံတွဲ စစ်ရှောင်ရွာကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင် ဦး သေဆုံး ဦး ပြင်းထန်ဒဏ်ရာရ

🚩 ၃။ ရခိုင်စစ်ပွဲအတွင်း အရပ်သားသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများစွာကို စစ်ကောင်စီတပ် ပြုလုပ်နေ

🚩 ၄။ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော စင်းကို ဆားလင်းကြီးနယ်မှာ ကြားဖြတ်တိုက်ခိုက်

🚩 ၅။ ချင်းတွင်းမြစ်ကြောင်းအတိုင်းတက်လာတဲ့ စစ်သင်္ဘော စင်းက မြစ်ဘေးတလျောက်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်တာကြောင့် ဒေသခံပြည်သူများ တိမ်းရှောင်နေရ

🚩 ၆။ ဂန့်ဂေါမြို့နယ်တွင် စစ်လက်ကျန် ၄၀ မမဗုံးသီးကွဲပြီး ကလေး ဦး သေဆုံး ဦးဒဏ်ရာရ

🚩 ၇။ လားရှိုးမြို့တွင် ပေါက်ကွဲမှုတစ်ခုဖြစ်၍ (၁၂)အရွယ် ကလေးငယ်()ဦး လက်နှစ်ဖက်ပြတ်ပြီး ()ဦး ပြင်းထန်စွာဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိတို့ တွေ့ဆုံ 


ဇွန်လ ၂၂ရက်။

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့်အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိတစ်ဦးဖြစ်သည့် Principal Deputy Assistant Secretary Bureau Of Democracy, Human Rights, and  Labor ဖြစ်သူ Mr. Robert S. Gilchristနှင့် ဇွန်လ(၂၂)ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဌာန၌ တွေ့ဆုံခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


အဆိုပါတွေ့ဆုံမှုတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိမြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများ၊ ဆိုးဝါးလာသည့် လေကြောင်းတိုက်ခိုက်မှုများ အထူးသဖြင့် ရခိုင်ပြည်အတွင်း အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်အုပ်စု၏ ပစ်မှတ်ထားအကြမ်းဖက် တိုက်ခိုက်နေမှုများ အကြောင်းတို့ကို တင်ပြခဲ့ပါသည်။ 


အမေရိကန်နိုင်ငံအစိုးရအနေဖြင့် အကြမ်းဖက်စစ်အုပ်စုအပေါ် ယခုထက်ပိုမိုသော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန်နှင့် မြန်မာပြည်သူများအပေါ် တိုက်ရိုက်အကျိုးရှိသော ကူညီမှုများပေးနိုင်ရန် တိုက်တွန်းပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့ပြင်အရပ်သား ပြည်သူများအပေါ် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေသည့် နိုင်ငံတကာရာဇဝတ်မှုများနှင့် ပတ်သက်၍ ပိုမိုပြင်းထန်ပြီး ပူးပေါင်းဆောင်ရွက်မှုရှိသည့် စီးပွားရေးနှင့် လက်နက်တင်ပို့မှု ပိတ်ဆို့ခြင်းအပါအဝင် အရေးယူဆောင်ရွက်မှုများ ထပ်မံတိုးမြှင့်လုပ်ဆောင်ရန်၊ အကြမ်းဖက်စစ်အုပ်စုက စနစ်တကျ ကျူးလွန်နေသည့် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာအကြပ်အတည်းများကြောင့် ထွက်ပြေးတိမ်းရှောင်လာသောသူများ အဓမ္မ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် လူငယ်မျိုးဆက်သစ်များကို တိုက်ရိုက်ကူညီမှုများ အမြန်ဆုံးလုပ်ဆောင်ပေးနိုင်ရန် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပြီး ယခုထက် ပိုမိုထိရောက်သော အရေးယူဆောင်ရွက်မှုများနှင့် ကူညီမှုများ လုပ်ဆောင်သွားမည့်အကြောင်း ကတိပြု ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူရတဲ့ဖြစ်စဉ်ကို သံဃာတော်တွေအနေနဲ့ သည်းခံ၊ ခွင့်လွှတ်၊ မေ့ပျောက်ကြဖို့ သီတဂူဆရာတော် မိန့်ကြား


ဇွန်လ ၂၂ရက်။

Radio NUG

ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူရတဲ့ဖြစ်စဉ်ကို သံဃာတော်တွေအနေနဲ့ သည်းခံ၊ ခွင့်လွှတ်၊ မေ့ပျောက်ကြဖို့ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များရဲ့ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရက အန္တိမဈာပနမှာ ဒီကနေ့ မိန့်ကြားပါတယ်။


"ပြင်မရတော့တဲ့ ဒီအမှားကို၊ တစ်စုံတစ်ယောက်မှားတဲ့ ဒီအမှားကို သံဃာတော်တွေက အားပေးမိရာ မရောက်အောင်၊ ထပ်ပြီးတော့လည်း မမှားမိအောင် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေ့ပျောက်ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်တော်မူကြပါဘုရား"လို့ ဒေါက်တာဘဒ္ဒန္တဉာဏိဿရက မိန့်ကြားပါတယ်။


ဒါ့အပြင် တိုင်းပြည်ရဲ့ အခြေအနေက ညီညွတ်မှုက အရေးကြီးတဲ့အတွက် နိုင်ငံတော်အစိုးရနဲ့ သံဃာလက်မတွဲနိုင်ရင် တိုင်းပြည်ဟာ ဒုက္ခဖြစ်စရာ အများကြီးရှိတယ်လို့လည်း သီတဂူဆရာတော်ကတစ်ဆက်တည်း မိန့်ခဲ့ပါတယ်။


သီတဂူဆရာတော်ဟာ ကျန်းမာရေးဆေးစစ်ဖို့အတွက် ဆွစ်ဇာလန်နိုင်ငံကို ဇွန် ၂၃ ရက်မှာ ထွက်ခွာမှာဖြစ်တာကြောင့် ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ အန္တိမဈာပနကို မတက်ရောက်နိုင်ဘူးလို့ မိန့်ပါတယ်။


ဝင်းနိမ္မိတာရုံ ဆရာတော် ပျံလွန်တော်မူခဲ့တဲ့ ပစ်ခတ်ခံရမှုမှာ ဆရာတော်တွေပါဝင်တဲ့ ကားကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နောက်ကနေ ပစ်ခတ်တားဆီးခဲ့တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။


========================


📌📌 ၃။ မဏီပူရ်ပြည်နယ်က ဖမ်းဆီးခံ မြန်မာတွေအတွက် အသံထွက်ပေးကြဖို့ India for Myanmar တိုက်တွန်း


ဇွန်လ ၂၂ ရက်။

Radio NUG

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ကထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာပြည်သူ ၆၆ ဦး လွတ်မြောက်ရေးနဲ့ တရားမျှတမှု ရရှိရေးတို့အတွက် အစာငတ်ခံ ဆန္ဒပြနေကြပြီး နိုင်ငံတကာက နှုတ်ပိတ်နေတာကြောင့် အသံထွက်ပေးကြဖို့ India for Myanmar က တိုက်တွန်းထားပါတယ်။


ဇွန်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ တိုက်တွန်းချက်အရ အစာငတ်ခံ ဆန္ဒပြနေတာ ရက်မြောက်နေ့ရှိနေပြီလို့ သိရပြီး ဆန္ဒပြသူ ၉၉ ဦးအနက် ၆၆ ဦးမှာ ဆက်လက် ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။


အဆိုပါ ၆၆ ဦးအနက် အသက် ၆၀ ကျော် တစ်ဦးနဲ့ ၅၀ ကျော် တစ်ဦးမှာ ဒီနေ့ (၂၂ ရက်နေ့)မနက်ပိုင်းမှာ မလှုပ်နိုင်တော့တဲ့အထိ ကိုယ်ခံအား နည်းသွားတာကြောင့် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။ 


ထို့အပြင် ဆေးကုသမှုခံယူရတဲ့အထိ အခက်အခဲ ကြုံနေရတဲ့ သူတွေရှိနေကြပြီ ဖြစ်ပေမယ့် သူတို့ရဲ့ လွတ်မြောက်ရေးအတွက် ဆက်လက် ဆန္ဒပြနေကြတာကြောင့် သူတို့တွေ အမြန်လွတ်မြောက်ဖို့ အသံထွက်ပေးကြဖို့ကို India for Myanmar က တိုက်တွန်းထားတာဖြစ်ပါတယ်။


========================


📌📌 ၄။ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ


ဇွန်လ ၂၂ရက်။

Radio NUG

ဇွန်လ ၂၂ရက်နေ့တွင် ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးက သတင်းထုတ်ပြန်ပါတယ်။


အလုပ်ရုံဆွေးနွေးပွဲအား ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ကိုကျော့ဖေက ဦးဆောင်ဆွေးနွေးခဲ့ပြီး ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတိယတာဝန်ခံ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဘဏ္ဍာရေးတာဝန်ခံနှင့် မြို့နယ်အုပ်ချုပ်ရေး နယ်မြေတာဝန်ခံများ၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးနယ်မြေတာဝန်ခံများ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးရုံးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ ကောလင်းမြို့နယ် စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာ၊ မိုးကာ၊ သောက်သုံးရေနှင့် ဆေးဝါးများ လိုအပ်နေ


ဇွန်လ ၂၂ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း သောင်းနှင့်ချီသော စစ်ဘေးရှောင် ပြည်သူများ စားနပ်ရိက္ခာ၊ မိုးကာ၊ သောက်သုံးရေနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း ပြည်သူမှပြည်သူသို့ ကောလင်းအဖွဲ့မှ ဖော်ပြထားပါတယ်။


ဖေဖော်ဝါရီလ ရက်နေ့မှစ၍ ကောလင်းမြို့မှ စစ်ဘေးတိမ်းရှောင်လာသော ပြည်သူများသည် ၂၀၀၀၀ ခန့်ရှိပြီး အစားအစာ၊ ဆန်၊ ဆီ၊ ဆား အဝတ်အထည်၊ မိုးကာ၊ သောက်သုံးရေနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကာ စစ်ဘေးရှောင် ပြည်သူများတွင် ကိုယ်ဝန်သည်၊ မသန်စွမ်းနှင့် ကလေးငယ်များလည်း ပါဝင်ကြောင်း သိရပါတယ်။


မြို့ရဲ့ လူဦးရေ အများအပြား ရှောင်လာရခြင်းကြောင့် ထောက်ပံ့ကူညီနေတဲ့ အဖွဲ့တွေကြိုးစားလုပ်ကိုင်ပေးနေကြပေမယ့် အကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ လောင်းကစားရုံ အာဏာမသိမ်းခင်ကထက် ဆယ်ဆခန့် တိုးလာ


ဇွန်လ ၂၂ရက်။ 

Radio NUG

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ လောင်းကစားရုံ ၁ဝဝ ဝန်းကျင်အထိရှိလာပြီး အာဏာမသိမ်းခင်ကထက် ဆယ်ဆလောက် တိုးလာတယ်လို့ ရွှေဖီမြေသတင်းဌာနက ဖော်ပြထားပါတယ်။


ရပ်ကွက်တိုင်း လောင်းကစားရုံတွေ ရှိလာပြီး အရင်က လောင်းကစားရုံ ၁၀ ရုံလောက်ရှိပြီး အခု ၁၀၀ ဝန်းကျင်လောက်ရှိလာကာ ပေါ်တင်ဖွင့်ထားတဲ့ လောင်းကစားရုံတွေ၊ KTV ရဲ့ အထဲပိုင်းမှာ ပေါင်းဖွင့်တဲ့ ရုံကြီးတွေလည်း အများကြီးရှိတယ်လို့ သိရပါတယ်။


ရပ်ကွက်()မှာ လောင်းကစားရုံ အများဆုံးရှိပြိး ပေါ်တင်ဖွင့်ထားတာ ရုံရှိတယ်လို့ သိရပါတယ်။


လောင်းကစားရုံ အများစုကို တရုတ်စီးပွားရေးသမားတွေကပိုင်ပြီး တချို့လောင်းကစားရုံကြီးကိုတော့ တရုတ်စီးပွားရေးသမားနဲ့ စစ်ကောင်စီ အကြီးအပိုင်းအချို့က ပိုင်တယ်လို့ အဲဒီရုံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေဆီက သိရပါတယ်။


ဒါ့အပြင် လောင်းကစားရုံတွေထဲ အပေါင်ခံတဲ့ ဆိုင်တွေလည်း ဖွင့်လှစ်ထားပြီးတော့ လာဆော့တဲ့သူ အများစုက လောင်းကစား ရှုံးတဲ့အခါ ဖုန်း၊ ဆိုင်ကယ်တွေပေါင်ပြီး ဆက်ဆော့ကြတယ်လို့ ဖော်ပြထားပါတယ်။


လောင်းကစားရုံ အများစုကတော့ ၂၄ နာရီပတ်လုံး ဖွင့်လှစ်ထားပြီး ဝန်ထမ်းတွေကို နှစ်ဖွဲ့ခွဲပြီး နေ့ဆိုင်း၊ ညဆိုင်းဝန်ထမ်း အလှည့်ကျ အလုပ်ဝင်ကြတယ်လို့ ဆိုပါတယ်။


အလားတူ စစ်ကောင်စီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်မဲမြို့မှာလည်း လောင်းကစားဝိုင်းဖွင့်တာကြောင့် ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုတွေ မကြာခဏ ဖြစ်ပွားတယ်လို့ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် ဘုန်းကြီးကျောင်းကို တိုက်ခိုက်သဖြင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ


ဇွန်လ ၂၁ရက်။

Radio NUG

ဇွန်လ ၁၉ ရက်နေ့တွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့သည် ပင်လောင်းမြို့နယ် နမ့်တုတ်ကျေးရွာအုပ်စု လွယ်ကျိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီးများ ဒရုန်းများဖြင့် တိုက်ခိုက်ရာ ကျောင်းထိုင်ဆရာတော် ဦးနေမိန္ဒ သက်တော် ၃၉ နှစ်သည် စစ်ကောင်စီနှင့် PNO တို့၏ တိုက်ခိုက်မှုအတွင်း ပျံလွန်တော်မူခဲ့ကြောင်း PNLAက သတင်းထုတ်ပြန်ပါတယ်။


ထိုတိုက်ခိုက်မှုအတွင်း ဒေသခံ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ လက်ရှိအချိန်ထိ ဆေးဝါးကုသမှု မရရှိသေးဘူးလို့ သိရပါတယ်။


အဲ့ဒီ့နေ့မှာပဲ နမ့်ဖါမူကျေးရွာနေ ဦးဒေါင်း လယ်ကွင်းသို့ သွားနေစဉ် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် လက်နက်ကြီးထိမှန် ဒဏ်ရာရာရခဲ့ပါတယ်။


ဒါ့အပြင် ပင်လောင်းမြို့နယ် စင်းတောင်းကျေးရွာအုပ်စု မိုးဦးကျေးရွာကိုလည်း စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးဖြင့် ကြိမ် ပစ်ခတ်သဖြင့် မူလတန်းကျောင်းသား ဖိုးသောကြာနှင့် မူလတန်းကျောင်းသူ မအေးကို ထိမှန်သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ သံတွဲ စစ်ရှောင်ရွာကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင် ဦး သေဆုံး ဦး ပြင်းထန်ဒဏ်ရာရ


ဇွန်လ ၂၁ရက်။

Radio NUG

ရခိုင်ပြည် သံတွဲမြို့နယ် ရွှေလှေတိုက်နယ်ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဇွန်လ ၂၀ ရက်ညတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့ နေ့လယ်တွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Western Newsမှာ ဖော်ပြထားပါတယ်။


ရွှေလှေအနီးတဝိုက်မှာက တိုက်ပွဲမရှိတာ ရက်အတော်ကြာပြီဖြစ်လို့ ရွာသားတွေအပြင် ဂေါ့ကျေးရွာ၊ ငပလီမြို့ထဲက ပြည်သူတွေလည်း ရွှေလှေဘက်တွေမှာ စစ်ရှောင်နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။


ဇွန်လ ၂၀ ရက်နေ့ ၁၁ နာရီကျော်အချိန်က ပစ်ခတ်သော လက်နက်ကြီးကြောင့် ရွှေလှေရွာက စစ်ရှောင်အမျိုးသမီး အသက် ၈၈ နှစ်အရွယ်၊ အသက် ၅၄ နှစ်နှင့် အသက် ၅၀ ကျော်အရွယ် ဦး သေဆုံးပြီး အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ သိရပါတယ်။


ငပလီမြို့အနီး စစ်ကောင်စီတပ်ရင်းအနီးတစ်ဝိုက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး AA က ငပလီမြို့ထဲရှိ ခမရ ၅၆၆ တပ်ရင်းကို ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။


========================


🚩🚩 ၃။ ရခိုင်စစ်ပွဲအတွင်း အရပ်သားသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများစွာကို စစ်ကောင်စီတပ် ပြုလုပ်နေ


ဇွန်လ ၂၁ရက်။

Radio NUG

ဇွန်လ ရက်မှ ဇွန်လ ၁၄ ရက်အတွင်း ရခိုင်ပြည်နယ်မှာ အရပ်သားသေဆုံးမှု အများဆုံး ဖြစ်နေကြောင်း BACS က သတင်းထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီလက်အောက်ခံတွေက ရခိုင်ပြည်နယ်အတွင်း ပေါက်တောမြို့နယ် သဝင်ချောင်းရွာ၊ လက်ပံပြားရွာ၊ မနော်သီရိရွာ၊ ဗောဓိကုန်းရွာအပါအဝင် ကျေးရွာများနဲ့ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ မောင်တောမြို့နယ်တွေက ဒေသခံပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့တာလို့ သိရပါတယ်။


တစ်ပတ်အတွင်း စစ်ကောင်စီတပ်ကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၄၉ ဦးရှိခဲ့ပြီး ရခိုင်ပြည်နယ်က ဒေသခံပြည်သူ ၂၂ ဦး ပါဝင်ခဲ့ပါတယ်။ မေလ နောက်ဆုံးပတ်နဲ့ ဇွန်လ ပထမပတ်တွေမှာလည်း စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်အတွင်းမှာ အရပ်သား သတ်ဖြတ်မှုများစွာကို ကျူးလွန်ခဲ့ပြီး စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာက အရပ်သား ၇၆ ဦး သတ်ဖြတ်ခံမှုဟာ အဆိုးဝါးဆုံး ဖြစ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

 

စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေက လက်နက်ကြီးပစ်ခတ်ခြင်း၊ အရပ်ဘက်နေရာတွေကို လေကြောင်းတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ မြေမြုပ်မိုင်း အသုံးပြုခြင်း၊ စစ်ကြောင်းထိုးသတ်ဖြတ်ခြင်းနဲ့ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းတွေဖြစ်ပြီး အခုတစ်ပတ်ထဲမှာ အရပ်သား ပြည်သူတွေရဲ့ နေအိမ် ၂၃၃ လုံး ဖျက်ဆီးခံခဲ့ရကာ မြေပြင်မှာ ဒီထက်မက များပြားနိုင်တယ်လို့ ဆိုထားပါတယ်။


အာရက္ခတပ်တော် AA က မောင်တောမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ကာ မောင်တောမြို့သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေပြီး တပြိုင်နက်ထဲပဲ သံတွေမြို့ အနီးဝန်းကျင်ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေပါတယ်။ နိုင်ငံတဝန်းမှာတော့ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း တိုက်ခိုက်မှုပေါင်း ၁၆၉ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီရဲ့ စခန်း ၁၄ ခုကိုလည်း တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။


========================


🚩🚩 ၄။ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော စင်းကို ဆားလင်းကြီးနယ်မှာ ကြားဖြတ်တိုက်ခိုက်


ဇွန်လ ၂၁ရက်။

ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော စင်းကို ဆားလင်းကြီးနယ်ထဲမှာ တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ချောင်းဦးနယ်က ဆင်ဖြူရှင်တံတားမှာ ညအိပ်ခဲ့တဲ့ အကြမ်းဖက် စစ်သင်္ဘော စင်းဟာ ဇွန်လ ၂၁ ရက်နေ့မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာဘက်ကို ဆက်လက်ဆန်တက်လာခဲ့ရာမှာ ဆားလင်းကြီးမြို့နယ် တနေရာအရောက် တော်လှန်ရေး တပ်ဖွဲ့တွေက ရှေ့ထွက်ပြောင်းအပါအဝင် လက်နက်ငယ်တွေနဲ့ နေရာခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။အခုလို ကြားဖြတ်တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်တပ်ဘက်က ၆၀ မမ၊ ပွိုင့်ဖိုက်၊ စက်လက်နဲ့ ၄၀ မမ တို့အပါအဝင် လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ပွဲမှာ စစ်တပ်ဘက် ထိခိုက်သေဆုံးမှုတွေရှိခဲ့ပေမယ့် လတ်တလောမှာ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။  အဆိုပါစစ်သင်္ဘော စင်းဟာ မြစ်ကြောင်းတလျောက်မှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ကာ မုံရွာမြို့ကို ဆက်လက်ဆန်တက်သွားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။ အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက် -ဆားလင်းကြီး ယင်းမာပင်ခရိုင် တပ်ရင်း -၃၅ တပ်ခွဲ - တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ - ဆားလင်းကြီး Fighter 9 Forces ဆားလင်းကြီး နဲ့ BNRA တပ်ရင်း - တပ်ခွဲ- Royal Brother (မျက်လုံးစစ်ကြောင်း)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၅။ ချင်းတွင်းမြစ်ကြောင်းအတိုင်းတက်လာတဲ့ စစ်သင်္ဘော စင်းက မြစ်ဘေးတလျောက်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်တာကြောင့် ဒေသခံပြည်သူများ တိမ်းရှောင်နေရ


ဇွန်လ ၂၁ရက်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာမြို့ကို ဆန်တက်လာတဲ့ စစ်သင်္ဘော စင်းက မြစ်ဘေးတလျောက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူများ တိမ်းရှောင်နေရတယ်လို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ကပြောပါတယ်။ 

စစ်သင်္ဘော စင်းဟာ ချောင်းဦးနယ် ဆင်ဖြူရှင်တံတားကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်အချိန်မှာ မုံရွာမြို့ကိုရောက်ရှိလာတယ်လို့ ဆိုပါတယ်။

အဲဒီအကြမ်းဖက်စစ်တပ် စစ်င်္ဘော စင်းဟာ ချင်းတွင်မြစ်ကြောင်းအတိုင်း ဆန်တက်လာချိန်မှာ မြစ်ကြောင်း တလျောက်မှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ကျေးရွာနေပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ အသိပေးထားပါတယ်။

လက်ရှိမှာ ဒီစစ်သင်္ဘော စင်းဟာ မုံရွာဆိပ်ကမ်းကိုရောက်ရှိနေပြီး ဘယ်ကိုဆက်ထွက်မယ်ဆိုတာ မသိရသေးတဲ့အတွက် ချင်းတွင်းမြစ်ကြောင်း တလျောက်မှာရှိတဲ့ ဒေသခံပြည်သူတွေ သတိနဲ့နေကြဖို့ တော်လှန်ရေးအင်အားစုတွေကလည်း တိုက်တွန်းထားပါတယ်။ 

စစ်သင်္ဘော စင်း မုံရွာကိုရောက်ရှိလာသလို မြေပြင်မှာလဲ စစ်တပ်က နေရာအနှံ့တပ်ဖြန့်ထားတာရှိတယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ၆။ ဂန့်ဂေါမြို့နယ်တွင် စစ်လက်ကျန် ၄၀ မမဗုံးသီးကွဲပြီး ကလေး ဦး သေဆုံး ဦးဒဏ်ရာရ


ဇွန်လ ၂၁ရက်။

Radio NUG

ဇွန်လ (၂၁)ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်း ဂန့်ဂေါမြို့နယ် သာလင်းရွာအနီး တောထဲတွင် လက်ကျန်ဗုံးသီး ၄၀ မမ ပေါက်ကွဲကာ ကလေး ဦးသေဆုံးပြီး ကလေး()ဦး ဒဏ်ရာရရှိကြောင်း ယောဒေသရဲ့ ပုံရိပ်အချို့မှာ ဖော်ပြထားပါတယ်။


အရင်က စစ်ကောင်စီတပ် ပစ်ခတ်ခဲ့သည့် ၄၀ မမဗုံးသီးသည် မပေါက်ကွဲဘဲ ကျန်နေရာမှ ပေါက်ကွဲသွားခြင်းဖြစ်ပြီး သာလင်းရွာမှ (၁၁)နှစ်အရွယ် ယောက်ျားလေး ဦး ဗုံးသီးစထိမှန် ဒဏ်ရာဖြင့် သေဆုံးတယ်လို့ သိရပါတယ်။


သူ့ရဲ့ (၁၄)နှစ်အရွယ် အစ်ကိုဖြစ်သူနဲ့ (၁၁)နှစ်အရွယ် ယောက်ျားလေး ဦးမှာ ဗုံးသီးစ ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၇။ လားရှိုးမြို့တွင် ပေါက်ကွဲမှုတစ်ခုဖြစ်၍ (၁၂)အရွယ် ကလေးငယ်()ဦး လက်နှစ်ဖက်ပြတ်ပြီး ()ဦး ပြင်းထန်စွာဒဏ်ရာရ


ဇွန်လ ၂၁ရက်။

Radio NUG

တအာင်းပြည် တပ်မဟာ()စစ်ဒေသ လားရှိုးမြို့ ရပ်ကွက် ()နယ်မြေ ()ရှိ ရပ်ကွက်ရုံးရှေ့တွင် စစ်လက်နက်အကြွင်းအကျန်တစ်ခု ပေါက်ကွဲ၍ အသက် (၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နှစ်ဖက်ပြတ်ကာ()ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ ကလေးငယ်များမှာ ရပ်ကွက်ရုံးအနီးတွင် လက်နက်အမျိုးအစားမသိသည့် စစ်လက်နက်အကြွင်းအကျန်တစ်ခုအား ကောက်ယူဆော့ကစားရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။


လက်နှစ်ဖက်ပြတ်သည့် ကလေးငယ်မှာ မျက်လုံးပါ ထိခိုက်ခဲ့ပြီး ကျန်သည့် ကလေးငယ်များမှာ နှဖူး၊ ခြေထောက်၊ မျက်နှာ စသည့်နေရာများတွင် ဒဏ်ရာအသီးသီးရရှိခဲ့ပြီး အသက်(၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦးသာ မစိုးရိမ်ရသည့် ဒဏ်ရာရရှိကာ လားရှိုးဆေးရုံတွင် ဆေးကုသမှု ခံယူနေကြကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်ကိုခန့်နဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment