24th JUN 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဇွန်လ ၂၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။စစ်တပ်၏ တိုက်ခိုက်မှုကြောင့် အပစ်မဲ့အရပ်သား ,၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး၊ လူဦးရေ () သန်း ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂမှာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

📌 ၂။ အကြမ်းဖက်စကစတပ်ဟာ လမ်းသွားလမ်းလာ ပြည်သူတွေကို ဂရုမစိုက်ပစ်ချင်သလိုပစ်တတ်တဲ့ အကျင့်ဆိုးကြောင့် ဆရာတော်၊သံဃာတော်များပါအပစ်ခံရတာဖြစ်တယ်လို့ဆို

📌 ၃။ မင်းအောင်လှိုင်နှင့် အပေါင်းအပါများဟာကုန်သည်တွေကိုဖမ်းပြီးစိတ်ထင်တိုင်းလုပ်နေပြီလို့ဆို

📌 ၄။ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်တဲ့သံဃာတော်များကို မန္တလေးလူထုသပိတ်ခေါင်းဒေါက်တာတေဇာဆန်း ထောက်ခံကြိုဆို

📌 ၅။ ဇွန်လအတွက်နွေဦးထီလက်မှတ်အရေအတွက် ခြောက်သောင်းကျော်ရောင်းထားရပြီး ထီချစ်သူများဆက်လက်ဝန်းရံအားပေးကြရန် တိုက်တွန်း

📌 ၆။ နယူးယောက်မြို့မှာကျင်းပခဲ့တဲ့R Zar Ni Solol Music Show နှင့် NYCBCမှရရှိငွေ USဒေါ်လာ ၅သောင်းကျော်အား မြန်မာပြည်အတွက် လိုအပ်သောနေရာအားလုံးသို့ အမြန်ဆုံးခွဲဝေလှုဒါန်းမည်


၂၀၂၄ ခုနှစ် ဇွန်လ ၂၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ERO နဲ့ ပူးတွဲတိုက်ပွဲတွေ၊ တပ်ရင်းသီးသန့်တိုက်ပွဲတွေ ဆက်နေခဲ့တဲ့ MDY PDF ဟာ ရန်သူ့လက်နက် ကိုယ့်လက်နက်မူကို လက်တွေ့အကောင်အထည် ဖော်နေပြီလို့ဆို

🚩 ၂။ စစ်ကောင်စီတပ်စခန်း ၂ခုကို KIA နှင့် KPDF တို့မှ တိုက်ခိုက်သိမ်းပိုက်

🚩 ၃။ MNDAAမှ မူရင်းဒေသသား၊ ပြင်ပမှရောက်ရှိလာသူ နှင့် အမြဲတမ်းနေထိုင်သူများအား အတည်ပြုတဲ့နည်းလမ်း စနစ်များထုတ်ပြန်ကြေညာ

🚩 ၄။ KNUကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူလူထု စုစုပေါင်း (,၀၇၈,၅၀၅) ဦးအထိရှိလာခဲ့

🚩 ၅။ သံတွဲမြို့အတွင်းကို လက်နက်ကြီးကျ၊ နေအိမ်အနည်းငယ် ပျက်စီး

🚩 ၆။ ပျူစောထီးများ စုဝေးနေချိန် Droneဖြင့် ဗုံးကျဲတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်တပ်၏ တိုက်ခိုက်မှုကြောင့် အပစ်မဲ့အရပ်သား ,၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး၊ လူဦးရေ () သန်း ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂမှာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြော


ဇွန်လ၂၄


စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ယနေ့အချိန် အထိ အပစ်မဲ့အရပ်သား ,၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး၊ လူဦးရေ () သန်း ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။


 နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကုလသမဂ္ဂအသေးစားနှင့် အပေါ့စား လက်နက်များ တရားမဝင်ကုန်သွယ်မှု တားဆီးတိုက်ဖျက်ရေးနှင့် ပပျောက်ရေးဆောင်ရွက်ချက် လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်မှု တိုးတက်မှုအခြေအနေ ပြန်လည်သုံးသပ်ရေးဆိုင်ရာ စတုတ္ထအကြိမ်မြောက် ညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။


"မြန်မာနိုင်ငံသို့ တင်ပို့လွှဲပြောင်းပေးသည့် လက်နက်ငယ်များသည် အကြမ်းဖက်စစ်အာဏာရှင်များမှ အရပ်သားများကို နာကျဉ်းအသက်ဆုံးရှုံးစေမှု များ ပိုမိုကျူးလွန်နိုင်ရန် လုပ်ဆောင်ခွင့်ပေးခြင်းပင်ဖြစ်ကြောင်း၊ စစ်တပ်မှ တရားမဝင်အာဏာသိမ်းယူခဲ့ချိန်မှစ၍  စစ်အာဏာရှင်ကို ဆန့်ကျင်သည့်လှုပ်ရှားမှု များအား တိုက်ခိုက်ချေမှုန်းရာတွင် ခွဲခြားမှုမရှိ နိုင်ငံအဝှမ်း ပြည်သူများအပေါ် တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ကြောင်း၊ စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ယနေ့အချိန် အထိ အပစ်မဲ့အရပ်သား ,၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီး၊ လူဦးရေ () သန်း ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း၊ ထို့ပြင် လူဦးရေ (၁၈.) သန်း ကျော်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်လျက်ရှိကြောင်း"သံအမတ်ကြီးကပြောပါတယ်။


မြန်မာနိုင်ငံနှင့် ဒေသတွင်း၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး ရရှိရေးအတွက် အဖွဲ့ဝင်နိုင်ငံ များအားလုံးမှ စစ်တပ်နှင့် ၎င်း၏ မိတ်ဖက်များထံသို့ လက်နက်များလွှဲပြောင်း ရောင်းချခြင်းမပြုလုပ်ရန် လိုအပ်ကြောင်းသံအမတ်ကြီးကဆိုပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စကစတပ်ဟာ လမ်းသွားလမ်းလာ ပြည်သူတွေကို ဂရုမစိုက်ပစ်ချင်သလိုပစ်တတ်တဲ့ အကျင့်ဆိုးကြောင့် ဆရာတော်၊သံဃာတော်များပါအပစ်ခံရတာဖြစ်တယ်လို့ဆို


ဇွန်လ၂၄ရက်


အကြမ်းဖက်စကစတပ်ဟာလမ်းသွားလမ်းလာ ပြည်သူတွေကို ဂရုမစိုက်ပစ်ချင်သလို ပစ် တတ်တဲ့ အကျင့်ဆိုးကြောင့် ဆရာတော်၊သံဃာတော်များပါအပစ်ခံရတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆိုထားပါတယ်။


"အခုဖွင့်ပြောတဲ့ ဆရာတော်ကို နန်းတွင်းထဲထိ ခေါ်သွင်းပြီး အခေါက်ခေါက်အခါခါ မေးမြန်းခဲ့ပြီးသားလို့လဲ သိရတယ်။ ဆရာတော်က မေးမြန်းချက်တိုင်းလဲ ကွဲလွဲမှုမရှိအောင် သတိနဲ့ ဖြေခဲ့တယ်လို့ ပြောတာပဲ။အခုမှ လူသိရှင်ကြားဖြစ်သွားလို့ ဇော်မင်းထွန်းက အခုမှ အဖြစ်မှန်သိသလို ရောချနေတာ။ ဆင်ခြေတွေလဲ မူရင်းသတင်းပျောက်အောင်ကိုပြောခဲ့တယ်။အချုပ်ပြောရရင်လမ်းသွားလမ်းလာ ပြည်သူတွေကို ဂရုမစိုက် လက်လွတ်စပယ် ပစ်ချင်သလို ပစ် တတ်တဲ့ အကျင့်ဆိုးကြောင့် ဖြစ်ရတဲ့ နောက်ဆက်တွဲပြဿနာ ပါ။ မနက် ၁၀ နာရီ လောက် ဖြစ်တာကို ညနေ နာရီ ထိ ဆေးမကုပေးဘူး။ ဒီတိုင်းထားတယ်။ နိုင်ငံကျော် ဆရာတော်များသာ မဟုတ်ခဲ့ရင် သတင်းအစအန ဖျောက်ဖို့ တိုင်ပင်နေကြတာနဲ့ တူပါတယ်။ ကားပေါ်ပါလာသူအားလုံးကို အစဖျောက်လိုက်ကြမှာပါ"လို့ ဝန်ကြီးကဆိုပါတယ်။


ဇွန်လအတွင်း ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စကစ လုံခြုံရေးမှ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရပါတယ်။


========================


📌📌 ၃။ မင်းအောင်လှိုင်နှင့် အပေါင်းအပါများဟာကုန်သည်တွေကိုဖမ်းပြီးစိတ်ထင်တိုင်းလုပ်နေပြီလို့ဆို


ဇွန်လ၂၄ရက်


မင်းအောင်လှိုင်နှင့် အပေါင်းအပါများဟာကုန်သည်တွေကိုဖမ်းပြီးစိတ်ထင်တိုင်းလုပ်နေပြီလို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်က ဆိုရှယ်မီဒီယာမှာ ပြောဆိုထားပါတယ်။


"ငါးရာ့ငါးဆယ် ဇာတ်နိပါတ် တော်တွေကို ငယ်ငယ်ကတည်းက ဖတ်ခဲ့ရတယ်။လက်ရှိ ဖြစ်ပေါ်နေတဲ့ အရပ်ရပ်က အခြေအနေကြည့်ပြီး အာရာမဒူကသ ဇာတ်ကို သတိရလာတယ်။မင်းအောင်လှိုင်နဲ့အပေါင်းအပါများရဲ့ဒီတလောအတွင်း လုပ်ရပ် တွေဖြစ်တဲ့၊ ရွှေကုန်သည်ဖမ်း၊ ဒေါ်လာဖမ်း၊ ဘဏ်တွေကိုဖမ်း၊ ဟော အခုနောက်ဆုံး ဆိုရင် ဆန်၊ဆီ၊ ဆား ကုန်သည် တွေကိုပါ ဖမ်းလို့ စိတ်ထင်တိုင်းလုပ်နေတာ ကိုတွေ့ရတာ စိတ်ထဲ မသက်မသာရှိပါတယ်"လို့ဆိုပါတယ်။


မင်းအောင်လှိုင်ဟာ မြန်မာပြည်တဝန်းလုံးမှာ  မျောက်အုပ်ရေလောင်းအုပ်ချုပ် မှု စနစ်ကိုအသုံးပြုနေပြီး ဒီလိုဘေးရန်ကနေပြည်သူတွေကင်းဝေးစေဖို့ ဒုဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၄။ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်တဲ့သံဃာတော်များကို မန္တလေးလူထုသပိတ်ခေါင်းဒေါက်တာတေဇာဆန်း ထောက်ခံကြိုဆို


ဇွန်လ၂၄ရက်


ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်တဲ့သံဃာတော်များကို မန္တလေးလူထုသပိတ်ခေါင်းဒေါက်တာတေဇာဆန်း ထောက်ခံကြိုဆိုကြောင်းကိုဆိုရှယ်မီဒီယာမှတစ်ဆင့် ပြောဆိုထားပါတယ်။


"ဓမ္မအကျိုး၊ သာသနာ့အကျိုး၊ တိုင်းပြည်အကျိုး၊ ဒကာ ဒကာမတို့အကျိုးကို ရှေးရှုတော်မူကြတဲ့ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ကို ရိုသေစွာ ရှိခိုးဦးညွှတ်ပါ၏ဘုရား။အခုချိန်မှာ ဓမ္မန္တရာယ်စင်စစ် ဖြစ်နေပြီဖြစ်တဲ့ အကြမ်းဖက် စစ်အုပ်စုကို သံဃာတော်များကလည်း ဝိနည်းတော်များနဲ့အညီ ကံဆောင်၊ တုံ့ပြန်နေကြပြီဖြစ်ပါတယ်။ဓမ္မန္တရာယ် စကစရဟန်းရှင်လူအားနဲ့ တိုက်ဖြတ်ကြ"လို့ဆိုထားပါတယ်။


လက်ရှိမှာ စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှ ဆရာတော်၊သံဃာတော်များက စကစကိုပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်နေပြီ ဖြစ်ပါတယ်။


========================


📌📌 ၅။ ဇွန်လအတွက်နွေဦးထီလက်မှတ်အရေအတွက် ခြောက်သောင်းကျော်ရောင်းထားရပြီး ထီချစ်သူများဆက်လက်ဝန်းရံအားပေးကြရန် တိုက်တွန်း


ဇွန်လအတွက်နွေဦးထီလက်မှတ်အရေအတွက် ခြောက်သောင်းကျော်ရောင်းထားရပြီးထီချစ်သူများဆက်လက်ဝန်းရံအားပေးကြရန် ဇွန်လ၂၃ရက်မှာနွေဦးထီမိသားစုကတရားဝင်အသိပေးကြေညာပါတယ်။


"နွေဦးထီရဲ့ Total activated user - 17,397 ဦးမှာ အမှန်တကယ် ထီ လက်မှတ် ဝယ်ယူသူ - 2,492 ဦး သာ ရှိပြီး ဇွန်လအတွက် လက်မှတ်အရေအတွက် 67,878 စောင်ပဲ ရောင်းချရပါသေးတယ်။ ဒီလ ရဲ့ မျှော်မှန်း အရောင်းလေးနဲ့ဟာ အတော် အလှမ်းဝေးကွာနေပါတယ်။မိမိတို့ရဲ့ အိပ်မက်တွေနဲ့ အတူ တိုင်းပြည်အနာဂတ်ကိုပါအတူ လက်တွဲတည်ဆောက်နိုင်ဖို့ မြန်မာပြည်ကို ချစ်သူ တစ်ဦးတစ်ယောက်စီတိုင်း နွေဦးထီ ကို လစဥ် ဝယ်ယူကံစမ်းကြဖို့ အလွန်အရေးကြီးပါတယ်"လို့ဆိုပါတယ်။


နွေဦးထီလက်မှတ်တစောင်မှ မြန်မာငွေ ၂၀၀၀ ကျပ်ထဲမို့ နိုင်ရာဝန်ထမ်းရင်း နွေဦးထီ နဲ့ နွေဦးအိပ်မက်တွေရဲ့ သူရဲကောင်း ဗိသုကာကြီးများ ဖြစ်ကြစေဖို့ အထူးတိုက်တွန်းနှိုးဆော်အပ်တယ်လို့နွေဦးထီကဖော်ပြပါတယ်။


========================


📌📌 ၆။ နယူးယောက်မြို့မှာကျင်းပခဲ့တဲ့R Zar Ni Solol Music Show နှင့် NYCBCမှရရှိငွေ USဒေါ်လာ ၅သောင်းကျော်အား မြန်မာပြည်အတွက် လိုအပ်သောနေရာအားလုံးသို့ အမြန်ဆုံးခွဲဝေလှုဒါန်းမည်


ဇွန်လ၂၄ရက်


"ဇွန်လ ၁၅ရက် နယူးယောက်မြို့မှာကျင်းပခဲ့သော၊ R Zar Ni Solol Music Show မှ ကုန်ကျစရိတ်များအားလုံးနှုတ်အပြီး အမြတ်ငွေ စုစုပေါင်းမှာ T&Z မှ $(14,891)နှင့် NYCBC မှ $(43,225) ရရှိခဲ့ကြပါတယ်။ရရှိသမျှ အမြတ်ငွေအားလုံး (တပြားတချပ်မကျန်) ကို NYCBC ၏မူအတိုင်း  အမိမြန်မာပြည်အတွက် လိုအပ်သောနေရာအားလုံးသို့၊ အမြန်ဆုံးခွဲဝေလှုဒါန်းသွားပါမယ်"လို့ NYCBCကအသိပေးထုတ်ပြန်ခဲ့ပါတယ်။


 NYCBC  ရရှိသောအမြတ်ငွေထဲတွင် T&Z မှ ပြန်လည်လှူဒါန်းသော $5000 ပါဝင်တယ်လို့လည်းသိရပါတယ်။


ကူညီပံ့ပိုးပေးခဲ့ကြသော အနုပညာရှင်များ ၊အတတ်ပညာရှင်များ အားလုံး Sponsor အဖွဲ့အစည်းများနှင့် အလှုရှင်ကြီးများ၊ လာရောက်အားပေးကြသော ပရိတ်သတ်များ အားလုံး(အားလုံး)ကို အထူးကျေဇူးတင်ကြောင်းNYCBCကဖော်ပြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီးဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ ERO နဲ့ ပူးတွဲတိုက်ပွဲတွေ၊ တပ်ရင်းသီးသန့်တိုက်ပွဲတွေ ဆက်နေခဲ့တဲ့ MDY PDF ဟာ ရန်သူ့လက်နက် ကိုယ့်လက်နက်မူကို လက်တွေ့အကောင်အထည် ဖော်နေပြီလို့ဆို


ဇွန်လ၂၄ရက်


ERO နဲ့ ပူးတွဲတိုက်ပွဲတွေ၊ တပ်ရင်းသီးသန့်တိုက်ပွဲတွေ ဆက်နေခဲ့တဲ့ MDY PDF ဟာ ရန်သူ့လက်နက် ကိုယ့်လက်နက်မူကို လက်တွေ့အကောင်အထည် ဖော်နေပြီလို့   PDFInsightရဲ့စစ်ရေးသုံးသပ်ချက်များမှာ အသိပေးဖော်ပြပါတယ်။


"အခြေခံ စစ်ပညာသင်တန်း ဆင်းပွဲက  ပုံရိပ်တွေကို  MDY PDF ကနေ ဖော်ပြထားပါတယ်။ ဒီမှာ ထူးခြားတာကတော့ ရန်သူထုတ် MA သေနတ်တွေကို တပါတည်း လက်နက်တပ်ဆင်ပေးထားတာပဲ ဖြစ်ပါတယ်။ ERO နဲ့ ပူးတွဲတိုက်ပွဲတွေ၊ တပ်ရင်းသီးသန့်တိုက်ပွဲတွေ ဆက်နေခဲ့တဲ့ MDY PDF ဟာ ရန်သူ့လက်နက် ကိုယ့်လက်နက်မူကို လက်တွေ့အကောင်အထည် ဖော်လျက်ရှိပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဇွန်လအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၂/က) သင်တန်းဆင်းပွဲပုံရိပ်များကို MDY PDFကတရားဝင်ထုတ်ပြန်အသိပေးပါတယ်။


========================


🚩🚩 ၂။ စစ်ကောင်စီတပ်စခန်း ၂ခုကို KIA နှင့် KPDF တို့မှ တိုက်ခိုက်သိမ်းပိုက်


ဇွန် ၂၄ Radio NUG


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အရေးပါပြီး ထောက်ပို့လမ်းကြောင်းပေါ်မှာရှိတဲ့ ဗိုလ်မှူး ဗညားစံ ခေါင်းဆောင်တဲ့ ခလရ (၄၂) ဝှေလုံတပ်စခန်း၊ ညောင်ပင်တပ်စခန်း နှင့် ချောင်းဝတပ်စခန်းတို့ကို KIA တပ်မဟာ လက်အောက်က တပ်ရင်းတပ်ဖွဲ့တွေနဲ့ KPDF တို့ ပူးပေါင်းပြီး တပြိုင်နက်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၂၃ရက်နေ့ ညနေပိုင်း :၃၀ နာရီအချိန်တွင် ဝှေလုံတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး :၀၀ နာရီအချိန်တွင် ညောင်ပင်တပ်စခန်းကို ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ စစ်ကောင်စီတပ်စခန်း တစ်ခုစီတွင် စစ်သည်အင်အား လေးဆယ်ကျော်စီဖြင့် ခံစစ် အတွင်းကျစ်လစ်စွာ ဖွဲ့စည်းထားကြပြီး ချောင်းဝစခန်းကို အပြီးသတ်သိမ်းဖို့ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

 

အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူများပြားပြီး စစ်သားအချိုနဲ့ ရှမ်းနီပြည်သူ့စစ်အချို့တို့ လက်နက်ချ ထွက်ပြေးသွားကြောင်း သိရပါတယ်။


========================


🚩🚩 ၃။ MNDAAမှ မူရင်းဒေသသား၊ ပြင်ပမှရောက်ရှိလာသူ နှင့် အမြဲတမ်းနေထိုင်သူများအား အတည်ပြုတဲ့နည်းလမ်း စနစ်များထုတ်ပြန်ကြေညာ


ဇွန် ၂၄ Radio NUG


အထူးဒေသ()သည် တိုင်းရင်းသားလူမျိုးကြီးငယ်ခွဲခြားခြင်း၊ အခြားတိုင်းရင်းသားလူမျိုးစုများကို ခွဲခြားဆက်ခံခြင်း နှင့် အထင်သေးဖိနှိပ်ခြင်းများကို လုံးဝကန့်ကွက်ပြီး မည်သည့် တိုင်းရင်းသားလူမျိုးစုကိုမဆို  အထူးဒေသ()က တန်းတူညီမျှစွာဆက်ဆံကာ တိုင်းရင်းသား တန်းတူရေးပေါ်လစီကို တစ်စိုက်မတ်မတ် စွဲကိုင်ထားမည်ဖြစ်ကြောင်း MNDAAက သတင်းထုတ်ပြန်ပါတယ်။


အထူးဒေသ () ကိုးကန့်ခရိုင်အတွင်း၌ နှစ်ပေါင်း (၂၀) နှင့်အထက် နေထိုင်ခဲ့သူများကိုမူရင်းဒေသသား" အဖြစ် အတည်ပြုပြီး ဒေသသားမှတ်ပုံတင်ကဒ်ပြားကို အလိုအလျောက်ရရှိနိုင်ကာ အထူးဒေသအတွင်း၌ (၁၄)နှစ် နှင့်အထက် နေထိုင်ခဲ့တဲ့ ပြင်ပမှ ရောက်ရှိလာသူများအနေဖြင့် လျှောက်လွှာတင်ခြင်းမှတစ်ဆင့်အမြဲတမ်း ဒေသသား"အဖြစ် အတည်ပြုနိုင်တယ်လို့ သိရပါတယ်။


မြေယာ၊အိမ် စသည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းဥစ္စာတန်ဖိုး တရုတ်ယွမ်ငွေ()သိန်းနှင့်အထက် ပိုင်ဆိုင်ထားသူများ၊ အထူးဒေသ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်သော ပညာရှင်၊ ပါမောက္ခနှင့် နယ်ပယ်အသီးသီးမှ ပညာတတ်များ၊ MNDAA အတွင်းစစ်မှုထမ်းချိန် သို့မဟုတ် အုပ်ချုပ်ရေးကော်မတီဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ချိန် ()နှစ်နှင့်အထက် ပြည့်မှီသော ပြင်ပမှ ရောက်ရှိလာသူများ၊ အထူးဒေသ () မှနိုင်ငံရေးဒုက္ခသည်အဖြစ် အသိအမှတ်ပြုသူများ၊ ရင်းနှီးမြှုပ်နှံမှုယွမ်ငွေ ()သိန်း နှင့်အထက်ရှိပြီး ဒေသအတွင်း၌ () နှစ်နှင့်အထက် တောက်လျှောက်နေထိုင် ခဲ့တဲ့ စီးပွားရေးသမားများနှင့် ၎င်းတို့၏ မိသားစုဝင်များ စသည့် ပုဂ္ဂိုလ်များ၏ အချက်အလက်များကို သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးအဖွဲ့မှ စစ်ဆေးပြီး မိမိနှင့် အကျိုးစီးပွားကင်းရှင်းပြီး စိတ်ချရသော သက်သေ () ဦးက သက်သေလုပ်ပေးပါက အိမ်ထောင်စုစာရင်း နှင့် ဒေသသားမှတ်ပုံတင်ကဒ်ပြားပြုလုပ်နိုင်ပြီး အမြဲတမ်းဒေသသား အဖြစ် အတည်ပြုနိုင်တယ်လို့ ဆိုထားပါတယ်။


အထူးဒေသ() ဒေသသားများ နှင့် ပြင်ပမှ ရောက်ရှိလာသူများသည် အထူးဒေသ () မှ သတ်မှတ်ထုတ်ပြန်ထားသော ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်  လုပ်ထုံးလုပ်နည်းများကို လုံးဝလိုက်နာရပါမည်ဖြစ်ပြီး ပြင်ပမှရောက်ရှိလာသူများအနေဖြင့် စီးပွားရေးအရဖြစ်စေ၊ အမျိုးမိတ်ဆွေ လည်ပတ်ခြင်းအရဖြစ်စေ (၁၅) ရက်ထက်ကျော်လွန်ပါက ယာယီနေထိုင်ခွင့်လက်မှတ်ပြုလုပ်ရမယ်လို့ သိရပါတယ်။


အထူးဒေသ () ဒေသသားများအနေဖြင့် တရားဥပဒေနှင့်အညီ အခွန်ငွေပေးဆောင်ရပါမှာဖြစ်ပြီး (၁၈) နှစ်ပြည့်မှီသော ဒေသသားလူငယ်များ (ကျား/ မရွေး) တရားဥပဒေနှင့်အညီ စစ်မှုထမ်းရန် တာဝန်ရှိကြောင်း ဖော်ပြထားပါတယ်။


ဤထုတ်ပြန်ချက်ကို ထုတ်ပြန်သည့်နေ့မှစပြီး အာဏာတည်ပြီး ထုတ်ပြန်ချက်ပါ အချက်အလက်များနှင့် အထူးဒေသ () အခြေခံဥပဒေပါ အချက်အလက်များကြား  ငြင်းပွားမှုများရှိပါက အခြေခံဥပဒေကို အတည်ယူကာ လိုအပ်ချက်ရှိလာပါက ထပ်မံဖြည့်စွက် ပြင်ဆင်ထုတ်ပြန်သွားပါမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ KNUကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူလူထု စုစုပေါင်း (,၀၇၈,၅၀၅) ဦးအထိရှိလာခဲ့


ဇွန်လ၂၄ရက်


KNUကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူလူထု စုစုပေါင်း (,၀၇၈,၅၀၅) ဦးအထိရှိလာခဲ့တယ်လို့ ဇွန်လအတွင်း KNUဗဟိုကတရားဝင်အသိပေးဆိုထားပါတယ်။


အာဏာသိမ်းမှုဖြစ်ပွားသည့် အချိန်မှစပြီး ၂၀၂၄ ခုနှစ် မေလအထိ ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူလူထု စုစုပေါင်း (,၀၇၈,၅၀၅) ဦးအထိရှိလာခဲ့ကာ ကေအဲန်ယူကရင်အမျိုးသားအစည်း အရုံးမှ ပြည်သူလူထုစုစုပေါင်း () သိန်းကျော် ကိုကူညီနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါ စစ်ဘေးရှောင်ပြည်သူ လူထုများအားလုံး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများရရှိအောင် လုပ်ဆောင်နေလျှက်ရှိတယ်လို့ KNUဗဟိုကသတင်းထုတ်ပြန်ပါတယ်။


========================


🚩🚩 ၅။ သံတွဲမြို့အတွင်းကို လက်နက်ကြီးကျ၊ နေအိမ်အနည်းငယ် ပျက်စီး


ဇွန် ၂၄ Radio NUG

ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့ အနော်ရထာလမ်းနှင့် မာဃလမ်းထောင့်ရှိ နေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျရောက်သဖြင့် နေအိမ်အနည်းငယ်ပျက်စီးသွားကြောင်း Tachileik News Agencyမှာ ဖော်ပြထားပါတယ်။


သံတွဲမြို့ထဲကို ပထမဆုံးလက်နက်ကြီးကျတာဖြစ်ပြီး ၈၁ မမ လက်နက်ကြီးဟု ယူဆရသည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာ အိမ်အပေါ်ဘက်ရှိ ဘေးနံရံ ၂ပေပတ်လည်ခန့် ပြိုကျသွားပြီး လူထိခိုက်မှု မရှိဟု သိရပါတယ်။


သံတွဲမြို့တွင် အနီးတဝိုက်တွင် ပြီးခဲ့သည့် မေလ(၁၃)ရက်နေ့ကစတင်၍ AAနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး ငပလီရှိ သံတွဲလေဆိပ်ကို ယနေ့နံနက်ပိုင်းတွင် AAက အပြီးသတ်သိမ်းကာ ခမရ ၅၆၆ တပ်ကို ထပ်မံထိုးစစ်ဆင်နေတယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။


========================


🚩🚩 ၆။ ပျူစောထီးများ စုဝေးနေချိန် Droneဖြင့် ဗုံးကျဲတိုက်ခိုက်


ဇွန် ၂၄ Radio NUG


ဇွန်လ ၂၂ရက်နေ့ ညနေ :၄၃ အချိန်တွင် တန့်ဆည်မြို့နယ် အင်ကုက္ကားရွာမှပျူများ စုဝေးလျက်ရှိသည်ကို သတင်းရရှိ၍ droneဖြင့်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို တိတိကျကျ ထိမှန်ခဲ့ကြောင်း Civil Armed Forceက သတင်းထုတိပြန်ပါတယ်။


တိုက်ခိုက်မှုကြောင့် စစ်သားနှင့် ပျူများ ထိခိုက်မှုရှိပြီး အထိအခိုက်စာရင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုကို CAF နှင့် JPDF တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment