24th JUN 2024 - Morning Daily News by Radio NUG

၂၀၂၄ ဇွန်လ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံ ဆရာတော်ကို စစ်တပ်ကပစ်သတ်မှုကြောင့် စစ်ကောင်စီကို သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်

📌 ၂။ ဂန့်ဂေါခရိုင်အမှတ်(၁၃)တပ်ရင်းမှ စစ်ဘေးရှောင်ပြည်သူများအား ကျပ်သိန်း(၂၀၀)လှူဒါန်း

📌 ၃။ အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသားများအပါအဝင် အခြားအကျဉ်းသားများကို ဒိုက်ဦးနှင့် သာယာဝတီအကျဉ်းထောင်များကို ပြောင်းရွှေ့

📌 ၄။ တာဝန် မထမ်းဆောင်လို၍ ထွက်ပြေးသည့် တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စည်ပင်အမှုဆောင်တို့ အဖမ်းခံရ

📌 ၅။ ဇွန်လမှာ တာဝန်ထမ်းဆောင်တဲ့ ထောက်ပို့တပ်သားတွေထဲက အယောက် ၅၀၀ ကို နွေဦးထီလက်မှတ်များ မဲဖောက်ပေးသွားမယ့် အစီအစဉ်ရဲ့ ဒုတိယမြောက် ကံထူးရှင် ၂၀၀ ထုတ်ပြန်

📌 ၆။ ၁၅ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပ


၂၀၂၄ ခုနှစ် ဇွန်လ ၂၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်ကြောင်းထိုး ထွက်လာတဲ့ စစ်သားတွေ မိုင်းကွင်းထဲအရောက် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ယောက်သေဆုံး

🚩 ၂။ ကံကြီးကုန်း ပျူရွာအား ဒရုန်းဖြင့် ကြိမ်တိတိ ဗုံးသီးချ တိုက်ခိုက်

🚩 ၃။ လူနာလာပို့တဲ့ မြင်းခြံ ဆခမဆရာတော်ကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ခြင်းသာဖြစ်ကြောင်း အသိပေး

🚩 ၄။ လေကြောင်းဗုံးကြဲမှုကြောင့် အင်းတော်မြို့နယ် နန့်သာကျေးရွာ ဘုန်းတော်ကြီးကျောင်းထိမှန်ကာ ဥူးဇင်းတစ်ပါးအပါအဝင် ပြည်သူ ဦး သေဆုံး

🚩 ၅။ ကြက်ရှာရွာကို စစ်တပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် နှစ်ဝန်းကျင် ကလေးငယ် ဦး သေဆုံး

🚩 ၆။ ခမောက်ကြီးမြို့ မာရမ်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင် ၂၀၀ နီးပါး ထိုင်းဖက်ကို ထွက်ပြေးခိုလှုံ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံ ဆရာတော်ကို စစ်တပ်ကပစ်သတ်မှုကြောင့် စစ်ကောင်စီကို သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်


ဇွန်လ ၂၃ရက်။ 

Radio NUG

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ သံဃာတော်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဝင်းနိမ္မိတာရုံ ဆရာတော်ကို စစ်တပ်ကပစ်သတ်မှုကြောင့် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်လိုက်ပြီဖြစ်ကြောင်း ဇွန်လ ၂၃ရက်နေ့မှာ တရားဝင် ကြေညာလိုက်ပါတယ်။


"ယခုအခြေအနေဟာ သပိတ်မှောက်အင်္ဂါ ချက်လုံးညီနေလို့ သံဃာထုအနေနဲ့ စစ်အာဏာရှင်တွေကို သပိတ်မှောက် ဆန့်ကျင်ရုံမှတပါး အခြားမရှိဘူး" လို့ ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)ကလည်း မိန့်ကြားထားပါတယ်။


စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် ပျံလွန်ခဲ့ရတဲ့ ဝင်းနိမ္မိတာရုံဆရာတော်ကြီးနဲ့ ပတ်သက်ပြီး သီတဂူဆရာတော် ဘဒ္ဒန္တ ဉာဏိဿရက စစ်တပ်ကို သည်းခံခွင့်လွှတ်မေ့ပစ်ဖို့ သံဃာထုကို ဇွန် ၂၂ ရက်မှာ ပြောဆိုခဲ့တဲ့စကားအပေါ် တပည့်သားသံဃာတော်တွေနဲ့ ဒကာ၊ ဒကာမတွေအပါအဝင် ပြည်သူလူထုက ဆန့်ကျင်ပြီး မကျေမနပ် ဖြစ်ခဲ့ကြတာပါ။


ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်း ဆိုသည်မှာ စစ်ကောင်စီကို သံဃာထုမှ အဆက်အဆံမပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်ချခြင်း ဖြစ်ကြောင်း၊ ၂၀၀၇ ခုနှစ်တွင်လည်း ပခုက္ကူမြို့မှ သံဃာတော်များကို စစ်တပ်ကရိုက်နှက် ကြိုးတုတ်ခဲ့သဖြင့် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ရာမှ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပေါ်ခဲ့ပါတယ်။


ပတ္တနိက္ကုဇ္ဇန ကံဆောင်ရာတွင်  သပိတ်မှောက် ကံဆောင်ထိုက်သည့် အချက်အင်္ဂါ ပါးမှာ

()ရဟန်းတို့အား လာဘ်တိတ်အောင်လာဘ်မရအောင်ပြုခြင်း

()အကျိုးမဲ့ဖြစ်အောင်ပြုခြင်း၊

()နေမြဲကျောင်းကန်၌ မနေနိုင်အောင်ပြုခြင်း၊

()ဆဲရေးခြင်း၊

()ရဟန်းချင်းဂိုဏ်းကွဲအောင်ပြုခြင်း၊

()ဘုရား၏ ဂုဏ်ကျေးဇူးမဲ့ကိုပြောဆိုခြင်း၊

()တရား၏ဂုဏ်မဲ့ကို ပြောဆိုခြင်း၊

()သံဃာ့ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုကဲ့ရဲ့ခြင်းတို့ ဖြစ်ပါတယ်။


========================


📌📌 ၂။ ဂန့်ဂေါခရိုင်အမှတ်(၁၃)တပ်ရင်းမှ စစ်ဘေးရှောင်ပြည်သူများအား ကျပ်သိန်း(၂၀၀)လှူဒါန်း


ဇွန်လ ၂၃ရက်။

Radio NUG

ဇွန်လ ၂၂ ရက်နေ့တွင် အမှတ်()စစ်ဒေသ ဂန့်ဂေါခရိုင်အမှတ်(၁၃)တပ်ရင်းသည် လူမှုအဖွဲ့အစည်းတစ်ခု၏ ကူညီမှုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ဆောမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ဆောမြို့နယ် ကျန်းမာရေးအဖွဲ့ဝင်များနှင့် စုပေါင်းပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွါ၍ တောထဲတွင် စစ်ဘေးရှောင်နေကြရသော ပြည်သူများအတွက် ကျပ်သိန်း(၂၀၀)အား ဒုတိယအကြိမ် သွားရောက် လှူဒါန်းပေးခဲ့ကြောင်း ဂန့်ဂေါခရိုင်အမှတ်(၁၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။


ဂန့်ဂေါခရိုင်အမှတ်(၁၃)တပ်ရင်းအနေဖြင့် တိုက်ပွဲမရှိသည့် အချိန်များတွင် ပြည်သူ့အကျိုးပြု လုပ်ငန်းများအားသက်ဆိုင်ရာ တော်လှန်အဖွဲ့အစည်းများ လှုမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသားများအပါအဝင် အခြားအကျဉ်းသားများကို ဒိုက်ဦးနှင့် သာယာဝတီအကျဉ်းထောင်များကို ပြောင်းရွှေ့


ဇွန်လ ၂၃ရက်။ 

Radio NUG

ဇွန်လ ၂၃ ရက်နေ့ နံနက် နာရီခန့်တွင် ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အခြားအကျဉ်းသားများကို ခရီးသည်တင်ကား စီးဖြင့် ဒိုက်ဦးအကျဉ်းထောင်နှင့် သာယာဝတီအကျဉ်းထောင်သို့ ထောင်ပြောင်းရွှေ့ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ သတင်းထုတ်ပြန်ပါတယ်။


ခန့်မှန်းအင်အား ၂၅၀ လောက်ပြောင်းသွားတာ သိရပေမယ့် အသေးစိတ်အချက်အလက်တွေ စုံစမ်းနေဆဲဖြစ်ကြောင်း သိရပါတယ်။


ဇွန်လတစ်လတည်းတွင် အင်းစိန်ထောင်၊ မန္တလေး အိုးဘိုထောင်နှင့် ကျိုက်မရောထောင်မှ နိုင်ငံရေးအကျဉ်းသားများ၊ ဖိနှိပ်ခံ အကျဉ်းသားများဘက်က ရပ်တည်သူများကို ပစ်မှတ်ထား၍ mission တစ်ခုကဲ့သို့ စစ်ဆင်ရေးတစ်ရပ်အသွင် လုပ်ဆောင်ကာ ထောင်ပြောင်းရွှေ့နေခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ တာဝန် မထမ်းဆောင်လို၍ ထွက်ပြေးသည့် တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စည်ပင်အမှုဆောင်တို့ အဖမ်းခံရ


ဇွန်လ ၂၃ရက်။

Radio NUG

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးနှင့် တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးအမှုဆောင် ဦးမောင်စိန်တို့နှစ်ဦး တာဝန်မထမ်းဆောင်လို၍ ထွက်ပြေးရာကနေ သတင်းပေးတိုင်ကြားမှုကြောင့် ဖမ်းဆီးခံလိုက်ရကြောင်း Western Newsမှာ ဖော်ပြထားပါတယ်။


ဇွန်လ ၁၈ ရက်နေ့က တောင်ကုတ်မြို့ကနေ ထွက်ပြေးတိမ်းရှောင်ရာကနေ တောင်ကုတ်ရိုးမလမ်းတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရသေးကြောင်း သိရပါတယ်။


၎င်းတို့နှစ်ဦးကို ဖမ်းဆီးပြီးနောက် တောင်ကုတ်မြို့ စကခ()တွင် ချုပ်နှောင်ထားပြီး နိုင်ငံတော်တားမြစ်ချက်ဥပဒေ ဖောက်ဖျက်မှုဖြင့် စစ်တပ်က ဖမ်းဆီးထိန်းထားခြင်း ဖြစ်ကြောင်း သိရပါတယ်။


ဦးဇာနည်တိုးသည် ၂၀၂၂ ခုနှစ်က တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ကျခြင်းဖြစ်ပြီး ဦးမောင်စိန်သည် ၂၀၂၁ ခုနှစ်တွင် တောင်ကုတ်မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အဖြစ် တာဝန်ကျလာခြင်းဖြစ်ပါတယ်။


စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်က တောင်ကုတ်တက္ကသိုလ်ဝန်းထဲ တပ်စွဲထားပြီး တောင်ကုတ်မြို့ ပါမောက္ခချုပ်နှင့် တက္ကသိုလ်ဆရာ/ ဆရာမများကို လက်နက်ကြီးပစ်ခတ် ခြိမ်းခြောက်၍ တောင်ကုတ်တက္ကသိုလ်ဝန်းထဲမှ နှင်ထုတ်ထားပါတယ်။


========================


📌📌 ၅။ ဇွန်လမှာ တာဝန်ထမ်းဆောင်တဲ့ ထောက်ပို့တပ်သားတွေထဲက အယောက် ၅၀၀ ကို နွေဦးထီလက်မှတ်များ မဲဖောက်ပေးသွားမယ့် အစီအစဉ်ရဲ့ ဒုတိယမြောက် ကံထူးရှင် ၂၀၀ ထုတ်ပြန်


ဇွန်လ ၂၃ရက်။ 

Radio NUG

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRFနဲ့ အောင်လံလွှင့်ချီ နွေဦးထီတို့ပူးပေါင်းပြီး ဇွန်လ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်းမှာ တာဝန်ထမ်းဆောင်တဲ့ ထောက်ပို့တပ်သားတွေထဲက အယောက် ၅၀၀ကို နွေဦးထီလက်မှတ်များ မဲဖောက်ပေးသွားမယ့် အစီအစဉ်ရဲ့ ဒုတိယမြောက် ကံထူးရှင် ၂၀၀ ကို PRFက ထုတ်ပြန်ထားပါတယ်။


ကံထူးရှင် ထောက်ပို့တပ်သားတွေဟာ Email ကနေ နွေဦးထီကူပွန်တွေကို ရရှိမှာဖြစ်ပြီး နွေဦးထီလဲလှယ်ရန် telegram account - t.me/NOHclaim (သို့မဟုတ်) Email - hello@nwayoohti.com ကိုသွားရောက်ကာ ကူပွန်နှင့် နွေဦးထီလက်မှတ်ကို လဲလှယ်ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ 


ကံထူးသူ ထောက်ပို့တပ်သားတွေအနေနဲ့ ကူပွန်လေးတွေနဲ့ နွေဦးထီလက်မှတ်လေးတွေကို ဇွန်လ ၂၉ ရက် ၁၂ ထိပဲ လဲလှယ်နိုင်မှာဖြစ်ပြီး အကယ်၍ ဇွန်လမှာ မလဲလှယ်လိုက်ရရင် နောက်လမှာ ဆက်လက်လဲလှယ်ကံထူးနိုင်ပါသေးတယ်။ 


ဇွန်လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သားတွေထဲက အယောက် ၁၅၀ ကို ဇွန်လ ၂၈ ရက်နေ့မှာ မဲနှိုက်ပြီး PRF Facebook page မှာ ကြေညာပေးသွားဦးမှာ ဖြစ်ပါတယ်။


========================


📌📌 ၆။ ၁၅ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပ


ဇွန် ၂၃ရက်။ 

Radio NUG

၂၀၂၄ ခုနှစ် ၁၅ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲအခမ်းအနားကို ဇွန်လ၂၂ရက် စနေနေ့ညနေက အမေရိကန်နိုင်ငံ ဘော်စတွန်မြို့တွင် ကျင်းပပြီးစီးခဲ့ပါတယ်။


ယခုနှစ် ဂုဏ်ပြမှုမှာ "နွေဦးတော်လှန်ရေးတွင် ပါဝင်နေသော လူငယ်တို့၏ တီထွင်ဖန်တီးမှုနှင့် ထုတ်လုပ်မှုများ"ကို ဂုဏ်ပြုခြင်းဖြစ်ပြီးဂုဏ်ပြုအလှူငွေများကို ဒရုန်းနှင့် ထုတ်လုပ်မှုအဖွဲ့များသို့ ပေးပို့သွားမည် ဖြစ်တယ်လို့ သိရပါတယ်။


အခမ်းအနားတွင် ဦးမင်းကိုနိုင် ရေးဆွဲခဲ့သော ပန်းချီကားတချပ်ကို ဈေးပြိုင်ပေးခဲ့ကြပြီး အလှူငွေ ဒေါ်လာတစ်သောင်းဖြင့် လေလံအောင်ခဲ့တယ်လို့ သိရပါတယ်။


အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးထင်လင်းအောင် တက်ရောက်အမှာစကားပြောကြားခဲ့ပြီး၊ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းတို့ ဇနီးမောင်နှံ တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ စစ်ကြောင်းထိုး ထွက်လာတဲ့ စစ်သားတွေ မိုင်းကွင်းထဲအရောက် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ယောက်သေဆုံး


ဇွန်လ ၂၃ရက်။ 

Radio NUG

ဇွန်လ ၂၂ရက် ညနေပိုင်းတွင် ပခုက္ကူမြို့နယ်၊ ချည်မျဥ်ဂိတ်စခန်းကနေ စစ်ကြောင်းထိုး ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၃၀ ကျော်ကို မိုင်းကွင်းထဲအရောက် အသင့်စောင့်ကြို ပေပါမိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ယောက် နေရာမှာတင် မိုင်းထိသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိခဲ့တယ်လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ MRGမှ သတင်းထုတ်ပြန်ပါတယ်။


ကားစစ်ကြောင်းနှင့် ခြေလျင်စစ်ကြောင်း ထွက်လာတာဖြစ်ပြီး ခြေလျင်စစ်ကြောင်းက အရင်ရောက်ကာ မိုင်းဆွဲခံရတာဖြစ်တယ်လို့ သိရပါတယ်။


မိုင်းဆွဲတိုက်ခိုက်မှုကို ပခုက္ကူခရိုင်တပ်ရင်း (၁၃) Bagan_Nyaung U Special Task Force ပခုက္ကူပကဖတပ်ခွဲ() ပခုက္ကူပကဖတပ်ခွဲ() နဲ့ပခုက္ကူပကဖတပ်ခွဲ()/မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ကံကြီးကုန်း ပျူရွာအား ဒရုန်းဖြင့် ကြိမ်တိတိ ဗုံးသီးချ တိုက်ခိုက်


ဇွန်လ ၂၃ ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ချောင်ဦးမြို့နယ်၊ ကံကြီးကုန်း ပျူစောထီးရွာကို ဒရုန်းဖြင့် ကြိမ်တိတိ ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း(၂၈)ဓားမဆိုင်းတပ်မတော်မှ သတင်းထုတ်ပြန်ပါတယ်။


ဇွန်လ ၂၂ ရက် ညနေ နာရီခန့်မှာ အဆိုပါ ကံကြီးကုန်းပျူရွာကို Fixedwing Drone များဖြင့် ကြိမ်တိတိ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


ထိုသို့ တိုက်ခိုက်ခဲ့ရာ ကံကြီးကုန်း ပျူစောထီးအဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှုရှိနိုင်ပြီး လက်နက်ငယ်များအပြင် ၁၂၀ မမ လက်နက်ကြီး ၃လုံးဖြင့်ပြန်လည်ပစ်ခဲ့ပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို အမှတ်()စစ်ဒေသ၊ ယင်းမာပင်ခရိုင် တပ်ရင်း(၂၈)ဓားမဆိုင်း တပ်မတော်မှ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ရဲဘော်များအားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ လူနာလာပို့တဲ့ မြင်းခြံ ဆခမဆရာတော်ကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ခြင်းသာဖြစ်ကြောင်း အသိပေး


ဇွန်လ ၂၃ ရက်။ 

Radio NUG

မြင်းခြံမြို့နယ်မှာ လူနာလာပို့တဲ့ ဆခမဆရာတော် ဥူးဥတ္တမကို စစ်ကောင်စီတပ်ကသာပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း Myingyan Black Tiger (MBT) အဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။


ဇွန်လ ၂၂ ရက်နေ့ နာရီခွဲခန့်က မြင်းခြံမြို့ အထွက်မှာ လူနာပို့ပြီး ပြန်လာတဲ့ လူမှုကူညီရေးအသင်းကား ပစ်ခတ်ခံရပြီး ခေါင်းခန်းက လိုက်ပါလာတဲ့ ဆရာတော်ဥူးဥတ္တမ ပျံလွန်တော်မူခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။


အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး Myingyan Black Tiger အဖွဲ့အနေနဲ့ ဒီရက်ပိုင်း စစ်ရေးလှုပ်ရှားမှု မရှိခဲ့သလို မြင်းခြံမြို့နဲ့ နီးနီးကပ်ကပ်မှာလည်း ရှိမနေတာကြောင့် စစ်တပ်လော်ဘီတွေ ပြောနေသလို မိမိတို့တပ်ဖွဲ့က လုပ်ဆောင်ခဲ့တာ လုံးဝမဟုတ်ကြောင်း အသိပေးထားပါတယ်။


မြင်းခြံခရိုင်၊ တပ်ရင်းအမှတ်() Myingyan Black Tiger (MBT)တပ်ဖွဲ့ဟာ MOD လက်အောက်က တရားဝင်တပ်ရင်းဖြစ်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက်သာ တိုက်ပွဲဝင်နေကာ ရဟန်းရှင်လူမိဘပြည်သူတွေဘက်ကို ဘယ်တော့မှ သေနတ်ပြောင်းဝ လှည့်မှာမဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။


ထို့အပြင်ဖြစ်စဉ်ကို စုံစမ်းကြည့်ရာမှာလည်း အခင်းဖြစ်ပွားရာနေ့ရက်မှာ မည်သည့် မဟာမိတ်တပ်ဖွဲ့ကမှ စစ်ရေးလှုပ်ရှားခဲ့ခြင်း မရှိတဲ့အပြင် စစ်ကောင်စီ ကင်းပုန်းတွေသာ ရှိတဲ့နေရာဖြစ်တာကြောင့် ၎င်းတို့ကသာကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ MBT အဖွဲ့က ဖော်ပြထားပါတယ်။


ဒီကိစ္စမှာ စစ်တပ်ဝါဒဖြန့်သတင်းတွေမှာ ဖော်ပြနေသလို လူနာလာပို့တဲ့ ဘုန်းကြီးကားကို MBT တပ်ဖွဲ့က ပစ်ခတ်ခဲ့တာမရှိသလို တပ်ဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားရာနေရာလည်း မဟုတ်တဲ့အတွက် တပ်ဖွဲ့ကို စွပ်စွဲနေသူတွေအား လိုက်လံစုံစမ်းပြီး အရေးယူသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၄။ လေကြောင်းဗုံးကြဲမှုကြောင့် အင်းတော်မြို့နယ် နန့်သာကျေးရွာ ဘုန်းတော်ကြီးကျောင်းထိမှန်ကာ ဥူးဇင်းတစ်ပါးအပါအဝင် ပြည်သူ ဦး သေဆုံး


ဇွန်လ ၂၃ရက်။

Radio NUG

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် အင်းတော်မြို့နယ် နန့်သာကျေးရွာ ဘုန်းတော်ကြီးကျောင်းထိမှန်ကာ ဥူးဇင်းတစ်ပါးအပါအဝင် ပြည်သူ ဦး သေဆုံးကြောင်း Northern ABSDF - Column 1က သတင်းထုတ်ပြန်ပါတယ်။


အမှတ် စစ်ဒေသ လက်အောက် ကသာခရိုင်ရှိ PDF တပ်ရင်းတပ်ဖွဲ့များ KIA ရဲဘော်များ စစ်ရေးလှုပ်ရှားစဥ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များမှ အင်းတော်မြို့နယ် နန့်သာကျေးရွာမှ ပြည်သူများအား ဓားစာခံအဖြစ်ဖမ်းဆီးကာ ဘုန်းတော်ကြီးကျောင်း၌ ပိတ်လှောင်ထားကြောင်း သိရပါတယ်။


စစ်ရေးအရ ရှုံးနိမ့်မှုနှင့် ကြုံတွေ့နေသော အကြမ်းဖက်စစ်အုပ်စုသည် ၂၂ ရက်နေ့ ၁၂ နာရီအချိန်တွင် တံတားဦးမှတက်လာသော တိုက်လေယာဥ်ဖြင့် ဗုံးကြဲသွားရာ ဖမ်းဆီးထားသည့် ဓားစာခံများရှိသည့် ဘုန်းတော်ကြီးကျောင်းအား တည့်တည့်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။


ထိုလေယာဥ်ဗုံးကြဲခံရမှုတွင် ဥူးဇင်းတစ်ပါး ပျံလွန်တော်မူပြီး ကလေးတစ်ဦးအပါအဝင် ပြည်သူ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။


စစ်ရေးအရ ရှုံးနိမ့်မှုကြုံလာတိုင်း အရပ်သားပစ်မှတ်များအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှု အမြဲပြုလုပ်သော စစ်အာဏာရူးများအား ပြတ်ပြတ်သားသားချေမှုန်းသွားမည်ဖြစ်ကြောင်း ABSDFမှ ပြောကြားထားပါတယ်။


========================


🚩🚩 ၅။ ကြက်ရှာရွာကို စစ်တပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် နှစ်ဝန်းကျင် ကလေးငယ် ဦး သေဆုံး


ဇွန်လ ၂၃ရက်။

Radio NUG

ဇွန်လ ၂၂ ရက်နေ့တွင် မြစ်ခြေမြို့၊ သရက်တောရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကြက်ရှာရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် နှစ်နှင့် လအရွယ် ကလေးငယ် ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။


ကလေးငယ်ရဲ့ အမေကလက်ထဲမှာ ချီထားစဉ် မိုင်းစထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားပြီး မိခင်ကတော့ ဘာမှမဖြစ်ဘူးလို့ သိရပါတယ်။


လက်နက်ကြီးများဖြင့် ဆက်တိုက် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုများရှိခဲ့ကြောင်း သိရပါတယ်။


========================


🚩🚩 ၆။ ခမောက်ကြီးမြို့ မာရမ်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင် ၂၀၀ နီးပါး ထိုင်းဖက်ကို ထွက်ပြေးခိုလှုံ


ဇွန်လ ၂၃ရက်။ 

Radio NUG

တနင်္သာရီတိုင်း ကော့သောင်းခရိုင် ခမောက်ကြီးမြို့ မာရမ်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းဖွဲ့တို့ကြား နှစ်ဖက် တိုက်ပွဲဖြစ်ပြီးနောက် စစ်ရှောင် ၂၀၀ နီးပါး ထိုင်းဖက်ကို ယာယီထွက်ပြေး ခိုလှုံနေရကြောင်း သိရပါတယ်။


ဇွန် ၂၂ ရက်နေ့ မနက် နာရီခွဲအချိန်တွင် ခမောက်ကြီးမြို့ မာရမ်းကျေးရွာရှိ စစ်ကောင်စီရဲ့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်ချိန် အပြန်အလှန်နှစ်ဖက် ပစ်ခတ်မှုအတွင်း ရဲစခန်းဂိတ်တံခါးကို ဝင်ရောက်ဆွဲဖွင့်ရာမှ စစ်တပ်ကပစ်လိုက်တဲ့ ကျည်ထိပြီး အသက် ၄၃ နှစ်အရွယ်ရှိ ကော့သောင်း(ပကဖ)အဖွဲ့က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။


စကစဘက်မှ ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးကာတစ်ဦး ဒဏ်ရာ ရရှိကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။


အဆိုပါ ရဲစခန်းတွင် အင်အားမရှိဘူးဟုဆိုလို့ သွားရောက်တိုက်ခိုက်ရာမှ ရဲတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်သား အင်အား ၃၀ နီးပါး ရှိနေသဖြင့် လက်နက် အင်အားမမျှ၍ ပြန်လည် ဆုတ်ခွာသွားခဲ့ရတယ်လို့ သိရပါတယ်။


စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မာရမ်းရွာရှိ အရပ်သား ၂၀၀ ကျော်ဟာ ထိုင်းနိုင်ငံနယ်စပ်ကို ဇွန်လ ၂၂ ရက်နေ့ ညနေ နာရီအချိန်တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရပါတယ်။


သက်ကြီးပိုင်းနှင့် ကလေးသူငယ်များအပါအဝင် ဒေသခံပြည်သူ ၂၀၀ ကျော်သည် ထိုင်းနိုင်ငံ၊ ကရဘူရီမြို့နယ်၊ နမ်းကျု့ကျေးရွာအုပ်စု၊ နမ်းဒင်ကျေးရွာဘက်တွင် ရောက်ရှိနေကာ ထိုင်းနိုင်ငံတာဝန်ရှိသူများက လူသားချင်းစာနာမှု အကူအညီများပေးထားပြီး တိုက်ပွဲတည်ငြိမ်ပါက ပြန်လည် ပို့ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများက ရေးသားထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment