25th JUN 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဇွန်လ ၂၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လူ့အခွင့်ရေးဝန်ကြီး၏အမေရိကန်ပြည်ထောင်စုခရီးစဥ်တွင် သတင်းဌာနများနှင့်တွေ့ဆုံ

📌 ၂။ တီမောလက်စတေးနိူင်ငံခရီးစဥ်သွားရောက်ခဲ့မှုနှင့်ပတ်သက်၍ ချက်သမ္မတနိူင်ငံNUGကိုယ်စားလှယ်ဦးလင်းသန့်အသိပေး

📌 ၃။ ရက္ခိုင်တွေရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနေတာကို တခဲနက် ထောက်ခံအားပေးနေတဲ့အထဲ ရိုဟင်ဂျာတွေလည်း ပါဝင်တယ်လို့ဆို

📌 ၄။ ကမ္ဘာ့ နိုင်ငံ အရပ်ရပ်မှာ ရောက်နေတဲ့မြန်မာနိုင်ငံ ဖွားများအနေနဲ့ အသင်းအဖွဲ့များ ထူထောင်ပြီး မြန်မာအရေးကို နိူင်ငံတကာမှာရှင်းပြဖို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်တိုက်တွန်း

📌 ၅။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ် () စစ်ဒေသဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းကပြည်သူများနှင့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့


၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ လွိုင်ကော်မှာ စကစတပ်နဲ့တော်လှန်ရေးတပ်များတိုက်ပွဲ ပြင်းထန်

🚩 ၂။ ရှမ်းပြည်နယ် ကျောက်မဲ-နောင်ချို ကားလမ်းမကြီး စခန်းသာရွာတောင်ဘက်၌ စစ်ကောင်စီတပ်နှင့် TNLA တို့ယနေ့မနက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်

🚩 ၃။ ပြင်ဦးလွင် ခရိုင် ပကဖ မှမန္တလေး-မိုးကုတ်လမ်းပိုင်းနှင့် မန္တလေး-မြစ်ကြီးနားကားလမ်းပိုင်းကို ခရီးလမ်းဆိုင်ရာသတိပေးချက်အသိပေး ထုတ်ပြန်

🚩 ၄။ တောင်သာမြို့ရှိ ကျေးရွာများတွင် စကစတပ်များတပ်ဖြန့်နေရာယူထား၍ ပြည်သူလူထုများသတိပြုသွားလာရန်နှိုးဆော်

🚩 ၅။ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ( ) နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လူ့အခွင့်ရေးဝန်ကြီး၏အမေရိကန်ပြည်ထောင်စုခရီးစဥ်တွင် သတင်းဌာနများနှင့်တွေ့ဆုံ


ဇွန်လ၂၅ရက်


လူ့အခွင့်ရေးဝန်ကြီး၏အမေရိကန်ပြည်ထောင်စုခရီးစဥ်တွင် သတင်းဌာနများနှင့်တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။


ဇွန်လ၂၅ရက်မှာ VOAသတင်းဌာနနှင့်တွေ့ဆုံ၍ မေးမြန်းမှုကိုဖြေဆိုခဲ့ကြောင်း လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းကအသိပေးဖော်ပြထားပါတယ်။


ဇွန်လအတွင်း အလုပ်သဘောခရီးစဥ်အဖြစ် လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းဟာ အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေခြင်းဖြစ်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့်အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိတဦးဖြစ်သည့် Principal Deputy Assistant Secretary Bureau Of Democracy, Human Rights, and  Labor ဖြစ်သူ Mr. Robert S. Gilchrist နှင့် ဇွန်လ (၂၂)ရက် နေ့ တွင် အမေရိကန်နိုင်ငံခြားရေးဌာန၌ တွေ့ဆုံခဲ့ပါတယ်။


========================


📌📌 ၂။ တီမောလက်စတေးနိူင်ငံခရီးစဥ်သွားရောက်ခဲ့မှုနှင့်ပတ်သက်၍ ချက်သမ္မတနိူင်ငံNUGကိုယ်စားလှယ်ဦးလင်းသန့်အသိပေး


ဇွန်လ၂၅ရက်


တီမောလက်စတေးနိူင်ငံခရီးစဥ်သွားရောက်ခဲ့မှုနှင့်ပတ်သက်၍ ချက်သမ္မတနိူင်ငံNUGကိုယ်စားလှယ်ဦးလင်းသန့်ကအသိပေးဆိုပါတယ်။


ဇွန်လ၂၄ညပိုင်းradio NUGသို့ ချက်သမ္မတနိူင်ငံNUGကိုယ်စားလှယ်ဦးလင်းသန့်ကဖြေကြားပါတယ်။


"မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းက အရှေ့တီမော ၀န်ကြီးချုပ် Senior H.E Xanana Gusmão အသက် ၇၈ နှစ် မွေးနေ့ပွဲကိုလည်း သမ္မတကြီး မစ်စတာ ဟိုဆေးရာမို့စ် ဟိုတာနှင့် အတူ တက်ရောက်ခဲ့ပါတယ်။အကျဥ်းကျခံနေရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက် မွေးနေ့ပွဲကို အရှေ့တီမောနိုင်ငံ ဒီလိမြို့တော်တွင် ဇွန်လ ၁၉ ရက်နေ့က ကျင်းပခဲ့ပါသေးတယ်"လို့ဆိုပါတယ်။


ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက် မွေးနေ့အမှတ်တရ တီရှပ်အက်ျီကို သမ္မတကြီး မစ်စတာ ဟိုဆေးရာမို့စ် ဟိုတာထံ NUGကိုယ်စားလှယ်အဖွဲ့ကပေးအပ်ခဲ့တယ်လို့ဦးလင်းသန့်ကအတည်ပြုဆိုပါတယ်။


အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်ဇင်မာအောင်၊ ကျန်းမာရေးနှင့် ပညာရေး ၀န်ကြီးဒေါက်တာ ဇော်ဝေစိုးတို့ အပါအ၀င် မြန်မာကိုယ်စားလှယ် အဖွဲ့မှ ဦးဆောင်ကျင်းပသည့် ဒေါ်အောင်ဆန်စုကြည်၏ အသက် ၇၉ နှစ်မြောက် မွေးနေ့ပွဲကို အရှေ့ တိမော သမ္မတကြီး ဒေါက်တာ ဟိုဆေးရာမို့ဟိုတာနှင့် တကွ အစိုးရ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ရက္ခိုင်တွေရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနေတာကို တခဲနက် ထောက်ခံအားပေးနေတဲ့အထဲ ရိုဟင်ဂျာတွေလည်း ပါဝင်တယ်လို့ဆို


ဇွန်လ၂၅ရက်


ရက္ခိုင်တွေရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနေတာကို တခဲနက် ထောက်ခံအားပေးနေတဲ့အထဲ ရိုဟင်ဂျာတွေလည်း ပါဝင်တယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးက ဇွန်လ၂၅ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆိုထားပါတယ်။


"ဒီကနေ့ ရက္ခိုင်တွေရဲ့ ကိုယ်ကြမ္မာကိုယ်ဖန်တီးနေတာကို တခဲနက် ထောက်ခံအားပေးနေတဲ့အထဲ ကျွန်တော်တို့တတွေလည်း ပါတယ်။ စစ်အုပ်စုက ရက္ခိုင်တွေကို ဝိုင်းဝန်း ပိတ်ဆို့ အကြမ်းဖက်တဲ့အခါ နိုင်ငံတကာက အကြမ်းစစ်အုပ်စုလုပ်ရပ်ကို သိအောင်  ဝိုင်းဝန်း ဆော်ဩကြတဲ့အထဲ ကျွန်တော်တို့တွေလည်း ပါတယ်။ ရက္ခိုင်တွေနဲ့ ကျွန်တော်တို့တွေက အေးအတူ ပူအမျှတွေလို့ ကျွန်တော်တို့ဘက်က ယုံကြည်ထားတယ်။ ကျွန်တော်တို့တွေကိုလည်း အသိအမှတ်ပြု ဖေးမ လက်တွဲသွားရမယ့်အစား ဘယ်သူတွေက ဘေးဖယ်ထုတ်ပြီး ဘာတွေလုပ်နေလဲဆိုတာ သမိုင်းက မှတ်တမ်းတင်သွားပါလိမ့်မယ်"လို့ဆိုပါတယ်။


လက်ရှိမှာစစ်ပွဲအတွင်း အရပ်သားများထိခိုက်ဒဏ်ရာရခြင်းကို ရက္ခိုင့်တပ်တော်မှဆေးကုသပေးခြင်းနဲ့ကယ်ဆယ်စောင့်ရှောက်မှုတို့လုပ်ဆောင်ပေးခဲ့ပါတယ်။


========================


📌📌 ၄။ ကမ္ဘာ့ နိုင်ငံ အရပ်ရပ်မှာ ရောက်နေတဲ့မြန်မာနိုင်ငံ ဖွားများအနေနဲ့ အသင်းအဖွဲ့များ ထူထောင်ပြီး မြန်မာအရေးကို နိူင်ငံတကာမှာရှင်းပြဖို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်တိုက်တွန်း


ဇွန်လ၂၅ရက်


ကမ္ဘာ့ နိုင်ငံ အရပ်ရပ်မှာ ရောက်နေတဲ့မြန်မာနိုင်ငံ ဖွားများအနေနဲ့ အသင်းအဖွဲ့များ ထူထောင်ပြီး မြန်မာအရေးကို နိူင်ငံတကာမှာရှင်းပြဖို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်က ဇွန်လအတွင်းမှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် တိုက်တွန်း ပြောဆိုထားပါတယ်။


"ဖြစ်နိုင်ရင် ကမ္ဘာ့ နိုင်ငံ အရပ်ရပ်မှာ ရောက်နေတဲ့မြန်မာနိုင်ငံ ဖွားများအနေနဲ့ အသင်းအဖွဲ့များ တရားဝင်ထူထောင်ပြီး မိမိဒေသအစိုးရ၊ ဖက်ဒရယ်အစိုးရ ကိုယ်စားလှယ်များ ကို လက်ရှိ အခြေအနေအကြောင်းအမြဲ ရှင်းပြနေဖို့လိုပါတယ်။အသင်းအဖွဲ့ ထောင်ဖို့ ဆိုတာ အင်မတန်ကို လွယ်ကူပါတယ်။ ကြိုးစားကျစေချင်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ပါမောက္ခဒေါက်တာမီမီဝင်းဘတ်မှ မြန်မာအရေးကို လူအများသိရှိရန်လိုက်လံဟောပြောဆွေးနွေးမှုများ၊ရှင်းလင်းမှုများလုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၅။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ် () စစ်ဒေသဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းကပြည်သူများနှင့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့


ဇွန်လ၂၅ရက်


ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် () စစ်ဒေသဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းကပြည်သူများနှင့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်။


 ဇွန်လ (၂၄) ရက်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် () စစ်ဒေသ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းမှ ဦးဆောင်ပြီး ဒေသအတွင်းရှိ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြတယ်လို့အသိပေးဆိုပါတယ်။


ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်း၏ တာဝန်ရှိသူ တစ်ဦးမှလည်း ပြည်သူများ ဗုံးခိုကျင်းစနစ်တကျ တူးဖော်နိုင်ရန်အတွက် လိုအပ်သည်များကို ရှင်းလင်းပြောကြားခြင်း၊ ပြည်သူများနှင့် အပြန်အလှန် ဆွေးနွေးခြင်း၊ တော် လှ န် ရေး ရုပ်ရှင် ပြသခြင်းများ ဆောင်ရွက်ခဲ့ကြပါတယ်။


လတ်တလောမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဟာ တိုက်ခိုက်ရေးအပြင် လူထုနှင့်တွေ့ဆုံ၍ရှင်းလင်းတင်ပြခြင်းများကိုလည်းလုပ်ဆောင်လျက်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီးဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ လွိုင်ကော်မှာ စကစတပ်နဲ့တော်လှန်ရေးတပ်များတိုက်ပွဲ ပြင်းထန်


ဇွန်လ၂၅ရက်


ကရင်နီပြည်လွိုင်ကော်မှာ စကစတပ်နဲ့တော်လှန်ရေးတပ်များတိုက်ပွဲ ပြင်းထန်နေတယ်လို့သတင်းရရှိပါတယ်။


စစ်ကောင်စီက စစ်ကြောင်း ငါးကြောင်းအသုံးပြုကာစစ်ကြောင်းထိုးလာတာဖြစ်တယ်လို့တော်လှန်ရေးတပ်များကသတင်းထုတ်ပြန်ပါတယ်။


ကရင်နီအမျိုးသားများကာကွယ်ရေးတပ်KNDFက စကစတပ်များနဲ့ပစ်ခတ်တိုက်ခိုက်မှုများရှိနေပြီးလတ်တလောထိခိုက်ပျက်စီးမှုအခြေအနေမသိရှိရသေးဘူးလို့ သိရပါတယ်။


အကြမ်းဖက်စကစတပ်များဟာ လွိုင်ကော်မြို့ကိုပြန်လည်ရယူရေး အင်အားများထပ်မံတိုး၍ စစ်ကြောင်းထိုးတိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါတယ်။


ကရင်နီပြည်လွိုင်ကော်မြို့ဟာ စစ်ရေးအရအချက်အချာကျတဲ့နေရာလည်းဖြစ်ပါတယ်။


========================


🚩🚩 ၂။ ရှမ်းပြည်နယ် ကျောက်မဲ-နောင်ချို ကားလမ်းမကြီး စခန်းသာရွာတောင်ဘက်၌ စစ်ကောင်စီတပ်နှင့် TNLA တို့ယနေ့မနက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်


ဇွန်လ၂၅ရက်


ရှမ်းပြည်နယ် ကျောက်မဲ-နောင်ချို ကားလမ်းမကြီး စခန်းသာရွာတောင်ဘက်၌ စစ်ကောင်စီတပ်နှင့် TNLA တို့ယနေ့မနက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ဇွန်လ၂၅ရက် () နာရီဝန်းကျင်ခန့်က စတင်ပြီး သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်းဘုရားအနီး နှင့် ကျောက်မဲ-နောင်ချို ကားလမ်းမကြီး စခန်းသာရွာတောင်ဘက်၌ စစ်ကောင်စီတပ်နှင့် TNLA တို့ အပြန်အလှန် ပစ်ခတ်ခဲ့တယ်လို့ဒေသခံသတင်းအရင်းများက အသိပေးဖော်ပြပါတယ်။


ယနေ့ နံနက် (၅း၃၀) နာရီအချိန်တွင် တအာင်းပြည် တပ်မဟာ() စစ်ဒေသ၊နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်   PSLF/TNLA တို့  တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ဗုံး ()လုံး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့TNLAကအတည်ပြုပါတယ်။


 တပ်မဟာ() စစ်ဒေသ၊ ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်းတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်   PSLF/TNLA တို့ ယနေ့ နံနက် (၅း၃၀) နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။


တပ်မဟာ () စစ်ဒေသ၊ မိုးကုတ်မြို့နယ် ပန်းဆပေရွာဘက်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်   PSLF/TNLA တို့ ယနေ့ နံနက် (၉း၄၁) နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့PSLF/TNLA ကအတည်ပြုပါတယ်။


"ရှမ်းမြောက်နဲ့ ပြင်ဦးလွင်ခရိုင် နေရာအနှံ့အပြားမှာ တိုက်ပွဲကြီးများစတင်ပြီး။နောက်တလှိုင်း လာချေပြီ။တလှိုင်းပြီး တလှိုင်း လာမယ်"လို့ မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းကလည်းဆိုထားပါတယ်။


တိုက်ပွဲများဖြစ်ပွားမှုကြောင့်ကျောက်မဲ မြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးများအားလုံး ပိတ်သိမ်းသွားပြီး ဝန်ထမ်းများအားလုံးလည်း ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရပါတယ်။


========================


🚩🚩 ၃။ ပြင်ဦးလွင် ခရိုင် ပကဖ မှမန္တလေး-မိုးကုတ်လမ်းပိုင်းနှင့် မန္တလေး-မြစ်ကြီးနားကားလမ်းပိုင်းကို ခရီးလမ်းဆိုင်ရာသတိပေးချက်အသိပေး ထုတ်ပြန်


ဇွန်လ၂၅ရက်


ပြင်ဦးလွင် ခရိုင် ပကဖ မှမန္တလေး-မိုးကုတ်လမ်းပိုင်းနှင့် မန္တလေး-မြစ်ကြီးနားကားလမ်းပိုင်းကို ခရီးလမ်းဆိုင်ရာသတိပေးချက်အသိပေး ထုတ်ပြန်လိုက်ပါတယ်။


ဇွန်လ၂၅ရက်မှာ ပြင်ဦးလွင် ခရိုင် ပကဖ မှ ပြည်သူများအား အသိပေး ထုတ်ပြန်ကြေညာပါတယ်။


ကြေညာချက်အရ မန္တလေး-မိုးကုတ်လမ်းပိုင်းနှင့် မန္တလေး-မြစ်ကြီးနားလမ်းပိုင်းအား ည၇နာရီမှမနက်၆နာရီအတွင်း ခရီးသွားလာခြင်းမပြုဖို့အသိပေးဖော်ပြပါတယ်။


သတ်မှတ်ချိန်အတွင်းခရီးသွားလာပါက ကားမှန်ချမောင်းနှင်ရန်နှင့် စကစယာဥ်များနှင့်အနီးကပ်သွားလာနေထိုင်ခြင်း ရှောင်ကြဥ်ရန်ဆိုထားပါတယ်။


========================


🚩🚩 ၄။ တောင်သာမြို့ရှိ ကျေးရွာများတွင် စကစတပ်များတပ်ဖြန့်နေရာယူထား၍ ပြည်သူလူထုများသတိပြုသွားလာရန်နှိုးဆော်


ဇွန်လ၂၅ရက်


တောင်သာမြို့ရှိ ကျေးရွာများတွင် စကစတပ်များတပ်ဖြန့်နေရာယူထား၍ ပြည်သူလူထုများသတိပြုသွားလာရန် ဇွန်လ၂၅ရက်မှာ လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာကအသိပေးနှိုးဆော်ထားပါတယ်။


ဇွန်လ ၂၃ ရက်နေ့ကတည်းက ရုံးစော်ကြီးရဲစခန်းအတွင်းတပ်စွဲထားသော  စခအင်အား ၄၀ ခန့်သည် ယနေ့နံနက် :၃၀မိနစ်ခန့်က မြောက်ဘက်သို့ ခြေလျင်စစ်ကြောင်းထိုးပြီး သံဘိုရွာမြောက်ပိုင်း ချောင်းကမ်းဘေးရှိ ပေါ်တော်မူဘုရားကြီးသို့ရောက်ရှိတပ်စွဲထားပါတယ်လို့ဖော်ပြပါတယ်။


အနောက်ဘက်အခြမ်းတွင်ဇွန်လ ၂၄ရက် နံနက်ပိုင်းက သပြေဝရွာဘက်မှ စကစအင်အား ၄၀ခန့် တံတား()ရွာသို့ရောက်ရှိတပ်စွဲထားပြီး ယနေ့နံနက် ၅နာရီ ခန့်တွင် ရွာသစ်(ဝဲလောင်) သို့ရောက်ရှိပြီး ဘုန်းကြီးကျောင်းတွင် တပ်စွဲထားတယ်လို့ဆိုပါတယ်။


ပြည်သူများ သတိထားသွားလာကြဖို့ လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာကဆိုပါတယ်။


========================


🚩🚩 ၅။ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ( ) နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကျင်းပ


ဇွန်လ၂၅ 


ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ၏  ဇွန်လ ၂၂ ရက်နေ့တွင် ကျရောက်သော ( ) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ဇွန်လ၂၄ ရက်နေ့ နံနက် ( )နာရီအချိန်တွင် မြို့နယ်-ပကဖ တာဝန်ခံများ ဦးဆောင်၍ တပ်စု၊တပ်ဖွဲ့များပူးပေါင်းပါဝင်ကာ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ တပ်ရင်းတွင် ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။


အခမ်းအနားတွင် မြို့နယ် ပကဖ တာဝန်ခံမှ အဖွင့်အမာစကားပြောကြားပြီး ကျွန်းစု-ပကဖ စတင်ဖွဲ့စည်းခဲ့ပုံနှင့် စတင်ဖွဲ့စည်းခဲ့စဉ်က ရင်ဆိုင်ခဲ့ရသောအခက်အခဲများ အတွေ့အကြုံများအား တပ်စု၊တပ်ဖွဲ့ဝင် ရဲဘော်များအား ရှင်းလင်းပြောကြားခဲ့ပါတယ်။


ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံတစ်ချို့လည်းတက်ရောက်အမာစကား ပြောကြားခဲ့ကြပြီး ရဲဘော်အားလုံးရဲ့ကိုယ်စား တပ်စုမှူးတစ်ဦးမှ အမှတ်တရဂုဏ်ပြုစကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိူင်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment