25th JUN 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဇွန်လ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်

📌 ၂။ ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရမှု စစ်ခေါင်းဆောင် လူကိုယ်တိုင်မလာဘဲ ကိုယ်စားဖြင့် တောင်းပန်

📌 ၃။ စစ်ဘေးရှောင်လမ်းများ ဖောက်လုပ်နေမှုနှင့် ရှေ့တန်းစစ်မျက်နှာပြင်တွင် တာဝန်ထမ်းဆောင်နေကြသော ရဲဘော်များအား ကူညီထောက်ပံ့

📌 ၄။ ဆားလင်းကြီးမြို့နယ်အတွင်း မီးတိုင်များမှ ခိုးယူသွားသော မီးကြိုးများကို သက်သေခံပစ္စည်းများနှင့်တကွ သူခိုးလက်ခံဝယ်ယူသူအား ဆားလင်းကြီးမြို့နယ် ပလဖမှ ဖမ်းဆီးထိန်းသိမ်း

📌 ၅။ မြန်မာနိုင်ငံတွင် နှစ်တာကာလအတွင်း လူလတ်တန်းစား လူဦးရေရှိမှုသည် ၅၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ UNDPဖော်ပြ

📌 ၆။ မြောင်ပညာရေးကွန်ရက် MEN ကျောင်း ၃၀မှ ဆရာ ဆရာမများက စစ်ကောင်စီဘက်မှ ရပ်တည်သည့်သီတဂူဆရာတော်ကိုကန့်ကွက်ဆန္ဒထုတ်ဖော်

📌 ၇။ TheKeyပရော့ဂျက် ရက် (၂၀) မှာ လျာထားချက်ရဲ့ ၄၀ရာခိုင်နှုန်းခန့်သာရရှိသေး၍TheKey Ticketများအားပေးဝယ်ယူရန်တိုက်တွန်း


၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပျားစစ်ကြောင်း စစ်အခြေခံလေ့ကျင့်ရေး သင်တန်းဆင်းပွဲအခမ်းအနား ဦးနေမျိုးဇင်တက်ရောက်

🚩 ၂။ ခမရ (၅၆၆)တပ်ရင်းမှ တပ်သားတချို့ မိသားစုနှင့်အတူ AA ထံ လက်နက်ချ၊ တပ်သားတချို့ ခလရ(၅၅)ကို ပူးပေါင်း

🚩 ၃။ စစ်ရေးပြင်းထန်မှုကြောင့် သံတွဲမြို့ထဲက ပြည်သူအားလုံးနီးပါး မြို့ကိုစွန့်ခွာ

🚩 ၄။ လမ်းသွားလမ်းလာ ပြည်သူများကို အနိုင်ကျင့် တားဆီးစစ်ဆေးပြီး ကြေးနီတင်ကားများကို လုံခြုံရေးယူပေးနေတဲ့ စစ်သားများအား မိုင်းခွဲတိုက်ခိုက်

🚩 ၅။ ပြည်သူများကို မိုင်းရှင်းခိုင်းပြီး နောက်မှာကျန်ရစ်နေတဲ့ စစ်ကောင်စီ တပ်သား ဦး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး သေဆုံး 

🚩 ၆။ ရေတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် မောင်တော မြို့မရဲစခန်းထဲကျရောက်၊ ရဲတပ်ကြပ် ဦးသေဆုံး၊ ရဲအုပ် ၁ဦးနှင့် ဒုတပ်ကြပ် ၁ဦး ဒဏ်ရာရ

🚩 ၇။ တန့်ဆည်မြို့နယ်၊ မူးဂွရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီး ၁၅ လုံး ကျဲချတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်


ဇွန်လ ၂၄ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး(၃၄/၂၀၂၄)ကို ဇွန်လ၂၄ရက်ကျင်းပခဲ့ပါတယ်။


ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှတက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ ရှေ့လုပ်ငန်းစဉ်များနှင့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရမှု စစ်ခေါင်းဆောင် လူကိုယ်တိုင်မလာဘဲ ကိုယ်စားဖြင့် တောင်းပန်


ဇွန်လ ၂၄ရက်။

Radio NUG

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းထိုင် ဆရာတော်ကြီးအား ပစ်ခတ်ပြီးနောက် ခွင့်လွတ်ပေးရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူကိုယ်တိုင်မလာဘဲ ၎င်း၏ တောင်းပန်စာကို ပဲခူးတိုင်းအစိုးရအဖွဲ့အား ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ ဇွန်လ(၂၄)ရက်နေ့တွင် ပေးပို့ကာ ဖတ်ကြားစေခဲ့ပါတယ်။

တောင်းပန်စာတွင် "ပရိယတ္ထိသာသနာတွင် တန်ဖိုးရှိ ထင်ရှားကျော်ကြားလှသော သံဃာတော် အရှင်သူမြတ်တစ်ပါးဖြစ်သည့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်၏ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဆရာတော်ကြီး ဆုံးရှုံးခဲ့ရသည့်အတွက် တပည့်တော်တို့အနေဖြင့် များစွာဝမ်းနည်းကြေကွဲရသည့်အပြင် ယခုဖြစ်စဉ်အတွက်လည်း အလေးအနက်ထား၍ တောင်းပန်အပ်သည်ကို လျှောက်ထားလိုပါသည်ဘုရား"ဟု စစ်ခေါင်းဆောင်က ကိုယ်စား တောင်းပန်ထားတာပါ။


ဆရာတော်ကြီးများအား ရှေ့၌ထားကာ PDF တပ်များအား ဆပ်ကြေးကောက်၊ ပြန်ပေးဆွဲခြင်းများ လုပ်ဆောင်သည့် ဒေသဖြစ်သည်ဟုလည်း ထပ်မံဝါဒဖြန့် လိမ်လည်ပြောဆိုထားပါတယ်။


"ဆရာတော်လိုက်ပါ စီးနင်းလာသည့်ယာဉ်သည် သာသနာရေးနှင့်သက်ဆိုင်သည့် အမှတ်သားများမပါသည့် အရပ်ယာဉ်ဖြစ်ပြီး အရှိန်ပြင်းစွာ မောင်းနှင်လာသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးအရ စစ်ဆေးရန်၊ မှန်ချမောင်းနှင်ရန်နှင့် ရပ်တန့်ရန် တားဆီးဆောင်ရွက်ခဲ့ကြသော်လည်း ဆက်လက်မောင်းနှင်သွားသည့်အတွက် ပစ်ခတ်မှုများ ဆောင်ရွက်ရခြင်းကြောင့် ဆရာတော်ကြီးကို ထိမှန်ပြီး ပျံလွန်တော်မူသဖြင့် ဝမ်းနည်းဖွယ် သိရှိရပါသည် "ဟုလည်း ဆရာတော်ကြီးများနှင့် ယာဉ်မောင်းတို့ အပြစ်ဟု ပြောဆိုထားပါတယ်။


အာဏာသိမ်းစစ်ခေါင်းဆောင်၏ တောင်းပန်မှုနှင့် ပတ်သတ်ပြီး ဈာပနစီမံရေး ဆရာတော်ကြီးတစ်ပါးက "လျှောက်ထားသည့်အတွက် သိရှိရပြီပေါ့လေ။ ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ်ရာ၊ မေ့ပျောက်ဖွယ်ရာတော့ မဖြစ်နိုင်ဘူး။ ဝမ်းနည်းပါတယ်။ ကြေကွဲပါတယ်။ မမေ့ဖျောက်နိုင်ဘူး။ ဒါပဲပြောချင်တယ်"ဟု ပြန်လည်မိန့်ကြားခဲ့ပါတယ်။


========================


📌📌 ၃။ စစ်ဘေးရှောင်လမ်းများ ဖောက်လုပ်နေမှုနှင့် ရှေ့တန်းစစ်မျက်နှာပြင်တွင် တာဝန်ထမ်းဆောင်နေကြသော ရဲဘော်များအား ကူညီထောက်ပံ့


ဇွန်လ ၂၄ရက်။

Radio NUG

ဇွန်လ ၂၄ ရက်နေ့တွင် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင်နှင့် လူသားစာနာ တာဝန်ခံတို့သည် တိုက်နယ်ပကဖများနှင့်အတူရပ်ကျေးပအဖ၊ ပကဖများနှင့် ပြည်သူလူထုများ ပူးပေါင်းပြီး စစ်ဘေးရှောင်လမ်းများ ဖောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြို့နယ်အခွန်ခွဲတမ်းမှရရှိသော ပအဖအရေးပေါ်ရန်ပုံငွေနှင့် လူသားစာနာအတွက် ရရှိသောရန်ပုံငွေတို့ထဲမှ လမ်းများအားလုံးအတွက် ၅သိန်းကျပ်နှုန်းနှင့် ၁၀သိန်းကျပ်နှုန်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။


အလားတူ ရှေ့တန်းစစ်မျက်နှာပြင်တွင် တာဝန်ထမ်းဆောင်နေကြသော ရဲဘော်များအားလုံးအတွက် မိုးတွင်းကာလတွင် အသုံးပြုရန် မြို့နယ်လူသားစာနာ တာဝန်ခံထံတွင် အလှူရှင်များက လှူဒါန်းထားသော တစ်ကိုယ်ရည်သုံး မိုးကာခြုံထည်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ ဆားလင်းကြီးမြို့နယ်အတွင်း မီးတိုင်များမှ ခိုးယူသွားသော မီးကြိုးများကို သက်သေခံပစ္စည်းများနှင့်တကွ သူခိုးလက်ခံဝယ်ယူသူအား ဆားလင်းကြီးမြို့နယ် ပလဖမှ ဖမ်းဆီးထိန်းသိမ်း


ဇွန်လ ၂၄ရက်။

ဆားလင်းကြီးမြို့နယ်အတွင်း မီးတိုင်များမှ ခိုးယူသွားသော မီးကြိုးများကို သက်သေခံပစ္စည်းများနှင့်တကွ သူခိုးလက်ခံ ဝယ်ယူသူအား ဆားလင်းကြီးမြို့နယ် ပလဖမှ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။


ဇွန်လ၂၄ရက်မှာ ဆားလင်းကြီးမြို့နယ် ပလဖကအသိပေးဆိုပါတယ်။


ဆားလင်းကြီးမြို့နယ်အတွင်း မီးတိုင်များမှ ခိုးယူသွားသော မီးကြိုးများကို ဇွန်လ၁၃ရက်နေ့ မွန်းလွဲပိုင်း တာဝန်သိပြည်သူများ၏ သတင်းပေးမှုအရသက်သေခံပစ္စည်းများနှင့်တကွ သူခိုးလက်ခံ ဝယ်ယူသူအား ဆားလင်းကြီးမြို့နယ် ပလဖမှ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ဆိုပါတယ်။ အကြမ်းဖက်စကစလက်ထက်ပြည်သူများစားဝတ်နေရေးကြပ်တည်းကာခိုးဆိုးလုယက်မှုများပေါများလာခဲ့ပါတယ်။


========================


📌📌 ၅။ မြန်မာနိုင်ငံတွင် နှစ်တာကာလအတွင်း လူလတ်တန်းစား လူဦးရေရှိမှုသည် ၅၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ UNDPဖော်ပြ


ဇွန်လ ၂၄ရက်။

မြန်မာနိုင်ငံတွင် နှစ်တာကာလအတွင်း လူလတ်တန်းစား လူဦးရေရှိမှုသည် ၅၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ UNDPဖော်ပြပါတယ်။


မြန်မာနိုင်ငံတွင် နှစ်တာကာလအတွင်း လူလတ်တန်းစားလူဦးရေရှိမှုသည် ၅၀ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ လူဦးရေ၏ ၇၅ ရာခိုင်နှုန်း(သို့)ခန့်မှန်းခြေအားဖြင့်လူ ၄၂ သန်းသည် ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရခြင်း(သို့မဟုတ်)ဆင်းရဲမွဲတေမှု အန္တရာယ်နှင့် နီးစပ်နေပါတယ်။ ထို့အပြင် လူပေါင်း ၁၃. သန်းသည် စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရတယ်လို့ဖော်ပြပါတယ်။


သို့သော်လည်း မြန်မာနိုင်ငံသည် အမေ့အပျောက်ခံ အကျပ်အတည်းတစ်ခုအဖြစ် ရှိနေသေးပြီး ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကုလသမဂ္ဂမှတဆင့် ဖွံ့ဖြိုးရေးအကူအညီသည် ၄၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ရပြီး တစ်ချိန်တည်းတွင် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဥ်များသည်လည်း ရံပုံငွေမလုံလောက်ဘဲ ရှိနေတယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ မြောင်ပညာရေးကွန်ရက် MEN ကျောင်း ၃၀မှ ဆရာ ဆရာမများက စစ်ကောင်စီဘက်မှ ရပ်တည်သည့်သီတဂူဆရာတော်ကိုကန့်ကွက်ဆန္ဒထုတ်ဖော်


ဇွန်လ ၂၄ရက်။

မြောင်ပညာရေးကွန်ရက် MEN ကျောင်း ၃၀ မှဆရာ ဆရာမများက စစ်ကောင်စီဘက်မှရပ်တည်သည့် သီတဂူဆရာတော်ကိုကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ဇွန်လ၂၄ရက်မှာ Ko Nway Oo - Myaung (Myaung Pdf)ကအသိပေးဖော်ပြပါတယ်။


မြောင်ပညာရေးကွန်ရက် MEN ကျောင်း ၃၀ မှ ဆရာ ဆရာမများမှ စစ်ကောင်စီမှ ရဟန်းသံဃာတော်များအား သတ်ဖြတ်မှုနှင့် စစ်ကောင်စီ၏ အမာခံဆရာတော်ရဲ့ ဥပဒေမဲ့လုပ်ရပ်အား "သည်းခံ၊ ခွင့်လွှတ်ရန်" စကားသည် စစ်ကောင်စီအတွက် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်ရန် အားပေးအားမြောက်ဖြစ်စေပြီး ရဟန်း ရှင်လူ ပြည်သူများအပေါ် ငဲ့ညှာထောက်ထားခြင်း အလွန်ကင်းမဲ့နေပါ၍ လက်မခံ ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်လို့ဖော်ပြပါတယ်။


ဇွန်လအတွင်း ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စကစ လုံခြုံရေးမှ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရပါတယ်။


========================


📌📌 ၇။ TheKeyပရော့ဂျက် ရက် (၂၀) မှာ လျာထားချက်ရဲ့ ၄၀ရာခိုင်နှုန်းခန့်သာရရှိသေး၍TheKey Ticketများအားပေးဝယ်ယူရန်တိုက်တွန်း


ဇွန်လ၂၄ရက်။

TheKeyပရော့ဂျက် ရက် (၂၀)မှာ လျာထားချက်ရဲ့ ၄၀ရာခိုင်နှုန်းခန့်သာ ရရှိသေး၍TheKey Ticketများအားပေးဝယ်ယူရန်တိုက်တွန်းလိုက်ပါတယ်။


ဇွန်လ၂၄ရက်မှာ မမများနဲ့ပွဲကမယ် ကမ်ပိန်းFace Bookစာမျက်နှာကအသိပေးဆိုပါတယ်။


"သိန်း(၁၇,၀၀၀)နှင့် ရှေ့ဆက်ရဦးရမည့် TheKeyရက် (၂၀)မှာ လျာထားချက်ရဲ့ (၄၀%)ခန့်သာ ရရှိသေးတာကြောင့် TheKey Ticket လေးတွေ ဝယ်ယူအားပေးကြပါဦး။(၄၀%) ဆိုတာခုချိန်ကာလနဲ့ဆို အင်မတန်များတဲ့ ပမာဏပါ။ 

ဒါပေမယ့် ရှေ့မှာအကြိမ်ကြိမ် ဆိုခဲ့သလို မူရင်းအလှူရှင်ရဲ့ လှူဒါန်းမှူပမာဏက များပြားတာကြောင့် တော်လှန်ရေးအတွက် ရန်ပုံငွေများများ ပြန်ရှာရမှာဖြစ်နေတာကြောင့်ပါပဲ"လို့ဆိုပါတယ်။www.wlmf.org မှာ TheKey Ticket တွေ ဝယ်ယူအားဖြည့်ပေးနိူင်တယ်လို့သိရပါတယ်။


ရှမ်းပြည်နယ်က ဒေါ်လာနှစ်မီလီယံတန်ဖိုးရှိ ဟိုတယ်တစ်လုံးကို တော်လှန်ရေးရံပုံငွေအတွက် ရောင်းချတဲ့ ပရောဂျက်တစ်ခုကို ဇွန်လ ရက်နေ့ကစတင်ပြီးမမများနဲ့ပွဲကမယ်က ဦးဆောင်ခဲ့ပါတယ်။


ပရောဂျက်ကို The Key လို့အမည်ပေးထားပြီး ဇွန်လတစ်လလုံး မဲစနစ်နဲ့ ရောင်းချပေးသွားမှာဖြစ်ကာလက်မှတ်တစ်စောင်ကို  အမေရိကန် ဒေါ်လာ ၁၀၀နဲ့ရောင်းချပေးနေတာဖြစ်ပါတယ်။


The key ပရော့ဂျက်မှ မဲလက်မှတ်များဝယ်ယူ၍ ကံထူးသူအားရွေးချယ်ရာတွင်ပထမဆု - ဦး ၃၀% ဒုတိယဆု - ဦး ၂၀% ၊တတိယဆု - ဦး ၁၀% ၊အထူးဆု - ဦး % ၊နှစ်သိမ့်ဆု - ဦး % စုစုပေါင်း TheKey ကံထူးရှင်(၁၃)ဦးတိတိ ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ပျားစစ်ကြောင်း စစ်အခြေခံလေ့ကျင့်ရေး သင်တန်းဆင်းပွဲအခမ်းအနား ဦးနေမျိုးဇင်တက်ရောက်


ဇွန်လ ၂၄ရက်။ 

Radio NUG

ဇွန်လ ၂၃ ရက်နေ့ ညနေ နာရီအချိန်တွင်  ညောင်ရွှေမြို့နယ် ရန်သူ့စစ်စခန်းဗျူဟာတစ်ခု၏ အနီးကပ်ဆုံးတစ်နေရာတွင် စစ်အခြေခံလေ့ကျင့်ရေး အပတ်စဥ်- /၂၀၂၄ သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြီးစီးခဲ့ကြောင်း ပျားစစ်ကြောင်းမှ သတင်းထုတ်ပြန်ပါတယ်။


အခမ်းအနားသို့ ပြည်သူ့ဘက်တော်သား ဆရာဦးနေမျိုးဇင်၊ ကဗျာ/စာရေးဆရာ သားသခင်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များမှ ဖိတ်ကြားထားသူတချို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


သင်တန်းကို ဧပြီလအတွင်း ရန်သူ့စစ်စခန်းဗျူဟာ အနီးကပ်ဆုံးနေရာတွင် ဆရာဦးနေမျိုးဇင်နှင့် စာရေးဆရာသားသခင်တို့ ကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး ပစ်ခတ်တာကအစ ရန်သူ့ဗျူဟာအနီး ရန်သူမထင်မှတ်ထားသောနေရာတွင် သတင်းလုံခြုံရေး အထူးဂရုစိုက် ပစ်ခတ်လေ့ကျင့်ခဲ့ရကာ ရန်သူ့ဘက်ကလည်း ၎င်းတို့စစ်စခန်းဗျူဟာကို လာပစ်တယ်ထင်ပြီး လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။


အခမ်းအနားတွင် ဆရာဦးနေမျိုးဇင်က ပြည်သူများက ပေးအပ်လှူဒါန်းလာသော သိန်းတစ်ရာကျော် တန်ဖိုးရှိ ကျည်ကာဦးထုတ်အလုံး ၂၀ ကို ပျားစစ်ကြောင်းရဲဘော်များထံ ပေးအပ်ပြီး အခမ်းအနားပြီးဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ခမရ (၅၆၆)တပ်ရင်းမှ တပ်သားတချို့ မိသားစုနှင့်အတူ AA ထံ လက်နက်ချ၊ တပ်သားတချို့ ခလရ(၅၅)ကို ပူးပေါင်း


ဇွန်လ ၂၄ရက်။ 

Radio NUG

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ခမရ (၅၆၆)တပ်ရင်းမှ မိသားစုနှင့်အတူ တပ်သားတချို့ အာရက္ခတပ်တော်ထံ လက်နက်ချအညံ့ခံပြီး တချို့မှာ ခလရ(၅၅)သို့ ပူးပေါင်းသွားကြကြောင်း နိရဉ္စရာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။


ဇွန်လ ၂၄ရက်နေ့ ညနေ ၃နာရီခန့်မှာ Y-12 လေယာဥ်နဲ့ လေယာဉ်ကွင်း အနီးတဝိုက်နဲ့ တပ်ရင်း ၅၆၆ တပ်တွင်းကိုရော တိုက်ပွဲဖြစ်နေတဲ့ နေရာအနီးတဝိုက်ကိုရော စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေဗီတွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်လျက်ရှိတယ်လို့ သိရပါတယ်။


ခလရ(၅၅)ကို ပူးပေါင်းသွားသည့် စစ်ကောင်စီတပ်သားများကို အာရက္ခတပ်တော်မှ ရှင်းလင်းနေသဖြင့် တိုက်ပွဲမှာ ပြင်းထန်နေပြီး လေယာဉ်ဖြင့် ဗုံးကြဲမှုများလည်း ရှိနေသည်ဟုသိရပါတယ်။


အာရက္ခတပ်တော်မှ ခမရ(၅၆၆)နှင့် ခလရ(၅၅)တပ်ရင်း နှစ်ခုကိုလက်နက်ချ အညံ့ခံပြီး အလံဖြူထောင်ရန်နှင့် ပြန်တိုက်မည်လားဟု လော်စပီကာဖြင့် မေးမြန်းပြီးနောက် ယခုကဲ့သို့ (၅၆၆)တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ချို့မှာ အာရက္ခတပ်တော်ထံ လက်နက်ချအညံ့ခံပြီး အလံဖြူ ထောင်လာခြင်းဖြစ်သည်ဟု ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ စစ်ရေးပြင်းထန်မှုကြောင့် သံတွဲမြို့ထဲက ပြည်သူအားလုံးနီးပါး မြို့ကိုစွန့်ခွာ


ဇွန်လ ၂၄ရက်။

Radio NUG

ယခုရက်ပိုင်းအတွင်း စစ်ရေးအလွန်ပြင်းထန်နေသည့် သံတွဲမြို့နှင့် ငပလီမြို့ထဲက ပြည်သူများမှာ အားလုံးနီးပါး မြို့ကိုစွန့်ခွာသွားကြပြီဟု Western News သတင်းဌာနမှာ ဖော်ပြထားပါတယ်။


သံတွဲမြို့ထဲမှာ ၂၀ ရာခိုင်နှုန်းလောက်သာ ရှိတော့ပြီး ၈၀ ရာခိုင်နှုန်းလောက် ထွက်သွားကြတယ်လို့ သိရပါတယ်။


ငပလီမြို့ထဲက ပြည်သူများနှင့် သံတွဲမြို့ထဲက ပြည်သူများမှာ ဘေးကင်းရာနေရာများ၊ တိုက်ပွဲနှင့် ဝေးရာနေရာများနှင့် ဂွမြို့နယ်ဘက်သို့ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရပြီး လူဦးရေ သိန်းချီရှိနေသည်ဟု သိရပါတယ်။


========================


🚩🚩 ၄။ လမ်းသွားလမ်းလာ ပြည်သူများကို အနိုင်ကျင့် တားဆီးစစ်ဆေးပြီး ကြေးနီတင်ကားများကို လုံခြုံရေးယူပေးနေတဲ့ စစ်သားများအား မိုင်းခွဲတိုက်ခိုက်


ဇွန် ၂၄ Radio NUG

ဇွန်လ ၂၄ရက်နေ့ မနက် ၁၁နာရီ ၄၅မိနစ် အချိန်ခန့်တွင် မြပုလဲမှထွက်လာတဲ့ စစ်သားများဟာ မုံရွေးတိုးဂိတ်အနီး လမ်းသွားလမ်းလာ ပြည်သူများအား တားဆီးစစ်ဆေး အနိုင်ကျင့်လျက်ရှိပြီး ကြေးနီတင်တွဲကားများအား လုံခြုံရေးယူပေးလျက်ရှိရာ စစ်သားနှစ်ယောက် မိုင်းကွင်းနား ရောက်လာချိန်မှာ ပဒေသာမိုင်း()လုံး တစ်ပွိုင့်ဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်း People's Defence Force - South Monywaမှ သတင်းထုတ်ပြန်ပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်သား ယောက် နေရာတွင် ပွဲချင်းပြီးသေဆုံး၍ ကျန် ယောက်မှာလည်း စိုးရိမ်အခြေအနေရှိကြောင်း သိရပါတယ်။


စကစဘက်မှ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်သော်လည်း မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၁၁)တပ်ရင်း၊ Youth Vigor Revolution Force Black Hunter People's Task Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ ပြည်သူများကို မိုင်းရှင်းခိုင်းပြီး နောက်မှာကျန်ရစ်နေတဲ့ စစ်ကောင်စီ တပ်သား ဦး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး သေဆုံး 


ဇွန်လ ၂၄ ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး ကားလမ်းပေါ်မှာ ခရီးသွားပြည်သူများကို မိုင်းရှာဖွေ ရှင်းလင်းခိုင်းပြီး နောက်မှာကျန်ရစ်နေခဲ့တဲ့ စစ်ကောင်စီ တပ်သား ဦး မိုင်းဆွဲတိုက်ခိုက်ခဲ့ရပြီး သေဆုံးခဲ့တယ်လို့ Area 71 PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ၂၄ ရက်နေ့ မနက် နာရီ ၂၀ မိနစ်တွင် ချောင်းဦး မြပုလဲဂိတ်ကနေ ခရီးသည်တင် ကားများဖြင့် လိုက်ပါလာပြီး ပြည်သူများကို မိုင်းရှင်းခိုင်းနေတဲ့ စစ်ကောင်စီတပ်သားများကို အချိန်ယူစောင့်ကြည့်နေခဲ့ကာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ပြည်သူများ မိုင်းလွတ်တဲ့နေရာအရောက်တွင် နောက်မှာကျန်ရစ်ခဲ့တဲ့ စစ်ကောင်စီတပ်သား နှစ်ဦးကို မိုင်းပွိုင့်အနီး ရောက်ရှိချိန်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဦးလုံးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဖောက်ခွဲတိုက်ခိုက်ချိန်မှာ သီးခြား ကင်းပုန်းဝတ်နေတဲ့ စစ်ကောင်စီတပ်သားများက မြင်တွေ့သွားခဲ့ပြီး လိုက်လံပစ်ခတ်ခဲ့တာကြောင့် ကျန်ရှိနေတဲ့ နောက်ထပ်မိုင်းပွိုင့်တစ်ခုကို ဖောက်ခွဲချိန်မရခဲ့ဘူးလို့ ဆိုပါတယ်။


ထို့အပြင် ပြည်သူများရဲ့ ပို့သသောမေတ္တာကြောင့် PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးတဲ့ ဗီဒီယို မှတ်တမ်းကိုတော့ မရယူနိုင်ခဲ့ဘူးလို့ Area 71 PDF က အသိပေး ထားပါတယ်။


========================


🚩🚩 ၆။ ရေတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် မောင်တော မြို့မရဲစခန်းထဲကျရောက်၊ ရဲတပ်ကြပ် ဦးသေဆုံး၊ ရဲအုပ် ၁ဦးနှင့် ဒုတပ်ကြပ် ၁ဦး ဒဏ်ရာရ


ဇွန်လ ၂၄ရက်။

Radio NUG

ဇွန်လ ၂၃ ရက်ည နာရီ ၁၅ မိနစ်တွင် ရခိုင်ပြည်၊ မောင်တောမြို့မရဲစခန်းထဲ စစ်ကောင်စီရေတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် မြို့မရဲစခန်းအတွင်းရှိ ဓမ္မာရုံနောက်၌ ကျရောက်ပေါက်ကွဲမှုကြောင့် မှုခင်းအထူးတပ်ဖွဲ့မှ ရဲတပ်ကြပ် ဦးသေဆုံးပြီး ရဲအုပ် ဦးနှင့် ဒုတပ်ကြပ် ဦး ဒဏ်ရာရကာ အဆောင်အချို့ ပြိုသွားခဲ့ရကြောင်း နိရဉ္စရာသတင်းဌာနမှာ ဖော်ပြထားပါတယ်။


နတ်မြစ်အတွင်း ရပ်တန့်ထားသည့် စစ်ကောင်စီရေတပ်မှ မောင်တော မြို့မရဲစခန်းအပြင် မောင်တောမြို့ စရဖ ရုံးရှေ့လမ်းတစ်ဖက်ရှိ ဆိုင်ခန်းများနှင့် မြို့မကညင်တန်းရပ်ကွက်ကို အမြောက် လုံးဖြင့် ပစ်ခတ်ခဲ့ပြီး ဆိုင်ခန့်အချို့နှင့် နေအိမ်အချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


မောင်တောခရိုင်ရဲနှင့် မြို့မရဲစခန်း၌ ယခင်ကရဲအင်အား ၂၀၀ ကျော်ရှိခဲ့သော်လည်း ထွက်ပြေးသွားကြသဖြင့် လက်ရှိတွင်ရဲအင်အားမှာ ၆၀ ကျော်ခန့်သာကျန်ရှိတော့သည်ဟု ဖော်ပြထားပါတယ်။


========================


🚩🚩 ၇။ တန့်ဆည်မြို့နယ်၊ မူးဂွရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီး ၁၅ လုံး ကျဲချတိုက်ခိုက်


ဇွန်လ ၂၄ ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ မူးဂွရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီး ၁၅ လုံး ကျဲချတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်၊ အမှတ် (၁၄)တပ်ရင်း၊ ရေဦး PDFက သတင်းထုတ်ပြန် ထားပါတယ်။


ဇွန်လ ၂၃ ရက်နေ့ နေ့လည် နာရီခန့်က အဆိုပါ မူးဂွကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ရေဦး PDF က Fixed Wing Drone များဖြင့် ဗုံးသီး ၁၅ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


ဗုံးသီးများ ကျရောက်ပေါက်ကွဲပြီးနောက် စစ်အုပ်စုက လက်နက်ငယ်များနဲ့ ပြန်လည်ရမ်းသမ်း ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ ဗုံးသီးချတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှု ရှိမရှိကို စုံစမ်းနေဆဲဖြစ်တယ်လို့ ရွှေဘိုခရိုင်၊ အမှတ်(၁၄)တပ်ရင်း၊ ရေဦး PDF က အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment